Wednesday, March 14, 2012

မြို့တွင်း လူသွား စင်္ကြန်များတွင် အီလက်ထရွန်းနစ် နှင့် နံရံကပ်ကြော်ငြာသာ စိုက်ထူ ခွင့်ပြုတော့မည်


မြို့တွင်း လူသွားစင်္ကြံန် များတွင် အီလက် ထရွန်းနစ် ကြော်ငြာဘုတ် များနှင့် နံရံကပ် ကြော်ငြာ များကိုသာ စိုက်ထူခွင့် ပြုတော့မည်ဟု စည်ပင်သာယာရေး ကော်မတီ ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။
လူသွားစင်္ကြံန် များပေါ်တွင် လမ်းသွားလမ်းလာ များကို အနှောင့် အယှက် ဖြစ်စေမည့် ကန့်လန့်ဆိုင်း ဘုတ်များ၊ ယာယီ ဆိုင်းဘုတ်နှင့် အမြဲတမ်း ကြော်ငြာဘုတ် များ ကို စိုက်ထူခွင့် ပြုတော့မည် မဟုတ်ဟု စည်ပင် သာယာရေး ကော်မတီက မတ်လ ၁ ရက် နေ့စွဲဖြင့် သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ ပိတ်ပင် ဆိုင်းဘုတ်များကို ဖြုတ်ရန် ၂ဝ၁၁ ခုနှစ် နှောင်းပိုင်း ကာလမှစ၍ သတင်း ထုတ်ပြန်ခဲ့ပြီး စိုက်ထူခွင့် ပေးထားသည့် ကြော်ငြာ သက်တမ်း ကာလ များ မတူညီခြင်းကြောင့် သက်တမ်း ကုန်ဆုံး ကာလများကို စောင့်ဆိုင်း နေခြင်းဖြစ်ကြောင်း စည်ပင် အရာရှိ တစ်ဦးက ဆိုသည်။
ကုန်ပစ္စည်း ထုတ်လုပ်သည့်  စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကလည်း အီလက်ထရွန်းနစ် ကြော်ငြာ တ်များနှင့် အမြဲတမ်း ကြော်ငြာဘုတ် များမှာ ကွာခြားမှု ရှိသော် လည်း တစ်ခုစီ၌ ကြော်ငြာ ပေါက်ရောက်မှု တန်ဖိုး တစ်မျိုးစီ ရှိ၍ မည်သည်က ပိုမို အားသာမှု ရှိသည်ဟု ပြော၍မရ ဟု ဆိုသည်။
”LED ဘုတ်ဆိုရင် ကုန်ပစ္စည်း အမျိုးအစား ၁ဝ မျိုးလောက်ကို တစ်ပြိုင်တည်း ကြော်ငြာလို့ ရသလို အမြဲတမ်း ကြော်ငြာဘုတ်တွေ ဆိုလည်း ကြော်ငြာရဲ့ ဆွဲဆောင်မှု အား တစ်မျိုး ရှိပါတယ်။ ဒီပြောင်းလဲမှု ကြောင့်တော့ ကြော်ငြာရှင်တွေ ဘက်က အများကြီး ပြောင်းလဲသွားတာမျိုး မရှိပါဘူး”ဟု၎င်းကပြောသည်။
ယခင်က LED ကြော်ငြာများ သည် အမြဲတမ်း ဘေဘုတ်များထက် ငွေကြေး ကုန်ကျမှု ပမာဏ များပြားသော်လည်း လက်ရှိ၌ LED ကြော်ငြာဘုတ် ပြုလုပ်မှု တန်ဖိုး သည် ယခင်ကာလ ထက် ထက်ဝက်ခန့် ဈေးလျော့နည်းလာသည့် အတွက် လုပ်ငန်းရှင်များ အတွက် အဆင်ပြေ နိုင်သည့် အနေအထား ရှိသည်ဟု အထက်ပါ စီးပွားရေး လုပ်ငန်းရှင် က ဆက်လက် ပြောသည်။
 ဝေမာထွန်း
http://popularmyanmar.com
Unknown at 8:03 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.