Wednesday, March 14, 2012

အင်တာနက် မြန်နှုန်းအတွက် ကန်ဒေါ်လာ သန်း ၄ဝ သုံးမည်

အသစ်ချိတ်ဆက်မည့် ရေအောက်ဖိုင်ဘာ ဆက်ကြောင်း SE-ME-WE-5 အတွက် ကန်ဒေါ်လာ သန်း ၄ဝအထိ သုံးစွဲရန် စီစဉ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်းအရာရှိ တစ်ဦးကပြောသည်။
အဆိုပါ ဆက်ကြောင်းအား တပ်ဆင်ရန် အချိန်သုံးနှစ်ခန့် ကြာမည်ဟု ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် သတ်မှတ်ထားသည့် အဖွဲ့ဝင်နိုင်ငံများပြည့်၍ သတ်မှတ် အချိန်ထက် စောပြီး ချိတ်ဆက်သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။
”ဒီဆက်ကြောင်း လုပ်ဖို့ အရင်းအနှီး အများကြီး ကုန်ကျမှာပါ။ ဒီအတွက် ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံကြီးတွေနဲ့ ဆွေးနွေးတာ အဆင်ပြေတဲ့အတွက် အမြန်ဆုံး ချိတ်ဆက်တော့မှာပါ။ မြန်မာနိုင်ငံအနေနဲ့ SE-ME-WE-5ဆက်ကြောင်း သွယ်တန်းဖို့ အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြု ခံရပါတယ်။ ဒါကြောင့် ကန်ဒေါ်လာ ၄ဝ လောက်အထိ သုံးစွဲသွားဖို့ စီစဉ်ထားပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
၎င်းဆက်ကြောင်းအား မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းနိုင်ငံများအနက် တရုတ်နိုင်ငံမှ အဓိကဦးဆောင်၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
”ဆက်ကြောင်း အကောင် အထည်ဖော်ဖို့ တရုတ်နိုင်ငံကပဲ သက်ဆိုင်ရာနိုင်ငံတွေကို ညှိနှိုင်း ဆောင်ရွက်ပေးတာပါ။ ငွေပေး သွင်းတဲ့ အခါမှာလည်း တရုတ် နိုင်ငံကိုပဲ အဓိက ပေးသွင်းရမှာ ပါ။ ဆက်ကြောင်းချိတ်ဆက် ဖြစ် ရင်တော့ ငွေကို အရစ်ကျပေး သွင်းသွားဖို့ ဆောင်ရွက်ထားပါတယ်” ဟု ၄င်းက ဆက်လက် ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အင်တာနက်သုံးနိုင်ရန် ဖိုင်ဘာဆက်ကြောင်း SE-ME-WE-3တစ်ခုသာ ချိတ်ဆက်ထားပြီး ၄င်းဆက်ကြောင်း ပြတ်တောက်သွားပါက အင်တာနက် ဆက်လက်သုံးစွဲရန် အရန်ဆက်ကြောင်းများ ရှိသော်လည်း လုံလောက်သော မြန်နှုန်းမရရှိသည့်အတွက် SE-ME-WE-3 ဆက်ကြောင်းကဲ့သို့ မြန်နှုန်း အလုံအလောက် ပေးနိုင်သည့် SE-ME-WE-4 နှင့် SE-ME-WE-5ဆက် ကြောင်းများအား ထပ်မံ ချိတ်ဆက်နေခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်များ အရသိရသည်။
ယင်းသို့ ဖိုင်ဘာ ဆက်ကြောင်းများ ထပ်မံချိတ်ဆက်ရာ၌ SE-ME-WE-4 ဆက်ကြောင်းမှာ စတင်ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်၍ ၄င်းဆက်ကြောင်းမှာ SE-ME-WE-5ထက်ဦးစွာ ချိတ်ဆက်နိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။
အောင်ဇော်  (ပေါ်ပြူလာဂျာနယ်)
Unknown at 5:19 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.