Wednesday, April 25, 2012

နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ အလယ်ပိုင်းမှ နိုင်ငံတကာ လေဆိပ် နှစ်ခုအတွက် ကိုရီးယားကို ဖိတ်ခေါ်





နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တည်ရှိသော နိုင်ငံတကာ လေဆိပ်ကြီးနှစ်ခုကို တောင်ကိုရီးယား လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းပြောကြားလိုက်ပြီး ဂျပန်ကလည်း ယင်းကို စိတ်ဝင်စားနေကြောင်း သိရသည်။ လေကြောင်းလိုင်း ပျံသန်းမှု ထိန်းချုပ်စနစ် အပါအဝင် လေဆိပ်တစ်ခုလုံးကို ရင်းနှီးမြှုပ်နှံသွားရန် ဂျပန်နိုင်ငံက လေ့လာမှုများ ပြုလုပ်နေပြီဖြစ်ကာ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရန် အလားအလာများရှိကြောင်း သမ္မတကြီးက ပြောကြားသည်။ “မြန်မာနိုင်ငံ အလယ်ပိုင်းမှာ နိုင်ငံတကာလေယာဉ် ဆင်းသက်နိုင်တဲ့ လေဆိပ်ကြီးနှစ်ခု ရှိပါတယ်။ ပြီးပြည့်စုံပြီလို့တော့ ပြောလို့မရသေးပါဘူး။ တောင်ကိုရီးယားအနေနဲ့ ဥရောပဘက်ကို သွားမယ်ဆိုရင် မြန်မာနိုင်ငံက အဲဒီလေဆိပ်တွေကို ဝင်ရောက်ဆင်းသက်နိုင်ပါတယ်။ စင်ကာပူ-ဘန်ကောက်ကို ဆင်းပြီး ပတ်နေရတာထက်ပိုပြီး အဆင်ပြေစေပါတယ်” ဟု သမ္မတကြီးဦးသိန်းစိန်က ပြောကြားသည်။ “ဒီလေဆိပ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ ရမလဲဆိုတာ စဉ်းစားစေလိုပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။ “ဂျပန်ကတော့ တော်တော်စိတ်ဝင်စားနေတယ်။ ကိုရီးယားအနေနဲ့ကလည်း ဝင်ရောက်လုပ်ကိုင်သွားဖို့ စဉ်းစားနိုင်ပါတယ်” ဟု သမ္မတကြီးက နေပြည်တော်တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် နေပြည်တော်လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်နိုင်သော်လည်း လက်ရှိကာလအထိ ပျံသန်းဆင်းသက်ကြခြင်း အားနည်းနေသေးကြောင်း  သိရှိရသည်။


 Myanmar Express
Unknown at 11:45 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.