(မန္တလေး၊ မတ် ၃)
ပထမ အကြိမ် မန္တလေး တိုင်းဒေသကြီး လွှတ်တော် တတိယ ပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ ကို မတ် ၁ ရက်နေ့က ကျင်းပခဲ့ရာ နေပြည်တော်၊ ရန်ကုန် စည်ပင် ပြစ်မှုပြစ်ဒဏ် များအတိုင်း ပြင်ဆင်ထားသော မန်း စည်ပင်သာယာရေး ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ၊ ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၁၁ ခုကို အတည်ပြုနိုင် ခဲ့ကြောင်း မန်း တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမောင်ကပြောသည်
မန်းလွှတ်တော်ကို ဖေဖော် ဝါရီ ၁၅ ရက်က စတင်ကျင်းပ ခြင်းဖြစ်ပြီး တိုင်းစာရင်းစစ် ချုပ်ရုံးနှင့်ဆိုင်သော မေးခွန်း တစ်ခု၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးဌာနနှင့် ဆိုင်သော မေးခွန်း ကိုးခု၊ စည်ပင်သာယာရေး ဝန်ကြီးဌာနနှင့် ဆိုင်သော မေးခွန်း ၁၈ ခု၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဌာနနှင့် ဆိုင်သော မေးခွန်းနှစ်ခု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနနှင့် ဆိုင်သော မေးခွန်း ၂၂ ခု၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန နှင့်ဆိုင်သော မေးခွန်း ၁၄ ခု၊ လျှပ်စစ်နှင့်စက်မှု လက်မှု ဝန်ကြီး ဌာနနှင့် ဆိုင်သော မေးခွန်း ၁၈ ခု၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ဆိုင်သော မေးခွန်း ၃၄ ခု စုစုပေါင်း မေးခွန်း ၁၁၈ ခုကို လွှတ်တော် ကိုယ်စားလှယ် များက မေးမြန်း ခဲ့ကြပြီး အဆို ၁ဝ ခု တင်သွင်းပြီး အဆို ၁ ခုကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
”အခု တတိယ ပုံမှန်အစည်း အဝေးမှာ ဥပဒေကြမ်း ၁၁ ခု ကို အချိန် နှစ်လလောက် ယူပြီး ကျွမ်းကျင် ဥပဒေ ပညာရှင်တွေ အကူအညီနဲ့ ပြင်ဆင်ခဲ့ရတယ်’ ဟု မန်းတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောသည်။
အဆိုပါ လွှတ်တော် အစည်းအဝေး ဒသမနေ့တွင် ယခင်မြို့ တော်ဝန် ဦးဖုန်းဇော်ဟန် အား ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနသို့ ပြောင်းလဲ ခန့်ထားခြင်း၊ ဘဏ္ဍာရေး နှင့် အခွန် ဝန်ကြီး ဦးအောင်မောင်း အား မြို့တော်ဝန် အဖြစ် ပြောင်းလဲ ခန့်ထားခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အတည်ပြုခဲ့သော ဥပဒေ ကြမ်း တစ်ခုမှာ မန်းယစ်မျိုးခွန် ကောက်ခံရေး ဥပဒေကြမ်း၊ မန်း ရေချို ငါးလုပ်ငန်း ဥပဒေကြမ်း၊ မန်းကျေးရွာ ထင်းစိုက်ခင်း ဥပဒေကြမ်း၊ မန်း ပုဂ္ဂလိကပိုင် မော်တော်ယာဉ် လုပ်ငန်းများ စနစ်တကျ ပြေးဆွဲရေး ဥပဒေ ကြမ်း၊ မန်းမီးဘေးနှင့် သဘာဝ ဘေးအန္တရာယ်များ ကြိုတင် ကာကွယ်ရေး ဥပဒေကြမ်း၊ မန်း စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ၂ဝ၁၁-၁၂ ခုနှစ် တိုင်းဒေသ ကြီး ဒေသန္တရ စီမံကိန်းဥပဒေ ကြမ်း၊ ၂ဝ၁၂-၁၃ တိုင်းဒေသကြီး ဒေသန္တရ စီမံကိန်း ဥပဒေ ကြမ်း၊ ၂ဝ၁၂ ခုနှစ် မန္တလေး တိုင်းဒေသကြီး၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ ကြမ်း၊ ၂ဝ၁၂ ခုနှစ် မန္တလေး တိုင်း ဒေသကြီး၏ ဘဏ္ဍာငွေ ရသုံး ဆိုင်ရာ ဥပဒေကြမ်း တို့ ဖြစ်သည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge