Tuesday, March 13, 2012

လိုင်းကားများပေါ်တွင် ယာဉ်စီးခကို ကြိုးမဲ့စနစ်ဖြင့် ပေးသွင်းနိုင်မည့် iPay စနစ် မတ်လ ၁၅ ရက်တွင် စတင်အသုံးပြုနိုင်မည်

လိုင်းကားများပေါ်တွင် ယာဉ်စီးခကို ကြိုးမဲ့စနစ်ဖြင့် ငွေပေးသွင်း နိုင်သည့် ipay စနစ်ကို ၂၀၁၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများတွင် စတင်အသုံးပြုမည်ဟု သတင်းရရှိသည်။ စတင်အသုံးပြုမည့် ယာဉ်များမှာ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းမှ သမိုင်း၊ လှည်းတန်း၊ မြေနီကုန်း၊ ဆူးလေသို့သွားသည့် ပါရမီအဓိပတိအပြာ ယာဉ်လိုင်းကားများ ဖြစ်သည်ဟု သိရသည်။ “ဒီကတ်ကို အသုံးပြုခြင်းအားဖြင့် ငွေစက္ကူ မလိုဘူး။ ပြီးတော့ လိုင်းကားစီးတဲ့အခါမှာ အဓိကဖြစ်နေတဲ့ အကြွေမအမ်းလို့၊ အကြွေမရှိလို့ဆိုတဲ့ ပြဿနာတွေ မရှိတော့ဘူး။ ဒီကတ်စနစ်က ကြိုးမဲ့စနစ်ဖြစ်ပြီး ငွေပေးချေတဲ့အခါ ၀.၁ စက္ကန့်သာ ကြာမယ်။ ဆော့ဖ်ဝဲကိုတော့ အိန္ဒိယနဲ့ မြန်မာက ပညာရှင်တွေ ရေးထားပါတယ်။ လိုင်းကားတွေပေါ်မှာ အလကား တပ်ဆင်ပေးမှာပါ။ စက်ရဲ့တန်ဖိုးက လေးသိန်းလောက်ရှိတယ်။ ကတ်တန်ဖိုးက ငါးဒေါ်လာလောက် ရှိတယ်။ ကတ်ကို တစ်ကတ်သုံးရာကျပ်နဲ့ရောင်းမယ်။ ပြီးရင် ကတ်ထဲကို အနည်းဆုံး တစ်ထောင်ကျပ်ကနေ အများဆုံး တစ်သိန်းထိ သွင်းထားနိုင်တယ်။ ငွေပေးချေတဲ့အခါတိုင်း ငွေလက်ခံဖြတ်ပိုင်းတစ်ခု ရရှိမယ်။ အဲဒီကနေ ပေးချေလိုက်တဲ့ ငွေပမာဏကို သိနိုင်မယ်။ ၃၀၀ ခရီးဆို ၃၀၀ ဖြတ်မယ်။ ၂၀၀ ခရီးဆို ၂၀၀ ဖြတ်မယ်။ ၅၀ ခရီးဆို ၅၀ ဖြတ်မယ်။ အကြွေအခက်အခဲ မရှိတော့ဘူး” ဟု ipay ပိုက်ဆံကတ်စနစ်ကို ပြုလုပ်မည့် ကစ္ဆပနဒီမှ Project Manager ကိုအောင်ကျော်က ပြောသည်။ အဆိုပါ စနစ်အသုံးပြုရာတွင် အဆင်ပြေစေရန်အတွက် ယာဉ်နောက်လိုက်များကို Training ပေး မည်ဟု သိရသည်။ မိမိကတ်အတွင်း လက်ကျန်ပိုက်ဆံနည်းနေပါက ကစ္ဆပနဒီမှ ဖွင့်လှစ်ထားသည့် ရုံးခွဲများတွင် ထပ်မံဖြည့်သွင်းနိုင်ရန် စီစဉ်ပေးထားသည်ဟုလည်း သိရသည်။ ထို့အပြင် မိမိကတ်ကို တခြားလူများ အသုံးမပြုနိုင်ရန် လုံခြုံရေးစနစ်ကိုလည်း ပြုလုပ်ပေးထားသည်သိရသည်။ ကစ္ဆပနဒီအနေဖြင့် အဆိုပါ ipay ပိုက်ဆံစနစ်အသုံးပြုမှုကို လိုင်းကားများ တွင်သာမက ရထားစီးခြင်း၊ Taxi စီးခြင်း၊ သဘောင်္စီးခြင်းစသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ထမင်းဝယ်စားခြင်း၊ ဈေးဝယ်ခြင်းစသည့် လုပ်ငန်းများတွင်ပါ အသုံးပြုနိုင်ရန် ဆွေးနွေးလျက်ရှိသည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။


From : ခေတ်လူငယ်
Unknown at 9:26 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.