Wednesday, March 14, 2012

တန်ဖိုးနည်းဂျီ အရစ်ကျ ရောင်းပေးမည်


တန်ဖိုးနည်း ဂျီဖုန်းများကို ဟန်းဆက်နှင့် တွဲ၍ အရစ်ကျ စနစ်ဖြင့် ရောင်းချပေးမည်ဟု ABC Computer & Electronics ဆိုင်မှ တာဝန်ရှိသူက ပြောသည်။
”ဆက်သွယ်ရေးက ချထား ပေမယ့် ကျပ်နှစ်သိန်းတန် ဖုန်းပဲ ဖြစ်ဖြစ်၊ နှစ်သိန်းခွဲတန် ဖုန်းပဲဖြစ်ဖြစ် နှစ်မျိုးစလုံးကို အရစ်ကျ ရောင်းချ ပေးမှာပါ”ဟု ၄င်းက ပြောသည်။
ရောင်းချပေးမည့် အရစ်ကျပုံစံ မှာ ဖုန်းတန်ဖိုး ကျပ်နှစ်သိန်းနှင့် သုံးသောင်းတန် ဟန်းဆက်ကို တွဲ၍ လေးလ အရစ်ကျ ရောင်းချပေးမည် ဖြစ်သည်။ ဝယ်ယူမည် ဆိုပါ က ကျပ် ခြောက်သောင်းအား ဖုန်းစတင် ဝယ်ယူသည့်နေ့တွင် ကနဦး ပေးသွင်း ရမည်ဖြစ်ပြီး ကျန်ငွေကို လစဉ်ပေး သွင်းရမည် ဖြစ်ပြီး၊ ယင်းသို့ ရောင်း ချပေးရာတွင် ဝန်ဆောင်ခ အဖြစ် တစ်လလျှင် ကျပ် တစ်သောင်းကျ သင့်မည် ဖြစ်ကြောင်း သိရသည်။
”ဖုန်းနဲ့ ဟန်းဆက်က နှစ်သိန်း သုံးသောင်း၊ ဝန်ဆောင်ခက လေးသောင်း၊ စုစုပေါင်း နှစ်သိန်းခုနစ်သောင်း ကို ကနဦး ပေးသွင်းငွေ ခြောက်သောင်း ဖယ်ပြီး လေးလ ပေးသွင်းရမှာပါ။ တစ်လကို ငါးသောင်း နှစ်ထောင့် ငါးရာပဲ ကျပါတယ်။ သုံးသောင်းတန် ဟန်းဆက် မကိုင်ဘူး။ တစ်သိန်းတန် ဟန်းဆက် ကိုင်ချင် တယ် ဆိုရင်တော့ အရစ်ကျ ရောင်းမယ့် ဟန်းဆက်တန်ဖိုး သုံးသောင်း ဖယ်ပြီး ကျန်ငွေ ခုနစ်သောင်းကို လက်ငင်း ပေးချေသွားရမှာပါ”ဟု ၄င်းက ဆက်လက်ပြောသည်။
ယင်းသို့ ရောင်းချ ပေးရာတွင် ဘဏ်စနစ် ထည့်သွင်း မထားဘဲ ဆိုင်တွင် တိုက်ရိုက် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း၊ ၄င်းအပြင် မည်သည့် အထောက်အထား မှ ပေးအပ် ရမည် မဟုတ်ကြောင်း၊ ဖုန်း စာချုပ်ကိုမူ ငွေအကျေ ပေးသွင်းပြီး မှသာလျှင် ထုတ်ပေး သွားမည်ဖြစ်ကြောင်း ဆိုင် မှ သိရသည်။
အရစ်ကျ ဝယ်ယူမည် ဆိုပါက သတ်မှတ်ထားသော ABC အရောင်းဆိုင် များတွင် နာမည်စာရင်း ကြိုတင်ပေးသွင်း ရမည်ဖြစ်ပြီး အမည် စာရင်းကို ဧပြီလ ၁ ရက်နေ့ နောက်ဆုံး ပေးသွင်း ရမည် ဖြစ်ကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်း-ဝ၉-၈၆၂၇၄ဝ၃၊ ဝ၁-၂၂ဝ၇ဝ၈၊ ဝ၁-၃၈၈၁၆၅ တို့သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း ၄င်းဆိုင်မှ သိရသည်။
Popular Myanmar
Unknown at 11:35 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.