Wednesday, April 25, 2012

မြန်မာနိုင်ငံတွင် အလုပ်သမား အဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့်ပြူလုပ်ပြီ



 မြန်မာနိုင်ငံတွင်အလုပ် သမားများအဖွဲ့အစည်းများကိုလွတ်လပ် စွာဖွဲ့စည်းခွင့်ပြု လုပ်ပြီးကြောင်း သိရသည်။ ထိုသို့အလုပ်သမားများအဖွဲ့ များအပြင်အလုပ်ရှင်များအဖွဲ့အစည်းများ ကိုလည်ဖွဲ့စည်း ခွင့်ပြုသွား မည်ဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တို့ အနေနဲ့အလုပ် သမားများ အဖွဲ့အစည်း  ကိုရန်ကုန်မှာ ပထမဆုံး ဖွဲ့စည်း ခွင့်ပြုတာ ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်မှာ ဧပြီလဆန်းက လျှောက်ထားကြ တဲ့အလုပ်သမား အဖွဲ့အစည်း ရှစ်ဖွဲ့နဲ့ အသင်း ချုပ် တစ်ခုထဲက  အလုပ်သမား အဖွဲ့အစည်း ခုနှစ်ခုနဲ့ အသင်းချုပ် တစ်ခုဖွဲ့ကိုတရား ဝင်ဖွဲ့စည်းခွင့်ပြုပေး တာဖြစ်ပါတယ်။ ကျန်တဲ့တစ်ဖွဲ့ကိုတော့ သက်မှတ်ထားတဲ့ စည်းကမ်းတွေ မကိုက်ညီတဲ့ အတွက် ဆက်လက် စိစစ် နေပါတယ်” ဟုအလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ မှတ်ပုံတင် အရာရှိချုပ် ဦးမျိုးအောင်ကပြောသည်

ယင်းအလုပ်သမားအဖွဲ့အစည်း များဖွဲ့စည်း လိုသောအလုပ်သမား များအနေနှင့်အသင်း လူဦးရေ(၃၀)ဦး ရှိရမည်ဖြစ်သည့် အပြင်စက်ရုံရှိ အလုပ်သမား အားလုံး၏ဆယ်ရာခိုင်နှုန်းက  ထောက်ခံရမည်ဖြစ်ကြောင်း သိရသည်။ ”ကျွန်တော်တို့  အခု ဖွဲ့စည်းခွင့် ပြုလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်းတွေ နဲ့ပတ်သက်ပြီး ဘာမှ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပါဘူး။ သူတိုအဖွဲ့နဲ့ သူတို့လွတ်လပ် စွာလုပ်ကိုင်ခွင့်ပြုပေး မှာဖြစ်ပါ တယ်။ အလုပ် သမား အဖွဲ့ အစည်း များအနေနဲ့အ လုပ်သမား များနှင့် သက်ဆိုင်တဲ့ အစည်းအ ဝေးတွေနဲ့ နိုင်ငံတော် အဆင့် အလုပ်ရုံဆွေး နွေးပွဲများမှာပါ  တက်ရောက်  ပါဝင်ခွင့်ရဖို့ ကျွန်တော်အလုပ်သမား  ဦးစီး ဌာန က  ကူညီ ပေးသွား မှာပါ”ဟုယင်းကရှင်းပြသည်။

အဆိုပါ အလုပ်သမား အဖွဲ့အစည်းများ အနေနှင့် အဖွဲ့ရန်ပုံငွေ အတွက် အသင်းဝင်များ အနေနှင့် လစာ၏ နှစ်ရာခိုင်နှုန်း  ကိုလစဉ်ထည့် ဝင်ရမည်ဖြစ်ကာ  ရန်ပုံငွေရရှိရန်  စီးပွာရေး လုပ်ငန်းများ  လုပ်ကိုင်ခွင့် မရှိကြောင်း သိရသည်။ ပထမဆုံး အလုပ်သမားအဖွဲ့  ဖွဲ့စည်းခွင့် ရရှိသောအလုပ်သမား  အဖွဲ့များမှာ တိုင်ရီစက်ရုံ၊ အိုပယ် (အထည်ချုပ်) စက်ရုံ ပဉ္စသုန္ဒရီ (အထည်ချုပ်) စက်ရုံ၊ ဘိုဆန်(ပိုက်) စက်ရုံ၊  ပုဝါမင်းသမီး စက်ရုံ၊  အောင်ကြွေပြား စက်ရုံ၊  ဆွေဇင်အေး (အထည်ချုပ်) စက်ရုံတို့ ဖြစ်ပြီး အသင်းချုပ် အနေနှင့် မြန်မာနိုင်ငံ သင်္ဘောသား များအသင်း  ချုပ်ဖြစ် ကြောင်း သိရသည်။

ဇော်လင်းထွဋ် (Yangon Media Group)
Unknown at 5:05 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.