Tuesday, March 13, 2012
နာရေးကူညီမှုအသင်း တရားဝင်မှတ်ပုံတင်ကျပြီ
နာရေးကူညီမှုအသင်း (ရန်ကုန်)ကို မတ် ၁၂ရက်နေ့က သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး ဌာနက မှတ်ပုံတင် ပြန်လည် ချပေးလိုက်ပြီ ဖြစ်ပါတယ်။
၂၀၀၈ခုနှစ်ကထဲက အကြောင်း အမျိုးမျိုး ပြပြီး နာရေးကူညီမှု အသင်းကို မှတ်ပုံတင် ပြန်မချပေးခဲ့ဘဲ ထားရာက အခု အစိုးရသစ် သက်တမ်း ၁ နှစ် ကျော်ချိန်မှာမှ မှတ်ပုံတင် ပြန်ချ ပေးလိုက်တာပါ။
အသင်းဥက္ကဌ ဦးကျော်သူက တော့  နာရေးအသင်းအနေနဲ့ မှတ်ပုံတင် ချမပေးခဲ့တုန်းကလဲ အသင်းက လုပ်စရာရှိတာတွေ လုပ်နေခဲ့တာ ဖြစ်ပြီး၊  အခု မှတ်ပုံတင် ပြန်ချပေးလိုက်တဲ့ အတွက်  အသင်းအနေနဲ့လည်း ရှေ့ဆက် လုပ်ငန်းတွေ တိုးချဲ့ပြီး ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ၂၀၀၁ခုနှစ်က စတင်ဖွဲ့စည်းပြီး၊ နာရေးကိစ္စတွေ ကူညီဆောင်ရွက် ပေးခဲ့ရာ မှာ အရေအတွက်အားဖြင့် ၁ သိန်း ၂ သောင်းလောက်ကို  ကူညီပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
နာရေးကူညီမှု အသင်းဟာ  သုခကုသိုလ်ဖြစ်ဆေးခန်းကိုဖွင့်လှစ်ကာ  ကျန်းမာရေး စောင့်ရှောက်မှု ပေးနေပြီး ကနေ နေ့စဉ် လူနာပေါင်း၂၀၀ ကျော် အခမဲ့ ကုနေတာပါ။ ဆေးကုသတာ အပြင် ခွဲစိတ် ကုသခွင့် ရရှိရေး အတွက်လဲ ဆက်လက် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဦးကျော်သူကပြောပါတယ်။
နာရေးကူညီမှုအသင်းကို ၂၀၁၂ခုနှစ် မတ်လ၁၂ရက်ကနေ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်ထိ ၃ နှစ် သက်တမ်း မှတ်ပုံတင်ချပေးခဲ့တာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ
Unknown at 5:33 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရန်ကုန်စည်ပင်နယ်နိမိတ် လျှပ်စစ်ဆိုင်ကယ် အရေးယူမည်
အခု မြန်မာပြည် ဆင်ခြေဖုံးရပ်ကွက်တွေမှာ ခေတ်စားနေတဲ့ လျှပ်စစ်ဆိုင်ကယ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်တွင် လျှပ်စစ်ဆိုင်ကယ် (လျှပ်စစ်စက်ဘီး) များ စီးနင်းပါက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းကာ တိုင်းဒေသကြီးအစိုးရထံ တင်ပြသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။ အဆိုပါ လျှပ်စစ်ဆိုင်ကယ် (အများအခေါ်) လျှပ်စစ်စက်ဘီးကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ပြင်ပတွင်သာ စီးနင်းခွင့် ပြုထားပြီး စီးနင်းရန် လိုင်စင်ကို ရန်ကုန်တိုင်းဒေသကြီး က.ည.န တောင်ပိုင်းခရိုင်ရုံး (သန်လျင်) နှင့် မြောက်ပိုင်းခရိုင်ရုံး (အင်းစိန်) တွင်သာ လိုင်စင် ထုတ်ပေးလျက် ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မြောက်ပိုင်းခရိုင်ရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
သိမ်းဆည်းထားသော လျှပ်စစ်ဆိုင်ကယ် အစီး ၃၀ ကျော်ရှိပြီး ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် ရန်ကုန်မြို့တွင်း မောင်းနှင် စီးနင်းသော လျှပ်စစ်စက်ဘီးများ ဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး ယာဉ်ထိန်းရဲအရာရှိက ဆိုသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ပြင်ပတွင် လျှပ်စစ်ဆိုင်ကယ်စီးနင်းခွင့် လျှောက်ထားရာ တောင်ပိုင်းခရိုင်ရုံးတွင်သာ အစီး ၂၀ ခန့် လိုင်စင် ထုတ်ပေးထားကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း လိုင်စင်ထုတ်ပေးထားခြင်း မရှိသော်လည်း လိုင်စင်မရှိသော လျှပ်စစ်စက်ဘီးများစွာ မြင်တွေ့ကာ စီးနင်းမှုများ ရှိကြောင်း ယင်းရုံးထံမှ သိရသည်။ လျှပ်စစ်စက်ဘီး ဝယ်ယူမှုများမှာ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လျှပ်စစ်စက်ဘီးများ လိုင်စင်ထုတ်ပေးမည်ဟု ပြောကြားခဲ့သည့် နောက်ပိုင်း မြင့်တက်ခဲ့ကြောင်း တောင်ဥက္ကလာပ မြို့နယ်တွင် လျှပ်စစ်စက်ဘီးရောင်းချသူ တစ်ဦးက ဆိုသည်။ “အဲဒီတုန်းက အရောင်းအဝယ် တော်တော်ဖြစ်သွားတယ်။ အခုတော့ စီးရင်ဖမ်းမယ် ဆိုလို့ ဝယ်မယ့်သူတောင် မရှိတော့ဘူး”ဟု ၎င်းက ရှင်းပြသည်။
လျှပ်စစ်စက်ဘီးများမှာ ဘက်ထရီကို အားသွင်းထားပါက မိုင် ၃၀ ခန့်သာ အသုံးပြုနိုင်ပြီး မိုင် ၃၀ ပြည့်ပါက သူ့အလိုလို ရပ်တန့်သွားကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှုရှိကြောင်း၊ ခေတ်မီ၍ အချိန်ကုန်လူပင်ပန်း သက်သာသော စက်ပစ္စည်း ဖြစ်ကြောင်း လျှပ်စစ်စက်ဘီး ဝယ်ယူသူတစ်ဦးက ဆိုသည်။ အဆိုပါ လျှပ်စစ်စက်ဘီးများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်ရုံးနှင့် မြောက်ပိုင်းခရိုင် အင်းစိန်ရုံးတို့တွင် မှတ်ပုံတင် ဆောင်ရွက်ကာ စီးနင်းနိုင်သော်လည်း မြောက်ပိုင်းခရိုင်ရုံးတွင် လျှောက်ထားသူ မရှိသေးကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ပြင်ပ သန်လျင်၊ မှော်ဘီ၊ ထန်းတပင် စသည့် မြို့နယ်တို့တွင် စီးနင်းနိုင်ကြောင်း က.ည.န တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေအခန်း (၁)၊ ပုဒ်မ (၂) အပိုဒ် (က) အရ မော်တော်ယာဉ်ကို စက်အားဖြင့် ဖြစ်စေ၊ လျှပ်စစ်ဓာတ်အားဖြင့် ဖြစ်စေ အားလုံးကိုလည်းကောင်း၊ အချို့တစ်ဝက်မျှ သော်လည်းကောင်း အသုံးပြု၍ ပြည်သူများဆိုင်ရာ လမ်းများပေါ်တွင် မောင်းနှင်သွားလာသည့် သို့မဟုတ် မောင်းနှင်သွားနိုင်သည့် ယာဉ်များ ပါဝင်သည်ဟု ဖော်ပြထားသည်။ ယင်းဥပဒေ၏ အခန်း(၂) ပုဒ်မ (၃)တွင် မည်သည့် မော်တော်ယာဉ်မဆို မှတ်ပုံတင်မထားသော၊ မှတ်ပုံတင် ခေတ္တရပ်စဲထားသော၊ ဖျက်သိမ်းထားသော၊ သက်တမ်း ကုန်ဆုံးပြီးသော မော်တော်ယာဉ်ကို ပြည်သူတို့ဆိုင်ရာ နေရာတစ်ခုခုတွင် မည်သူမျှ မမောင်းနှင်စေရ၊ မောင်းနှင်ခွင့်မပြုရဟု သတ်မှတ်ထားပြီး လိုက်နာမှုမရှိပါက ထောင်ဒဏ်ခြောက်လအထိ ချမှတ်နိုင်ကြောင်း ယင်းဥပဒေအရ သိရှိရသည်။ 
By The Voice Weekly
Unknown at 5:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ပဒိုမန်း​ငြိမ်း​မောင်ကို တသက်တကျွန်းချမှတ်
နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခံရသူ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ကျခံစေဖို့ အင်းစိန် ထောင်တွင်း တရားရုံးက ဒီနေ့ စီရင်ချက် ချမှတ်လိုက်ပါတယ်။
ပဒို မန်း ငြိမ်း မောင်
ဒီနေ့ အင်းစိန်ထောင်တွင်းမှာ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ခရိုင် တရားသူကြီး ဦးလှဝင်း ရုံးထိုင်ပြီး အမှုစီရင်ခဲ့တာလို့ ပဒိုမန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
“ဘယ်လိုအမိန့်ချလည်းဆိုတော့ ၁၇/၁ နဲ့ ထောင် ၃နှစ်၊ အမြင့်ဆုံးပဲ။ နောက်တခါ ၁၂၂/၁ နဲ့ အနိမ့်ဆုံးပေါ့၊ တသက်တကျွန်း အဲဒါ ချတယ်။ ပြီးတော့ ပြစ်ဒဏ် ၂ ရပ်စလုံးအတွက် ၂မှုကို ပေါင်းပြီးတော့ ပြစ်ဒဏ်ကျခံစေလို့ ဆိုတော့ ၃ နှစ်က မရှိတော့ဘဲနဲ့၊ တစ်သက်တကျွန်း ဆိုတော့ အနှစ် ၂၀ ပေါ့။ ချုပ်ရက်ကို ထုတ်နှုတ်စေ၊ ဆိုပြီးတော့ အဲဒီလို အမိန့်ချတယ်။ ကျနော်တို့က မကျေနပ်ဘူးဆိုရင် ရက် ၆၀ အတွင်းကို အယူခံဝင်ပေါ့။ ဒေသလွှတ်တော် တရားရုံးမှာ အယူခံဝင်လို့ရတယ်။”
ပဒိုမန်းငြိမ်းမောင်ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကိုအသွား ထိုင်းကို ပြန်ဝင်ဖို့ ဗီဇာ အခက်အခဲတွေ့ရာကနေ မြန်မာပြည် ပြန်ပို့ခံရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင် တရားစွဲခံရတာပါ။ သူ့ကို နိုင်ငံတော် ပုန်ကန်မှု၊ တရားမ၀င် အသင်းအဖွဲ့တွေနဲ့  ဆက်သွယ်မှု စတဲ့ အမှုတွေနဲ့ စီရင်ထားတာပါ။
ပဒိုမန်းငြိမ်းမောင်ဟာ မိခင်အဖွဲ့အစည်းအဖြစ်တဲ့ ကေအန်ယူနဲ့ အစိုးရအကြား အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် ထောင်ထဲကနေ အကြံပေး ကြားဝင် ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး  သူ့ကို ဖမ်းဆီးမိအပြီးမှာ  အစိုးရနဲ့ ကေအန်ယူအကြား နှစ်ပေါင်း ၆၀ ကျော် ကြာ တိုက်ပွဲကို အပစ်အခတ် ရပ်ထားဖို့ ပဏာမ သဘောတူညီချက် ရခဲ့ပါတယ်။
ဒီဖြစ်ထွန်းမှုတွေကြောင့် ကနဦးပိုင်းက အစိုးရ ပြည်ထောင်စုဝန်ကြီး တဦးက ပဒိုမန်းငြိမ်းမောင်ကို ပြန်လည် လွတ်မြောက်မှာပါလို့ ထုတ်ပြောထားဖူးပါတယ်။ ပဒိုမန်းငြိမ်းမောင်ကို လက်ရှိကာလ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလ အခြေအနေအရပါ လွှတ်ပေးသင့် ပါတယ်လို့  သူ့ရဲ့ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
“ကျနော်တို့ဘက်က တင်ထားတာတော့ လွှတ်ပေးဖို့ပေါ့။ လွှတ်ပေးနိုင်တဲ့  အချက်အလက်တွေ ရှိတယ်။ ဘာလို့လည်းဆိုတော့ ၁ အချက် တရားစွဲဆိုမှု မှားတယ်။ တရားစွဲဆို ခွင့်ပြုမိန့်တွေကလည်း လိုအပ်နေတယ်။ နောက်တခါ ဖြစ်ရပ် တခုတည်းပေါ်မှာ အမှု ၂ မှု စွဲလို့မရဘူး။ စွဲမယ်ဆိုရင်လည်း နောက် တမှုကို အပြစ်မပေးရဘူး။ ဒါက ဥပဒေတွေပဲ၊ ဒါကြောင့် ဥပဒေအရ လွှတ်ပေးသင့်တဲ့ အကြောင်းပါ။
နောက် အကြောင်းချင်းရာအရ လွှတ်ပေးသင့်တဲ့ အကြောင်းတွေကတော့ အခုလို ကေအန်ယူ အဖွဲ့အစည်းကလည်း ပဏာမ လက်မှတ် ရေးထိုးထားတယ်။ သေနတ်ကိုင် ထားတယ်။ ကေအန်ယူ အဖွဲ့ကြီးက ခွဲထွက်သွားတဲ့ အဖွဲ့ ၅ ဖွဲ့ လောက်ကလည်း ငြိမ်းချမ်းရေး လက်မှတ် ထိုးထားတယ်။ သေနတ်ကိုင်ထားတယ်။ အဲဒီတော့ အဖွဲ့အစည်းတွေက အတူတူပဲ။ အဲဒီလို အတူတူမှာ ကေအန်ယူအဖွဲ့က လူကြီး တယောက်ကို ဒီလိုကွက်ပြီး အပြစ်ပေးတယ်ဆိုရင် တရားမျှတမှု ရှိမှာမဟုတ်ဘူး။ နောက် ပဒိုမန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေးအတွက် ကူညီပါဆိုလို့ တတ်နိုင်သမျှ သူ ကူညီခဲ့တယ်။ အကြံဥာဏ်တွေ ပေးခဲ့တယ်။ အဲဒီ အပေါ်မှာ တရားမစွဲပါဘူးလို့ ပြောပြီးမှ အခုလို တရားစွဲခဲ့တယ်။ အဲဒါကလည်း  အခုလို ငြိမ်းချမ်းရေး ယူနေတဲ့ ကာလမှာ ဒီလို မဖြစ်သင့်ဘူး။ ဒါကြောင့် ဒီအချက်အလက်တွေအရ လွှတ်ပေးသင့်တယ် ဆိုပြီး ဥပဒေအရ၊ အကြောင်းချင်းရာ အရကော ဒီလိုတော့ ပြောထားတာပေါ့။ အမှန်ကတော့ လွှတ်ပေးသင့်တဲ့ အမှုပေါ့။”
ပဒိုမန်းငြိမ်းမောင်အနေနဲ့ အမှုကို အယူခံတင်ဖို့ ဆန္ဒ ရှိ၊ မရှိကို မေးမြန်းပြီး ဆန္ဒ ရှိတယ် ဆိုရင် အယူခံတင်ရေး ဆက်လက် ဆောင်ရွက်မယ်လို့ ရှေ့နေ ဦးကြီးမြင့်က ဆက်ပြောပါတယ်။
ကေအန်ယူ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ ပဒိုဒေးဗစ်ထောကတော့ ပဒိုမန်းငြိမ်းမောင် အမှုမှာ ဆက်လက်ပြီး အယူခံနိုင်တာ၊ သမ္မတထံ အသနားခံစာ တင်နိုင်တာမျိုးတွေ ဥပဒေကြောင်းအရ ဆက် ရှိနိုင်သလို ကေအန်ယူအနေနဲ့လည်း ပဒိုမန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးဖို့ ဆက်လက် တောင်းဆိုသွားမှာ ဖြစ်လို့ ပြန်လည် လွတ်မြောက်မယ်လို့ ယုံကြည်တဲ့အကြောင်း  ပြောပါတယ်။
ပဒိုမန်းငြိမ်းမောင်ဟာ ကေအန်ယူ ဗဟို ကော်မတီဝင် တဦးဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီရဲ့ ခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။
ပဒိုမန်းငြိမ်းမောင်ဟာ အသက် ၇၀ ၀န်းကျင်ခန့် ရှိပြီ ဖြစ်ပြီး  ပျိုရွယ်စဉ်တုန်းကလည်း နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ကိုကိုးကျွန်းမှာ ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရဖူးပါတယ်။ 
ဒီဗွီဘီ
Unknown at 5:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မတ်လ ၁၄ ရက်နေ့မှစတင်ရောင်းချမည့်GSM, CDMA-450 MHz, WCDMA, CDMA-800 MHz စသည့် ဖုန်းများအကြောင်း
ချထားပေးမည့် ဖုန်းဈေးနှုန်းနှင့် အမျိုးအစား
GSM, CDMA-450 MHz, WCDMA, CDMA-800 MHz စသည့် ဖုန်းများကို ချထားပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းများအနေဖြင့် GSM ဖုန်းများအား ကျပ် နှစ်သိန်း၊ CDMA-450 MHz ဖုန်းများအား ကျပ် နှစ်သိန်း၊ WCDMA ဖုန်းများအား ကျပ် နှစ်သိန်းငါးသောင်း၊ CDMA-800 MHz ဖုန်းများအား ကျပ် နှစ်သိန်းငါးသောင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်းသုံးစွဲသူ ပြည်သူများသို့ အသိပေးတင်ပြချက်အရ သိရသည်။
ချထားပေးမည့် နေ့ရက်နှင့် နေရာ
ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးကို တစ်ပြိုင်နက်တည်း ချထားပေးခြင်းမျိုး မဟုတ်ဘဲ ဒေသအလိုက် ရက်သတ်မှတ်ပြီး ချထားပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ၂၀၁၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှစတင်ကာ ရောင်းချမည်ဖြစ်ပြီး ရောင်းချမည့်အစီအစဉ်များအနေဖြင့် မတ်လ ၁၄ ရက်နေ့တွင် ပြည်နယ်များအားလုံး၊ မတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး (၇) ခု (ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မပါ) တို့တွင် GSM မိုဘိုင်းဖုန်းများကို ရောင်းချပေးမည်ဖြစ်သည်။ ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး နှစ်နေရာအတွက် GSM မိုဘိုင်းဖုန်းများကို ဧပြီလ ၉ ရက်နေ့တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ WCDMA ဖုန်းများ ရောင်းချမှုအပိုင်း အနေဖြင့် အဆိုပါ ဧပြီလ ၉ ရက် နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး (ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မပါ) တို့တွင် ရောင်းချပေးသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၌မူ ဧပြီလ ၂၃ ရက်နေ့မှစတင်ကာ WCDMA ဖုန်းများကို ရောင်းချပေးသွားမည်ဖြစ်သည်။
စတင်ရောင်းမည့် ဖုန်းများ ရန်ကုန်၊ မန္တလေးတို့တွင် ယူဆောင်ပြောဆို၍ ရရှိဦးမည်မဟုတ်
မတ်လ ၁၄ ရက်နေ့မှ စတင်ကာ ရောင်းချပေးသွားမည့် အဆိုပါ တန်ဖိုးနည်း GSM ဖုန်းများကို လက်တလောကာလ၌ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး နယ်နမိတ်တို့တွင် ယူဆောင် ပြောဆိုဆက်သွယ်၍ ရရှိဦးမည်မဟုတ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ GSM/UMTS Network အားများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ Transmission လမ်းကြောင်းများနှင့် Gateway တို့ကို ပြီးစီး အောင်ဆောင်ရွက်ပြီးစီးသည့် အချိန်မှသာ ယူဆောင်ပြောဆို၍ ရရှိမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်၊ မေလ ပထမအပတ်မှသာ အဆိုပါဖုန်းများကို နေရာဒေသမရွေး ယူဆောင်ဆက်သွယ်နိုင်မည်ဖြစ် သည်ဟု မြန်မာဆက်သွယ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
လတ်တလောကာလ၌ CDMA 450 MHz နှင့် CDMA 800 MHz ဖုန်းများ ရောင်းချမည်မဟုတ်သေး
လတ်တလောကာလ၌ CDMA 450 MHz နှင့် CDMA 800 MHz ဖုန်းများ ရောင်းချမည်မဟုတ်သေးကြောင်းသိရှိရသည်။ အဆိုပါ မိုဘိုင်းဖုန်းများကို တည်ဆောက်ထားသည့် လိုင်းအင်အားများ ပြည့်နေ၍ ရောင်း ချပေးခြင်း မရှိသေးခြင်းဖြစ်ကြောင်း ရောင်းပေးမည့်အစီအစဉ်များကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မြို့ပြတွင်သာမက ကျေးလက်ဒေသအထိ တယ်လီဖုန်း တိုးချဲ့တပ်ဆင်သွားပြီး၊ တယ်လီဖုန်းသိပ်သည်းဆကို ၄၃ ဒဿမ ၈ ရာခိုင်နှုန်းအထိလည်းကောင်း၊ Broadband Wireless စနစ်အပါအ၀င် အင်တာနက် သုံးစွဲမှုကို ၉ ရာခိုင်နှုန်းအထိလည်းကောင်း တိုးတက်သုံးစွဲ နိုင်ရေး ဆောင်ရွက်မည်ဟု ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ရည်မှန်းချက်များတွင် ဖော်ပြ ပါရှိသည်။
ဝယ်ယူရမည့်ပုံစံ
ရောင်းချပေးမည့် ဖုန်းများအားလုံးကို ယခုလက်ရှိဝယ်ယူနိုင်သည့် ဖုန်းများ၏ပုံစံအတိုင်း ၀ယ်ယူနိုင်မည်ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ သတ်မှတ်အရောင်းဆိုင်များတွင် One Stop Service စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ လက်ရှိအဆိုပါစနစ်ဖြင့် ငါးသိန်းတန် GSM ဖုန်းများကို  ဆိုင်တော်တော်များများတွင်ရောင်းချပေးလျှက်ရှိသည်။
Internet Journal
Internet Journal
Unknown at 4:40 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်များ၌ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို ထပ်ဆောင်း ဘာသာရပ်အဖြစ် သင်ကြားပေးရန် အဆိုကို လွှတ်တော် အတည်ပြုခဲ့
From : ခေတ်လူငယ်
ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဝိဇ္ဇာပညာရပ်များနှင့် သိပ္ပံပညာရပ်များ သင်ကြားပေးနေသော တက္ကသိုလ်များ၌ နိုင်ငံရေး သိပ္ပံဘာသာရပ်ကို ထပ်ဆောင်းဘာသာရပ် (Additional Subject) အဖြစ် သင်ကြားပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရက တိုက်တွန်းကြောင်း ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၃ မှ ဦးဥာဏ်လင်း၏ အဆိုကို လွှတ်တော်က အတည်ပြုခဲ့ကြောင်း ပထမအကြိမ် အမျိုးသား လွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပရာမှ သိရသည်။ ၎င်းအဆိုကို ထောက်ခံဆွေးနွေးသူ များပြားခဲ့ကြောင်း၊ ၎င်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထား ရယူရာထောက်ခံသည့် လွှတ်တော် ကိုယ်စားလှယ်များသည့်အတွက် အဆိုကို အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုကို ဆွေးနွေးရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပညာရေးကဏ္ဍာတွင် ကျောင်းသားကျောင်းသူများအား စစ်မှန်သော နိုင်ငံရေးအသိစိတ် ပြည့်ဝစေရန်နှင့် နိုင်ငံရေးအတွေးအခေါ်များ ရင့်သန်လာနိုင်စေရန်အတွက် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို အခြေခံပညာအလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် အဆင့်အလိုက် သင်ကြားပို့ချသင့်ကြောင်းနှင့် အထူးသဖြင့် တက္ကသိုလ်အဆင့်တွင် နိုင်ငံရေးသိပ္ပံ ဌာနကြီးတစ်ခု ဖွင့်လှစ်ပြီး ထပ်ဆောင်းဘာသာရပ်ဖြင့် သင်ကြားပို့ချပေးသင့်ကြောင်း အစရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးကြကြောင်း သိရသည်။ အဆိုနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဘရွှေက ပြန်လည်ရှင်းလင်းဖြေကြားရာတွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်ဒီဂရီကောလိပ်များ၌ ပညာသင်ယူနိုင်မှု အခွင့်အလမ်းကောင်းများ ဖွင့်ပေး၍ အရည်အချင်း မြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးရန်အတွက် ပထမနှစ်ဘွဲ့ကြိုသင်တန်းများ အားလုံးတွင် မြန်မာ့ရေးရာဘာသာရပ်ကို သင်ကြားပို့ချလျက်ရှိသည့်အတွက် အဆိုကို မှတ်တမ်းတင်ထားသင့်ပါကြောင်း အစရှိသဖြင့် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 4:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အဆောင်အယောင်ဘ၀က လွတ်မြောက်ခဲ့သည်ရှိသော်
လွန်လေပြီးသော ၅ နှစ်တာကာလခန့်ကိုပြန်လည် တွေးတောကြည့်မည်ဆိုပါက ဇိမ်ခံကားတစ်စီးသာလျှင် မြန်မာပြည်သူပြည်သာတို့၏ အဆောင်ယောင်ဘ၀ကိုလွမ်းမိုးထားသည်မဟုတ် မိုဘိုင်းဖုန်း ဟန်းဆက်တို့သည်လည်း မြန်မာပြည်သူပြည်သားတို့၏ လက်ဝယ်၌ အဆောင်အယောင်ဘ၀ဖြင့် ခံညားထည်ဝါစွာ တည်ရှိခဲ့ကြလေသည်။ လူတစ်ဦးချင်းစီဝင်ငွေနှင့် ပိုင်ဆိုင်နိုင်ခြင်းမရှိသည့် မိုဘိုင်းဖုန်းလိုင်းတို့၏ ဈေးနှုန်းများသည် တရားဝင်ပေါက်ဈေး ၁၅ သိန်းကျပ်မှ ပြင်ပပေါက်ဈေး ၁၈ သိန်းဝန်းကျင်ဖြင့် ၀ယ်ယူအသုံးပြုနိုင်သူတို့အတွက်သာ ခောတ်ကာလ၏ အဆောင်အယောင်ကို ပိုင်ဆိုင်နိုင်မည့် အခြေအနေဖြစ်ခဲ့သည်။ ဒီအချိန်ကာလမတိုင်ခင်ကဆိုလျှင် မိုဘိုင်းဖုန်းလိုင်း တစ်လိုင်းမှာ ငွေကျပ် ၂၅ သိန်း ၀န်းကျင်အထိရှိခဲ့ဖူးပေသည်။ အဆိုပါ ပမာဏတစ်ခုသည် ရန်ကုန်မြို့ ၌ သာမန်မြေကွက်တစ်ခုကို ကောင်းစွာပိုင်ဆိုင်နိုင်သော အခြေအနေပင်ဖြစ်လေသည်။ မိုဘိုင်းဖုန်းလိုင်းသည် အချိန်ကာလတစ်ခုအတွက် အမှန်တကယ်ကိုပင် အဆောင်အယောင်တစ်ခုဖြစ်စေခဲ့သည်။ ဆက်သွယ်ရေးစနစ်အတွက်အထောက်အကူဖြစ်ရန် သိန်းပေါင်းများစွာ အကုန်အကျခံဝယ်ယူထားသော်လည်း မိမိဆက်သွယ်လိုသည့် လူ၊ ပုဂ္ဂိုလ် အများစုမှာသိန်းပေါင်းများစွာ ၀ယ်ယူအသုံးမပြုနိုင်သဖြင့် မိမိ၏ မိုဘိုင်းဖုန်းလိုင်းမှာ ဆက်သွယ်ရေးမရရှိသည့် လူသားအဆောင်အယောင်တစ်ခုသာ ဖြစ်မြဲဖြစ်စေခဲ့သည်။၂၀၁၁ ခုနှစ်အရောက်မှာတော့ ဘိုးဘွားပိုင်အဖြစ် ရိုသေစွာလက် ဆင့်ကမ်းသုံစွဲနေကြသည့် မိုဘိုင်းဖုန်းလိုင်းများဟာ ငွေကျပ်၅ သိန်းတန်မိုဘိုင်းဖုန်းလိုင်းများ၏ တုပပြိုင်ဆိုင်ခြင်းကို ထင်မှတ်မထားဘဲ ကြုံတွေ့ခဲ့ရလေသည်။ ဒီလိုနဲ့ပဲ မိုဘိုင်းဖုန်းလိုင်း ဟုသောအဆောင်အယောင်ပစ္စည်းတစ်ခုသည် လူသားတို့အတွက် ဆက်သွယ်ရေးကွန်ရက်တစ်ခုအဖြစ် ရုတ်တရက်ပြောင်းလဲသွားစေခဲ့သည်။““မင်းဘယ်ရောက်နေပြီလဲ၊ ထမင်းစားပြီးသွားပြီလား”” ဟုသော တစ်နေ့တာအသေးအမွားကိစ္စရပ်တွေမှအစ အတိုင်းအဆမရှိသော အရေးကြီးကိစ္စရပ်မျိုးစုံတို့ကို မိုဘိုင်းဖုန်းကွန်ရက်ပေါ်မှ နေ့စဉ်လုပ်ကိုင် ဆောင်ရွက်လာခဲ့ကြသည်။ မိုဘိုင်းဖုန်းလိုင်းများကို ၁၅ သိန်းမှ ၅ သိန်းကျပ်သို့ လျော့ချပေးခဲ့သော် လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အရှုံးပြသွားခဲ့သည်တော့မဟုတ်။ ဆက်သွယ်စရာဖုန်းလိုင်းများပေါများလာသည့်အလျောက် ဆက် သွယ်ဆိုင်ရာနှုန်းထားများ မြင့်တက်လာသည့်အတွက် ခေါ်ဆိုခဘီလ် ဈေးနှုန်းများမှာ ယခင်ထက်ပိုမိုရရှိ လာမည်မှာသေချာပေသည်။ သို့သော် အဆိုပါအခြေအနေသည် ကျေးလက်နေလူတန်းစား များအတွက်ကိုပင် မဆိုထားနှင့် မြို့နေလူတန်းစား အစုံအလင်ကိုပင် လွမ်းခြုံနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ နိုင်ငံ၏ လူဦးရေမှာသန်း ၆၀ ၀န်းကျင်ရှိ သော်လည်း မိုဘိုင်းဖုန်းလိုင်းများ၏ အရေအတွက်မှာ ၁ သန်းဝန်းကျင် သာရှိခဲ့လေသည်။ ထို့ကြောင့် မိုဘိုင်းဖုန်းလိုင်းသည် အဆောင်အယောင်ဘ၀ကိုသာ ဆက်လက်ခင်တွယ်နေဆဲဖြစ်ကြောင်း မှတ်ချက်ပေးရမလိုရှိသည်။ အကယ်၍ လူဦးရေ သန်း ၆၀ အနက် လူဦးရေ သန်း ၃၀ မှာ မိုဘိုင်းဖုန်းပိုင်ဆိုင်သူများဖြစ်ကြသည်ဆိုခဲ့ပါက လူသားတို့နေ့စဉ် ဖြတ်သန်းနေကြသည့် နယ်ပယ်အ သီးသီးကိုတစ်မျိုးတစ်ဖုံသို့ပြောင်းလဲသွားမည်မှာ အသေအချာပင်ဖြစ်သည်။ မကြာသေးမီက သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာကို လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချစေရေးအတွက် မည်သို့မည်ပုံ အသုံးချနိုင်မလဲဆိုသည့် အဖြေကိုရှာ ဖွေဖို့အမျိုးသားအဆင့်အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို နေပြည်တော်၌ ပထမဦးဆုံးအကြိမ်ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့လည်း နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။ ပြည်တွင်း သာမက ပြည်ပမှ ပညာရှင်များလည်းတက်ရောက်ခဲ့ကြသည်။ ဆွေးနွေးမှုများ၌ Mobile Commerce ဟုသော အကြောင်းအရာ အချို့လည်းပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ၏ နယ်ပယ်အသီးသီး၌ ခောတ်မှီဖွံ့ဖြိုးတိုးတက်လာရန်အတွက် e Commerce စနစ်ကို ပီပြင်စွာအသုံးချနိုင်ရန်လိုအပ်နေခြင်းမှသေချာသည်။  ပညာရှင်များ၏ ဝေဖန်ထောက်ပြချက်အရ မြန်မာနိုင်ငံအနေဖြင့် e Commerce စနစ်သို့ ဦးစွာပထမတက် လှမ်းနိုင်ခြင်းမရှိသေးသော်လည်း Mobile Commerce ကိုတော့ကောင်းစွာဖန်တီးတည်ဆောက်ပေးနိုင် သည့်အနေအထားတွင်ရှိကြောင်းသိရသည်။ Mobile Commerce ဖြစ်တည်ရန်အတွက် လူတိုင်းလက်ဝယ်၌ မိုဘိုင်းဟန်းဆက်ရှိရန်တော့လိုအပ်သည်။ Mobile Commerce ကြောင့် ပထမဦးဆုံးလက်တွေ့အကျိုးပြုမည်မှာ သွားလာမှုကုန်ကြစရိတ်များပင်ဖြစ်သည်။ ဒုတိယမြောက် အကျိုးပြုမည်မှာ လျှင်မြန်သော သတင်းအချက်အလတ်ကို ဦးဦးဖျား ဖျားပိုင်ဆိုင်၍ အကျိုးရှိရှိပြန်လည် အသုံးချနိုင်ခြင်းပင်ဖြစ်သည်။ မိုဘိုင်းဖုန်းလိုင်း တစ်လိုင်းအတွက် ကုန်ကျစရိတ်တစ်ခုရှိနေဆဲဖြစ်သော်လည်း မိုဘိုင်းဖုန်းလိုင်းတစ်လိုင်းမရှိ၍ အပိုကုန်ကျမည့်စရိတ် များနှင့် နှိုင်းယှဉ်ပါကအသုံးပြုသင့်သည်ဟုတော့ထင်သည်။ သို့သော် မိမိတစ်ဦးတည်းအနေဖြင့် မိုဘိုင်း ဖုန်းလိုင်းဝယ်သူအသုံးပြုနိုင်မည်ဆိုပါက အကျိုးသက်ရောက်မှုများရှိတော့မဟုတ်။ ကိုယ်ပိုင်အဆောင် အယောင်တစ်ခု အနေဖြင့်သာ မိုဘိုင်းဖုန်းလိုင်းကို ကိုင်ဆောင်ထားခြင်းဖြစ်တော့မည်။ မိုဘိုင်းဖုန်းလိုင်းများ၏ ဈေးနှုန်းများ ယခုထပ်လျော့ကျလာပြီး လူတိုင်း၊ လူတိုင်းသည် မိုဘိုင်းဖုန်းလိုင်းများပိုင်ဆိုင်လာကြပါက ဆက်သွယ်ရေးနည်းပညာ၏ အကျိုးပြုလုပ်ငန်းစဉ်များကို သုံးစွဲသူတို့လက်တွေ့ခံစားကြမည်ဖြစ်သည်။ နိုင်ငံ၏ လက်ရှိဥပဒေအရ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းသည် ယှဉ်ပြိုင်မှုမရှိသော အစိုးရလုပ်ငန်းတစ်ခုအနေဖြင့်သာတည်ရှိနေလေသည်။ ဥပဒေများပြင်ဆင် ရေးဆွဲပြီးပါက ပုဂ္ဂလိကဆက်သွယ်ရေး ၀န်ဆောင်မှုများပေါ်ပေါက်လာ မည်ဟုမျှော်လင့်ထားရပြီး မိုဘိုင်းဖုန်းလိုင်းများ၏ ဈေးနှုန်းမှာလည်း အာဆီယံဒေသတွင်းနိုင်ငံများနှင့် တန်းတူဖြစ်လာနိုင်သည်ဟု ဆက်လက်မျှော်လင့်ရပါသည်။ဒေသတွင်းနိုင်ငံအချို့၌ မိုဘိုင်းဖုန်းလိုင်းများကို အခမဲ့အသုံးပြုခွင့်ပေးခဲ့ကြသည်။ အချို့နိုင်ငံများသည် မြန်မာနိုင်ငံထက် ဖွံ့ဖြိုးတိုးတက်မှု ပိုမိုနောက်ကျခဲ့သော်လည်း မိုဘိုင်းဖုန်းလိုင်းဈေးနှုန်းကိုမှု လူတန်းစားမျိုးစုံအသုံးပြုနိုင်သည့် ဈေးနှုန်းအဖြစ်သို့ပြင်ဆင်သက်မှတ်ပေးခဲ့ကြသည်ဟုလည်းသိရသည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်၌ မိုဘိုင်းဖုန်းလိုင်းဈေးနှုန်းကို တစ်ဆင့်ချင်း လျော့ချပြောင်းလဲရန် စီစဉ်နေကြသည်ဟု ယူဆရသည်။ ယခုလ ၅ ရက်နေ့၌ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် ထုက်ပြန်ချက်အသစ်တစ်ခုကိုကြေညာခဲ့သည်။ အဆိုပါကြေညာချက်အရ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းတို့၏ ဈေးနှုန်းမှာ ငွေကျပ် ၅ သိန်းမှ ငွေကျပ် ၂ သိန်းအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ မတ်လ ၁၄ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အတွင်း တစ်နိုင်ငံလုံး အတွက်၈ျီအက်စ်အမ်ဖုန်းတွေချထားပေးမည်ဟု ကြေညာချက်၌ပါဝင်သည်။ အလားတူ WCDMA မိုဘိုင်းဖုန်လိုင်းတွေကိုလည်း ဈေးနှုန်း ကျပ်နှစ်သိန်းခွဲနဲ့ ဧပြီလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာ ချထားပေးတော့မည်ဟုကြေညာချက်၌ ဖော်ပြပါရှိသည်။ မြန်မာ့ဆက်သွယ်ရေးမှ ချထားပေးမည့် မိုဘိုင်းဖုန်းလိုင်းများသည် ဒေသတွင်း၌သာသယ်ဆောင်အသုံးပြုနိုင်သည့် မိုဘိုင်းဖုန်းလိုင်းများဖြစ် ကြပြီး မေလ သို့ရောက်ရှိမှသာ တစ်နိုင်ငံလုံးအတိုင်းအတာကို သယ်ဆောင်အသုံးပြုနိုင်မှာဖြစ်ကြောင်းသိရသည်။ ငွေကျပ် ၅ သိန်းတန်ဖုန်းလိုင်းအဖြစ် အများပြည်သူသို့ရောင်းချခဲ့စဉ်က မြို့နေလူတန်းစားအချို့၏ လက်ဝယ်၌ မိုဘိုင်းဖုန်းများကိုမြင်တွေ့ရသည်မှာ အားတက်စရာတစ်ခုဖြစ်ခဲ့သည်။ ယခုတစ်ဖန် ငွေကျပ် ၂ သိန်းတန်အဖြစ် မိုဘိုင်းဖုန်းလိုင်း များကိုရောင်းချတော့မည် ဖြစ်သည့်အတွက် ကျေးလတ်နေလူတန်းစားအချို့၏ လက်ဝယ်၌လည်းမိုဘိုင်းဖုန်းလိုင်းများမြင်တွေ့ရလိမ့်မည်ဟု မျော်လင့်မိသည်။ နိုင်ငံလူဦးရေ ထပ်ဝက်ခန့်၏ လက်ဝယ်၌ မိုဘိုင်းဖုန်းလိုင်းများ ကိုင်ဆောင်ထားသည် မြင်တွေ့လို ပါသည်။ သို့မှသာ မိုဘိုင်းဖုန်းလိုင်း များအနေဖြင့် အဆောင်အယောင်ဘ၀မှ ဆင်းသက်လာမည်လည်းဖြစ်သည်။ မိုဘိုင်းဖုန်းလိုင်းများအနေဖြင့် အဆောင်အယောင်ဘ၀မှဆင်းသက်လာခဲ့ပါက Mobile Commerce လုပ်ငန်းစဉ်များလည်းပီပီပြင်ပြင်ပေါ်ပေါက်လာမည်ဖြစ်သည်။ လက်ရှိတည်ဆောက်ထားရှိသည့် မိုဘိုင်းဖုန်းကွန်ရက်သည် 3G ကွန်ရက်ဖြစ်သည့်အလျောက် အင်တာနက်စနစ်ကို အထောက်အပံ့ပေးသွားမည်ဖြစ်ပေသည်။ မိုဘိုင်းဖုန်းပေါ်၌ အင်တာနက်စနစ်ကိုအသုံးပြုနိုင်စေခဲ့ခြင်းကြောင့် Mobile Commerce သည်လည်းပို၍ ပီပြင်လာမည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စီမံကိန်းအရ ၅ နှစ်တာကလာအတွင်း မိုဘိုင်းဖုန်းလိုင်း သန်း ၃၀ ကိုချထားပေးမည်ဟုသိရသည်။ သို့ သော်ဈေးနှုန်းများကိုမှု မည်သို့မည် ပုံဆက်လက်သက်မှတ်ပေးသွားမည်ကိုမှုမသိရသေးပေ။ စီမံကိန်းအရ မိုဘိုင်းဖုန်းလိုင်းအသုံးပြုမှုနှုန်းမှာနှစ်စဉ်တိုးတက်လာမည်မှာသေချာသည်။ ဆက်လက်ချထားပေးမည့် မိုဘိုင်းဖုန်းလိုင်း၏ ဈေးနှုန်းများမှာ လူတန်းစားမျိုးစုံအတွက် လက်လှမ်းမိလာခဲ့ပါက မိုဘိုင်းဖုန်းလိုင်းဟူသည်မှာလည်းအဆောင်အယောင်ဘ၀မှလွတ်မြောက်၍ အသုံးအဆောင်ဘ၀သို့ရောက်ရှိလာမည်မှာ မလွဲဧကန်ပင် ဖြစ်လေတော့သည်။
 Internet Journal
Unknown at 4:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အငြိမ်းစား ဝန်ထမ်းပင်စင်နှင့် နိုင်ငံရေးပင်စင်အရွေ့ သို့မဟုတ် နေညိုချိန် တိမ်တောက်ခြင်း
အတင်းတိုးဝှေ့လိုက်သော လူအုပ်ရဲ့အရှိန်ကြောင့် သူယိုင်လဲ တော့မလိုဖြစ်သွားသည်။ ဒါပေမဲ့ သံဆန်ခါ ကိုဆုပ်ကိုင်ထားသော သူလက်တို့ ပြုတ်မသွား။ တွဲကျနေသော အရေပြား၊ အရိုးသက်သက် သူလက်တို့မှာ ဒီလောက်အားမာန် ကျန်နေဦးမည် (သို့မဟုတ်) ဒီလောက် ခွန်အားသစ်ထုတ်ရမည့် အချိန် ရောက်လာဦးမည်ဟု မတွေးဖူးခဲ့ပါ။ လက်ထဲရောက်လာသော လျှောက်လွှာစာရွက်ကို ကျစ်ကျစ် ဆုပ်ရင်း မိတ္တူဆိုင်ရှေ့က သူ့လိုပင် သက်တူရွယ်တူ ပင်စင်စားတွင်းဆုံးကျ လူအုပ်ထဲက တွန်းတိုက်ထွက်လာ ခဲ့သည်။ မိုးတဖွဲဖွဲကျနေသော မှိုင်း ညှို့ညှို့ ရန်ကုန် မနက်ခင်းအောက်တွင် တိုးမြှင့်ပင်စင်လစာ တောင်းခံလွှာ စာရွက်ကိုယ်စီဖြင့် ထီးဆောင်း ရန်ပင် မေ့လျော့နေကြသော နိုင်ငံဝန်ထမ်းဟောင်း အဖိုးအို၊ အမယ်အို များမှာ သူတို့ကံကြမ္မာအား မည်သူ့ လက်ဝကွက်အပ် ရဦးမည် မသိဟူ သော ခံစားချက်များကို ဖော်ပြနေသလိုပင်။  ''ဒီလိုမျိုးမျှော်လင့်မထားဘူး။ ပိုက်ဆံရမယ့်ကိစ္စပဲ။ ပျော်တာပေါ့။ ၁၉၇၇ မှာ ပင်စင်ရတယ်။ တစ်ဝက် ကို ရောင်းထားတာ။ အခု ၁၁၈ ကျပ် ပြား ၅ဝ ပေါ့။ အဲဒါကို တစ်နှစ် တစ်ခါ စုထုတ်နေရတာ။ လမ်းစရိတ်ပါပဲ။ ခုလိုအမိန့်ထွက် လာတော့ ဘဝမှာ တစ်ခါမှအများ ကြီးမရဖူးတဲ့ ပိုက်ဆံကိုင်ရပြီပေါ့ လေ'' ဟု တုန်ရင်တိုးလျစွာ ပြောနေသော  ပန်းဘဲတန်းမြို့နယ်မှ အသက် ၈၆ နှစ်အရွယ် ကုန်သွယ်ရေး ဝန်ထမ်းဟောင်း အဖိုးအို၏ စကားသံချည့်နဲ့မှုက အသက်အရွယ် ကြောင့်ဖြစ်မည်ထင်ပါသည်။ ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၁ ရက် ထုတ် နိုင်ငံပိုင်သတင်းစာနှင့် ရုပ်သံ များ၌ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီးရုံး၊ အမိန့် ကြော်ငြာစာအမှတ် (၁ဝ၆/၂ဝ၁၁) ၂ဝ၁၁ ခုနှစ်ဇွန်လ ၃ဝ ရက် ရက်စွဲပါ နိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်သတ်မှတ်ခြင်းနှင့် နိုင်ငံရေး ပင်စင်လစာများအား တိုးမြှင့်သတ် မှတ်ခြင်း၊  ထုတ်ပြန်ချက်များ ဖော်ပြ ပါရှိလာပြီးနောက် တစ်ကြိမ်တစ်ခါမှ အလေးထားအာရုံစိုက်ခံရ ခြင်းမရှိ ခဲ့သည့် ပင်စင်စားလောကအတွင်း ဆူပွက်လှုပ်ခတ်သွားခဲ့သည်။ ယင်းကြော်ငြာစာနှင့် ပူးတွဲပါရှိ သည့် ပင်စင်လစာစာအုပ်နှင့် ယခင် ပင်စင် လစာခွင့်ပြုခဲ့သည့် အမိန့်စာ များယူဆောင်၍ သက်ဆိုင်ရာ ရုံး ဌာနများသို့ ကိုယ်တိုင်အမြန်ဆုံး  ဆက်သွယ်သတင်းပို့ ဆောင်ရွက်သွားကြ ရန်နှိုးဆော်ထားသည့် အတွက် သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံးများနှင့် ကုန်သည်လမ်းပေါ်ရှိ ပင်စင်ရေးရာ ဌာနများတွင် ဇူလိုင်လ ၄ ရက် နံနက်ခင်းမှစ၍ အဖိုးအို၊ အမယ်အို များ စုရုံးလာရောက်ခဲ့ကြသည်။ တချို့က တစ်ဦးတည်း၊ တချို့က သားသမီးများဖြင့်  ကူကာ တွဲကာ။ ပုံစံစာရွက်များအခမဲ့ ထုတ်ယူ နိုင်ပါသည်ဟု သက်ဆိုင်ရာ ရုံးဌာန အဝင်တံခါးတွင် စာကပ်ထားသော် ငြား ရန်ကုန်မြို့၏ လာဘ်မြင်သော မိတ္တူဆိုင်များတွင် အဖိုးအဖွားများမှာ အသက်အရွယ်နှင့်မမျှ တိုးကြိတ် ဝယ်ယူနေကြသည်။ ပင်စင်ရုံးအဝ တွင်လည်း သံဘာဂျာ တံခါး အတင်း စေ့ပိတ်၍ မရအောင်အလုအယက် လျှောက်လွှာ ဝင်ယူနေကြသူများ အပြည့်အသိပ်။ သို့ပေသည့်အားလုံးက ဒီအနေအထားကို နှစ်ပေါင်းများစွာ အလေ့အကျင့်ရနေပုံပင်။ ''လက်ရှိအစိုးရသစ်ရဲ့ ထူးခြား တဲ့ အပြောင်းအလဲလုပ်ဆောင်မှုပါပဲ။ အရမ်းကောင်းပါတယ်။ သက်ကြီး ပင်စင်လောက်သာ ထင်ထားတာ။ ဒီအတိုင်းဆို အရမ်းကောင်းပါတယ်။ ဘယ်လိုတွက်ချက်ပေး မယ်ဆိုတာ တော့မသိဘူး။ ခုခက်တာက လျှောက်လွှာထုတ်ပြီး ဘာဆက်လုပ် ရမလဲမသိတာပဲ။ မိခင်ဌာနကို ဆက်သွယ်သတင်းပို့ရမယ် ဆိုတာလည်း တာဝန်ထမ်းခဲ့တဲ့ နေရာလား၊ တိုင်း ဒေသကြီးလား၊ နေပြည်တော်ပဲ သွား ရမှာလား ဘယ်သူမှ သေသေချာချာ မညွှန်ဘူး။'' ဟု လျှောက်လွှာ လာ ထုတ်သည့်အသက် ၆၉ နှစ်ရှိ ပြန်ကြားရေး ဝန်ထမ်းဟောင်းတစ်ဦး က ဝေဖန်သည်။ ရန်ကုန်မြို့အကျယ်ကြီး ထဲတွင်  စိတ်ရောကိုယ်ပါ မည်သည့် အာရုံ နောက်မှအလွယ်တကူ မလိုက်နိုင် တော့သော သက်ကြီးရွယ်အိုများ အတွက် တစ်နေရာမှ တစ်နေရာ အရွေ့က ခတ်ခဲပင်ပန်းလွန်းပါသည်။ တချို့ကလျှောက်လွှာများကိုင်ရင်း ဘဏ်များသို့ပြေးသည်။ ဟိုလူ့မေး ဒီလူ့မေး ဟိုနေရာတစ်စု ဒီနေရာ တစ်စု။ လက်ရှိအသားကျ လည်ပတ် နေသော ယန္တရားကြီးကတော့ အပြောင်းအလဲမရှိ ရွေ့လျားဆဲ။ ''ဒါနဲ့ပဲ ကြွေးထပ်တင်ဦးမယ် ထင်ပါရဲ့''ဟု ကုန်သည်လမ်း ပင်စင် ဌာနရုံးမှ သက်ဆိုင်ရာဌာနသို့ သွား ရန်ကားငှားနေသည့် လမ်းလျှောက်တုတ် ဖြင့်တစ်လှမ်းချင်း မှေးလျှောက်နေရ သော အသက် ၈၄ နှစ်ရှိ ဆက်သွယ် ရေးဌာနမှ အငြိမ်းစားအရာရှိဟောင်း ဦးအုန်းမြင့်ကဆိုသည်။ ''အဘက ပင်စင်နှစ်ခုပါ။ ဆက် သွယ်ရေးကပင်စင်ရယ်၊ တာဝန်ပေး ချက်အရ မင်္ဂလာတောင်ညွှန်မြို့နယ် မှာ မြို့နယ်တရားသူကြီးအဖြစ် ၈ နှစ်ထမ်းဆောင်ခဲ့တဲ့ တရားသူကြီး တာဝန်အတွက် နိုင်ငံရေးပင်စင်ရယ် ပေါ့။ ဆက်သွယ်ရေးက ပင်စင် ၁၄ဝဝ ရတယ်။ နိုင်ငံရေး ပင်စင်က ၅ဝဝ ရတယ်။ ဝန်ထမ်းဘဝ တစ်လျှောက်လုံး ရိုးရိုးသားသားပဲ လုပ်ခဲ့တော့ အခုဆင်းရဲနေတာပေါ့။  အဘတို့က အခွင့်အရေး ကို ဘာမှ မတောင်းခဲ့ဘူး။ မော်ကွန်းဝင်အဆင့် လည်းရခဲ့ပေမယ့် ဒါတွေနဲ့ပတ်သက် လို့ မခံစားခဲ့ရဖူးပါဘူး။ ဒါကတော့ ၁၉၉၁ ပင်စင် ယူခဲ့တဲ့နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးထူးထူးခြားခြား  ခံစားရတော့မယ့်အနေအထား ပါ''ဟု အဘက အပြုံးဖြင့်ပြောသည်။ သေချာတာ ကတော့ အားလုံး ပျော်နေကြသည်။ တက်ကြွနေကြ သည်။ တစ်ချိန်တစ်ခါက တိုင်းပြည် ၏ တာဝန်များကို ကျရာကဏ္ဍအ သီးသီးမှ သူတို့ ထမ်းပိုးထမ်းခဲ့ကြ ပြီးပြီ။ ကာလများစွာလည်း ငြိမ်သက် တိတ်ဆိတ်စွာ သူတို့ ရှင်သန်နေခဲ့ကြ ပြီးပြီ။ ထိုနေ့က ... ပလက်ဖောင်း ပေါ်မှာ၊ လက်ဖက်ရည်ဆိုင်တွေမှာ၊ လမ်းပေါ်မှာ ဘဝတူတွေချင်း မိတ်ဖွဲ့ ကြ၊ မေးကြ၊ မြန်းကြ၊ ရနိုင်မည့် ငွေကြေးပမာဏကို အချင်းချင်း ငြင်း ခုံဆွေးနွေးနေကြသည်မှာ ဘဝ တစ်လျှောက်လုံး မျိုသိပ်ထားကြရ သမျှ အကုန်ဖွင့်ထုတ်နေကြသလား ဟုပင် ခံစားမိသည်။ ''ဝန်ထမ်းဘဝနဲ့ မိသားစုကို လုပ်ကျွေးခဲ့တာပါ။ ကုန်သွယ်ရေး အောက်က ပစ္စည်းဖြန့်ဖြူးရေးဌာနမှာ စာရေးကြီးပေါ့။ ဒါပေမဲ့ ပင်စင် လစာနဲ့ မိသားစုကို ဘာမှပြန်မလုပ်ပေးနိုင်ခဲ့ဘူး။ လူပိုတစ်ယောက်လိုနေခဲ့ရတယ်။ ခုတော့ သင်္ချိုင်းခြေတစ်ဖက်လှမ်းချိန် ရောက်မှ မိသားစုအတွက် ပြန် ထောက်ပံ့ပေးနိုင်တော့မယ် ထင်ပါတယ်။ ပင်စင်က ၃ဝဝ ကျော်ပါ။ အခု ဘယ် လောက်ရမလဲမသိဘူး။ ကျန်းမာရေး လည်းမကောင်းတော့ သိပ်မလှုပ်ရှား နိုင်ပါဘူး။ မနည်းအားတင်းလာရတာ။ ကလေးတွေကလည်း မအားကြ တော့ တစ်ယောက်တည်းလာတာ။ ဝမ်းသာပါတယ်။ မသေခင် လက်မတင်လေး ကံထတာထင်ပါရဲ့'' ဟု လှည်းကူးမြို့နယ်မှ အသက် ၇ဝ ရှိ အဘိုးတစ်ဦးကလည်း ရင်ဖွင့်ခဲ့သည်။ အရွယ်နှင့်မလိုက်အောင် ဖျတ် လတ်တက်ကြွ နေသောအဘိုးအဘွား များကို ငေးရင်း ပင်စင် ဌာနရုံးရှေ့မှာ ကျွန်တော်ကိုယ်တိုင် ဝမ်းသာ နေမိ သည်။ သောင်းဂဏန်း၊ သိန်း ဂဏန်း ခံစားခွင့်ရနေသော ပင်စင်သမားများ အတွက် မသိသာဟုဆိုနိုင်သော်လည်း ရာဂဏန်း၊ ထောင်ဂဏန်းနှင့် လမ်းစရိတ်သာသာ ခံစားနေခဲ့ရသော ချို့တဲ့နိုင်ငံ့ ဝန်ထမ်းဟောင်း များစွာ အတွက်တော့ မင်္ဂလာတရားက ကိုယ်ထင်ပြသလိုပဲ ဖြစ်ပါလိမ့်မည်။ ''လက်ရှိအနေအထားမှာ ဒီလို ရာဂဏန်း၊ ထောင်ဂဏန်းသမားတွေ လစဉ်ဖြစ်ဖြစ်၊ ပေါင်းပြီးဖြစ်ဖြစ် လာ ထုတ်နေတယ်ဆိုတာ သူတို့ ဒီအပေါ် မှာမှီခိုနေရဆဲမို့လို့လို့တွေးလို့ရပါတယ်။ တကယ့်ကို လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတစ်ခုကို လုပ်တာပါပဲ။ အခက် အခဲရှိတဲ့သူအတွက် သိပ်ကိုအကျိုးရှိ ပါတယ်။ စဉ်းစားရမှာက ဒီက စီးပွား ရေးဈေး ကွက်အရ လူတွေပိုရလာပြီး လစာတွေတိုးပြီဆိုရင် ကုန်ဈေးနှုန်း တွေတက်လာမလား။ အဲဒီလို စိုးရိမ် နေကြတာတွေလည်း ရှိကြတယ်။ အခုကဒီပင်စင်စားတွေ ဘယ်လောက် ရှိတယ်။ သူတို့ကိုပေးမယ့် ရာခိုင်နှုန်း နဲ့ တစ်နိုင်ငံလုံး ပမာဏဘယ်လောက် ရှိမယ်ဆိုတာ တိတိကျကျ မသိတော့ အစိုးရအနေနဲ့လည်း ဒီအပိုင်းကို စဉ်းစားထားမယ်ထင်ပါတယ်'' ဟု ယခုအပြောင်းအလဲတွင် ခံစားခွင့်ရသူ တစ်ဦးဖြစ်သည့် အငြိမ်းစားစီးပွားရေး ပါမောက္ခဆရာမကြီးတစ်ဦးက သုံး သပ်သည်။ လက်ရှိအစိုးရသစ်အနေဖြင့် နိုင်ငံဝန်ထမ်းများနှင့် ပင်စင်စားများ ၏လစာကို လိုအပ်သည့်အချိန်တွင် ထိုက်သင့်သလို တိုးမြှင့်ဆောင်ရွက် ပေးမည်ဟု ဆိုခဲ့သည့် ကတိကဝတ် ကို အကောင်အထည်ဖော်ခဲ့သည့် နည်းတူ လစာတိုးတိုင်း ကုန်ဈေးနှုန်း များလိုက်ပါ မြင့်တက်နေသည့် အသားကျ ကစားပွဲများကိုလည်း အဆုံးသတ်ချိန်တန်ပြီဟု ဆိုချင်ပါ သည်။ အစိုးရသစ်နှင့်အတူပေါ်ထွန်း  လာပြီဖြစ်သော အကြံပေးအဖွဲ့များ မှ ပညာရှင်များကလည်း လက်ရှိ တိုင်းပြည်၏ တစ်ဦးချင်းဝင်ငွေနှင့် ကိုက်ညီသော၊ လက်လှမ်းမီသော အခြေခံ စားသောက်ကုန် ဈေးနှုန်းများ တည်ငြိမ်စေရေး ဆောင်ရွက်ရန် အကြံ ပေးနိုင်တော့မည်ဟုမျှော်လင့်ပါသည်။ ''ကျွန်မတို့ ပညာရေးလောက မှာတော့ နှစ်တိုင်း ကိုယ့်တပည့်တွေ ကန်တော့ကြတာကလည်း ပင်စင် ထက်ပိုရပါတယ်။ ကိုယ်ကလည်း ရှေ့ကဆရာ၊ ဆရာမကြီးတွေကို ကန်တော့နေကျပါ။ ပြောရမယ်ဆို ရင် အရင်တုန်းကတည်းက တောက် ခဲ့တဲ့တိမ်တွေလည်း ရှိပါတယ်။ ဒီ အချိန်မှာ လက်ရှိဝန်ထမ်းတွေရော လစာတိုးမှာလား၊ ပုဂ္ဂလိက တွေရော တိုးမှာလားဆိုတာကတော့ ခုခေတ် သူ့ဟာနဲ့သူ ပေးနေကြတဲ့ အတိုင်း အတာလည်းများကြပါတယ်။ ဒီပင်စင် စားတွေတိုးတာ နဲ့တော့ မဆိုင်ပါဘူး။ ကျွန်မအနေနဲ့တော့ ခု ဇူလိုင်ကစပြီး ပထမဆုံးတိုးမြှင့်ခံစားရမယ့် ပင်စင်ကို သူတစ်ပါးလည်း ဝမ်းမြောက်ရအောင် ပင်စင်လို ခံစားခွင့်လည်းမရှိတဲ့ အမှီ အခိုနည်းတဲ့ ဝန်ထမ်းတစ်ဦးဦးကို လှူဒါန်းဖို့ စိတ်ရှိပါတယ်'' ဟု ဆရာ မကြီးက ဆက်လက်ပြော သည်။ ကျွန်တော်လည်း ဝမ်းသာပါ သည်။ နောက် ကြိုဆိုပါသည်။ သို့ သော် စလုံးရေသည် အခုမှစခြင်း သာ။ 'စောင့်ကြည့်ပါ' ဟု ဆိုခဲ့ သည့် အစိုးရသစ်၏ သုံးလတာ သက်တမ်း အတွင်း ပထမဆုံးသိသာ ထင်ရှား သည့် လုပ်ဆောင်ချက်တစ်ခုအဖြစ် တော့ သမိုင်းက လက်ခံရပေလိမ့်မည်။ လက်ခုပ်တီးသင့်ချိန်တွင်တော့ ကျွန်တော်တို့လက်ခုပ်တီးရပါလိမ့်မည်။ အာမခံချက်၊ ကာကွယ်စောင့် ရှောက်မှုနှင့် လုံခြုံမှုအပြည့်ရှိသော လူ့ဘောင်သစ်တစ်ခုအတွက် ကျွန် တော်တို့ ရှေ့ဆက်တိုးရဦးမည်။ အရာရာတိုင်းတွင် အဆုံးသတ်ရှိ သော်ငြား နေဝင်ချိန်တိုင်းတော့ တိမ် မတောက်တတ်ပါ။ အကျည်းတန်သူ များပင် လှသည်ဟုဆိုကြသော တိမ် တောက်ခြင်းများထဲ၌ လက်ငါး ချောင်းမပြည့်သော ခံစားခွင့်အနည်း ငယ်ဖြင့် ချို့တဲ့နွမ်းပါးစွာ ရှင်သန်နေ ခဲ့ရသော နိုင်ငံ့ဝန်ထမ်းဟောင်းများ အတွက် ယခု နေညိုချိန် တိမ်တောက်ခြင်းကတော့ အလှဆုံးဖြစ် မည်ဟုကျွန်တော်ယုံကြည်နေမိသည်။
ပေါ်ပြူလာဂျာနယ်
သစ်ထူးလွင်
Unknown at 4:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
စင်္ကာပူကုမ္ပဏီတခုက ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူ ရန်ကမ်းလှမ်းထား
ဒေါပုံမြစ်ဝတွင် နစ်မြုပ် လျက်ရှိသော ဓမ္မစေတီခေါင်း လောင်းကြီးကို ပြန်လည်ဆယ်ယူ နိုင်ရန် စင်္ကာပူကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံသို့ ကမ်းလှမ်းထား ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာ နမှ တာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ သိရသည်။
အဆိုပါ စင်္ကာပူနိုင်ငံမှ ကုမ္ပဏီ၏အမည်မှာ  SD Mark International LLP ကုမ္ပဏီဖြစ် သည်။ ၄င်းကုမ္ပဏီက ဓမ္မစေတီ ခေါင်းလောင်းကြီးကို အမေရိကန် ဒေါ်လာ (၁၀)သန်းခန့်ကုန်ကျခံ ကာ သင်္ဘောများဖြင့် ငှားရမ်းရှာ ဖွေ၇န် ကမ်းလှမ်းထားခြင်းဖြစ် သည်။
““ဓမ္မစေတီ ခေါင်းလောင်း ကြီးကို ဆယ်ယူဖို့အတွက် ကမ်း လှမ်းခဲ့တဲ့ အထဲမှာ စင်္ကာပူကုမ္ပ ဏီက အမေရိကန်ဒေါ်လာ(၁၀) သန်းခန့် ကုန်ကျခံပြီး ရှာငွေဖို့ ကမ်းလှမ်းထားပါတယ်၊ ဒီလိုရှာ ဖွေတဲ့နေရာမှာ နည်းပညာ၊အ တတ်ပညာ၊ ပညာရှင်အား၊ လို အပ်တဲ့ပစ္စည်းကိရိယာတွေစုံလင်မှ သာ ဆောင်ရွက်နိုင်မှာဖြစ်တာ ကြောင့် ကမ်းလှမ်းထားတဲ့ ကုမ္ပ ဏီတွေနဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားဖို့ရှိပါတယ်””ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှတာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
ဓမ္မစေတီစေတီခေါင်းလောင်း ကြီးကို ဆယ်ယူရန်အတွက်သြ စတေးလျနိုင်ငံမှ Anima Film ကုမ္ပဏီကလည်း ၂၀၁၀ခုနှစ်တွင် ကမ်းလှမ်းခဲ့ကြောင်းသိရသည်။
မေဇင်ကို (Hot News)
Unknown at 4:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အသိလေးနဲ့  ကာကွယ်ပါ (အမျိုးသမီးများသာဖတ်ရန်)
                                                                       image google
Thai Channel 3..ကနေကြည့်ုလိုက်ရတဲ့ သတင်းလေးကိုမှတ်မိသလောက်လေးပြန်မျှဝေပေးတာပါ
အခုခေတ်နိုင်ငံတိုင်းလိုလိုမှာအရွယ်မရောက်သေးတဲ့ကလေးငယ်နဲ့ အမျိုးသမီးတွေ.
အတင်းအဓမ္မအကြမ်းဖက်ခံရမှုတွေပိုများလာပါပြီ။
အကြမ်းဖက်ခံရမှုရဲ့ ၇၁ရာခိုင်နုန်းဟာ..အသက်၈နှစ်ကနေ.၂၅အရွယ်ဖြစ်ပါတယ်..
အဓိက..ကတော့အရွယ်မရောက်သေးတဲ့ ကျောင်းသူလေးတွေ.ပါ ပြစ်မှုကျုးလွန်ကြတာကတော့.
သူငယ်ချင်းအပေါင်းအသင်းနဲ့ တွဲနေတဲ့ ချစ်သူတွေပါတဲ့ .. သူတွေပဲ အများဆုံးဒုက္ခပေးကြတာပါတဲ့ .
သူတို့ နိုင်ငံမှာက.ငယ်ငယ်ရွယ်ရွယ်နဲ့ မင်္ဂလာဆောင်ကြတယ်ဆိုတာရှားတယ်
်.ချစ်သူဖြစ်ရင်အတူတူနေကြတယ် အလုပ်လုပ်ပြီးပိုက်ဆံစုကြတယ်.
အဆင်ပြေမှာ မင်္ဂလာဆောင်ကြတာများတယ်.တကယ်လို့ 
ဒီကြာထဲပြတ်သွားခဲ့ရင်လဲ.ဘာမှမဖြစ်ခဲ့သလိုအေးဆေးပဲ.
သူ့ဓလေ့နဲ့ သူတော့ဟုတ်နေတာပေါ့ သူတို့ တွေကိုမေးကြည့်တာပေါ့.
နင်တို့ တွေအခုလိုအတူတူနေတာမိဘကမပြောဘူးလားဆိုတော့.တို့ အဖေနဲ့ အမေလဲ ဒီလိုနေလာကြတယ်လေတဲ့ .ကောင်းရော..
တစ်လောက ကြည့်လိုက်ရတဲ့ သတင်းလေးမှာလဲ သမီးရည်းစားတွေဖြစ်တဲ့ကောင်လေးနဲ့ကောင်မလေးအတူတူနေပြီးတော့ ကောင်လေးကအပြင်ခဏသွားမယ်ဆိုပြီးထွက်သွားပါတယ်
နောက်တော့သူ့ သူငယ်ချင်း ၈ ယောက်ကို ဖုန်းဆက်ခေါ်ပါတယ်
ငါ့ချစ်သူနဲ့ အတူတူလာနေလို့ ရတယ်ဆိုပြီးတော့.သူငယ်ချင်းတွေနဲ့ လွှတ်ပေးပါတယ်။
ကောင်မလေးကလဲမိန်းကလေးအားနဲ့ ဆိုတော့ ၈ယောက် တစ်ယောက်မရုန်းနိုင်ဘူးပေါ့။
အဲ့ဒီအချိန်မှာ
တော်တော်နှမချင်းမစာနာတဲ့သူပဲနော်ပြီးတော့အားလုံးထွက်ပြေးသွားတယ်လေ
ကောင်မလေးမိဘတွေလဲရှက်လွန်းလို့ ငိုလိုက်တာအရမ်းပဲသူတို့ နိုင်ငံမှာကမှုခင်းသတင်းမှန်သမျှတစ်နိုင်ငံလုံးသိအောင်
လွှင့်တော့.တခြားသူတွေလဲသံဝေဂယူပြီးဆင်ခြင်နိုင်တာပေါ့။
ကဲ သူငယ်ချင်းတို့ ကိုယ့်ကိုယ်ကို သတိလေးနဲ့ ဘယ်လိုနေရမလဲဆိုတာ ပြောပြမယ်နော်.
နံပါတ်.၁..
ကျောင်းဆင်းချိန်ရုံးဆင်းချိန်မှန်ပါစေ.။တကယ်လို့အချိန်ပို၇ှိရင်လဲ၇ှိတဲ့အကြောင်းအိမ်သားတွေကို
အသိပေးထားပါကိုယ့်ရဲ့ ညီမလေးတွေကို.ကိုယ်တိုင်ကျောင်းကြိုကျောင်းပို့ 
လုပ်ခိုင်းပါမကြိုနိုင်ဘူးဆိုရင်တော့.ကျောင်းပြန်ချိန်ကိုသတ်မှတ်ထားပေးပါ။
ကျောင်းလွှတ်တာ၃နာရီဆိုလို့ ရှိရင်.၃နာရီခွဲအိမ်အရောက်ပြန်ခိုင်းပါ.
လူကြီးတွေမပါဘဲ အပြင်သိပ်မလွှတ်ပါနဲ့ ။
မိမိဘယ်သွားတယ်ဘယ်လာတယ်ဆိုတာ.အိမ်သားတွေသိအောင်ပြောပြပါ။တစ်ခုခုဖြစ်ရင် အိမ်သားတွေ ၇ှာရလွယ်အောင်လို့ ပါ
နံပတ်..၂..
ညဖက်တွေ့ ဆုံပွဲပါတီတွေနိုက်ကလပ်တွေသိပ်မသွားပါနဲ့ ။
အကယ်၍ သူငယ်ချင်းတွေခေါ်လို့ အဖော်လိုက်သွားရင်တောင်.အရက် ဘီယာ မသောက်ပါနဲ့ .ယောကျာင်္းလေးအရက်သောက်လို့ လူပဲမှောက်တယ်.မိန်းကလေးက အရှက်ရော ဘ၀ရောပျောက်တတ်ပါတယ်
၃..မိန်းကလေး၂ယောက်တည်းခရီးဝေးသွားခြင်းရှောင်ပါ။လေ့လာရေးခ၇ီးသွားတယ်ဆိုရင်တောင်
်အုပ်စုလိုက်သွားပါ။ခ၇ီးလမ်းမှာသူငယ်ချင်း အချင်းချင်း စိတ်ဝမ်းမကွဲပါစေနဲ့ တစ်သီးကိုတစ်ဦးဂရုစိုက်ပါ။
နံပါတ်  ၅.
သမီးရည်းစား၂ယောက်တည်းလူပြတ်တဲ့ နေရာမှာ ညဘက်အမှောင်မှာ မချိန်းတွေ့ ပါနဲ့ 
အမှန်တကယ်မသမာတဲ့ သူတွေ.လေးငါးယောက်လောက်နဲ့ တွေ့ တဲ့ အခါ .အင်အားမမျှရင်အသက်အန္တရယ်ထိခိုက်တတ်ပါတယ်။
နံပါတ်..၆..
..ရေသို့ မဟုတ်.အအေးကိုသတိနဲ့ သောက်ပါ. ။တတ်နိုင်ပါကကိုယ့်ဘာသာကိုယ်တိုင်ထည့်သောက်ပါ။
အခုခေတ်မှာမသမာတဲ့ သူတွေအတွက်ဆေးနည်းတွေအမျိုးပေါင်းမျာစွာပေါ်နေပါပြီ
အဲ့ ဒီအထဲမှာ.မထင်မှတ်တဲ့နည်းကတော့.သောက်ရေထဲမှာပါပါတယ်.
ဆေးက..အရောင်မရှိ..အနံမရှိ.အရသာ..နည်းနည်းငံပါတယ်..
သူ့ ကိုရေခွက်ထဲမှာ.တစက်နှစ်စက်လေးထည့်လိုက်ယုံနဲ့ မူးဝေသလိုခံစားရပြီးနောက်
အသိမရှိဘဲ လုံးဝအိပ်ပျော်သွားပါလိမ့်မယ်..။
ဆေးထည့်မည့်သူကမြန်မြန်အိပ်ပျော်စေချင်ပြီးလေးငါးစက်လောက်ပိုထည့်လိုက်မယ်ဆိုရင်
ကိုယ်အိပ်ပျော်နေတုန်းမှာ
နှလုံးခုန်တာဖြည်းဖြည်းရပ်ပြီးတော့.ပြန်မနိုးတော့ဘဲအသက်ဆုံးတဲ့အထိဆေးအရှိန်ပြင်းပါတယ်..
ဒီဆေးကို.ဆွတ်ဇာလန်လန်နိုင်ငံမှာထုတ်ပါတယ်..။
အဲ့ ဒါကြောင့်ရေပဲဖြစ်ဖြစ်အအေးပဲဖြစ်ဖြစ်သောက်ပါက.မိမိကိုယ်တိုင်ခွက်ထဲထည့်ပြီးမှသောက်ပါ
သူများထည့်ပေးတာမျိုးမသောက်ပါနဲ့ .အအေးခွက်ရေခွက်ကို.ကိုယ့်မျက်စိရှေ့ တည့်တည့်မှာထားပါ..။
ဘေးနားမှာချမထားပါနဲ တကယ်လို့ ဘေးနားမှာချထားခဲ့ရင် ဆေးထည့်မယ့်သူကခွက်ကလေးကိုင်သလိုပုံစံမျိုးနဲ့ မသိမသာ ထည့်သွားတတ်ပါတယ်.ဆေးရေဆိုတော့.တစ်လက်မအရွယ်ကလေးဆေးစုပ်တဲ့ပြွန်လေးနဲ့ 
လွယ်လွယ်သုံးလို့ ရပါတယ်တကယ်လို့ များကိုယ်ကအလိုလိုနေရင်း.ချက်ချင်းကြီး
ခေါင်းတွေမူးသလိုလိုတကိုယ်လုံးလေးလံလာပြီးအိပ်ငိုက်လာရင်.ကိုယ့်ကိုယ်ကို
ငါဟာဆေးမိနေပြီဆိုတာကိုသိလိုက်ပါ..ဘာလို့ လဲဆိုတော့သာမန်လူကောင်းတယောက်ဟာ
ချက်ချင်းအိပ်ငိုက်လာတယ်ဆိုတာမဖြစ်နိုင်ပါဘူး
အဲ့ ဒီအခါသတိလေးနဲ့ မိမိကိုယ်ကိုအားတင်းထားပါ..ကိုယ့်ကိုယ်ကိုလဲငါအိပ်ပျော်လို့ 
မဖြစ်သေးဘူးဆိုပြီးအသိပေးပါ..ပြီးရင်ရေကိုအများကြီးသောက်ပေးပါ။
ရေကအဆိပ်ကိုလျော့ကျစေပါတယ်.ပြီးလို့ ရှိရင်လေလာရာပြတင်းပေါက်
်(သို့ မဟုတ်)တံခါးပေါက်မှာအသက်ပြင်းပြင်းရှူပါနည်းနည်းလန်းဆန်းလာပါ
လိမ့် မယ်။
http://www.lubo601.com မှကူးယူဖော်ပြပါသည်။
Unknown at 1:04 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ အင်န်အယ်ဒီဈေးရောင်းပွဲ ပိတ်ဆို့ခံရ
မိုးမခမိတ်ဆွေ၊ ဟိုပင်။ မတ် ၁၃၊ ၂၀၁၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ် ၊ ဟိုပင်မြို့နယ်ခွဲ ဈေးရောင်းပွဲတော်ကို မတ်လ ၁၀ ရက်နေ့က – ဟိုပင်မြို့၊ အရှေ့ကျောင်းကြီးတိုက်၊ လောကမာရ်အောင် ရွှေဘုန်းရောင်ဘုရားပွဲတော်တွင် ခင်းကျင်းရောင်းချနေရာ ည (၉း ၀၀) နာရီအချိန်ခန့်တွင် ဘုရားဂေါပကလူကြီးများဖြစ်ကြသော ဦးမင်းအောင်နှင့် ဦးအုန်းမောင်တို့နှစ်ဦးလာရောက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်စာတန်းကို ဖြုတ်ပေးရန်နှင့် ဖြုတ်ချမပေးပါက ဈေးရောင်းခွင့်ပိတ်မည်ဖြစ်ကြောင်း လာရောက်ပြောဆိုခဲ့ကြပါသည်။
ဟိုပင်မြို့နယ်ခွဲ အောင်နိုင်ရေးအဖွဲ့မှ ဦးကျော်ငြိမ်းက မည်သူကဖြုတ်ခိုင်းသနည်း ဖြုတ်မချနိုင်ကြောင်း ဈေးဆိုင်လည်းမပိတ်နိုင်ကြောင်းပြန်ပြောရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးခိုင်ထွန်းဇော်က အဖြုတ်ခိုင်းကြောင်း ပြောပြကြပါသည်။
ဦးကျော်ငြိမ်းကလည်း ဆိုင်းဘုတ်စာတမ်းဖြုတ်ချဖို့နှင့် ဆိုင်ပိတ်ပစ်ဖို့ တရားဝင်စာထုတ်ပြီးတားနိုင်က စာထုတ်ပေးပါလို့ ပြန်ပြောပြရာ သူတို့ ၂ ယောက် ပြန်ထွက်သွားကြပါသည်။ ခဏကြာသောအခါ လမ်းပိတ်တယ် ခင်ဗျား ဗုဒ္ဓဘာသာမဟုတ်ဘူးလားဟု ဦးမင်းအောင်က လာပြောပြန်ပါသည်။ လမ်းမပိတ်ပါ လမ်းသွားလမ်းလာများ စည်ကားနေခြင်းသာဖြစ်ပါသည်ဟု အင်န်အယ်ဒီအဖွဲ့ဝင်တို့က ရှင်းပြခဲ့ပါသည်။
မတ်လ ၁၁ ရက်နေ့လည်တွင် ဦးကျော်ငြိမ်းတို့အား ဈေးရောင်းခွင့်ပေးသော အိမ်ရှင်ကို ဦးအုန်းမောင်က ဂေါပကရုံးသို့ ဆင့်ခေါ်ပြီး ဒီ/ချုပ်ဆိုင် ရောင်းချခွင့်ပြုသည့်အတွက်
နောက်နှစ်ဘုရားပွဲရောက်လျှင်ခင်ဗျားတို့အိမ်ကို ရှေ့တည့်တည့်ပိတ်ပြီး ဆိုင်ခန်းတွေဆောက်မည်ဟု ချိန်းခြောက်သဖြင့် သဇင်အလှပြုပြင်ရေးဆိုင်က
ဦးကျော်ငြိမ်းတို့အား ဈေးလာမရောင်းပါရန် တောင်းပန်ခဲ့ပါသည်။ အိမ်ရှင်အား အားနာသဖြင့် ဦးကျော်ငြိမ်းနှင့် လူငယ်အဖွဲ့ဝင်များသည် ပွဲခင်းနှင့်ဝေရာ အခြားနေရာတွင် သွားရောက်ရောင်းချနေကြပါသည်။
(ဓာတ်ပုံများကို ကြည့်ပါ)
Unknown at 12:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အမျိုးသားသတင်းဆု မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ချီးမြှင့်
မြန်မာနိုင်ငံမှာ ထူးချွန်တဲ့သတင်းသမားတွေကို ပထမဆုံးအကြိမ် ချီးမြှင့်တဲ့ အမျိုးသားသတင်းဆုရှင်တွေ စာရင်းကို ဆုချီးမြှင့်ရေးကော်မတီက မတ်လ(၁၂)ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အမျိုးသားသတင်းဆုမှာ အကောင်းဆုံးသတင်းဆု ၊ အကောင်းဆုံး သတင်းဆောင်းပါးဆု ၊ အကောင်းဆုံး သတင်းဓါတ်ပုံဆုနှင့် အကောင်းဆုံး သတင်းကာတွန်းဆုတို့ ဖြစ်ပါတယ်။
အကောင်းဆုံးသတင်းဆုအတွက် ၂၀၁၁ ဒီဇင်ဘာ (၆)ရက်နေ့ထုတ် ကုမုဒြာဂျာနယ်ပါ အနာဂါတ်သစ်အတွက် အစပျိုးခြင်း သတင်းကလည်းကောင်း ၊ အကောင်းဆုံး သတင်းဆောင်းပါးဆုကို ၂၀၁၁ အောက်တိုဘာ (၂၇)ရက်နေ့ထုတ် 7Day News Journal မှာပါတဲ့ လက်နက်ကိုင် စကားဝိုင်းပေါ်ရောက်ပြီလား ခေါင်းစဉ်ဖြင့် ဆောင်းပါးက လည်းကောင်း ၊ အကောင်းဆုံး သတင်းဓါတ်ပုံဆုကို ၂၀၁၁ ဇူလိုင်လ (၇)ရက်နေ့ထုတ် Popular News Journal ပါ အငြိမ်းစားများ သတင်းဓါတ်ပုံက လည်းကောင်း ၊ အကောင်းဆုံး သတင်းကာတွန်းဆုကို ၂၀၁၁ ဇူလိုင်လ (၂၆)ရက်နေ့ထုတ် True News Journal မှာ ဖော်ပြခဲ့တဲ့ ပုံပြင်ထဲကလိုတော့ သတင်းကာတွန်းက လည်းကောင်း အသီးသီး ရရှိသွားကြကြောင်း သိရသည်။
အကောင်းဆုံး (၄)ဆုအပြင် ၂၀၁၁ ခုနှစ် ဖြည့်စွက်ဆုတစ်ဆုဖြစ်တဲ့ တစ်နှစ်အတွင်း ထူးခြားတဲ့ သတင်းဓါတ်ပုံဆုကို ၂၀၁၁ ခုနှစ် သြဂုတ်(၂၀)ရက်နေ့က နိုင်ငံပိုင် သတင်းစာတွေမှာ မျက်နှာဖုံး သတင်းဓါတ်ပုံအဖြစ်ဖော်ပြခဲ့တဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံအောက်မှာ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွဲပြီး ရိုက်ထားတဲ့ သတင်းဓါတ်ပုံရိုက်ကူးသူက ဆွတ်ခူးခဲ့ကြောင်း သိရသည်။
အကောင်းဆုံး သတင်းအာဘော် ဆောင်းပါးဆုအတွက် ဆန်ခါတင် ရွေးချယ်ခြင်းခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ရာမယန ဆောင်းပါးဟာ ၂၀၁၁ ခုနှစ်မတိုင်မီ ကာလများက ဖော်ပြထားခဲ့ပြီး ဖြစ်သည့်အတွက် ဆုရွေးချယ်မှု စည်းမျဉ်းစည်းကမ်းနဲ့ အကျုံးမဝင်ဖြစ်ခဲ့ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်လိုပါက
dvb.no
Unknown at 10:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မတ်လ (၁၄)ရက်နေ့ တွင် အစိုးရပိုင် မီဒီယာများမှထုတ်လွှင့်မည့် ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း(ရုပ်/သံ)
 မြန်မာ့ အသံ နှင့် ရုပ်မြင်သံကြား (MRTV) မှာ လာမယ့် မတ်လ (၁၄) ရက်နေ့မှာ
စတင်ပြသမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့် ခွန်း (ရုပ်/သံ)
Unknown at 9:51 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
စိန်အမြောက်အများထွက်ရှိမည့် စိန်တွင်း မြန်မာနိုင်ငံတွင် တွေ့ရှိ
ကရင်ပြည်နယ် မြဝတီမြို့တောင် ဘက် မိုင် ၂ဝအကွာတွင် အဖိုးတန်စိန်အမြောက်အမြား ထွက်ရှိသော စိန်တွင်းတစ်တွင်းကို အမေရိကန်နိုင်ငံ နာဆာမှလွှတ်တင်ထားသော Land Sat7 ဂြိုလ်တုဖြင့် မကြာသေးခင်က  တွေ့ရှိခဲ့သည်ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနမှ အငြိမ်းစား ပါမောက္ခဦးစိုးသိန်းကပြောသည်။
အဆိုပါစိန်တွင်းရှိရာနေရာသို့ မြဝတီမြို့မှ ကားလမ်းဖြင့် တိုက်ရိုက်ရောက်ရှိနိုင်ပြီး ထိုင်းနိုင်ငံမှ အဆိုပါစိန်တွင်းကို တူးဖော်ခွင့်ရရှိရန် ဆောင်ရွက်နေ ကြောင်း သိရသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်'' ဟု ဦးစိုးသိန်းက ထပ်မံပြောသည်။
 'သတ္တုတွင်း ဝန်ကြီးဌာနအနေနဲ့ကတော့ စိန် တူးခွင့် လျှောက်ထား လာတဲ့ ကုမ္ပဏီတွေ ကိုသတ်မှတ်ချက် စည်းမျဉ်းစည်းကမ်း နဲ့ ညီမညီ အရင်ကြည့်တယ်။ သတ်မှတ်ချက်  စည်းမျဉ်းတွေနဲ့  ညီရင်တော့ လုပ်ပိုင်ခွင့် ပြုမိန့်တွေ ချထားပေးမှာပါ'' ဟု အမှတ်(၂) သတ္တုတွင်း ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်''
မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာ တန်းဝင်စိန်များကို ၁၉၆ဝပြည့်နှစ်တွင် မိုးမိတ်မြို့နယ်၊ မကျည်း ပင်ကျေးရွာနှင့် မိုးဟောက် ကျေးရွာပတ်ဝန်းကျင်တွင် စတင်တွေ့ရှိရပြီး ၁၉၇၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနတို့ ပူးပေါင်းရှာ ဖွေရာတွင် စိန်တွေ့ရှိရာ နယ်မြေ အသစ်များ နှစ်စဉ်နှင့်အမျှ တိုးပြီးတွေ့နေရ ကြောင်း သိရသည်။
မြန်မာနိုင်ငံ တနင်္သာရီတိုင်း သိန္ဓောဒေသရှိ စိန်တွင်းသည် တန်ဖိုးကြီး စိန် များနှင့် စိန်အမြောက်အမြားထွက်ရှိသော ဒေသတစ်ခုအဖြစ် ထင်ရှားသည်။ တောင်ငူဒေသ   တွင်လည်း မကြာသေးမီက စိန်တွင်း တစ်တွင်း တွေ့ရှိခဲ့ရာ ၁၄ရတီခန့်  အထိ ရှိသော တန်ဖိုးကြီးစိန်  တစ်ခုလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်
Unknown at 9:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
WiMAX အင်တာနက်ကို Prepaid ကတ်စနစ်ဖြင့် စတင်အသုံးပြုနိုင်
စ်ဖြင့် စတင်အသုံးပြုနိုင်
WiMAX အင်တာနက်ကို Prepaid စနစ်ဖြင့် မတ်လအတွင်း၌ စတင်အသုံးပြုနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
၂၀၁၁ ခုနှစ်ဒီဇင်ဘာလမှစတင် ၀န်ဆောင်မှုပေးခဲ့သော တိုင်ထောင်အသုံးပြုစရာမလိုသည့် WiMAX အင်တာနက်သုံးသူများသာ ယင်းကဲ့သို့ Prepaid စနစ်ကိုသုံးနိုင်မည်ဟု သိရသည်။
“ ကနဦးတပ်ဆင်ခကတော့ ကျပ် ၆၃၀၀၀၀ ပါပဲ။ ဒါပေမယ့် လစဉ်ကြေးသွင်းစရာ မလိုတော့ ဘဲ ကိုယ်သုံးချင်သလောက်ကိုပဲ Prepaid ကတ်နဲ့သုံးစွဲသွားနိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် ရုံးသွားပြီး ဘီလ် ဆောင်ဖို့ မလိုတော့သလို ကိုယ်သုံးသလောက်ပဲ ၀ယ်ဖြည့်ဖို့လိုပါတယ်” ဟု Red Link မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Prepaid ကတ်ကို Data Usage ဖြင့်သတ်မှတ်ထားခြင်းဖြစ်ပြီး ဈေးနှုန်းများမှာ 1 Gb ကတ်ကို ကျပ် ၂၇၀၀၀ နှင့် 3 Gb ကတ်မှာ ကျပ် ၃၀၀၀၀ ကျော်ဖြစ်ကြောင်း သိရသည်။ အင်တာနက် Bandwidth မှာ 512 Kbps ရှိမည်ဖြစ်ပြီး မတ်လ ၁၀ ရက်နေ့တွင် junction Squar ၌ စတင်ရောင်းချသွားမည်ဟု သိရသည်။ ကတ် သက်တမ်းမှာ စတင်အသုံးပြုသည့်နေ့မှစ၍ သုံးလအတွင်းအသုံးပြုနိုင်ကြောင်း သိရှိရသည်။
ယခင်လစဉ်ကြေးဖြင့် သုံးစွဲသူများအနေဖြင့် Prepaid ကတ်စနစ်ကို ပြောင်းလဲအသုံးပြုလိုပါက ရုံးသို့သွားရောက်၍ Service Plan ပြောင်းလဲရန် လိုအပ်ကြောင်း သိရသည်။
Weekly Eleven News Journal - အမှတ် ၂၄၊ အတွဲ ၇
Unknown at 9:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကျွန်မျိုးဟေ့..ဒို့  မြန်မာ..ကြည့်ကြပါဗျာ
ဒီခံစားချက်လေးေ၇းချင်နေတာ ကြာခဲ့ပြီ..ေ၇းမယ်ေ၇းမယ်နဲ့  မအားတာေ၇ာ လိုင်းမကောင်း တာေ၇ာနဲ့  .ဟော ခုတော့ ဒီသတင်းပုံတွေ ကြည့်ပြီ ကျနော့ ၇င်ထဲမှာ မြိုသိပ်ထားတာတွေကိုေ၇းချလိုက်တော့မယ်ဗျာ၊ကျနော့
အမြင်ကျနော့ သဘောထားကို စာဖတ်သူ မောင်နှမတွေ လွတ်လပ်စွာ သဘောထားကွဲလွဲလို့ ၇ပါတယ်...
အ၇င် စစ်အစိုး၇၇ဲ့  တမျိုးသားလုံး အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားေ၇းနဲ့ ..ဆိုတဲ့ ဆောင်ပုဒ်လေးကို ကြားတိုင် ၇င်ထဲမှာ တကယ်နာကျင်၇တယ်...ဘာဖြစ်လို့ လဲ..? ဟုတ်ကဲ့..အဲ့ ဇာတိဂုဏ် မြင့်မားေ၇းဆိုတဲ့ ဆောင်ပုဒ် မြန်မာပြည်
ကနေ ထွက်ခွာပါပြီ သူများနိုင်ငံမှာကျွန်သွားလုပ်ပါပြီ ဆိုထဲက မြန်မာပြည်မှာ ကျကျန်ခဲ့တော့တာပါ..တကယ်ပါ. .....
ပြည်တွင်းကလူတွေ တော့ ဒီခံစားမှုမျိုးလက်တွေ့ မခံစားဖူးပေမယ့် သိတော့သိနေကြပါလိမ့်မယ်..ပြည်ပကို အလုပ်လုပ်
ဖို့ ထွက်လာတဲ့သူတွေကို မေးကြည့်ပါ.. အပေါ်ကလာလာ ..အောက်လမ်းကလာလာ နှိမ်ခံ၇တာတော့ တူတူပါပဲ..
ပြည်ပ လေဆိပ်ေ၇ာက်ထဲက ပက်စပိုစ့် (အနီ) မြင်တာနဲ့  လက်နဲ့ တောင် မကိုင်ချင်ကြဘူး..
ကျနော် မလေးရှားလာတော့ ည ၂နာ၇ီလောက်ေ၇ာက်တယ်..ထိုင်းကနေတင့် လာ၇တာ..မလေးရှား လေဆိပ်ေ၇ာက်တာနဲ့ မလေး အင်မီဂေ၇းရှင်း(လ၀က)က အားလုံးသံမံသလင်းပေါ် အ၇မ်းအေးနေတဲ့
လေဆိပ်ခန်းမထဲမှာနော် အဲ့လိုထိုင်ခိုင်းထားတာ၁ နာ၇ီကျော် ကြာတယ်..အဲ့ထဲမှာမိန်းကလေးတွေလည်းပါတယ်..
မလေးရှားလေဆိပ်၇ဲတွေက ဘီးပါတဲ့ခုံပေါ်ထိုင်ပြီခုံကိုလျှောထိုးလှိမ့်ပြီ အတန်းလိုက် ထိုင်နေတဲ့ သူတွေထဲက
မိန်းကလေးတွေကို သွားသွားစကြတယ်..ပြီး၇င် သူတို့ ချင်း ပြောလိုက်၇ယ်လိုက်ကြနဲ့  သူတို့  လူမျိုး မိန်းကလေး
ဝန်ထမ်းကျခုံပေါ်မှာ သူတို့ ၇ဲတွေ လုပ်သမျှ သဘောကြပြီ ၇ယ်နေတာ ကြည့်ပြီတော်တော်ခံပြင်း၇တာ..
ကိုယ်တွေ တိုင်းပြည်လောက်မှ မကျယ် ၊သံယံဇာတ ဘာမှမထွက် ၊ဘာသာစကားတောင် သူများ ဘာသာ အက္ခ၇ာကိုပုံတူကူးချတဲ့သူတွေက ၊ ၁၂ အလီလောက်တောင် ဂဏန်းပေါင်းစက်နဲတွက်နေ၇ပေမယ့်
့ပညာေ၇းသူတို့  ထက်သာတဲ့သူတွေကိုအပေါ်စီးက ကျွန်လိုခိုင်းနေနိုင်တာ ဘာကြောင့်လဲ ? သူတို့ တိုင်းပြည်ကို
အုပ်ချုပ်ခဲ့တဲ့ လူကြီး ကောင်းခဲ့လို့ ခုလို သူတို့ စံနေ၇တာပေါ့။ဒါကို သိ၇လေ..မြန်မာပြည်ကြီးကိုဆင်း၇ဲတွင်းပို့ ခဲ့တဲ့
အာဏာရူးခဲ့ကြတဲ့ လူကြီးတွေကို ဒေါသထွက်မိလေပဲ..တချိန်က အာရှမှာ ထိပ်ဆုံးက ရှိခဲ့တာကနေဟိုအောက်ဆုံး
ေ၇ာက်သွားတာ ဘယ်သူတွေ ကြောင့်လည်း ..ဒီအာဏာရူးလူကြီးတွေကြောင့်ပဲ...ဗိုလ်ချုပ်ရှိစဉ်ကအမှီလိုက်ဖို့ 
မျှော်မှန်းခဲ့တာ ဒီဘာမှမဟုတ်တဲ့(အဲ့တုန်းက) မလေး ၊စင်္ကာပူ ၊ထိုင်းခေါင်းထဲတောင် ဗိုလ်ချုပ်ထည့်မှာ မဟုတ်ဘူး ။
ကို၇ီးယားတို့  ၊ဂျပန်တို့ လောက်တောင် မစဉ်စားဘူး .. ဥေ၇ာပလို သူတို့ ကခြေလှမ်း၁၀ လှမ်း ၊လှမ်း၇င် ကျုပ်တို့  က အလှမ်း ၂၀၊ ၃၀လှမ်းမှ နောင် ၁၀ နှစ် ၁၅ နှစ်မှ မီမယ်ဆိုတဲ့ ဗိုလ်ချုပ် အောင်ဆန်းမိန့် ခွန်းကို ပြန်ကြားယောင်
မိပါတယ်.. ဗိုလ်ချုပ် များရှိခဲ့၇င် ဒင်းတို့  ငါတို့ တိုင်းပြည်မှာ လာကျွန်ခံ၇မှာ..အခု ဗိုလ်ချုပ် သမီး ဒေါ်စုရှိတော့ ကျွန်
တော်တို့ ကျွန်ခံနေရပါ တယ်.... ပြည်ပ လာလုပ်တဲ့သူတွေ တ၇ားဝင်ဖြစ်ဖြစ် ၊အောက်လမ်းကလာတဲ့သူပဲ ဖြစ်ဖြစ်
နှိမ်ခံ၇တာတော့ တူတူပါပဲဗျာ..၇ဲမြင်လည်း အ၇စ်ခံ၇..အိန္ဒိယကုလားမြင်လည်း ကြောက်၇.လုရုံတင်မဟုတ်ဘူး၊
ရိုက်သေးတာ၊ဟိုတလောက ဂျိုဟိုးဘက်မှာ မြန်မာမိန်းကလေးတွေကြီးပဲ နေတဲ့အိမ် နေ့ ခင်းကြောင်တောင်
ဝင်ပြီ အိမ်ရှိအရွယ်ကောင်းမိန်းကလေးတွေကို မုဒိမ်းကျင့်သွားတာဘာကြာသေးလို့ လဲ..၇ဲတိုင်လည်း
နိုင်ငံခြားသားအမှုဆို သေချင်၇ာသေ ဘယ်တော့မှမပေါ်ဘူး..မိန်းမကောင်း လေးတွေတောင် ပါမစ်မရှိ၇င်၇ဲက
သူတို့ နဲ့ ညအိပ်ဖို့  ခေါ်ခံနေ၇တာ..တကယ်ဖြစ်နေတာနော် ၊သူတို့ လူမျိုးမိန်းကလေးကို သွားမစနဲ့ 
ဖုန်းဆက်ခေါ်လိုက်လို့ ကတော့ကိုယ်တော်ချော၇ဲတွေ ချက်ချင်းေ၇ာက်လာတာ ၊မြန်မာပြည်ကမျိုးချစ်၇ဲ
တွေနဲ့ တော့ကွာပါ့..မြန်မာပြည်မှာ နိုင်ငံခြားသား သွားမထိနဲ့ မီးပွင့်သွားမယ်
ခုပဲ ကြည့်ပါအုံးဗျာ ..စင်္ကာပူမှာ အိမ်ဖော်လုပ်တဲ့ ကောင်မလေးကို တိ၇စ္ဆာန်တကောင်လို နှိပ်စက်တာ
၇င်ထဲမှာတကယ် မချိဘူးဗျာပုံတွေကိုကြည့်ပြီမချိဘူးဗျာ..ေ၇နွေပူနဲ့ ပက်၊ကိုက်ဆွဲ ၊ထားတာ ၇ဲအိမ်လာမှ သိ၇တာ
ဟိုတလောကကလည်း အိမ်ဖော်မလေး တိုက်ပေါ်ကခုန်ချပြီ အဆုံးစီ၇င်သွားတယ်.. ပြည်ပ ထွက်လာပြီ
အလုပ်လုပ်ကြ ၇တဲ့သူများသောအားဖြင့်က ( D ) ၃ လုံးနဲ့  လုပ်ကြ၇တယ်.. ဘာတွေလည်း
(၁)Dirtily (ညစ်ပတ်တဲ့အ၇ာ)
(၂)Dangerous (အန္တာ၇ယ်ရှိတဲ့ အ၇ာ)
(၃)Difficult ( ခက်ခဲတဲ့ အ၇ာ)
သူတို့  မလုပ်ချင်တဲ့ အ၇ာတွေကို နိုင်ငံခြားကနေ ဈေးပေါပေါ ..ကျနော်တို့ လို မြန်မာကျွန်တွေကို ခိုင်းနေကြတယ်.. အလုပ်ခွင်ထဲမှာဆိုလည်း နိုင်မှန်းသိလို့  ဖိဟောက် ၊ ပြန်ပြော၇င် လစာဖြတ် အလုပ်ထုတ် ၊ ဒီကြားထဲ
အသည်းထဲက နာတဲ့ စကားတခွန်းကမင်းတို့ မကျေနပ်၇င် ကိုယ့်ပြည်ကိုယ်ပြန် ဆိုတာပဲ..ခက်တာကလည်း
ဒီထွက်လာတဲ့သူ တော်တော်များများက အကြွေးတွေနဲ့ လယ်ပေါင်၊ခြံပေါင် ၊ ကိုယ့်ကို မှီခိုနေတဲ့ လူမမယ်
ညီကိုမောင်နှမ ဒီမျက်နှာတွေကြောင့် မလုပ်ချင်လည်းလုပ် ၊ခြေထောက်နဲ့ ခိုင်း လည်း လုပ်၊ဘယ်လောက်လုပ်လုပ်
အအော်ခံနေ၇လည်း သည်းခံနေ၇တာ .. နိုင်ငံခြားနဲ့ ပိုင်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ သိပါရဲ့လား .... နိုင်
ငံတကာကလူတွေက လာလိုက် တစ်ယောက်ပြီး တစ်ယောက် အိမ်ခေါ်တွေ့လိုက်နဲ့ သာလုပ်နေတယ် အခုချိန်ထိ
နိုင်ငံခြားရောက် မြန်မာကျောင်းသားတွေနဲ့ အလုပ်သမားတွေကောင်းဖို့ တစ်ခုမှ လုပ်မပေးနိုင်တာကို စိတ်ပျက်မိ
ပါတယ်... တနေ့တနေ့ အင်တာနက်ပေါ်မှာ ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်မျက်နှာက ပျော်လို့ ရွှင်လို့ ပါ..
နိုင်ငံခြားမှာ ခုလို ဒုက္ခရောက်နေတဲ့ မြန်မာတွေ ရှိနေတာကို သိစေချင်ပြီး ကိုယ်ချင်းစာစေချင်ပါတယ်... ဒေါ်အောင်
ဆန်းစုကြည်မှာ မြန်မာလူမျိုး သား သမီး မရှိလို့ ကိုယ်ချင်းမစာတတ်ရင်တော့ ဘာမှမပြောတော့ပါဘူး...... ဒါပေမယ့်
ပြည်သူ့အသံကို နားထောင်တယ်လို့ ပါးစပ်က မပြောပဲ ပြည်သူတွေရဲ့ အသံတွေကို တကယ်ပဲနားထောင်စေချင်
ပါတယ်... နိုင်ငံခြားမှာ ကျွန်ခံနေတဲ့ မြန်မာလူမျိုးတွေအများကြီးရှိတာကို ဒေါ်စုသိပါစေ......
Myanmar Express
Unknown at 9:32 AM 2 မှတ်ချက်ကလေးရေးပေးနော်.
Share
လိုင်းကားများပေါ်တွင် ယာဉ်စီးခကို ကြိုးမဲ့စနစ်ဖြင့် ပေးသွင်းနိုင်မည့် iPay စနစ် မတ်လ ၁၅ ရက်တွင် စတင်အသုံးပြုနိုင်မည်
လိုင်းကားများပေါ်တွင် ယာဉ်စီးခကို ကြိုးမဲ့စနစ်ဖြင့် ငွေပေးသွင်း နိုင်သည့် ipay စနစ်ကို ၂၀၁၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများတွင် စတင်အသုံးပြုမည်ဟု သတင်းရရှိသည်။ စတင်အသုံးပြုမည့် ယာဉ်များမှာ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းမှ သမိုင်း၊ လှည်းတန်း၊ မြေနီကုန်း၊ ဆူးလေသို့သွားသည့် ပါရမီအဓိပတိအပြာ ယာဉ်လိုင်းကားများ ဖြစ်သည်ဟု သိရသည်။ “ဒီကတ်ကို အသုံးပြုခြင်းအားဖြင့် ငွေစက္ကူ မလိုဘူး။ ပြီးတော့ လိုင်းကားစီးတဲ့အခါမှာ အဓိကဖြစ်နေတဲ့ အကြွေမအမ်းလို့၊ အကြွေမရှိလို့ဆိုတဲ့ ပြဿနာတွေ မရှိတော့ဘူး။ ဒီကတ်စနစ်က ကြိုးမဲ့စနစ်ဖြစ်ပြီး ငွေပေးချေတဲ့အခါ ၀.၁ စက္ကန့်သာ ကြာမယ်။ ဆော့ဖ်ဝဲကိုတော့ အိန္ဒိယနဲ့ မြန်မာက ပညာရှင်တွေ ရေးထားပါတယ်။ လိုင်းကားတွေပေါ်မှာ အလကား တပ်ဆင်ပေးမှာပါ။ စက်ရဲ့တန်ဖိုးက လေးသိန်းလောက်ရှိတယ်။ ကတ်တန်ဖိုးက ငါးဒေါ်လာလောက် ရှိတယ်။ ကတ်ကို တစ်ကတ်သုံးရာကျပ်နဲ့ရောင်းမယ်။ ပြီးရင် ကတ်ထဲကို အနည်းဆုံး တစ်ထောင်ကျပ်ကနေ အများဆုံး တစ်သိန်းထိ သွင်းထားနိုင်တယ်။ ငွေပေးချေတဲ့အခါတိုင်း ငွေလက်ခံဖြတ်ပိုင်းတစ်ခု ရရှိမယ်။ အဲဒီကနေ ပေးချေလိုက်တဲ့ ငွေပမာဏကို သိနိုင်မယ်။ ၃၀၀ ခရီးဆို ၃၀၀ ဖြတ်မယ်။ ၂၀၀ ခရီးဆို ၂၀၀ ဖြတ်မယ်။ ၅၀ ခရီးဆို ၅၀ ဖြတ်မယ်။ အကြွေအခက်အခဲ မရှိတော့ဘူး” ဟု ipay ပိုက်ဆံကတ်စနစ်ကို ပြုလုပ်မည့် ကစ္ဆပနဒီမှ Project Manager ကိုအောင်ကျော်က ပြောသည်။ အဆိုပါ စနစ်အသုံးပြုရာတွင် အဆင်ပြေစေရန်အတွက် ယာဉ်နောက်လိုက်များကို Training ပေး မည်ဟု သိရသည်။ မိမိကတ်အတွင်း လက်ကျန်ပိုက်ဆံနည်းနေပါက ကစ္ဆပနဒီမှ ဖွင့်လှစ်ထားသည့် ရုံးခွဲများတွင် ထပ်မံဖြည့်သွင်းနိုင်ရန် စီစဉ်ပေးထားသည်ဟုလည်း သိရသည်။ ထို့အပြင် မိမိကတ်ကို တခြားလူများ အသုံးမပြုနိုင်ရန် လုံခြုံရေးစနစ်ကိုလည်း ပြုလုပ်ပေးထားသည်သိရသည်။ ကစ္ဆပနဒီအနေဖြင့် အဆိုပါ ipay ပိုက်ဆံစနစ်အသုံးပြုမှုကို လိုင်းကားများ တွင်သာမက ရထားစီးခြင်း၊ Taxi စီးခြင်း၊ သဘောင်္စီးခြင်းစသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ထမင်းဝယ်စားခြင်း၊ ဈေးဝယ်ခြင်းစသည့် လုပ်ငန်းများတွင်ပါ အသုံးပြုနိုင်ရန် ဆွေးနွေးလျက်ရှိသည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
From : ခေတ်လူငယ်
Unknown at 9:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
စည်ပင်ရဲ့ ကားပါကင်ကြောင့် အိုးအိမ်မဲ့ဖြစ်သူပေါင်း ၃၀၀ကျော်ရှိ
 ရန်ကုန်မြိုတော်စည်ပင်မှာ အိမ်ဟောင်းများကို ဖျက်ပြီး အဆောက်အဦးဆောက်လုပ်ခွင့်တင်ရာ
မှာ အဆင့်နှစ်ဆင့်တင်ရပါတယ် ။ ပထမအဆင့် Proposal ဒုတိယအဆင့်ပုံစံကြီး ဖြစ်ပါတယ် ။ 
ပထမအဆင့်Proposal အောင်ပြီးရင် မူလနေထိုင်ရာ အိမ်အဟောင်းကို ညဖြိုဖျက်ဖယ်
ရှားရပါတယ် ။ အဲဒီအချိန်ကစလို့ မြေပိုင်ရှင်မိသားစုများ  ၊ အိမ်ငှားနေထိုင်သူမိသားစုများဟာ ကန်ထရိုက်တာအိမ်ဆောက်မပြီးမချင်း မိမိတို့ကိုယ်ပိုင်ငွေကြေးဖြင့် တလလျှင်
အနည်းဆုံး ၇၀၀၀၀ ကျပ်ခန့် အကုန်အကျခံပြီးတိုက်ခန်းငှားနြေ
ကရပါတယ် ။ 
၂၀၁၂ခုနှစ် ဇန်န၀ါရီလအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်းမြို့နယ်အားလုံးမှာ အသင့်ဆောက်လုပ်မည့် အဆောက်အဦးများမြေညီထပ်မှာ လူနေထိုင်ခွင့်မပြုတော့ဘဲ 
ကားများရပ်နားရန် ကားပါကင်ပြုလုပ်ရမည်လို့ ညွှန်ကြားလာပါတယ် ။ 
အဲဒီအမိန့်ဟာ လွန်ခဲ့သော သုံးလေးလကတည်းက Proposalအောင်ပြီး  မြေပိုင်ရှင်များလည်း အကျုံးဝင်ကြောင်း ထုတ်ပြန်သဖြင့် မြေရှင်ရော ကန်ထရိုက်ပါ အခက်အခဲဖြစ်ကြရပါတယ် ။ စည်ပင်အမိန့်နှင့်ပတ်သက်ပြီး အနည်းငယ်ရှင်းပြလိုပါတယ် ။ 
ရန်ကုန်မြို့မှာ အိမ်ဟောင်းဖျက်ပြီး အိမ်သစ်ဆောက်လုပ်ခွင့်တင်သောမြေကွက်များ၏ 
၇၅%မှာ ၂၅ပေ×၅၀ပေ မြေကွက်များဖြစ်ပါတယ် ။ စည်ပင်ဥပဒေအရ ရှေ့နောက်ဝဲယာ တစ်ပေစီချန်ခိုင်းထားအတွက် မျက်နှာစာ၂၃ပေ×ရှေ့နောက်၄၈ပေ ဆောက်ကြရပါတယ် ။ 
ရပ်ကွက်အခေါ် ရင်ခွဲ အငယ်မှအုတ်နံရံချားပြီး နှစ်ခန်းတွဲဆောက်ကြတာ များပါတယ် ။ 
 အလည်တည့်တည့် အဆင်းအတက်လှေကား အကျယ်ရှစ်ပေနှုတ်ခဲ့ရင် ၊ ဘေးနှစ်ဘက်က ကွန်ကရစ်တိုင်နှစ်တိုင်နုတ်ခဲ့ရင် ကားအ၀င်အထွက်အတွက် ခြောက်ပေခွဲပင်
မကျန်တော့ပါ ။ 
ကားဝင်လို့ရတယ်ထားဦး ကားသုံးစီးရှေ့နောက်တန်းစီရပ်လျှင် ၀ဲယာနှုတ်ခမ်းအတွက် ကားခြောက်စီးကျပ်ကျပ်တည်းတည်းရပ်လို့ရပါတယ် ။ မှတ်ချက် - ကားတွေမှာ ဘက်မှန်ပါရင်တော့ ၀င်လို့မဆံ့ပါ ။------
 ပြသနာက အတွင်းထဲကကားထွက်ချင်ရင် နောက်ကားနှစ်စီးပိုင်ရှင်တွေကို ဘယ်မှာလိုက်ရှာမလဲ ။ ညနက်သန်းခေါင်အရေးပေါ်လို့ အတွင်းကကား အပြင်ထွက်ချင်ရင် ဘယ် လိုလုပ်မလဲ ။ 
အဲဒါကို မြေရှင်များနဲ့ ကန်ထရိုက်များ မဖြစ်နိုင်ကြောင်း ယာ/အုံ ဌာနမှူးထံ စုပေါင်းတင်ပြခဲ့ရာ 
ဌာနမှူးက ““ ကျုပ်လဲမသိဘူး ၊ အထက်က လုပ်ခိုင်းလို့လုပ်တာ”“ဟု ဖြေပါသည်  ။ တဖန် မြို့တော်ဝန်ထံဆက်လက်ပြီး စာများ ပုံများဖြင့် တင်ပြကြရာတွင် ထိုအကြောင်းအရာမှာ
 အပေါ်ကချပေးတဲ့ အမိန့်ကြောင့် ညွှန်ကြားတာဖြစ်ကြောင်း ပြောပါသည် ။
 ရန်ကုန်မြို့မှာ ထိုအကြောင်းကြောင့် အိုးအိမ်မဲ့ဖြစ်သူပေါင်း ၃၀၀ကျော်ရှိပါသည် ။ စည်ပင်နှင့်ဆက်နွယ်သော ဆောက်လုပ်ရေးလုပ်ငန်းများမှာ၈၀% လျောု့ကျသွားပါသည် ။ ဆောက်လုပ်ရေးလုပ်သားများ သောင်းချီပြီး အလုပ်လက်မဲ့ဖြစ်ကြရပါသည်။
ကန်ထရိုက်ဆောက်လုပ်ရေးသမားတဦး ရေးသားပေးပို့ ထားတာဖြစ်ပါတယ်။
Myanmar News Now
ရန်ကုန်မြို့ မှ ကန်ထရိုက်တိုက်ဆောက်လုပ်ရေးလုပ်ငန်းကိုတွေ့ရစဉ်
Unknown at 9:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မန်းလွှတ်တော် တတိယ ပုံမှန် အစည်းအဝေးတွင် မေးခွန်း ၁၅ဝ ကျော် မေးမြန်းခဲ့ပြီး ဥပဒေကြမ်း ၁၁ ခု အတည်ပြု
(မန္တလေး၊ မတ် ၃)
ပထမ အကြိမ် မန္တလေး တိုင်းဒေသကြီး လွှတ်တော် တတိယ ပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ ကို မတ် ၁ ရက်နေ့က ကျင်းပခဲ့ရာ နေပြည်တော်၊ ရန်ကုန် စည်ပင် ပြစ်မှုပြစ်ဒဏ် များအတိုင်း ပြင်ဆင်ထားသော မန်း စည်ပင်သာယာရေး ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ၊ ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၁၁ ခုကို အတည်ပြုနိုင် ခဲ့ကြောင်း မန်း တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမောင်ကပြောသည်
မန်းလွှတ်တော်ကို ဖေဖော် ဝါရီ ၁၅ ရက်က စတင်ကျင်းပ ခြင်းဖြစ်ပြီး တိုင်းစာရင်းစစ် ချုပ်ရုံးနှင့်ဆိုင်သော မေးခွန်း တစ်ခု၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးဌာနနှင့် ဆိုင်သော မေးခွန်း ကိုးခု၊ စည်ပင်သာယာရေး ဝန်ကြီးဌာနနှင့် ဆိုင်သော မေးခွန်း ၁၈ ခု၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဌာနနှင့် ဆိုင်သော မေးခွန်းနှစ်ခု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနနှင့် ဆိုင်သော မေးခွန်း ၂၂ ခု၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန နှင့်ဆိုင်သော မေးခွန်း ၁၄ ခု၊ လျှပ်စစ်နှင့်စက်မှု လက်မှု ဝန်ကြီး ဌာနနှင့် ဆိုင်သော မေးခွန်း ၁၈ ခု၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ဆိုင်သော မေးခွန်း ၃၄ ခု စုစုပေါင်း မေးခွန်း ၁၁၈ ခုကို လွှတ်တော် ကိုယ်စားလှယ် များက မေးမြန်း ခဲ့ကြပြီး အဆို ၁ဝ ခု တင်သွင်းပြီး အဆို ၁ ခုကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
”အခု တတိယ ပုံမှန်အစည်း အဝေးမှာ ဥပဒေကြမ်း ၁၁ ခု ကို အချိန် နှစ်လလောက် ယူပြီး ကျွမ်းကျင် ဥပဒေ ပညာရှင်တွေ အကူအညီနဲ့ ပြင်ဆင်ခဲ့ရတယ်’ ဟု မန်းတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောသည်။
အဆိုပါ လွှတ်တော် အစည်းအဝေး ဒသမနေ့တွင် ယခင်မြို့ တော်ဝန် ဦးဖုန်းဇော်ဟန် အား ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနသို့ ပြောင်းလဲ ခန့်ထားခြင်း၊ ဘဏ္ဍာရေး နှင့် အခွန် ဝန်ကြီး ဦးအောင်မောင်း အား မြို့တော်ဝန် အဖြစ် ပြောင်းလဲ ခန့်ထားခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အတည်ပြုခဲ့သော ဥပဒေ ကြမ်း တစ်ခုမှာ မန်းယစ်မျိုးခွန် ကောက်ခံရေး ဥပဒေကြမ်း၊ မန်း ရေချို ငါးလုပ်ငန်း ဥပဒေကြမ်း၊ မန်းကျေးရွာ ထင်းစိုက်ခင်း ဥပဒေကြမ်း၊ မန်း ပုဂ္ဂလိကပိုင် မော်တော်ယာဉ် လုပ်ငန်းများ စနစ်တကျ ပြေးဆွဲရေး ဥပဒေ ကြမ်း၊ မန်းမီးဘေးနှင့် သဘာဝ ဘေးအန္တရာယ်များ ကြိုတင် ကာကွယ်ရေး ဥပဒေကြမ်း၊ မန်း စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ၂ဝ၁၁-၁၂ ခုနှစ် တိုင်းဒေသ ကြီး ဒေသန္တရ စီမံကိန်းဥပဒေ ကြမ်း၊ ၂ဝ၁၂-၁၃ တိုင်းဒေသကြီး ဒေသန္တရ စီမံကိန်း ဥပဒေ ကြမ်း၊ ၂ဝ၁၂ ခုနှစ် မန္တလေး တိုင်းဒေသကြီး၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ ကြမ်း၊ ၂ဝ၁၂ ခုနှစ် မန္တလေး တိုင်း ဒေသကြီး၏ ဘဏ္ဍာငွေ ရသုံး ဆိုင်ရာ ဥပဒေကြမ်း တို့ ဖြစ်သည်။
Unknown at 9:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကျိုးပဲ့နေတဲ့ တရားစီရင်ရေး မဏ္ဍိုင်
2010 ဒီဇင်ဘာ3ရက်ည11 နာရီကျော် ရန်ကုန်မြို့ အာရှတော်ဝင်ရှေ့မှာ တိုက်စီမောင်းသော
ယဉ်မောင်းလေးအား လူအများ ၀ိုင်းပြီးမသေမချင်းရိုက်နှက်လိ
ု့ သေဆုံးခဲ့ရပါတယ်။
လျှပ်တပြတ် ၊ ပြည်မြန်မာ ဂျာနယ်တွေမှာလည်းဟိုးလေးတစ်ကြော်ဖြစ်ခဲ့ပါတယ်။
ယခုလိုလူတစ်ယောက်အားမသေမချင်းရိုက်နှက်တဲ့လူသတ်မှူ့ကို ဒုတိယခရိုင်တရားသူကြီး
 ဦးဟုတ်ရီမှ လူသတ်မှူ့ ၃၀၂ အား ၃၂၅ အဖြစ်ပြောင်းလဲပြီး ၂၀၁၂ ဖေဖော်ဝါရီ၂၄ရက်နေ့တွင်
ရန်ကုန်အနောက်ပိုင်
းခရိုင်တရားရုံး မှာအမိန့်ချမှတ်ခဲ့ပါတယ်။ 
ဝိုင်းရိုက်နှက်တဲ့ လူ၎ယောက် ရှိရာ ၂ယောက်ကို ထောင်ဒဏ် ၅နှစ်စီချမှတ်ပေမဲ့ ၊ 
လူတစ်ယောက်လုံးကို မသေမချင်းဝိုင်းရိုက်နှက်တဲ့ ဦးဆောင်တဲ့တရားခံကို တရားသူကြီး
ဦးဟုတ်ရီ မှ ထောင်ဒဏ် ၁နှစ် ၃လသာအမိန့်ချမှတ်ခဲ့ပါတယ်။ 
အဲဒီ ထာင်ဒဏ်၁နှစ်နဲ့၃လသာကျခံရသောတရားခံ၂ယောက်မှာငွေ
ကြေးပြည့်စုံ
သူများဖြစ်ကျပါတယ်။
တရားစီရင်ချက်ချပြီးလို့ရက်အနည်းငယ်ကြာ
တာနဲ့ ချုပ်ရက်နဲ့ လူတစ်ယောက်ကိုမသေမချင်းရိုက်သတ်
ခဲ့ ပေမဲ့ အပြင်မှာ
လမ်းသလားလို့ရနေပါပြီ။လူတစ်ယော
က်အသက်ကသာ ကြက်ကလေး
ငှက်ကလေးလိုသေဆုံးသွားခဲ့တာပါ။
ထိုဒုတိယခရိုင်တရားသူကြီးဦးဟု
တ်ရီမှာ တရားခံနှင့်တရားလိုအမေးအဖြေ
လုပ်နေတဲ့တရားခွင်အချိန်တွေမှာေ
တာင် စိတ်မ၀င်စားသလိုနဲ့
တယ်လီဖုန်းကိုသာအဆက်မပြတ်ပြောေ
နခဲ့ပါတယ်။
 သေဆုံးသွားသောတိုက်စီသမားလေးတင်မောင်ဆွေမှာပင်စင်စား မိဘကို
တိုက်စီမောင်းရင်းလုပ်ကျွေးနေေ
သာလူငယ်တစ်ဦးဖြစ်တယ်လို့သိရပါတယ်။
ခုလိုရာဇ၀တ်မှူ့တွေကို ထိထိရောက်ရောက်အရေးမယူရင် နောက်ဆိုလည်း
မကြောက်မရွံ့ထပ်ပြီးကြူးလွန်ေ
နကျမှာကိုကျွန်တော်တို့ အပစ်မဲ့ပြည်သူ
တွေအတွက်စိုးရိမ်စရာပါဘဲဖြစ်ကြောင်း အဆိုပါအမှုကို စောင့်ကြည့်လေ့လာ
နေသူတဦးက Myanmar News Now ကို ပြောပြပါတယ်။
 အမှု့ နှင့်ပါတ်သတ်သည့် အထောက်အထားစာရွက်စာတမ်းများကို အောက်မှာ
ဆက်လက်လေ့လာနိုင်ပါတယ်။
Myanmar News Now
Unknown at 9:23 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.