Wednesday, April 25, 2012

ကွန်ပျူတာကြောင့်ဖြစ်သောမျက်စိဝေဒနာ (Computer Eye Syndrome)




Wall Photos

ယခုခေတ်တွင် ကွန်ပျူတာ
အကြည့်များလာသည်နှင့်အမျှ
(၁) Eye Strain (မျက်စိညောင်းခြင်း)
(၂)Eye Strain(မျက်ရည်ခန်းခြောက်
ခြင်း)များ ဖြစ်လာကြပါသည်။ ထို
သို့မဖြစ်ရန် အောက်ပါအချက်များကို
နားလည်ထားရပါသည်။

၁။ မျက်စိသည်မှန်ဘီလူး(Lens) တစ်
ခုဖြစ်သည်။+၆၀.ဝDioptres
ရှိသည်။Lens ၏င်္Function မှာ
အမြင်ရရန် ဖြစ်သည်။Lens ဖြစ်၍
ကြည့်သော အရာဝတ္ထုသည်ဆုံချက်
(Focus) တွင်ရှိရမည်။ ထို့ကြောင့် Computer Monitor ကို မျက်စိ၏
ဆုံချက်တွင် ရှိရန်ထားရှိရပါမည်။
Monitor သည် ဆုံချက်တွင်ရှိ၊ မရှိသိ
နိုင်ရန် Monitor နှင့်မျက်စိအကွာ
အဝေးကိုရှေ့တိုး၊ နောက်ဆုတ်ပြုလုပ်
ချိန်ရပါမည်။ မျက်လုံး၏ဆုံချက်တွင်
ကြည့်သောအရာဝတ္ထုကျရောက်ပါက
ကြည်လင်ပြတ်သားမှုပို၍ရှိမည်ဖြစ်ပါ
သဖြင့်မျက်စိအညောင်းသက်သာမည်
ဖြစ်ပါသည်။

၂။ ထိုသို့ မျက်စိနှင့် ဆုံချက်ကျအောင်
ပြုလုပ်ပြီးသောအခါ မျက်ခွံကို မကြာ
ခဏခတ်၍Computer ကြည့်သင့်ပါ
သည်။Computer Monitor
ကိုကြည့်ခြင်းနှင့် စာအုပ်ဖတ်ခြင်းမ
တူပါ။ Computer Monitor ကြည့်
ခြင်းသည် စာအုပ်ဖတ်ခြင်းထက်
Contrast နည်း၍ အားပိုစိုက်ရသော
ကြောင့် Staring Gaze ဖြင့်ကြည့်
ရသဖြင့်မျက်ကြည်လွှာ(Cornea)ပ်ါရှိ
မျက်ရည်လွှာ(Tear Film) အငွေ့
ပျံခြင်း (Evaporation)ပို၍ များပြီး
မျက်ရည် ခန်းခြောက်ခြင်းပိုဖြစ်လာပြီး
မျက်စိ၏ အမြင်ခံစားမှု (Optical
Resolution) သည် Computer
ကြည့်ချိန်ကြာသည်နှင့်အမျှ ပို၍နည်း
လာပါသည်။ ထို့ကြောင့် Computer
ကြည့်ချိန်တွင်မျက်ခွံမကြာခဏခတ်ခြင်း
(Blin king) လုပ်ပေးရပါမည်။

၃။ မျက်စိသည် အဝေးရှိရာ အရာ
ဝတ္ထုများကို ကြည့်သောအခါ အလင်း
တန်းများသည်မျဉ်းပြိုင်ဖြစ်နေ၍ကြည့်
ရသည်မှာ သက်တောင့်သက်သာရှိပါ
သည်။ အနီးကိုကြည့်သောအခါ
အလင်းတန်းများသည် အနီးရှိအရာ
ဝတ္ထုကိုစုစည်း၍ ကြည့်ရသဖြင့်မျက်
စြွိကက်သားကို ပို၍အလုပ်လုပ်ရပါ
သည်။ ထိုသို့အနီးကိုကြည့်နိုင်သော
စွမ်းရည် (၂၀)မိနစ်မှ (၃၀)မိနစ်သာရှိ
သည်။ ထို့ကြောင့် Computer ကို
ဆက်တိုက်နာရီဝက်ထက်ပို၍မကြည့်
သင့်ပါ။ နာရီဝက်ပြည့်တိုင်း(၁)မိနစ်
ခန့်နားရပါမည်။Intermittent Relaxation
ဖြစ်ပါသည်။ဖြစ်နိုင်ပါက
မျက်စိမှိတ်၍ နားလျှင်ပို၍ကောင်းပါ
သည်။

ဤအထက်ပါ အချက်(၃)ချက်
ကို ဂရုစိုက်၍ လိုက်နာခြင်းဖြင့်
Computer ကြောင့်ဖြစ်သော မျက်စိ
ညောင်းညာမှုကို သက်သာစေပြီး
Computer ဖြင့် အလုပ်လုပ်ရာတွင်ပို
၍ အထောက် အကူပြုနိုင်မည်ဖြစ်
ကြောင်းတင်ပြအပ်ပါသည်။

ဒေါက်တာဦီးးတင်ဝင်း
(ရန်ကုန်မျက်စိဆေးရုံကြီး)
By: Health Updates Journal
Unknown at 11:00 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.