Friday, February 24, 2012

"ရန်ကုန်ဆိပ်ကမ်းအား ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်ရန် ပြုပြင်ဆောက်လုပ်တော့မည်"


ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ချိန် ၃၅ဝဝဝ အထိရှိသော ရေယာဉ်ကြီးများ
ဝင်ထွက်သွားလာနိုင်ရန်နှင့် လက်ရှိ ဆိပ်ခံတံတားများအား အဆိုပါသင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်နိုင်ရန် ပြုပြင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ေ ထာင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်ကပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြောကြားသည်။

''အခု လောလောဆယ် ရန် ကုန်ဆိပ်ကမ်းကို ဝင်ထွက်နေတဲ့ တန်ချိန်တစ်သောင်းခွဲ ရေယာဉ်ေ တွ အစားတန်ချိန် သုံးသောင်းကနေ သုံးသောင်းခွဲအထိ ရှိတဲ့ ရေယာဉ် ကြီးတွေ ဝင်ထွက် လို့ရအောင် ရည်ရွယ်ထားပါတယ်။ အဲဒီလို ဝင်ထွက်လို့ရအောင်နဲ့ ရေလမ်း ကြောင်းမှာ လုံခြုံစိတ်ချရဖို့အတွက် အဲဒီယာဉ်တွေဆိုက်ကပ်နိုင်ဖို့ လက်ရှိဆိပ်ခံတံတားတွေကို ခံနိုင် ဝန်ကောင်းအောင် ပြုပြင်မွမ်းမံသွားဖို့ ရှိပါတယ်'' ဟု ဝန်ကြီးကရန်ကုန် တိုင်းဒေသကြီး၏ မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာမြတ်ဥာဏစိုး ၏ ''ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်ပတ်သက်၍ အကောင်အထည် ဖော်ရာတွင် ထည့်သွင်း စဉ်းစားသင့်သည့် အချက်များကိုပြန်လည်သုံးသပ် ဆောင်ရွက်ရန် အစီအစဉ်ရှိမရှိ''ဟူ သောမေးခွန်းနှင့် စပ်လျဉ်း၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးရေး Conceptual Plan ကို ၂ဝ၁ဝ ပြည့်နှစ်မှ စ၍ ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းရေးဆွဲ ခဲ့ခြင်းဖြစ်ပြီး သီလဝါ အထူးစီး ပွားရေးဇုန်ဖွံ့ဖြိုးရေး စီမံကိန်းကို ယခု နှစ်မှစတင်ကာ အကောင်အထည် ဖော်ဆောင် ရွက်နေကြောင်း၊ ယင်း သို့ဆောင်ရွက်ရာတွင် အနာဂတ် ကာလ၌သီလဝါ အထူးစီးပွားရေး ဇုန်နှင့် ဆက်စပ်ဆိပ် ကမ်းများ၏ အလားအလာများကိုပါ ထည့်သွင်း စဉ်းစား၍(In Line) ဖြစ်ေ အာင် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရ သည်။လက်ရှိအနေအ ထားတွင် သီလဝါဆိပ် ကမ်းအပါအဝင် ရန်ကုန်ဆိပ်ကမ်း၌ နိုင်ငံတကာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် International Wharf ၂၃ စင်းရှိ ကာ ကုန်သေတ္တာစခန်း သုံးခု ရှိပြီး နိုင်ငံတကာ ကုန်တင်ရေ ယာဉ်ကြီး များဝင်ရောက်မှုအနေဖြင့် ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာရေးနှစ်တွင် ၁၁၇၁ စင်း ရှိရာမှ ၂ဝ၁ဝ-၁၁ ဘဏ္ဍာရေး နှစ် တွင် ၁၇၇၅စင်းအထိ ၅၁ ရာခိုင်နှုန်း ဝင်ရောက်မှု တိုးတက် များပြားလာခဲ့ကြောင်း၊ ကုန်စည် ကိုင်တွယ်မှုအနေဖြင့်(ကုန်သေတ္တာ အပါအဝင်) ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာ ရေးနှစ်တွင် မက်ထရစ်တန် ၁ဝ ဒသမ ၇၇ သန်းမှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် မက်ထရစ်တန် ၁၇ သန်း (၆ဝ ရာခိုင်နှုန်းခန့်) တိုး တက်ကိုင်တွယ်ခဲ့ရပြီးBerth Occupancy Ratio သည်လည်း ၇ဝ ရာခိုင်နှုန်းသို့ရောက်ရှိနေ ပြီဖြစ် ကြောင်းဝန်ကြီး၏ အဆိုအရ သိရသည်။ထိုကဲ့သို့ ရေယာဉ်ကြီးများ နှင့် ကုန်စည်များ တိုးတက်လာပြီး တံတားများတွင် သင်္ဘောဆိုက်ကပ် မှု အခြေအနေ တိုးတက်လာေ သာ ကြောင့် ရန်ကုန်ဆိပ် ကမ်းအား တိုးချဲ့ရန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းရှင်းပြ သည်။ရန်ကုန် ဆိပ်ကမ်းသည် ပင် လယ်ဝမှ ၃၂ကီလိုမီတာ ခန့် ဝေး ကွာပြီးတစ်နိုင်ငံလုံး၏ ရေကြောင်း ဆိုင်ရာ ကုန်သွယ်မှုအားလုံး၏ ၈ဝ ရာခိုင်နှုန်းကျော်ကိုကိုင်တွယ် ဆောင်ရွက်နေရကြောင်း လက်ရှိ တွင်နိုင်ငံတကာရေယာဉ်(သင်္ဘော) ကြီးများသည်ရန်ကုန်မြစ်ဝရှိရေ အောက် သဲခုံနှစ်ခုဖြစ်သည့်အပြင် စည်းခုံနှင့်သန်လျက်စွန်း အနီးရှိအတွင်း စည်းခုံတို့ကိုရေပြည့် ချိန်တွင် ဖြတ် သန်းနေရပြီးမြစ်၏ ကွေ့ဝိုက်နေ သော အနေအထားကြောင့် အကြီး ဆုံးတန်ချိန် ၁၅ဝဝဝရှိသောရေယာဉ်ကြီးများသည်ရန်ကုန် ဆိပ်ကမ်းသို့ လည်းကောင်း၊ တန်ချိန် ၂ဝဝဝဝ ရှိ သောရေယာဉ်ကြီးများသည်သီလဝါဆိပ်ကမ်းသို့လည်းကောင်း၊ နေ့အချိန်တွင် ဖြတ်သန်းဝင်ထွက်နေရ ကြောင်းသိရသည်။
Unknown at 12:47 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.