Wednesday, April 25, 2012

လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်များက ပြည်သူဘက်က ရပ်တည်နေ

ဗိုဟိန်+ရှု့မ၀(မြစ်မခ)
ဧပြီ(၂၄)ရက်၊၂၀၁၂ခုနှစ်။

 အစားထိုးပြောင်းလဲလိုက်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှာ ဒီမိုကရေစီမိတ်ဘက် ပါတီများက တင်သွင်းသည့်အဆိုများအား ထောက်ခံအားပေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ထံက သိရှိရသည်။

မတ်လ(၂၄)ရက်လွှတ်တော်အစည်းအဝေးတွင် ရှေ့နေနှင့်တရားသူကြီးများ အဂတိလိုက်စားသည့် တရားစီရင် ရေး မဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်စေရန်အတွက် ၀ိုင်းဝန်းကူညီထောက်မပေးရေး အဆိုအား အမျိုးသားဒီမိုကရေစီ ပါတီသစ်က ပြည်သှုလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များက တင်သွင်းရာ တပ်မတော်သားကိုယ်စားလှယ်များက ထောက်ခံအားပေးခဲ့ ခြင်းဖြစ်သည်။

“မနေ့ကတင်သွင်းခဲ့တဲ့ ရှေ့နေတွေ တရားသူကြီးတွေအဂတိလိုက်စားမှုကို အဆိုတင်သွင်းရာမှာ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေနဲ့တသားထဲ အဲ့ဒီအဆိုကို လက်ခံတဲ့အတွက် ကျေနပ်အား ရတယ်၊”ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီက ပြည်သှုလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြော သည်။

တပ်မတော်သားကိုယ်စားလှယ် အစားထိုးပြောင်းလံနေရာချထားမှုကြောင့် အရာရှိငယ်များအစား အရာရှိကြီး များရောက်ရှိလာသဖြင့် လွှတ်တော်တွင်းရှိ ကိစ္စရပ်များအား အကဲ့ဖြတ်ရာတွင် ပိုမိုအားကောင်းစေနိုင်ကြောင်း ၄င်းက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်သို့ ၀င်ရောက်လာမည် ဖြစ်သဖြင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွင် အရာရှိကြီးများအား အစားထိုးပြောင်းလဲမှုနှင့် ပတ်သက်၍  အထင်နှင့်မှတ်ချက်မပေးလိုကြောင်း ဦးသိန်းညွှန့်က ဆက်လက်ပြောဆိုခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ကိုယ်စားလှယ်များ လွှတ်တော်အတွင်း ၀င်ရောက်မည်ဖြစ်သဖြင့် တပ်မတော်သား ကိုယ်စားလှယ်များဘက်က ကြိုတင်ပြင်ဆင်မှု အနေဖြင့် အစားထိုးပြောင်းလဲခြင်းဖြစ်ကြောင်း အငြိမ်းစားတပ်မတော်သားဟောင်းတစ်ဦးက သုံးသပ်သည်။
‘’အခုဆို လွှတ်တော်မှာ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်တွေလည်း ၀င်ရောက်ရမယ်ဆိုတော့ စစ်တပ်ဘက်က ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အစားထိုးတာဖြစ်နိုင်တယ်”ဟု တပ်တော်ကြည်း အငြိမ်းစားဗိုလ်မှူးဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပထမအကြိမ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမည် စာရင်းတင်သွင်းထားသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအနက်  ပြည်သူ့လွှတ်တော်တွင် (၃၉)ဦး၊ အမျိုးသားလွှတ်တော်တွင် (၂၀)ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစစ်၍ ဗိုလ်မှူးချုပ် အဆင့်၊ ဗိုလ်မှူးကြီးအဆင်နှင့် ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိ တပ်မတော်သားများအား သက်ဆိုင်ရာလွှတ်တော် များတွင် ပြောင်းလဲတာဝန်ထမ်းဆောင် စေခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများက သတင်းထုတ်ပြန်သည်။

“လွှတ်တော်ထဲမှာ NLD ပါလာမှာမို့လို့ ပြင်ဆင်တာလားဆိုတာ သူတို့ကိုယ်တိုင်ပဲ သိနိုင်ပါလိမ့်မယ်၊ တကယ်တမ်းကျတော့ တကယ့်ကောင်းကျိုးလုပ်မယ်ဆိုရင် အရာရှိငယ် အရာရှိကြီးဆိုတာ မရှိပါဘူး အကုန်ပါလာပါလိမ့်မယ်၊ တကယ်လို့ လွှတ်တော်မှာ တစ်ခုခုမကောင်းတာရှိရင် အရာရှိငယ်တွေက မပယ်ဖျက်နိုင်ဘူး၊ အရာရှိကြီးတွေကတော့ တားနိုင်လိမ့်မယ် “ ဟု တပ်မတော်တွင် တာဝန်ထမ်း ဆောင်ဖူးသည့် ဦးမျိုးသန့်ကပြောသည်။


နိုင်ငံသားတစ်ဦးနှင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးအနေဖြင့် လွှတ်တော်တွင် အရာရှိငယ်များအား တာဝန်ပေးခြင်းထက် လုံခြုံရေးအသိအပြည့်အ၀ရှိသည့် အရာရှိကြီးများအား တာဝန်ထမ်းဆောင်စေခြင်းက ပိုမိုသင့်လျော်ကောင်းမွန်ကြောင်းကိုလည်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အဆိုပါထုတ်ပြန်ချက်ကို ကြေညာချက်အမှတ်(၂၂/၂၀၁၂)နှင့်(၂၃/၂၀၁၂)ဖြင့် ဧပြီလ(၂၂)ရက်နေ့တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၅၉)ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဝင်းကိုက အစားထိုးပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ကျင်းပပြုလုပ်နေသော လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်တစ်ရပ်လုံး၏ ၂၅%ရှိသော တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်(၁၁၀)ဦးနှင့် အမျိုးသားလွှတ်တော်တွင် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၅၆)ဦး တတ်ရောက်တာဝန်ထမ်းဆောင်နေရာမှာ ယခုကဲ့သို့ လွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သားကိုယ်စားလှယ် (၅၉)ဦးအား ပြောင်းလဲ အစားထိုးတာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ(၂၃)ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး(၁၉)ရက်မြောက်ကို နေပြည်တော်ရှိ သက်ဆိုင်ရာလွှတ်တော်ခန်းမအသီးသီးတွင် ကျင်းပခဲ့သည်။




Shwe Myitmakha Media Group
Unknown at 6:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သင်ဇာဝင့်ကျော်ကို သတိပေးခေါ်ပြောတာပဲရှိတာ.... ပိတ်ပင်တာမဟုတ်ဘူးလို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြား...

 Ba Gyi Thet

Unknown at 6:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လမ်းမပေါ်မှာ ငွေသုံးရာ ချေးဖို့ စေခိုင်းခံရတဲ့ ကလေးငယ်

 
ဧပြီလ ၂၃ ၇က်နေ့ နေ့ လည်ပိုင်းခန့် တွင် ရန်ကုန်မြို့ရှိ မြေနီကုန်း ဓမ္မာရုံလမ်းအနီးမှာ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာအများအပြားနဲ့ အသက် ၁၂ အရွယ်ရှိ မဆုပိုပိုဟိန်းဟာ လမ်းပေါ်မှာ လူတွေဆီက ငွေသုံးရာ ကို လိုက်လံ ချေးငှားနေသည့်အတွက် လူတွေက သူမကို မေးမြန်းကြည့်တဲ့
အခါမှာ သူမ အလုပ် လုပ်နေတဲ့ အိမ်ရှင် အဒေါ်က ငွေသုံးရာကို ချေးငှားဖို့  ခိုင်းတာဖြစ်ကြောင်း မဆုပိုပိုဟိန်းက Burma VJ Media ကိုပြောပါတယ်။
Unknown at 6:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဟောင်းနွမ်း တက္ကစီများအား အပ်နှံကာ ပြည်ပမှ အသစ် တင်သွင်းခွင့်ပြုမည်



ဟောင်းနွမ်း တက္ကစီများအား လဲလှယ်ကာ အသစ်တင်သွင်းခွင့်ပြု သွားမည်ဖြစ်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူ များထံမှ သတင်းရရှိပါသည်။

အိုမင်းဟောင်းနွမ်းနေသည့် တက္ကစီများအား အပ်နှံကာ ပြည်ပမှ အသစ်တင်သွင်းခွင့်ပြုရာတွင် လက်ရှိ ကားဟောင်းများကို အပ်နှံကာ အစားထိုး တင်သွင်းခွင့်ပြုသည့် မော်ဒယ်များအတိုင်း တင်သွင်းရန် ခွင့်ပြုပေးသွားမည်ဟု သိရှိရသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက''ဟောင်းနွမ်းနေတဲ့ တက္ကစီတွေကို လဲလှယ်ခွင့်ပြုဖို့ကတော့ အစည်းအဝေး ဆုံးဖြတ်ချက် ထွက်ပါပြီ။ လက်ရှိ ကားဟောင်းတွေကို လဲလှယ်ပေးတဲ့အခါ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၆ မော်ဒယ်အတွင်း ကားတွေ ပြန်တင်သွင်းခွင့်ပြုထား တယ်။ တက္ကစီတွေကိုလည်း ဒီအတိုင်းပဲ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၆ ခုနှစ် မော်ဒယ်အတွင်းကားတွေပြန်တင်သွင်း ခွင့်ပြုဖို့ကတော့ ကနဦး စီစဉ်ထားပါတယ်။ တခြား အသေးစိတ်အချက် အလက်တွေကတော့ စီစဉ်နေဆဲပဲဖြစ် ပါတယ်။ ဘယ်တော့ စမယ်၊ ဘယ်လို ကားတွေကို လဲလှယ်ခွင့်ပြုမယ်ဆိုတာ မျိုးကတော့ ထပ်ပြီး စီစဉ်နေဆဲပါ''ဟု ပြောကြားခဲ့ပါသည်။

လက်ရှိ ရန်ကုန်မြို့တော် အပါအ၀င် မြို့ကြီးအချို့တွင် ပြေးဆွဲနေသည့် တက္ကစီယာဉ်များထဲတွင် မြန်မာနိုင်ငံ၌ ယာဉ်မှတ်ပုံတင်ထားသည့် သက်တမ်းသည်ပင် နှစ် ၂၀ နီးပါး အထိရှိနေသည့် ယာဉ်အများအပြား ပါဝင်ပြီး အချို့အငှားယာဉ်များမှာ နံပါတ်သာမြင့်နေကာ ကားမှာလက်ရှိ အပ်နှံခွင့်ပြုထားသည့် ကားထက်ပင် ဆိုးဆိုးရွားရွား ဟောင်းနွမ်းနေသည့် အခြေအနေသို့ ရောက်ရှိနေသည်။

ဟောင်းနွမ်းကာ ကားဟူသော အင်္ဂါရပ်ဖြင့် မညီတော့သော အငှား ယာဉ်များသည် စီးနင်းသည့် ခရီး သည်အပြင် အခြားယာဉ်များကိုပင် အန္တရာယ်ဖြစ်စေခြင်း၊ ယာဉ်သွား လာမှုများပြားသည့် လမ်းမအလယ် တွင် မကြာခဏကားပျက်မှုကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားစေခြင်းများ ဖြစ်ပေါ်စေသည်။

တက္ကစီများအား အစားထိုးလဲ လှယ်ခွင့်ပြုရာတွင် မီတာစနစ်ကဲ့သို့ အချည်းအနှီး အလဟဿမဖြစ်စေဘဲ နိုင်ငံတကာကဲ့သို့ စနစ်ကျသည့် အငှားယာဉ် ကဏ္ဍမျိုးဖြစ်စေရန် ယခုကတည်းက စီစဉ်ဆောင်ရွက်သင့်ကြောင်း လေ့လာထားသူများက ပြောကြားခဲ့ကြပါသည်။

''အစကောင်းမှ အနှောင်း သေချာမှာပါ။ ကျွန်တော်တို့နိုင်ငံမှာ တစ်ခုလုပ်တိုင်း နောက်ကလိုက်ပြင်ခဲ့ရတဲ့ အချည်းအနှီးဖြစ်သွားတဲ့ ကဏ္ဍတွေ အများကြီးပါ။ နောက်ဆုံးပြည်သူပဲ ထိခိုက်တဲ့ ကဏ္ဍတစ်ခုကို ပြောပြမယ်။ တက္ကစီတွေအားလုံး မီတာတပ်ရမယ်ဆိုပြီး ကျပ်နှစ် သောင်းလောက်တန်တဲ့ မီတာကို ကျပ်နှစ်သိန်းနဲ့ အတင်းတပ်ခိုင်းတယ်။ ပြီးတော့ တပ်ပေးတဲ့ ကုမ္ပဏီပဲ ထောသွားတယ်။ တပ်လိုက်ရတဲ့ တက္ကစီပိုင်ရှင်တွေလည်းကုန်၊ မီတာ စနစ်တပ်လိုက်ရလို့ဆိုပြီး အများပြည်သူ ကားငှားစီးခလည်း ဈေးမကျတဲ့ အပြင် ပိုပေးလိုက်ရတယ်မဟုတ်လား။ အဲဒီလို တက်လိုက်တဲ့ ကားငှားခက အခုထိ ဒီနှုန်းအတိုင်း ပြန်မကျတော့ဘူး။ နောက်ဆုံးပြည်သူပဲ ခံရတယ်။ ဒါကိုသတိပြုပြီး အခုတက္ကစီတွေ လဲလှယ်ခွင့်ပြုတဲ့အခါ နိုင်ငံတကာမှာရှိတဲ့ တက္ကစီကဏ္ဍလို တစ်ခါတည်း ပြုပြင်ပြောင်းလဲသင့်တယ်။ အခုလို အိမ်စီးကားတွေ လဲလှယ်ခွင့်ပေးထားတဲ့ အခွန်စနစ်မျိုးအတိုင်း ကောက်မယ်ဆိုရင်တော့ ဒီအစီအစဉ်ဟာ အချည်းအနှီးပဲဖြစ်သွားလိမ့်မယ်လို့ ပြောချင်ပါတယ်။ နောက်တစ်ချက်က စီအင်န်ဂျီ ပြဿနာပါ။ အခုလက်ရှိ တက္ကစီအစုတ်အပြတ်တစ်စီးရဲ့ တန်ဖိုးဟာ ကျပ်သိန်း ၁၄၀ ၀န်းကျင် အနည်းဆုံးရှိတယ်။ စီအင်န်ဂျီ ကြောင့်ပါ။ ဒီကားကိုအပ်ပြီး နောက်ထပ် သိန်းတစ်ရာကျော် ၂၀၀အကုန်ခံပြီး ကားသစ်သွင်းတက္ကစီလုပ်မလား၊ လက်ရှိအတိုင်းပဲ ပေကပ်ပြီးမောင်း မလား။ အခုအပ်ခွင့်ပြုထားတဲ့ ကား ဟောင်းထဲမှာတောင် ည၊ ဒ၊ ဓ အက္ခရာ တက္ကစီတွေ ခုထိမအပ်သေးဘူး လေ။ ပြန်ရင်းရမှာက မတတ်နိုင်ကြလို့။ ကညန မှတ်ပုံတင်ကြေးလိုဟာမျိုးကို ပြင်မပေးရင်၊ စီအင်န်ဂျီကို ပြန်ပေး မယ်မပေးဘူး လုပ်နေရင်တော့ လက်ရှိ ကြုံနေရသလိုဘယ်သူမှလာမအပ်တဲ့အတွက် အစီအစဉ် မအောင်မြင်သလို အများပြည်သူ ပိုက်ဆံပေးပြီးစီးတာ တောင် ကိုယ့်အသက်နဲ့လည်း လောင်းကြေးထပ် စီးရတာမျိုး ကြုံရဦးမှာပဲ''ဟု စက်မှုလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
အိမ်စီးကား၊ ဇိမ်ခံကားနဲ့ တန်းတူ အခွန်ကောက်မယ်ဆိုရင်တော့ ဘယ်သူမှ လဲမှာမဟုတ်တဲ့အတွက် အများပြည်သူလည်း အန္တရာယ်မကင်း၊ နိုင်ငံခြား ဧည့်သည်လာရင်တောင် မြို့ပြအင်္ဂါရပ်နဲ့ မညီညွတ်လို့ နိုင်ငံပုံရိပ်ကိုပါ ထိခိုက်မှာပဲ။ ကညန မှတ်ပုံတင်ခကို သုညရာခိုင်နှုန်းအထိ လုပ်ပေးသင့်ပါတယ် ...
''အခုကတည်းက စနစ်တကျ လုပ်သွားသင့်တယ်။ နိုင်ငံတကာမှာ တက္ကစီတွေကို သီးသန့် သတ်မှတ်ချက်၊ သီးသန့်စနစ်တွေနဲ့ တည်ထောင်လုပ်ကိုင်ခွင့်ပြုတယ်၊ အဓိက အချက်ကတော့ အများပြည်သူ ဘေးအန္တရာယ်ကင်းတဲ့ကားမျိုး အသုံးပြုနိုင်ဖို့နဲ့ မြို့ပြအင်္ဂါရပ်နဲ့ ညီညွတ် ဖို့အတွက်ပါ။ အဲဒီအတွက် နိုင်ငံတကာမှာ တက္ကစီဆိုရင် ငါးနှစ်ပဲ အသုံးပြုခွင့်ပေးတယ်။ ငါးနှစ်ကျော်ရင် ပြန်လဲခိုင်းတယ်။ အများပြည်သူနဲ့ ဆိုင်တဲ့အတွက် အခွန်နှုန်း သက်သာခွင့် ပြုထားတယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူဘူး၊ အခွန်နှုန်းက သက်သာတယ်။ အိမ်စီးကားနဲ့ မတူဘူး၊ ဇိမ်ခံကား ၀ယ်စီးတဲ့သူနဲ့ တန်းတူမကောက်ဘူး။ အခုကျွန်တော်တို့ ဒီလို စနစ်မျိုးစလုပ်ဖို့ အခွင့်အရေး ရှိနေပြီ။ အိမ်စီးကား၊ ဇိမ်ခံကားနဲ့ တန်းတူ အခွန်ကောက်မယ်ဆိုရင်တော့ ဘယ်သူမှ လဲမှာမဟုတ်တဲ့အ တွက်  အများပြည်သူလည်းအန္တရာယ် မကင်း၊ နိုင်ငံခြား ဧည့်သည်လာရင် တောင် မြို့ပြအင်္ဂါရပ်နဲ့ မညီညွတ်လို့ နိုင်ငံပုံရိပ်ကိုပါ ထိခိုက်မှာပဲ။ ကညန မှတ်ပုံတင်ခကို သုညရာခိုင်နှုန်းအထိ လုပ်ပေးသင့်ပါတယ်။ ၂၀၀၀ စီစီ အောက်ပဲ သွင်းခိုင်းပြီး Van နဲ့ Saloon  နှစ်မျိုးပဲသွင်းခွင့်ပြု။ တက္ကစီလဲပြီး သွင်းလာတဲ့ကားကို တက္ကစီအဖြစ် ရာသက်ပန် မှတ်ပုံတင်ခိုင်း။ တက္ကစီဆိုရင်အားလုံး လဲခွင့်ပေး၊ တက္ကစီအဖြစ်ပဲ မှတ်ပုံပြန်တင်ခွင့်ပြု မယ်၊ ကား Sale Center  တွေ၊ Car Show Room တွေက ကိုယ်တိုင် လဲ လှယ်ဖို့အကျပ်အတည်းရှိတဲ့သူ၊ ငွေ မတတ်နိုင်တဲ့တွေကိုဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျနဲ့ရောင်းပေးမယ်။ တင်သွင်းတဲ့အခါမှာ အမေရိကန် ဒေါ်လာ ၅၀၀၀ ၀န်းကျင် တန်ဖိုးရှိတဲ့ ကားတွေကို အဓိက တင်သွင်းရောင်း ချမယ်ဆိုရင် အငှားယာဉ်တစ်စီးရဲ့ တန်ဖိုးဟာ ကျပ်သိန်း ၁၀၀ရဲ့အောက် မှာပဲရှိမှာပဲ။ ဒါဆိုရင်တော့ အများစု လဲလှယ်နိုင်သွားလိမ့်မယ်။ ဒါဆို တက္ကစီအစုတ်တွေ အကုန်လဲ လာကြလိမ့်မယ်။ နိုင်ငံတကာမှာ အဲယားကွန်းနဲ့ပဲ စီးကြတယ်။ ဒီမှာတော့ စုတ်ပြတ် သတ်နေတာလေ။ မြန်မာမီနီဆလွန်းကလည်း အဲယားကွန်းမနိုင်လို့ ဒီအတိုင်း တံခါးဖွင့်မောင်းနေရတယ်။ နိုင်ငံတကာစံချိန်လည်း မမီဘူး။ စံချိန်မမီတဲ့ကားကို ကျပ်သိန်း ၁၀၀ ကျော်ပေးပြီး အငှားယာဉ်လုပ်နေကြရလို့ တိုင်းပြည်လည်း နစ်နာတယ်။ စီးရတဲ့ပြည်သူလည်း ဈေးမသက်သာလို့ ထူးမခြားနားပါပဲ။ ဇိမ်ခံကားနဲ့ တန်းတူကောက်မယ်ဆိုရင်တော့ ဒီအစဉ်မအောင်မြင်မှာ မဟုတ်သလို အများပြည်သူပဲ ထိခိုက်ကြပါလိမ့်မယ်''ဟု စက်မှုလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ကားတင်သွင်းသည့် ကဏ္ဍမှာ စနစ်ကျမှုလုံးဝ မရှိခဲ့၍ ယခုပြန်လည် စတင်ချိန်တွင် အိမ်စီးကား တင်သွင်းမှု၊ အများသုံးကား တင်သွင်းမှု၊ လုပ်ငန်းသုံးကား တင်သွင်းမှုများကို ယခုကတည်းက စနစ်တကျဖြင့် ဟန်ချက်ညီစွာလုပ် ဆောင်သွားသင့်ကြောင်း၊ ကားလမ်း၊ ကားပါကင်များ ပြင်ဆင်တည်ဆောက်မှု အပိုင်းကိုလည်း ကားတင်သွင်းမှုနှင့်အတူ အချိုးညီစွာ လုပ်ဆောင်သင့်ကြောင်း သုံးသပ်ကြသည်။ ''ကားနဲ့လမ်း ဟန်ချက်ညီဖို့ လိုမလို အခုရန်ကုန်မှာ လက်တွေ့ ကြုံနေရပြီ။ ရုံးတက်ချိန်ဆင်းချိန် လမ်းမကျပ်တဲ့ မီးပွိုင့် မရှိတော့ဘူး။ နေရာစုံမှာ ကားကျပ်နေတယ်။ အခု ခုံးကျော်တွေ ဆောက်နေတယ်။ ဒါတွေ မပြီးမချင်းတော့ အိမ်ကားတင်သွင်းမှုကို ခဏရပ်ပြီး အများပြည်သူနဲ့ ဆိုင်တဲ့ အများပြည်သူသုံးတဲ့ကားတွေ တင်သွင်းခွင့်ပေးတာကို ဦးစားပေးသင့်တယ်။ အခုတင်သွင်းတဲ့အထဲမှာ အများသုံးတဲ့ ကားတင်သွင်းတာ မရှိ သလောက် နည်းပါးတယ်။အခုတက္ကစီတွေ လဲလှယ်ပေးတဲ့အချိန်မှာ အိမ်စီး ကားတင်သွင်းမှုကို ခဏရပ်ပြီး လမ်း၊ ကားပါကင်တွေနဲ့ ဟန်ချက်ညီအောင် ခေတ္တ ရပ်ထားသင့်တယ်။ တက္ကစီကိုတော့ မဖြစ်မနေ လဲပေးသင့်တယ်၊ အိမ်စီးကားချည်းပဲ ကောင်းနေလို့ လူနေမှုဘ၀ မြင့်မလာဘူး။ အခုအိမ်စီးကားနဲ့ အများသုံးကားသွင်းတာ ဟန်ချက်မညီဘူး။ အများပြည်သူက အစုတ်ပဲ သုံးနေရသေးသလို လမ်းနဲ့ ကားအစီးရေ မကိုက်လို့ လမ်းကျပ်တဲ့ပြဿနာကိုပါ ပြည်သူတွေ ထပ်ခံစားရတယ်။ ဒါကြောင့် လမ်းမပြီးခင် အိမ်စီးကားသွင်းတာတွေကို ခေတ္တရပ်ထားပြီး အများပြည်သူ ကောင်းကောင်း မွန်မွန်သုံးနိုင်အောင် တက္ကစီတင်သွင်းတာကိုလည်း ကညန မှတ်ပုံတင်ကြေး လျော့တာတို့၊ စီအင်န်ဂျီ ပြန်ခွင့်ပြုပေးတာတို့၊ အခွန်လျော့ပေါ့တာတို့ လုပ်ပြီး စနစ်တကျလုပ်သင့်တယ်။ ဒီလို မလုပ်ရင် အများပြည်သူပဲ ဒီအခွန်တွေကို ပေးနေရဦးမယ်။ ခုံး ကျော်တွေ မပြီးခင် အိမ်စီးကားသွင်းတာ မရပ်ရင်လည်း လမ်းကျပ်တဲ့ ပြဿနာကို မိုးတွင်းမှာ ဆိုးဆိုးရွားရွား ကြုံရနိုင်တယ်။ အိမ်စီးကားရပ်တယ်ဆိုတာ ကြေညာထားတဲ့အတိုင်း 'ပ'  ပြီးတဲ့အထိ ဆောင်ရွက်၊ ပြီးရင် ခဏရပ်ထားပြီး လမ်းပြီးစီးတော့မှ အိမ်စီးကားကို ဘယ်လိုဆက်သွားမယ်ဆိုတာ စီစဉ်လုပ်ကိုင်သင့်ပါတယ်''ဟု လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါသည်။ 
EMG
Unknown at 6:17 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

 မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဂုဏ်ယူဝမ်းမြောက်ကြောင်း ကိုယ်တိုင်ကိုယ်ကျ ပြောနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန် ပြောကြား


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန် မြန်မာနိုင်ငံသို့ သွားရောက်မည့်အကြောင်း ပြောကြားနေစဉ်
မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဂုဏ်ယူဝမ်းမြောက်ကြောင်း ကိုယ်တိုင်ကိုယ်ကျ ပြောနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ကုလသမဂ္ဂဌာနချုပ်တွင် ဧပြီလ ၂၃ ရက်နေ့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရန်အတွက် မြန်မာနိုင်ငံသို့ မကြာမီ သွားရောက်မည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားခဲ့သည်။

''မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ရန်အတွက် သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်ကို လက်ခံလိုက်ပါပြီ။ အခုသီတင်းပတ်ကုန်မှာ မြန်မာနိုင်ငံကို သွားပါမယ်''ဟု ဘန်ကီမွန်က သတင်းထောက်များအား ကုလသမဂ္ဂ ဌာနချုပ်တွင် ပြောကြားခဲ့သည်။

''ယခုခရီးစဉ်မှာ ကျွန်တော့်အနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ကိုယ်တိုင်ကိုယ်ကျ ပြောနိုင်ဖို့ မျှော်လင့်နေပါတယ်''ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အကူးအပြောင်းသည် အရေးကြီးသည့်အချိန် ကာလသို့ ရောက်ရှိနေပါကြောင်းနှင့် ယခုအချိန်သည် နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက် မြန်မာနိုင်ငံဘက်တွင် အတူရပ်တည်ရမည့် အချိန်ဖြစ်ပါကြောင်း . . .
အတွင်းရေးမှူးချုပ် ဘန်ကီမွန်က သူ၏မြန်မာမိတ်ဆွေများအုပ်စု အစည်းအဝေးသို့ တက်ရောက်ဆွေး နွေးပြီးနောက် ၎င်း၏မြန်မာနိုင်ငံခရီး စဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံသို့ လာမည့် ဧပြီလ ၂၉ ရက်နေ့တွင် ရောက်ရှိမည်ဟု မျှော်မှန်းထားပြီး ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေး နွေးရန်စီစဉ်ထားကြောင်း သိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုမှာ ပထမဆုံးအကြိမ် ဖြစ်လာမည်ဖြစ်သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် စနစ်ကျစွာ ကျင်းပ ပြုလုပ်နိုင်ခဲ့သည့်အတွက် မြန်မာအစိုးရနှင့် မြန်မာပြည်သူများကို ချီးကျူးဂုဏ်ပြုပါကြောင်း ဧပြီလ ၂ ရက် နေ့က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့ပြီးနောက် မြန်မာသမ္မတ ဦးသိန်းစိန်၏ သတ္တိနှင့်ပတ်သက်၍လည်း ချီးကျူးပြောကြားခဲ့သည်။

ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲ၏ အရေးကြီးသော အောင်မြင်မှုများအပေါ် တည်ဆောက်ကာ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာအစိုးရနှင့် နိုင်ငံရေးအင်အားစုများအားလုံးကို ၎င်းက တိုက်တွန်းခဲ့သည်။
ဘန်ကီမွန်က မြန်မာနိုင်ငံ၏ အကူးအပြောင်းသည် အရေးကြီးသည့် အချိန်ကာလသို့ ရောက်ရှိနေပါကြောင်းနှင့် ယခုအချိန်သည် နိုင်ငံတကာအသိုင်းအ၀ိုင်းအတွက် မြန်မာနိုင်ငံဘက်တွင် အတူရပ်တည်ရမည့် အချိန်ဖြစ်ပါကြောင်းလည်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ဆိုင်းငံ့မှု အပါအ၀င် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက အရေးယူပိတ်ဆို့မှုများကို စတင် ဖြေလျော့ပေးလာမှုများကို ကြိုဆိုပါကြောင်းလည်း ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ယခုလာရောက်မည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ မြန်မာနိုင်ငံခရီးစဉ်သည် ၎င်းအတွက် တတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ် ဖြစ်လာမည်ဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် မေလနှင့် ၂၀၀၉ ခုနှစ် ဇူလိုင်လများတွင် လာရောက်ခဲ့ဖူးသည်။     
Ref: News Agencies
Unknown at 6:16 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဦးတေဇသားများနှင့် ဖိုးလပြည့်အကြောင်း




သူတို့ အဖွဲ့ ပြောနေတဲ့စကားတွေက ဘယ်တော့မှ ဒေါ်လာ ငါးသန်းအောက်မရှိဘူး။
 သူတို့ ရဲ့ ကားတွေကလည်း ဒေါ်လာ လေးငါးသန်းတန်ကားတွေဖြစ်တဲ့ဖရာရီ (Ferrari) ကားတွေဆိုတော့ အင်ဂျင်ပါဝါအရမ်းကောင်းပါတယ်။ သူတို့ ဘေးမှာကလည်း စကတ်တိုတို နဲ့ အရမ်းကိုလှတဲ့ကောင်မလေးသုံးလေးယောက်ကလည်း မှုးယစ်ရီဝေနေတဲ့မျက်လုံးတွေနဲ့ ။ အားလုံးလိုလိုက အနောက်တိုင်းစတိုင် မြူးကြွတဲ့တေးသီးချင်းတွေနဲ့  ပျော်ရွှင်နေကြတဲ့အချိန်။ အချိန်က ညသန်းခေါ်ယံ။ နေရာက မင်္ဂလာဒုံလေယျာဉ်ကွင်း။ ဒီအချိန်မှာ သူတို့ က ဘာလို့ လေယျာဉ်ကွင်းကိုလာတာလဲလို့ မေးစရာရှိတယ်။


သူတို့ ရဲ့ ကားတွေက နောက်ဆုံးပေါ်အကောင်းဆုံးကားတွေဖြစ်တော့ အရမ်းမြန်တယ်။ အင်္ဂျင်ပါဝါကောင်းတော့ အသံတွေက ဂျက်လေယျာဉ်အလားပဲ။ ဒီတော့ ဒီကားတွေနဲ့ ရန်ကုန်မြို့ ပေါ်က ရှိသမျှလမ်းတွေပေါ်မှာ တစ်ခုမှ သူတို့ ကားတွေနဲ့ မကိုက်ဘူး။ အဆင်မပြေဘူး။ ကားမောင်းပြိုင်ရင် လမ်းကောင်းတာကို ရှာဖွေရတယ်။ သူတို့ ကားတွေအတွက် လမ်းကောင်းတဲ့နေရာက ရန်ကုန်မင်္ဂလာဒုံလေယျာဉ်ကွင်းတစ်ခုပဲရှိတယ်။ လေယျာဉ်ပြေးလမ်းပေါ်မှာ ကားမောင်းပြိုင်တာက အန္တာရယ်လည်းကင်းတယ်။ ဒ့ါကြောင့်မရွေးချင်ပဲ ရွေးရတဲ့လေယျာဉ်ကွင်းဖြစ်တယ်လို့ သူတို့ တစ်စုက ကျနော့်ကိုရှင်းပြပါတယ်။

" ခင်ဗျားတို့ ကို လေယျာဉ်ကွင်းရဖို့ ဘယ်သူက ခွင့်ပြုတာလဲဗျ"

"ဒါများအဆန်းလုပ်လို့ ။ လေတပ်ဦးစီးချုပ်ဆီကို ဖုန်းဆက်လိုက်ရင်ပြီးတာပဲ"

ညသန်းခေါင်ယံမှာ လေယျာဉ်အတက်အဆင်းမရှိတော့ဘူးဆိုတော့ သူတို့ တစ်စုကားမောင်းပြိုင်ကြပါတယ်။ သူတို့ ဆိုတာက သူဌေးကြီး ဦးတေဇသားများနှင့် ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ အချစ်ဆုံးမြေးဖိုးလပြည့်တို့ ပဲဖြစ်ပါတယ်။ သက်တော်စောင့်တွေဖြစ်တဲ့ ဗလကောင်းကောင်း ခပ်မိုက်မိုက်မျက်နှာနဲ့ လူတွေကလည်း သူတို့ ဘေးမှာ ရပ်နေကြပါတယ်။ အားလုံးရဲ့ ဂျိုင်းအောက်မှာ သေနတ်ကိုယ်စီနဲ့ ဆိုတော့ ကြည့်ရတာ အင်မတန်ကို အသက်ဝင်တယ်။ အားလုံးက ဘုန်းကြီးကျောင်းမှာ တရားအားထုတ်နေတာမဟုတ်တော့ အပြုံးကိုယ်စီမရှိကြပါဘူး။ မျက်နှာတိုင်းက ခပ်တည်တည်နဲ့ ။

ဒေါ်လာသုံးသန်းကြေး ကားမောင်းပြိုင်ပွဲတစ်ခုကို ကမ္ဘာပေါ်က အဆင်းရဲဆုံးတိုင်းပြည်မှာ ကျင်းပနေတာကို စာဖတ်သူများအခုမှ သိကြတာတော့မဟုတ်ပါဘူး။ ဒီဖြစ်စဉ်တွေကလည်း မကြာခဏဖြစ်တတ်ပါတယ်လို့ ဆိုပြီး သူတို့ ဘေးနားက သက်တော်စောင့်ကြီးက ရှင်းပြပါတယ်။

"ဒေါ်လာသုံးသန်းကို ဘယ်လိုမျိုးပေးလဲ။ ငွေအိတ်နဲ့ ပေးတာလား။ ချက်လက်မှတ်နဲ့ ပေးတာလားဗျ" ကျနော်က အရပ်ခြောက်ပေလောက်ရှိတဲ့ ဗလကောင်းကောင်း သက်တော်စောင့်ကြီးကို ဆက်မေးတော့....

"ငွေပေးတာမဟုတ်ဘူးဗျ။ လေနဲ့ ပေးတာ။ သူတို့ အဖေတွေ အဘိုးတွေဆီကိုပြောလိုက်ရင် ဒေါ်လာသုံးသန်းတန်လုပ်ကွက်ရတယ်။ သုံးသန်းတန်လုပ်ပိုင်ခွင့်ကိုပေးတာ"

ဒီညကောင်းမောင်းပြိုင်ပွဲပြီးရင် ကျနော်တို့  နိုက်ကလပ်ကိုဆက်သွားမယ်။ အဲဒိမှာ အရက်သောက်ကြမယ်လို့ ဆိုပြီး သက်တော်စောင့်တွေက ရှင်းပြတယ်။ သက်တော်စောင့်က တစ်ယောက်နှစ်ယောက်မဟုတ်ပါဘူး။ အားလုံးရဲ့ အ၀တ်အစားတွေဟာ ဆင်တူတွေချည်းပဲ ၀တ်ထားတော့ အင်မတန်ကြည့်ကောင်းပါတယ်။

လေယျာဉ်ကွင်းမှာပြိုင်တဲ့ပွဲမှာ ဘယ်သူတွေနိုင်သွားလဲဆိုတာကိုတော့ မသိချင်ပါနဲ့ ။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်မပြောချင်လို့ ပါ။

ပွဲလည်းပြီးရော သူတို့ လူစု နိုက်ကလပ်ဆီကို ချီတက်ကြပါတယ်။

သြစတျေးလျကနေ ရန်ကုန်ကို အလည်လာတဲ့ ကျနော်လည်း နိုက်ကလပ်တက်ပါတယ်။ ကျနော်သောက်နေတဲ့ စားပွဲဝိုင်းကို VIP ၀ိုင်းလို့ ခေါ်တယ်။ ရှေ့ ဆုံးတန်းရဲ့ သုံးဝိုင်းမြောက်ပွဲမှာ ကျနော်တစ်ယောက်တည်း ထိုင်သောက်နေမိတယ်။

ကျနော်တစ်ယောက်တည်း ကြောင်တောင်တောင်ဖြစ်နေတဲ့အချိန်။ ဘာလို့ လဲဆိုတော့ ကျနော့်စားပွဲကလွဲရင် ဘယ်သူမှ VIP ၀ိုင်းမှာ မထိုင်နိုင်ပဲ ရိုးရိုးစားပွဲတွေမှာသာ သူတို့ ထိုင်ပါတယ်။ ဒေါ်လာနဲ့ ရှင်းရတဲ့နေရာမို့ အင်မတန်ဈေးကြီးပါတယ်။ သြစတျေးလျမှာလည်း ဒေါ်လာသုံးတာဆိုတော့ ကျနော့်အတွက် မထူးဆန်းပါဘူး။ စားပွဲပေါ်မှာ Black Label တစ်လုံးနဲ့  ချိစ်ကိုက်ပြီး ရင်သားလှလှ၊ တင်သားလှလှတွေကို ထိုင်ပြီး ရှု့ စားနေတဲ့အချိန်မှာ ကျနော့်ရှေ့ က မြင်ကွင်းတွေက ရုတ်တရက် ပျာယာခတ်သွားကြတာကို သတိထားမိတယ်။

ဗလကြီးကြီး၊ အရပ်အမောင်းကောင်းကောင်းနဲ့ လူသုံးယောက်က ရှေ့ ဆုံးတန်းက VIP စားပွဲခုံ လေးငါးလုံးကို တစ်ခုံတည်းဖြစ်အောင်စုစည်းလိုက်တယ်။
စားပွဲပေါ်မှာ Gold Label သုံးလုံးကို ဒေါင်လိုက်ထောင်လိုက်ပါတယ်။ တစ်လုံးကို ဒေါ်လာနှစ်ရာလောက်ပဲတန်တယ်။ ကျနော့် ဘလက်လေဘယ်က ငါးဆယ်ကျော်ပဲတန်တော့ သူတို့ ထက်ဈေးနည်းတယ်။ သက်တော်စောင့်သုံးယောက်ထဲကနှစ်ယောက်က နိုက်ကလပ်ထဲမှာ အရက်ဝိုင်းကို စောင့်နေပြီး သူတို့ ဆရာအတွက် အသင့်ပြင်ထားပေးရတယ်။ ကျန်တဲ့တစ်ယောက်က အပြင်ကိုထွက်ပြီး ဒေါ်လာလေးငါးသန်းတန်တဲ့ ဖရာရီကားနားကို သွားပြီး အဆင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းပို့ တယ်။ တံခါးဖွင့်ပေးတော့ လူငယ်တစ်ယောက် ရုပ်ခပ်ဖြောင့်ဖြောင့်နဲ့ ကားပေါ်က ဆင်းလားတယ်။ သူ့ ဘေးမှာ သက်တော်စောင့်သုံးလေးယောက်။ ဘေးနားမှာက ခပ်ချောချောကောင်မလေးတစ်စု။ Sexy ခပ်ကျကျ အ၀တ်အစားတွေနဲ့ ။ သူတို့ လူတစ်စု နိုက်ကလပ်ထဲကို ၀င်လာတယ်ပြီး အဆင်သင့်ပြင်ထားတဲ့ Gold label ၀ိုင်းမှာထိုင်ပြီး ပျော်ပါးကခုန်ကြတာကို သူတို့ အနောက်ကနေ ကြည့်နေမိတယ်။ အားကျလိုက်တာ။ ကံကောင်းလိုက်တဲ့ လူငယ်တွေ။

သက်တော်စောင့်တစ်ယောက်နဲ့ ကျနော် ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပါ။ သူက ခရာတေးကစားတာ အလေးမတာကို ၀ါသနာပါတဲ့လူ။ အရပ်ကလည်းကောင်း ဗလကလည်းကောင်းတော့ သူ ဒီအလုပ်ကို ရတာထင်တယ်။ သူဒီအလုပ်လုပ်နေမှန်း ကျနော်မသိဘူး။ ကျနော်တွေ့ တွေ့ ချင်း သူ့ နိုက်ကလပ်ထဲမှာ နုတ်ဆက်ပါတယ်။

"ဟေ့...ဘဲကြီး ဘယ်တုန်းက ရန်ကုန်ကို ပြန်ရောက်နေတာလဲဗျ"

"ပြီးခဲ့တဲ့ အပတ်က ရောက်တာ။ မင်းက ဒီမှာ ဘာလုပ်နေတာလဲ"

" ဦးတေဇသားတွေကို သက်တော်စောင့်လုပ်နေတာ။ နောက်မှ စကားပြောမယ်ဗျာ။ အခု အလုပ်မအားသေးလို့ "

သူ အလုပ်များနေတော့ ကျနော်နဲ့ ကောင်းကောင်းစကားမပြောဖြစ်ပါဘူး။ ကျနော်လည်း သောက်စား ကခုန်ပြီး တွေ့ တဲ့ကောင်မလေးတစ်ယောက်နဲ့ ကျနော်တည်းခိုတဲ့ ဟိုတည်းကို ပြန်လာပြီး အပန်းဖြေခဲ့ပါတော့တယ်။

မှတ်ချက်။ ။ ကျနော့်အတွေ့ အကြုံမဟုတ်ပါဘူး။ သူငယ်ချင်းရဲ့ အတွေ့ အကြုံ အဖြစ်မှန်ကို ပြန်လည်ရေးသားထားချင်းဖြစ်ပါတယ်။

--
Thanks for sending!!!
Phone Kyaw
lu bo 
Unknown at 6:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာပြည်မှာ အလုပ်လက်မဲ့ဦးရေ လျော့နည်းနေတယ်ဆိုပြီးတော့

ဧပြီလ ၂၅ ရက်နေ့ ယနေ့ အလုပ်လျှောက်လွှာအား ၀ိုင်းကြည့်နေသူများကိုတွေ့ ရစဉ်

ဧပြီလ၂၅ ရက်နေ့ ၂၀၁၂
    (၂၅-၄-၂၀၁၂) နေ့က နေပြည်တော်ပျဉ်းမနား ဗိုလ်တောက်ထိန်လမ်းမပေါ်ရှိ အသစ်ဖွင့်လှစ်လိုက်မည့်ကမ္ဘောဇ ဘဏ် အတွက် လုပ်သား စုစုပေါင်း (၂၀)လောက် လိုအပ်သဖြင့် အလုပ်လျှောက်လွှာများ ဝေငှရာ အလုပ်လျှောက်လိုသူ အင်အားများ အဆမတန် များပြားနေသဖြင့်  ဘဏ်တစ်ဝိုက်ရှိ ဗိုလ်တာရာလမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု နာရီဝက်အကြာဖြစ်ပြီးပြီး ဘဏ်အဆောက်အဦးရှိ ရှေ့ ၀င်မှန်တံခါးပင် တိုက်မိ ပြီး ကွဲအက်သွားအောင်ပင် အလုပ်လာလျှောက်လိုသူ များပြားလာခဲ့ကြောင်း သိရသည်။


    ``အလုပ်လျှောက်လွှာတင်ရက်မဟုတ်ပါဘူး။ အလုပ်လျှောက်လွှာ ဝေတဲ့ရက်မှာကို ဘဏ်ရှေ့က ဗိုလ်တောက်ထိန်လမ်းမတစ်ခုလုံး ယာဉ်ကြောတောင်ပိတ်ဆို့သွားတယ်။ အမှန်တကယ် ဘဏ်အနေနဲ့လူလိုတာက (၂၀)ကျော်ကျော်ပါပဲ လျှောက်လွှာလာယူတာတွေက အဆမတန်ပါပဲဗျာ။ နေ့လည် (၁၀)နာရီနောက်ပိုင်းက အဆိုးဆုံး လူများချိန်ပဲ တိုးကြဝှေ့ကြနဲ့ပေါ့´´ ဟု အလုပ်လျှောက်လွှာ  သွားယူသူ လူငယ်တစ်ဦးက ပြောဆိုသည်။

    လျှောက်လွှာသွားယူသူ အမျိုးသမီးတစ်ဦးကလည်း ``ဒီလောက်မထင်ထားပါဘူး လူတွေက ပိတ်ညှပ်သပ်နေတယ်။ လျှောက်လွှာတွေ ဝေပြီလို့လဲ ကြော်ငြာလိုက်ရော ဘဏ်အဆောက်အဦးထဲ တိုးဝှေ့ပြီးဝင်လိုက်ကြတာ လူဝင်ပေါက်က မှန်တခါးတောင် ကွဲထွက်သွားလို့ ဘဏ်က တာဝန်ရှိသူက လျှော် လျှော် နင်တို့အားလုံးကြောင့်ဖြစ်ရတာ စုလျှော်ကြဆိုလို့ အလုပ်တောင်မရကြသေးဘူး အလျှော်က အရင်ဆိုတော့ ကျမတို့တောင် စိတ်ပျက်သွားတယ်´´ဟု ယင်း၏ အတွေ့အကြုံကို ရင်ဖွင့်လာသည်။


    ဆက်လက် ယင်းက ပြောဆိုသွားသည်မှာ ``တလောက အစိုးရရဲ့ ထုတ်ပြန်ချက်အရ မြန်မာပြည်တစ်နိုင်ငံလုံးမှာ အလုက်လက်မဲ့ဦးရေ ရာခိုင်နှုန်း (၂၀)ကျော်ပဲရှိတဲ့အတွက် တစ်ခြားနိုင်ငံတွေနဲ့စာရင် မြန်မာပြည်မှာ အလုပ်လက်မဲ့ဦးရေ အနည်းဆုံးလို့ သိရပါတယ်။ ဒါဆို ကျမ ပြန်မေးပါရစေ အဲသည့် ရာခိုင်နှုန်း (၂၀)ကျော်ထဲက အများစုက နေပြည်တော်ဒေသတွင်းနေထိုင်သူတွေလားလို့---´´


နေပြည်တော်သတင်းထောက် (Myanmar News Now)


အလုပ်လျှောက်လွှာ
သစ်ထူးလွင်
Unknown at 6:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိုင်ကြား ပေးပို့စာများ...



 ကလေးမြို့ Over Sea ဖုန်းဆိုင်မှ ပြည်သူများအား နှစ်သိန်းတန် ဖုန်းများအား လိမ်လည် ရောင်းချနေခြင်း
အကြောင်းအရာမှာ ကလေးမြို့နယ်တွင် နှစ်သိန်းတန်ဖုန်းများရောင်းချရာမှာ ကလေးမျြို့တွင်သာရပြီး နယ်များအသုံးပြု၍ မရသည်ကို ကလေးမြို့ရှိ  Over Sea ဖုန်းအရောင်းဆိုင်မှ မသိနားမလည်သူ ပြည်သူများအား အသုံးပြုလို့ ကြောင်း ပြောဆို ရောင်းချနေပါသည်။ ယခုအချိန်မှာ ကလေးမြို့တွင်သာ အသုံးပြုလိုရပြီး ကျန်မြို့နယ်များအား အသုံးပြု ဆက်သွယ်၍ မရပါ။ သို့ပါသော်လည်း Over Sea ဆိုင်မှ အသုံးပြု၍ ရကြောင်း လိမ်ညာပြီး ရောင်းချနေတာကို ဆရာတို့ အနေဖြင့် သတင်းဌာနများအား ပေးပို့ပြီး ကြေညာပေးစေလိုပါသည်။ ကလေးမြို့မှ အပ အားလုံးသော ပြည်သူများဖုန်း ဆယ်သွယ်မရတဲ့ အတွက်ကြောင့်အတိ ဒုက္ခရောက်နေကြပါသည်..။ ထို့အတွက်ကြောင့် သတင်းဋ္ဌာနများမှ မေးမြန်း တင်ပြပေးပါရန် အသိပေးအပ်ပါသည်..။ 
ကလေးက ဖုန်းကိုင်ပြီး ဖုန်းဆက်မရတဲ့ ကလေးမြို့သား
အကာအကွယ် မဲ့နေသော မြ၀တီမြို့ ရွှေမြန်မာမော်တော်ယာဉ်အသင်း 
 လွန်ခဲ့သော မြန်မာ နှစ်ဆန်း(၂)ရက်နေ့ (၁၈-၄-၂၀၁၂)ရက်နေ့မှ စကာ မြ၀တီ-မဲဆောက် သွားလာနေသော ရွှေမြန်မာမော်တော်ယာဉ်နှင့် ကလို့ထူးပေါ မော်တော်ယာဉ်များကို မဲဆောက်မြို့ အတွင်းမလာရန် မဲဆောက်မော်တော်ယဉ်အဖွဲ့မှ လိုက်လံ တားမြစ်ပိတ်ပင်လိုက်ပါသည်။ မြ၀တီက သွားသော မော်တော်ကားများကို မဲဆောက်မြို့အတွင်း မရပ်နားရန် မဲဆောက်ကားသမားများက အုပ်စုဖွဲ့၍ ဒါး၊ ဒုတ် နှင့် လက်နက်များ ကိုင်ဆောင်ကာ မြန်မာမော်တော်များကို ခြိမ်းခြောက်လျှက်ရှိနေပါသည်။ (၂၀-၄-၂၀၁၂)ရက်နေ့ကပင် မဲဆောက်မြို့အတွင်း ထိုင်းနှင့်မြန်မာ ယဉ်မောင်းများ အခြေတင်ပြသနာဖြစ်ကာ ဒါးထောက်ခြင်းမှ စကာ ရိုက်ပွဲများဖြစ်ခဲ့ပါသည်။ 
 မြ၀တီမှ မော်တော်ယဉ်များ မဲဆောက်ဖက် သွားရောက်ခြင်းကို မဲဆောက်ကားသမားများအဖွဲ့က စော်ကားမောင်းထုတ်နေသော်လည်း၊ မဲဆောက်ဖက်မှ ကုန်ကားများသည် ချစ်ကြည်ရေးတံတား ကျော်လွန်ကာ ကုန်သွယ်ရေးဇုန်အထိ ကားကြီးကားငယ် ကုန်ပစ္စည်းများ ပို့ဆောင်သွားလာနေသူကို ဘယ်သူမှ မလာနဲ့လို့ ပြောမည့်သူမရှိ ဖြစ်နေသလို ချစ်ကြည်ရေးတံတားမှ တာဝန်ကျနေသူတွေက ခွင့်ပြု လွှတ်ပေးနေလျှက်ရှိပါသည်။ 
 တာဝန်ကျနေသော ၀န်ထမ်းများ အနေဖြင့် ကိုယ်နှင့်မဆိုင်သော်ငြားလည်း ထိုင်းလူမျိုးများက မြန်မာလူမျိုး များကို စော်ကားနေသည်ကို လျစ်လျှူမရှုသင့်ဘူးလို့ ထင်ပါသည်။ တိုင်းပြည်နဲ့လူမျိုးကို ချစ်သည့်စိတ်ဟာ ၀န်ထမ်းတွေမှာ ပို၍ပင်ပျင်း ပြမည်ဟု ထင်ပါသည်။ သာမာန် မြ၀တီပြည်သူ တစ်ဦးအနေဖြင့် မြန်မာဖက်က မော်တော်ကားသမားများကို စော်ကား အနိုင်ကျင့်နေတာကို မခံမရပ်နိုင်ဖြစ်နေသော်လည်း ချစ်ကြည်ရေးတံတားမှာ နေ့စဉ် တာဝန်ကျ ၀န်ထမ်းတွေဟာ မသိဟန်ဆောင် နေတာ တွေ့ရ၍ အလွန်ပင် ၀မ်းနည်းဖွယ် ကောင်းလှပါသည်။ ၄င်းဝန်ထမ်းတွေ မိန်းမထမီများ ၀တ်ထားဖို့ ကောင်းသည်ဟု စိတ်အတွင်းမှ တွေးထင်မိပါသည်။ 
၂၀၀၈-ခုနှစ်က ဒီလိုအဖြစ်မျိုး ဖြစ်ခဲ့ပါသည်။ မြန်မာအာဏာပိုင်မှ မြန်မာကားတွေ ထိုင်းဖက်လာတာ မကြိုက်ရင် ထိုင်းဖက်က ကားတွေ မြန်မာဖက်မလာနဲ့ ပိတ်တယ်ဆိုပြီး ပြတ်ပြတ်သားသား လုပ်လိုက်တဲ့အတွက် ထိုင်းအကျိုးစီးပွား အလွန်ထိခိုက်မည့်ဖြစ်လို့ ထိုင်းနယ်ခြားကော်မတီကနေ ပြန်လည်ညှိနှိုင်း အောက်ကျို့ခံခဲ့ရပါသည်။ ယခုတော့ မြန်မာဖက်က မော်တော်ကားသမားတွေဟာ အကာအကွယ်မဲ့ နေရတဲ့ အတွက် စိတ်မကောင်းဖြစ်မိသလို ထိုင်းဖက်က နိုင်ထက်စီးနင်း စော်ကားနေတာ တွေ့ရလို့ မခံမရပ်နိုင် ဖြစ်မိပါသည်။
 ကြာလျှင် (၂)နိုင်ငံ ချစ်ကြည်ရေးဆိုတာလည်း အမှိုက်ကစကာ ပြသဒ်အထိမီးလောင် လာနိုင်ပါသည်။ မြ၀တီမှာ တာဝန်ကျတဲ့ ၀န်ထမ်းတွေ ဘာလုပ်နေလည်း သတ္တိနည်းနေပြီးလား။ ပါးစပ်အဆင်ပြေဖို့ တစ်ခုထည်း မကြည့်ပါနဲ့ ပြတ်ပြတ်သားသား ပြည်သူကို ကာကွယ်ပေးပါလို့ တိုက်တွန်းလိုပါသည်။ 
 (မြ၀တီသားလေး) 
ကြံ့ခိုင်ရေးပါတီမှ  မရှိဆင်းရဲသားများအား ထုတ်ချေးမည့် ငွေများအား အလွှဲသုံးစား လုပ်နေခြင်း.
ရန်ကုန်တိုင်း ဖော့ကန်ရပ်ကွက်တွင်..
 ကြံ့ခိုင်ရေးမှ ပြည်သူများအား ထုတ်ချေးမည့် ငွေများအား ကြံ့ခိုင်ဖွံ့ရေးမြို့နယ် အလုပ်အမှုဆောင် ဦးသန်းဇော်(သိန်း၇၀)၊ ဦးရဲထွဋ်မှ(၇၅သိန်း၊ ဖော့ကန်ရပ်ကွက် သူရလမ်းနေ မျှစ်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်သန်းအေးမှ(သိန်း၈၀) ယူထားပြီး။ ပါတီဝင်တွေကို(၅သိန်း)သာ ထုတ်ချေးထားပြီး ကျန်ငွေ များကိုသူ၏ မျှစ်လုပ်ငန်းမှာ အသုံးပြုနေပါသည်။ ၎င်းငွေများကို မြို့နယ်ပါတီဝင် အတွင်းရေးမှူးဦးတင့်လွင်မှ အတိုးနူန်းပိုရသည့်အတွက် တာဝန်ယူ ထုတ်ပေးခဲ့ပါသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ မရှိဆင်းရဲသား ပြည်သူများအတွက် ထုပ်ချေးခဲ့တာဖြစ်တယ်။ ၎င်းတို့ကိုယ်ကျိုးအတွက် ထုတ်ချေးတာမဟုတ်ပါဘူး။ 
၎င်းကြံ့ခိုင်းရေးတွင် အကြံပေး(၄)ဦးခန့်ထားသည်ဟုသိရပါသည်။ ၎င်းတို့မှာ 1. ဦးသိန်းဟန် 2. ဦးအောင်ဝင်း 3. ဦးမောင်မောင်နိုင် 4. ဦးလှဝင်း တို့ဖြစ်ကြပါသည်။ အဆိုပါ ကိစ္စအား အများသိစေရန် တင်ပြလိုက်ရပါတယ်.။
Unknown at 6:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လွှတ်တော်ထဲမှ အသံများ





23 ရက်နေ့ က ပြန်လည်စတင်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို NLD မတက်ရောက်ဖြစ်တဲ့အပေါ် NLD နဲ့ အခြားလွှတ်တော်ကိုယ်စားလှယ် တချို့ရဲ့ မှတ်ချက်တွေပါ။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ရှမ်းပြည်နယ် ကွန်ဟိန်းအမတ် ဒေါ်နန်းဝါနု က-
"သူတို့မှ မလာဘူးဆိုတော့ ကျွန်မတို့တော့ စိတ်မကောင်းဘူးပေါ့။ လာစေချင်တယ်။ သူတို့ ဖြစ်စေချင်တဲ့ ဒီဥပဒေပြင်တယ်ဆိုတာက သူတို့ဒီကို လာပြီးတော့မှ ပြင်လို့ရတာလေ။ လွှတ်တော် ပြင်ပနေမှ ပြင်လို့မှ မရတာ။ လွှတ်တော်အတွင်းကိုလာ၊ ပြီးတော့ ၂၀% က အဆိုပြုရမှာ။
ပြီးတော့ ဆွေးနွေး၊ ပြီးတော့ ၇၅% ကထောက်ခံမှုနဲ့ ဒါက ပြင်လို့ ရတယ်။"

လွှတ်တော်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ စစ်တပ်အမတ်တွေက ကြီးစိုးထားတဲ့ အတွက် ဒီလိုပြင်ဆင်ရေး ဖြစ်နိုင်မလားဆိုပြီး မေးခွန်းထုတ်သူတွေ ရှိနေပါတယ်။

ဒီအပေါ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီရဲ့ စစ်ကိုင်းတိုင်း
မော်လိုက်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်း က-

"လွယ်ပါ့မလားဆိုတာတော့ ပြောလို့ မရဘူး။ သူ့ဆန္ဒ ကိုယ့်ဆန္ဒ တူညီတာ မတူညီတာတွေ ရှိတယ်လေ။ တချို့ကိစ္စတွေဆို မတူညီဘူးလို့ ယူဆထားပေမယ့် တူညီလာတာတွေလည်းရှိတယ်။ တူညီလိမ့်မယ်လို့ ယူဆပေမဲ့ မတူညီလာတာတွေလည်း ရှိတယ်။ ၇၀% ပေမယ့် သဘောတူညီမှုရလာတဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ ဥပဒေပြုသည့်အာဏာ ပြင်သည့် အာဏာသည် ပြည်ထောင်စု လွှတ်တော်မှာပဲ ရှိတယ်။ အပြင်ကနေပြီးတော့ ပြင်ပေးပါဆိုတာ သမ္မတ ကိုယ်တိုင်လည်း မပြင်နိုင်ဘူး တကယ်တန်းကျတော့။"

ရွေးချယ်ခံ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေ၀င်းမြင့် က-

"ကျွန်မတို့က စာတင်ထားတာလေ။ အဖြေကို ကျွန်မတို့ စောင့်နေပါတယ်။ ကျန်တဲ့ ကိုယ်စားလှယ်တွေလည်း အကုန်လုံး အဆင်သင့်ပါဘဲ။ ဒီက အဖြေရမှပဲ ကျွန်မတို့ အဖွဲ့က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။"

ကျမ်းကျိန်စာသား ပြင်မပေးသ၍ NLD က လွှတ်တော်မတက်တော့ဘူးလား ဆိုတဲ့ အမေးကို NLD အမတ် ဦးမင်းသူ က-

"အဲဒီလိုတော့ အပြီးအပြတ်ပြောလို့ မရသေးဘူးဗျ။ အဲဒါကို ကျွန်တော်တို့ ခေါင်းဆောင်တွေက အဓိက ကတော့ အဖွဲ့ချုပ်ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ပေါ့လေ။ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာ၊
နောက် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာပေါ့လေ။ အဲဒီအတွက်က အရေးကြီးတဲ့ စာသား ဖြစ်နေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ လက်ရှိ အခြေအနေမှာ မတက်သေးပါဘူး။ ဒီဥစ္စာလေး ပြင်ပေးပါဆိုတဲ့ဟာ
ပြောထားတာပါ။ မတက်ဖြစ်ဘူး မဟုတ်ဘူးနော်။ မတက်ဘူးလည်း မဟုတ်ပါဘူး။ တက်ဖို့အတွက်ကို ကြိုးစားနေတယ်လို့ပဲ ပြောတာပါ။"

ဒီမိုကရက်တစ်ပါတီ ဦးသုဝေ က-

"ကျွန်တော့်အမြင်ကတော့ ဒီပြဿနာဟာ ပြဿနာ မဖြစ်လောက်တဲ့
ပြဿနာလို့ မြင်တာပေါ့။ ကျွန်တော်ကတော့ အန်အယ်ဒီကို လွှတ်တော် တက်စေချင်ပါတယ်။ ပြီးတဲ့အခါမှ လွှတ်တော် အပြင်ပဲ ဖြစ်ဖြစ် အတွင်းပဲ ဖြစ်ဖြစ် ကြိုက်တာပြော ကြိုက်တာပြင်ပေါ့ဗျာ။ အဲလို ဖြစ်ချေင်ပါတယ်။ သူတို့အချင်းများနေတဲ့ စကားလုံးလေးတွေ
ဟာ ကျွန်တော်တို့ အတွက်တော့ မထူးခြားဘူး။ ကျွန်တော့်အမြင်ပြောတာပေါ့နော်။ ဒါပေမယ့် တချို့ကတော့လည်း ဒီလိုဟာလေးတွေကို အလေးထားတာ ရှိရင်လည်း ရှိမှာပေါ့။ ကျွန်တော်တို့ကတော့ ထူးထူးခြားခြားကြီး ဘာမှကွဲလွဲမှုမရှိဘူးလို့ ထင်တာဘဲ။ "

 
Myanmar Express
Unknown at 5:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံတွင် အလုပ်သမား အဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့်ပြူလုပ်ပြီ



 မြန်မာနိုင်ငံတွင်အလုပ် သမားများအဖွဲ့အစည်းများကိုလွတ်လပ် စွာဖွဲ့စည်းခွင့်ပြု လုပ်ပြီးကြောင်း သိရသည်။ ထိုသို့အလုပ်သမားများအဖွဲ့ များအပြင်အလုပ်ရှင်များအဖွဲ့အစည်းများ ကိုလည်ဖွဲ့စည်း ခွင့်ပြုသွား မည်ဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တို့ အနေနဲ့အလုပ် သမားများ အဖွဲ့အစည်း  ကိုရန်ကုန်မှာ ပထမဆုံး ဖွဲ့စည်း ခွင့်ပြုတာ ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်မှာ ဧပြီလဆန်းက လျှောက်ထားကြ တဲ့အလုပ်သမား အဖွဲ့အစည်း ရှစ်ဖွဲ့နဲ့ အသင်း ချုပ် တစ်ခုထဲက  အလုပ်သမား အဖွဲ့အစည်း ခုနှစ်ခုနဲ့ အသင်းချုပ် တစ်ခုဖွဲ့ကိုတရား ဝင်ဖွဲ့စည်းခွင့်ပြုပေး တာဖြစ်ပါတယ်။ ကျန်တဲ့တစ်ဖွဲ့ကိုတော့ သက်မှတ်ထားတဲ့ စည်းကမ်းတွေ မကိုက်ညီတဲ့ အတွက် ဆက်လက် စိစစ် နေပါတယ်” ဟုအလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ မှတ်ပုံတင် အရာရှိချုပ် ဦးမျိုးအောင်ကပြောသည်

ယင်းအလုပ်သမားအဖွဲ့အစည်း များဖွဲ့စည်း လိုသောအလုပ်သမား များအနေနှင့်အသင်း လူဦးရေ(၃၀)ဦး ရှိရမည်ဖြစ်သည့် အပြင်စက်ရုံရှိ အလုပ်သမား အားလုံး၏ဆယ်ရာခိုင်နှုန်းက  ထောက်ခံရမည်ဖြစ်ကြောင်း သိရသည်။ ”ကျွန်တော်တို့  အခု ဖွဲ့စည်းခွင့် ပြုလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်းတွေ နဲ့ပတ်သက်ပြီး ဘာမှ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပါဘူး။ သူတိုအဖွဲ့နဲ့ သူတို့လွတ်လပ် စွာလုပ်ကိုင်ခွင့်ပြုပေး မှာဖြစ်ပါ တယ်။ အလုပ် သမား အဖွဲ့ အစည်း များအနေနဲ့အ လုပ်သမား များနှင့် သက်ဆိုင်တဲ့ အစည်းအ ဝေးတွေနဲ့ နိုင်ငံတော် အဆင့် အလုပ်ရုံဆွေး နွေးပွဲများမှာပါ  တက်ရောက်  ပါဝင်ခွင့်ရဖို့ ကျွန်တော်အလုပ်သမား  ဦးစီး ဌာန က  ကူညီ ပေးသွား မှာပါ”ဟုယင်းကရှင်းပြသည်။

အဆိုပါ အလုပ်သမား အဖွဲ့အစည်းများ အနေနှင့် အဖွဲ့ရန်ပုံငွေ အတွက် အသင်းဝင်များ အနေနှင့် လစာ၏ နှစ်ရာခိုင်နှုန်း  ကိုလစဉ်ထည့် ဝင်ရမည်ဖြစ်ကာ  ရန်ပုံငွေရရှိရန်  စီးပွာရေး လုပ်ငန်းများ  လုပ်ကိုင်ခွင့် မရှိကြောင်း သိရသည်။ ပထမဆုံး အလုပ်သမားအဖွဲ့  ဖွဲ့စည်းခွင့် ရရှိသောအလုပ်သမား  အဖွဲ့များမှာ တိုင်ရီစက်ရုံ၊ အိုပယ် (အထည်ချုပ်) စက်ရုံ ပဉ္စသုန္ဒရီ (အထည်ချုပ်) စက်ရုံ၊ ဘိုဆန်(ပိုက်) စက်ရုံ၊  ပုဝါမင်းသမီး စက်ရုံ၊  အောင်ကြွေပြား စက်ရုံ၊  ဆွေဇင်အေး (အထည်ချုပ်) စက်ရုံတို့ ဖြစ်ပြီး အသင်းချုပ် အနေနှင့် မြန်မာနိုင်ငံ သင်္ဘောသား များအသင်း  ချုပ်ဖြစ် ကြောင်း သိရသည်။

ဇော်လင်းထွဋ် (Yangon Media Group)
Unknown at 5:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းအဖြစ် ကူးပြောင်းနိုင်



(၂၃-၄-၂၀၁၂) ည သန်းကောင်ယံကျော်အချိန်ကစပြီး ဘင်္ဂလား ပင်လယ်အော် အနောက်တောင် ပိုင်းမှာ ပြန့်ကျဲနေတဲ့တိမ် အစတွေဟာ တဖြည်းဖြည်းစုစည်း လာပြီး လေဖိအားနည်းရပ်ဝန်းတစ်ခု အဖြစ်ရောက်ရှိ လာပါတယ်။ 

 ဒီလေဖိအားနည်းရပ်ဝန်းဟာ အနောက်ဖက်ကို တဖြည်းဖြည်း ဆက်လက်ရွေ့သွားပြီး အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေကိုဝင်ရောက်ပြီး အားပျော့သွားမလား ဒါမှမဟုတ် အရှေ့မြောက် ဖက်ကို မျောပါသွားရင်း ကမ်းလျှောက် မုန်တိုင်းအဖြစ်နဲ့ပဲ ပိုမိုအားကောင်းလာမလား ဆိုတာ နောက်ထပ်(၂၄)နာရိလောက်စောင့်ကြည့်ရ့ါဦးမယ်။ 
ဘာဘဲပြောပြော မြန်မာပြည်အတွက်တော့  အန္တရာယ်ပေးဖို့ အများကြီး လိုပါသေးတယ်။ အရှေ့မြောက်ဖက်ကို မျောပါလာရင်တော့ (၂၈-၂၉) ရက်နေ့လောက်မှာ မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဘင်္ဂလားဒေ့ရှ် နဲ့ ရခိုင်မြောက်ပိုင်းစွန်းကမ်းခြေတွေ ကို စောင့်ကြည့်ရ ပါလိမ့်မယ်။  မြစ်ဝကျွန်းပေါ်ဒေသနဲ့တော့  မပတ်သက်နိုင်ဘူးလို့ ခန့်မှန်းရပါတယ်။

ကျွန်တောာ်က ဒီကနေ့ပဲ ဟိုင်းကြီးကို ဟောပြောပွဲအတွက် ခရီးထွက်ရပါ့မယ်။ (၂၆)ရက်နေ့မှ ပြန်ရောက်ပါ့မယ်။
အခြေအနေပေးသလို လမ်းမှာ update လုပ်ပါ့မယ်။ 

မိုးလေ၀သနှင့် ဇလဗေဒပညာရှင်ဦးထွန်းလွင်
Unknown at 4:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒုက္ခသည်စခန်းမှ အနာဂတ် မဲ့ နေသူများ ဆန္ဒထုတ်ဖော်


ယနေ့နံနက် ၁၀နာရီခန့်တွင်ထိုင်းနိုင်ငံ မဲဆောက်မြို့ အနီးရှိ နို့ဖိုးစခန်းအတွင်းခိုလှုံနေထိုင်ကြသည့်ဒုက္ခသည်အဖြစ်အသိအမှတ်အပြု မခံရသေးသောဒုက္ခသည်များနှင့်ဒုက္ခသည်အဖြစ်အသိအမှတ်အပြုခံထားရသောဒုက္ခသည်၁၅၀ခန့်မှ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုပေးရန်နှင့်အနာဂါတ်မဲ့နေမှုများအားကူညီဆောင်ရွက်ပေးရန် UN ရုံးရှေ့ တွင် ဆန္ဒထုတ်ဖေါ်တောင်းဆိုခဲ့ကြသည်။ ဆန္ဒထုတ်ဖေါ်တောင်းဆိုရတွင် ဒုက္ခသည်အဖြစ်အသိအမှတ်ပြုပေးရန်၊ ရိက္ခာလုံလောက်စွာထောက်ပံ့ပေးရန်၊ အနာဂါတ်မဲ့နေမှုများအားဆောင်ရွက်ပေးရန်၊နိုင်ငံမဲ့မှုများအားဆောင်ရွက်ပေးရန်၊ UNမှဒုက္ခသည်များအရေးအားပိုမိုအလေးထားလုပ်ဆောင်ပေးရန်တို့အားဆန္ဒထုတ်ဖေါ်တောင်းဆို ခဲ့ကြသည်။ ဒုက္ဒသည်စခန်းအတွင်းရောက်ရှိနေထိုင်နေရသည်မှာ အချိန်၅နှစ်ကျော်ကြာမြင့် သည်အထိဒုက္ခသည်အဖြစ်အသိအမှတ်အပြုမခံရသူထောင်ပေါင်းများစွာ ရှိနေကြပြီးယနေ့ထိအနာဂါတ်အားမျှော်လင့်ချက် မဲ့စွာဖြင့်ဘ၀ရပ်တည်နေရကြောင်း ဒုက္ခသည်အဖြစ်အသိအမှတ်အပြုမခံရသေးသည့်ဦးဝင်းနိုင်မှပြောပြပါသည်။ ဒုက္ခသည်အဖြစ်အသိအမှတ်အပြုခံရသော်လည်းယနေ့ထိနိုင်ငံမဲ့ဘ၀အဖြစ်ရပ်တည်နေရသော ဦးရဲမင်းက "ကျနော်တို့ကပြည်တွင်းနအဖလက်ထက်ကစစ်မှုထမ်းတွေရဲတွေပါတယ်၊အားလုံးကိုဒုက္ခသည်စခန်းထဲမှာပဲပိတ်လှောင်ထားပြီးဘယ်အနာဂါတ်ဆိုတာဘာမှမသိရဘူး၊ပြည်တွင်းပြန်ရင်လည်းစစ်တပ်ကထွက်လာလို့ရဲကထွက်လာလို့အဖမ်းခံရမယ၊်ပြည်ပမှာလဲဘယ်သူကမှမကူညီရင်ကျနော်တို့အနာဂါတ်ဘယ်မှာလဲ ဒါကြောင့်ကျနော်တို့အနာဂါတ်ရှိလာအောင်လုပ်ဆောင်ပေးဘို့တောင်းဆိုတာပါ"လို့ပြောပါတယ်။ တောင်းဆိုမှုများအားUNတာဝန်ခံမှနောက်တစ်ကြိမ်နို့ဖိုးသို့လာရောက်သည့်အခါတွင်ကျေနပ်လောက်သောအဖြေပေးပါမည်ဟုဖြေကြားသဖြင့်တောင်းဆိုမှုအား၁၁နာရီတွင်ရပ်နားခဲ့ပြီး နောက်တစ်ကြိမ်UNလာရောက်ပါကတောင်းဆိုမှုအားဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပါဝင်သူ ဦးတရအောင်မှပြောပြပါသည်။ နို့ ဖိုးဒုက္ခသည် စခန်းအတွင်းတွင် ဒုက္ခသည် စုစုပေါင်း တသောင်းခွဲခန့် နေထိုင်လျှက်ရှိကြပြီး ဒုက္ခသည်များမှာ အလုပ်လုပ်ကိုင်ခွင့်နှင့်စခန်းပြင်ပသို့ သွားလာခွင့်မရှိကြဘဲ စားဝတ်နေရေးအတွက် အဖွဲ့ အစည်းများမှ ထောက်ပံ့ပေးထားသမျှနှင့် နေထိုင်နေကြရပါတယ်။

မှုရင်း က ဒီမှာ

ဘကြီးသက်
Unknown at 1:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမ္မတ ဦးသိန်းစိန် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာပေးပို့


(နေပြည်တော်၊ ဧပြီ ၂၄)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဧပြီ ၂၄ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ များပေး ပို့ ခဲ့ကြောင်း သိရသည်။
ဧပြီ ၆ ရက် နေ့စွဲဖြင့် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော် နာယကသို့ ပေးပို့သော သဝဏ်လွှာတွင် နိုင်ငံခြား ငွေလဲလှယ်နှုန်း စနစ် ပြောင်းလဲ ကျင့်သုံးခြင်းနှင့် ဧပြီ ၉ ရက် နေ့စွဲဖြင့် ပေးပို့သော သဝဏ်လွှာတွင် အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်ပေးခြင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော် မရှင် ဖွဲ့စည်းခြင်း ဆိုင်ရာ စသည့် သဝဏ်လွှာများ ပေးပို့ခဲ့ကြောင်းသိရသည်။
နိုင်ငံခြားငွေ လဲလှယ်နှုန်း စနစ် ပြောင်းလဲ ကျင့်သုံးခြင်း သဝဏ်လွှာ တွင် ငွေလဲလှယ်နှုန်း စနစ်အား ဈေး ကွက် အခြေခံသော ထိန်းကျောင်းမှု ရှိသည့် နှုန်းရှင် စနစ်ကို စတင် ပြောင်းလဲ ကျင့်သုံးခဲ့ကြောင်း ငွေလဲလှယ်နှုန်း အပေါ် တားမြစ် ကန့်သတ်ချုပ်ချယ်မှု ပြုလုပ်တော့မည် မဟုတ်ကြောင်း ငွေလဲလှယ်နှုန်း အား ဝယ်လို အား နှင့် ရောင်းလိုအား အပေါ် မူတည်၍ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သဝဏ်လွှာ၌ ထည့်သွင်း ဖော်ပြထားသည်။ ထို့ပြင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်အား အမျိုးသား အကျိုးစီးပွား အတွက် ဆက်လက် ဖွဲ့စည်းသွား မည်ဖြစ်ပြီး ရန်ပုံငွေကို နိုင်ငံတော် သမ္မတရုံးနှင့် အစိုးရအဖွဲ့ရုံး ရန်ပုံငွေမှ ထုတ်ယူ သုံးစွဲသွားမည် ဖြစ်ကြောင်း သဝဏ်လွှာဖတ် ကြားမှုအရ သိရသည်။
ထို့အပြင် နိုင်ငံတော် သမ္မတ က အစိုးရအဖွဲ့ နှစ်ပတ်လည် အစီရင်ခံစာနှင့် သုံးလပတ် အစီ ရင်ခံစာများ ပေးပို့ခဲ့ကြောင်း သိရသည်။
Unknown at 1:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လွှတ်တော်ထဲမှာ ဆင်ခြင်တုံတရား ရှိသလား

ဦးဝင်းတင်နဲ့ မေးခွန်းများ 
မိုးမခ၊ ဧပြီ ၂၄၊ ၂၀၁၂
 ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ အင်န်အယ်ဒီပါတီက ကိုယ်စားလှယ် ၄၃ ဦး တခဲနက် ရွေးချယ်ခံခဲ့ရတယ်။ ဧပြီလ ၂၃ မှာ ပြန်လည်စတင်မယ့် လွှတ်တော်ညီလာခံမှာ ကိုယ်စားလှယ်သစ်များ တက်ရောက် ကျမ်းကျိန် တာဝန်ထမ်းဆောင်ဖို့ အရေးက အကြပ်အတည်းဖြစ်နေတယ်။ အခြေခံဥပဒေအလိုအရ ကျမ်းကျိန်စာသားမှာ
အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်အစား လေးစာလိုက်နာလို့ ပြောင်းလဲပြင်ဆင်ပေးရန် အနိုင်ရ အတိုက်အခံပါတီက တောင်းဆိုနေချိန်မှာ အာဏာရကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နဲ့
တပ်မတော်အာဏာပိုင်များက ပြင်ဆင်ပေးဖို့ကို အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲနေပါတယ်။
ဧပြီလ ၂၃ လွှတ်တော်ညီလာခံ ပြန်လည်စတင်ချိန်မှာတော့ အနိုင်ရ အင်န်အယ်ဒီအမတ်မင်းများ စတင်တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိဘဲ အစည်းအဝေးကို စတင်ခဲ့ကြပြီဖြစ်တာကို တွေ့ရပါတယ်။
လေးစားလိုက်နာနဲ့ ကာကွယ်စောင့်ရှောက် စကားလုံး အသုံးအနှုန်း ပြုပြင်ပေးဖို့ဆိုတဲ့ အကြပ်အတည်းအကြောင်းနဲ့ ပတ်သက်ပြီး မိုးမခက ဦးဝင်းတင်ကို ဧပြီလ ၂၃ ရက်နေ့ နံနက်ခင်းက ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး။     ။ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့စကားလုံးကို ဆရာတို့က ဘာဖြစ်လို့ အရေးတယူ ပြင်ဆင်ခိုင်းနေရတာလဲ။
ဖြေ။     ။ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ခံဝန်ကတိပြုတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ဘူး။ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ အဲသည်အတွက် ၂၀၁၀ စက်တင်ဘာ ၁၅ မှာ ပါတီကို ဖျက်သိမ်းခံခဲ့ရတဲ့ အခြေအနေထိ ရောက်ခဲ့တယ်။ အဲသည်နောက် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့တယ်။ အဲသည်မှာ ပါတီကို တရားဝင်ဖြစ်အောင် ပြောင်းလဲစေချင်တယ်။ ဖြစ်နိုင်ရင် ရွေးကောက်ပွဲကို
ဝင်စေချင်တယ်ဆိုပြီး ဆွေးနွေးမှုတွေ ဖြစ်လာတယ်။
မေး။     ။ ဒါက ဦးသိန်းစိန် သဘောထားလား။ အာဏာရပါတီဦးဆောင်တဲ့ လွှတ်တော်ရဲ့ သဘောထားလား။
ဖြေ။     ။ ဦးသိန်းစိန်ရဲ့ အင်န်အယ်ဒီအပေါ် သဘောထားလို့ ပြောရမယ်။ အစိုးရရဲ့သဘောထားကတော့ ရှိသမျှလူတွေ အဖွဲ့တွေအကုန်လုံး ဘာလုပ်ချင် လုပ်ချင်၊ ဘာဖြစ်ချင် ဖြစ်ချင် ပါလီမာန်ထဲ ၀င်ကြပါ။ လွှတ်တော်အတွင်းကနေ ဆောင်ရွက်ကြပါ။ တောင်းဆိုကြပါလို့ ပဲ သူတို့က အမြဲပြောခဲ့ကြတာပဲလေ။
မေး။     ။ အဲသည်အတွက် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားလုံးကို အချက်ကို ပြင်ဆင်ပြီးမှ ဆရာတို့ ပါတီက မှတ်ပုံပြန်တင်တာတို့၊ ရွေးကောက်ပွဲဝင်တာတို့ကို ပြန်လည် လုပ်ဆောင်တယ်လို့ ပြောချင်တာလား။
ဖြေ။     ။ ဟုတ်ပါတယ်။ အဲသည်တုန်းက ဦးသိန်းစိန်က ပြင်တယ်။ လွှတ်တော်ကို ပို့ပြီးတော့လည်း ဦးသိန်းစိန်က ဆောင်ရွက်ပေးခဲ့တယ်။ ဒါကြောင့် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့အစား လေးစားလိုက်နာပါမည်ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲခဲ့တယ်။ ဒါက ရွေးကောက်ပွဲကော်မရှင်ဥပဒေကို
ပြင်ဆင်တဲ့ ဥပဒေနဲ့ ပြင်ဆင်ပေးလိုက်တာပေါ့။ အဲဒါကြောင့် ကျနော်တို့ ရွေးကောက်ပွဲကို ၀င်ခဲ့တယ်။ ပြည်သူလူထုကလည်း တခဲနက် ထောက်ခံလို့လည်း ရွေးကောက်ခံခဲ့ရတယ်။
မေး။     ။ အဲသည်တော့ ဆန္ဒမဲရလဒ်တွေအရ ဆရာတို့ ကိုယ်စားလှယ်တွေ အနိုင်ရပြီ၊ လွှတ်တော်ထဲကို ၀င်ကြတော့မယ်ဆိုတဲ့ အခြေအနေတွေ ရှိနေတော့မှ အဲသည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်က ပြန်ပြီး အတားအဆီးဖြစ်နေပြန်တာပေါ့။
ဖြေ။     ။ ဟုတ်တယ်။ ကျနော်တို့တွေက ပြည်သူတွေကို ရွေးကောက်ပွဲဝင်တုန်းက ဘာကတိတွေပေးခဲ့သလဲဆိုတော့ ပြည်သူတွေကို အကျိုးမပြုတဲ့ အခြေခံဥပဒေထဲက အချက်အလက်တွေကို ပြုပြင်မယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မယ်။ င်္ပြီးတော့ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်မယ်လို့ ပြောခဲ့တယ်။ ဒီ သုံးချက်နဲ့ လွှတ်တော်ကို ၀င်မယ်။ အဲသည်အတွက် လွှတ်တော်ဝင်မယ့် အမတ်တွေကိုလည်း လွှတ်တော်ဆိုင်ရာ သင်တန်းတွေတောင် ပေးနေပြီ ဖြစ်တယ်။ အဲသည်မှာ အခုအကြပ်အတည်းပေါ်လာတာပဲ။
ရွေးကောက်ပွဲဝင်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်က ဥပဒေကို ပြင်ပေးခဲ့ပြီးပြီ။ ဒါကြောင့်လည်း ရွေးကောက်ပွဲဝင်ပြီးပြီ။ အခု လွှတ်တော်ထဲ ၀င်မယ်ဆိုတော့မှ အခြေခံဥပဒေမှာ ကျမ်းသစ္စာကျိန်ဆိုတဲ့ စာသား၁၂၅ (ဇယား ၄) အရ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည်ဆိုတဲ့ စကားထပ်ပါနေတယ်။ အဲသည် ကျမ်းသစ္စာအတိုင်းသာ ဆိုပြီး လွှတ်တော်ထဲ ၀င်ရမယ်သာ ဆိုရင် ကျနော်တို့ ရွေးကောက်ပွဲဝင်တုန်းက ပေးထားတဲ့ ကတိဖြစ်တဲ့ ကျနော်တို့ ပြုပြင်မယ်ပြောထားတဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုလိုက်ရင်
ဘာမှ ဥပဒေရေးလုပ်ငန်းတွေ မလုပ်နိုင်တော့ဘူး၊ ပြည်သူတွေကို ပေးထားတဲ့ ကတိတွေ မတည်ဘဲ ဖြစ်သွားမယ်။
မေး။     ။ ဒါဆိုရင် ဟိုတုန်းကလိုပဲ ဆရာတို့က သမ္မတကြီးနဲ့ အစိုးရကို ပြန်လည်တင်ပြဆွေးနွေးတာတွေ လုပ်ပြီး ပြင်ဆင်မှုတွေ မလုပ်နိုင်တော့ဘူးလား။ အခုမှ ဒါက ဘယ်လိုမျိုး အကြပ်အတည်းဖြစ်ရပြန်တာလဲ။
ဖြေ။     ။ ဒီကိစ္စကိုလည်း ကျနော်တို့ဖက်က တင်ပြဆွေးနွေး အကြံပေးတာတွေ လုပ်တယ်။ ကျနော်တို့က ဘာပြောသလဲဆိုတော့ စကားလုံးတွေ ပြုပြင်ဖို့ဆိုရင် အခြေခံဥပဒေခုံရုံးကနေပြီးတော့ သိန်းစိုးခေါင်းဆောင်တဲ့ ခုံရုံးကနေပြီးတော့ အဆုံးအဖြတ်ပေးနိုင်ပါတယ်လို့ အကြံပြုတဲ့စာပို့ပါတယ်။  ဒါပေမယ့် ရွေးကောက်ပွဲ မ၀င်ခင်တုန်းက သမ္မတကြီးကိုယ်တိုင်ကနေပြီး အင်န်အယ်ဒီအတွက် အရေးယူဆောင်ရွက်တာတွေ ကိုယ်တိုင်လုပ်ခဲ့သလိုမျိုး အခုတကြိမ်မှာ သူက မလုပ်တော့ဘဲနဲ့  ခုံရုံးကို လွှဲပေးလိုက်တယ်။
အဲသည်မှာ ခုံရုံးကနေပြီးတော့ ပါတီက အတွင်းရေးမှူးအဖွဲ့ထဲက ဦးဥာဏ်ဝင်းကို ခေါ်တွေ့တယ်။ သူတို့က စကားလုံးပြုပြင်ပေးတာကို တုန့်ပြန်တာမျိုးထက် အခြေခံဥပဒေကို ပြုပြင်တာမျိုး သဘောထားတွေ ထုတ်ပြောလာတယ်။ အဲသည်အခါကျတော့ လွှတ်တော်ထဲမှာ အများစု နေရာယူထားတဲ့ ကြံ့ဖွံ့အမတ်တွေရော၊ တပ်မတော်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေရောပါ ရယူပြီးမှ ထောက်ခံမှသာ ပြင်ဆင်ရမလိုမျိုးတွေ ဖြစ်လာတယ်။
မေး။     ။ ဒါကလည်း ကြိုပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောထားတယ် မဟုတ်လားဆရာ။ မတ်လ ၂၇ တပ်မတော်နေ့မှာတုန်းက။ တပ်မတော်သားတွေက အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ကြရမယ်လို့ အမှာစကားပြောထားတော့ သူတို့ဖက်က ပြုပြင်ပေးဖို့ကို လက်ခံမယ့် အနေအထား ရှိပါ့မလား။
ဖြေ။     ။ အဲသည်လို အမှာစကားတွေ ပြောထားတော့ သူတို့ဖက်ကနေပြီးတော့ အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့ စကားလုံးပြုပြင်ပြောင်းလဲပေးဖို့ အနေအထား မရှိဘူးလို့ ပြောရင် ရနိုင်တာပေါ့။
မေး။     ။ ဒါဆိုရင် ဒီအကြပ်အတည်းကြီးကို ဘယ်လိုရင်ဆိုင်မှာလဲ။ ဆရာတို့က လွှတ်တော်ကို ကျောခိုင်းသွားတော့မှာလား။
ဖြေ။     ။ အဲသည်မှာ ကျနော်တို့ဖက်ကပြောနေတာကတော့ အခုအခြေအနေဟာ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်နေသလို၊ ကမ္ဘာ့နိုင်ငံရေးနဲ့လည်း ပတ်သက်နေတယ်။ အခုအချိန်မှာ နိုင်ငံတကာက မြန်မာပြည်အရေးကို အကောင်းမြင်ပြီးတော့ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းတာတွေ၊ လျော့ချတာတွေ၊ ဆိုင်းငံ့တာတွေ လုပ်နေပြီ ဖြစ်ပါတယ်။ နောက်ပြီးတော့ အများပြည်သူကလည်း အခြေခံဥပဒေကို ပြုပြင်မယ်ဆိုတဲ့ အင်န်အယ်ဒီပါတီကို တခဲနက်ထောက်ခံပြီးတော့ မဲဆန္ဒတွေ ပေးကြတယ်။ မျှော်လင့်အားကိုးကြတယ်။ ဒါကြောင့် နိုင်ငံတကာနဲ့တကွ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ အကောင်းမြင်နေမှုတွေကို ပျက်စီးသွားအောင်၊  ယိမ်းယိုင်သွားအောင် လုပ်ရမယ့် အချိန်အခါမဟုတ်ဘူး။ ဒါကြောင့် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ စကားလုံး ပြောင်းလဲပေးဖို့ ဖြစ်လာမယ်လို့ ကျနော်တို့က ဆက်လက်မျှော်လင့်နေတယ်။ ကျနော်တို့တွေဖက်က လွှတ်တော်ကို တက်ရောက်ဖို့ အခြေအနေနဲ့ အချိန်အခါကို ပြင်ဆင်ပြီးတော့ စောင့်ကြိုနေတယ်လို့ ပြောချင်တယ်။
မေး။     ။ ဒါဆိုရင် အခြေခံဥပဒေထဲက ကျမ်းကျိန်ရမယ့် စကားရပ်ကို ပြင်ဆင်ပေးဖို့ဆိုတာက လက်ရှိအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပေါ်မှာ မူတည်နေပြီ။ သူတို့ရဲ့ သဘောထားသာ အဓိကဖြစ်နေပြီ လို့ ပြောရတော့မှာပေါ့။ အဲသည်အချိန်တရပ်တည်းမှာပဲ တပ်မတော်က သူတို့ရဲ့ တပ်မတော်ကိုယ်စားလှယ် ၅၉ ဦးကို အဆင်မြင့်အရာရှိတွေနဲ့ အစားထိုးလဲလှယ်ခန့်အပ်လိုက်တာလဲ ဒီနေ့ လွှတ်တော်မတက်ခင် ထုတ်ပြန်လိုက်တယ်။ အင်န်အယ်ဒီဟာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လွှတ်တော်ထဲကို ပါဝင်လာတော့မှာပဲ
ဆိုပြီး တပ်မတော်က ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သူတို့ဖက်က လှုပ်ရှားမှုတွေ ပြုလုပ်လာပြီလို့ မြင်သလား။ ဒါကကော ဘာသဘောလဲ လို့ ဆရာကထင်သလဲ။
ဖြေ။     ။ တဖက်ကကြည့်ရင်တော့ တပ်မတော်က လွှတ်တော်ထဲမှာ ရှိတဲ့သူတွေဟာ သဘောထားပျော့ပြောင်းတဲ့သူတွေရှိနေလို့ မတ်လ ၂၇ ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ မူဖြစ်တဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ ခိုင်ခိုင်မြဲမြဲကိုင်စွဲမယ့် လူတွေနဲ့ အစားထိုးလိုက်တယ်လို့လဲ ပြောချင် ပြောလို့ရတာပါပဲ။ မှန်းလို့တော့ မရပါဘူး။
မေး။     ။ ဆိုတော့ အခုတကြိမ်မှာလည်းပဲ ရွေးကောက်ခံထားရတဲ့ အင်န်အယ်ဒီအမတ်တွေဟာ လွှတ်တော်ကို တက်ဖို့၊ တရားဝင် တာဝန်ထမ်းဆောင်ဖို့ အခြေအနေ မပေးပြန်ဘူးပေါ့။ အခွင့်အရေး မရပြန်ဘူးပေါ့။ အဲသည်လိုမျိုး ပြန်ကြည့်လိုက်ရင် အင်န်အယ်ဒီပါတီဟာ သမိုင်းတလျောက်လုံးမှာကော၊ အခုလက်ရှိအစိုးရနဲ့ ဆက်ဆံရေးတလျောက်လုံးမှာပါ အကြိမ်အကြိမ် အခါခါ အချိန်ဆွဲခံရတဲ့ အဖြစ်တွေနဲ့ အမြဲတမ်း ကြုံတွေ့နေရတယ်၊ ရင်ဆိုင်နေရတယ်လို့ ပြောရင် ရမလားဆရာ။ အချိန်ဆွဲခံရတယ်။ ဈေးဆစ်ခံရတယ်။
အလှည့်အပြောင်းတွေနဲ့ ရင်ဆိုင်ရတယ်။ အချိန်ဆွဲခံရတိုင်းမှာ၊ ဈေးဆစ်ခံနေရတဲ့ အချိန်တိုင်းအခါတိုင်းမှာ လက်ရှိအာဏာရအစိုးရက အကျိုးအမြတ်ထွက်တယ်။ အင်န်အယ်ဒီပါတီ ရွေးကောက်ပွဲဝင်မယ်၊ ပါတီမှတ်ပုံတင်မယ် ပြောလိုက်လို့ သိန်စိန်အစိုးရက အာင်္ဆီယံဥက္ကဋ္ဌဖြစ်သွားတယ်။ ဟောအခု ဧပြီ ၁ မှာ ရွေးကောက်ပွဲ နိုင်ပါတယ် ဆိုရုံ ရှိသေးတယ်၊ အရှေ့ အနောက်အုပ်စုတွေက ကြံ့ဖွံ့အစိုးရကို ပိတ်ဆို့အရေးယူထားတွေ၊ ဘာတွေကို လျော့ချတာနဲ့၊ ဆိုင်းငံ့တာနဲ့ ဘာနဲ့ ချက်ခြင်းဆိုသလို အလျင်အမြန် ဆုတွေ
ပေးနေကြပြီ။ ဧပြီလတောင် မကုန်သေးဘူး။ အနိုင်ရတဲ့ ပါတီက လွှတ်တော်ထဲတောင် မရောက်သေးဘူး။ အဲသည်အချိန်မှာ စစ်အစိုးရက အဲလေ ကြံ့ဖွံ့အစိုးရက ဘာလို့ လက်နှေးနေရပြန်တာလဲ။
ဖြေ။     ။ အရင်တုန်းကတည်းက လက်ရှိအစိုးရကို အယုံအကြည်မရှိတဲ့သဘော၊ သံသယရှိတဲ့သဘော ပြောဆိုနေကြတာတွေက ရှိတာပါပဲ။ ဒါပေမယ့် ကျနော်တို့ဖက်က ယုံကြည်ချက်နဲ့ အလုပ်လုပ်ကြရတာပဲ။ အကယ်၍သာ နိုင်ငံရေးအခြေအနေတွေဟာ တိုးတက်ကောင်းမွန်တဲ့ဆီကို ဦးတည်ကြမယ်ဆိုရင် … ဆိုတဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်နဲ့ပဲ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အခြေခံဥပဒေကို လေးစားလိုက်နာဆိုတဲ့ စကားလုံးပြုပြင်မှုဆိုတဲ့ သော့ခလောက်ဖြုတ်ပေးလို့၊ တခါးတချပ်ဖွင့်ပေးလို့ ကျနော်တို့တတွေ ပါတီကို မှတ်ပုံတင်တယ်၊ ရွေးကောက်ပွဲဝင်ခဲ့ကြတယ်။ ဒါပေမယ့် လွှတ်တော်ကို ၀င်ကြမယ်လို့ လုပ်တဲ့အခါကျတော့ အဲသည်သော့ခလောက်နဲ့ပဲ ပြန်တွေ့နေရတယ်။ တခါးနောက်တချပ်နဲ့ ထပ်တိုးတယ်လို့ ပြောချင်တယ်။ ဒါတွေကြောင့် အစိုးရကို အယုံအကြည်မရှိဘူး၊ သံသယရှိတယ်လို့ ပြောနေကြတဲ့ ဝေဖန်နေကြတဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေရဲ့ စကားတွေ ပြောဆိုချက်တွေဟာ မမှားဖူးလို့ ပြောရမလို ဖြစ်လာတယ်။ သူတို့တွေက အရေးယူပိတ်ဆို့တာတွေ ဖယ်ရှားအောင်လို့ လှည့်ဖြားနေတာဖြစ်တယ်။ အသုံးချနေတယ်လို့ပြောဆို ဝေဖန်နေကြတာတွေဟာ  အတည်ပြုပေးနေသလိုတောင် ဖြစ်လာတယ်။
မေး။     ။ ဒါဆိုရင် ဆရာတို့တွေက ခုနင်က သံသယတွေ၊ မယုံကြည်မှုတွေ လက်ကိုင်ထားပြီးတော့ လက်ရှိကြံ့ဖွံ့အစိုးရကို ရင်ဆိုင်မယ်သာ ဆိုရင် အခုနှစ်ဆန်းကတည်းက ပေါ်ထွန်းလာခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်မှု၊ အကောင်းမြင်မှုတွေကနေ နောက်ပြန်လှည့်သလို ဖြစ်သွားမှာပေါ့ ဆရာ။
ဖြေ။     ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလက်ရှိအခြေအနေ၊ အချိန်အခါမှာ ကျနော်တို့က အဲသည်လိုတော့ သဘောမထားပါဘူး။ အခုလက်ရှိ ပြောင်းလဲမှုတွေက ပေါ်ထွန်းလာနေတဲ အခြေအနေသစ်တွေကိုပဲဆက်လက် မျှော်လင့်ချင်တယ်။ နှစ်ဖက် တင်းမာတဲ့ အနေအထားတွေ၊ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ အနေအထားတွေ ပေါ်ထွန်းလာမှာကို
ကျနော်တို့တွေကကော ရွေးကောက်ပွဲမှာ မျှော်လင့်တကြီး ယုံကြည်အားကိုးပြီး မဲပေးခဲ့ကြတဲ့ ပြည်သူလူုထုကြီးကပါ မလိုလားဘူး။ အကုန်လုံး ညီညီညွတ်ညွတ် မျှမျှတတ အကျိုးသင့်အကြောင်းသင့်နဲ့ အားလုံးက ဆင်ခြင်တုံတရား လက်ကိုင်ထားပြီးတော့ပဲ ရင်ဆိုင်ချင်တယ်။ ဖြေရှင်းချင်တယ်။ အခုအချိန်မှာ ကျနော်တို့ဖက်ကကော၊ ပြည်သူလူထုကြီးကပါ ဆင်ခြင်တုံတရား ရှိရှိနဲ့ ရင်ဆိုင်လိုက်တာဖြစ်တယ်။ အခုလက်ရှိမှာ ဆင်ခြင်တုံတရားရှိမရှိ ဆိုတဲ့မေးခွန်းဟာ  ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်နဲ့ တပ်မတော်ကိုယ်စားလှယ်တွေ
ဖက်ကို ရောက်သွားပြီ။ သူတို့ဆီကို ဦးတည်သွားပြီ။ လက်ရှိအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဘယ်လောက်အထိ ဆင်ခြင်တုံတရားရှိသလဲ ဆိုတာနဲ့ ဆိုင်သွားပြီ လို့ ဆိုချင်တယ်။
မေး။     ။ ဆရာပြောချင်တာက အရင်တုန်းက အင်န်အယ်ဒီပါတီအတွက် ရွေးကောက်ပွဲကော်မရှင်က စကားရပ်တွေကို အစိုးရက ဆင်ခြင်တုံတရားအပြည့်နဲ့ ပြင်ဆင်ခဲ့ပေးပြီပြီ။ အစိုးရရဲ့ လိုအင်ဆန္ဒနဲ့ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ။ အခုအချိန်မှာလည်း အစိုးရနဲ့ လွှတ်တော်ဟာ ဆင်ခြင်တုံတရားနဲ့ပဲ ဆက်လက်ဆောင်ရွက်သင့်တယ်။ မလိုလားအပ်တဲ့ အကြပ်အတည်းကို မဖန်တီးသင့်ဘူးလို့ ပြောချင်တာပေါ့။
ဖြေ။     ။ ကျနော်တဦးချင်းအနေနဲ့ ပြောရရင် ဦးဝင်းတင်တဦးချင်းအနေနဲ့ ပြန်ပြောရရင် လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ကျနော်တို့ဟာ ဒီစကားလုံးအတွက်နဲ့ ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံဝန်ကတိမပြုနိုင်ဘူး၊ လက်မခံနိုင်ဘူး ဆိုပြီးတော့ ရပ်တည်ခဲ့တဲ့အတွက် ပါတီကိုတောင်မှ ဖျက်သိမ်းခံရတဲ့ အထိရောက်ခဲ့တယ်။ လူပေါင်းများစွာ ဖမ်းဆီးခြင်းခံရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်ပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ ကျနော်တို့ဟာ ဆင်ခြင်တုံတရားနဲ့ ရပ်တည်ခဲ့တယ်။ ရင်ဆိုင်ခဲ့တယ်။ နောက်ပိုင်းမှာ သမ္မတဦးသိန်းစိန်တို့ကလည်း ဆင်ခြင်တုံတရားနဲ့ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပေးပြီး ဖြစ်တယ်။ အခုအချိန်မှာတော့ ဆင်ခြင်တုံတရားဟာ
လွှတ်တော်ထဲကို ရောက်နေပြီ။ သူတို့အပေါ်မှာ မူတည်တော့တယ်လို့ ပြောချင်ပါတယ်။
မေး။     ။ ဒါဆိုရင် ဆရာတို့က အခြေအနေကောင်းတွေပေါ်ထွန်းလာရင် လွှတ်တော်ကို တက်မှာပဲပေါ့။
ဖြေ။     ။ တို့ဖက်ကတော့ စိတ်ကောင်းစေတနာတွေ ရှိတယ်။ လွှတ်တော်ကို တက်မှာပါ။ ကျနော်တို့က ဘယ်လောက်အထိ တက်မယ်လို့ ပြောချင်သလဲဆိုတော့ အကယ်၍ ဒီကိစ္စဟာ တလကြာမယ်။ ၂လကြာမယ်။ ကြာသွားလို့ နောက်ဆုံး လွှတ်တော်ရုပ်သိမ်းခါနီး တရက် ၂ရက် အလိုကျမှပဲ ကျနော်တို့ကို ခွင့်ပေးမယ်၊ ကျမ်းသစ္စာကျိန်ဆိုရမယ်ဆိုရင်လည်း
ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေက တခဲနက် ထောက်ခံထားတဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်။ အဲသည်အတွက် ပြည်သူ့တွေရဲ့ အလိုဆန္ဒနဲ့အညီ ကျမ်းသစ္စာကျိန်ဆိုထိုက်တယ် လို့ ယူဆပါတယ်။
မေး။     ။ ဒါဆိုရင် ခုနင်က မေးခွန်းကို ပြန်ကောက်ရရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့ဆန္ဒနဲ့အညီ ပါတီကို မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ခဲ့ကြတာဟာ မှန်ကန်တဲ့ ဆင်ခြင်တုံတရားနဲ့ ဆောင်ရွက်မှုဖြစ်တယ်လို့ ဆိုနိုင်သလိုပဲ တဖက်ကလည်း လက်ရှိအစိုးရအပေါ်မှာ သံသယတွေရှိတာ၊
ယုံကြည်မှုမရှိနိုင်သေးတာတွေကလည်း မမှားဘူးလို့ ပြောရမလို ဖြစ်နေတာပေါ့။
ဖြေ။     ။ အဲလိုပြောရင်လည်း ရပါတယ်။
မေး။     ။ ဒါဆိုရင် အခုလက်ရှိအခြေအနေမှာ အချိန်တိုတိုအတွင်းမှာတင် အရေးယူတာတွေ၊ ပိတ်ဆို့တာတွေကို လျော့ချမယ်၊ ရပ်ဆိုင်းမယ်၊ လက်ရှိအစိုးရကို ငွေချေးမယ်၊ ငွေလျော်မယ် စသည်ဖြင့် အမြန်အဆန် ဆုံးဖြတ်ချက်ချနေကြတဲ့ အရှေ့အုပ်စု၊ အနောက်အုပ်စုက အစိုးရတွေကလည်းပဲ ဆရာပြောတဲ့ ဆင်ခြင်တုံတရားနဲ့  လက်ရှိအစိုးရကို စောင့်ကြည့်ဖို့ မလိုဘူးလားဆရာရယ်။
ဖြေ။     ။ အဲသည်လိုမျိုး ရှိတယ်လို့ ပြောချင်ပါတယ်။ တလောက ဗြိတိန်ဝန်ကြီးချုပ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတယ်။ အီးယူတို့ သြစတြေးလျတို့ဆိုရင် ရုတ်သိမ်းမယ် ဘာညာလုပ်လာတယ်။ ဂျပန်ဆိုရင် ငွေချေးမယ်၊ အလည်ဖိတ်တယ်လုပ်လာတယ်။ ဒါပေမယ့် ကျနော်တို့ဖက်က ဘာပြောသလဲဆိုတော့ အခုအချိန်မှာ ရုတ်သိမ်းတာထက် ဆိုင်းငံ့တာသာ ကောင်းလိမ့်မယ်လို့ ထင်တယ်။ နိုင်ငံရေးအခြေအနေတွေက ဘယ်လိုပေါ်ပေါက်လာလိမ့်မယ်လို့ မပြောနိုင်သေးဘူးလို့ ဆွေးနွေးခဲ့ကြတယ်။ ဒါကြောင့် လောလောဆယ်မှာ လျော့ပေးမယ်လို့ အီးယူတို့ ဆုံးဖြတ်သော်လည်းဘဲ ဆိုင်းငံ့တယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားတာကို တွေ့ရတယ်။ ဒါဟာလည်း နိုင်ငံတကာက မြန်မာပြည်လက်ရှိအခြေအနေကို ဆင်ခြင်တုံတရားနဲ့ ရင်ဆိုင်နေတယ်လို့ ပြောရင်ရပါတယ်။
မေး။     ။ နောက်ဆုံး ပြောချင်တာကတော့ ဆရာရယ်၊ လွှတ်တော်ထဲဝင်မယ်ဆိုတဲ့ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီအမတ်တွေအတွက်က ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြင်ဆင်ကြမယ်ဆိုတဲ့ စိန်ခေါ်မှုကြီးက ရှေ့မှာ ဘယ်လိုမျှော်မှန်းရမယ်တောင် မသိသေးဘူးပေါ့လေ။ အဲသည်အတွက် လွှတ်တော်အ၀မှာတင်ကို
အကြပ်အတည်းတွေ့နေကြရပြီ။ ဥပမာ ကျနော်တို့ ထောင်ဗူးဝထဲကို ၀င်ကြရသလိုပေါ့။ အကျဉ်းထောင်ထဲမှာ ဘယ်လို ရုန်းကန် ရင်ဆိုင်ကြရမယ်ဆိုတာ မသိနိုင်သေးဘူး။ သို့သော် ထောင်ထဲဝင်တဲ့ နိုင်ငံရေးပုဒ်မတပ်ခံထားရတဲ့ အကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက ခေါင်းမော့ ရင်ကော့ပြီး မ၀င်စေဘဲနဲ့ ခေါင်းငုံပြီး ၀င်ခိုင်းသလိုမျိုး၊ ပုံစံပေးပြီး ၀င်ခိုင်းသလိုမျိုး ဖြစ်နေတယ်လို့ ဥပမာပေးနေကြတဲ့အကြောင်းလည်း ပြောလိုက်ချင်ပါတယ် ဆရာရယ်။
ဖြေ။     ။ အင်း၊ ကောင်းသားပဲ ဥပမာက။ အေး ဟုတ်ပြီလေ။ ဒီနေ့တော့ ဒီလောက်ပဲကွာ။
 
Unknown at 12:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ အလယ်ပိုင်းမှ နိုင်ငံတကာ လေဆိပ် နှစ်ခုအတွက် ကိုရီးယားကို ဖိတ်ခေါ်





နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တည်ရှိသော နိုင်ငံတကာ လေဆိပ်ကြီးနှစ်ခုကို တောင်ကိုရီးယား လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းပြောကြားလိုက်ပြီး ဂျပန်ကလည်း ယင်းကို စိတ်ဝင်စားနေကြောင်း သိရသည်။ လေကြောင်းလိုင်း ပျံသန်းမှု ထိန်းချုပ်စနစ် အပါအဝင် လေဆိပ်တစ်ခုလုံးကို ရင်းနှီးမြှုပ်နှံသွားရန် ဂျပန်နိုင်ငံက လေ့လာမှုများ ပြုလုပ်နေပြီဖြစ်ကာ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရန် အလားအလာများရှိကြောင်း သမ္မတကြီးက ပြောကြားသည်။ “မြန်မာနိုင်ငံ အလယ်ပိုင်းမှာ နိုင်ငံတကာလေယာဉ် ဆင်းသက်နိုင်တဲ့ လေဆိပ်ကြီးနှစ်ခု ရှိပါတယ်။ ပြီးပြည့်စုံပြီလို့တော့ ပြောလို့မရသေးပါဘူး။ တောင်ကိုရီးယားအနေနဲ့ ဥရောပဘက်ကို သွားမယ်ဆိုရင် မြန်မာနိုင်ငံက အဲဒီလေဆိပ်တွေကို ဝင်ရောက်ဆင်းသက်နိုင်ပါတယ်။ စင်ကာပူ-ဘန်ကောက်ကို ဆင်းပြီး ပတ်နေရတာထက်ပိုပြီး အဆင်ပြေစေပါတယ်” ဟု သမ္မတကြီးဦးသိန်းစိန်က ပြောကြားသည်။ “ဒီလေဆိပ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ ရမလဲဆိုတာ စဉ်းစားစေလိုပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။ “ဂျပန်ကတော့ တော်တော်စိတ်ဝင်စားနေတယ်။ ကိုရီးယားအနေနဲ့ကလည်း ဝင်ရောက်လုပ်ကိုင်သွားဖို့ စဉ်းစားနိုင်ပါတယ်” ဟု သမ္မတကြီးက နေပြည်တော်တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် နေပြည်တော်လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်နိုင်သော်လည်း လက်ရှိကာလအထိ ပျံသန်းဆင်းသက်ကြခြင်း အားနည်းနေသေးကြောင်း  သိရှိရသည်။


 Myanmar Express
Unknown at 11:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖော်တာ ပြိုင်တဲ့ မြန်မာမတွေ ဖော်ချွတ်တွေကို အဆင့်တန်းရှိရှိ ဖော်ချွတ် လုပ်ကြဆိုဘဲ


အပြောအဆိုကတော့ ဘယ်လိုရှိမယ်ဆိုတာကြည့်လိုက်ကြပါ...
ဝေဖန်ပြီး အကြံပြုလိုက်ကြပေါ့ ဗျာ
ဘကြီးသက်
Unknown at 11:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မအေးယုအောင် အိမ်ပြန်ရောက်ပြီ

ပဲခူးတိုင်း ပဲခူးမြို့ ဒုတိယမြို့နယ် တရားသူကြီး၏ ဇနီးက မီးပူဖြင့် လက်ရောက်ကျူးလွန်ပြီးနောက် အမှုမပေါ်ပေါက်စေရန် ထိန်းချုပ်ခြင်းကို ခံထားရသည်ဟု သတင်းထွက်နေသောအသက် ၁၅ နှစ် အရွယ်အိမ်ဖော် မအေးယုအောင် နေရပ်ရင်းသို့ ပြန်ရောက်ပြီဖြစ် ကြောင်း မိခင်ဒေါ်ကြူကြူက ပြောဆိုသည်။

မီးပူနှင့် အကပ်ခံရသည့် မအေးယုအောင် (ဓာတ်ပုံ - Facebook)
ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက်ရှိ တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်က ၎င်းတို့ထံတွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသော မအေးယုအောင်အား မီးပူဖြင့် အရေပြားများ ပျက်စီးသည်အထိ ကျူးလွန်ခဲ့ပြီး တလခန့် မိဘထံ ပြန်မပို့ဘဲ ထိန်းသိမ်းထားပြီးနောက် ဒဏ်ရာများပျောက်ကင်းမှ ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူကပြောသည်။
“မနေ့ညနေပိုင်းက ဦးအောင်ဖုန်းဝင်းကိုယ်တိုင် သမီးကို ကားနဲ့လာပို့သွားတယ်။ ကလေးပြန်ရရှိကြောင်းလည်း လက်မှတ် ပြန်ထိုး ပေးလိုက်တယ်”ဟု ဒေါ်ကြူကြူက ဧရာဝတီသို့ ပြောသည်။
မအေးယုအောင် အိမ်သို့ ပြန်ရောက်လာသော်လည်း အမှုဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင် ဦးအောင်ဖုန်းဝင်းနှင့် ဒေါ်ဖြူဝင်းသက် တို့၏ နောက်ကွယ်မှ ထိန်းချုပ် ခြိမ်းခြောက်ထားခြင်းကို ခံထားရကြောင်းနှင့် စိတ်ကျမ်းမာရေးချို့ယွင်းမှုဖြစ်ပေါ်နေကြောင်း မိခင်ဖြစ် သူ ဒေါ်ကြူကြူက စွပ်စွဲ ပြောဆိုသည်။
“ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီး သမီးက မပြောပြချင်ဘူး။ ညရောက်မှ ချော့မေးကြည့်တော့မှ ဒေါ်ဖြူဝင်းသက်က သူမီးပူနဲ့ ကပ်တဲ့ ကိစ္စကို သူတို့မိသားစု တခုလုံး ဒုက္ခရောက်သွားမှာဖြစ်တဲ့အတွက် မပြောပါနဲ့ ဆိုပြီး သမီးဆီက ကတိတောင်းတယ် ပြောတယ်။ နောက် ဘုရားမှာ သစ္စာရေသောက်ပြီး ကျိန်ခိုင်းတယ်တဲ့။ ဒီဘဝတင် မကဘူး နောက်ဘဝထိပါ မပြောပါဘူး။ ပြောရင် ကျမတို့ မိသားစုလည်း ဒုက္ခရောက်ရပါစေဆိုပြီးတော့”ဟု ဒေါ်ကြူကြူက သမီးဖြစ်သူ ပြောပြချက်များကို ကိုးကား ပြောဆိုသည်။

ကျော်ခ (ဧရာဝတီ)
Unknown at 11:01 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကွန်ပျူတာကြောင့်ဖြစ်သောမျက်စိဝေဒနာ (Computer Eye Syndrome)




Wall Photos

ယခုခေတ်တွင် ကွန်ပျူတာ
အကြည့်များလာသည်နှင့်အမျှ
(၁) Eye Strain (မျက်စိညောင်းခြင်း)
(၂)Eye Strain(မျက်ရည်ခန်းခြောက်
ခြင်း)များ ဖြစ်လာကြပါသည်။ ထို
သို့မဖြစ်ရန် အောက်ပါအချက်များကို
နားလည်ထားရပါသည်။

၁။ မျက်စိသည်မှန်ဘီလူး(Lens) တစ်
ခုဖြစ်သည်။+၆၀.ဝDioptres
ရှိသည်။Lens ၏င်္Function မှာ
အမြင်ရရန် ဖြစ်သည်။Lens ဖြစ်၍
ကြည့်သော အရာဝတ္ထုသည်ဆုံချက်
(Focus) တွင်ရှိရမည်။ ထို့ကြောင့် Computer Monitor ကို မျက်စိ၏
ဆုံချက်တွင် ရှိရန်ထားရှိရပါမည်။
Monitor သည် ဆုံချက်တွင်ရှိ၊ မရှိသိ
နိုင်ရန် Monitor နှင့်မျက်စိအကွာ
အဝေးကိုရှေ့တိုး၊ နောက်ဆုတ်ပြုလုပ်
ချိန်ရပါမည်။ မျက်လုံး၏ဆုံချက်တွင်
ကြည့်သောအရာဝတ္ထုကျရောက်ပါက
ကြည်လင်ပြတ်သားမှုပို၍ရှိမည်ဖြစ်ပါ
သဖြင့်မျက်စိအညောင်းသက်သာမည်
ဖြစ်ပါသည်။

၂။ ထိုသို့ မျက်စိနှင့် ဆုံချက်ကျအောင်
ပြုလုပ်ပြီးသောအခါ မျက်ခွံကို မကြာ
ခဏခတ်၍Computer ကြည့်သင့်ပါ
သည်။Computer Monitor
ကိုကြည့်ခြင်းနှင့် စာအုပ်ဖတ်ခြင်းမ
တူပါ။ Computer Monitor ကြည့်
ခြင်းသည် စာအုပ်ဖတ်ခြင်းထက်
Contrast နည်း၍ အားပိုစိုက်ရသော
ကြောင့် Staring Gaze ဖြင့်ကြည့်
ရသဖြင့်မျက်ကြည်လွှာ(Cornea)ပ်ါရှိ
မျက်ရည်လွှာ(Tear Film) အငွေ့
ပျံခြင်း (Evaporation)ပို၍ များပြီး
မျက်ရည် ခန်းခြောက်ခြင်းပိုဖြစ်လာပြီး
မျက်စိ၏ အမြင်ခံစားမှု (Optical
Resolution) သည် Computer
ကြည့်ချိန်ကြာသည်နှင့်အမျှ ပို၍နည်း
လာပါသည်။ ထို့ကြောင့် Computer
ကြည့်ချိန်တွင်မျက်ခွံမကြာခဏခတ်ခြင်း
(Blin king) လုပ်ပေးရပါမည်။

၃။ မျက်စိသည် အဝေးရှိရာ အရာ
ဝတ္ထုများကို ကြည့်သောအခါ အလင်း
တန်းများသည်မျဉ်းပြိုင်ဖြစ်နေ၍ကြည့်
ရသည်မှာ သက်တောင့်သက်သာရှိပါ
သည်။ အနီးကိုကြည့်သောအခါ
အလင်းတန်းများသည် အနီးရှိအရာ
ဝတ္ထုကိုစုစည်း၍ ကြည့်ရသဖြင့်မျက်
စြွိကက်သားကို ပို၍အလုပ်လုပ်ရပါ
သည်။ ထိုသို့အနီးကိုကြည့်နိုင်သော
စွမ်းရည် (၂၀)မိနစ်မှ (၃၀)မိနစ်သာရှိ
သည်။ ထို့ကြောင့် Computer ကို
ဆက်တိုက်နာရီဝက်ထက်ပို၍မကြည့်
သင့်ပါ။ နာရီဝက်ပြည့်တိုင်း(၁)မိနစ်
ခန့်နားရပါမည်။Intermittent Relaxation
ဖြစ်ပါသည်။ဖြစ်နိုင်ပါက
မျက်စိမှိတ်၍ နားလျှင်ပို၍ကောင်းပါ
သည်။

ဤအထက်ပါ အချက်(၃)ချက်
ကို ဂရုစိုက်၍ လိုက်နာခြင်းဖြင့်
Computer ကြောင့်ဖြစ်သော မျက်စိ
ညောင်းညာမှုကို သက်သာစေပြီး
Computer ဖြင့် အလုပ်လုပ်ရာတွင်ပို
၍ အထောက် အကူပြုနိုင်မည်ဖြစ်
ကြောင်းတင်ပြအပ်ပါသည်။

ဒေါက်တာဦီးးတင်ဝင်း
(ရန်ကုန်မျက်စိဆေးရုံကြီး)
By: Health Updates Journal
Unknown at 11:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရားစီရင်ရေး မဏ္ဍိုင် ကြံ့ခိုင်ရေး အကြိတ် အနယ် ဆွေးနွေး

ပါလီမန် လွှတ်တော် အစည်း အဝေးတွေ ပြန်လည် ကျင်းပတဲ့ ဒုတိယမြောက် နေ့မှာ မြန်မာ့ လက်ရှိ တရား စီရင်ရေး စနစ် အတွင်း လာဘ်ပေး လာဘ်ယူမှုတွေ ရှိနေတာ၊ မမျှတ မှုတွေ ဖြစ်နေ တာကို ပြည်သူ့ လွှတ်တော် အမတ်တွေ အဓိက ဆွေးနွေး ခဲ့ကြ ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ကလည်း ဒုတိယ နေ့မှာ ဆွေးနွေးခဲ့

ကန်ပက်လက်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကို တင်သွင်း ခဲ့တဲ့ တရား စီရင်ရေး မဏ0x081ဍိုင် ဖြောင့်မတ် ကြံ့ခိုင် စေရေး ဝိုင်းဝန်း ကူညီ ထောက်မ ပေး ဆိုတဲ့ အဆိုကို လွှတ်တော် အမတ်တွေ က အထောက် အထားတွေနဲ့ တင်ပြ ဆွေးနွေး ခဲ့ကြ တယ်လို့ ကိုယ်တိုင် ပါလီမန်ထဲ မှာ သတင်း ရယူထားတဲ့ နေပြည်တော်ရောက် ဘီဘီစီ သတင်းထောက် ကိုချိုက ပြောပါတယ်။

တရားလွှတ်တော် ရှေ့နေ လည်းဖြစ် သင်္ဃာန်းကျွန်း မြို့နယ် လွှတ်တော် အမတ်လည်း ဖြစ်တဲ့ ဦးသိန်းညွန့်က တရားရုံး တွေမှာ တင်ထားတဲ့ ဆိုင်းဘုတ် တွေမှာ ရေးထား တာက တခြား၊ လုပ်နေတာက တခြား ဖြစ်နေ တယ်လို့ တင်ပြ ဆွေးနွေး သွားခဲ့ ပါတယ်။

အင်းတော် မဲဆန္ဒနယ်က အမတ် ဖြစ်သူ ဦးကျော်နိုင်ဌေး ကလည်း တရားရေး စနစ်မှာ လာဘ်ပေး လာဘ်ယူ ကိစ္စ အမြစ် တွယ်နေပေမဲ့ တရားသူကြီး တွေနဲ့ ရှေ့နေတွေ ဖြောင့်မတ် မှန်ကန်ဖို့ လိုတယ်လို့ ထောက်ပြ ဆွေးနွေး သွားခဲ့ ပါတယ်။

ပြည်ထောင်စု လွှတ်တော် မှာတော့ ထူးထူး ခြားခြား ဆွေးနွေးမှုတွေ မရှိခဲ့ပေမဲ့ သမ္မတက သဝဏ်လွှာတွေ ပေးပို့ပြီး မြန်မာ့ ဒီမိုကရေစီရေး လုပ်ဆောင်မှု တွေကို ရှင်းပြခဲ့တယ်လို့ သတင်းထောက် ကိုချိုက ပြောပါတယ်။

အဂင်0x081ါနေ့က လွှတ်တော်တွင်းမှာ အခုလို ဆွေးနွေးမှုတွေ ရှိခဲ့ကြ ပေမဲ့ မကြာသေးခင်က ပြုလုပ် ခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကအနိုင်ရ အမတ်တွေ ကတော့ ကျမ်း သစ0x081စာ ကျိန်ဆိုမယ့် စကားလုံး သုံး အနှုန်း ပြင်ဆင်ရေး ကိစ0x081စ ညှိနှိုင်းမှုတွေ မပြီးပြတ် သေးတဲ့ အတွက် လွှတ်တော် တွင်းကို ရောက် မလာကြ သေး ပါဘူး။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကတော့ အခြေခံ ဥပဒေ အပါအဝင် ပြဌာန်း ဥပဒေတွေကို ပြင်ဆင် နိုင်ဖို့အတွက် အန်အယ်လ်ဒီ အမတ်တွေ လွှတ်တော်တွင်းကို အရင် လာပြီး လွှတ်တော်တွင်းက နေသာ လုပ်ဆောင် နိုင်မယ်၊ အခြေခံ ဥပဒေကို ပြည်ထောင်စု လွှတ်တော် ကသာ ပြင်ဆင်နိုင်တယ်လို့ ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ မှာ ပါတဲ့ အတိုင်း လွှတ်တော် အမတ် ၂၀ ရာခိုင်နှုန်းရှိရမယ်၊ လောလောဆယ်မှာ အဲဒီလောက် မရှိတဲ့ အတွက် ပြင်ဆင်နိုင်ရေးမှာ အခက်အခဲ ရှိနိုင်တယ် ဒါပေမယ့် လွှတ်တော်တွင်မှာ ပါတီပေါင်းစုံနဲ့ ညှိနှိုင်းပြီး အပြန်အလှန် နားလည်မှု ရယူ ဆောင်ရွက်နိုင်အောင် ကြိုးစား သင့်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Unknown at 10:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မလေးရှားဝန်ကြီး၏ မုဒိန်းကျင့်ခံရသော အင်ဒိုနီးရှားအိမ်ဖော်နှင့် မလေးရှားဥပဒေ



http://mgpala.blogspot.com/2012/04/blog-post_25.html မှ ကူးယူဖေါ်ပြပါသည်။

>> WEDNESDAY, APRIL 25, 2012

မလေးရှား ကဘိနက်ဝန်ကြီးတစ်ဦးက သူ့အိမ်ဖော်ကိုမုဒိန်းကျင့်သည့်လူမဆန်သည့်လုပ်ရပ်အတွက် မည့်သို့သောတရားစီရင် မှုမှပေါ်ထွက်မလာဘဲ ၀န်ကြီးအဖွဲ့မှ ဖုံးဖိကာကွယ်ပေးခြင်း၊ သတင်းမထွက်ပေါ်စေခြင်း၊ သတင်းထွက်ပေါ်အောင် ဘလော့များမှ တစ်ဆင့်တင်ပြသူများကိုဖမ်းဆီးခဲ့ခြင်း စသောလုပ်ရပ်များကြောင့် မလေးရှားသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးနှင့်တရားမျှတမှု အဆင့်နိမ့်ကျသော နိုင်ငံတစ်ခုအဖြစ် ရောက်ခဲ့သည်။

Robengah (MeRobekNgah)

လွန်ခဲ့သောရက်သတ္တတစ်ပတ်က မလေးရှားဘလော့ဂါများသည် သူတို့ဘလော့များတွင်၊ မလေးရှား၏ လက်ရှိတာဝန် ထမ်းဆောင်နေသောဝန်ကြီး တစ်ဦးက သူ၏အိမ်ဖော်ကိုမုဒိန်းကျင့်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။ (ယခင်ဝန်ကြီးချုပ် Tun Abdulla Ahmad Badawi လက်ထက် -၂၀၀၇- ခုနှစ်)။ (ထိုအချိန်က Najib Abdul Razak သည် ဒုတိယ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်နေ ခဲ့သည်)။

ဝန်ကြီးချုပ် Badawi သည် ဤမတရားမှုကိုဖုံးဖိပေးခဲ့ပြီး၊ ထိုဝန်ကြီးအား တာဝန်ရာထူးကို ဆက်လက်ထမ်းဆောင်စေခဲ့သည်။ ကဘိနက်အဖွဲ့ တွင်လည်းမည်သို့သော ဝေဖန်မှုမှမရှိဘဲ၊ သတင်းမထွက်ပေါ်အောင်၊ အားလုံးသေချာစွာ ဆောင်ရွက်ခဲ့ကြသည်။ မတရားမှုခံခဲ့ရသော မိန်းခလေးကို အင်ဒိုနီးရှားသို့ ချက်ချင်းပြန်လည်ပို့ဆောင်ခဲ့သောကြောင့်၊ သူမအမှုမှာ မလေးရှားတရားဥပဒေ ၀န်းကျင်တွင်လုံးဝဖော်ပြခွင့် မရခဲ့ရှာပါ။

သူမ အင်ဒိုနီးရှားနိုင်ငံသို့ပြန်ရောက်ပြီး၊ ရွှေ့ပြောင်းအလုပ်သမားစောင့်ရှောက်ရေး (အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့) မှကြိုးပမ်းဖော်ထုတ်သသောအခါတွင်မှ၊ ထိုအဖွဲ့သို့တင်ပြ၍ အစီအရင်ခံစာထွက်ပေါ်ခဲ့သည်။

ထိုဖြစ်ရပ် မှန်၊မမှန်ကို မည်သူမှ ဝေဖန်ခြင်းမပြုမီ မလေးရှားဘလော့ဂါတစ်ချို့မှ ၀န်ကြီးနာမည်ကိုဖော်ထုတ်ခဲ့ကြသည်။ ၀န်ကြီးအဖွဲ့မှမည်သို့သော ပြောဆိုမှု၊ ထုတ်ပြန်မှုတို့နှင့်မှ မတုံ့ပြန်ခဲ့ပါ။

အင်ဒိုနီးရှားရွှေ့ပြောင်းအလုပ်သမားစောင့်ရှောက်ရေးသည် အစီအရင်ခံစာကို အင်တာနက်စာမျက်နှာများပေါ်တင်ခဲ့ရာ၊ ၀န်ကြီးအမည်နှင့် အိမ်ဖော် အမည်ပါသော စာမျက်နှာဟူသမျှအားလုံး၊ အဟက် (Heck) ခံရခြင်း၊ ဖျက်ဆီးခံရခြင်းများ ရှိခဲ့သည်။ သို့သော် အချို့ဘလော့ဂါများမှာ အချိန်မီ သတင်းအတိအကျ ရခဲ့ကြသည်။ အချို့စာမျက်နှာများမှာ တိုက်ခိုက်ရန်ခက်ခဲ၍၊ ၀န်ကြီးနာမည်နေရာကို အနက်ရောင်ဟိုက်လိုက် (High-light) ဖြင့် ပိတ်ထားနိုင်အောင်ထိ မလေးရှားဘက်မှ ဆောင်ရွက်ခဲ့သည်။ သို့သော် Wikileaks စာမျက်နှာပေါ်ရောက်သွားသည့် အချိန်တွင် ဖုံးဖိ၍မရနိုင်တော့ပါ။

အစိုးရလက်ကိုင် မလေးရှားရဲများကလည်း ဤအမှုသတင်းပေါ်ထွက်ခဲ့သောကြောင့် များစွာခုခံပြောဆိုခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့များက ဖြေရှင်းချက်များရှင်းလင်းချက်များ ထုတ်ပေးရန်တောင်းဆိုခဲ့သော်လည်း၊ ဒုတိယ၀န်ကြီးချုပ် နာဂျစ် (ယခုဝန်ကြီးချုပ် နာဂျစ်) သည်အဖက်ဖက်မှ ခုခံ ကာကွယ် ဖုံးဖိခဲ့သဖြင့်၊ တရားမျှတမှုနှင့် တရားစီရင်မှုများ မရှိခဲ့ပါ။

မလေးရှားအစိုးရသည် အံ့သြစရာကောင်းလောက်အောင် ဥပဒေကိုမထီမဲ့မြင်၊ ပြုခဲ့သည်။ Wikileaks မှဤအမှုကိုဖွင့်ချခဲ့သည့်အချိန်၌ မလေးရှားအစိုးရအဖွဲ့သည် သူတို့အတိုက်ခံပါတီခေါင်းဆောင် Anwar Ibrahim ကိုမဟုတ် မတရားစွပ်စွဲပြီး၊ အများပြည်သူများ သို့လောသို့လောထင်မြင်အောင် အာရုံလွှဲခဲ့ကြသည်။ Wikileaks ၏ဖော်ထုတ်မှုကြောင့် အင်တာနက်စာမျက်နှာများ သို့ပြန့်နှံ့ခဲ့သည်။
Wikileaks ဖွင့်ချမှုအရ၊ ယခင်မလေးရှားဝန်ကြီးချုပ် Abdullah Ahmad Badawi တာဝန်ထမ်းဆောင်နေစဉ်၊ ဤအမှုဖြစ်ပွားခဲ့သည်။

ဝန်ကြီးချုပ်က အင်ဒိုနီးရှားနိုင်ငံနှင့် နိုင်ငံရေးရာပြဿနာများရှိလာနိုင်သည့်အတွက် မျက်ကွယ်ပြုကာကွယ်ပေးခြင်း၊ ဖုံးဖိပေးခြင်းများ ပြုလုပ်ခဲ့သည် ဆိုပါသည်။ ထိုစဉ်က ယခုလက်ရှိဝန်ကြီးချုပ်နာဂျစ်သည် ကဘိနက်တာဝန်ရှိသူ ဖြစ်ခဲ့သည်။ နာဂျစ်ဝန်ကြီးချုပ်ဖြစ်လာသည့် ယခုအချိန်ထိလည်း အမှုကို ဖုံးဖိထားဆဲ ဖြစ်ပါသည်။

အင်ဒိုအိမ်ဖော်ကို သူမုဒိန်းမကျင့်ပါဟု ပြောသော …. Rais Yatim

ရိုက်(စ)ယာတင်

အင်တာနက်အွန်လိုင်း စာမျက်နှာများပေါ်တွင်ဖော်ပြခဲ့သည့် အင်ဒိုနီးရှားအိမ်ဖော်ကိုဒိန်းမှုကျူးလွန်သောဝန်ကြီးဆိုသူမှာ သတင်းဆက်သွယ်ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီး ဖြစ်သူ၊ Rais Yatim ဖြစ်ပါသည်။ သူသည် သူအပေါ်စွပ်စွဲသောမုဒိန်းမှုကို သူလုံးဝမလုပ်ခဲ့ကြောင်း၊ ငြင်းဆိုခဲ့သည်။ ယင်းမှာ အတိုက်ခံပါတီနှင့် နိုင်ငံရေး သမားဘလော့ဂါများက သူ့အားနာမည်ဖျက်သိက္ခာ ကျအောင် ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ကြေငြာခဲ့သည်။

ရိုက်(စ)ယာတင်နှင့် ဘာဒါဝီ

သူက သူကိုဤအမှုနှင့် ပတ်သက်၍ ရေးသားစိန်ခေါ်မှုမှန်သမျှကို နိုင်ငံတရားရုံးတွင်ဖြေရှင်းလိုက အချိန်မရွေး ဖြေရှင်းမည်ဟု ပြောခဲ့သည်။ (Wikileaks ကဖွင့်ချပြီး။)

သူသည် သူ့အကြောင်းရေးသားသောဘလော့ဂါကို ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ သို့သော် ရဲများက စစ်ဆေးမှုများပြုလုပ် သည့်အခါ၊ ရေးသားထားသော အချက်အလက်များမှာ NGO အစီအရင်ခံစာများနှင့် Wikileak တို့မှကိုးကားထားသည်ကိုတွေ့ရ၍ ဘလော့ဂါကို တိုးတိုး တိတ်တိတ် ပြန်လွှတ်ပေး ခဲ့သည်။ ထို့နောက် Rais သည်သူ့အားကာကွယ်ပေးသော ၀န်ကြီးအဖွဲ့ကိုသာ၊ အားကိုးရတော့ သည်။

ဝန်ကြီးချုပ်ဟောင်း ဘာဒါဝီ

ဘလော့ဂါက ဖြေရှင်းချက်ထုတ်သည်မှာ သူသည် စွပ်စွဲသူမဟုတ်၊ သူကြားသည်ကို စမ်းစစ်၍ရေးသည်။ အထောက်အထားခိုင် လုံသည်ကို သူကိုးကားသည်။ Rais Yatim သည်လည်း ယခင်က သတင်းလွတ်လပ်မှုကိုအားပေးသူအဖြစ် နာမည် ရ၍ ရွေးကောက်ခံခဲ့ရသူဖြစ်သည်။ သူပြောခဲ့ သောမိန့်ခွန်းတစ်ခုမှ အဆိုအရ၊ သတင်းသမားဟူသည် နိုင်ငံရေးနှင့် နယ်ပယ်အသီးသီး မှ ပြည်သူအတွက်ကိုယ်စားပြုဆောင်ရွက်နေသူများကို တစိုက်မတ်မတ်စောင့်ကြည့်ထိန်းကျပ်ပေးသူများ ဖြစ်သည့်အတွက် နိုင်ငံတွင် မရှိမဖြစ်လိုအပ်သည် ဟုပြောခဲ့သည်။ သူပြောခဲ့သည် ကိုကိုးကား၍ အများက လွပ်လပ်စွာစုံစမ်းရေးသားခွင့်၊ မေးမြန်း ခွင့်နှင့် ဖြစ်ရပ်မှန်ကို ကြေငြာချက်ထုတ်ပေးရေးတို့အတွက် တောင်းဆိုခဲ့ကြသည်။ (Malaysiakini News)

ဘလော့ဂါများစွာတို့သည် ဤကိစ္စကိုရေးသားခဲ့ကြပြီး၊ အများပြည်သူကို သိအောင်သတင်းပေးခဲ့သည်။ ယင်းတို့အနက်မှ ဘလော့ဂါ Bunny Bru (Rocky Bru) ၏ရေးသားချက်ကိုဖော်ပြလိုက်ပါ သည်။ သူ၏ရေးသားချက်ကို က၀ီကီလိ(ခ) ဖွင့်ချစာမျက်နှာတွင် ကိုးကားခဲ့သည်။

တရားခံ ရိုက်(စ)ယာတင် ဒီလို ပြစ်ဒဏ်ခံရသင့်တယ် (၀ီကီလိ(ခ)မှပုံတစ်ပုံ)

ဘလော့ဂါ Bunny Bru ရေးသားဖော်ထုတ်ခဲ့သော သတင်း….

ဝီကီလိ(ခ): မလေးရှားထိပ်တန်းနိုင်ငံရေးသမားနှင့် သူအိမ်ဖော်အတွင်းရေး? ၂၃- ဒီဇင်ဘာ ၂၀၁၀ (၀ီကီလိ(ခ) ကရေးသော ခေါင်းစဉ်)

အိမ်ဖော်လေးကို မုဒိန်းကျင့်သတဲ့လား။ ။ (၂၀၀၇)။ ကျနော်အနေနှင့် မည်သို့ပင်ဖြစ်စေဤအကြောင်းအရာကို စိတ်ထိန်းစေကာမူ၊ မရနိုင်သဖြင့် ရေးသားလိုက်ရပါသည်။ ၀ီကီလိ(ခ)က ဖွင့်ချခဲ့သောစာများတွင် မလေးရှားကဘိနက်အဖွဲ့ဝင်ဝန်ကြီးတစ်ဦးက သူ့၏အိမ်ဖော်အင်ဒိုနီးရှားနိုင်ငံသူကို မုဒိန်းကျင့် သည်ဟုတွေ့လိုက်ရသည်။

သေချာမသေချာသည်ကို ကျနော်မည်သို့မှမပြောနိုင်ပါ။ မပြောလိုပါ။ သို့သော် တစ်ချို့အသိုင်းအ၀ိုင်းတွင် တိုးတိုးတိတ်တိတ်ပြောဆိုနေကြပါသည်။ အပြည်ပြည်ဆိုင်ရာ ထိပ်တန်းအစိုးရအဖွဲ့များနှင့် အစိုးရမဟုတ်သောအဖွဲ့များ (NGOs) ကလည်းဤအမှုသည် ဖြစ်ခဲ့သည်ဟု ရေးသားအစီအရင်ခံမှု များရှိနေသည်ကို ကြားသိရသည်။

ရိုက်(စ)ယာတင်အမှုနှင့်ပတ်သက်၍ ၀ီကီလိ(ခ)မှ ပုံတစ်ပုံ

မုဒိန်းမှုမှာ လွန်ခဲ့သော ၃-နှစ်က ဖြစ်ခဲ့သည်။ အစီအရင်ခံစာအရ အင်ဒိုနီးရှားနိုင်ငံ၊ ဂျားဗားကျွန်းအလယ်ပိုင်း၊ ရွာလေးတစ်ရွာတွင် နေထိုင်သော အိမ်ဖော်ထံသို့သွားရောက်၍ မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း၊ ထိုမှရလဒ်ကို အစီရင်ခံစာပြုလုပ်၍အမေရိကန်သံရုံး၊ အင်ဒိုနီးရှားသံရုံးတို့ မှ ထိပ်တန်းအရာရှိများသို့တင်ပြခဲ့ကြောင်းသိရသည်။ ထိုသတင်းရင်းမြစ်အဆိုအရ အစီရင်ခံစာကော်ပီတစ်စုံကို ၀န်ကြီးချုပ်ရုံး သို့ပေးပို့ခဲ့ကြောင်းသိရပါသည်။ (ထိုအချိန်က ၀န်ကြီးချုပ်အဖြစ် Abdullah Ahmad Badawi)

အိမ်ဖော်လေးသည် ထိုနိုင်ငံရေးသမားအိမ်တွင် အမှုမဖြစ်ပေါ်ခင် ၈-နှစ်မှစ၍အိမ်ဖော်အလုပ်လုပ်ခဲ့သည်။ သူမသည် အင်ဒိုနီးရှားနိုင်ငံ ဂျားဗားကျွန်း အလယ်ပိုင်းမှ ဖြစ်ပြီး၊ အိမ်ထောင်သည်တစ်ဦးဖြစ်ကာ၊ ကလေးနှစ်ယောက် မိခင်လည်းဖြစ်ပါသည်။ အစီအရင်ခံစာတွင် ဖော်ပြချက်တစ်ခုမှာ မုဒိန်းမှု ကိုလင်ယောက်ျားဖြစ်သူ သိရှိသော်လည်း ကလေးများကို မသိစေကြကြောင်း ဖြစ်သည်။

သူတို့သည် အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သောကြောင့်နှင့် ရှက်သောကြောင့် သတင်းစာများနှင့် ဂျာနယ်များတွင် မဖော်ပြခဲ့ပါ။
ဘန်နီဘရူး (ရော့ကီးဘရူး)
…………………….
ဘန်နီဘရူးသည် ထိုအတောအတွင်း မလေးရှားလုပ်ကြီးများကုမ္ပဏီများနှင့် Rais Yatim ပတ်သက်မှုပို့(စ)တစ်ပုဒ် ရေးသားခဲ့သည်။ ထို့ကြောင့် Rais Yatim ကသူ့ကို ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
………………………………………
သူ၏ဘလော့ကို Rais Yatim အမှုဖွင့်ထားသည့်အကြောင်းကို ဘလော့စာမျက်နှာတွင် အောက်ပါအတိုင်းသတ္တိရှိရှိ ရေးသားဖော်ပြသည်။

ကျနော် ဘလော့ကို Rais Yatim ကတရားစွဲလိုက်ပါပြီး…..

ဘာဖြစ်နေတာလဲ ၀န်ကြီး..? ကျနော်ရေးသားခဲ့သော ပို့(စ)နှစ်ခုသည် သူ့ကိုမတရားစွပ်စွဲသည်ဆိုကာ Rais Yatim ကကျနော်ကို ရဲစခန်းတွင် အမှုဖွင့်လိုက်ပါပြီး။ Rais ဘာကြောင့်ရဲစခန်းတွင် အမှုဖွင့်ရကြောင်းကို ကျနော် နားမလည်ပါ။ မည်သည့်ကဘိနက် ၀န်ကြီးမှ၊ ဘလော့ဂါကို အမှုမဖွင့် ဖူးပါ။ မလေးရှား ဆက်သွယ်ရေးနှင့် မီဒီယာဌာနမှ ကျနော်ကို ဆင့်ခေါ်ထားပါသည်။

ကျနော်၏ ဘလော့နှင့်ပတ်သက်၍ တရားစွဲဆိုထားခြင်းကြောင့်၊ ရဲအဖွဲ့ကသူတို့ကိုကျနော်ဘလော့အား စစ်ဆေးပါရန်ပန်ကြားလာ၍ ဆင့်ခေါ်ခြင်း ဖြစ်ကြောင်း ပြောပါသည်။ ကျနော်သွားပါမည်။ ဘလော့ဂါတစ်ဦး၏ သိက္ခာနှင့် သတင်းလွတ်လပ်မှုအတွက်ကျွန်ုပ်ရှောင် တိမ်းမည် မဟုတ်ပါ။ ရဲအဖွဲ့မှာ ကျနော်အားယခုထိလာရောက်စုံစမ်းခြင်း မပြုသေးပါ။ မကြာမီ လာရောက်နိုင်သည်ဟုသာ ယူဆရသည်။ သတင်းသမားများကို အားပေး သော Rais ၏ဖြစ်ရပ်မှန်သတင်းအမှန်ကို ကျနော်သည် သက်ဆိုင်သူများအား အထောက်အထားခိုင်ခိုင်လုံလုံနှင့် တင်ပြနိုင်တော့မည်ဟု ကျနော် ကျေနပ်နေမိပါသည်…။
………………………………..
ဘလော့ဂါ ဘန်နီဘရူး

ဘန်နီဘရူးသည် ဂျာနယ်လစ်သတင်းစာဆရာတစ်ဦးဖြစ်ပြီး၊ အွန်လိုင်းစာမျက်နှာများစွာ၏ အတိုင်ပင်ခံဖြစ်သည်။ သူသည်ဤအမှုကြောင့် ကန့်သတ် ချုပ်ချယ်ခြင်းများ ခံနေရသည်။ မလေးရှား Blog House ၏အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
……………………………….
လူများစွာတို့သည် အင်ဒိုနီးရှားအိမ်ဖော်လေးကို မလေးရှားသို့ပြန်ခေါ်ပြီး၊ စုံညီသတင်းစာရှင်းလင်းပွဲလုပ်ပေးရန်တောင်းဆိုခဲ့သည်။ အကယ်၍ Rais သည်မှန်ကန်ပါက သူ့ဘက်မှ ဥပဒေကရပ်တည်ပေးမည်ဖြစ်သည်။ ထို့သို့မဟုတ်လျှင်လည်း နှစ်နိုင်ငံ ရဲများမှ ထိုမိန်းခလေးကို စစ်ဆေးချက်ယူ၍ အမှန်ကိုရှာဖွေသင့်သည်။ ဤသို့သောသတင်းကို ပြည်တွင်းသတင်းစာများတွင် ဖော်ပြသင့်သည်။
Pure Malaysian က ပြောသည်မှာ မလေးရှားသည် အိမ်ဖော်ကိစ္စနှင့်ပတ်သက်လျှင် Nirmala Bonat အမှုကြောင့် မလေးရှားသည် အပြည်ပြည်ဆိုင် ရာတွင် နာမည်ပျက်နေရပြီး ဖြစ်သည်။ ထိရောက်မှုမရှိသော်လည်း လူသိရှင်ကြားတရားရေးများဆာင်ရွက်နေသည်။

ယခုအမှုကို အဘယ်ကြောင့် တရားရေးရာစီစဉ်မှု နှင့် ဖြစ်ရပ်မှန်ကို လူအများသိအောင် မလုပ်ရသနည်း။ ဟုဆိုပါသည်။ မည်သူမဆို သက်သေသက္ကာယနှင့် အခိုင်အလုံစွဲချက် အတင်မခံရသရွေ့အပြစ်ရှိသည်ဟု ပြောမရပါ။ အပြစ်ရှိလျှင်လည်း ၀န်ကြီးရာထူး ပင်ဖြစ်စေ နှုတ်ထွက်ပြီး၊ တရားဥပဒေ၏ အဆုံးအဖြတ်ကို ခံယူ ရမည်ဖြစ်သည်။

ယခုဝန်ကြီးချုပ် Najib Razak ကလည်း ဤအမှုကို ရေငုံနှုတ်ပိတ်ဆက်နေမည်ဆိုရင် လာမည့်အထွေထွေရွေးကောက်ပွဲတွင် ဆိုးကျိုးရလာဒ်များ ရှိလာနိုင်သည်။

PKR ပါတီမှလူငယ်ရေးရာ ခေါင်းဆောင် Shamsul Iskandar Mohd Akin ကပြောသည်မှာ NGO Migrant Care ၏အစီအရင်ခံစာကို အင်ဒိုနီးရှား အလုပ်သမားများ အကျိုးအတွက်စဉ်းစားဖြေရှင်းပေးသင့်သည်ဟုဆိုလိုက်သည်။ လူငယ်ရေးရာ၏ လေ့လာချက်အရ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၁၉၊ ရက်နေ့တွင် အင်ဒိုနီးရှားအိမ်ဖော်မှာ မုဒိန်းကျင့်ခံခဲ့ရပြီး၊ သူမကိုနေရပ်ကို ချက်ချင်းပြန်ပို့ခဲ့ကြောင်း၊ သူမနှင့် သူမအမေတို့သည် ဤကိစ္စကို မည်သူကို မှမပြောရန်အတွက် ဖိအားပေးခြိမ်းခြောက်ခံထားရကြောင်း တွေ့သိခဲ့ရသည်။

ဝန်ကြီးချုပ် ဘာဒါဝီသည် နိုင်ငံရေးအရှုပ်တော်ပုံကို အရေးမယူခြင်း၊ ထုတ်ပယ်ခြင်း မပြုသည့်အပြင် ကာကွယ်ပေးမှုများလုပ်ခဲ့သည်။
ထို့ကြောင့် လူငယ်ရေးရာက ယခုလက်ရှိ ၀န်ကြီးချုပ်နာဂျစ်လက်အောက်တွင် ကဘိနက်ဝန်ကြီးတစ်ဦးအဖြစ် ဆက်လက်တာဝန် ထမ်းဆောင် နေသော ထိုဝန်ကြီးအား၊ ဤကိစ္စအမှန်ကို လူအများသိအောင်ရှင်းလင်းပေးပါရန် တောင်းဆိုခဲ့သည်။

ယခုမလေးရှားဝန်ကြီးချုပ်နာဂျစ်သည် ထိုသို့ လိင်မှုကျူးလွန်သူကို ၀န်ကြီးအဖွဲ့တွင် သိလျက်နှင့် ဆက်လက်ခန့်ထားခဲ့သည်။ အဆိုးဆုံးမှာ ဤကိစ္စသည် မလေးရှားနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံ အရေးဖြစ်သဖြင့် ဆက်လက်ပြီး ၀န်ကြီးချုပ်အသစ် အနေနှင့် ရေငုံနှုတ်ပိတ်မနေသင့်ကြောင်း ပြောဆိုသည်။ Shamsul Iskandar က ၀န်ကြီးချုပ် နာဂျစ်အား၊ ဤအမှုနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးမှုများ၊ ပြုလုပ်ပေးရန်တောင်းဆိုလိုက်သည်။ သို့မှသာ မလေးရှားနိုင်ငံ၏ နိုင်ငံရေးနှင့် အမည်သည် နိုင်ငံတကာသံသယများကြားမှ ပြန်လည်ရှင်သန်ခွင့်ရမည် ဖြစ်ကြောင်းသတိပေးသည်။

လူငယ်ရေးရာက အမှုဖွင့်ခဲ့….

PKR ပါတီမှ လူငယ်အဖွဲ့ဖြစ်သော Solidariti Anak Muda Malaysia (SAMM - လူငယ်များအဖွဲ့) မှ Nor Azizi Abd Aziz သည် ဤကိစ္စကို တရားလိုပြု၍ ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ SAMM အဖွဲ့ခေါင်းဆောင် Badrul Hisham Shaharin သည် Nor Azizi နှင့်ရဲစခန်းသို့လိုက်ပါခဲ့သည်။

Badrul Hisham က Malaysiakini သတင်းစာသို့ပြောသည်မှာ သူတို့သည် Migrant Care အစီအရင်ခံစာအပါအ၀င် အခြားစာတမ်းများကို ရဲစခန်းသို့ပေးအပ်ခဲ့ကြောင်း၊ Nor Azizi ၏တရားစွဲဆိုမှုကို လက်ခံကြောင်း၊ နှင့် ရဲအဖွဲ့က သူတို့ထံမှ နောက်ထပ်မည်သည့် သတိပေးချက်မှ မရသေးဘဲ ဤသတင်းနှင့် ပတ်သက် ၍ထုတ်ပြန်ခြင်း မပြုရန်သူတို့အား တောင်းဆိုလိုက်ကြောင်း ပြောဆိုသည်။ “ရဲဘက်ကတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်မယ်လို့ထင်ပါတယ်” ဟုသူကပြောသည်။

ထို့ပြင် PKR လူငယ်မှ အဖွဲ့များကိုအင်ဒိုနီးရှား သို့စေလွှတ်ပြီး သတင်းအတိအကျ ရရှိရန် တွေ့ဆုံမေးမြန်းခြင်းများပြုလုပ်မည်ဖြစ်ကြောင်း ပြောပါသည်။ အစီခံစာအရ အိမ်ဖော်မလေးမှာ အင်ဒိုနီးရှားသို့ချက်ချင်းပြန်ပို့ခံခဲ့ရသည်။

သူမ၏ ညီမငယ်မှာ မလေးရှားသို့လာရောက်၍ သူမ အစ်မကြုံတွေ့ခဲ့ရမှု ကို ဥပဒေအရဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာများနှင့် ဆက်သွယ်ကြိုးစားလျက်ရှိပါသည်။ သူမက သူမအစ်မအားကျူးလွန်စော်ကားခဲ့သော၊ ၀န်ကြီးမှာ ငွေကြေးများစွာချမ်းသာသည့်အပြင်၊ အင်ဒိုနီးရှား သူ၏သြဇာခံများစွာရှိကြောင်း စသည်ဖြင့် ခြိမ်းခြောက်ခံခဲ့ရကြောင်း မလေးရှားရှိ အမေရိကန်သံရုံးနှင့် အင်ဒိုနီးရှားသံရုံး များသို့တင်ပြခဲ့သည်။ PKR မှသူမ၏အမည်ကို မထုတ်ပြန်ခဲ့။ သူမအသက်လုံခြုံရေးကို စိုးရိမ်သော ကြောင့်ဖြစ်သည် ဟုဆိုသည်။

ဤကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ဆင်တူအမှုတွင် Altantuya Shaariibuu (မွန်ဂိုးလီယား နိုင်ငံသူ၊ မိုဒယ်) သည်မလေးရှားတွင် အသတ်ခံခဲ့ရ၍ ဖြစ်သည်။ မုဒိန်းမှုသည် မလေးရှားဥပဒေအရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ်အများဆုံး အနှစ် -၂၀- နှစ် နှင့် ကြိမ်ဒဏ် ခံရမည်ဖြစ်သည်။ ဥပဒေက တရားခံကို ကာကွယ်ပေးထားသော်လည်း၊ အင်တာနက်နှင့် မီဒီယာများက သူမအတွက် များစွာကြိုးပမ်းခဲ့ကြ သည်။ မီဒီယာဘက်မှလည်း သူတို့သည် ၀န်ကြီးကို ဖြစ်ရပ်မှန်မဖော်ပြမချင်း၊ ဥပဒေအရ မဖြေရှင်းမချင်း ရေးသားဖော်ပြမှုများကို ရပ်မည်မဟုတ်ဟု ပြောလိုက်သည်။ (အစီအရင်ခံစာ - S Pathmawathy, Malaysiakini)

သတင်းစာဆရာ...Steve Oh ရေးသားသော ဤအမှုအတွက် သတင်း (ဇန်န၀ါရီ -၁- ရက်နေ့၊ ၂၀၁၁)

မုဒိန်းမှုသည် နိုင်ငံတကာတွင် ရာဇ၀တ်အမှုအဖြစ်သတ်မှတ်သည်။ အစိုးရပိုင်းဖြစ်စေ၊ သာမန်လူဖြစ်စေ၊ မည်သူကျူးလွန် သည်ဖြစ်စေ၊ နေရာ၊ ရာထူး ကြောင့်ရှောင်တိမ်းခွင့် မရသင့်။ မလေးရှားကဘိနက် ၀န်ကြီးသည် အင်ဒိုနီးရှားအိမ်ဖော်လေးကို မုဒိန်းကျင့်သည့် ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သည်။

ယခင် အစ္စရေးသမ္မတ Mostsave Katsav (အသက် ၆၅- နှစ်) သည် ၁၉၉၈- နှစ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး အဖြစ်တာဝန်ယူနေစဉ်၊ မုဒိန်းမှုနှစ်ခုကို ကျူးလွန်ခဲ့သည်။ နိုင်ငံရေးတွင် ထိုအမှုပေါ်ထွက်လာသည့်အခါ သူအား တရားစွဲဆိုခဲ့ကြသည်။ တရားရုံးမှ သူ့အား ၂၀၀၀- ခုနှစ်မှ ၂၀၀၇ အတွင်းသူအတွက်တာဝန်ထမ်းဆောင်ခဲ့ကြသော အမျိုးသမီးကို မုဒိန်းကျင့်မှုနှင့် ဥပဒေကို ရှောင်လွှဲမှုတို့အတွက် အပြစ်ရှိကြောင်း သတ်မှတ် ခဲ့သည်။

ယင်းသည် အစ္စရေးဒီမိုကရေစီ နှင့်ဥပဒေ တို့၏ အောင်ပွဲဖြစ်ခဲ့သည်။ မည်သူမှ တရားအရ အခွင့်ထူးခံခြင်းမရှိရပါ။ အာဏာကြီးသော နိုင်ငံရေးသမားတို့သည်လည်း မုဒိန်းမှုကိုလွယ်လွယ်ကျူးလွန်ပြီး ဥပဒေကို ရှောင်ဖယ်၍ မရသင့်ပါ။ အစ္စရေး လူမှုရေးအဖွဲ့များနှင့် အမျိုးသမီးအဖွဲ့ များက တရားမျှတစွာဖြစ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။

မုဒိန်းမှုများစွာတို့သည် သက်သေ သက္ကာယ၊ အထောက်အထားပြနိုင်ရန်ခဲယဉ်း သည်။ စော်ကားခံရသူရာခိုင်နှုန်းများစွာတို့မှာရှက်ကြောက်၍ အမှု မလုပ်ကြပါ။ ယခု အင်ဒိုနီးရှားအိမ်ဖော်လေးဆိုလျှင် ရှက်ကြောက်ခြင်း၊ ကျူးလွန်သူ၏ ရာထူးဂုဏ်ရှိန်တို့ကြောင့် နိုင်ငံသို့ပြန်ပို့ခံရသည့်အပြင်၊ နိုင်ငံ၌ လည်း ထုတ်ဖော်ခြင်းမပြုရန် ခြိမ်းခြောက်ခံရသည်။

မုဒိန်းမှုကို အာမခံမပေးသင့်ပါ။ အိန္ဒိယနိုင်ငံ ဂိုအာ (Goa) မြို့မှ နိုင်ငံရေးသမား John Fernandes သည် ၂၀၀၉ ခုနှစ်တွင် ရုရှားနိုင်ငံသူတစ်ဦးကို မုဒိန်းမှုကျူးလွန်ခဲ့ရာ အာမခံရခဲ့သည်။ သူသည် နောက်တရားရုံးတွင် ရောက်မလာတော့ဘဲ ထွက်ပြေးခဲ့သည်။ မုဒိန်းမှုကျူးလွန်သူများသည် ချမ်းသာခြင်း၊ ရာထူးကြီးခြင်းဖြစ်ခဲ့လျှင် အာဏာ၊ ငွေတို့ဖြင့် အမှုကို အစဖျောက်ကြသည်။ Rais သည်လည်း ဤလမ်းစဉ်အတိုင်း လုပ်ခဲ့သည်။ သူ့ကို ဆန့်ကျင်၍ အိမ်ဖော်သည် အမှုမဖွင့်ရဲ၊ မပြောရဲဆိုသည်မှာ လွန်စွာဆိုးဝါးပြီး၊ ဒီမိုကရေစီနှင့် ဆန့်ကျင်နေပါသည်။

အကယ်၍ နိုင်ငံခြားအိမ်ဖော်လေးတစ်ဦးသည် အိမ်ရှင်ယောက်ျားမုဒိန်းကျင့်ခံနေစဉ်၊ အိမ်ရှင်မိန်းမကလည်း အားပေးအားမြှောက်ပြုနေသည်ဆိုလျှင် ထိုမိန်းခလေးသည် မည်သူ့ကို အားကိုးရမည်နည်း။ ထိုသို့သောဖြစ်ရပ်များစွာ မလေးရှားနိုင်ငံတွင် ဖြစ်နေခဲ့သည်။

ထို့ကြောင့် မလေးရှားသည် ဥပဒေကို လေးစားလိုက်နာသောအားဖြင့် ကျူးလွန်သူသည် သမ္မတဖြစ်စေ၊ ခံရသူသည် အိမ်ဖော်ပင်ဖြစ်စေ အစ္စရေး၏ ဥပမာကို ယူ၍ ဆောင်ရွက်သင့်သည်။

အင်ဒိုနီးရှား NGO အစီရင်ခံစာအရ ၀န်ကြီးချုပ် Abduallah Ahmad Badawi နှင့်သူ၏ ကဘိနက် (နာဂျစ်အပါအ၀င်)၊ တို့သည် အင်ဒိုနီးရှားရှိ အိမ်ဖော်နှင့် သူမမိသားစုကို ဤကိစ္စမည်သူမှ မပြောရန်နှင့် လျှို့ဝှက်ထားရန် တောင်းပန်ခဲ့သည်ဆိုသည်။
ညီမဖြစ်သူသည် မလေးရှားတွင် တရားဥပဒေစီရင် မှုများအတွက် အကူညီရှာနေသော်လည်း အသက်အန္တရာယ်အတွက် စိုးရိမ်ရကြောင်းပြောသည်။ မွန်ဂိုလီးယားနိုင်ငံသူ Altantuya Shaariibuu ကဲ့သို အသတ်ခံရမည်ကို စိုးရိမ်၍ ဖြစ်သည်။

မွန်ဂိုလီးယားသူ၊ မိုဒယ် Altantuya Shaariibuu
ထိုအမှုမှာလည်း နိုင်ငံရေးသြဇာမကင်းခဲ့ပါ။ Shariibuu ၏အလောင်းကို အောက်တိုဘာ ၂၀၀၆ တွင်၊ Shah Alam မြို့ပြင်တွင် တွေ့ခဲ့ရသည်။

ဒီသတ်မှုမှာလည်း မတရားမှု အတွက် သူပါခဲ့တယ်

လူသတ်တရားခံအဖြစ် ၃ - ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ ဖမ်းဆီး ခဲ့သည်။ သို့သော် ၂- ဦးကိုသာ အပြစ်ရှိကြောင်း အမိန့်ချ၍ သေဒဏ်ချမှတ်ခဲ့သည်။ တစ်ဦးကို တရားသေလွှတ်ခဲ့သည်။ လွတ်မြောက်ခဲ့သူမှာ ယခု ၀န်ကြီးချုပ် နာဂျစ်၏ မိတ်ဆွေ၊ ၀န်ကြီးအဖွဲ့မှ Abdul Razak Baginda ဖြစ်သည်။ သူသည် Shariibuu ကိုသတ်ရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး၊ Shariibuu ၏ ချစ်သူရည်းစားလည်းဖြစ်သည်။ ယခုလက်ရှိ ၀န်ကြီးချုပ် နာဂျစ်ကို မြန်မာမိန်းခလေးများ အိမ်ဖော်အရေးနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရနိုင်မည် လားဆိုသည်ကို စဉ်းစားကြပါကုန်။

Abdul Razak Baginda

Tenaganita လူ့အခွင့်အရေးအဖွဲ့မှ Robengah အိမ်ဖော်အမှုကို Rais ကျူးလွန်ခြင်းဆိုသည်မှာ မှန်သည်၊ မှားသည်ကို အမြန်ဆုံးထုတ်ပြန်ကြေငြာ ပါရန် ပန်ကြားခဲ့သည်။ ယခု နာဂျစ်တာဝန်ယူသည့်ကာလထိ မည်သို့သော ထုတ်ပြန်ကြေငြာချက်၊ စစ်ဆေးချက်မှ ထွက်ပေါ်မလာခဲ့။

Harakahdaily မှသတင်းတစ်ပုဒ်… (အင်္ဂါနေ့ ၂၈ - ဒီဇင်ဘာ၊ ၂၀၁၀)

ဘန်နီးဘရူးနှင့် ၀ီကီလိ(ခ)ကြောင့်လူအများ Yatim Rais အမှုကို စိတ်ဝင်စားလာကြပါပြီ။ လွန်ခဲ့သော ၃-နှစ်ကအမှုယခုထိတရားစီရင်မှု မရှိသည်မှာ မလေးရှား၏ ဥပဒေဖြစ်သလော။ ဤသတင်းကို ပထမဆုံးထုတ်ဖော်ခဲ့သူ ဘန်နီးဘရူး ခေါ် ရော့ကီဘရူး (နာမည်ရင်း - Ahirudin Attan) သည် မလေးမေးလ် သတင်းစာအယ်ဒီတာချုပ်ဖြစ်သည့်အပြင်၊ ဘလော့ဂါတစ်ဦးလည်း ဖြစ်ပါသည်။
Migrant Care (Indonesia) မှ ဤအမှုနှင့် ပတ်သက်၍ အစီအရင်ခံစာ တစ်စောင်ထွက်ပေါ်လာခဲ့သည်။ ထို

အစီရင်ခံစာကိုပြုစုသူများမှာ -
1. Wahayu Sushlo (Policy Analyst; Ph: 08129307964)
2. Anis Hidayah (Executive Director; Ph: 081578722874)
3. Alex Ong (Country Director; Ph: +60163121201)

တို့ကသြဂုတ်လ ၁-ရက်နေ့၊၂၀၀၇(ဂျကာတာ၊ အင်ဒိုနီးရှားနိုင်ငံ) တွင် ထုတ်ပြန်ခဲ့သည်။ အိမ်ဖော်အမည်ကိုလည်း Robengah ဟုအတိအကျတင်ပြ ခဲ့သည်။

Migrant CARE
Perhimpunan Indonesia untuk Buruh Migran Berdaulat
(Member of Migrant Forum in Asia and International NGO Platform on Migrant Workers' Convention)
Jl. Pulo Asem I C No 15 RT 015 RW 001 Jati, Jakarta Timur 13220 Indonesia. Telp/Fax: +62 21 4752803
E-mail: alexmigrantcare@gmail.com
Website: www.buruhmigranberdaulat.blogspot.com
(အစီရင်ခံစာမှ ရရှိသောဒေတာများဖြစ်ပါသည်။) နှစ်နိုင်ငံလုံးမှ လူများသည် ဤအမှုကိုစိတ်ဝင်းစားခဲ့သည်။

ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုမရှိသော မလေးရှားနိုင်ငံသို့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူများအား မည်သည့်နည်းနှင့်မျှ အိမ်ကျွန်အဖြစ် မလာစေလိုပါ။ ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများ၊ ဒုက္ခသည်များ နှင့် လူ့အခွင့်အရေးအဖွဲ့များကို အမြဲဒုက္ခပေးနှိပ်စက်နေသော မလေးရှားဝန်ကြီးချုပ် Najib နှင့် မြန်မာပြည်သားများကို ကမ္ဘာ့အနိမ့်ကျဆုံးဖြစ်အောင်၊ ကျွန်ဖြစ်အောင် အိုင်တီခေတ်သစ် ဟစ်တလာ ဇာတ်ခင်းနေသော သိန်းစိန်နှင့် အပေါင်းပါတစ်စုတို့အား ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ အားလုံးအင်အားဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ သမိုင်းတွင် မြန်မာမိန်းခလေးများ၏ အိမ်ကျွန်ဇာတ်ကွက် မဖြစ်စေရန် ကာကွယ်ကြပါစို့.. ဟု လေးစားစွာ တိုက်တွန်းရင်း……

ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။


ဆက်လက်ဖော်ပြပါမည်။

Friend Ever (နွားကျောင်းသား)

Ref:
http://www.malaysia-today.net/mtcolumns/newscommentaries/
http://malaysianindian1.blogspot.com/2011/01/
http://thexbusiness.blogspot.com/2011/01/
http://www.rockybru.com.my/2011/01/
http://www.rockybru.com.my/2010/12/
http://www.malaysiakini.com/news/152572
http://www.malaysiakini.com/news/152498
http://www.mmail.com.my/content/59915
http://www.malaysiakini.com/news/152452
http://www.malaysiakini.com/news/152161
http://www.malaysiakini.com/news/151885
http://www.malaysia-today.net/mtcolumns/newscommentaries/37111
Wikileaks
Migrant Care Reports
Unknown at 10:51 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.