
From : ခေတ်လူငယ်
ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဝိဇ္ဇာပညာရပ်များနှင့် သိပ္ပံပညာရပ်များ သင်ကြားပေးနေသော တက္ကသိုလ်များ၌ နိုင်ငံရေး သိပ္ပံဘာသာရပ်ကို ထပ်ဆောင်းဘာသာရပ် (Additional Subject) အဖြစ် သင်ကြားပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရက တိုက်တွန်းကြောင်း ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၃ မှ ဦးဥာဏ်လင်း၏ အဆိုကို လွှတ်တော်က အတည်ပြုခဲ့ကြောင်း ပထမအကြိမ် အမျိုးသား လွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပရာမှ သိရသည်။ ၎င်းအဆိုကို ထောက်ခံဆွေးနွေးသူ များပြားခဲ့ကြောင်း၊ ၎င်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထား ရယူရာထောက်ခံသည့် လွှတ်တော် ကိုယ်စားလှယ်များသည့်အတွက် အဆိုကို အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုကို ဆွေးနွေးရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပညာရေးကဏ္ဍာတွင် ကျောင်းသားကျောင်းသူများအား စစ်မှန်သော နိုင်ငံရေးအသိစိတ် ပြည့်ဝစေရန်နှင့် နိုင်ငံရေးအတွေးအခေါ်များ ရင့်သန်လာနိုင်စေရန်အတွက် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို အခြေခံပညာအလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် အဆင့်အလိုက် သင်ကြားပို့ချသင့်ကြောင်းနှင့် အထူးသဖြင့် တက္ကသိုလ်အဆင့်တွင် နိုင်ငံရေးသိပ္ပံ ဌာနကြီးတစ်ခု ဖွင့်လှစ်ပြီး ထပ်ဆောင်းဘာသာရပ်ဖြင့် သင်ကြားပို့ချပေးသင့်ကြောင်း အစရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးကြကြောင်း သိရသည်။ အဆိုနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဘရွှေက ပြန်လည်ရှင်းလင်းဖြေကြားရာတွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်ဒီဂရီကောလိပ်များ၌ ပညာသင်ယူနိုင်မှု အခွင့်အလမ်းကောင်းများ ဖွင့်ပေး၍ အရည်အချင်း မြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးရန်အတွက် ပထမနှစ်ဘွဲ့ကြိုသင်တန်းများ အားလုံးတွင် မြန်မာ့ရေးရာဘာသာရပ်ကို သင်ကြားပို့ချလျက်ရှိသည့်အတွက် အဆိုကို မှတ်တမ်းတင်ထားသင့်ပါကြောင်း အစရှိသဖြင့် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge