Friday, February 24, 2012

ဒေါ်အောင်ဆန်းစုကြည် မနောကွင်း မိန့် ခွန်း ကောက်နှုတ်ချက်



ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ် [ဖေဖော်ဝါရီ ၂၃ သတင်းဓာတ်ပုံ]
ဒေါ်အောင်ဆန်းစုကြည်က သူမရှိတော့သည့် အချိန်တွင်လည်း သူ့အား တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန် ကျေပွန်ခဲ့သည့် နိုင်ငံသားကောင်း တစ်ယောက်အဖြစ်သာ တွေ့မြင်စေလိုကြောင်း၊ ယခုကဲ့သို့ လူထုဟောပြောပွဲများ ပြုလုပ်ခွင့်ရခြင်းသည် နိုင်ငံတော် သမ္မတကြီး၏ ဒီမိုကရေစီ ခရီးတွင် ပထမခြေလှမ်း ဖြစ်ပြီး ကြိုဆိုကြောင်း ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ မနောကွင်းတွင် လူထုပရိသတ်အား ဟောပြောရာ၌ ထည့်သွင်း ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သတင်းရေးသားချိန်အထိ မြစ်ကြီးနားမြို့ မနောကွင်းတွင် ဟောပြောလျက်ရှိရာ လူထုပရိသတ် သုံးသောင်းကျော် တက်ရောက်လျက် ရှိသည်။
 ကြားဖြတ် ရွေးကောက်ပွဲ ကာလတွင် ပြည်သူလူထုသည် မဲဆွယ်ပါတီများ၏ ပေးတာ ယူ၊ ကျွေးတာ စားနိုင်ကြောင်း၊ သို့သော် ဆန္ဒမဲကိုမူ မှန်မှန်ကန်ကန် ခွဲခြား ဆုံးဖြတ်၍ ပေးတတ်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက်ပိုင်း မြစ်ကြီးနားမြို့ မနောကွင်းတွင် လူထုပရိသတ်အား ဟောပြောရာ၌ ထည့်သွင်း ပြောဆိုခဲ့သည်။
The Voice 
----------------------------------------------------
လူငယ်တွေကို ငယ်စဉ်ကတည်းက စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူပေးရမယ်။ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ် မမွေးမြူနိုင်ခဲ့လို့ ငြိမ်းချမ်းရေး မရသေးတာ ဖြစ်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး မရှိရင် ပြည်သူတွေ ဘယ်လောက် နစ်နာတယ်ဆိုတာ ထွေထွေ ထူးထူး ရှင်းပြနေစရာ မလိုပါဘူး။ ပြည်နယ်ခေါင်းဆောင် အချို့နဲ့ စကားပြောဖြစ်တဲ့အခါ ဒီပြည်နယ်ရဲ့
အရေးကြီးဆုံး ပြဿနာက ငြိမ်းချမ်းရေး မရှိတာကိုပါပဲ။ ပြည်တွင်း ငြိမ်းချမ်းရေး မရှိတဲ့ အခြေခံ အကြောင်းကတော့ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု မရှိလို့၊ လေးစားမှု မရှိလို့ပါပဲ။ ယုံကြည်မှု၊ လေးစားမှု မရှိဘူးဆိုတာ ပွင့်လင်း ဖြောင့်မတ်မှု မရှိတဲ့ ကိစ္စတွေ ကြောင့်ပါပဲ။

- ဒေါ်အောင်ဆန်းစုကြည် (မြစ်ကြီးနား၊ မနောကွင်း၌ ဟောပြောခဲ့သည်များမှ
ကောက်နုတ်ချက်)
Eleven
Unknown at 2:51 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.