Friday, February 24, 2012

ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲမှ ရရှိသောအလှူငွေအချို့ မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် ပြန်လည် လှူဒါန်းသွားမည်



တရုတ်နိုင်ငံမှ စတုတ္ထအကြိမ် ကြချီလာသည့် ဗုဒ္ဓမြတ်စွယ်တော် ပူဇော်ပွဲမှ ရရှိသောအလှူငွေအချို့ အား မြန်မာနိုင်ငံ၏ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပြန် လည်လှူဒါန်း သွားမည်ဟု တရုတ် နိုင်ငံ သာသနာရေးဗျူရို ဒုတိယ၀န် ကြီး က ပြောကြားသည်။
စတုတ္ထအကြိမ်မြတ်စွယ်တော် ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၂၄ ရက်အထိ ၄၈ ရက် အကြာ နေပြည် တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လှည့်လည် အပူဇော်ခံခဲ့ကြောင်း သိရသည်။
““အလှူခံရရှိတဲ့အလှူငွေ တော်တော်များများကို မြန်မာနိုင်ငံ ရဲ့ဗုဒ္ဓသာသနာနဲ့ ကုသိုလ်ဖြစ်လုပ် ငန်းတွေမှာ ပြန်လည်အသုံးပြုမယ်”” ဟု ထက်ပါပုဂ္ဂိုလ်ကဆိုသည်။
အခြေခံမူလတန်းကျောင်းများ၊ အလယ်တန်းကျောင်းများတည် ဆောက်ရာတွင်လည်းကောင်း၊ အ တွင်းတိမ်မျက်စိဝေဒနာရှင်များခွဲ စိတ်ပေးရာတွင်လည်းကောင်း ပြန် လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း ၎င်းင်းကဆက်လက်ပြောဆိုသည်။
၎င်းင်းအပြင် ဗုဒ္ဓမြတ်စွယ်တော် (စွယ်တော်ပွား) ကိန်းဝပ်စံပယ်ရာ ကြာကလပ်သုံးဆူကိုလည်း မြန်မာ နိုင်ငံသို့ လှူဒါန်းပေးခဲ့သည်။
နှစ်နိုင်ငံချစ်ကြည်ရေးတိုးမြှင့် ရေးအတွက် တရုတ်ဗုဒ္ဓဘာသာအဖွဲ့ ချုပ်လက်အောက်ရှိ လင်ကွမ်းစီး ဘုရားကျောင်းနှင့် မြန်မာနိုင်ငံရွှေ တိဂုံစေတီတော်တို့ ချစ်ကြည်ရေး ဘုရားကျောင်းထူထောင်နိုင်ရေး အ တွက် သဘောတူလက်မှတ်ရေးထိုး ခဲ့သည်။
စတုတ္ထအကြိမ်မြတ်စွယ်တော် အပူဇော်ခံခဲ့ရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စွယ်တော်တိုက်ဆရာ တော်သို့ လွှဲပြောင်းပေးအပ်သည့် လှူဒါန်းမှုအစုစုမှာ အမေရိကန်ဒေါ် လာ ၃ ဒသမ ၉ သန်းကျော်နှင့် နိုင်ငံတကာသုံး ငွေကြေးများ၊ လက် ၀တ်ရတနာမျိုးစုံနှင့် ကျောက်မျက် ရတနာမျိုးစုံ ခန့်မှန်းတန်ဖိုး ကျပ် ၂၂၂၉ သန်း၊ ဗုဒ္ဓဆင်းတုတော်ထု လုပ်ရန် ကျောက်စိမ်းထည်နှင့် ကျောက်စိမ်းပလ’င်တော် စသည်တို့ အတွက် ခန့်မှန်းတန်ဖိုး ယူရို ၃ ဒသမ ၂ သန်းတန်ဖိုးရှိ ကျောက်စိမ်း တုံးနှစ်တုံးနှင့် ဆင်းတုတော်ကိန်းဝပ် မည့်ကျောင်းဆောင်၊ ဆင်းတုတော် ထုလုပ်မှုကုန်ကျစရိတ်တို့ကိုပါ လွှဲ ပြောင်းလှူဒါန်းခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံသို့ တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်ကို ပထမအကြိမ် အဖြစ်  ၁၉၅၅ ခုနှစ်တွင် ပင့်ဆောင် ခဲ့ပြီး ရှစ်လကြာ အပူဇော်ခံခဲ့ ကြောင်း၊ ဒုတိယအကြိမ်အဖြစ် ၁၉၉၄ ခုနှစ်တွင် ပင့်ဆောင်ခဲ့ပြီး ၄၅ ရက်ကြာအပူဇော်ခံခဲ့ကြောင်း၊ တတိယအကြိမ်အဖြစ် ၁၉၉၆ ခုနှစ် တွင် ပင့်ဆောင်ခဲ့ပြီး ရက်ပေါင်း ၉၀ ကြာအပူဇော်ခံခဲ့ကြောင်းသိရသည်။
ဆက်နိုင် (မြန်မာပို့ စ်ဂလိုဘယ်)
Unknown at 9:20 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.