Thursday, May 3, 2012

ကမ္ဘာ့ဘဏ် ရန်ကုန်မြို့တွင် ဇွန်လ၌ ရုံးဖွင့်မည်




ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံတွင် ဇွန်လ၌ ရုံးဖွင့်လှစ်မည်ဖြစ်ကြောင်း ဧပြီလ ၂၆ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။ ရန်ကုန်မြို့တွင် ဖွင့်လှစ်သွားမည့်ရုံး၌ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မန်နေဂျာတစ်ဦးကို ခန့်အပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် အကူအညီပေးရေး အစီအစဉ်သစ်များ ပေးအပ်နိုင်ရန် လိုအပ်သည့် စီးပွားရေး အချက်အလက်များကို စတင်စုဆောင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ''ကျွန်မတို့ရဲ့အဓိကရည်မှန်းချက်ကတော့ မြန်မာပြည်သူတွေကို ကူညီဖို့ပါပဲ'' ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ပန်မလာကော့က ပြောကြားခဲ့သည်။ သို့ရာတွင် အကူအညီပေးရေး အစီအစဉ်သစ်များ ပြန်လည်စတင်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်နှင့် အခြားဖွံ့ဖြိုးရေး ချေးငှားသူများသို့ ပေးဆပ်ရန် ကျန်ရှိနေသည့် မြန်မာနိုင်ငံ၏ ကြွေးမြီများကို မည်သို့ကိုင်တွယ် ဆောင်ရွက်သွားမည်ဆိုသည်ကို ပထမဆုံး ဆွေးနွေးရန် လိုအပ်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ပန်မလာကော့က ပြောကြားခဲ့သည်။ ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံက ၄င်းတို့ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကို ပေးဆပ်ခြင်း ရပ်ဆိုင်းပြီး နောက်ပိုင်း ၄င်းတို့၏ ရန်ကုန်အစီအစဉ်ကို ၁၉၈၇ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ယခင်က ကမ္ဘာ့ဘဏ်အပေါ် ပေးဆပ်ရန် ကျန်ရှိနေသေးသော ကြွေးမြီများကို ပြန်လည်ပေးဆပ်ပြီးပါက ချေးငွေသစ်များကိုလည်း ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ပမီလာကော့သည် မြန်မာနိုင်ငံသို့ ဇွန်လတွင် ဘဏ်၏ပုဂ္ဂလိကအခန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအဖွဲ့မှ ကိုယ်စားလှယ်များနှင့်အတူ လာရောက်ရန်ရှိပြီး ဆောင်ရွက်စရာရှိသည်များနှင့် ပတ်သက်၍ အကဲဖြတ်ရန် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ''ဘယ်အရာတွေက ဦးစားပေးရမယ့်ဟာတွေ၊ ဘယ်အရာတွေက ဖွံ့ဖြိုးရေးအကူအညီ လိုအပ်တဲ့အရာတွေ ဆိုတာကို ကျွန်မတို့အနေနဲ့ နားလည်သဘောပေါက်ဖို့ လိုပါတယ်'' ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ပန်မလာကော့က ပြောကြားခဲ့သည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု အချို့ကို ဖယ်ရှားဆိုင်းငံ့မှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်ကဲ့သို့သော ငွေရေးကြေးရေး အဖွဲ့အစည်းများမှ အကူအညီများ၊ ဆက်သွယ်မှုများ ပြန်လည်ရရှိခြင်း ဖြစ်သည်။
 
 Myanmar Express
Unknown at 8:09 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.