Wednesday, March 14, 2012

မြို့တွင်း လူသွား စင်္ကြန်များတွင် အီလက်ထရွန်းနစ် နှင့် နံရံကပ်ကြော်ငြာသာ စိုက်ထူ ခွင့်ပြုတော့မည်


မြို့တွင်း လူသွားစင်္ကြံန် များတွင် အီလက် ထရွန်းနစ် ကြော်ငြာဘုတ် များနှင့် နံရံကပ် ကြော်ငြာ များကိုသာ စိုက်ထူခွင့် ပြုတော့မည်ဟု စည်ပင်သာယာရေး ကော်မတီ ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။
လူသွားစင်္ကြံန် များပေါ်တွင် လမ်းသွားလမ်းလာ များကို အနှောင့် အယှက် ဖြစ်စေမည့် ကန့်လန့်ဆိုင်း ဘုတ်များ၊ ယာယီ ဆိုင်းဘုတ်နှင့် အမြဲတမ်း ကြော်ငြာဘုတ် များ ကို စိုက်ထူခွင့် ပြုတော့မည် မဟုတ်ဟု စည်ပင် သာယာရေး ကော်မတီက မတ်လ ၁ ရက် နေ့စွဲဖြင့် သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ ပိတ်ပင် ဆိုင်းဘုတ်များကို ဖြုတ်ရန် ၂ဝ၁၁ ခုနှစ် နှောင်းပိုင်း ကာလမှစ၍ သတင်း ထုတ်ပြန်ခဲ့ပြီး စိုက်ထူခွင့် ပေးထားသည့် ကြော်ငြာ သက်တမ်း ကာလ များ မတူညီခြင်းကြောင့် သက်တမ်း ကုန်ဆုံး ကာလများကို စောင့်ဆိုင်း နေခြင်းဖြစ်ကြောင်း စည်ပင် အရာရှိ တစ်ဦးက ဆိုသည်။
ကုန်ပစ္စည်း ထုတ်လုပ်သည့်  စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကလည်း အီလက်ထရွန်းနစ် ကြော်ငြာ တ်များနှင့် အမြဲတမ်း ကြော်ငြာဘုတ် များမှာ ကွာခြားမှု ရှိသော် လည်း တစ်ခုစီ၌ ကြော်ငြာ ပေါက်ရောက်မှု တန်ဖိုး တစ်မျိုးစီ ရှိ၍ မည်သည်က ပိုမို အားသာမှု ရှိသည်ဟု ပြော၍မရ ဟု ဆိုသည်။
”LED ဘုတ်ဆိုရင် ကုန်ပစ္စည်း အမျိုးအစား ၁ဝ မျိုးလောက်ကို တစ်ပြိုင်တည်း ကြော်ငြာလို့ ရသလို အမြဲတမ်း ကြော်ငြာဘုတ်တွေ ဆိုလည်း ကြော်ငြာရဲ့ ဆွဲဆောင်မှု အား တစ်မျိုး ရှိပါတယ်။ ဒီပြောင်းလဲမှု ကြောင့်တော့ ကြော်ငြာရှင်တွေ ဘက်က အများကြီး ပြောင်းလဲသွားတာမျိုး မရှိပါဘူး”ဟု၎င်းကပြောသည်။
ယခင်က LED ကြော်ငြာများ သည် အမြဲတမ်း ဘေဘုတ်များထက် ငွေကြေး ကုန်ကျမှု ပမာဏ များပြားသော်လည်း လက်ရှိ၌ LED ကြော်ငြာဘုတ် ပြုလုပ်မှု တန်ဖိုး သည် ယခင်ကာလ ထက် ထက်ဝက်ခန့် ဈေးလျော့နည်းလာသည့် အတွက် လုပ်ငန်းရှင်များ အတွက် အဆင်ပြေ နိုင်သည့် အနေအထား ရှိသည်ဟု အထက်ပါ စီးပွားရေး လုပ်ငန်းရှင် က ဆက်လက် ပြောသည်။
 ဝေမာထွန်း
http://popularmyanmar.com
Unknown at 8:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂၀၁၂ ခုနှစ်အတွင်း လူသေဆုံးခြင်း၊ အပြင်းအထန် ဒဏ်ရာရခြင်းတို့ ဖြစ်ပေါ်ခဲ့သည့် ယာဉ်တိုက်မှု ဖြစ်စဉ်အချို့မှ ယာဉ်မောင်းများ ထွက်ပြေး တိမ်းရှောင်နေ

ဖေဖော်ဝါရီလ အတွင်းက တာမွေအ၀ိုင်းထိပ် မီးပွိုင့်အနီး၌ ဖြစ်ပွားခဲ့သော ယာဉ်ခြောက်စီးဆင့် တိုက်မှု မြင်ကွင်း
ရန်ကုန်တိုင်း ဒေသကြီး၌  ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများအနက်မှ ယာဉ်တိုက်ခံရသူ၊ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်နှင့် သေဆုံးသည့် ဖြစ်စဉ်များမှ ယာဉ်မောင်းများမှာ အဆိုပါဖြစ်စဉ် နေရာမှပင် ထွက်ပြေး တိမ်းရှောင်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၂ ခုနှစ်အတွင်း ယာဉ်မောင်းအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉း၁၅နာရီ အချိန်တွင် မရမ်း ကုန်းမြို့နယ် ဘုရင့်နောင်လမ်း အတိုင်း အင်းစိန်မှ မရမ်းကုန်း ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင် လာသော ၂က/၂၂၆ ယာဉ်လိုင်း ခရီးသည်တင်ယာဉ်၊ အဖြူရောင်ဒိုင်နာ ယာဉ်သည် ကျန်စစ်သား လမ်းဆုံလွန်အရောက်တွင် လမ်းဖြတ်ကူးသူ ဦး--- (၃၂  နှစ်) လှိုင်သာယာ မြို့နယ် နေသူအား ၀င်ရောက်တိုက်မိခဲ့ပြီး မောင်းနှင်ထွက်ပြေးရာ ယာဉ် တိုက်ခံရသူတွင် နောက်စေ့ဖူးရောင်၊ ၀ဲနားထင်သွေးထွက် ဒဏ်ရာများဖြင့် သတိလစ်နေသဖြင့် အင်းစိန်ဆေးရုံ တွင် အတွင်းလူနာ (စိုးရိမ်ရ)ဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရှိရပါသည်။
ထို့အတူ မတ်လ ၃ ရက်နေ့ နံနက် ၆း၁၅ နာရီအချိန် တာမွေမြို့နယ် လေးထောင့်ကန်လမ်း အတိုင်း မြင်းပြိုင်ကွင်းဘက်မှ သင်္ဃန်းကျွန်းဘက်သို့ မောင်းနှင်လာသော န/ ဆလွန်း အဖြူရောင် အငှားယာဉ်သည် ILBC ကျောင်းအလွန်အရောက် လမ်းဘေးသန့်ရှင်းရေး ဆောင်ရွက်နေသော ဒေါ်----(၃၉ နှစ်) တာမွေစည်ပင် သန့်ရှင်းရေး တပ်ခွဲလုပ်သားဖြစ်သူအား တိုက်မိ၍ မောင်းနှင်ထွက်ပြေးသွားပြီး အတိုက်ခံရသူမှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ) အဖြစ် ကုသခံနေရသောကြောင့် ယာဉ်မောင်းအပေါ် အရေးယူပေးရန် တိုင်တန်းမှုအား တရားခံဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။
အလားတူ မတ်လ ၄ ရက် နေ့ နံနက် ၃ နာရီအချိန် မင်္ဂလာဒုံ မြို့နယ် ပြည်လမ်းအတိုင်း ထောက် ကြံ့ဘက်မှ မင်္ဂလာဒုံဘက်သို့ ယာဉ် မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော အမှတ်မသိ၊ အမျိုးအစား မသိယာဉ်သည် ရဲဘော်ဟောင်း မှတ်တိုင် အလွန်တွင် ယာဘက်လမ်းစပ်တွင် ရှိနေသော အမည်မသိ အသက် ၃၀ နှစ်ခန့် မြန်မာ အမျိုးသားတစ်ဦးအား တိုက်ပြီး မောင်းနှင် ထွက်ပြေးသွားသဖြင့် ယာဉ်တိုက်ခံရသူတွင် ယာနားထင် ပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ ၀ဲယာပေါင်ဖူးယောင်စုတ်ပြဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားသဖြင့် ယာဉ်မောင်း အပေါ်အရေးယူပေးရန် ထောက်ကြံ့ ရဲစခန်း(ပ)၁၂၅/၂၀၁၂ ပုဒ်မ ၃၀၄က/၂၀၂ဖြင့် အမှုဖွင့်ပြီး အမှုစစ်/တရားလိုမှ တရားခံ ဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
 ELeven Media Group
Unknown at 7:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တန်ဖိုးနည်း ဂျီအက်စ်အမ် ဖုန်းများ စတင် ဖြန့်ချိ

တန်ဖိုးနည်း GSM ဖုန်းအတွက် E Lite မှ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကယား ပြည်နယ်ကို တာဝန်ယူပြီး ဖြန့်ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။ မတ်လ ၁၄ ရက်နေ့
ဒီကနေ့မှာ တန်ဖိုးနည်း ဖုန်းတွေကို ပြည်နယ် ၇ ခုမှာ စတင် ရောင်းချတာ ဖြစ်ပြီး E Lite ကလည်း ပြည်နယ် ၂ ခုကို တာဝန်ယူ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ အခုလို ဖြန့်ချိရာမှာ ရှမ်းပြည်နယ် တောင်ပိုင်း ဒေသအတွင်း တောင်ကြီးမြို့၊ ကလောမြို့၊ အောင်ပန်းနဲ့ ညောင်ရွှေမြို့ အပေါ်ပိုင်း တွေမှာရှိတဲ့ ဆက်သွယ်ရေး ရုံးတွေနဲ့ ကိုယ်စားလှယ် အရောင်း ဆိုင်တွေမှာ ၀ယ်ယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကယားပြည်နယ် အနေနဲ့လည်း မြို့ပေါ်မှာရှိတဲ့ သက်ဆိုင်ရာ ဆက်သွယ်ရေး ရုံးတွေမှာ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ၀ယ်ယူရာမှ ဓါတ်ပုံနှစ်ပုံ၊ မှတ်ပုံတင် မူရင်းနဲ့ မိတ္တူ အပါအ၀င် ကိုယ်ရေး အချက်အလက် အပြည့်အစုံ ပါဝင်ရမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ အခု မတ်လ ၁၄ ရက်နေ့ ဒီကနေ့မှာ ပြည်နယ် ၇ ခုကို တန်ဖိုးနည်း GSM စတင် ရောင်းချမှာ ပေးသလို မတ်လ ၂၈ ရက်နေ့ မှာတော့ ရန်ကုန်နဲ့ မန္တလေးတိုင်း ဒေသကြီး မပါဝင်ဘဲ ကျန်တိုင်း တွေနဲ့ နေပြည်တော်မှာ ဆက်လက် ရောင်းချ သွားမယ်လို့ သတင်း ရရှိပါတယ်။

MRTV-4

Unknown at 5:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖားကန့်တွင် လုံခြုံရေးကြောင့် မဲရုံတချို့ဖျက်သိမ်း

ကချင်ပြည်နယ်၊ ဖားကန့်​​မြို့နယ်က မဲရုံတချို့ကို လုံခြုံရေး အကြောင်းပြချက်နဲ့ ဖျက်သိမ်း ထားတယ်လို့ အဲဒီနေရာမှာ ၀င်အရွေးခံမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးက ပြောကြားလိုက်ပါတယ်။
ဒေါ်ဘောက်ဂျာ
ဖားကန့်မြို့နယ်မှာ လုံခြုံရေး အကြောင်းပြချက်ကြောင့် ရွာ ၁၀ ခု လောက်မှာ မဲရုံတွေကို ပိတ်ပစ်လိုက်ဖို့​ ​ပြည်နယ်​ကော်မရှင်က ပြီးခဲ့တဲ့ရက်ပိုင်းက အကြောင်းကြားခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း​ ​ဒေါ်ဘောက်ဂျာက ပြောပါတယ်။
ဖားကန့်မြို့နယ် အတွင်းက စိန်ကုလားကုန်း၊ ခေါစိန်၊ လော့တာ၊ ကမှော်စု၊ ကထရံ၊ လုံးခင်းက တချို့နေရာ၊ ၅ မိုင်၊ ၆ မိုင်၊ ၇မိုင်နဲ့ နန့်ယမ်းရွာတွေက မဲရုံတွေကို ပိတ်ပစ်လိုက်တာ ဖြစ်ပြီး ရွာသားတွေ မဲပေးခွင့် ဆုံးရှုံးမှာ တယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
ပြည်နယ်ကော်မရှင်က လုံခြုံရေး အကြောင်းပြပြီး မဲရုံတွေ ပိတ်တာနဲ့ ပတ်သက်လို့ ကြောင်းကျိုး ဆီလျော်မှု မရှိဘဲ အဲဒိ နေရာတွေဟာ လုံခြုံရေး အခြေအနေကောင်းတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
“ဘာမှလည်း မရှိပါဘူး။ သူတို့က တမင်ပြောတဲ့ ပုံစံမျိုး ပေါက်တယ်။”
ရွာ ၃ ၊ ၄ ရွာလောက်ကို မဲရုံတရုံ လုပ်ပေးထားတာ ဖြစ်တဲ့အတွက် အဲဒိ ဒေသမှာ မဲဆန္ဒရှင် သောင်း ကျော်ရှိပြီး  ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဒေါ်ဘောက်ဂျာက မဲအရေအတွက် အပြတ်အသတ်နဲ့ အနိုင်ရ ခဲ့တဲ့ နေရာဖြစ်ပါတယ်။
ဒေသခံတွေ မဲပေးခွင့် ဆုံးရှုံးရတဲ့အတွက် စိတ်မကောင်းရတယ်လို့  ဒေါ်ဘောက်ဂျာက ရှင်းပြပါတယ်။
“မငြိမ်မသက် ဖြစ်တာဟာ အစိုးရနဲ့ပဲ ဆိုင်တယ်လေ။ ပြည်သူလူထုတွေမှာ အခွင့်အရေး မရှိတော့ ဘူးလား။ လူ့အခွင့်အရေး ဆုံးရှုံးပြီလား။ ဒီဒေသတွေဟာ ဘာမှမဖြစ်ပါဘူး။ သူတို့က ပိတ်ထားတော့ ဒီဒေသက လူထုတွေဟာ နစ်နာတာပေါ့။ ကော်မရှင်က မဲရုံတွေ ပိတ်ပစ်တယ်ဆိုတော့ အခွင့်အရေး ဆုံးရှုံးမှု တရပ် ဖြစ်တာပေါ့။ ကျမက ပြန်ပြီး တောင်းဆိုချင် ပါတယ်။ ကော်မရှင်ကရော ဗဟို ကော်မရှင်ကရော ဒီကိစ္စကို တာဝန်ယူပြီး ပြန်ပြီး ဖွင့်ပေးဖို့ ပြောချင်ပါတယ်။”
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကတော့ ဖားကန့်မြို့နယ် အတွင်းမှာ မဲပေးတဲ့ မဲရုံပေါင်း ၁၀၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဒါရှီလဆိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဦးစိန်သိန်းထွန်းနဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ဒေါ်ဘောက်ဂျာတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာလည်း မဲစာရင်းတွေမှာ သေဆုံးတဲ့ သူတွေကို ထည့်သွင်းထားပြီး အသက် ၁၈နှစ် ပြည့်တဲ့သူတွေ မပါဘဲ အမှားအယွင်းတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 
ဒီဗွီဘီ
Unknown at 5:46 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လှည့်ကွက်တစ်မျိုး တဲ့ဗျာ....ဘာတွေလဲ ဆိုတာ ဖတ်သာကြည့်တော့


နိုင်ငံတော်အေးချမ်းသာယာရေးအဖွဲ့ကနေ သိန်းစိန်အစိုးရကို အာဏာလွှဲချိန်မှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို စစ်တပ်က အုပ်ချုပ်ခဲ့တဲ့ နှစ်၂၀ကျော်မှာ အရှုးံအမြတ်ဘယ်လိုရှိတယ်။ ရှုးံနေရင်ဘာကြောင့်ဖြစ်တယ် ဘယ်ဝန်ကြီးတွေ ဘယ်အရာရှိတွေမှာတာဝန်ရှိတယ်ဆိုတာ စစ်ဆေးတင်ပြခဲ့တာမရှိပါ။

ခုနေပြည်တော်လွှတ်တော်မှာ ၀န်ကြီးဌာနအကတိလိုက်စားမှုတွေဆိုတာ သိန်းစိန်နဲ့ ရွှေမန်းတို့ပေါင်းပြီး ပြည်သူကို ထပ်လိမ်တာပါ။ ပြည်သူကြိုက်သွားအောင် သိန်းထောင်ဂဏန်းလောက် ငွေကွာတာမျ...ိုးကို စတေးလိုက်တော့ လူပိန်းကြိုက်ဖြစ်သွားတယ်။

အမှန်က စစ်တပ်က အုပ်ချုပ်ခဲ့တဲ့ နှစ်၂၀ကျော်ကာလအတွင်း ၀န်ကြီးဌာနတွေ ငွေဘယ်လောက်ကွာနေတယ် စီးမံကိန်းတွေဘာကြောင့် မအောင်မြင်တယ်ဆိုတာပြန်စစ်ရင် သိန်းပေါင်း ကုဋေများစွာထွက်လာမဲ့ပြင် နောက်ဆုံး စစ်ခေါင်းဆောင်တွေ တရားခံဖြစ်နိုင်တယ်။

ဒါကြောင့် သိန်းထောင်ဂဏန်းလောက်ကို “တွေ့ပြီ…ဟေ့…..” ဆိုပီး သံကုန်အော်လိုက်တော့ လူပိန်းကြိုက်ဖြစ်သွားတယ်။ သိန်းစိန် ရွှေမန်းကိုတောင် ကျေးဇုးတင်မရလိုဖြစ်ကုန်တယ်။ အောင်သောင်းကတောင် ကြိတ်ရီနေတယ်ကြားတယ်။

Swe Swe Kyi Facebook
ဒေါင်းမာန်ဟုန်
Unknown at 5:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အင်တာနက် မြန်နှုန်းအတွက် ကန်ဒေါ်လာ သန်း ၄ဝ သုံးမည်

အသစ်ချိတ်ဆက်မည့် ရေအောက်ဖိုင်ဘာ ဆက်ကြောင်း SE-ME-WE-5 အတွက် ကန်ဒေါ်လာ သန်း ၄ဝအထိ သုံးစွဲရန် စီစဉ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်းအရာရှိ တစ်ဦးကပြောသည်။
အဆိုပါ ဆက်ကြောင်းအား တပ်ဆင်ရန် အချိန်သုံးနှစ်ခန့် ကြာမည်ဟု ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် သတ်မှတ်ထားသည့် အဖွဲ့ဝင်နိုင်ငံများပြည့်၍ သတ်မှတ် အချိန်ထက် စောပြီး ချိတ်ဆက်သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။
”ဒီဆက်ကြောင်း လုပ်ဖို့ အရင်းအနှီး အများကြီး ကုန်ကျမှာပါ။ ဒီအတွက် ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံကြီးတွေနဲ့ ဆွေးနွေးတာ အဆင်ပြေတဲ့အတွက် အမြန်ဆုံး ချိတ်ဆက်တော့မှာပါ။ မြန်မာနိုင်ငံအနေနဲ့ SE-ME-WE-5ဆက်ကြောင်း သွယ်တန်းဖို့ အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြု ခံရပါတယ်။ ဒါကြောင့် ကန်ဒေါ်လာ ၄ဝ လောက်အထိ သုံးစွဲသွားဖို့ စီစဉ်ထားပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
၎င်းဆက်ကြောင်းအား မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းနိုင်ငံများအနက် တရုတ်နိုင်ငံမှ အဓိကဦးဆောင်၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
”ဆက်ကြောင်း အကောင် အထည်ဖော်ဖို့ တရုတ်နိုင်ငံကပဲ သက်ဆိုင်ရာနိုင်ငံတွေကို ညှိနှိုင်း ဆောင်ရွက်ပေးတာပါ။ ငွေပေး သွင်းတဲ့ အခါမှာလည်း တရုတ် နိုင်ငံကိုပဲ အဓိက ပေးသွင်းရမှာ ပါ။ ဆက်ကြောင်းချိတ်ဆက် ဖြစ် ရင်တော့ ငွေကို အရစ်ကျပေး သွင်းသွားဖို့ ဆောင်ရွက်ထားပါတယ်” ဟု ၄င်းက ဆက်လက် ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အင်တာနက်သုံးနိုင်ရန် ဖိုင်ဘာဆက်ကြောင်း SE-ME-WE-3တစ်ခုသာ ချိတ်ဆက်ထားပြီး ၄င်းဆက်ကြောင်း ပြတ်တောက်သွားပါက အင်တာနက် ဆက်လက်သုံးစွဲရန် အရန်ဆက်ကြောင်းများ ရှိသော်လည်း လုံလောက်သော မြန်နှုန်းမရရှိသည့်အတွက် SE-ME-WE-3 ဆက်ကြောင်းကဲ့သို့ မြန်နှုန်း အလုံအလောက် ပေးနိုင်သည့် SE-ME-WE-4 နှင့် SE-ME-WE-5ဆက် ကြောင်းများအား ထပ်မံ ချိတ်ဆက်နေခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်များ အရသိရသည်။
ယင်းသို့ ဖိုင်ဘာ ဆက်ကြောင်းများ ထပ်မံချိတ်ဆက်ရာ၌ SE-ME-WE-4 ဆက်ကြောင်းမှာ စတင်ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်၍ ၄င်းဆက်ကြောင်းမှာ SE-ME-WE-5ထက်ဦးစွာ ချိတ်ဆက်နိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။
အောင်ဇော်  (ပေါ်ပြူလာဂျာနယ်)
Unknown at 5:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဓမ္မကထိကများ နယ်လှည့်တရားဟောရာတွင်လိုက်နာရန် စည်းကမ်းချက်များထုတ်

Photo
နယ်လှည့်တရားဟောကြားသော ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များ အနေဖြင့် ဓမ္မာစရိယအောင်မြင် ထားရန်နှင့် ထေရ၀ါဒပိဋကတ်တော်နှင့် ဆန့်ကျင်သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့်တို့နှင့် စပ်လျဉ်းသည့် လောကီလူမှုရေးကိစ္စများကို ထည့်သွင်းဟောကြားမှုမပြုရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ စည်းကမ်း
ချက်များ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ၄၇ပါး စုံညီပန္နရသမအစည်းအဝေး ဆုံးဖြတ်ချက်အရ အချက်ကိုးချက်ပါ နယ်လှည့်ဓမ္မကထိက ဂုဏ်အင်္ဂါအရည်
အချင်းများကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း၊ မထိပါး မပုတ်ခတ်ဘဲ ဟောကြားခြင်း၊ သင်္ဂါယနာခြောက်တန်တင် ထေရ၀ါဒပိဋကတ်တော်လာ တရားတော်များကိုသာ ဟောကြားခြင်း၊ အနည်းဆုံးသိက္ခာဝါ ၁၀ ၀ါ ရှိ၍ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသည့် သီလ၀န္တပုဂ္ဂိုလ်ဖြစ်ခြင်း စသည့် ဂုဏ်အင်္ဂါအရည်အချင်းများနှင့်ကိုက်ညီရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ မဟောရဘူးလို့ ပြောထားတယ်။ ဓမ္မာစရိယအောင်ထားရမယ်”ဟု ဓမ္မာစရိယ အောင်မြင်ထားသော ရဟန်းပျိုတစ်ပါးကမိန့်ကြားသည်။
တရားဟောဓမ္မကထိက ပုဂ္ဂိုလ်သည် ပါဠိတော်၊ အဋ္ဌကထာ၊ဋီကာကျမ်းများကို ဆက်စပ်ကြည့်ရှုနိုင်မှသာလျှင် သင်္ဂါယနာ ခြောက်တန်တင် ပိဋကတ်တော်နှင့် လျော်ညီစွာ တရားဟောနိုင်မည်ဖြစ်၍ အရည်အချင်းကို (ဓမ္မာစရိယ)တန်းအောင်ဖြစ်သင့်သည်ဟု ထည့်သွင်းဖော်ပြရခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာများ
ကို မကြည့်ရှုနိုင်သူများမှာမူ ထေရ၀ါဒပိဋကတ်တော်နှင့် မညီညွတ်ဆန့်ကျင်သည့်အချက်များကို ဟောကြားမိပါက တရားနာပရိသတ်များ အမြင်မှား၊ အယူမှား ဖြစ်သွားနိုင်သောကြောင့် ပရိယတ္တိစာပေမကျွမ်းကျင်သူများကို တရားဟောခွင့် တားမြစ်ပိတ်ပင်ရခြင်းဖြစ်ကြောင်း နယ်လှည့်ဓမ္မကထိက ဂုဏ်အရည်အချင်း သတ်မှတ်ချက်
တွင် ဖော်ပြထားသည်။
မြို့နယ်သံဃနာယကအဖွဲ့များအနေဖြင့် တရားပွဲများ ခွင့်ပြုရာတွင် စီစစ်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ညွှန်ကြားချက်များ ပေးပို့အကြောင်းကြားထားကြောင်း သိရသည်။
နေလင်းထွန်း (7Day)
Unknown at 5:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘက်လိုက်မှုကြောင့် Al-Jazeera သတင်းမှ အလုပ်သမားများ နုတ်ထွက်

တူနီးရှား ၊ အီဂျစ် နှင့် လစ်ဗျား နိုင်ငံများမှ တော်လှန်ရေး ဖြစ်စဉ်များနှင့် ပတ်သက်ပြီး သတင်း ဖော်ပြရာတွင် နာမည် ရနေသည့် Al-Jazeera သတင်း ဌာနမှာ
ဘာရိန်း နိုင်ငံ မြို့တော် Manama တွင် ဖြစ်ပွားနေသော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ များကို အကြမ်းဖက် ဖြိုခွင်းမှုနှင့် ပတ်သက်၍မူ နှုတ်ပိတ်နေသည့် အတွက် ဌာနအတွင်း သဘော မတူသည့် အလုပ်သမားများမှာ အလုပ်မှ နုတ်ထွက် သွားကြကြောင်း presstv သတင်းတွင် ဖော်ပြခဲ့သည်။

ယခုလို လုပ်ဆောင်ချက်နှင့် အတူ Al-Jazeera မှာ ဆီးရီးယား နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကိစ္စများတွင်လည်း အတိုက်အခံများ၏ လှုပ်ရှားမှုများကို ဖော်ထုတ်ခဲ့ပြီး နိုင်ငံ၏ ဖြစ်ရပ်မှန်ကို ဖုံးကွယ်ခဲ့သည့် အတွက် စွပ်စွဲမှု ခံနေရသည့် သတင်း ဌာန တစ်ခုလည်း ဖြစ်သည်။ ထို့အပြင် ဆီးရီးယားနှင့် လစ်ဗျား နိုင်ငံများတွင် ဖြစ်ပွားနေသည့် ဖြစ်ရပ်များတွင် အပိုဆာဒါးများကို သုံးစွဲပြီး ဖော်ပြခဲ့ကြောင်း စွပ်စွဲခံနေရကြောင်းလည်း presstv သတင်းတွင် ဖော်ပြသည်။ အလားတူပင် ကာတာ နိုင်ငံမှ စော်ဘွား တစ်ဦးမှ aljazeear သတင်း ထုတ်လွှင့်မှု သဘော သဘာဝကို ထိန်းချုပ်ထားကြောင်းလည်း လူအများမှ ယုံကြည်ခဲ့ကြသည်။ တစ်ကမ္ဘာလုံးရှိ အသံလွှင့် ဗြူရိုများမှ အလုပ်သမား အမြောက်အများမှာ ဆီးရီးယား အစိုးရနှင့် ဘာရိန်း နိုင်ငံမှ ဖြစ်ရပ်များ အပေါ် ရပ်တည်ချက် အတွက် မကျေနပ်သဖြင့် အလုပ်မှ နုတ်ထွက်ခဲ့ကြခြင်းလည်း ဖြစ်သည်။
source : presstv.ir


From : MRTV-4
Unknown at 5:16 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

**သမ္မတကြီးမှ စိစစ် အရေးယူပေးပါရန်**

မင်္ဂလာပါ ကိုသစ်ရေ..
ကျွန်တော်လည်း မနေ့က ဦးသန်းရွှေ နဲ့ သူ့သားသမီးတွေ စီးပွားရေးလုပ်ငန်း
လုပ်ကိုင်ရာမှာ လျှပ်စစ်မီးတွေကို အလကားပိုက်ဆံမပေးဘဲ သုံးစွဲနေတာနဲ့
ပတ်သက်ပြီး sky star က တင်ပြလာတာတွေ့လို့ နောက်ဆက်တွဲအနေနဲ့ ဖြစ်ဖြစ် ၊
ဆက်စပ်နိုင်မှုအနေနဲ့ ဖြစ်ဖြစ် ၊ ကျွန်တော်လည်း လျှပ်စစ်နဲ့ မကင်းသူမို့
သိထားလေးတွေကို ပြည်သူတွေ ပြန်သိအောင်မျှပေးချင်တာကြောင့် ကိုသစ်ကို
ပေးပို့လိုက်ပါတယ်..
ကိုသစ်ရေ..
တနေ့က အဲဒီပို့စ်မှ လျှပ်စစ်က အရာရှိတွေ နာမည်စာရင်း ဖတ်မိတော့
နေပြည်တော် မြို့နယ်လျှပ်စစ်ရုံးက ဦးခန့်ထက်ဆိုသူ နဲ့ ဒကိ
္ခဏမြို့ကွက်သစ်ဆိုတာလေးကို တွေ့လို့ ကျွန်တော်ပြောချင်စိတ်ပေါက်လာတာ

ဗျ..
ကိုသစ်ရေ.. လျှပ်စစ်ရုံးက အဲဒီအရာရှိပိုသိမှာပါ.. ဘာလို့လဲဆိုတော့ သူက
အဲဒီ ဒက္ခိဏမြို့ကွက်သစ်ကို တာဝန်ယူရတဲ့လူကိုးဗျ .. ကိုသစ်ရေ.. sky star
ပြောသလိုပဲ ရှက်တတ်တဲ့ အရာရှိ ၊ ပြည်သူကို စာနာတတ်တဲ့ အရာရှိဆိုရင်
အမှန်အတိုင်းဖြေမှာ ပါလို့ ပြောထားတာလေ.. ဦးခန့်ထက်ဆိုသူကတော့ ဖြေမှာ
မဟုတ်ဘူးဗျ.. သူလည်း အရှက်မရှိသူမို့ပေါ့ဗျာ.. သူကလည်း ဦးသန်းရွှေကို
ဖားရားနေတော့ သူလည်း သိပ်အဆင်ပြေသကိုးဗျ.. လုပ်သက် နဲ့ ရာထူးသာ
သိပ်မရှိတယ်.. နေပြည်တော်ရောက်ပြီးမှ ဒက္ခိဏမြို့ကွက်သစ် ဆိုတာမှာ
သိန်း(၆၀၀)တန် အိမ်ဝိုင်း (၂)၀ိုင်းလက်ဝယ်ပိုင်ဆိုင်နိုင်
အောင်
လုပ်ထားနိုင်တယ်ဗျ.. ကျွန်တော် နေပြည်တော် မှာ ကြားထားတာဗျာ..
ဝန်ထမ်းတွေက လာဘ်ပေး လာဘ်ယူ မရှိရဘူးဆိုတာလေဗျ.. အဲဒီနေရာမှာ အရာရှိတွေ
မပါဘူးလားဆိုတာ သိချင်တယ်ဗျာ.. လာဘ်ပေးလာဘ်ယူ မရှိဘဲနဲ့တော့ ငွေကို ရေလို
ကိုင်မသုံးနိုင် ဘူးလို့ ထင်တယ်ဗျ.. နေပြည်တော်မှာ အရာရှိတွေက
သူဌေးဖြစ်ပြီး လက်အောက် ၀န်ထမ်းတွေက ငတ်ပြတ်နေတာ ဘယ်သူသိလည်း.. ဟောဗျာ
မေ့သွားလို့… သိကြပါတယ်.. မသိချင် ယောင်ဆောင်နေကြတာဗျ.. အရာရှိဖြစ်တဲ့
ဦးခန့်ထက်က (၅၀၀၀)တန်ကို အထုတ်လိုက်ကိုင်သုံး … သူက လူပျိုဆိုတော့
စာရေးမဆိုရင် ငွေကျပြီး.. စာရေးထီး နဲ့ လိုင်းမင်းဆိုရင်
ရှိတယ်လို့တောင်မထင်တဲ့ အရာရှိဗျ.. သူက အသက်ငယ် သေးတယ်ဗျ… မောက်မာလိုက်တာ
မှလည်း လွန်ရောဗျာ.. လိုင်းမင်းထက် ပညာ တတ်လို့ အရာရှိ လုပ်ပေမယ့်..
သူ့ထက် စီနီယာကျပြီး အသက်ကြီးတဲ့ လိုင်းမင်းတွေ ကလည်း တောင်ပုံရာပုံဗျ..
အဲဒါကို အသက်အရွယ်နဲ့ မလိုက် ရာထူးဂုဏ်သိမ် မောက်နေလိုက်တာများ..
မျက်လုံးထဲမြင်ယောင်ကြည့် ပေါ့ဗျာ..  အဲလို အရာရှိမျိုးက
အုပ်ချုပ်နိုင်မှုဆိုတာ ဝေလားဝေးပေါ့ဗျာ.. သူ့ရုံးက စာရေးမတောင် အကပ်
ကောင်းတဲ့ စားရေးမ မှ ဗျ.. အကပ်မကောင်းတဲ့ စာရေးမ ကျတော့ ခွဲရုံပို့(
မှတ်ချက် - မိန်းကလေးလိုင်းမင်းတွေ ဘာမှ မလုပ်တတ် မကိုင်တတ်တွေ )
ခန့်ထားပြီး ခွဲရုံတွေကိုပို့ ခွဲရုံတွေမှာ လျှပ်စစ်ပိုင်းနဲ့ ပတ်သက်လို့
အလုပ်မလုပ်တတ်တော့ လုပ်စရာမရှိ လပ်လျား လပ်လျားနဲ့ ယောင်္ကျားလေးတွေနဲ့
ရောထွေးနေ.. ခွဲရုံ(၆) မိန်းကလေးတွေဆိုရင် ပိုဆိုးတယ်.. ကြာရင်
လျှပ်စစ်ရုံးက ဟိုရုံးဖြစ်တော့မယ်ဗျ.. အရာရှိဆိုပြီး ထိုးထွင်း ဥာဏ်လည်း
မရှိ.. မိန်းကလေး လိုင်းမင်း လျှပ်စစ်ပိုင်း မလုပ်တတ်လည်းဗျာ ..
ရုံးခေါ်ထားပြီး ရုံးအလုပ်ခိုင်းထား ဖြစ်တာပါပဲ.. ဖြတ်စား/၀ိုက်စားအတွက်သာ
အာရုံရှိတာ အဲလိုမျိုး ကျတော့ အာရုံကလည်း နည်းသကိုးဗျ.. အရာရှိတွေကလည်း
မစိစစ်ကြဘူး.. စစ်ဆေးရေးလည်း  မလုပ်ကြဘူးဗျ.. ပြောင်းရွှေ့ရေးတွေနဲ့
ပတ်သက်ပြီး တော့လည်း ဒီလိုပဲဗျ ၀န်ထမ်းတွေ ဆန္ဒသဘောထားကို မမေးမြန်းဘဲ
မိမိ နဲ့ အစေး မကပ်သူ ဆိုရင် ဝေးလံရာနဲ့ ချောင်ကျတာပို့… တယ်လည်း ခက်တဲ့
လျှပ်စစ်ဝန်ထမ်း လောကကြီးပဲ ကိုးဗျ.. အဲဒါကတော့လျှပ်စစ်တင်မကပါဘူးဗျာ
..
ဝန်ကြီးဌာနတိုင်း လိုလိုမှာ ဖြစ်ပျက် နေတာဗျ.. သမ္မတကြီးရဲ့ Clean
Government ဆိုတာကြီးက ဒီလိုကြီး လားဗျာ.. လျှပ်စစ်က အရာရှိတွေ
ဘာလုပ်နေလဲ.. စိစစ်ပေးကြပါဦး..
ကိုသစ်ရေ..
နောက်မှ အလျဉ်းသင့်သလို ထပ်တင်ပြပေးမယ်ဗျာ.. ခုတော့ ဒီလောက်ပါပဲ..
ကိုသစ်တို့လို ဆိုဒ်လေး ရှိနေလို့.. ကျေးဇူးပါဗျာ..
သစ်ထူးလွင် ၀ိုင်းတော်သားအားလုံး ကျန်းမာကြပါစေဗျာ..

Yanlay (နေပြည်တော်)

 
သစ်ထူးလွင်
Unknown at 5:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မင်းမဲ့စရိုက်ဆန်ဆန် ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် တက္ကစီ ကားမောင်းသူ သေဆုံးခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်၍ တရားရုံးက အပြင်းအထန် နာကျင်စေမှုဖြင့်သာ အမိန့်ချမှတ်ခဲ့ခြင်းအပေါ် တရားလိုဘက်မှ မကျေနပ်၍ လူသတ်မှုပုဒ်မဖြင့် ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျှောက်ထား


4501

လူစည်ကားရာ ပုဂ္ဂလိကဆေး ခန်းတစ်ခုရှေ့တွင် ဖြစ်ပွားခဲ့သည့် မင်းမဲ့စရိုက်ဆန်ဆန် ၀ိုင်းဝန်း ရိုက်နှက်မှုကြောင့် တက္ကစီကားမောင်း သူသေဆုံးခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်၍ တရားခံများအား တရားရုံးက အပြင်းအထန် နာကျင်စေမှုဖြင့်သာ အမိန့်ချမှတ်ခဲ့ခြင်း အပေါ် တရားလိုဘက်မှ မကျေနပ်၍ လူသတ်မှုပုဒ်မဖြင့် ပြစ်ဒဏ်တိုးမြှင့်ပေးရန် လျှောက်ထားခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ် အာရှတော်ဝင် အထူးကုဆေးရုံရှေ့ရှိ ထမင်းဆိုင်တွင်ထမင်းစားနေသည့် တက္ကစီ ယာဉ်မောင်းဖြစ်သူ ကိုတင်မောင်ဆွေ (အသက် ၃၆ နှစ်) ကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် သေဆုံးသွားသည့်ဖြစ်စဉ်ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံး၊ ဒုတိယခရိုင် တရားသူကြီး (၃) မှ ပြစ်ဒဏ်ချမှတ် လိုက်သည့်အပေါ် မမျှတမှုဟု ယူဆရသဖြင့် တရားလို မိသားစုဝင်များမှ တိုင်းတရားရုံးသို့ ပြစ်ဒဏ်တိုးမြှင့်စေရေးအတွက် ပြင် ဆင်မှုကို ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်နေ့က လျှောက်ထားခဲ့ကြောင်း သိရှိရသည်။

ဒီဖြစ်စဉ်ဟာ မှားယွင်းစွာ ဆုံးဖြတ်တာ ဟုတ်၊ မဟုတ် ဒါမှမဟုတ် တရားစီရင်ရေးမှာ ပါဝင်ပတ်သက်သူတွေရဲ့ အဂတိ လိုက်စားမှုကြောင့်လား၊ တရားစီရင်ရေး နောက်ကွယ်က ဘယ်လိုပါဝင်ပတ်သက်မှု ဖိအားတွေရှိနေလို့လဲ ဆိုတာတွေကိုတော့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး သေချာစစ်ဆေး အဖြေရှာသင့် ပါတယ်။ လူသိရှင်ကြား ရှင်းလင်းမှုမျိုးတွေ လုပ်သင့်ပါတယ်။
ဝိုင်းဝန်း၍ ရိုက်နှက်ထိုးခံရသူ ကိုတင်မောင်ဆွေမှာ အခင်းဖြစ်သည့် နေရာ၌ပင် ပါးစပ်နှင့်ဦးခေါင်းမှ သွေးများ ထွက်ရှိကာ သတိမရတော့ဘဲ  ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် သုံးနာရီခွဲအချိန်တွင် သေဆုံးသွားခဲ့ကြောင်း ၎င်း၏အစ်ကို ဖြစ်သူ ဦးမောင်မောင်လွင်က ပြောပြ ခဲ့သည်။
အဆိုပါဖြစ်စဉ်ကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံး ဒု-ခရိုင် (၃)တွင် ဦးမောင် မောင်လွင်မှ ၂၀၁၁ ခုနှစ် ပြစ်မှုကြီးမှု အမှတ် ၁၀၃/၂၀၁၀ ဖြင့် တရားလို ပြုလုပ်၍ ကျူးလွန်သူများဖြစ်သည့် ကိုကိုဝင်း၊ သော်ဇင်၊ ညီညီဇော်နှင့် ကျော်ထွေးတို့အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မကြီး ၃၀၂ (၂)ဖြင့် တရား စွဲဆိုခဲ့သည်။ ထိုသို့ စွဲဆိုပြီးနောက် တရားလိုနှင့် ကျူးလွန်သူများ အပါအ၀င် သက်သေအသီးသီးအား စစ်ဆေးပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် နေ့တွင် ရုံးတော်မှညီညီဇော်နှင့် သော်ဇင်တို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ ဖြင့် ထောင်ဒဏ်ငါးနှစ်ချမှတ် ခဲ့ပြီး ကိုကိုဝင်းနှင့် ကျော်ထွေးတို့ အား ပုဒ်မ ၃၂၅/ ၁၁၄ အရ ထောင် ဒဏ်တစ်နှစ်နှင့် သုံးလချမှတ်ခဲ့ကြောင်း သိရှိရသည်။
သေဆုံးခဲ့သူ၏ အစ်ကိုအရင်း ဖြစ်သူ ကိုမောင်မောင်လွင်က “ကျွန်တော့်ရဲ့ညီက အဲဒီညမှာ အာရှတော် ၀င်ဆေးရုံရှေ့က ထမင်းဆိုင်မှာ ထမင်းစားနေရင်းနဲ့ တုတ်တွေကိုင်ဆောင်ထားတဲ့ လူကိုးယောက် လောက်က ဆိုင်ထဲဝင်လာပြီးတော့ ကားမောင်းသမားတွေ အကုန်လုံးကို ရိုက်ကွာလို့ အော်ပြီးတော့ ဆိုင်ထဲကို ၀င်ရိုက်ပါတယ်။ တချို့သူတွေဆိုရင် လမ်းထဲကို ပြေးဝင်ကြတယ်။ ကျွန်တော့်ညီကတော့ ဆေးရုံပေါ်ကို တက်ပြေးတဲ့အချိန်မှာပဲ အကုန်လုံး ၀ိုင်းရိုက်ထိုးကြိတ်လို့ သေဆုံးသွားပါပြီ။ ကျွန်တော်စုံစမ်းတော့ ၀ိုင်းရိုက်တဲ့ တရားခံတွေနဲ့ တခြားယာဉ် မောင်းတွေက စမ်းချောင်းမြို့နယ်မှာ ရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ စကားများထားတယ်ဆိုတာကို သိရပါတယ်။ အဲဒီနှစ်ဖက်ကြားမှာ ကျွန်တော့်ညီက ဘာမှလည်းမသိဘဲ ၀ိုင်းလုပ်ခံရလို့ အကြောင်းမဲ့ သေဆုံးခဲ့ရပါတယ်။ အပြစ်မရှိတဲ့သူ ရက်ရက်စက်စက်နဲ့ သေဆုံးခဲ့တယ်။ တစ်နှစ် ကျော်အမှုကိစ္စဆောင်ရွက်တဲ့အခါမှာလည်း တရားလိုဖက်က အခက်အခဲတွေရှိခဲ့တဲ့အပြင် ငွေကျပ် ၂၅ သိန်း လောက်လည်း ကုန်ခဲ့တယ်။ ကျွန်တော်တို့ မိသားစုတွေအနေနဲ့ ဒီအမိန့်ချလိုက်တဲ့ အနေအထားအပေါ်မှာ တော်တော်လေးစိတ်ပျက် ၀မ်းနည်းခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ တရားခံတွေကို အရမ်းနစ်နာစေလိုတဲ့စိတ် မရှိဘူး။ ဒါပေမယ့် မှန်ကန်တဲ့ ဥပဒေအတိုင်း ဖြစ်သင့်ပါတယ်။ အခုအချိန်က ဖြစ်စဉ်ဖြစ်တဲ့နှစ်ပိုင်းက အစိုးရမဟုတ်ဘူး။ အခုအစိုးရ အဖွဲ့က တရားရေးမဏ္ဍိုင်ပိုင်းမှာ မှန်ကန်စွာ ဆောင်ရွက်ရမယ်။ လာဘ်စားတဲ့သူတွေကို အရေးယူမယ်လို့ ပြောထားတဲ့စကားတွေကြောင့် အားကိုးစွာနဲ့ အခုလိုမျိုး တိုင်းအဆင့်ကို လျှောက်ထားခြင်းဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ကျွန်တော့်ရဲ့ညီအပေါ်ကို တာဝန်ကျေချင်တဲ့ အတွက်ကြောင့် အခက်အခဲတွေကြားက ဆက်လက် ရင်ဆိုင်သွားပါမယ်လို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
လူအများ ၀ိုင်းရိုက်ခဲ့သဖြင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့မှုကြောင့် ကိုမောင်မောင်လွင်မှ တရားလိုပြု၍ စမ်းချောင်းရဲစခန်း (ပ) ၄၆၈/၂၀၁၀ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ မှ ၃၀၂/ ၃၂၆/၁၁၄ သို့ ပြောင်းလဲအမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“၀ိုင်းဝန်း၍ ရိုက်နှက်ခြင်း၊ ထိုးခုတ်ခြင်း၊ အန္တရာယ်ပြုခြင်းစသည်တို့ ပြုလုပ်ကြရာတွင် မည်သူ့လက် ချက်ဖြင့် ထိုသူသေဆုံးရသည်ဟူ၍ သက်သေအထင်အရှား မတွေ့ရှိလျှင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ မဟုတ် ဘဲ ၃၂၆ အရ ပြင်းထန်စွာ အနာတရ ဖြစ်စေမှုကို ကျူးလွန်သည်ဟု တွေ့ရှိလျှင် ပိုမိုမျှတမှန်ကန်သည်ဟု မောင်စံတင်နှင့် နိုင်ငံတော်အမှုနှင့် သောင်းခိုင်နှင့် နိုင်ငံတော်အမှုတို့တွင် ညွှန်ပြထားသည်။ ကိုမြင့်အောင်နှင့် နိုင်ငံတော်အမှုတွင်လည်း အထက်ပါစီရင်ထုံး အမှုများအတိုင်း ညွှန်ပြထားသည်။ ဤအမှုတွင် သေသူ ကိုညီညီဇော်နှင့် သော်ဇင်တို့က ခုတ်ဖြတ်ရန် ကိရိယာဖြစ်သည့် ထက်မြက်သော လက်နက်ဖြစ်သော ဓားလှံအစရှိသော လက်နက်တို့ဖြင့် ပြုလုပ်ခြင်း မဟုတ်ဘဲ တုတ်ဖြင့်သာ အသုံးပြုခဲ့ကြောင်း ပေါ်ပေါက်သဖြင့် အထက် ပါ စီရင်ထုံးများ၏ ညွှန်ပြချက်များ နှင့်အညီ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ အရ အပြင်းအထန် နာကျင်စေမှုဖြင့် (၂) တရားခံညီညီဇော်နှင့် (၃) တရားခံသော်ဇင်တို့အား သုံးသပ်ရပေသည်။ (၁) တရားခံကိုကိုဝင်းနှင့် (၄) တရားခံ ကျော်ထွေးတို့သည် တုတ်များကိုယ်စီ ကိုင်ဆောင်လျက် ညီညီဇော်၊ သော်ဇင်တို့က ပြစ်မှုကျူး လွန်ရာတွင် အားပေးကူညီသူများ ဖြစ်ကြောင်း ပေါ်ပေါက်နေသဖြင့် ၎င်းင်းတို့နှစ်ဦးအား အားပေးကူညီသူ အဖြစ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅/၁၁၄ အရအပြစ်ပေးသင့်ကြောင်း သုံးသပ်ရရှိပေသည်။ တရားခံအသီးသီးအပေါ် ကျူးလွန်သောပြစ်မှုနှင့် လျော်ညီစွာ ပြစ်ဒဏ်ချမှတ်သင့်ကြောင်း သုံးသပ်ရရှိ၍ အောက်ပါ အမိန့်ကို ချမှတ်လိုက်သည်။ အဖ ဦးခင်မောင်ဝင်း၏ သားဖြစ်သူ (၂) တရားခံ ညီညီဇော်၊ အဖဦးသန်း အောင်၏သားဖြစ်သူ (၃) တရားခံ သော်ဇင်တို့သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅အရပြစ်မှုရှိကြောင်း တွေ့ရှိရသဖြင့် ယင်းပုဒ်မအရအလုပ် နှင့် ထောင်ဒဏ်ငါးနှစ် တိတိကျခံစေ။  အဖ ဦးအေးမြင့်၏ သားဖြစ်သူ (၁) တရားခံကိုကိုဝင်း၊ အဖ ဦးကျော်ဌေး ၏သားဖြစ်သူ (၄) တရားခံကျော် ထွေးတို့သည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၅/၁၁၄ အရ အပြစ်ရှိကြောင်း တွေ့ရှိရသဖြင့် ယင်းပုဒ်မ အရ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် နှင့် သုံးလတိတိကျခံစေ။ တရားခံများ အချုပ်ခံရသော (၄.၁၂.၂၀၁၀) နေ့မှစ၍ချုပ်ရက်များကိုထောင်ဒဏ် မှ ထုတ်နုတ်ကျခံစေ” ဟူ၍ စီရင်ချက်တွင် ထည့်သွင်းထားသည်ကို တွေ့ရပါသည်။ တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရသည့်ကာလမှာ တစ်နှစ် နှင့်သုံးလရှိခဲ့သဖြင့် တရားရုံးမှ အမိန့်ချအပြီးတွင် တရားခံ(၁)နှင့် တရားခံ  (၄) တို့မှာ ထောင်မှလွတ်မြောက် သွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားကာစ၌လည်း ယင်းဖြစ်စဉ်သည် လူစည်ကားရာနေရာ၌ တရားဥပဒေမဲ့စွာ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူသည့် ရာဇ၀တ်မှုမျိုးဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် အနီးပတ်ဝန်းကျင်ရှိ လူအချို့ပင် ထိတ်လန့်ခဲ့ရကြောင်း၊ ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ထိရောက်ပြစ်ဒဏ်များ ချမှတ်ခြင်း ဖြင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို လက်ရှိအစိုးရသစ်၏ တရားစီရင်ရေး မဏ္ဍိုင်က သက်သေ ပြနိုင်လိမ့်မည်ဟု ယင်းဖြစ်စဉ်အား စိတ်ဝင်စားသူ ပြည်သူများက မျှော်လင့်ခဲ့ကြကြောင်းလည်း သိရသည်။
သေစေခြင်းဖြစ်တန်ရာသော ကိုယ်အင်္ဂါ နာကျင်မှုကို ဖြစ်စေရန် အကြံဖြင့် မည်သူမဆို ပြုလုပ်မှု တစ်ခု ခုကိုပြု၍ လူကိုသေစေလျှင် ထိုသူသည် လူသတ်မှုမမြောက်သည့် ရာဇ၀တ် ပြစ်ဒဏ်ကို ထိုက်သော လူသေမှုကို ကျူးလွန်သည် မည်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၉ တွင် ပြဋ္ဌာန်းထားချက်အရသိရသည်။
မည်သူမဆို လူသတ်မှုမမြောက်သည့် ရာဇ၀တ်ပြစ်ဒဏ်ထိုက်သော လူသေမှုကို ကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ် ကြီးပုဒ်မ ၃၀၄ တွင် ဆိုထားပါသည်။
ထို့အတူ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၀ တွင် ပြဋ္ဌာန်းထားသည်မှာ “ ပြုလုပ်မှုကို လူသတ်မှုမမြောက် သည့် လူသေမှုဖြစ်အောင်ပြုသော ပတ်ဝန်းကျင်အကြောင်းခြင်းရာ မရှိ ခဲ့သော်မည်သူမဆို သေစေရန် အကြံ ဖြင့်ဖြစ်စေ၊ ဖြစ်တတ်သောသဘော အရ အမှန်အားဖြင့် သေစေလောက် သော ကိုယ်အင်္ဂါနာကျင်မှုကိုဖြစ်စေ ရန်အကြံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုတစ် ခုခုကို ပြု၍ လူကိုသေစေလျှင် ထိုသူသည် လူသတ်မှု ကျူးလွန်သည် မည်၏”ဟု ပြဋ္ဌာန်းထားပါသည်။
ထို့ပြင် မည်သူမဆို တစ်သက် တစ်ကျွန်းဒဏ် စီရင်ခြင်းခံရသည့် အတွင်း၊ သို့တည်းမဟုတ် တင်ကူး ကြံရွယ်ချက်ဖြင့် သို့တည်းမဟုတ် ရာဇသတ်ကြီးအရ ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်း ခံထိုက်သော ပြစ်မှုကို ကျူးလွန်နေစဉ်လူသတ်မှုကို ကျူးလွန်လျှင် ထိုသူကို သေဒဏ်ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) အရ သိရသည်။
အလားတူ မည်သူမဆို အခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်ကြောင်း ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) တွင် ပြဋ္ဌာန်းထားပြီး ပြုလုပ်မှု တစ်ခုသည် တင်ကူးကြံရွယ်သော ပြုလုပ်မှုဖြစ်သည်၊ မဖြစ်သည်ဆိုသော အချက်မှာ အကြောင်းချင်းရာ ပြဿနာဖြစ်သည်ဟုလည်း ရှင်းလင်းချက်တွင် ဖော်ပြထားပါသည်။
“အထက်က အမှုမှာ တရားသူကြီးက တရားခံနှစ်ဦးကို ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ နဲ့ အလုပ် နဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်ပြီး ကျန်နှစ်ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅/၁၁၄ နဲ့ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်နဲ့ သုံးလ ချမှတ်ခဲ့ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ နဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်တယ်ဆို တာတောင်ဒီပုဒ်မရဲ့အမြင့်ဆုံး ထောင်ဒဏ် မဟုတ်သေးပါဘူး။ ပုဒ်မ ၃၂၅ ကတုံးသော လက်နက်နဲ့ အပြင်းအထန် နာကျင်စေမှုမျိုးမှာ ကျူးလွန်သူကို အရေးယူတဲ့ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်လို့ရတယ်ဆို တာကို ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် အမှုတစ်မှုမှာ တရားခံဟာ တရားသူကြီးရဲ့ ဆင်ခြင်သုံးသပ်မှုပေါ်မှာ မူတည်ပြီး ထောင်ဒဏ်အမြင့်ဆုံးဖြစ်တဲ့ ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်ခံရနိုင်သလို လျှော့ပေါ့တဲ့ပြစ်ဒဏ်လည်း ချမှတ်ခံရနိုင်ပါတယ်” ဟု ရှေ့နေ တစ်ဦးက ဆိုပါသည်။
တရားစီရင်ထုံးများနှင့် ပတ်သက်၍ ဥပဒေပညာရှင် တစ်ဦးက သုံးသပ်ပြောကြားခဲ့ရာ “အကြောင်း အရာနောက်ကို စီရင်ထုံးမလိုက်ရဘဲ စီရင်ထုံးနောက်ကိုသာ အကြောင်းအရာက လိုက်ရမယ်ဆိုတဲ့ ဥပဒေသ ရှိပါတယ်။ စီရင်ထုံးကို ကိုးကားတဲ့ နေရာမှာ အမှုအကြောင်းခြင်းရာချင်း တူဖို့လိုပါတယ်။ ကိုးကားပြီး ဆုံးဖြတ်ရမယ့်အမှုပါ အကြောင်းအရာဟာ ယခင်ချမှတ်ခဲ့တဲ့ စီရင်ထုံးပါ အကြောင်းအရာနဲ့ ကိုက်ညီမှုရှိဖို့တော့ လိုပါတယ်။ ဥပဒေပြဋ္ဌာန်း ချက်မှာ အတိအကျ အဓိပ္ပာယ်ဖွင့်ဆို ထားတာရှင်းလင်းစွာ ကောက်ယူနိုင်တဲ့ အချက်အလက်မျိုး မပေါ်ပေါက်ရင် အမှုတစ်ခုချင်းရဲ့ ဖြစ်ရပ်ပေါ်မူ တည်ပြီးတော့ တရားရုံးက ဆင်ခြင်တုံတရားနဲ့ သုံးသပ်ပြီးယခင်အဆက် ဆက်ချမှတ်ခဲ့တဲ့ စီရင်ထုံးကို ကိုးကားပြီးတော့ ဆုံးဖြတ်ပေးရပါ တယ်။ ဒါဟာ စီရင်ထုံးကို ဘယ်လိုနေရာမှာ သုံးရတယ်ဆိုတာကို ရှင်းပြတာပါ။ ဥပဒေပြဋ္ဌာန်းချက်မှာ အတိအကျ အဓိပ္ပာယ်ဖွင့်ဆိုထားတာ ရှိတယ်ဆိုရင်တော့ ဥပဒေပြဋ္ဌာန်းချက်နဲ့ စီရင်ထုံးယှဉ်လာရင် စီရင်ထုံး က ဥပဒေပြဋ္ဌာန်းချက်ကို လွှမ်းမိုးလို့ မရပါဘူး” ဟု ရှင်းပြခဲ့ပါသည်။
“ဖြစ်နိုင်မယ်ဆိုရင်တော့ တရားရုံးတစ်ခုက ချမှတ်လိုက်တဲ့ စီရင်ချက်တစ်ခုဟာ ဘယ်အဆင့်ကိုမှ ထပ်တက်စရာမလိုဘဲ အဖက်ဖက် က ကျေနပ်လက်ခံနိုင်တဲ့၊ တရား မျှတတဲ့ အဖြေမျိုးထွက်မယ်ဆိုရင် တော့ အကောင်းဆုံးပါပဲ။ ဒါဆိုရင် ပြည်သူအများက ယုံကြည်အားကိုး ရတဲ့ တတိယမဏ္ဍိုင် ပိုပီပြင်လာမှာ ဖြစ်ပါတယ်” တရားစီရင်ရေးမဏ္ဍိုင် အား လေ့လာနေသူတစ်ဦးက အကြံ ပြုပါသည်။
“လူမြင်ကွင်းမှာ အုပ်စုလိုက် ၀ိုင်းရိုက်လို့ သေဆုံးခဲ့ရတဲ့ဖြစ်စဉ် အပေါ် မူလက ပြစ်မှုဆိုင်ရာပုဒ်မ ကြီး ၃၀၂ (၂) လူသတ်မှုပုဒ်မနဲ့ တရားစွဲတာကို သက်ဆိုင်ရာ တရား သူကြီးက ပုဒ်မ ၃၂၅ အပြင်းအထန် နာကျင်စေမှု ပုဒ်မနဲ့ပြောင်းပြီး အမိန့် ချခဲ့ပါတယ်။ ဒီအမှုဖြစ်စဉ်မှာ ဥပဒေ ရှုထောင့်အရ ဘယ်လိုအနေအထား တွေရှိနေတယ် ဆိုတာထက် အများပြည်သူအမြင်၊ မီဒီယာရှုထောင့်က အမြင်အရတော့ ဒါဟာ မဖြစ်သင့် ဘူးလို့ထင်တယ်။ လူမြင်ကွင်းမှာ လူအများ ထိတ်လန့်တကြားဖြစ်စေနိုင်တဲ့ မင်းမဲ့စရိုက်ဆန်တဲ့ ရမ်းကားမှုတွေ ကို စနစ်တကျ တားဆီးနိုင်ဖို့ တရား ဥပဒေစိုးမိုးမှုက အဓိကကျပါတယ်။ အခုလိုအမိန့်ချတဲ့အပေါ် ပြည်သူတွေအနေနဲ့ ဥပဒေရဲ့ အကာအကွယ် ဟာ လုံခြုံမှုမရှိဘူးလို့ ခံစားရစေပါ တယ်။ ဒါကြောင့် ဒီဖြစ်စဉ်ဟာ မှားယွင်းစွာ ဆုံးဖြတ်တာဟုတ်၊ မဟုတ် ဒါမှမဟုတ် တရားစီရင်ရေးမှာ ပါဝင်ပတ်သက်သူတွေရဲ့အဂတိ လိုက်စားမှုကြောင့်လား၊ တရားစီရင်ရေး နောက်ကွယ်က ဘယ်လိုပါဝင်ပတ်သက်မှု ဖိအားတွေ ရှိနေလို့လဲဆိုတာ တွေကိုတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး သေချာစစ်ဆေး အဖြေရှာသင့် ပါတယ်။ လူသိရှင်ကြား ရှင်းလင်းမှုမျိုးတွေ လုပ်သင့်ပါတယ်။ နိုင်ငံတော် သမ္မတကြီးကလည်း  Rule of Law နဲ့ ပတ်သက်ပြီး ပြောထားတာဆိုတော့ ဒီလိုကိစ္စမျိုးတွေကို စနစ်တကျ စုံစမ်းစစ်ဆေး ပေးသင့်ပါတယ်” ဟု Weekly Eleven Journal ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့ပါသည်။
Unknown at 5:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

 The Voice ဂျာနယ်၌ ဖော်ပြခဲ့သော ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းပါရေးသားချက်များနှင့် ပတ်သက်ပြီး တရားစွဲရန် မသင့်တော်ဟု ရှုမြင်ကြ


The Voice ဂျာနယ်၌ ဖော်ပြခဲ့သော ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းပါရေးသားချက်များနှင့် ပတ်သက်ပြီး တရားစွဲရန် မသင့်တော်ဟု ရှုမြင်ကြ၊ အစိုးရသတင်းစာပါ ရေးသားဖော်ပြချက်သည် ကျင့်ဝတ်နှင့် ညီညွတ်မှုမရှိဟု ၀ါရင့် သတင်းစာဆရာများနှင့် ဥပဒေပညာရှင်များ သုံးသပ်
The Voice ဂျာနယ်၌ ဖော်ပြခဲ့သော “၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” သတင်းပါ ရေးသားချက်များနှင့်ပတ်သက်ပြီး တရားစွဲရန် မသင့်တော်ကြောင်းနှင့် အစိုးရသတင်းစာပါ သတင်းရေးသား ဖော်ပြချက်များသည် ကျင့်ဝတ်နှင့် ညီညွတ်မှုမရှိကြောင်း ၀ါရင့်သတင်းစာ ဆရာကြီးများနှင့် ဥပဒေပညာရှင် များက သုံးသပ်ခဲ့ကြပါသည်။
မတ်လ ၁၄ ထုတ် အစိုးရ သတင်းစာများတွင် “The Voice ဂျာနယ်တွင် ရေးသားထားသော သတ္တုတွင်းဝန်ကြီးဌာနနှင့် စပ်လျဉ်းသည့် ရေးသားချက်မှာ မှန်ကန်မှုမရှိ၊ စာစောင်ထုတ်ဝေသူနှင့် သတင်းရေးသား သူတို့အား ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်”ဟု သတင်းဖော်ပြခဲ့ ခြင်းဖြစ်ပြီး အဆိုပါသတင်း၌ ဖော်ပြထားချက်များမှာ ကျင့်ဝတ်နှင့် ညီညွတ်ခြင်းမရှိကြောင်း သုံးသပ်ခဲ့ခြင်း ဖြစ်ပါသည်။
အစိုးရ သတင်းစာများ၌ ဖော်ပြထားချက်မှာ "မတ်လ ၁၂-၁၈ ရက်စွဲပါ The Voice ဂျာနယ် အတွဲ(၈)၊ အမှတ်(၁၃)တွင် "၀န်ကြီးဌာနအချို့ ၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ”ဟူသော ခေါင်းစီးစာလုံးများဖြင့် သတင်းရေးသား ဖော်ပြခဲ့ရာ ယင်းသတင်း၌ သတ္တုတွင်းဝန်ကြီးဌာနနှင့် စပ်လျဉ်း၍ မမှန်မကန် ဖော်ပြမှုများ ပါဝင်နေကြောင်း သိရှိရသည်”ဟု သတင်းပထမပိုဒ် တွင် ဖော်ပြခဲ့ပါသည်။
ထို့နောက် သတင်းဒုတိယပိုဒ်တွင် "စာနယ်ဇင်းများသည် နိုင်ငံတော်၏ စတုထ္ထမဏ္ဍိုင်ဖြစ်ရာ ပြည်သူ့အကျိုးစီးပွားအတွက် မျက်နှာမလိုက်၊ ဘက်မလိုက်ဘဲ မှန်ကန်သည့် အကြောင်းအရာများအပေါ် အခြေခံပြီး တိကျမှန်ကန်စွာ အပြုသဘောဆောင် ရေးသားရမည်ဖြစ်သည်။ သို့မှသာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊  တရားစီရင်ရေးဟူသည့် မဏ္ဍိုင်(၃) ရပ် အပါအ၀င် ဌာနဆိုင်ရာ အသင်း အဖွဲ့၊ လူပုဂ္ဂိုလ်များအနေဖြင့် မီဒီယာ၏ အပြုသဘောဆောင်သည့် ထောက်ပြ၊ ပြုပြင်၊ တည့်မတ်မှုများ အပေါ် လေးစားတန်ဖိုးထားပြီး လိုအပ်သည့် တည့်မတ်၊ ပြုပြင်၊ ထိန်းသိမ်း၊ အရေးယူမှုများကို ဆောင်ရွက်  သွားနိုင်မည်ဖြစ်သည်”ဟု ဖော်ပြခဲ့ ပါသည်။
သတင်းတတိယပိုဒ်တွင် “ယခု ကဲ့သို့ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေချိန်တွင် စာနယ်ဇင်းကျင့်ဝတ်နှင့် မညီ၊ အပြုသဘောမဆောင်၊ ဂုဏ် သိက္ခာမရှိသော အရေးအသားများဖြင့် ဌာနများ၊ အသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူပုဂ္ဂိုလ်များအပေါ် မမှန်မကန်စွပ်စွဲရေးသားပါ တည်ဆဲ ဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူခြင်းခံရမည်သာ ဖြစ်သည်”ဟု ဆက်လက်ဖော်ပြခဲ့ပါသည်။
သတင်းနောက်ဆုံးပိုဒ်၌ “သတ္တုတွင်းဝန်ကြီးဌာနသည် The Voice ဂျာနယ်တွင် ဖော်ပြပါရှိသကဲ့ သို့ ငွေကြေးအလွဲသုံးစားမှုနှင့် ငွေ စာရင်းလိမ်လည်မှု၊ ဖုံးကွယ်မှု၊ ထိမ်ချန်မှု၊ လွှဲပြောင်းဖော်ပြမှု လုံးဝမရှိ ခဲ့ကြောင်း၊ The Voice ဂျာနယ်တွင် ရေးသားထားသော သတ္တုတွင်းဝန်ကြီးဌာနနှင့် စပ်လျဉ်းသည့် ရေးသားချက်မှာ မှန်ကန်မှုမရှိ၊ သတ္တုတွင်းဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ပြည်သူလူထု၏ ယုံကြည်အားထားမှုကို ယုတ်လျော့နစ်နာစေသော မမှန်မကန်စွပ်စွဲဖော်ပြ ရေးသားမှုများသာ ဖြစ်သည့်အတွက်  The Voice ဂျာနယ်ထုတ်ဝေသူနှင့် သတင်းရေးသားသူတို့အား ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနမှ သတင်းရရှိသည်”ဟု ဖော်ပြခဲ့ပါ သည်။
ထိုသို့ဖော်ပြခဲ့သော သတင်း၌ ခိုင်မာသော သတင်းရင်းမြစ် မပါရှိ ခြင်း၊ The Voice ဂျာနယ်တွင် ဖော် ပြပါထားသောအချက်များမှာ မမှန်မကန်စွပ်စွဲဖော်ပြ ရေးသားမှုများဖြစ် သည်ဟုဆိုလျှင်လည်း အဆိုပါဖော် ပြမှုကို ချေဖျက်ပြောဆိုနိုင်သည့် မှန်ကန်သောအချက်များကို ရေးသားမှု မရှိခဲ့ခြင်း၊ အထူးသဖြင့် သတင်း၌ သတင်းအင်္ဂါရပ်နှင့် သွေဖီသော ထင်မြင်ယူဆချက်များကိုသာ ဖော်ပြခဲ့ခြင်း အစရှိသော အချက်များက သတင်း စာကျင့်ဝတ်နှင့် ညီညွတ်မရှိကြောင်း ၀ါရင့်သတင်းစာ ဆရာကြီးများက သုံးသပ်ခဲ့ပါသည်။
“သတင်းစာက ဖော်ပြချက်ဟာ စွပ်စွဲချက်ပဲ ရှိပါတယ်။ သက်သေပြချက် အထောက်အထားကို ဖော်ပြနိုင် ခြင်းမရှိဘဲ တစ်ဖက်သတ်စွပ်စွဲချက် ကိုသာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ကျင့်ဝတ်နဲ့ မညီပါဘူး။ သတင်းစာတိုက်ကလူတွေဟာ စာနယ်ဇင်းကျင့်ဝတ်ကို နားလည်တယ်၊ သိတယ်ဆိုရင် ဒီလိုသက်သေမရှိပဲ တစ်ဖက်သတ် စွပ်စွဲချက်ဖြစ်နေတဲ့ သတင်း မျိုးကို ထည့်ဖို့တောင် မလိုပါဘူး”ဟု ၀ါရင့်သတင်းစာဆရာကြီး လူထုဦး စိန်ဝင်းက ပြောပါသည်။
လက်ရှိအချိန်တွင် နိုင်ငံတော် သမ္မတကြီးကိုယ်တိုင်က ဒီမိုကရေစီ ကျင့်စဉ်များကို လက်ခံကျင့်သုံးနေ ချိန်၌ အစိုးရ၀န်ကြီးများ အနေဖြင့် လည်း နိုင်ငံတော် သမ္မတကြီးကဲ့သို့  ဒီမိုကရေစီကျင့်စဉ်များကို နားလည် ရန်လိုအပ်ကြောင်း Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောပါသည်။
“ကျွန်တော့်အနေနဲ့ သမ္မတကြီးကို သမ္မတကြီးအနေနဲ့ clean goverment လို့ ဆိုထားပေမယ့် သမ္မတကြီးရဲ့ အစိုးရအဖွဲ့ဝင်တစ်ချို့ဟာ လာဘ်ပေးလာဘ်ယူ ကိစ္စတွေမှာ အရင်ကလိုပဲ ရှိနေသေး တယ်။ ခေါင်းမလုံရင် အိမ်က ပျက်စီးမှာပဲလို့ ဝေဖန်ဖူးပါတယ်။ ဒါကို သမ္မတကြီးလို အစိုးရအဖွဲ့တာဝန်အ ရှိဆုံးသူကတောင် အစိုးရအဖွဲ့ ဂုဏ်သိက္ခာထိပါးတယ်လို့ မယူဆခဲ့ဘူး။ ဒါဟာ အမှန်တရားပဲလေ။ ဒါဟာ သတင်းမီဒီယာရဲ့ အလုပ်ပဲ။ အခု ကိစ္စမှာ The Voice အနေနဲ့ ဘာမှမှားယွင်းခဲ့တယ်လို့ မမြင်ပါဘူး။ မယူဆပါဘူး။ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေအနေနဲ့လည်း သမ္မတကြီး လို ဒီမိုကရေစီကျင့်စဉ်တွေကို နားလည်ဖို့လိုမယ်”ဟု ဒေါက်တာသန်း ထွဋ်အောင်က ပြောကြားခဲ့ပါသည်။
အစိုးရသတင်းစာတွင် ဖော်ပြခဲ့သော သတင်းမှာကျင့်ဝတ်နှင့် လျော်ညီမှုမရှိသည့်အပြင် သတင်းပါ စွပ်စွဲချက်အတိုင်း တရားစွဲမည်ဆိုပါကလည်း အပြစ်ကျခံနိုင်စရာမရှိကြောင်း လူထုဦးစိန်ဝင်းက ဆက်လက်ပြော ကြားခဲ့ပါသည်။
“အခုကိစ္စမှာ တရားစွဲမယ်ဆိုရင်လည်း အပြစ်ကျခံရမှာ မဟုတ် ဘူး။ The Voice အပါအ၀င် ဂျာ နယ်တွေရေးခဲ့တာက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့ လွှတ်တော်ကို အစီရင်ခံခဲ့တယ်။ ဒီ အစီရင်ခံစာကို ဂျာနယ်တွေက သတင်းပြန်ရေးခဲ့တာဖြစ်တယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အစီရင် ခံစာကို ပြန်ပြီးသတင်းရေးတာဖြစ် တဲ့အတွက် ဒီထက်ခိုင်မာစရာ ဘာမှ မရှိတော့ဘူး။ ဂျာနယ်တွေမှာ လုံးဝ အပြစ်မရှိဘူး။ စတုထ္ထမဏ္ဍိုင်ပီသအောင် လုပ်ခဲ့တာပဲ ဖြစ်တယ်။ အခု အစိုးရသတင်းစာမှာ ဖော်ပြထားမှု က ဂျာနယ်တွေကို ခြိမ်းခြောက်တဲ့ သဘော ခြိမ်းခြောက်မှုဖြစ်နေတယ်။ ဂျာနယ်တွေကတောင် ပြန်ပြီးတရားစွဲဖို့ ကောင်းတယ်။ အစိုးရအဖွဲ့ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အစီရင် ခံစာကို ပြန်ပြီး သတင်းရေးသားတဲ့ သတင်းဂျာနယ်ကို တရားစွဲမယ်ဆို တာဟာ တရားစွဲမယ်ဆိုတဲ့သူတွေရဲ့ ဆင်ခြင်တုံတရား အင်မတန်နည်းပါးလို့ပဲလို့ ယူဆတယ်။ ဘယ် တရားရုံးမှ ဒီကိစ္စကို အရေးယူ ဆောင်ရွက်မယ်မထင်ဘူး”ဟု လူထုဦးစိန် ၀င်းက ပြောကြားပါသည်။
ဝါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းနည်းတူ သတင်းစာဆရာကြီး ဦးသာဘန်းကလည်း အစိုးရသတင်းစာများ၏ သတင်းဖော်ပြမှာ ပေးတာရေး၊ ပါတာဖတ်ဖြစ်နေသည့်အတွက် အမြင်လွဲမှားမှုဖြစ်စေ ပြီး ကျင့်ဝတ်နှင့်အညီ တိတိကျကျ ရေးသားသင့်ကြောင်း ထောက်ပြခဲ့ပါသည်။
“တစ်ပါတီအာဏာရှင် ခေတ်မှာ သတင်းအမှန် ဖော်ပြမှုတွေကို ပိတ်ထား၊ ဆို့ထားခဲ့ရာက ဒီနေ့လို ဒီမိုကရေစီသွားနေတဲ့ အချိန်မှာ ပြည်သူလူထု သိသင့် သိထိုက်တဲ့ အခုလို သတင်းတွေကို ဂျာနယ်တွေက ဖော်ပြလာတာဟာ ၀မ်းသာစရာကောင်း ပါတယ်။ တစ်ပါတီအာဏာရှင်ခေတ် မှာ သတင်းစာတွေရဲ့ ရပ်တည်ချက် ကတော့ အမှန်ကို ဖော်ပြတာမဟုတ်ပဲ သူတို့တွေက ပေးတာရေး၊ စာဖတ်ပရိသတ်တွေက ပါတာဖတ်ဆို တဲ့ ဆိုတဲ့အဆင့်ပဲ ရှိပါတယ်။ သတင်းဆိုတာကတော့ မှန်တာကိုရေးရမယ်။ တိတိကျကျဖြစ်ရမယ်။ မှန် တယ်ဆိုလည်း မှန်တဲ့အကြောင်း၊ မှားတယ်ဆိုလည်း မှားတဲ့အကြောင်း ကို တိတိကျကျဖော်ပြရမယ်။ အခု ကိစ္စမှာတော့ ဂျာနယ်တွေဘက်က တိတိကျကျ ဖော်ပြထားတာ ဖြစ်လို့  တရားစွဲလာမယ်ဆိုရင် ပြန်ပြီးတော့ ခုခံသွားရမှာပေါ့ဗျာ။ ဖြစ်နိုင်မယ်ဆိုရင် သတင်းဂျာနယ်တွေအနေနဲ့ ဖြစ် ခဲ့တဲ့ ငွေကြေးအလွဲသုံးစားဖြစ်မှုတွေ  ကို အတွင်းကျကျ စုံစမ်းဖော်ထုတ်ပြီး ခိုင်မာတဲ့ရင်းမြစ်တွေနဲ့ သတင်းဖော် ပြသင့်ပါတယ်။ ဥပမာ - ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာ့အလင်း သတင်းစာတိုက် ငွေကြေးအလွဲသုံးစား ပြုမှုရဲ့ နောက်ကွယ်က ကိစ္စမျိုးတွေ ကို အတွင်းကျကျ ဖော်ထုတ်ရေးသား သင့်ပါတယ်”ဟု ၀ါရင့်သတင်းစာ ဆရာကြီး ဦးသာဘန်းက ပြောကြား ခဲ့ပါသည်။
အစိုးရသတင်းစာပါ သတင်းဖော်ပြချက်နှင့်ပတ်သက်ပြီး တရား လွှတ်တော်ရှေ့နေ ဦးသန်းမောင်က သုံးသပ်ခဲ့ရာတွင် အကြောင်းအရာအရ The Voice သတင်းဂျာနယ်၏ ဖော်ပြမှုသည် မှားယွင်းမှုဟု မဆိုနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
“အကြောင်းအရာအရ ကြည့်မယ်ဆိုရင် The Voice ရဲ့ဖော်ပြမှုက မှားယွင်းတယ်လို မဆိုနိုင်ပါဘူး။ သူတို့ရေးတဲ့ သတင်းကို ပြန်ကြည့်ရင်လည်း ဒီအချက်ကိုတွေ့ရမှာပါ။ သူတို့အနေနဲ့ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးက ပြည်သူ့လွှတ်တော်ကို အစီရင်ခံခဲ့တဲ့ အစီရင်ခံစာကို အခြေခံပြီး ရေးသားခဲ့တယ်လို့ သူတို့သတင်း မှာ သတင်းရင်းမြစ် ဖော်ပြခဲ့ပါတယ်။ နောက်ပြီး ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ပြောစကားကိုလည်း သတင်းရင်းမြစ် ထုတ်ဖော်ပြီး ရေးသားခဲ့ပါတယ်။ ဒါကြောင့် သတ္တုတွင်းဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စဟာ မှားယွင်နေတယ်၊ မှားယွင်းဖော်ပြမှု သာဖြစ်တယ်ဆိုရင် ဒီအချက်တွေကို ဖော်ထုတ်တဲ့၊ အဓိကတာဝန်ရှိတဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက တာဝန်ရှိသူတွေနဲ့သာ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ The Voice နဲ့မဆိုင်ပါဘူး။ သူတို့သတင်းမှာလည်း ပြည် ထောင်စုစာရင်းစစ်ချုပ်ရုံး အစီရင်ခံ စာမှာပါတဲ့ အချက်အလက်တွေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ စကားကိုပဲ ဖော်ပြတာပါ။ သူတို့ထင်မြင်ယူဆချက် မပါပါဘူး။ အများပြည်သူ သိသင့်သိထိုက်တာ ကိုပဲ သတင်းဂျာနယ်အနေနဲ့ဖော်ပြခဲ့တာဖြစ်ပါတယ်”ဟု တရားလွှတ် တော်ရှေ့နေ ဦးသန်းမောင်က ပြောကြားခဲ့ပါသည်။
The Voice ဂျာနယ်၌ ဖော်ပြခဲ့သော သတင်းသည် ကျင့်ဝတ်နှင့်အညီ ဖော်ပြခဲ့ခြင်းဖြစ်သည့်အတွက် ယခုကိစ္စရပ်၌ Eleven Media Group အနေဖြင့် The Voice ဂျာနယ်ဘက်မှ ရပ်တည်သွားမည်ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။
“နောက်တစ်ခုက ၀န်ကြီးတစ်ဦးရဲ့လစာက ၅သိန်းပဲ ရတယ်။ အခု အစိုးရအဖွဲ့ သက်တမ်းတစ်နှစ်အတွင်းမှာ သူနဲ့သူ့သားသမီးတွေပိုင်ဆိုင်မှု က သိန်း ၅၀၀၀၀လောက်ရှိသွားပြီ လို့ ခန့်မှန်းရတယ်။ အဲဒီတော့ ကျွန် တော်တို့က လာဘ်ပေး၊ လာဘ်ယူမှု တွေ ဒီဝန်ကြီးဌာနမှာ ရှိလောက် တယ်လို့ ရေးတယ်။ ဒါကို မမှန်မကန် စွပ်စွဲတယ်။ ကျင့်ဝတ်နဲ့မညီဘူး။ အပြုသဘော မဆောင်ဘူးလို့ စွပ်စွဲလို့ မရဘူး။ ကျွန်တော်တို့ သတင်းမီဒီယာဆိုတာ ရဲမဟုတ်ဘူး။ သက်သေ အတိအကျ မရနိုင်ဘူး။ ကျွန်တော်တို့ ရေးတဲ့ သတင်းအပေါ် မှာ အငြင်းပွားရင် ရဲတို့၊ စသုံးလုံး တို့က စစ်ဆေး၊ အများသူငါ ထင်သာ မြင်သာအောင် သတင်းထုတ် ပြန်ပေါ့။ အခုကိစ္စမှာလည်း အငြင်းပွားဖွယ်ရှိရင် ပြည်ထောင်စုလွှတ်တော်၊ စာရင်းစစ်ချုပ်၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့က ၀င်စစ်ဆေးပေါ့ဗျာ။ ကျွန်တော်တို့ သတင်းမီဒီယာ မှာ ထောက်ပြစရာတွေ ထပ်ရှိသေး ရင်လည်း ထောက်ပြမှာပေါ့။ ကျွန်တော်တို့ဆီမှာ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကို တင်ပြထားတဲ့ အစီရင်ခံစာလည်း ရှိပါ တယ်။ ဒီကိစ္စမှာ The Voice ရဲ့ သတင်း ဖော်ပြချက်တွေဟာ ကျင့်ဝတ် နဲ့အညီ ဖော်ပြခဲ့တာဖြစ်တယ်။ ဒါကြောင့် Eleven Media Group အနေနဲ့ The Voice ဂျာနယ်ဘက်က ရပ်တည်သွားမယ်”ဟု ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။
The Voice ဂျာနယ်အနေဖြင့် မတ်လ၁၀ရက်နေ့က ထုတ်ဝေခဲ့သော ဂျာနယ် အတွဲ-၈၊ အမှတ် ၁၃၌ ၀န် ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိသတင်းကို မျက်နှာဖုံး သတင်းအနေဖြင့် ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။
သတင်း၏ပထမပိုဒ်၌ “ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန များ၏ ကျပ်သိန်းပေါင်း ထောင်ချီသော ငွေကြေး အလွဲသုံးစားပြုမှုများ နှင့် ငွေစာရင်း မမှန်မကန် ဖော်ပြမှုများကို ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက  ပြောကြားခဲ့သည်”ဟု ဖော်ပြခဲ့သည်။
အဆိုပါသတင်း၌ သတ္တုတွင်း ၀န်ကြီးဌာနနှင့် ပတ်သက်ပြီး သတင်းစာ ပိုဒ်တစ်ပိုဒ်သာ ဖော်ပြခဲ့ပြီး ယင်းဖော်ပြချက်မှာ”သတ္တုတွင်း ၀န်ကြီးဌာန အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၏ မုံရွာကြေးနီစီမံကိန်း၏ အစု ရှယ်ယာ ၅၀ရာခိုင်နှုန်းအား ဒေါ်လာ သန်းတစ်ရာဖြင့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချခဲ့သည့် ဖြစ်စဉ်တွင် ငွေပေးချေမှုများ၌ ဦးပိုင်လီမိတက်က ပေးချေရမည့်အစား နိုင်ငံခြား ကုမ္ပဏီတစ်ခုက ပေးချေခဲ့ခြင်း  စသည့်ဖြစ်စဉ်များ ပါဝင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ရှင်းပြသည်”ဟု ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။
Unknown at 5:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သတင်းလိမ်မှုကြောင့် The Voice ဂျာနယ် အရေးယူခံရ


သတင်းလိမ်မှုများကြောင့် အစိုးရ ဆန့်ကျင်ရေး မီဒီယာ တစ်ခုဖြစ်တဲ့ ဘီဘီစီ ကို လူအများ ဆန္ဒပြအပြီး၊ ငွေကျပ် သိန်း သုံးထောင် ကျော် အလွဲသုံးစား လုပ်မှု ကြောင့် DVB နဲ့ Burma VJ တို့ကို ပြည်သူအများ ရှုံ့ချခဲ့အပြီး မှာ အခု တခါမှာတော့ သတင်းလိမ်မှုကြောင့် ပြည်တွင်း ဂျာနယ် တစ်ခု ဖြစ်တဲ့ The Voice ဂျာနယ်လည်း အရေးယူခံရတော့မယ်လို့ သတင်းရရှိပါတယ်။

မတ် ၁၂-၁၈ ရက်စွဲ နဲ့ထုတ်ဝေ ရောင်းစားခဲ့တဲ့ The Voice ဂျာနယ် အတွဲ(၈)၊ အမှတ်(၁၃) မှာ ""ဝန်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲ သုံးစားမှုများ စစ်ဆေးတွေ့ရှိ'' ဆိုတဲ့ ခါင်းစဉ် နဲ့ ရေးထားတဲ့ သတင်းမှာ သတ္ထုတွင်း ဝန်ကြီးဌာနနှင့် ပတ်သက်ပြီး မမှန်မကန် လိမ်လည်ဖော်ပြမှုတွေ ပါဝင်နေတယ်လို့ သိရပါတယ်။ စာနယ်ဇင်း တွေဟာ နိုင်ငံတော်ရဲ့ စတ္ထုထဏ္ဍိုင်ြဖစ်ပြီး ပြည်သူ့အကျိုး စီး ပွား အတွက် မျက်နှာ မလိုက်၊ ဘက်မလိုက်ဘဲ မှန်ကန်သည့် အကြောင်းအရာပေါ် အခြေခံပြီး တိကျမှန်ကန်တဲ့ အပြုသဘောဆောင် ရေးသားရမှာဖြစ်ပါတယ်။ ဒါမှသာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတဲ့ မဏ္ဍိုင်(၃)ရပ်အပါအဝင် ဌာနဆိုင်ရာ ၊ အသင်း အဖွဲ့ ၊ လူပုဂ္ဂိုလ်များ အနေနဲ့ မဒီယာရဲ့ အပြုသဘောဆောင် တဲ့ ထောက်ြပ၊ ပြုပြင၊် တည့်မတ်မှုတွေအပေါ် တန်ဖိုးထားပြီး လိုအပ်တဲ့ တည့်မတ် ပြုပြင် ထိမ်းသိမ်း
အရေးယူမှုတွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဒီနေ့လို့ အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ စည်းကမ်းပြည့်ဝ တဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေချိန်မှာ စာနယ်ဇင်း ကျင့်ဝတ်နဲ့မညီ အပြုသဘောမဆောင၊် ဂုဏ်သိက္ခာ မရှိ တဲ့ အရေးအသားများနဲ့ ဌာနများ၊ အသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူပုဂိုလ် တွေ အပေါ်မှာ မမှန်မကန် စွပ်စွဲရေးသား ပါက တည်ဆဲဥပဒေများနဲ့ အညီ တရားစွဲ ခံရမှာ ဖြစ်ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာန ဟာ The Voice ဂျာနယ် မှာ ဖော်ပြသလိုမျိုး ငွေကြေး အလွဲသုံးစားမှု၊ ငွေစာရင်းလိမ်မှု၊ ဖုံးကွယ်မှု၊ ထိမ်ချန်မှု၊ လွှဲပြောင်းဖော်ပြမှု လုံးဝ မရှိခဲ့ကြောင်း၊ The Voice ဂျာနယ်မှာ ရေးထားတဲ့ သတ္ထုတွင်းဝန်ကြီးဌာန နဲ့ စပ်လျဉ်းတဲ့ ရေးသားချက်တွေဟာ မှန်ကန်မှု မရှိ ပဲ သတ္ထုတွင်း ဝန်ကြီးဌာန ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပြီး လူထု ရဲ့ ယုံကြည်အားထားမှုကို လျော့စေ တဲ့အတွက် The Voice ဂျာနယ် ထုတ်ဝေသူနဲ့ သတင်းရေးသူ တို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာန မှ အရေးယူ မယ့်အကြောင်းကို ၁၄ ရက်နေ့ထုတ် မြန်မာ့ အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

The Voice ဂျာနယ်ဟာ စတင် ထုတ်ဝေ တာ တစ်နှစ်ကျော်သာ ရှိသေးပြီး သတင်းလိမ်မှု၊ သတင်းထိမ်ချန်မှု နဲ့ ဘက်လိုက်ဖော်ပြမှု တွေ ကြောင့် နာမည်ပျက် နဲ့ ကြော်ကြားနေတဲ့ ဂျာနယ် တစ်ခုဖြစ်ပါတယ်။ ထို မကောင်းတဲ့အကျင့်များ၊ မီဒီယာ ကောင်း ကျင့်ဝတ်နဲ့ မညီမှုများကြောင့် The Voice ဂျာနယ်ကို ပြည်သူအများက မကျေမနပ် ဖြစ်နေကြောင်းလည်း သိရပါတယ်။ အခြား စာနယ်ဇင်းများကလည်း The Voice ဂျာနယ် ရဲ့ လူပြိန်းကြိုက် လုပ်ရပ်တွေက စာနယ်ဇင်း လောက ကို ပြည်သူလူထုက အယုံကြည် ကင်းမဲ့လာတာကြောင့် The Voice ဂျာနယ် ကို ထိမ်းသိန်း တည့်မတ်ပေးဖို့ ကြိုးစားနေကြတယ်လို့လည်း စာနယ်ဇင်းလောက မှ သတင်းများအရ သိရပါတယ်။

Myanmar Express
Unknown at 2:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံ့ဝန်ထမ်းများ လစာတိုးပြီတဲ့

 
နိုင်ငံ့ဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးငွေကို တစ်လလျှင် ငွေကျပ်သုံးသောင်း တိုးမြင့် ပေးလိုက်ကြောင်းနှင့် နေ့စားဝန်ထမ်းများအား မူလ သတ်မှတ်ထားသည့်နှုန်းထား ကျပ် တစ်ထောင့်တစ်ရာအပေါ် ကျပ်တစ်ထောင် တိုးမြင့်ပေးလိုက်ပြီး စုစုပေါင်း ကျပ်နှစ်ထောင့်တစ်ရာ တိုးမြင့်ပေးမည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းများမှတစ်ဆင့် သတင်းထုတ်ပြန် ကြေငြာခဲ့ပါ သည်။ အဆိုပါ တိုးမြှင့်မှုကို ဧပြီလ ၁ ရက်နေ့မှ စတင်ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။
EMG
Unknown at 2:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံရေးအကျဉ်းသားဟောင်းဆရာတော် ကျောင်းတက်ပွဲ ကျင်းပ

ရွှေဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ဆရာတော် ဦးပဏ္ဏဝံသ ခေါ် ဦးပြည်ကျော် အတွက် ကျောင်းတက်ပွဲနဲ့ သက်တော် ၅၅ နှစ်ပြည့် မွေးနေ့ ၀ိဇာတ အခမ်းအနားကို ဒီကနေ့ ရန်ကုန် ပုဇွန်တောင်မြို့နယ်က ရွှေတောင်ကျောင်းမှာ ကျင်းပပါတယ်။

Courtesy of Myit Ma Kha Media Group
နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်များအား သိမ်ထပ်မင်္ဂလာ ပြုလုပ်သော အခမ်းအနားနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်အား သူရသတ္တိရွှေတံဆိပ်ဆု ချီးမြှင့်သည့် အခမ်းအနားကို ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ဒဂုံမြို့သစ်အရှေ့ပိုင်း မကွေး ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပစဉ်။
၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုနောက်ပိုင်းမှာ ကျောင်းတိုက်ကို ချိတ်ပိတ်ထားခဲ့ရာက ပြန်လည် သီတင်းသုံးနေထိုင်ခွင့်ရတာနဲ့ပတ်သက်ပြီး ဆရာတော် ဦးပဏ္ဏဝံသ က လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက လာဖွင့်ပေးပြီး တရားဝင် ကျောင်းပြန်ထိုင်တာဖြစ်ကြောင်း၊ အဖမ်းဆီးခံ သံဃာတော်များ လွတ်လွတ်လပ်လပ် ပြန်လည်သီတင်းသုံးနေထိုင်ခွင့်ပြုတာ အစိုးရဘက်က သိစေချင်ပုံပါကြောင်း အာအက်ဖ်အေကို မိန့်ကြားပါတယ်။ ဆရာတော် ဦးပဏ္ဏဝံသဟာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ အရှင်ဦးဃောသိတကို ပံ့ပိုးကူညီမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အကျဉ်းထောင်မှာ ၄ နှစ်နဲ့ ၄ လ နေခဲ့ရပြီးနောက် သမ္မတ ဦးသိန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇန္န၀ါရီ ၁၃ ရက်က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ဆရာတော် ဦးပဏ္ဏဝံသရဲ့ ကျောင်းတက်ပွဲကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ စာပေပညာရှင်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ကျောင်းသားတွေ ပရိသတ် ထောင်နဲ့ချီတက်ရောက်လာကြကြောင်း သိရပါတယ်။ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရနဲ့ တခြားဆရာတော်တချို့ အကျဉ်းထောင်က ပြန်လွတ်လာတဲ့နောက် သီတင်းသုံးခဲ့တဲ့ မဂ္ဂင်ကျောင်းတိုက်ကို ချိတ်ပိတ်ထားခဲ့ရာကနေ ပြီးခဲ့တဲ့လက ပြန်ဖွင့်ပေးခဲ့ပါတယ်။
RFA
Unknown at 2:36 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လှည်းတန်းခုံးကျော် တံတားတည်ဆောက်ရန် မလွတ်ကင်းသည့် မြေအောက်ဝါယာနှင့် ရေမြောင်းများ ပြောင်းရွှေ့လိုက်ပြီ

ရန်ကုန်၊ မတ် ၁၃
လှည်းတန်းခုံးကျော်တံတား တည်ဆောက်နိုင်ရန် မြေအောက်ဝါယာ ကြိုးများနှင့်ရေမြောင်းများ ပြောင်းရွှေ့ခြင်းကို ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ရွှေတောင်ကုမ္ပဏီမှ စီအီးအို ဦးအောင်ဇော်နိုင်က ပြောသည်။
”မြေအောက်ဝါယာကြိုးနဲ့ ရေမြောင်းတွေကို ပြီးခဲ့တဲ့ စနေနေ့က ရှင်းလင်းပြီးပါပြီ။ မကြာခင် စတင်တည်ဆောက်မှာပါ” ဟု ၄င်းက လှည်းတန်းခုံးကျော် တံတား တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာပွဲ ပြုလုပ်ခဲ့သည့် မတ်လ ၁ဝ ရက်နေ့ တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လှည်းတန်းခုံးကျော် တံတား တည်ဆောက်ရန် ဒီဇိုင်းကို စင်ကာ ပူနိုင်ငံမှ ပညာရှင်များနှင့် မြန်မာအင်ဂျင်နီယာများ ပူးပေါင်း၍ ရေးဆွဲထားခြင်း ဖြစ်ကြောင်း ၄င်းက ဆက် လက်ပြောသည်။
လှည်းတန်းခုံးကျော် တံတားတည်ဆောက်ရန် အတွက် စည်ပင်သာယာမှ ကြီးကြပ်ကွပ်ကဲပြီး ရွှေတောင်ကုမ္ပဏီမှ တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ အချိန်ကာလတစ်ခု၌ တည်ဆောက်မှုတန်ဖိုးအတွက် ကုန်ကျငွေကိုဌာနမှ ကုမ္ပဏီသို့ ပြန်လည်ပေးရမည် ဖြစ်ကြောင်း စည်ပင်လမ်းတံတားဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။
ကုမ္ပဏီနှင့် စည်ပင် စာချုပ်ချုပ်ဆိုမည့် အစီအစဉ်တွင် ပဏာမ သဘောတူညီချက် (MoA) ရေးထိုး၍ အသေးစိတ်ငွေကြေး တွက်ချက်မှု ဆောင်ရွက်ပြီးမှသာ သဘောတူ  စာချုပ် လက်မှတ်ရေးထိုးခြင်း အဆင့်ဆင့် ဆောင်ရွက်ရန် ရွှေတောင်ကုမ္ပဏီမှ စီအီးအို ဦးအောင်ဇော်နိုင်က ပန္နက်တင်ပွဲအပြီး၌ စည်ပင်အရာရှိများကို တင်ပြခဲ့သည်။
တည်ဆောက်မည့် တံတားအမျိုးအစားမှာ သံမဏိ သံယက်မနှင့် သံကူကွန်ကရစ်ဖြစ်ပြီး တံတားအရှည်မှာ ၂၄၆၆ ပေ ရှည်လျားကြောင်း၊ သံကူကွန်ကရစ်လွန်တူး ဘိုးပိုင် အုတ်မြစ်အမျိုးအစားကို အသုံးပြုမည်ဖြစ်ပြီး တံတားအပေါ်တွင် သံမဏိသံယက်မ သံကူကွန် ကရစ်ကြမ်းခင်းနှင့် နိုင်လွန်ကတ္တရာ ခင်းကျင်းမည်ဖြစ်ကြောင်း ဦးအောင်ဇော်နိုင်က ပြောသည်။
တံတားအကျယ်မှာ ၅ဝ ပေ ၈ လက်မနှင့် တံတားအောက် ကင်းလွတ်အမြင့် ၁၈ ပေခန့် ထားရှိမည် ဖြစ်ပြီး ယာဉ်တစ်စီးခွင့်ပြု တန်ချိန်ကို တန် ၆ဝ သတ်မှတ်ထား ကြောင်း ၄င်းက စည်ပင်အရာရှိများအား ရှင်းလင်းပြောကြားသည်။
ဝေမာထွန်း    
Unknown at 11:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တန်ဖိုးနည်းဂျီ အရစ်ကျ ရောင်းပေးမည်


တန်ဖိုးနည်း ဂျီဖုန်းများကို ဟန်းဆက်နှင့် တွဲ၍ အရစ်ကျ စနစ်ဖြင့် ရောင်းချပေးမည်ဟု ABC Computer & Electronics ဆိုင်မှ တာဝန်ရှိသူက ပြောသည်။
”ဆက်သွယ်ရေးက ချထား ပေမယ့် ကျပ်နှစ်သိန်းတန် ဖုန်းပဲ ဖြစ်ဖြစ်၊ နှစ်သိန်းခွဲတန် ဖုန်းပဲဖြစ်ဖြစ် နှစ်မျိုးစလုံးကို အရစ်ကျ ရောင်းချ ပေးမှာပါ”ဟု ၄င်းက ပြောသည်။
ရောင်းချပေးမည့် အရစ်ကျပုံစံ မှာ ဖုန်းတန်ဖိုး ကျပ်နှစ်သိန်းနှင့် သုံးသောင်းတန် ဟန်းဆက်ကို တွဲ၍ လေးလ အရစ်ကျ ရောင်းချပေးမည် ဖြစ်သည်။ ဝယ်ယူမည် ဆိုပါ က ကျပ် ခြောက်သောင်းအား ဖုန်းစတင် ဝယ်ယူသည့်နေ့တွင် ကနဦး ပေးသွင်း ရမည်ဖြစ်ပြီး ကျန်ငွေကို လစဉ်ပေး သွင်းရမည် ဖြစ်ပြီး၊ ယင်းသို့ ရောင်း ချပေးရာတွင် ဝန်ဆောင်ခ အဖြစ် တစ်လလျှင် ကျပ် တစ်သောင်းကျ သင့်မည် ဖြစ်ကြောင်း သိရသည်။
”ဖုန်းနဲ့ ဟန်းဆက်က နှစ်သိန်း သုံးသောင်း၊ ဝန်ဆောင်ခက လေးသောင်း၊ စုစုပေါင်း နှစ်သိန်းခုနစ်သောင်း ကို ကနဦး ပေးသွင်းငွေ ခြောက်သောင်း ဖယ်ပြီး လေးလ ပေးသွင်းရမှာပါ။ တစ်လကို ငါးသောင်း နှစ်ထောင့် ငါးရာပဲ ကျပါတယ်။ သုံးသောင်းတန် ဟန်းဆက် မကိုင်ဘူး။ တစ်သိန်းတန် ဟန်းဆက် ကိုင်ချင် တယ် ဆိုရင်တော့ အရစ်ကျ ရောင်းမယ့် ဟန်းဆက်တန်ဖိုး သုံးသောင်း ဖယ်ပြီး ကျန်ငွေ ခုနစ်သောင်းကို လက်ငင်း ပေးချေသွားရမှာပါ”ဟု ၄င်းက ဆက်လက်ပြောသည်။
ယင်းသို့ ရောင်းချ ပေးရာတွင် ဘဏ်စနစ် ထည့်သွင်း မထားဘဲ ဆိုင်တွင် တိုက်ရိုက် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း၊ ၄င်းအပြင် မည်သည့် အထောက်အထား မှ ပေးအပ် ရမည် မဟုတ်ကြောင်း၊ ဖုန်း စာချုပ်ကိုမူ ငွေအကျေ ပေးသွင်းပြီး မှသာလျှင် ထုတ်ပေး သွားမည်ဖြစ်ကြောင်း ဆိုင် မှ သိရသည်။
အရစ်ကျ ဝယ်ယူမည် ဆိုပါက သတ်မှတ်ထားသော ABC အရောင်းဆိုင် များတွင် နာမည်စာရင်း ကြိုတင်ပေးသွင်း ရမည်ဖြစ်ပြီး အမည် စာရင်းကို ဧပြီလ ၁ ရက်နေ့ နောက်ဆုံး ပေးသွင်း ရမည် ဖြစ်ကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်း-ဝ၉-၈၆၂၇၄ဝ၃၊ ဝ၁-၂၂ဝ၇ဝ၈၊ ဝ၁-၃၈၈၁၆၅ တို့သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း ၄င်းဆိုင်မှ သိရသည်။
Popular Myanmar
Unknown at 11:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

NLD ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် အနုပညာရှင်များလိုက်ပါ၍ မဲပေးပုံမဲပေးနည်း မမှားယွင်းစေရန် ပညာပေး သရုပ်ဆောင် ပြသမည့်ရက်အား မတ်လ ၂၇ ရက်သို့ ရွှေ့ဆိုင်း


NLD ပါတီ၏ မဲဆွယ်စည်းရုံး ရေးခရီးစဉ်များတွင် အနုပညာရှင်များ လိုက်ပါ၍ မဲပေးပုံ မဲပေးနည်း မမှားယွင်းစေရန် ပညာပေးသရုပ် ဆောင်ပြသမည့်ရက်အား မတ်လ ၂၇ ရက်သို့ ရွှေ့ဆိုင်းလိုက်သည်ဟု သတင်းရရှိသည်။ မူလက ခရီးစဉ်ကို မတ်လ ၁၀ ရက်နေ့ည၌ စတင်ထွက် ခွာရန် စီစဉ်ထားပြီး မတ်လ ၁၁ ရက် နေ့တွင် ပြင်ဦးလွင်၊ မတ်လ ၁၂ ရက်နေ့တွင် စစ်ကိုင်းတို့တွင် ဖျော်ဖြေပြီးနောက် မုံရွာမြို့တွင် တစ်ညအိပ်ကာ ပုလဲနှင့် ပခုက္ကူတို့တွင် မတ်လ ၁၃ ရက်နေ့၌ ဆက်လက်ဖျော်ဖြေရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် ခရီးထွက်ခွာမည့်ရက်သည် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုချိန်နှင့်ရက် တိုက်နေသဖြင့် ပွဲပြုလုပ်ခွင့် ပါမစ် မရရှိသောကြောင့် မတ်လကုန်ပိုင်းဖြစ်သည့် မတ်လ ၂၇ ရက်မှ ၃၀ ရက်နေ့သို့ ပြောင်းရွှေ့သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
''ပထမတော့ ၁၀ ရက်နေ့မှာ စပြီးထွက်ဖို့ အားလုံးစီစဉ်ထားပြီး သားပါ။ သရုပ်ဆောင်တွေရော အဆိုတော်တွေရော အဲဒီရက်မှာရှိတဲ့ အလုပ်တွေအားလုံးကို ဖျက်ထားပါတယ်။ ဒါပေမယ့် ပွဲပါမစ်ကို အဲဒီရက်ကိုမရဘဲ လကုန်ပိုင်းမှ လုပ်ဖို့ကျလာတာကြောင့် ရက်ရွှေ့သွားတာပါ။ လောလောဆယ်တော့ ကျွန်တော်တင်ဆက်ကပြတဲ့ ပြဇာတ်တိုလေးကို ရိုက်ကူးပြီးသွားပါပြီ။ အဲဒီအခွေလေးကိုတော့ NLD ရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာ အခမဲ့ ဖြန့်ဝေနိုင်မှာပါ။ အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေးခရီးစဉ်ကတော့ ရက်ရွှေ့သွားတာပေါ့လေ။ အဲဒီရက်မှာတော့ အနုပညာအလုပ်တွေနဲ့ ရက်ညှိလို့ရတဲ့သူ တွေအားလုံးကတော့ လိုက်ပါကြမှာပါ။ အဓိကတော့ မဲပေးတဲ့အခါ စနစ်တကျ မဲပေးတတ်ဖို့နဲ့ မဲပေးတာနဲ့ ပတ်သက်တဲ့ ဗဟုသုတရှိဖို့ရယ်၊ NLD ပါတီစည်းရုံးရေး မသွားနိုင်တဲ့ မြို့နယ်တွေမှာ အနုပညာရှင်တွေက သွားပြီး ဖျော်ဖြေပေးကြမှာပါ'' ဟု အဆိုပါခရီးစဉ်တွင် ပါဝင်မည့် ဒါရိုက်တာဝိုင်းက ရှင်းပြခဲ့သည်။

အဲဒီရက်မှာတော့ အနုပညာအလုပ်တွေနဲ့ ရက်ညှိလို့ရတဲ့ သူတွေအားလုံးကတော့ လိုက်ပါကြမှာပါ။ အဓိကတော့ မဲပေးတဲ့အခါ စနစ်တကျ မဲပေးတတ်ဖို့နဲ့ မဲပေးတာနဲ့ပတ်သက်တဲ့ ဗဟုသုတ ရှိဖို့ရယ်၊ NLD ပါတီ စည်းရုံးရေးမသွားနိုင်တဲ့ မြို့နယ်တွေမှာ အနုပညာရှင်တွေက သွားပြီး ဖျော်ဖြေပေးကြမှာပါ . . .
ဒါရိုက်တာဝိုင်းသည် မဲပေးမှု နည်းစနစ် မှန်ကန်စေရန်နှင့် ကြိုတင်မဲ အပါအ၀င်မဲများနှင့် ပတ်သက်သည့် ဗဟုသုတ အခြေခံအချက်များအား ပြဇာတ်တိုအဖြစ် စီစဉ်ရိုက်ကူးထားခြင်းဖြစ်ပြီး ယင်းပြဇာတ်တိုတွင် ဒါရိုက်တာ ၀ိုင်း၊ လူမင်း၊ ရဲတိုက်၊ ထွန်းအိန္ဒြာဗို၊ ချစ်သုဝေ၊ ဝေဠု ကျော် စသူတို့ ပါဝင်သရုပ်ဆောင်ထားသည်ဟု သိရှိရသည်။  အဆိုပါ ပြဇာတ်တိုအား ရိုက်ကူးထားသည့်အခွေကို တည်းဖြတ်ပြီးစီးပြီဖြစ်ကာ NLD ပါတီ၏ မဲဆွယ် စည်းရုံးရေးခရီးစဉ်များ၌ အခမဲ့ ဖြန့်ဝေသွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။ မတ်လ  ၂၇ ရက်နေ့တွင် သွားရောက်မည့် ဖျော်ဖြေရေးခရီးစဉ်တွင်လည်း အဆိုပါပြဇာတ် တိုအား ကပြမည်ဖြစ်ကာ Metal Zone တီးဝိုင်းနှင့်အတူ တေးသံရှင်များကလည်း ပါဝင်သီဆိုပေးသွားမည်ဟု သိရှိရသည်။ အနုပညာရှင်များမှာ ဒါရိုက်တာဝိုင်း၊ လူမင်း၊ ဝေဠုကျော်၊ ချစ်သုဝေ၊ လင်းလင်း၊ သျီ၊ ဆောင်းဦးလှိုင်၊ ချောစုခင်၊ သအို၊ ဂျီလတ်နှင့် အနုပညာရှင်များ ပါဝင်ရန် စီစဉ်ထားသည်ဟု သိရှိရပါသည်။
EMG
Unknown at 11:30 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.