Friday, February 24, 2012

မီဒီယာလွတ်လပ်ခွင့်ဆိုတာ ဒါမျိုးလား

From : မင်းအရိပ်
မီဒီယာလွတ်လပ်ခွင့်ဆိုတာဘာလဲ။
မီဒီယာလွတ်လပ်ခွင့်ဆိုတာ ဘိုးဘွားဘီဘင်တွေ လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြတဲ့ မိရိုးဖလာအစဉ်အလာတွေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုတွေကို မျက်ကွယ်ပြုပစ်ပယ်ခြင်းကိုဆိုလိုပါသလား။
ကျွန်တော့်တစ်ဦးတည်းအမြင်ပြောရမယ်ဆိုရင် မီဒီယာလွတ်လပ်ခွင့်ဆိုတာ သက်နိုင်ရာနိုင်ငံအလိုက်မှာရှိကြတဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုအစဉ်အလာတွေနဲ့အညီ စည်းနဲ့ဘောင်နဲ့အတွင်းက လွတ်လပ်မှုသာဖြစ်သင့်ပါတယ်။
အဲဒီ မီဒီယာလွတ်လပ်ခွင့်တို့၊ လူ့အခွင့်အရေးတို့ စတဲ့ စကားလုံးတွေရဲ့နောက်မှာ လူ့အဖွဲ့အစည်းတွေယိမ်းယိုင်လာမှုတွေ၊ ရှိရင်းစွဲယဉ်ကျေးမှုပျက်သုန်းခြင်းတွေ၊ စာရိတ္တပျက်ဆီးလာမှုတွေ၊ ကိုယ်ပိုင်အမျိုးသားလက္ခဏာများပပျောက်ခြင်းတွေ စတာတွေပါ ကပ်ပါလာတတ်ပါတယ်။
အခုလည်း ယဉ်ကျေးမှုနဲ့ အမျိုးသားလက္ခဏာတွေပျက်သုန်းခြင်းများရဲ့နိဒါန်းတွေကို မျက်ဝါးထင်ထင်စတွေ့လာနေရပြီဖြစ်ပါတယ်။
ကျွန်တော်ဟာ လွတ်လပ်မှုကို မြတ်နိုးတဲ့လူတစ်ယောက်ဖြစ်ပေမယ့် ယဉ်ကျေးမှုဆိုတာမျိုးဟာ မတူညီတဲ့နိုင်ငံတွေအနေနဲ့ ပုံတူကူးချလို့မရဘူးဆိုတာကို လက်ခံထားပါတယ်။
ခေတ်ရေစီးကြောင်းတွေတိုက်စားတာကြောင့် ကမ်းနံရံတွေပြိုကျပျက်ဆီးမှာကိုလဲ မလိုလားပါဘူး။ ညင်ညင်သာသာလေး လိုက်လျောညီထွေ စီးဆင်းမယ့် ခေတ်ရေစီးကြောင်းကိုပဲ လိုလားပါတယ်။



ဒီနေ့ ဖြစ်ပျက်နေတဲ့ အနုပညာသည် သရုတ်ဆောင် မင်းသမီး မင်းသားတွေကိုကြည့်ပါ။ ဆင်ဆာအဖွဲ့သာ မရှိလျှင် အပြာကားတွေ မကြာခင်ထွက်လာပါလိမ့်မယ်။ အဲလိုပဲ စာပေစိစစ်ရေးသာ မရှိလျှင် ပိုဆိုးပါလိမ့်မယ်။

(ငါဟာ မြန်မာလူမျိုး၊ ငါနေထိုင်တာ မြန်မာ့လူ့အဖွဲ့အစည်း၊ ငါထိန်းသိမ်းရမှာ မြန်မာ့ယဉ်ကျေးမှု)
Unknown at 4:30 PM 2 မှတ်ချက်ကလေးရေးပေးနော်.
Share

အမျိုးသားများ မ၀င်ရ၊ အဆိုတော်ရဲ့ ဒုက္ခ

အမျိုးသားများ မ၀င်ရ
အမျိုးသား ခရီးသည်များ ၀င်ခွင့်မရတာကတော့ အမျိုးသမီး ဘတ်စ်ကားတွေပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ဘတ်စ်ကား ကျပ်ကျပ်တွေကြောင့် စိတ်ညစ်နေရတဲ့ ရန်ကုန်မြို့နေအမျိုးသမီးများအတွက် သီးသန့် ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေပါ။

အမျိုးသမီးခရီးသည်တင် ဘတ်စ်ကား (ဓာတ်ပုံ - 7 Day သတင်းဂျာနယ်)
မိန်းမဘတ်စ်ကားလို့ တချို့က အမည်ပြောင် ပေးထားတဲ့ အမျိုးသမီးခရီးသည်တင် ဘတ်စ်ကားတွေကို ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့ကစပြီး စမ်းသပ် မိတ်ဆက်ရာကနေ တနင်္လာနေ့မှာတော့ ပုံမှန်ပြေးဆွဲမှုကို အစပြုခဲ့တာ ဖြစ်ပါတယ်။
“ရန်ကုန်မြို့နေ့ အမျိုးသမီးတွေ ရုံးတက်ရုံးဆင်း၊ ကျောင်းတက်ကျောင်းဆင်းမှာ ဘတ်စ်ကားကျပ်တဲ့ ဒုက္ခက ကင်းဝေးအောင်၊ သီးသန့်လေး စီးနင်းနိုင်အောင် စေတနာ၊ ရည်ရွယ်ချက်နဲ့ လုပ်တာပါ” လို့ ပါရမီ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းမှ  ဌာနခွဲမှူးတဦးက ဧရာဝတီကို ပြောပါတယ်။
ဒီကားတွေကို ရုံးဖွင့်ရက်တွေမှာပဲ၊ ပြီးတော့ ကား အထူးကျပ်တဲ့  ရုံးတက် ရုံးဆင်းချိန်မှာပဲ တွေ့ရမှာပါ။
အဓိပတိ အပြာ၊ အနီ၊ အ၀ါ၊ ၁၇၆၊ ၁၇၇ ဆိုတဲ့ ယာဉ်လိုင်းတွေမှာ  အမျိုးသမီး ခရီးသည်တင် ဘတ်စ်ကားတွေ ရှိနေပါပြီ။ အရေအတွက်က အများကြီးတော့ မဟုတ်ပါဘူး၊ တလိုင်းကို  နှစ်စီးနှုန်းနဲ့ ဆယ်စီးပြေးဆွဲနေတာပါ တဲ့။
ရန်ကုန်မြို့ ဘတ်စ်ကားတွေပေါ်မှာ ကာယိနြေ္ဒပျက်ပြားအောင် ပြုလုပ်ခံနေရတာတွေဟာ အမျိုးသမီး ခရီးသည်များ နေ့စဉ်နဲ့အမျှ တွေ့ကြုံ ခံစားနေကြရတဲ့ ပြဿနာကြီးပါ။
တနိုင်ငံလုံး လူဦးရေရဲ့ ၁၀ ပုံတပုံကို ထမ်းထားရတဲ့ ရန်ကုန်မှာ ဒီပြဿနာဟာ ဆယ်စုနှစ်တခုမက ကြာလာပါပြီ။ နှစ်တွေ ကြာလာလေ၊ ကားတွေ ကျပ်လာလေ၊ ဒီပြဿနာ ပိုကြီးလာလေပါပဲ။
ကားကျပ်တာကို အခွင့်ကောင်းယူပြီး ပွတ်သီးပွတ်သပ်လုပ်တတ်သူ၊ လက်သရမ်းတတ်သူတချို့နဲ့ ကြုံရမှာကို အရွယ်ရောက်တဲ့ မိန်းကလေးတွေ  စိုးရိမ်ပူပန်ခဲ့ရပါတယ်။ အခုတော့ အရွယ်မရောက်သေးတဲ့ မိန်းကလေးများပါ ဒီအန္တရာယ်နဲ့ ရင်ဆိုင်လာရပါတယ်။
ဘတ်စ်ကားနဲ့သာ အဓိကထား သွားလာနေရတဲ့ ရန်ကုန်သူတွေက  ဒီပြဿနာကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းခဲ့ကြပါတယ်။ ရုံးဆင်းချိန်၊ ကျောင်းဆင်းချိန်တွေမှာ ဘတ်စ်ကား မကျပ်ပါစေနဲု့လို့ မဖြစ်နိုင်တာကို ဆန္ဒပြုရင်း  တချို့က အပ်ချိတ်ကြီးကြီး ဆောင်ကြ၊ တချို့ကျတော့ ခေါက်ထီးကြီးကြီး ကိုင်ကြ … စတဲ့ နည်းလမ်း အမျိုးမျိုးနဲ့ ဖြေရှင်းခဲ့ကြတာပါ။
အမျိုးသမီးခရီးသည်တင် ဘတ်စ်ကားတွေ ပေါ်ပေါက်လာတာကို လိုအပ်ရဲ့လား ဆိုပြီး ဝေဖန်သူများ ရှိသလို၊ တခဲနက် ကြိုဆိုသူများလည်း ရှိတယ် ဆိုတာ အင်တာနက် စာမျက်နှာများမှာ ထင်ထင်ရှားရှား တွေ့ရပါတယ်။
“သိန်းထောင်ချီ (တန်တဲ့) ကားတွေစီးနေတဲ့ အမျိုးသမီး ရေးရာက “ကတော်မမကြီး” တွေ ပိုက်ဆံ ၀ိုင်းထည့်ပြီးတော့တောင် အရှုံးခံ ဆွဲပေးသင့်တာပေါ့” လို့ ဒါရိုက်တာ ချိုတူးဇော်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မှတ်ချက်ပြုထားပါတယ်။
ကဲ … ဘယ်လိုအကြောင်းကြောင့်နဲ့ပဲ ဖြစ်ဖြစ် အမျိုးသမီးများအတွက် သီးသန့် ဘတ်စ်ကား ၁၀ စီးတိတိ မဟာရန်ကုန်က ကားလမ်းတွေပေါ်မှာ အချိန်ပိုင်း ပြေးလွှားနေပါပြီ။ ဒီကားတွေပေါ်က လေဒီကြီးငယ်တွေ အဆင်ပြေကြသလိုပဲ တခြား နယ်စည်းမခြား ဘတ်စ်ကားများပေါ်မှာ သွားလာနေရတဲ့ အမျိုးသမီးများလည်း အန္တရာယ် မျိုးစုံမှ ကင်းပါစေလို့ ဆန္ဒပြုရင်း..
အဆိုတော်ရဲ့ ဒုက္ခ

အဆိုတော်တယောက်ရဲ့ အရည်အချင်းက အဆို”တော်”ဖို့ တခုတည်း မဟုတ်တော့ဘူး ဆိုတာ အခုလို စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို ဖော်ဆောင်နေချိန်မှာ ပိုပြီး ထင်သာမြင်သာ ရှိလာပါပြီ။
နာရေးကူညီမှုအသင်းကို ၄၂ သိန်း လှူဒါန်းတဲ့ ဆောင်းဦးလှိုင် (ဓာတ်ပုံ - Burma VJ Media Network)
အဆိုတော် ဆောင်းဦးလှိုင်က ဖေဖော်ဝါရီ ၁၇ ရက်နေ့ ရန်ကုန်မှာ တကိုယ်တော် စင်မြင့်ဖျော်ဖြေပွဲလုပ်တော့ သူ့ပွဲကို လာမကြည့်ကြဖို့ တချို့သောသူတွေကို သူက ဖုန်းဆက် ဟန့်တားခဲ့ရပါတယ်။
အာဏာပိုင်တို့က  ၈၈ မျိုးဆက် ခေါင်းဆောင်များ ဒီပွဲ မတက်စေနဲ့လို့ သူ့ကို ပြောတဲ့အတွက် သူကလည်း အဲဒီလို လိုက်ပြီး ပိတ်ရတာပါ တဲ့။
စတိတ်ရှိုးလာ ပရိသတ်တွေထဲမှာ နာရေးကူညီမှုအသင်း (ရန်ကုန်) က ပုဂ္ဂိုလ်များလည်း ပါဝင်ပါတယ်။ သူတို့ကိုလည်း စတိတ်ရှိုးကြည့်ချင်ကြည့်၊ ယူနီဖောင်းတွေတော့ ၀တ်မလာနဲ့လို့ အမိန့်တော်ရှိခဲ့ပါတယ်။
ဒီလို ဖိအားပေးတဲ့ အာဏာပိုင်တွေကို အင်တာနက်စာမျက်နှာတွေမှာ ဝေဖန်ပြစ်တင်တာတွေ ချက်ချင်း ရောက်ချလာပါတယ်။ ဆောင်းဦးလှိုင်ကတော့ ဘာအပြစ်မှ မပြောချင်တော့ပါဘူးလို့ ဆိုလိုက်ပါတယ်။ ဒီမိုကရေစီကို လေ့ကျင့်ဆဲအနေအထား ဖြစ်ပါလိမ့်မယ် တဲ့။
“လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး … ဒါတွေကို နားလည်တဲ့လူတွေ ရှိသလို နားမလည်သေးတဲ့၊ သင်ယူဆဲ ပုံစံ မပြောင်းနိုင်သေးတဲ့ လူတွေလည်း ရှိနေမယ်လေ။ ဒါကတော့ သဘာဝပဲ။ အဲဒီတော့ ကျနော် တို့က နားမလည်သေးတဲ့လူတွေကို နားလည်အောင်ပဲ စည်းရုံးပြီး တဖြည်းဖြည်း သွားရမှာဗျ”
ဒါကြောင့်ပြောတာပေါ့ – အဆိုတော်တယောက်ရဲ့ အရည်အချင်းက အဆို “တော်”ဖို့ တခုတည်း မဟုတ်တော့ဘူး လို့။ စိတ်ရှည်ရမယ်၊ သည်းခံရမယ်။ ဟော … အာဏာပါဝါပြသူများကိုလည်း စည်းရုံး နားချတာတွေလည်း လုပ်နေရပါပြီ။
ဘယ်လောက် ကြာအောင် နားချရမှာလဲ။
“နေ့တွင်းညတွင်းချင်းတော့လည်း အားလုံးက ဒီအခွင့်အရေး၊ ဒီစနစ်တွေ၊ ဒီပုံစံတွေ နားလည်သွားမယ်လို့ ပြောလို့ မရဘူးပေါ့ဗျာ၊ ကျနော့တို့ဘက်ကလည်း ဒီအခက်အခဲကို ကိုယ်ချင်းစာစိတ်နဲ့ပဲပေါ့၊ ကျနော်တို့ကတောင် ပြန်ပြီး ကိုယ်ချင်းစာနေရတာပေါ့ဗျာ” လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
ဆောင်းဦးလှိုင်က ဒီပွဲမှာ သိန်း တရာကျော် ရခဲ့ပါတယ်။ ဒီငွေတွေ သူ ဘာလုပ်မှာလဲ။
နာရေးအသင်းကို ၄၂ သိန်း၊  ၈၈ မျိုးဆက် ခေါင်းဆောင်များရဲ့ လူမှုရေးလုပ်ငန်းတွေအတွက် ၄၂ သိန်း လှူဒါန်းလိုက်ပြီး ကျန် ၄၂ သိန်းကတော့ နောက်ထပ် ဂီတ ဖျော်ဖြေပွဲများအတွက် မတည်ငွေ ဖြစ်သွားပါလိမ့်မယ်။
နာရေးကူညီမှုအသင်းဝင်တဦးလည်းဖြစ်တဲ့ ဆောင်းဦးလှိုင်က  အရင်ကလည်း အသင်းရန်ပုံငွေအတွက် စင်ပေါ်တက် သီချင်းဆိုခဲ့ဖူးသူပါ။
အနာဂတ် ရန်ပုံငွေပွဲတွေမှာရော အဟန့်အတားတွေ ကြုံရင် ဘယ်လိုလုပ်မလဲ။
“ဒီလိုပဲ တဖြည်းဖြည်း နဲ့ နားလည်လာအောင် လုပ်ရမှာပေါ့” လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
စည်းကမ်းရှိတဲ့ ဒီမိုကရေစီ အကောင်အထည် မပေါ်သေးခင်တော့ စိတ်ရှည်သည်းခံရခြင်းဟာလည်း အဆိုတော်တယောက်ရဲ့ အရည်အချင်း ဖြစ်လာပြီ ထင်ပါရဲ့။

ဧရာဝတီ
Unknown at 4:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

NLD ရှုံးလျှင် ပြဿနာပေါ်နိုင်ဟု ကြံ့ခိုင်ရေးပါတီ ဆို

ကြားဖြတ် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရှုံးနိမ့်ပါက ပြဿနာ ဖြစ်ပေါ်နိုင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)၏ ရွေးကောက်ပွဲ အောင်နိုင်ရေး အစည်းအဝေး မှတ်တမ်း၌ ရေးသားထားသည်။
ကြံ့ခိုင်ရေးပါတီက မဲဆွယ်ရေးအတွက် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလတွင် စောင်ရေးတသိန်း အခမဲ့ ရိုက်နှိပ်ဖြန့်ဝေသည့် ဝါဒဖြန့် ပါတီသတင်းလွှာ (ဓာတ်ပုံ - ဧရာဝတီ)
“NLD ပါတီရှုံးလျှင် ပြဿနာရှာမည်၊ အနောက်နိုင်ငံများက ဝေဖန်မည်၊ သူတို့နိုင်လျှင် တရားတယ် ပြောမည်၊ သို့ဖြစ်၍ မိမိတို့ဘက်က အမှားမရှိစေရေး၊ တရားဥပဒေ ဘောင်အတွင်းက အလေးထား လုပ်ဆောင်ရမည်” ဟု ကြံ့ခိုင်ရေးပါတီ၏ ဒု ဥက္ကဋ္ဌ သူရဦးရွှေမန်းက အထူး အစည်းအဝေး၌ ပြောဆိုခဲ့ကြောင်း ရေးသားထားသည်။
အင်တာနက် စာမျက်နှာများတွင်ပျံ့နှံ့နေသည့် ကြံ့ခိုင်ရေးပါတီ၏ စာမျက်နှာ ၁၃ မျက်နှာရှိ ယခုလဆန်းက ပြုလုပ်သည်ဆိုသော ရွေးကောက်ပွဲ အောင်နိုင်ရေးအစည်းအဝေး မှတ်တမ်း၌ အထက်ပါအတိုင်း ရေးသားထားခြင်း ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကလည်း ကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ထိုသဘောမျိုး ပြောဆိုခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် အစိုးရသတင်းစာများ၌ တွေ့ရှိရသော်လည်း NLD ပါတီဟု တိုက်ရိုက်ပြောဆိုမထားပေ။
ဦးတင်အေး က “ရွေးကောက်ပွဲတွင် အနိုင်မရလျှင် မိမိနိုင်စေလိုသည့် ကိုယ်စားလှယ်နှင့်ပါတီ မနိုင်ခဲ့လျှင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း ပြစ်တင်ဝေဖန်တတ်သည် ဖြစ်၍ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ တိကျမှန်ကန်စွာ လိုက်နာ ဆောင်ရွက်ပေးကြရန်”ဟု ဆိုသည်။
ရွေးကောက်ပွဲသည် အမှန်တကယ် လွတ်လပ်၍ တရားမျှတပါက ပြောဆိုရန် မလိုအပ်ကြောင်း NLD ပါတီ၏ ပြောခွင့်ရသူနှင့် မန္တလေး ဒေသမှ ပါဝင်အရွေးခံရန် ပြင်ဆင်နေသည့် ဦးအုန်းကြိုင်က တုံ့ပြန် ပြောဆိုသည်။
“မမျှတရင်တော့ မမျှတဘူးလို့ ပြောရမှာပဲလေ။ ဒါပေမယ့် ကျနော်တို့က ၁၉၉၀ ရွေးကောက်ပွဲ တကြိမ်ပဲဝင်ခဲ့သေးတယ်။ အဲဒီတုန်းကလည်းပဲ အပြတ်အသတ် အနိုင်ရခဲ့တယ်။ ရှုံးတဲ့ နေရာ တချို့ရှိခဲ့ပေမယ့် ဘယ်သူ့ကိုမှ အပြစ်မပြောခဲ့ပါဘူး” ဟု
ဦးအုန်းကြိုင်က ဆိုသည်။
၁၉၉၀ ရွေးကောက်ပွဲ၌ အနိုင်ရခဲ့ခြင်းသည် ပြည်သူလူထု၏ တခဲနက် ထောက်ခံအားပေးမှု ကြောင့် အနိုင်ရခဲ့ကြောင်း၊ ယခုရွေး ကောက်ပွဲတွင်လည်း နိုင်ခြင်း၊ မနိုင်ခြင်းသည် ပြည်သူလူထု၏ ဆန္ဒမဲ အပေါ်မူတည်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဘယ်သူတွေက ဘယ်လိုပဲ ပြောနေပါစေ၊ လူထုရဲ့ထောက်ခံမှု ရအောင်ကြိုးစားမယ်၊ လူထုကိုပဲ အားကိုးပါတယ်၊ လူထုဟာ အဓိကပါပဲ” ဟု ဦးအုန်းကြိုင်က ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲအား ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ NLD ပါတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နယ်ဒေသများသို့ စည်းရုံးရေး ဆင်းနေပြီး ဒေသဆိုင်ရာ အာဏာပိုင်များ၏ ကန့်သတ်မှု တချို့နှင့်လည်း ကြုံနေရကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီသည် အကြီးဆုံးပါတီအဖြစ် ပါဝင်ခဲ့ကြောင်း၊ ယခု ရွေးကောက်ပွဲ၌ NLD ပါတီသည် လစ်လပ်နေရာ ၄၈ ခုတွင် ၀င်ရောက်အရွေးခံမည် ဖြစ်၍ ၎င်းတို့၏ အဓိကပြိုင်ဘက်ပါတီဖြစ်ကြောင်း၊ NLD အား အထင်သေး၍ မရသကဲ့သို့ အထင်ကြီးရန်လည်း မလိုကြောင်း ကြံ့ခိုင်ရေးပါတီ၏ မှတ်တမ်းက ဆိုသည်။
NLD သည် စည်းရုံးရေး စွမ်းရည်ရှိပြီး မီဒီယာ အားကိုးဖြင့် ထိုးဖောက်နေကာ ကြံ့ခိုင်ရေးပါတီအား ယှဉ်ပြိုင်နိုင်စွမ်းရှိသော ပါတီ ဖြစ်သည်ကို အထူးသတိပြုရန် လိုအပ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲသည် NLD နှင့် ကြံ့ခိုင်ရေးပါတီတို့၏ နိုင်ငံရေး အားစမ်းသော ပြိုင်ပွဲဟု ဦးရွှေမန်းက ပြောဆိုကြောင်း သိရသည်။
ရွေးကောက်ပွဲ ၀င်ရောက်မည့် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေး အချက်အလက်များအား စုံစမ်းပြီး အားနည်းချက်များကို မှတ်သား၍ မဲဆန္ဒရှင်ပြည်သူများ သိရှိစေရန် လိမ်မာပါးနပ်စွာ ဆောင်ရွက်ရမည်ဟုလည်း လမ်းညွန်ထားသည်။
စည်းရုံးရာ၌ လူအား၊ ငွေအား၊ ပစ္စည်းအား၊ စည်းရုံးရေးအားဖြင့် ပုံအောပြီး ပါတီအောင်နိုင်ရေး၊ ပါတီအသာစီးရရေး၊ လွှမ်းမိုး ထားနိုင်ရေး၊ ဒီမိုကရေစီအရေး၊ အချုပ်အခြာ အာဏာခိုင်မြဲရေးတို့နှင့် ပြည်သူအား မိဘနေရာထားရမည်ဟု ဦးရွှေမန်းက ပြောကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီ၏ အထူးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ အဆင့်ဆင့် ပါတီဝင်များအနေဖြင့် ဒု ဥက္ကဋ္ဌ ပြောကြားခဲ့သည့် အရာများကို လမ်းညွှန်ချက် အဖြစ်ခံယူ၍ ကြားဖြတ် ရွေးကောက်ပွဲအပြင် ရွေးကောက်ပွဲတိုင်း၌ အပြတ်အသတ် အနိုင်ရရေးအတွက် အစွမ်းကုန် နေ့မအား၊ ညမအား ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းဖြင့် မှတ်တမ်းအား နိဂုံးချုပ်ထားသည်။
ယင်းမှတ်တမ်းပါ အကြောင်းအရာများနှင့် ပတ်သက်၍ ကြံ့ခိုင်ရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကို ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

ဧရာဝတီ
Unknown at 2:54 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည် မနောကွင်း မိန့် ခွန်း ကောက်နှုတ်ချက်



ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ် [ဖေဖော်ဝါရီ ၂၃ သတင်းဓာတ်ပုံ]
ဒေါ်အောင်ဆန်းစုကြည်က သူမရှိတော့သည့် အချိန်တွင်လည်း သူ့အား တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန် ကျေပွန်ခဲ့သည့် နိုင်ငံသားကောင်း တစ်ယောက်အဖြစ်သာ တွေ့မြင်စေလိုကြောင်း၊ ယခုကဲ့သို့ လူထုဟောပြောပွဲများ ပြုလုပ်ခွင့်ရခြင်းသည် နိုင်ငံတော် သမ္မတကြီး၏ ဒီမိုကရေစီ ခရီးတွင် ပထမခြေလှမ်း ဖြစ်ပြီး ကြိုဆိုကြောင်း ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ မနောကွင်းတွင် လူထုပရိသတ်အား ဟောပြောရာ၌ ထည့်သွင်း ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သတင်းရေးသားချိန်အထိ မြစ်ကြီးနားမြို့ မနောကွင်းတွင် ဟောပြောလျက်ရှိရာ လူထုပရိသတ် သုံးသောင်းကျော် တက်ရောက်လျက် ရှိသည်။
 ကြားဖြတ် ရွေးကောက်ပွဲ ကာလတွင် ပြည်သူလူထုသည် မဲဆွယ်ပါတီများ၏ ပေးတာ ယူ၊ ကျွေးတာ စားနိုင်ကြောင်း၊ သို့သော် ဆန္ဒမဲကိုမူ မှန်မှန်ကန်ကန် ခွဲခြား ဆုံးဖြတ်၍ ပေးတတ်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက်ပိုင်း မြစ်ကြီးနားမြို့ မနောကွင်းတွင် လူထုပရိသတ်အား ဟောပြောရာ၌ ထည့်သွင်း ပြောဆိုခဲ့သည်။
The Voice 
----------------------------------------------------
လူငယ်တွေကို ငယ်စဉ်ကတည်းက စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူပေးရမယ်။ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ် မမွေးမြူနိုင်ခဲ့လို့ ငြိမ်းချမ်းရေး မရသေးတာ ဖြစ်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး မရှိရင် ပြည်သူတွေ ဘယ်လောက် နစ်နာတယ်ဆိုတာ ထွေထွေ ထူးထူး ရှင်းပြနေစရာ မလိုပါဘူး။ ပြည်နယ်ခေါင်းဆောင် အချို့နဲ့ စကားပြောဖြစ်တဲ့အခါ ဒီပြည်နယ်ရဲ့
အရေးကြီးဆုံး ပြဿနာက ငြိမ်းချမ်းရေး မရှိတာကိုပါပဲ။ ပြည်တွင်း ငြိမ်းချမ်းရေး မရှိတဲ့ အခြေခံ အကြောင်းကတော့ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု မရှိလို့၊ လေးစားမှု မရှိလို့ပါပဲ။ ယုံကြည်မှု၊ လေးစားမှု မရှိဘူးဆိုတာ ပွင့်လင်း ဖြောင့်မတ်မှု မရှိတဲ့ ကိစ္စတွေ ကြောင့်ပါပဲ။

- ဒေါ်အောင်ဆန်းစုကြည် (မြစ်ကြီးနား၊ မနောကွင်း၌ ဟောပြောခဲ့သည်များမှ
ကောက်နုတ်ချက်)
Eleven
Unknown at 2:51 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

"ရန်ကုန်ဆိပ်ကမ်းအား ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်ရန် ပြုပြင်ဆောက်လုပ်တော့မည်"


ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ချိန် ၃၅ဝဝဝ အထိရှိသော ရေယာဉ်ကြီးများ
ဝင်ထွက်သွားလာနိုင်ရန်နှင့် လက်ရှိ ဆိပ်ခံတံတားများအား အဆိုပါသင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်နိုင်ရန် ပြုပြင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ေ ထာင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်ကပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြောကြားသည်။

''အခု လောလောဆယ် ရန် ကုန်ဆိပ်ကမ်းကို ဝင်ထွက်နေတဲ့ တန်ချိန်တစ်သောင်းခွဲ ရေယာဉ်ေ တွ အစားတန်ချိန် သုံးသောင်းကနေ သုံးသောင်းခွဲအထိ ရှိတဲ့ ရေယာဉ် ကြီးတွေ ဝင်ထွက် လို့ရအောင် ရည်ရွယ်ထားပါတယ်။ အဲဒီလို ဝင်ထွက်လို့ရအောင်နဲ့ ရေလမ်း ကြောင်းမှာ လုံခြုံစိတ်ချရဖို့အတွက် အဲဒီယာဉ်တွေဆိုက်ကပ်နိုင်ဖို့ လက်ရှိဆိပ်ခံတံတားတွေကို ခံနိုင် ဝန်ကောင်းအောင် ပြုပြင်မွမ်းမံသွားဖို့ ရှိပါတယ်'' ဟု ဝန်ကြီးကရန်ကုန် တိုင်းဒေသကြီး၏ မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာမြတ်ဥာဏစိုး ၏ ''ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်ပတ်သက်၍ အကောင်အထည် ဖော်ရာတွင် ထည့်သွင်း စဉ်းစားသင့်သည့် အချက်များကိုပြန်လည်သုံးသပ် ဆောင်ရွက်ရန် အစီအစဉ်ရှိမရှိ''ဟူ သောမေးခွန်းနှင့် စပ်လျဉ်း၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးရေး Conceptual Plan ကို ၂ဝ၁ဝ ပြည့်နှစ်မှ စ၍ ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းရေးဆွဲ ခဲ့ခြင်းဖြစ်ပြီး သီလဝါ အထူးစီး ပွားရေးဇုန်ဖွံ့ဖြိုးရေး စီမံကိန်းကို ယခု နှစ်မှစတင်ကာ အကောင်အထည် ဖော်ဆောင် ရွက်နေကြောင်း၊ ယင်း သို့ဆောင်ရွက်ရာတွင် အနာဂတ် ကာလ၌သီလဝါ အထူးစီးပွားရေး ဇုန်နှင့် ဆက်စပ်ဆိပ် ကမ်းများ၏ အလားအလာများကိုပါ ထည့်သွင်း စဉ်းစား၍(In Line) ဖြစ်ေ အာင် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရ သည်။လက်ရှိအနေအ ထားတွင် သီလဝါဆိပ် ကမ်းအပါအဝင် ရန်ကုန်ဆိပ်ကမ်း၌ နိုင်ငံတကာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် International Wharf ၂၃ စင်းရှိ ကာ ကုန်သေတ္တာစခန်း သုံးခု ရှိပြီး နိုင်ငံတကာ ကုန်တင်ရေ ယာဉ်ကြီး များဝင်ရောက်မှုအနေဖြင့် ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာရေးနှစ်တွင် ၁၁၇၁ စင်း ရှိရာမှ ၂ဝ၁ဝ-၁၁ ဘဏ္ဍာရေး နှစ် တွင် ၁၇၇၅စင်းအထိ ၅၁ ရာခိုင်နှုန်း ဝင်ရောက်မှု တိုးတက် များပြားလာခဲ့ကြောင်း၊ ကုန်စည် ကိုင်တွယ်မှုအနေဖြင့်(ကုန်သေတ္တာ အပါအဝင်) ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာ ရေးနှစ်တွင် မက်ထရစ်တန် ၁ဝ ဒသမ ၇၇ သန်းမှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် မက်ထရစ်တန် ၁၇ သန်း (၆ဝ ရာခိုင်နှုန်းခန့်) တိုး တက်ကိုင်တွယ်ခဲ့ရပြီးBerth Occupancy Ratio သည်လည်း ၇ဝ ရာခိုင်နှုန်းသို့ရောက်ရှိနေ ပြီဖြစ် ကြောင်းဝန်ကြီး၏ အဆိုအရ သိရသည်။ထိုကဲ့သို့ ရေယာဉ်ကြီးများ နှင့် ကုန်စည်များ တိုးတက်လာပြီး တံတားများတွင် သင်္ဘောဆိုက်ကပ် မှု အခြေအနေ တိုးတက်လာေ သာ ကြောင့် ရန်ကုန်ဆိပ် ကမ်းအား တိုးချဲ့ရန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းရှင်းပြ သည်။ရန်ကုန် ဆိပ်ကမ်းသည် ပင် လယ်ဝမှ ၃၂ကီလိုမီတာ ခန့် ဝေး ကွာပြီးတစ်နိုင်ငံလုံး၏ ရေကြောင်း ဆိုင်ရာ ကုန်သွယ်မှုအားလုံး၏ ၈ဝ ရာခိုင်နှုန်းကျော်ကိုကိုင်တွယ် ဆောင်ရွက်နေရကြောင်း လက်ရှိ တွင်နိုင်ငံတကာရေယာဉ်(သင်္ဘော) ကြီးများသည်ရန်ကုန်မြစ်ဝရှိရေ အောက် သဲခုံနှစ်ခုဖြစ်သည့်အပြင် စည်းခုံနှင့်သန်လျက်စွန်း အနီးရှိအတွင်း စည်းခုံတို့ကိုရေပြည့် ချိန်တွင် ဖြတ် သန်းနေရပြီးမြစ်၏ ကွေ့ဝိုက်နေ သော အနေအထားကြောင့် အကြီး ဆုံးတန်ချိန် ၁၅ဝဝဝရှိသောရေယာဉ်ကြီးများသည်ရန်ကုန် ဆိပ်ကမ်းသို့ လည်းကောင်း၊ တန်ချိန် ၂ဝဝဝဝ ရှိ သောရေယာဉ်ကြီးများသည်သီလဝါဆိပ်ကမ်းသို့လည်းကောင်း၊ နေ့အချိန်တွင် ဖြတ်သန်းဝင်ထွက်နေရ ကြောင်းသိရသည်။
Unknown at 12:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝန်ထမ်းတွေ လစာတိုးပေးဖို့ ဘာလို့မဖြစ်နိုင်ရမှာတုန်းဗျ.....

ဝန်ထမ်းလစာတိုးဖို့ အဆိုကိုတင်သွင်းတာမယ် ဟိုဘက်ဒီဘက် ချိန်ထိုးပိး တင်တယ်ဗျ.... ဒီနေရာမှာ ဘဏ္ဍာအခွန်ဝန်ကြီးက ငွေကိုပဲ ရိုက်ထုပ်မယ် လုပ်နေတယ်... သူ့အဓိက တာဝန်ဖြစ်တဲ့ ပြည်တွင်းက အခွန်ကို ဖိဖိစီစီး ကောက်ဖို့ ပလန်တွေ ချမပြဘူး... အမှန်တကယ်ကဗျာ၊ ကိန်းဂဏန်းတွေနဲ့ ကိုင်ပေါက်မနေနဲ့၊ အခုအစိုးရ ၀င်ငွေရအောင် ဘာတွေလုပ်သင့်သလဲ၊ ကျွန်တော့်ဌာနက ဘာတွေလုပ်ပေးရမလဲ အဲ့ဒိလို ညှိညှိနှိုင်းနှိုင်း လုပ်ဖို့လိုတယ်.... မြန်မာပြည်လောက် အခွန်တွေ များတာ မြန်မာပြည်ပဲရှိတယ် (ကျွန်တော် စတေးတပ်တောင် တင်ထားတယ်).... ဒါပေမယ့် အစိုးရလည်း မချမ်းသာဘူး၊ ပြည်သူလည်း ငွေဖြူမဖြစ်ဘူး၊ တစ်ချို့ တစ်ချို့သော အရာရှိတွေ ချမ်းသာပီးရင် ချမ်းသာကြတယ်.... အဲ ခရိုနီတွေကိုယ်တိုင်က ရော့ဘယ်လောက်ဆိုပီး ပုတ်ပြတ်ပေးလိုက်တယ်..... အဲ့တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရက ပြည်သူတွေကို ဘာမှလုပ်မပေးနိုင်လို့ ပြည်သူတွေက အခွန်မဆောင်ချင်ဘူးဆိုတဲ့ ဆင်ခြေနဲ့ အဲ့ဒိပိုက်ဆံတွေ လမ်းမှာပျောက်တယ်..... ဒါတွေကို စနစ်တကျ လုပ်ဖို့လိုတယ်....

နောက်ပီး ဘဏ္ဍာအခွန် ၀န်ကြီးက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ အစိုးရ သုံးစွဲမယ့် ငွေစာရင်းနဲ့ ချိန်ထိုးတော့ အဲ့ဒိငွေစာရင်းမှာ လယ်ဆယ်က တင်ပြတဲ့ ဖျက်သိမ်းမယ့် မြစ်ရေတင် စီမံကိန်းတွေကို ထည့်တွက်ထားမှာပဲ.... နောက်ပီး နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထား.... အဲ့ဒါကို ဘယ်လောက်နဲ့ ထည့်တွက်ထားလဲ၊ ပို့ကုန်ရငွေကို ဘာနဲ့ တွက်သလဲ ၆ ကျပ်ခွဲလား... အဲ့ဒါဆို သိကြားမင်း ဆင်းလာသော်မှ မြန်မာပြည် စီးပွားရေး ပြာပုံထဲက ထွက်မှာမဟုတ်ဘူး... ဟုတ်တယ်လေ ကိုယ်က သွင်းတာကို လက်ရှိပေါက်ဈေး ၈၀၀ ကျော်နဲ့ချေပီး ကိုယ်ကရတာကိုတော့ ၆ ကျပ်ခွဲနဲ့ဆိုရင် တစ်သက်လုံး အရှုံးပြနေမယ်.... ပီးတော့ စဉ်းစားစရာရှိတာ အဲ့ဒိလို တွက်ချက်ထားတဲ့ စာရင်း (အမှန်တကယ် ရှိတယ် ကြားတယ်) အရ ၆ ကျပ်ခွဲနဲ့ တွက်ပီး အစိုးရ၀င်ငွေ သတ်မှတ်ရင် ကျန်တဲ့ တကယ့်ငွေလဲလှယ်နှုန်းနဲ့ ရတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ..... မေးစရာတွေ အများကြီးပဲ...

ကျွန်တော်ကတော့ အခု လစာတိုးပေးလို့ ကုန်ဈေးနှုန်းတက်မယ်ဆိုတာကို သိပ်လက်မခံဘူး (အသံနည်းနည်း ထွက်တာနဲ့ ကုန်ဈေးနှုန်းတက်တာကတော့ မြန်မာပြည် ထုံးစံပဲ၊ ဟို Yangon MRT လုပ်မယ်ဆိုပီး မြေပုံထွက်လာတာ အဲ့ဒိ မြေပုံ တုလား စစ်လား မသိသေးဘူး တစ်ခါတည်း အဲ့ဒိ ရထားလမ်းနဲ့နီးတဲ့ မြေကွက်တွေ တိုက်ခန်းတွေ ဈေးကို ခုန်တက်သွားတယ်။ အဲ့တော့ ကောလာဟာလနဲ့ လုပ်စားသူတွေကို ထိမ်းချုပ်ဖို့ လိုမယ်)


လက်ရှိ မြန်မာနိုင်ငံရဲ့ ငွေကြေး စီးဆင်းမှုပုံစံကို ဒီလိုမြင်ပါတယ်။

ဘာလို့လည်းဆိုတော့ အခုအစိုးရက ဘလိုင်းကြီး လစာကို တိုးပေးတာ မဟုတ်ပဲ မလိုလားအပ်တဲ့ စီမံကိန်းတွေကို ရပ်လိုက်ပီး ကုန်ကျစားရိတ်တွေကို ခြိုးခြံချွေတာခြင်းဖြင့် ထွက်လာတဲ့ ငွေနဲ့ ပေးမှာဖြစ်သလို အခြားသော စိစစ်မှုတွေ လုပ်မယ် ဆိုလာတာကိုး.... အဲ့ဒိတော့ ငွေ အသစ် ရိုက်ထုပ်တာ မဟုတ်ပဲ လူတစ်ချို့စီကိုပဲ စီးဆင်းနေတဲ့ ငွေတွေ၊ အထူးသဖြင့် မီးခံသေတ္တာထဲမှာ အိပ်နေမယ့် ငွေတွေကို အစိုးရ၀န်ထမ်းတွေစီ စီးဆင်းစေတဲ့အတွက် ကုန်ဈေးနှုန်းတက်တာထက် ၀ယ်လိုအားတက်လာရင် ရောင်းလိုအားလည်း တက်လာမယ်၊ ဒါဆိုရင် ခိုင်မာတဲ့ ငွေကြေးလည်ပါတ်မှု ဖြစ်ထွန်းမယ် မြင်တယ်....... လူတွေ ငွေကြေး ဖောဖောသီသီ သုံးနိုင် ဆွဲနိုင်မယ်၊ အခုလက်ရှိ မြန်မာပြည်မှာ ဖြစ်နေတာသည် ငွေကြေး ဖောဖောသီသီ သုံးနိုင်စွဲနိုင်တဲ့ လူတန်းစားဟာ အပေါ်ယံ လက်တစ်ဆုပ်စာ ဖြစ်နေတယ်။ အဲ့ဒါကို အောက်ခြေအထိ ဖြန့်ချနိုင်ဖို့ လိုတယ်။

အဆုံးသတ်အနေနဲ့ကတော့ဗျာ ဒီအတိုင်းကြီးပဲ အိပဲ့ အိပဲ့ သွားနေတာထက်စာရင် Chain ကို Changes လုပ်မှ ရတော့မယ်..... ဒါမှ အစိုးရအနေနဲ့ ၀န်ထမ်းတွေကို လစာတိုးပေးရင် သူ့ဝင်ငွေတိုးအောင် ပိုရှာရတော့မယ်.... အဲ့ဒိအခါကြရင် မလိုလားအပ်တဲ့ ငွေကုန်ကြေးကျ များမှုတွေ ရသင့်ရထိုက်ရဲ့သားနဲ့ မရတာတွေကို မဖြစ်မနေကို စိစစ်ရတော့မယ် ဒါဆိုရင် နှစ်ဦးနှစ်ဘက်စလုံး အကျိုးရှိတယ်.... အဲ့ဒိလို ရသင့်ရထိုက်တဲ့ ၀င်ငွေတွေကို စိစစ်တာမယ် ၀န်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှု လိုတယ်.... ၀န်ထမ်းတွေ ပူးပေါင်းပါဝင်မှုသည် သူတို့ရဲ့ ၀င်ငွေနဲ့လည်း မှီတည်နေတယ်... အဲ့ဒိအတွက် ဒီလစာတိုးပေးတာကို လုပ်သင့်တဲ့ ခြေလှမ်းလို့ ကျွန်တော် မြင်တယ်.... Risk မယူပဲ ပန်းတိုင် တစ်ခုကို မရောက်နိုင်သလို၊ ကိုယ်ယူတဲ့ Risk တစ်ခုသည် Side Effect နည်းနိုင်သမျှ နည်းအောင် စနစ်တကျ ပြင်ဆင်ရမှာ ထုံးစံပါပဲ.... လက်ရှိ မြန်မာနိုင်ငံ အခြေအနေအရ Risk မယူပဲ ပန်းတိုင်ကို သွားချင်ရင်တော့ အိပ်မက် မက်နေသူနဲ့ တူပါမယ်။

နောက်ထပ် ကျွန်တော်တို့ ထည့်သွင်း စဉ်းစားရမှာက ရပ်လိုက်တဲ့ စီမံကိန်းတွေရဲ့ ကုန်ကျစားရိတ်တွေ။ မြန်မာနိုင်ငံမှာ အစိုးရကလုပ်တဲ့ စီမံကိန်းမှန်သမျှ အများစုဟာ လိုအပ်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားကနေ သွင်းရတယ်၊ ဒါဟာ မလိုလားအပ်တဲ့ နိုင်ငံခြားငွေ ကုန်ကျမှုပဲ။ အစိုးရ မသွင်းနိုင်ရင် ဒီနေရာမှာ အစိုးရက ဆန်ရှင်ကြောင့် ကိုယ်တိုင် သွင်းခွင့်မရှိလို့ စီးပွားရေးမှာ လုပ်တတ်၊ ကိုင်တတ်တဲ့ လူတွေကို လုပ်ခိုင်းရတာ မမေ့သင့်ဘူး။ အခုလက်ရှိ ယ ပက်လက်၊ စ လုံးက တစ်ချို့ကုမ္ပဏီတွေသည် မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေက ပိတ်လိုက်တဲ့ ဆန်ရှင်ကြောင့် သူတို့ အကျိုးဖြစ်ထွန်းပီး ချမ်းသာသွားတယ် ဆိုတာ မမေ့သင့်ဘူး….. ချောင်ပိတ်ရိုက်ခံရတဲ့ ခွေးတောင် ရအောင် ပြန်ကိုက်သေးတာမယ်၊ ဆန်ရှင်ထိတော့ မဖြစ် ဖြစ်အောင်လုပ်တော့ ဖြစ်တာပဲ နောက်ဆုံးပေါ် ဇိမ်ခံကားကြီးတွေ ၀ယ်စီးနိုင်တာပဲ…. ကြားထဲကတော့ ပြည်သူဆိုတဲ့ ငထွားတွေ ခါးနာတယ်ဗျာ…. တန်ရာတန်ကြေး မရဘူးပေါ့…. အခု တိုင်ရီ ကိစ္စ ဖြစ်သလိုမျိုး… မြန်မာပြည်မှာသာ အထည်ချုပ်လုပ်ငန်းတွေ ၁၉၉၉ ၀န်းကျင်ကလို ထွန်းကားနေရင် တိုင်ရီသူဌေး စောစောစီးစီး ပြည်တော် ပြန်ပြေးရပီ....

ကျွန်တော်တို့ နိုင်ငံက အထည်ချုပ်သမတွေ နှစ်ပဲတစ်ပြားနဲ့ အလုပ် မလုပ်နိုင်လို့ ဖာဖြစ်နေချိန်မှာ မြန်မာနိုင်ငံကို ဆန်ရှင်ပိတ်ဆို့မှုနဲ့ စီးပွားဖြစ် ချမ်းသာနေတဲ့ စ လုံး၊ ယ ပက်လက်က ကုမ္ပဏီတွေကိုမြင်ရင် ကျွန်တော် တော်တော် စိတ်နာတယ်….. စစ်အစိုးရက အလျှော့မှ မပေးတာလို့ မပြောနဲ့ ဖန်ဆင်းရှင် အပါအ၀င်၊ ကံ ကံ ၏ အကျိုးကို လက်ခံတဲ့ ကျွန်တော်တို့ ဂေါတမ ဘုရားရှင်အဆုံး ဘယ်လိုမှ ပြောမရ ဆိုမရလို့ လွှတ်ထားတဲ့ ဗီလိန်ဆိုတာ ရှိသေးတာပဲ။ လူ့လောကမယ် ၀ိုင်းပီး ကျဉ်ထားရင် အကျဉ်ခံရတဲ့သူက ဘာလုပ်သလဲ စဉ်းစားကြည့်ပေါ့။ ထားလိုက်ပါ ဒါတွေ ဘောင်ကျော်သွားပီ။

ခုဏကလို အစိုးရက တိုက်ရိုက် သွင်းခွင့်မရှိတော့ ကြားခံ Proxies ရှိတယ် သူတို့ကသွင်းပေးတယ်၊ အစိုးရက အကြွေးအနေနဲ့ ပိုက်ဆံမရှိရင် လုပ်ပိုင်ခွင့်တွေကို ပေးလိုက်ရတယ်။ အဲ့ဒိအတွက် ခရိုနီလူတန်းစားဆိုတာ ဖြစ်ထွန်းလာတယ်။ အဲ့ဒိအခါမယ် Proxies တွေကလည်း Undertable တွေ ပေးရတဲ့အတွက် ပေါချောင်ကောင်းတွေ သွင်းတယ်၊ ဈေးက မတန်တဆ၊ ဒါမှ သူက သက်ဆိုင်ရာ ၀န်ကြီးတွေ ညွှန်ချုပ်တွေကို လာဘ်ထိုးနိုင်မယ်။ အဲ့ဒိတော့ ပုံမှန် စက်ရုံထုပ်ဈေး 50USD လောက်ရှိတဲ့ပစ္စည်း မြန်မာပြည်ရောက်လာရင် ဒေါ်လာ ထောင် ဂဏန်းဖြစ်သွားတာ အံ့သြစရာကို မရှိဘူး။ ၀န်ကြီးတွေ ညွှန်ချုပ်တွေ ကိုယ်တိုင်ကလည်း ငါသွင်းဆိုတဲ့ ပစ္စည်းပဲသွင်း (ကော်မရှင် ရတာကိုး) ကျန်တဲ့ဟာတွေ မသွင်းနဲ့ဆိုတဲ့အတွက် ဈေးကြီးတဲ့ ပစ္စည်းကောင်းတွေ ပိုက်ဆံရှိရက်နဲ့ မကိုင်နိုင်သလို၊ ပေးတဲ့ ပိုက်ဆံနဲ့ မတန်တဲ့ အပေါစားတွေ ဂျင်းထည့်ခံရတယ်။

နောက်ပီးတော့ ကိုယ် ကော်မရှင်ရတဲ့ ပစ္စည်းတွေပဲ သွင်းတဲ့အတွက် အဲ့ဒိပစ္စည်းတွေရဲ့ Future Requirements, Future Compatible တွေလုံးဝ ထည့်မစဉ်းစားတဲ့အတွက် ရေရှည်မှာ ပြဿနာတွေ တက်တယ်။ အစိုးရရုံးတွေမှာ သွားကြည့် ပစ္စည်းအပိုမရှိလို့၊ လက်တောက်လောက် စက်ကလေး ပျက်တာနဲ့ စက်ရုံကြီး တစ်ခုလုံး (သို့မဟုတ်) ထက်ဝက်လောက် ရပ်နေရတာတွေ မျက်မြင်လက်တွေ့တွေ။ နောက်ပီး ကော်မရှင် ရဖို့ပဲ ကြည့်နေတဲ့အတွက် ကိုယ်ဝယ်လိုက်တဲ့ ပစ္စည်းထုပ်လုပ်တဲ့ ကုမ္ပဏီ ခိုင်မာမှုရှိမရှိ သေခြာမလေ့လာလို့ ဟိုဘက်က ကုမ္ပဏီက ဖျက်သိမ်းသွားပီ ဒီမှာ ပစ္စည်းမတပ်ရသေးတာတွေ တစ်ပုံကြီး။ တစ်ခြားသွားမကြည့်နဲ့ မြန်မာ့ဆက်သွယ်ရေး၊ ရလိုက်မယ့် ၀င်ငွေ သတင်းစာထဲမှာတောင် အကျမ်းမျဉ်းတွက်ထားတယ် ဖုန်းတစ်လုံး တစ်လ အသုံး ၁၀၀၀၀ ကျပ်ပဲထားဦး ဖုံးအလုံး သန်း ၃၀၊ ဆက်သွယ်ရေးဝင်ငွေ တစ်လ တစ်လ မနည်းဘူး ကုဋေနဲ့ချီ ရတယ်နော်။

ဒီဝင်ငွေတွေ စီးဆင်းမှု ဘယ်လိုသွားသလဲ။ ထားလိုက်ပါ။ ဆက်သွယ်ရေး သုံးနေတဲ့ ဒေါ်လာ ဘယ်နှစ်သန်း ရင်းနှိးမြှုပ်နှံတယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ သွားကြည့် သူ့ အိပ်ချိန်းတွေမှာ သုံးထားတဲ့ပစ္စည်း အကုန်တရုပ်ဖြစ်ကြီးပဲ။ တော်ကြာနေ ဟိုပစ္စည်းပျက်ပြန်ပီ၊ ဒီပစ္စည်း Hang ပြန်ပီနဲ့။ နိုင်ငံတကာမှာ ပစ္စည်းတစ်ခု နာမည်ကျော်တယ်၊ ဈေးကွက်ဖောက်နိုင်တယ် ဆိုတာမှာ သူ့ပစ္စည်း Quality ရှိတယ်။ ဘယ်လောက် Load ကို Handle လုပ်နိုင်တယ်ဆိုတာ ပါပီးသား။ အပေါစား နာမည်တောင် သေခြာမရှိတဲ့ ကလေက၀ ကုမ္ပဏီတွေကနေ သွင်းလာတဲ့ ပစ္စည်းတွေနဲ့ တပ်ထားလေတော့ တကယ့် Load အပြည့်ဆွဲတဲ့အချိန်မယ် ကကြောင်တွေ ထဖတ်နေလို့ မိုဘိုင်း ဖုန်းနှစ်လုံး ဘေးခြင်း ကပ်လျက်ခေါ်နေတာတောင် လူကြီးမင်း မတ်စိကို ပုံသဏ္ဍန်မျိုးစုံနဲ့ ချုံထဲရောက်လိုက်၊ တပ်ဆင်ထားခြင်း မရှိပါပြောလိုက်၊ လိုင်းတွေ မအားပါပြောလိုက်နဲ့ ပြောချင်ရာကို အော်တို ပြန်ပြောနေတာတွေက သက်သေတွေပဲ။

နောက် ၈၈ မတိုင်ခင် ဒေါက်တာမောင်မောင်ရဲ့ မိန့်ခွန်းကို နားထောင်ရတာမယ်၊ ဆိုရှယ်လစ်လက်ထက် မြန်မာတွေ နိုင်ငံခြားကနေ လက်နက်ဝယ်လိုက်တာ ဒီဘက်ကနေ ဒေါ်လာတွေ အများကြီးပို့လိုက်ပီး ဟိုဘက်ကနေ လက်နက်တွေဆိုပီး ပြန်ပို့ပေးလိုက်တာက သေတ္တာတွေထဲမှာ ကျောက်ခဲတွေကြီးဆိုတာ မှတ်မိပါသေးတယ်။ မှားတာ မှန်တာ ဘေးဘယ်လိုက်ဦး၊ အဲ့လို တကယ်ဖြစ်ခဲ့တယ်ဆိုရင် ဒါသည် မျက်စိပိတ်၊ နားပိတ် လုပ်ခဲ့တဲ့ အကျိုးကျေးဇူးကို အာဏာပိုင်တွေ ကိုယ်တိုင် ဆက်ခံရတာပဲ။ အဲ့ဒါကြောင့် မလိုလားအပ်တဲ့ ကိုယ့်ပြည်သူကိုယ် ဆန်ရှင် ပြန်လုပ်တဲ့ သတင်းစီးဆင်းမှု မြန်ဆန်တာကို ပယ်ဖျက်သင့်တယ်။ ဒါမှလည်း အပြန်အလှန် အကျိုးကျေးဇူး ပြုရာကြမယ်။

နိဂုံးအနေနဲ့ကတော့ ၀န်ထမ်းတွေကို လစာတိုးပေးတယ် ဆိုရာမှာ ငွေစက္ကူအသစ် ရိုက်ထုပ်တာမဟုတ်ပဲ အခုလို လစ်နေ၊ ဟာနေတဲ့ နေရာတွေက ၀င်ငွေတွေ၊ အထူးသဖြင့် လူတစ်ချို့စီကိုပဲ ဦးတည်စီးဆင်းနေတဲ့ အိပ်နေတဲ့ ငွေတွေကို အများစု အသုံးပြုလို့ရအောင် ခွဲဝေပေးဖို့ စီမံသင့်တယ်လို့ မြင်တယ်။ ဥပမာအားဖြင့် စီးချင်သလို စီးဆင်းနေတဲ့ ရေတွေကို စနစ်တကျ မြောင်းနဲ့ တမံတုပ်လိုက်ရင် ရေထုပမာဏ ကြီးလာမယ်၊ လိုရာကို ပို့ဆောင်နိုင်တယ်။ ကျွန်တော်တို့နိုင်ငံ တကယ်လိုနေတာသည် အဲ့ဒိလို ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အစိုးရလုပ်ငန်းဆိုင်ရာတွေကို စနစ်တကျ ကိုင်တွယ်ဖို့၊ ထွက်နေတဲ့ ၀င်ငွေတွေကို စနစ်တကျ ထိရောက်စွာ အစိုးရ၀န်ထမ်းတွေစီကို စီးဆင်းစေဖို့၊ တကယ်လုပ်ရင် အဲ့ဒိပုံသဏ္ဍန်ဖြစ်မှာပဲ၊ ၀န်ထမ်းတွေကို လစာတိုးပေးနိုင်မှာပဲ။ ကုန်ဈေးနှုန်းသည် လုံးဝကို တက်စရာမရှိပါ။ ဘာ့ကြောင့်လည်းဆိုတော့ မီးခံသေတ္တာထဲမှာ သွားအိပ်နေမယ့် ငွေတွေကို တကယ်သုံးစွဲမယ့် ပြည်သူတွေလက်ထဲကို စီးဆင်းစေတဲ့အတွက် ဖြစ်ပါတယ်။ အကျိုးရှိရှိ ငွေကြေးကို လည်ပတ်အောင် စီမံခန့်ခွဲတာ ဖြစ်ပါတယ်။

တနည်းအားဖြင့် ၀ယ်လိုအားများရင် ရောင်းလိုအား တက်လာမယ်၊ ကုန်စည် စီးဆင်းမှု မြန်ဆန်လာရင် ကုန်ဈေးနှုန်းဟာ အလိုလို ကျဆင်းလာမယ်၊ ပြည်သူတွေလက်ထဲ ငွေကြေး ဖောဖာသီသီသုံးနိုင်မယ်။ ဒါဆိုရင် Win Win Situation လို့မြင်တယ်။ အဲ့ဒါကြောင့်လည်း ဦးရွှေမန်းသည် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ပြင်မယ်၊ မလိုလားအပ်တဲ့ ဥပဒေတွေကို ပြင်မယ်လို့ ပြောနေတာ။ အချို့ အချို့သော မျက်တောင်မွှေးလောက်ပဲ မြင်သူတွေကတော့ အစိုးရ လစာတိုးပေးတာသည် အန္တရာယ်ကို ဖိတ်ခေါ်တယ်လို့ မြင်ပေမယ့် ကျွန်တော်ကတော့ လုံးဝကို အပြည့်အ၀ ထောက်ခံတယ်။ ဒါပေမယ့် ဘလိုင်းတိုးပေးမယ့်အစား မကုန်သင့်တဲ့တွေ မကုန်အောင်၊ အိပ်နေတဲ့ငွေ ရှင်လာအောင် လုပ်ဖို့လိုမယ်။ ဒါမှ ထိရောက်မှု ရှိမယ်လို့ သုံးသပ်ရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ အစိုးရ၀န်ထမ်းတွေကို လစာတိုးပေးဖို့အဆိုကို လုံးဝ ထောက်ခံပါတယ်။

မှတ်ချက် ။    ။ ကျွန်တော် ဘောဂဗေဒကို နကန်းတစ်လုံးမှ မတတ်သော သာမာန်ပြည်သူတစ်ယောက်ရဲ့ အမြင်ဖြစ်ပါတယ်။ ပညာရှိများ ပညာရပ်နဲ့ သက်ဆိုင်တဲ့ မှတ်ချက်တွေ မပါတဲ့အတွက် အလကား ထောက်ခံစာပါလို့  မြင်ရင် ကျော်ဖတ်သွားနိုင်ပါတယ်ခင်ဗျာ.... ကျေးဇူးတင်ပါတယ်။
Unknown at 12:04 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်မြေပုံလမ်းညွှန်စနစ်အား မိုဘိုင်းဖုန်းများတွင် အခမဲ့စတင်ထည့်သွင်းနိုင်


ရန်ကုန်မြေပုံ လမ်းညွှန်စနစ်အား မိုဘိုင်းဗားရှင်းအဖြစ် မိုဘိုင်းဖုန်းများတွင် အခမဲ့စတင်ထည့်သွင်းနိုင်ပြီဖြစ်ကြောင်း အင်မိုင်ခကုမ္ပဏီမှ ဦးမိုးသန့်ဦးကပြောသည်။ ရန်ကုန်မြို့ စီးပွားရေးလုပ်ငန်းအများစု၏ တည်ရှိရာနေရာများကို မြေပုံနှင့်တကွဖော်ပြသည့် အဆိုပါစနစ်ကို PC နှင့် Mobile (Android) Version အတွက် အခမဲ့ရယူနိုင်မည်ဖြစ်သည်။

“လတ်တလော လူကြီးမင်းနဲ့ Mr.Fone မိုဘိုင်းဖုန်းဆိုင်တွေမှာ ရယူနိုင်ပါတယ်။ နောက်ပိုင်း ဖုန်းဆိုင်တွေအားလုံးမှာ ရယူနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်” ဟု၎င်းကပြောသည်။ ရန်ကုန်မြို့နှင့်ပတ်သက်သည့် လုပ်ငန်းလိပ်စာ၊ အချက်အလက်ပေါင်း ၁ သိန်းနီးပါးကို အဆိုပါစနစ်တွင် ထည့်သွင်းထားခြင်းအပြင် မန္တလေးမြို့နှင့်ပတ်သက်သည့် လုပ်ငန်းလိပ်စာ၊ အချက်အလက်ပေါင်း ၃ သောင်းနီးပါးကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။ အဆိုပါစနစ်ထည့်သွင်းခြင်းအားဖြင့် မိုဘိုင်းဖုန်းများအတွင်းတွင် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ၀န်ဆောင်မှုများနှင့်ပတ်သက်သည့် အချက်အလက်များကို တစ်နေရာတည်းတွင်သိရှိနိုင်မည်ဖြစ်ပြီး Google, Yahoo, MSN ကဲ့သို့သော ၀က်ဘ်ဆိုက်များကဲ့သို့ Search Engine Server ကိုအသုံးပြုထားကြောင်းသိရသည်။ ၎င်းစနစ်ကို မိုဘိုင်းဖုန်းဆိုင်များအပြင် www.myanmarexplor.com ၀က်ဘ်ဆိုက်လိပ်စာတွင်လည်း ရယူနိုင်ကြောင်းသိရသည်။


ရေးသားသူ - ထွန်းထွန်း (အင်တာနက်ဂျာနယ်)
Unknown at 9:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံအခမ်းအနား ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် တန်ဖဲရွာတွင်ကျင်းပ


ဧရာဝတီမြစ်ဆုံအရေးကိစ္စများ တွင် ပါဝင်ကူညီခဲ့သော အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်များအား တွေ့ဆုံနိုင်ရန် ရည်ရွယ်ပြီး မြစ်ကြီးနားမြို့နယ် တန်ဖဲရွာသားများ စီစဉ်ကျင်းပသော "မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ" အခမ်းအနားကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီတွင်  မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံအနီးရှိ တန်ဖဲရွာတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြာင်း သတင်းရရှိပါသည်။

အဆိုပါအခမ်းအနားသို့  မြစ်ဆုံနှင့် ဧရာဝတီအရေးကိစ္စများတွင်  အဘက်ဘက်မှ ပါဝင်ကူညီခဲ့သော  အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်များအား ဖိတ်ကြားထားပြီး ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများကိုလည်း ဖိတ်ကြားထားကြောင်း အဆိုပါအခမ်းအနားဖြစ်မြောက်ရန် စီစဉ်ရာတွင် ပါဝင်ကူညီခဲ့သူကိုမုံတိုင်က ပြောကြားပါသည်

"ဒီပွဲမှာ မိန့်ခွန်းပြောဖို့ သီးခြားစီစဉ်ထားတာမရှိပါဘူး။ ဒီပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ မြစ်ဆုံအရေးကိစ္စမှာ ဆောင်ရွက်ခဲ့သူတွေ အချင်းချင်း တွေ့ဆုံနှုတ်ဆက်စေချင်လို့ပါ"ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။
Eleven Media Group မှ ကိုမင်းကိုနိုင်အား ဖေဖော်ဝါရီ ၂၃ ရက်နေ့ ရန်ကုန်လေဆိပ်တွင် တွေ့ဆုံရာ၌ မေးမြန်းခဲ့ရာ ၎င်းက "ကျွန်တော်အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားတွေအဖွဲ့ကို မြစ်ဆုံအနီးက တန်ဖဲရွာမှာပြုလုပ်မယ့် အခမ်းအနားကို ဖိတ်ထားပါတယ်။ အခု ဒီပွဲတက်ရောက်ဖို့ လေဆိပ်ကိုလာခဲ့တာပါ"ဟု ပြောကြားသွားခဲ့သည်။
Unknown at 9:28 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗဟန်းမြို့နယ်တွင် နေအိမ်အတွင်းသို့ လူအစုလိုက် ဝင်ရောက် ရိုက်နှက်မှု ဖြစ်ပွား



ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက် ဦးအောင်ကျော်ဖြူလမ်း အိမ်အမှတ် (-) တွင် ၁၇-၂-၂ဝ၁၂ ရက် ည ၈ နာရီခန့်က နေအိမ်အတွင်းသို့ လူအစုလိုက် ဝင်ရောက်ကာ ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ အခင်းဖြစ်ပွားချိန်တွင် ဝင်ရောက်ရိုက်နှက်မှု ဖြစ်သည့် အိမ်၌အသက် ၁၆ နှစ်မှ ၂၅ နှစ်ကြား လူငယ်ခြောက်ဦး ရှိနေရာ ရိုက်နှက်မှုကြောင့် နှစ်ဦး(ပုံ)မှာ ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြော ဌာနတွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသလျက်ရှိကြောင်း သိရသည်။''ထိတာက သုံးယောက်ထိတာ အိမ်ရှင်ရဲ့သား အသက် ၂၄ နှစ်လောက်ရှိတဲ့ ဖြိုးသက်စံကတော့ ပထမ အရိုက်ခံလိုက်ရပြီးတာနဲ့ လန့်ပြီးလဲကျပြီးတော့ တက်နေတယ်။ သူရဲ့ညီအငယ်ဆုံး ဆယ်တန်းကျောင်းသား ဖြိုးငြိမ်းစံ (၁၆ နှစ်)ကတော့ အခုဆေးရုံမှာ၊ နောက်တစ်ယောက်က ဖြိုးသက်စံတို့ သူငယ်ချင်း အောင်သူစိုးလည်း ဆေးရုံမှာ အခုဆေးရုံမှာ အတွင်းလူနာ နှစ်ယောက်ပေါ့''ဟုဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ တစ်ဦးကဆိုသည်။ အခင်းမဖြစ်မီ တစ်ရက်က အဆိုပါ အိမ်မှ အသက် ၁၉ နှစ်ခန့်အရွယ် ဖြိုးဇင်အောင်ဆိုသည့် လူငယ်နှင့် သူငယ်ချင်းများ အပြင်တွင် စကားများ ရန်ဖြစ်ခဲ့ကြသေးသည်ဟု ဖြိုးဇင်အောင်က ပြည်မြန်မာဂျာနယ်ကို ပြောသည်။
''ကျွန်တော်တို့ အချင်းချင်းတစ်ယောက်ကို တစ်ယောက်စကြ နောက်ကြရင်းလက်သီးနဲ့ အပြန်အလှန် ထိုးခဲ့ကြတယ်။ အခုအခင်းဖြစ်တဲ့နေ့မှာ ကျွန်တော်အိမ်မှာမရှိဘူး။ အလုပ်ကပြန်လာမှသိတာ'' ဟု၎င်းကပြောသည်။ ၎င်းနေအိမ်ကို အစုလိုက် ဝင်ရိုက်သည့်အတွက် နောက်ဖေးမီးဖိုခန်း တစ်ခုလုံး ပစ္စည်းများဖရိုဖရဲ ပျက်စီးလျက်ရှိသည်ကို တွေ့ရသည်။ လာတာတော့ ကောင်လေးတွေ ၁ဝယောက်ကျော် လောက်ရှိတယ်။ အစက ဂိမ်းလာကစားတယ် ထင်လို့ မေးကြည့်တာ၊ လူလာရှာတာတဲ့၊ ဒါကြောင့် အခြေအနေကို ကြည့်လိုက်တော့ ပုံမဟန်တာနဲ့ ကလေးတွေပြန်ကြလို့ ပြောလိုက်သေးတယ်။ ခဏကြာတော့ အဲလိုပဲ ရိုက်ကြနှက်ကြဖြစ်တယ်'' ဟု အခင်းဖြစ်ပွားရာ နေအိမ်အနီးမှ မျက်မြင်တစ်ဦးက ဆိုသည်။ ဝင်ရောက်ရိုက်နှက်သည့် လူငယ်များသည် စတီးနာရီကို လက်တွင်ဆုပ်၍ ထိုးကြိတ်ခြင်းဖြစ်ကာ တုတ်၊ ခုံဖိနပ်များကိုပါ ကိုင်ဆောင်လာသည် ဟုလည်းမျက်မြင်သက်သေ များကပြောသည်။''အဲဒီအိမ်မှာ TV ကြည့်နေတဲ့ လူကကြည့်၊ ဂီတာတီးနေတဲ့သူက တီးနဲ့နေကြတာပေါ့။ သူတို့ အဖေကမရှိတော့ဘူး။ အမေကလည်း အိမ်မှာမရှိဘူး။ အင်းစိန်မှာ။ မီးဖိုချောင်ထိ ဝင်ရိုက်ကြတာ''ဟုအရိုက်ခံရ၍ ဆေးရုံရောက်နေသည့် ဖြိုးငြိမ်းစံ၏ အဒေါ်ဖြစ်သူက ရှင်းပြသည်။ အဆိုပါအမှုကို ဗဟန်းမြို့နယ်ရဲ စခန်းတွင်(ပ) ၈၁/ ၂ဝ၁၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုပုဒ်မ ၂၉၄၊ ၄၅၂၊ ၁၁၄ တို့ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
ပြည်မြန်မာဂျာနယ်
Unknown at 9:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးပွဲမှာလည်း လူမနည်း


From : ပေါ်ပြူလာနေပြည်တော်၊ ဖေဖော်ဝါရီ ၂၁
ဖြုတ်ခွဲကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးပွဲသို့ ပရိသတ်အင်အား ၂၅ဝဝ၀၀ ဝန်းကျင် တက်ရောက်ခဲ့သည်ဟု သတင်းရရှိခဲ့သည်။


ယင်းပွဲကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ နံနက် ၁ဝ နာရီ ဝန်းကျင်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပွဲသို့ ဖြုတ် ခွဲကျေးရွာအုပ်စု အပါအဝင် ပုဗ္ဗသီရိ မြို့နယ်တွင်းမှ ပြည်သူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါပွဲ၌ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဝဏ္ဏကျော်ထင်စည်သူ ဦးသာဌေးအပါအဝင် တက်ရောက်သူသုံးဦးက ၄င်းတို့၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့် နိုင်ငံအပေါ် ထားရှိသည့် ခံယူချက်များကို ပရိသတ်ရှေ့မှောက် ဖွင့်ဟပြောဆိုခဲ့ကြသည်ဟု သိရသည်။

တက်ရောက် ပြောကြားသူများအတွင်းမှ ဒေါ်ကြည်ခင်က ”ကျွန်မက လာအပ်ပေးတာပါ။ ဦးသာဌေးကို ကောင်းကောင်း အသုံးချကြပါလို့ ပြောချင်ပါတယ်။ သူက အင်ဂျင်နီယာ တစ်ယောက်ပါ။ ဒါပေမဲ့သူက အောက်ခြေထိဆင်းပြီး အလုပ်လုပ်လေ့ရှိပါတယ်။ ဒါကြောင့် ပြည်သူ့ခံစားချက်ကို သူသိတယ်။ ပြည်သူတွေ ဘာလိုအပ်နေလဲ သူသိတယ်။ ဒီတော့ပြည်သူက သူ့ကိုကောင်းကောင်း အသုံးချကြပါလို့ ကျွန်မပြောချင်တာပါပဲ” ဟု ပြောဆိုကြေညာကာ ပရိသတ်၏ အားပေးလက်ခုပ်သံများ ရယူခဲ့ သည်ဟု သိရသည်။

”ဒါ တတိယအကြိမ်ပါပဲ။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်က ဝဲကြီးကျေးရွာနဲ့ ကိုးရွာ သပြေကုန်း ကျေးရွာတွေပါ။ ထိုင်ခုံပေါင်း ၁၆ဝဝ ချထားပေးတယ်။ ထိုင်ခုံ အားလုံး ပြည့်ရုံတင်မဟုတ်ဘူး မတ်တတ် ရပ်နေတဲ့လူတွေပါ အများကြီးရှိခဲ့တယ်။ စုစုပေါင်းဦးရေ ၂၅ဝ၀၀ဝကျော်လောက် ကိုရှိတယ်။ အားလုံးက စနစ်တကျနေရာယူပြီး နားထောင်ကြပါတယ်။ သူတို့ သဘောကျတဲ့စကား ပါလာတိုင်း သူတို့လိုချင်တဲ့ အခွင့်အရေးကို ပြောတိုင်း လက်ခုပ်တီးကြတယ်။ မွန်းတည့် ၁၂ နာရီလောက်မှာ ပြီးသွားပါတယ်”ဟု ယင်းပါတီဝင် တစ်ဦးက ပြောသည်။
Unknown at 9:21 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲမှ ရရှိသောအလှူငွေအချို့ မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် ပြန်လည် လှူဒါန်းသွားမည်



တရုတ်နိုင်ငံမှ စတုတ္ထအကြိမ် ကြချီလာသည့် ဗုဒ္ဓမြတ်စွယ်တော် ပူဇော်ပွဲမှ ရရှိသောအလှူငွေအချို့ အား မြန်မာနိုင်ငံ၏ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပြန် လည်လှူဒါန်း သွားမည်ဟု တရုတ် နိုင်ငံ သာသနာရေးဗျူရို ဒုတိယ၀န် ကြီး က ပြောကြားသည်။
စတုတ္ထအကြိမ်မြတ်စွယ်တော် ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၂၄ ရက်အထိ ၄၈ ရက် အကြာ နေပြည် တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လှည့်လည် အပူဇော်ခံခဲ့ကြောင်း သိရသည်။
““အလှူခံရရှိတဲ့အလှူငွေ တော်တော်များများကို မြန်မာနိုင်ငံ ရဲ့ဗုဒ္ဓသာသနာနဲ့ ကုသိုလ်ဖြစ်လုပ် ငန်းတွေမှာ ပြန်လည်အသုံးပြုမယ်”” ဟု ထက်ပါပုဂ္ဂိုလ်ကဆိုသည်။
အခြေခံမူလတန်းကျောင်းများ၊ အလယ်တန်းကျောင်းများတည် ဆောက်ရာတွင်လည်းကောင်း၊ အ တွင်းတိမ်မျက်စိဝေဒနာရှင်များခွဲ စိတ်ပေးရာတွင်လည်းကောင်း ပြန် လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း ၎င်းင်းကဆက်လက်ပြောဆိုသည်။
၎င်းင်းအပြင် ဗုဒ္ဓမြတ်စွယ်တော် (စွယ်တော်ပွား) ကိန်းဝပ်စံပယ်ရာ ကြာကလပ်သုံးဆူကိုလည်း မြန်မာ နိုင်ငံသို့ လှူဒါန်းပေးခဲ့သည်။
နှစ်နိုင်ငံချစ်ကြည်ရေးတိုးမြှင့် ရေးအတွက် တရုတ်ဗုဒ္ဓဘာသာအဖွဲ့ ချုပ်လက်အောက်ရှိ လင်ကွမ်းစီး ဘုရားကျောင်းနှင့် မြန်မာနိုင်ငံရွှေ တိဂုံစေတီတော်တို့ ချစ်ကြည်ရေး ဘုရားကျောင်းထူထောင်နိုင်ရေး အ တွက် သဘောတူလက်မှတ်ရေးထိုး ခဲ့သည်။
စတုတ္ထအကြိမ်မြတ်စွယ်တော် အပူဇော်ခံခဲ့ရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စွယ်တော်တိုက်ဆရာ တော်သို့ လွှဲပြောင်းပေးအပ်သည့် လှူဒါန်းမှုအစုစုမှာ အမေရိကန်ဒေါ် လာ ၃ ဒသမ ၉ သန်းကျော်နှင့် နိုင်ငံတကာသုံး ငွေကြေးများ၊ လက် ၀တ်ရတနာမျိုးစုံနှင့် ကျောက်မျက် ရတနာမျိုးစုံ ခန့်မှန်းတန်ဖိုး ကျပ် ၂၂၂၉ သန်း၊ ဗုဒ္ဓဆင်းတုတော်ထု လုပ်ရန် ကျောက်စိမ်းထည်နှင့် ကျောက်စိမ်းပလ’င်တော် စသည်တို့ အတွက် ခန့်မှန်းတန်ဖိုး ယူရို ၃ ဒသမ ၂ သန်းတန်ဖိုးရှိ ကျောက်စိမ်း တုံးနှစ်တုံးနှင့် ဆင်းတုတော်ကိန်းဝပ် မည့်ကျောင်းဆောင်၊ ဆင်းတုတော် ထုလုပ်မှုကုန်ကျစရိတ်တို့ကိုပါ လွှဲ ပြောင်းလှူဒါန်းခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံသို့ တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်ကို ပထမအကြိမ် အဖြစ်  ၁၉၅၅ ခုနှစ်တွင် ပင့်ဆောင် ခဲ့ပြီး ရှစ်လကြာ အပူဇော်ခံခဲ့ ကြောင်း၊ ဒုတိယအကြိမ်အဖြစ် ၁၉၉၄ ခုနှစ်တွင် ပင့်ဆောင်ခဲ့ပြီး ၄၅ ရက်ကြာအပူဇော်ခံခဲ့ကြောင်း၊ တတိယအကြိမ်အဖြစ် ၁၉၉၆ ခုနှစ် တွင် ပင့်ဆောင်ခဲ့ပြီး ရက်ပေါင်း ၉၀ ကြာအပူဇော်ခံခဲ့ကြောင်းသိရသည်။
ဆက်နိုင် (မြန်မာပို့ စ်ဂလိုဘယ်)
Unknown at 9:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဇာဂနာပြောသော မဟုတ်မမှန်စကားများ



                           ကျွန်တော်.တိုင်းပြည်တိုးတက်ဖု.ိ ကျွန်တော်နဲ.ဆိုင်ပါတယ် ပြောနေသော ဇာဂနာ
ဇာဂနာဆိုတာ တိုင်းပြည်ကိုချစ်လု.ိ အလုပ်လုပ် နေတာလား?နိုင်ငံရေးအကျဉ်းသားတွေကို ချစ်လု.ိ အလုပ်လုပ်နေတာလား ဆိုတာ မေးရမလိုဖြစ်နေပါပြီ ဘာကြောင်.ရယ်ဆိုတာတော.  အားလုံး သိကြမှာပါ နိုင်ငံရေး အကျဉ်းသားတွေ မလွတ်ခင်တုန်းကလည်း ပြော လွတ်လာပြန်တော. လည်း ပြော ပြောနေတာဆိုတော. သိကြမှာပေါ.အခုလည်း သိပ်မကြာသေးခင်က အမေရိကန်နိုင်ငံ နယူးယောက်မြို.မှာ နိုင်ငံရေး အကျဉ်းသား များဘ၀မြှင်.တင်ရေး အတွက် ဟောပြောပွဲလုပ်ပြီး အလူုခံခဲ.ပါတယ် လူတွေကို ယုံအောင် ယုံတမ်းစကားပြောတတ်တာကတော. ဇာဂနာရဲ. ပါရမီလု.ိဘဲ ဆိုရမှာပေါ. ဇာဂနာ ပြောသွားတာပါ သူထောင်ကျနေတဲ. အချိန်တုန်းကပေါ.တဲ. ၂၀၀၉ ခုနှစ် နွေရာသီရဲ. အရမ်းပူပြင်းနေတဲ.အချိန် သူနေတဲ. အခန်းလေးက ၈ ပေပတ်လည် အခန်းကျင်းလေးပါတဲ. လေ၀င်လေထွက်လည်း မရှိပါဘူးတဲ. စဉ်းစားကြည်.ကြပေါ. လေ၀င်လေထွက် မရှိမှတော. ဘာနဲ. အသက်ရူမှာလဲ?ဘယ်ကလေနဲ. အသက်ရူမှာလဲ? သွေးတိုးတာကလည်း အပေါ်သွေး ၂၁၀ အောက်သွေး ၁၄၀ မူးပြီး အန်လဲနေတာတောင် ဘယ်သူမှ မလာဘူးလို.ပြောပါတယ် ဆရာဝန်လည်းမလာပါဘူးတဲ.သူဘယ်လိုသိတာလဲ အပေါ်သွေး ၂၁၀ အောက်သွေး ၁၄၀ ရှိနေမှန်း 
ယုံတမ်းစကားများပြောနေသော ဇာဂနာ နောက်ပြီး အန်တီစုရဲ.ခြံထဲမှာသာ လွတ်လွတ်လပ်လပ်နေရတာပါ ဒီမိုကရေစီ ရနေတာပါ ဒါဆို ဒီအောက်က ပုံတွေကရော ဒေါ်စုကြည် ရဲ. ခြံထဲမှာဘဲလား? လွတ်လွတ်လပ်လပ် မနေရဘူးဆိုတာကရော ဘာကိုဆိုလိုချင်တာပါလဲ?


                    လွတ်လပ်စွာဖြင်. သီဆိုကာ အမူအရာပြနေကြသော အဆိုတော်
                                လွတ်လပ်စွာဖျော်ဖြေနေသော စိုင်းစိုင်း
မကောင်းရင်ကင်းအောင်နေ မကင်းချင်ရင် ကောင်းအောင်နေ ဆိုတဲ. စကားလိုပေါ.ဗျာ အမေရိကန်နိုင်ငံ နယူးယောက်လိုနေရာမျိုးမှာ တရားဝင်ပြောရဲပါတယ် ဆိုတာကရောဘာလဲ?ပြောရဲမှာပေါ. အမေရိကန်ရောက် မြန်မာတွေက  မမြင်မသိကြဘူးဆိုတော. တရားဝင်လို ပြောရဲတာပေါ. တိုင်းပြည်ကို ချစ်လု.ိ အလုပ်လုပ်နေတယ်ဆိုတဲ. လူက အမေရိကန်လို နိုင်ငံကို အထင်ကြီးပြီး ပြောနေမှတော. တိုင်းပြည်ကို ရောင်းစားမလု.ိလား?

Myanmar Express
Unknown at 9:19 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြစ်ကြီးနားမြို့ရှိ အင်တာနက်ဆိုင်များ အားလုံးတွင် အင်တာနက် အဆက်အသွယ် ပြတ်တောက်

မနောကွင်း
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည (ဖေဖော်ဝါရီလ ၂၃ ရက်နေ့) တွင် မနောကွင်း၌ ပြုလုပ်သည့် ညစာစားပွဲသို့ တိုင်းရင်းသား ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

မြစ်ကြီးနားမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် မတိုင်မီ နှစ်ရက်ခန့်ကပင် အင်တာနက်လိုင်းများ ကျဆင်းလျက် ရှိပြီး ယခု ခရီးစဉ်အတွင်း လိုက်ပါ သတင်းရယူသော ပြည်တွင်းပြည်ပ သတင်းထောက်များမှာ သက်ဆိုင်ရာ သတင်းဌာနများသို့ သတင်း ပြန်လည်ပေးပို့ရာ၌ များစွာ အခက်အခဲ တွေ့နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်နယ် ဝန်ကြီးချုပ်ရုံး အပါအဝင် မြစ်ကြီးနားမြို့ရှိ အင်တာနက်ဆိုင်များ အားလုံးတွင် အင်တာနက် အဆက်အသွယ် ပြတ်တောက် နေကြောင်း၊ သတင်းထောက် အများစု အသုံးပြုကြသည့် MacWill ဖုန်း (ကြိုးမဲ့အင်တာနက်ဖုန်း) များမှာလည်း အသုံးပြု၍ မရကြောင်း သိရသည်။
The Voice Weekly
Unknown at 9:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.