Wednesday, April 25, 2012

သမ္မတ ဦးသိန်းစိန် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာပေးပို့


(နေပြည်တော်၊ ဧပြီ ၂၄)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဧပြီ ၂၄ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ များပေး ပို့ ခဲ့ကြောင်း သိရသည်။
ဧပြီ ၆ ရက် နေ့စွဲဖြင့် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော် နာယကသို့ ပေးပို့သော သဝဏ်လွှာတွင် နိုင်ငံခြား ငွေလဲလှယ်နှုန်း စနစ် ပြောင်းလဲ ကျင့်သုံးခြင်းနှင့် ဧပြီ ၉ ရက် နေ့စွဲဖြင့် ပေးပို့သော သဝဏ်လွှာတွင် အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်ပေးခြင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော် မရှင် ဖွဲ့စည်းခြင်း ဆိုင်ရာ စသည့် သဝဏ်လွှာများ ပေးပို့ခဲ့ကြောင်းသိရသည်။
နိုင်ငံခြားငွေ လဲလှယ်နှုန်း စနစ် ပြောင်းလဲ ကျင့်သုံးခြင်း သဝဏ်လွှာ တွင် ငွေလဲလှယ်နှုန်း စနစ်အား ဈေး ကွက် အခြေခံသော ထိန်းကျောင်းမှု ရှိသည့် နှုန်းရှင် စနစ်ကို စတင် ပြောင်းလဲ ကျင့်သုံးခဲ့ကြောင်း ငွေလဲလှယ်နှုန်း အပေါ် တားမြစ် ကန့်သတ်ချုပ်ချယ်မှု ပြုလုပ်တော့မည် မဟုတ်ကြောင်း ငွေလဲလှယ်နှုန်း အား ဝယ်လို အား နှင့် ရောင်းလိုအား အပေါ် မူတည်၍ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သဝဏ်လွှာ၌ ထည့်သွင်း ဖော်ပြထားသည်။ ထို့ပြင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်အား အမျိုးသား အကျိုးစီးပွား အတွက် ဆက်လက် ဖွဲ့စည်းသွား မည်ဖြစ်ပြီး ရန်ပုံငွေကို နိုင်ငံတော် သမ္မတရုံးနှင့် အစိုးရအဖွဲ့ရုံး ရန်ပုံငွေမှ ထုတ်ယူ သုံးစွဲသွားမည် ဖြစ်ကြောင်း သဝဏ်လွှာဖတ် ကြားမှုအရ သိရသည်။
ထို့အပြင် နိုင်ငံတော် သမ္မတ က အစိုးရအဖွဲ့ နှစ်ပတ်လည် အစီရင်ခံစာနှင့် သုံးလပတ် အစီ ရင်ခံစာများ ပေးပို့ခဲ့ကြောင်း သိရသည်။
Unknown at 1:00 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.