Thursday, May 3, 2012

အင်တာနက်နှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များ ဖြေရှင်းပေးရန် Internet Society Myanmar Chapter ဖွဲ့စည်းမည်


ပြည်တွင်းမှ အင်တာနက်နှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များအား ကူညီဖြေရှင်းပေးရန်အတွက် Internet Society Myanmar Chapter အဖွဲ့အား မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်တွင်းရှိ သတင်းအချက်အလက်နှင့် နည်းပညာအား စိတ်ဝင်စားသည့် အလွှာပေါင်းစုံမှ လူကြီးလူငယ်များနှင့် ဖွဲ့စည်းတည်ထောင်သွားမည်ဟု သတင်းရရှိသည်။
လက်ရှိတွင် Internet Society Myanmar Chapter ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းထားပြီး stakeholders ပေါင်းစုံ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
''လက်ရှိပြည်တွင်းမှာက အင်တာနက်နဲ့ပတ်သတ်တဲ့ သတင်းအရင်းအမြစ်တွေက သိပ်မရှိသေးဘူး။ အင်တာနက်နဲ့ ပတ်သက်တဲ့အကြောင်းတွေကို သိချင်ရင်လည်း မေးမြန်းဖို့ နေရာမရှိဘူး။ အခုဒီအသင်းကို အင်တာနက်နဲ့ ပတ်သက်လို့ သိချင်သမျှ မေးလို့ရမယ်။ ဒီ Chapter ကနေပြီးတော့ ပြည်တွင်းက အင်တာနက် အသုံးပြုမှုနှုန်း မြင့်တက်လာစေဖို့နဲ့ ကောင်းမွန်ပြည့်စုံတဲ့ Internet Governance ပေါ်ပေါက်လာဖို့ ရည်ရွယ်ပါတယ်။ နောက်ပြီး အင်တာနက်နဲ့ပတ်သက်တဲ့ အရေးကြီးကိစ္စရပ်တွေ ပေါ်ပေါက်လာရင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေနဲ့ ၀ိုင်းဝန်း ကူညီဆောင်ရွက်သွားမှာပါ''ဟု Internet Society Myanmar Chapter ဖြစ်မြောက်ရေးအဖွဲ့မှ ကိုရာဗီက ပြောကြားသည်။ အဆိုပါ Internet Society Myanmar Chapter တွင် မည်သူမဆို အသင်းဝင်များအဖြစ် ပါဝင်နိုင်ပြီး Internet Society ဖွဲ့စည်းရာတွင် Individual Member သို့မဟုတ် Organizational Member အဖြစ် ၀င်ရောက်နိုင်သည်ဟု သိရသည်။ Individual Member အဖြစ် www. internetsociety.org တွင် အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးများ ပေးသွင်းရန်မလိုဘဲ Sing Inလုပ်၍ ၀င်ရောက်နိုင်ပြီး Myanmar Chapter သို့ ဆက်လက်ဝင်ရောက်လိုပါက လည်း အသင်းဝင်ရန်အတွက် သီးခြား ထပ်မံပေးသွင်းရန်မလိုဟု သိရသည်။
EMG
Unknown at 9:10 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.