Tuesday, March 13, 2012

ကျွန်မျိုးဟေ့..ဒို့  မြန်မာ..ကြည့်ကြပါဗျာ

ဒီခံစားချက်လေးေ၇းချင်နေတာ ကြာခဲ့ပြီ..ေ၇းမယ်ေ၇းမယ်နဲ့  မအားတာေ၇ာ လိုင်းမကောင်း တာေ၇ာနဲ့  .ဟော ခုတော့ ဒီသတင်းပုံတွေ ကြည့်ပြီ ကျနော့ ၇င်ထဲမှာ မြိုသိပ်ထားတာတွေကိုေ၇းချလိုက်တော့မယ်ဗျာ၊ကျနော့
အမြင်ကျနော့ သဘောထားကို စာဖတ်သူ မောင်နှမတွေ လွတ်လပ်စွာ သဘောထားကွဲလွဲလို့ ၇ပါတယ်...
အ၇င် စစ်အစိုး၇၇ဲ့  တမျိုးသားလုံး အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားေ၇းနဲ့ ..ဆိုတဲ့ ဆောင်ပုဒ်လေးကို ကြားတိုင် ၇င်ထဲမှာ တကယ်နာကျင်၇တယ်...ဘာဖြစ်လို့ လဲ..? ဟုတ်ကဲ့..အဲ့ ဇာတိဂုဏ် မြင့်မားေ၇းဆိုတဲ့ ဆောင်ပုဒ် မြန်မာပြည်
ကနေ ထွက်ခွာပါပြီ သူများနိုင်ငံမှာကျွန်သွားလုပ်ပါပြီ ဆိုထဲက မြန်မာပြည်မှာ ကျကျန်ခဲ့တော့တာပါ..တကယ်ပါ. .....
ပြည်တွင်းကလူတွေ တော့ ဒီခံစားမှုမျိုးလက်တွေ့ မခံစားဖူးပေမယ့် သိတော့သိနေကြပါလိမ့်မယ်..ပြည်ပကို အလုပ်လုပ်
ဖို့ ထွက်လာတဲ့သူတွေကို မေးကြည့်ပါ.. အပေါ်ကလာလာ ..အောက်လမ်းကလာလာ နှိမ်ခံ၇တာတော့ တူတူပါပဲ..
ပြည်ပ လေဆိပ်ေ၇ာက်ထဲက ပက်စပိုစ့် (အနီ) မြင်တာနဲ့  လက်နဲ့ တောင် မကိုင်ချင်ကြဘူး..
ကျနော် မလေးရှားလာတော့ ည ၂နာ၇ီလောက်ေ၇ာက်တယ်..ထိုင်းကနေတင့် လာ၇တာ..မလေးရှား လေဆိပ်ေ၇ာက်တာနဲ့ မလေး အင်မီဂေ၇းရှင်း(လ၀က)က အားလုံးသံမံသလင်းပေါ် အ၇မ်းအေးနေတဲ့
လေဆိပ်ခန်းမထဲမှာနော် အဲ့လိုထိုင်ခိုင်းထားတာ၁ နာ၇ီကျော် ကြာတယ်..အဲ့ထဲမှာမိန်းကလေးတွေလည်းပါတယ်..
မလေးရှားလေဆိပ်၇ဲတွေက ဘီးပါတဲ့ခုံပေါ်ထိုင်ပြီခုံကိုလျှောထိုးလှိမ့်ပြီ အတန်းလိုက် ထိုင်နေတဲ့ သူတွေထဲက
မိန်းကလေးတွေကို သွားသွားစကြတယ်..ပြီး၇င် သူတို့ ချင်း ပြောလိုက်၇ယ်လိုက်ကြနဲ့  သူတို့  လူမျိုး မိန်းကလေး
ဝန်ထမ်းကျခုံပေါ်မှာ သူတို့ ၇ဲတွေ လုပ်သမျှ သဘောကြပြီ ၇ယ်နေတာ ကြည့်ပြီတော်တော်ခံပြင်း၇တာ..
ကိုယ်တွေ တိုင်းပြည်လောက်မှ မကျယ် ၊သံယံဇာတ ဘာမှမထွက် ၊ဘာသာစကားတောင် သူများ ဘာသာ အက္ခ၇ာကိုပုံတူကူးချတဲ့သူတွေက ၊ ၁၂ အလီလောက်တောင် ဂဏန်းပေါင်းစက်နဲတွက်နေ၇ပေမယ့်
့ပညာေ၇းသူတို့  ထက်သာတဲ့သူတွေကိုအပေါ်စီးက ကျွန်လိုခိုင်းနေနိုင်တာ ဘာကြောင့်လဲ ? သူတို့ တိုင်းပြည်ကို
အုပ်ချုပ်ခဲ့တဲ့ လူကြီး ကောင်းခဲ့လို့ ခုလို သူတို့ စံနေ၇တာပေါ့။ဒါကို သိ၇လေ..မြန်မာပြည်ကြီးကိုဆင်း၇ဲတွင်းပို့ ခဲ့တဲ့
အာဏာရူးခဲ့ကြတဲ့ လူကြီးတွေကို ဒေါသထွက်မိလေပဲ..တချိန်က အာရှမှာ ထိပ်ဆုံးက ရှိခဲ့တာကနေဟိုအောက်ဆုံး
ေ၇ာက်သွားတာ ဘယ်သူတွေ ကြောင့်လည်း ..ဒီအာဏာရူးလူကြီးတွေကြောင့်ပဲ...ဗိုလ်ချုပ်ရှိစဉ်ကအမှီလိုက်ဖို့ 
မျှော်မှန်းခဲ့တာ ဒီဘာမှမဟုတ်တဲ့(အဲ့တုန်းက) မလေး ၊စင်္ကာပူ ၊ထိုင်းခေါင်းထဲတောင် ဗိုလ်ချုပ်ထည့်မှာ မဟုတ်ဘူး ။
ကို၇ီးယားတို့  ၊ဂျပန်တို့ လောက်တောင် မစဉ်စားဘူး .. ဥေ၇ာပလို သူတို့ ကခြေလှမ်း၁၀ လှမ်း ၊လှမ်း၇င် ကျုပ်တို့  က အလှမ်း ၂၀၊ ၃၀လှမ်းမှ နောင် ၁၀ နှစ် ၁၅ နှစ်မှ မီမယ်ဆိုတဲ့ ဗိုလ်ချုပ် အောင်ဆန်းမိန့် ခွန်းကို ပြန်ကြားယောင်
မိပါတယ်.. ဗိုလ်ချုပ် များရှိခဲ့၇င် ဒင်းတို့  ငါတို့ တိုင်းပြည်မှာ လာကျွန်ခံ၇မှာ..အခု ဗိုလ်ချုပ် သမီး ဒေါ်စုရှိတော့ ကျွန်
တော်တို့ ကျွန်ခံနေရပါ တယ်.... ပြည်ပ လာလုပ်တဲ့သူတွေ တ၇ားဝင်ဖြစ်ဖြစ် ၊အောက်လမ်းကလာတဲ့သူပဲ ဖြစ်ဖြစ်
နှိမ်ခံ၇တာတော့ တူတူပါပဲဗျာ..၇ဲမြင်လည်း အ၇စ်ခံ၇..အိန္ဒိယကုလားမြင်လည်း ကြောက်၇.လုရုံတင်မဟုတ်ဘူး၊
ရိုက်သေးတာ၊ဟိုတလောက ဂျိုဟိုးဘက်မှာ မြန်မာမိန်းကလေးတွေကြီးပဲ နေတဲ့အိမ် နေ့ ခင်းကြောင်တောင်
ဝင်ပြီ အိမ်ရှိအရွယ်ကောင်းမိန်းကလေးတွေကို မုဒိမ်းကျင့်သွားတာဘာကြာသေးလို့ လဲ..၇ဲတိုင်လည်း
နိုင်ငံခြားသားအမှုဆို သေချင်၇ာသေ ဘယ်တော့မှမပေါ်ဘူး..မိန်းမကောင်း လေးတွေတောင် ပါမစ်မရှိ၇င်၇ဲက
သူတို့ နဲ့ ညအိပ်ဖို့  ခေါ်ခံနေ၇တာ..တကယ်ဖြစ်နေတာနော် ၊သူတို့ လူမျိုးမိန်းကလေးကို သွားမစနဲ့ 
ဖုန်းဆက်ခေါ်လိုက်လို့ ကတော့ကိုယ်တော်ချော၇ဲတွေ ချက်ချင်းေ၇ာက်လာတာ ၊မြန်မာပြည်ကမျိုးချစ်၇ဲ
တွေနဲ့ တော့ကွာပါ့..မြန်မာပြည်မှာ နိုင်ငံခြားသား သွားမထိနဲ့ မီးပွင့်သွားမယ်
ခုပဲ ကြည့်ပါအုံးဗျာ ..စင်္ကာပူမှာ အိမ်ဖော်လုပ်တဲ့ ကောင်မလေးကို တိ၇စ္ဆာန်တကောင်လို နှိပ်စက်တာ
၇င်ထဲမှာတကယ် မချိဘူးဗျာပုံတွေကိုကြည့်ပြီမချိဘူးဗျာ..ေ၇နွေပူနဲ့ ပက်၊ကိုက်ဆွဲ ၊ထားတာ ၇ဲအိမ်လာမှ သိ၇တာ
ဟိုတလောကကလည်း အိမ်ဖော်မလေး တိုက်ပေါ်ကခုန်ချပြီ အဆုံးစီ၇င်သွားတယ်.. ပြည်ပ ထွက်လာပြီ
အလုပ်လုပ်ကြ ၇တဲ့သူများသောအားဖြင့်က ( D ) ၃ လုံးနဲ့  လုပ်ကြ၇တယ်.. ဘာတွေလည်း
(၁)Dirtily (ညစ်ပတ်တဲ့အ၇ာ)
(၂)Dangerous (အန္တာ၇ယ်ရှိတဲ့ အ၇ာ)
(၃)Difficult ( ခက်ခဲတဲ့ အ၇ာ)
သူတို့  မလုပ်ချင်တဲ့ အ၇ာတွေကို နိုင်ငံခြားကနေ ဈေးပေါပေါ ..ကျနော်တို့ လို မြန်မာကျွန်တွေကို ခိုင်းနေကြတယ်.. အလုပ်ခွင်ထဲမှာဆိုလည်း နိုင်မှန်းသိလို့  ဖိဟောက် ၊ ပြန်ပြော၇င် လစာဖြတ် အလုပ်ထုတ် ၊ ဒီကြားထဲ
အသည်းထဲက နာတဲ့ စကားတခွန်းကမင်းတို့ မကျေနပ်၇င် ကိုယ့်ပြည်ကိုယ်ပြန် ဆိုတာပဲ..ခက်တာကလည်း
ဒီထွက်လာတဲ့သူ တော်တော်များများက အကြွေးတွေနဲ့ လယ်ပေါင်၊ခြံပေါင် ၊ ကိုယ့်ကို မှီခိုနေတဲ့ လူမမယ်
ညီကိုမောင်နှမ ဒီမျက်နှာတွေကြောင့် မလုပ်ချင်လည်းလုပ် ၊ခြေထောက်နဲ့ ခိုင်း လည်း လုပ်၊ဘယ်လောက်လုပ်လုပ်
အအော်ခံနေ၇လည်း သည်းခံနေ၇တာ .. နိုင်ငံခြားနဲ့ ပိုင်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ သိပါရဲ့လား .... နိုင်
ငံတကာကလူတွေက လာလိုက် တစ်ယောက်ပြီး တစ်ယောက် အိမ်ခေါ်တွေ့လိုက်နဲ့ သာလုပ်နေတယ် အခုချိန်ထိ
နိုင်ငံခြားရောက် မြန်မာကျောင်းသားတွေနဲ့ အလုပ်သမားတွေကောင်းဖို့ တစ်ခုမှ လုပ်မပေးနိုင်တာကို စိတ်ပျက်မိ
ပါတယ်... တနေ့တနေ့ အင်တာနက်ပေါ်မှာ ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်မျက်နှာက ပျော်လို့ ရွှင်လို့ ပါ..
နိုင်ငံခြားမှာ ခုလို ဒုက္ခရောက်နေတဲ့ မြန်မာတွေ ရှိနေတာကို သိစေချင်ပြီး ကိုယ်ချင်းစာစေချင်ပါတယ်... ဒေါ်အောင်
ဆန်းစုကြည်မှာ မြန်မာလူမျိုး သား သမီး မရှိလို့ ကိုယ်ချင်းမစာတတ်ရင်တော့ ဘာမှမပြောတော့ပါဘူး...... ဒါပေမယ့်
ပြည်သူ့အသံကို နားထောင်တယ်လို့ ပါးစပ်က မပြောပဲ ပြည်သူတွေရဲ့ အသံတွေကို တကယ်ပဲနားထောင်စေချင်
ပါတယ်... နိုင်ငံခြားမှာ ကျွန်ခံနေတဲ့ မြန်မာလူမျိုးတွေအများကြီးရှိတာကို ဒေါ်စုသိပါစေ......

Myanmar Express
Unknown at 9:32 AM
Share

2 comments:

  1. HtunMarch 13, 2012 at 11:30 AM

    ဗိုလ်ချုပ် များရှိခဲ့၇င် ဒင်းတို့  ငါတို့ တိုင်းပြည်မှာ လာကျွန်ခံ၇မှာ..အခု ဗိုလ်ချုပ် သမီး ဒေါ်စုရှိတော့ ကျွန်
    တော်တို့ ကျွန်ခံနေရပါ တယ်.... မင်းဆိုလိုတာဘာသဘောလဲ?????
    ဒေါ်စု နိုင်ငံရေးထဲဝင်လာနှိုင်တဲ့အချိန်က မင်းလူ.ဘ၀ထဲကိုရောက်လာခါစပဲရှိဦးမယ်
    ၁၉၆၂ခုနှစ်စစ်တပ်ကတိုင်းပြည်အဏာသိမ်းပြီးကတည်းက တိုင်းပြည်ဟာချမ်းသာနေရာကနေကုန်းကောက်စရာမရှိအောင်ဖြစ်လာပြီးခုဆိုရင်ပေးစရာအကြွေးတပုံတပင်ဖြစ်လာတဲ့အကြောင်းကိုမင်းလေ့လာမိရဲ.လား?
    ဒေါ်စုကြောင့်တိုင်းပြည်ဆင်းရဲတာမဟုတ်ဘူးမင်းသိထားရမှာ.......
    ခုမှ ဒေါ်စုနိုင်ငံရေး လောက်ကထဲမှာထဲထဲဝင်ဝင်လုပ်နှိုင်ဘို.ကြိုးစားနေတုန်းရှိသေးတယ်
    မင်းဆဲချင်ရင် နေ၀င်းတို. စောမောင်တို. သန်းရွှေ တို.ကိုဆဲ သူတို.ကြောင့် ငါတို.မြန်မာတွေဆင်းရဲလာပြီးကျွန်ဖြစ်လာရတာ
    ၁၉၄၈လွတ်လပ်ရေးရပြီးချိန်ကနေ၁၉၆၂ ခုနှစ်ထိ မြန်မာနိုင်ငံဟာအရှေ.တောင်အာရှမှာအချမ်းသာဆုံနိုင်ငံ မင်သိအောင်ပြေတာ ခုမှသူတောင်းစာနိုင်ငံဖြစ်နေတာကွ

    ReplyDelete
    Replies
      Reply
  2. arsoeminMarch 18, 2012 at 8:04 PM

    ကိုယ်ချင်းစာပါတယ်။ခုလိုကို.လူမျိုးကိုချစ်တဲ့စိတ်ရှိလို.တစ်ကယ်လေးစားပါတယ်။ကျေးဇူးပြုပြီိးမြန်မာမိန်းကလေးတွေမလေးမှာအလုပ်လာမလုပ်ဖို.တတတ်နိုင်သမျှအွန်လိုင်းကနေတားပေးဖို.တောင်းဆိုပါရစေနော်။ဒေါ်စုကိုတော့အပြစ်မတင်ပါနဲ.နော်။သနားပါတယ်သူ.ခဗျာမိန်းကလေးတန်မဲ့စစ်ခွေးအိုတွေကိုဆန်.ကျင်နေရရှာတာလေ။

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.