Friday, February 24, 2012

မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံအခမ်းအနား ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် တန်ဖဲရွာတွင်ကျင်းပ


ဧရာဝတီမြစ်ဆုံအရေးကိစ္စများ တွင် ပါဝင်ကူညီခဲ့သော အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်များအား တွေ့ဆုံနိုင်ရန် ရည်ရွယ်ပြီး မြစ်ကြီးနားမြို့နယ် တန်ဖဲရွာသားများ စီစဉ်ကျင်းပသော "မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ" အခမ်းအနားကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီတွင်  မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံအနီးရှိ တန်ဖဲရွာတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြာင်း သတင်းရရှိပါသည်။

အဆိုပါအခမ်းအနားသို့  မြစ်ဆုံနှင့် ဧရာဝတီအရေးကိစ္စများတွင်  အဘက်ဘက်မှ ပါဝင်ကူညီခဲ့သော  အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်များအား ဖိတ်ကြားထားပြီး ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများကိုလည်း ဖိတ်ကြားထားကြောင်း အဆိုပါအခမ်းအနားဖြစ်မြောက်ရန် စီစဉ်ရာတွင် ပါဝင်ကူညီခဲ့သူကိုမုံတိုင်က ပြောကြားပါသည်

"ဒီပွဲမှာ မိန့်ခွန်းပြောဖို့ သီးခြားစီစဉ်ထားတာမရှိပါဘူး။ ဒီပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ မြစ်ဆုံအရေးကိစ္စမှာ ဆောင်ရွက်ခဲ့သူတွေ အချင်းချင်း တွေ့ဆုံနှုတ်ဆက်စေချင်လို့ပါ"ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။
Eleven Media Group မှ ကိုမင်းကိုနိုင်အား ဖေဖော်ဝါရီ ၂၃ ရက်နေ့ ရန်ကုန်လေဆိပ်တွင် တွေ့ဆုံရာ၌ မေးမြန်းခဲ့ရာ ၎င်းက "ကျွန်တော်အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားတွေအဖွဲ့ကို မြစ်ဆုံအနီးက တန်ဖဲရွာမှာပြုလုပ်မယ့် အခမ်းအနားကို ဖိတ်ထားပါတယ်။ အခု ဒီပွဲတက်ရောက်ဖို့ လေဆိပ်ကိုလာခဲ့တာပါ"ဟု ပြောကြားသွားခဲ့သည်။
Unknown at 9:28 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.