Friday, February 17, 2012

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်ပြီ

ဒေါ်အောင်ဆန်းစုကြည် ၃ နာရီ ၁၅ မိနစ်တွင် ဖျာပုံ မြို့ ၌ဟောပြောပွဲများ ကျင်းပပြီးစီးခဲ့ပြီး
ညနေ ၃ နာရီ ၃၀ မိနစ် တွင် ရေပေါ်ရှပ်ပြေးယာဉ်ဖြင့် ရန်ကုန် မြို့ သို့ ပြန်လည် ထွက်ခွာ
လာပြီဖြစ်ကြောင်း သိရသည်။
ဖျာပုံမှရန်ကုန်သို့ပြန်လည်ထွက်ခွာလာသည့်ရှပ်ပြေးယာဉ်
Unknown at 4:28 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည် ဖျာပုံ သဲကွင်း၊ လူထုဟောပြောပွဲ (ဓါတ်ပုံ)


ဒေါ်အောင်ဆန်းစုကြည်ကို ဖျာပုံ၊ ဒေးဒရဲ မဲဆန္ဒနယ် လွတ်တော် ကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေနှင့် အတူ တွေ့ရစဉ်


ဓါတ်ပုံ(မက်စင်ဂျာ)
Unknown at 4:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာအစိုးရရဲ့ လျှို့ဝှက် စီမံကိန်း

မန်မာ နိုင်ငံရဲ့ လက်ရှိ အစိုးရနဲ့ အရင်အစိုးရတို့ရဲ့ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ အပေါ်မှာ နိုင်ငံတကာက ဝေဖန်ပြစ်တင် တာတွေ ရပ်တန့်သွားပြီး ခုချိန်မှာ မြန်မာအစိုးရအတွက် နိုင်ငံတကာ မိတ်ဆွေတွေ တိုးပွားနေပါတယ်။ အမေရိကန် အစိုးရနဲ့ ဥရောပ သမဂ္ဂ အတွင်းက ရန်သူဟောင်းတွေကလည်း အခု အခါ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းသူက ရုပ်သိမ်းကြသလို၊ တချို့ကလည်း ရုပ်သိမ်းဖို့ ပြင်နေကြပြီ။ နိုင်ငံပေါင်း စုံ ဖြန့်ကျက် လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေကလည်း အာရှမှာ နောက်ဆုံး ရင်းနှီးမြုပ်နှံရာ မြန်မာစားကျက်မြေကြီးထဲကို ခြေစုံပစ်ဝင်လိုက်ဖို့ ရာ ခြေလှမ်းတပြင်ပြင် ဖြစ်နေပြီ။
သမ္မတ သိန်းစိန်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေဆိုတာနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာကို အနောက်ကမ္ဘာ တခုလုံးက ကန့်ကွက်သူ မရှိသလောက်နီးနီး ချီးမွမ်းသြဘာပေးနေကြတယ်။ ဒါပေမဲ့ တကယ်တန်းဘာတွေ ပြောင်းပါသလဲ။ အဲဒီအပြောင်းအလဲဆိုတဲ့ အပြောတွေရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေသလဲ။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲတွေ အပေါ်မှာ ရက်ရက်စက်စက် နှိမ်နင်းဖြိုခွဲခဲ့တာ တွေ၊ ၂၀၀၈ ခုနှစ် အစောပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ နာဂစ် ဘေးဆိုးကာလကြီးရဲ့ အစပိုင်းမှာ အကြင်နာကင်းမဲ့ ရက်စက်တဲ့ တုန့်ပြန်ပုံတွေ၊ ဒီလူသတ်မုန်တိုင်းကြီး ဖြစ်ပြီးကာစမှာပဲ အခြေခံဥပဒေသစ်နဲ့ ပတ်သက်တဲ့ အတုအယောင် ဆန္ဒခံယူပွဲကြီးကျင်းပခဲ့လို့ အများကဝိုင်းဝန်း ရှုတ်ချ ပြစ်တင်ခံရတာတွေ၊ ၂၀၁၀ နိုဝင်ဘာမှာ လုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြောင်ပြောင်တင်းတင်း မဲခိုး မဲညစ်ပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့တွေက မဲတွေ သိမ်းကြုံးလုယူသွားတာတွေကို မကြာသေးခင်ကာလကလေးမှာပဲ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်းရှုတ်ချအပြစ်တင်ခဲ့ကြပါသေးတယ်။

အခုခေတ်စားနေတဲ့ သီအိုရီ တခုအရ အစိုးရအဖွဲ့အတွင်းမှာ ခေါင်းမာသူတွေနဲ့ ပြုပြင်ပြောင်းလဲလိုသူတွေ အာဏာလွန်ဆွဲနေကြတယ်လို့ ဆိုပါတယ်။ ခုလောလောဆယ်အထိတော့ ပြုပြင်လိုသူတွေက အသာစီးရနေသေးတယ်လို့လည်း ဆိုကြလေရဲ့။ အနောက်နိုင်ငံ တော်တော် များများက ဘာပဲလုပ်လုပ် သူတို့ လုပ်တဲ့ အလုပ်တိုင်းဟာ ပြုပြင်လိုသူတွေကို ထောက်ခံအားပေးရာရောက်ဖို့ နဲ့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်မသွားဖို့ ဆိုတဲ့ အချက် အပေါ်မှာ ပေါ်လစီချ ဆောင်ရွက်နေ ကြတာကလည်း အထင်အရှားပါပဲ။

ဥရောပ သမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ဒီသဘောထားကို လူသိရှင်ကြားထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အီးယူ ဥရောပ သမဂ္ဂ ဥက္ကဌ ဟားမန်း ဗန် ရွန်းပါ က ဘရပ်ဆဲလ် ထိပ်သီး အစည်းအဝေးမှာ ကြေညာ ပြောဆိုခဲ့ရာမှာ “ မြန်မာအစိုးရရဲ့ အရေးပါတဲ့ ပြုပြင်ပြောင်း လဲမှုတွေကို ကြိုဆိုပါတယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်းဆက်သွားမယ်ဆိုတဲ့ သန္နိဌာန်ထားရှိဖို့ကိုလည်း တိုက်တွန်းအားပေးပါတယ်” လို့ ပြောခဲ့ပါတယ်။ အဲသလို သူမပြောခင် တရက်အကြိုမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း လာမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါခွင့်ပေးတာ အပါအဝင် မြန်မာနိုင်ငံရဲ့ လောလောဆယ်လုပ်တဲ့ အပြောင်းအလဲတွေကို “အားပေး” ပါတယ်လို့ ပြောခဲ့ပါတယ်။

တချို့လူတွေကတော့ အစိုးရခေါင်းဆောင်တွေကြားက အကွဲအပြဲဆိုတာတွေဟာ ပြည်တွင်း အတိုက်အခံတွေ ငြိမ်နေအောင်၊ အနောက်နိုင်ငံတွေဆီက အရင် ဝေဖန်သူဟောင်းတွေရဲ့ အသံတွေ တိတ်ပြီး နိုင်ငံခြားမိတ်ဆွေတွေတိုးလာအောင် သူတို့ စစ်ဗိုလ် အချင်းချင်း ကြားမှာ လူဆိုးလူကောင်းအုပ်စုခွဲပြီး ဇာတ်တိုက်ကပြနေကြတာလို့ သံသယဝင်ကြပါတယ်။ တချို့ကတော့လည်း သိန်းစိန် အစိုးရဟာ သူတို့ စစ်အာဏာရှင် အသိုင်းအဝိုင်းအတွင်းမှာတောင် သူ့ခြေလှမ်းကို ကြိုမခန့်မှန်းနိုင်လောက်အောင် ဝှက်ဖဲတွေကို ခုချိန်အထိ ပါးပါးနပ်နပ် ကိုင်တွယ်ပြီး ကစားနေတယ်လို့ မြင်ကြပါတယ်။ မြန်မာ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို ဆယ်စုနှစ်တွေနဲ့ ချီပြီး လေ့လာသူ မြန်မာတယောက်ကတော့ “တကယ်တန်း အာဏာရှိတာက စစ်တပ်ဗျ။ ဒီမိုကရေစီအစိုးရ ကိုယ်စားလှယ်တွေမှာ ဘာအာဏာ မှ ရှိတာမဟုတ်ဘူး” လို့ ပြောပါတယ်။

စနစ်တကျ အကွက်ချထားတဲ့ အစီအမံ

မြန်မာအစိုးရရဲ့ ပေါ်လစီ အပြောင်းအလဲနဲ့ ဘာ့ကြောင့် အနောက်နိုင်ငံတွေက ဒီလောက်ထောက်ခံနေကြ သလဲ ဆိုတာကို နားလည် နိုင်ဖို့ဆိုရင် ၂၀၀၀ ခုလွန်အစောပိုင်းကာလတွေကို ပြန်ပြောင်းကြည့်ရှုဖို့ လိုပါလိမ့်မယ်။ အဲဒီအချိန်တုံးက နိုင်ငံတကာရဲ့ အပြစ်တင်မှု၊ ဖိအားပေးမှုတွေရှိနေပြီး အုပ်စိုးသူ စစ်အစိုးရဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ ချီတက်ရာ လမ်းပြမြေပုံ ခုနစ်ချက်ဆိုတာကို ၂၀၀၃ ခု သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။ အဲဒီ လမ်းပြမြေပုံအရ အခြေခံဥပဒေသစ်ရေးဆွဲ၊ ရွေးကောက်ပွဲကျင်းပ၊ ပြီးရင် လွှတ်တော် ခေါ်ယူပြီး ခေတ်မီဖွံ့ဖြိုးသော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်မယ်လို့ ဆိုပါတယ်။

လမ်းပြမြေပုံကို ပြည်သူသိအောင် ကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ လျှို့ဝှက် မဟာစီမံကိန်းတရပ်ကို တပြိုင်တည်း ရေးဆွဲခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ဘယ်လိုဆက်ဆံမယ်ဆိုတဲ့ နည်းလမ်းတွေနဲ့ အတိုက်အခံကို ဘယ်လိုဟန့်တားမယ်ဆိုတာတွေ ထည့်သွင်းရေးဆွဲထားပါတယ်။ ဒီအက်စ်အေရဲ့ သုတေသန အရာရှိတယောက်ဖြစ်တဲ့ ဗိုလ်မှူးအောင်ကျော်လှ ရေးသားတယ်ဆိုတဲ့ အဲဒီလျှို့ဝျက် စီမံကိန်းကို ၂၀၀၄ ခုနှစ်မှာ ရေးသားပြီးစီးခဲ့ပါတယ်။ ဗိုလ်မှူးအောင်ကျော်လှဆိုတာ ဘယ်သူလဲဆိုတာတော့ သေသေချာချာ မသိရပါဘူး။

မြန်မာဘာသာနဲ့ ရေးတဲ့ အဲဒီစာတမ်းမှာ မဟာစီမံကိန်းရဲ့ နောက်ကွယ်က သေနင်္ဂဗျူဟာကို သုံးသပ်ဖော်ပြထားပါတယ်။ အောင်ကျော်လှဆိုတာဟာ တကယ်ရှိတဲ့လူတယောက်လား၊ နာမည်ဝှက်လားဆိုတာ သေသေချာချာ မသိရပေမဲ့ နာမည်ဝှက်လို့ ယူဆစရာရှိပါတယ်။

စာမျက်နှာ ၃၄၆ မျက်နှာရှိပြီး မြန်မာ အမေရိကန် ဆက်ဆံရေး လေ့လာချက် လို့ နာမည်ပေးထားတဲ့ အဲဒီစာတမ်းမှာ အဓိကဆွေးနွေးထားတာကတော့ မြန်မာရဲ့ တရုတ်နဲ့ သံတမန်ရေးရာ မဟာမိတ်ဖွဲ့ထားတဲ့ အနေအထားနဲ့ စီးပွားရေး မီခိုအားထားနေရတဲ့ အခြေအနေဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို ခြိမ်းခြောက်ခံနေရတဲ့ အရေးပေါ် အခြေအနေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

ဒီစာတမ်းရဲ့ အကြံပြုချက်အရ၊ လမ်းပြမြေပုံခုနစ်ချက်ကို အကောင်အထည်ဖော်၊ အစိုးရတရပ်ကို ရွေးကောက်တင်မြှောက်ခြင်းအားဖြင့် ပြင်ပကမ္ဘာက လက်ခံနိုင်လောက်တဲ့ ပုံစံဖြစ်လာအောင်လုပ်တဲ့နည်းလမ်းကျင့်သုံးပြီး အနောက်အုပ်စုနဲ့ မြန်မာရဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်အောင်လုပ်ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို စစ်အစိုးရပုံစံနဲ့ အုပ်ချုပ်နေသေးသမျှမှာ အနောက်ကမ္ဘာနဲ့ ဆက်ဆံရေး ပုံမှန် မဖြစ်နိုင်ဘူးလို့ သူတို့အတွင်းစည်းမှာတွေးခေါ်ယူဆတာကတော့ ထင်ရှားလှပါတယ်။

ဒါ့အပြင် မဟာစီမံကိန်းစာတမ်းမှာ အောင်ကျော်လှ အကြံပေးထားတာက လူ့အခွင့်အရေး ပြဿနာကို အနောက်နိုင်ငံတွေက စိုးရိမ်ပူပန် တာမှန်ပေမဲ့ အမေရိကန်ဟာ သူတို့ရဲ့ သေနင်္ဂဗျူဟာ အတွက် အရေးပါတဲ့ အကျိုးစီးပွားတွေကြောင့် သူတို့မူကို ပြင်ဖို့ ဆန္ဒရှိလိမ့်မယ်လို့ ဆိုထားပါတယ်။ သေနင်္ဂဗျူဟာကျတဲ့ အကျိုးစီးပွားဆိုတာ ဘာတွေလဲဆိုတဲ့ အချက်ကိုတော့ အတိအကျ ပြောပြ မထားပါဘူး။ ဒါပေမဲ့ သူတွေးခေါ်ပုံဟာ အမေရိကန် တရုတ်အားပြိုင်မှုကို အခြေခံပြီး အမေရိကန်နဲ့ ဘုံအကျိုးတူ အခြေခံကိုရှာဖွေတွေ့ရှိနိုင်မယ်လို့ တွေးတာ ထင်ရှားပါတယ်။ အမေရိကန်ဟာ သေနင်္ဂဗျူဟာအရ အရေးပါတဲ့ အကျိုးစီးပွားတွေနဲ့ သက်ဆိုင်လာရင် ဒီမိုကရေစီနဲ့ ဆန့်ကျင်နေသော် ငြားလည်း သူ့မူဝါဒကို ပြုပြင် အလျော့ပေးတတ်ကြောင်းကို အောင်ကျော်လှက ဗီယက်နမ်နဲ့ အာဏာရှင်ဆူဟာတို လက်ထက် အင်ဒိုနီးရှား ဥပမာတွေနဲ့ ထောက်ပြပြောဆိုပါတယ်။

တကယ်လို့ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင်လုပ်နိုင်ရင် မြန်မာအနေနဲ့ သေလုမျောပါး လိုအပ်နေတဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ၊ နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီက ငွေကြေးအကူအညီကို ရနိုင်မယ်လို့ အဲဒီ မဟာစီမံကိန်းကဖော်ပြပါတယ်။ ဒါဆိုရင် မြန်မာဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ စေတနာနဲ့ ကုန်သွယ်ရေး အပေါ်မှာ မီခိုနေ ရတဲ့ ဒေသတွင်းနိုင်ငံတနိုင်ငံအဆင့်ကနေ ကျော်လွန်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲကို ဝင်ရောက်နိုင်လိမ့်မယ်လို့ အကြံပြုထားပါတယ်။

မြန်မာဟာ အနောက်နိုင်ငံတွေရဲ့ ယုံကြည်မှုရအောင် တရုတ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆက်ဆံရေးကို မလျော့ချခင်မှာ ပေါ်ပေါက်လာနိုင်တဲ့ ပြဿနာတွေကိုလည်း မဟာစီမံကိန်းမှာ ပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။ အဲဒီစီမံကိန်းကို ရေးဆွဲနေစဉ်ကာလဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ကာလဖြစ်ပြီး အဲဒီစာတမ်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သော့ချက်ဖြစ်တယ်လို့ ရေးထား ပါတယ်။ သူ့ကို ဖမ်းထားတဲ့ အချိန်တွေမှာ နိုင်ငံရေးဖိအားတွေ ပိုမိုလာပြီး သူ့ကို လွှတ်ပေးထားရင် ဖိအားတွေလျော့သွားတယ်လို့လည်း သုံးသပ်ထားပါတယ်။ စုကြည်ကို လွှတ်ပေးခြင်းဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးတက်စေလိမ့်မယ်လို့ အစီရင်ခံစာမှာ ရေးထား သလို သူ့ရဲ့ အဆုံးစွန်ရည်မှန်းချက်အဖြစ် ရှင်းရှင်းလင်းလင်းရေးသားထားတာကတော့ အတိုက်အခံအင်အားစုကို ဖြိုခွဲရေးပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ရေး ကို ဆန့်ကျင်တဲ့ အနောက်တိုင်း ပညာရှင်တွေကိုလည်း နာမည်နဲ့ တကွဖော်ပြပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အကြံပြုချက်ကတော့ သြဇာရှိတဲ့ အမေရိကန် ကွန်ဂရက်စ် အမတ်တွေရဲ့ နောက်ခံ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ခင်မင်ရင်းနှီးသော အိန္ဒိယ သံတမန်များကအကူအညီ ပေးပါလိမ့်မယ်လို့ ဆိုထားတဲ့ အချက် ဖြစ်ပါတယ်။

စာတမ်းမှာ အဆုံးသတ်ကောက်ချက်ချထားတာကတော့ အစိုးရဟာ မီဒီယာတွေနဲ့ ပြည်ပရောက် အတိုက်အခံတွေ ဖွဲ့ထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ယှဉ်နိုင်မှာ မဟုတ်ပေမဲ့ အမေရိကန် နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်အမတ်တွေကို မြန်မာနိုင်ငံလာဖို့ ဖိတ်ကြားလိုက်ရင် နိုင်ငံတကာရဲ့ အမြင်ကို အစိုးရဘက်ပါလာအောင် တဖြည်းဖြည်း ပြောင်းလဲနိုင်ပါလိမ့်မယ်လို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ အမေရိကန် အများအပြားဟာ မြန်မာနိုင်ငံထဲကို ရောက်လာကြပြီး ပြန်သွားတဲ့ အခါ အရင်က ထက်ဝေဖန်တဲ့ အသံတွေ တဖြည်းဖြည်းပျော့လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ အမေရိကန်နဲ့ ထိတွေ့ဆက် ဆံရေးမှာ အပေးအယူအပြန်အလှန်ဆိုတဲ့ အခြေအနေမဟုတ်ဘဲ အသာစီးရတဲ့ အခြေအနေဖြစ်အောင် အောင်အောင်မြင်မြင် လုပ်ဆောင် နိုင်ခဲ့ပါတယ်။

တရုတ်ကြောက်ရောဂါ

အောင်ကျော်လှရဲ့ ဒီစာတမ်းဟာ တရုတ်နဲ့ နီးနီးစပ်စပ် ဆက်ဆံနေရတဲ့ အပေါ် စစ်အစိုးရရဲ့ မနှစ်သက်မှုကို ပထမဆုံး ရှင်းရှင်းလင်းလင်း ဖော်ပြတဲ့ လက္ခဏာရပ်ဖြစ်ပါတယ်။ တရုတ်နဲ့ နီးစပ်လာတာဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုတဲ့ လူထု လှုပ်ရှားမှုကြီး ကို သတ်ဖြတ်နှိမ်နင်းမှုနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြောင့် အနောက်နိုင်ငံတွေက မြန်မာနဲ့ ဆက်ဆံရေးကို လျော့ချလိုက်တာ ကလည်း အကြောင်းတကြောင်းအနေနဲ့ တစိတ်တဒေသအားဖြင့် ပါဝင်ပါတယ်။ တရုတ်နဲ့ ဆက်ဆံရေး ပိုပြီး ဆိုးလာတာကိုတော့ ၂၀၁၀ ခုနှစ်အတွင်း စစ်တပ်အတွင်းမှာပဲ ဖြန့်ဝေ ဖတ်ရှုတဲ့ အစီရင်ခံစာတွေကို ဖတ်ကြည့်ရင် ပိုပေါ်လွင်လာပါတယ်။

အဲဒီကာလအထိ တရုတ်ကို အားကိုးထိုက်တဲ့ မိတ်ဆွေလို့ ချီးမွမ်းပြောဆိုမှုတွေ ဆက်ရှိနေသေးပေမဲ့ သစ်တော သယံဇာတတွေကို မတော်မတရား ရယူမှု၊ မူးယစ်မှောင်ခိုကုန်သွယ်ရေးကို ဆိုးဝါးစေမှု အပါအဝင် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဆိုးဆိုးဝါးဝါး ကိစ္စအများစုမှာ တရုတ်ဟာ ဇစ်မြစ် အကြောင်းတရားဖြစ်သလားဆိုတာကို တဖြည်းဖြည်း သုံးသပ်စပြုလာတယ်။ မြန်မာနိုင်ငံမှာ အဓိက မူးယစ်ဆေးဝါး ကုန်သွယ်ရေး လုပ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ တရုပ်ကြား ရင်းရင်းနှီးနှီး ဆက်သွယ်ပတ်သက်နေတာကိုလည်း နေပြည်တော်အစိုးရ အာဏာပိုင်တွေ အနေနဲ့ သတိမပြုမိစရာ အကြောင်းမရှိဘူး။ အဲဒီ့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဆောင်ရွက်နေတဲ့ ဒေါ်လာ သန်း ၃၆၀၀ တန် တရုတ်ဖက်စပ် မြစ်ဆုံ စီမံကိန်းကို သိန်းစိန်အစိုးရက ဆိုင်းငံ့လိုက်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာပါတော့တယ်။

အမေရိကန် ပြည်ထောင်စုဘက်က ကြည့်တော့လည်း နေပြည်တော်အစိုးရက အမေရိကန်ပြည်ထောင်စုနဲ့ ထိတွေ့ ပူးပေါင်းလိုကြောင်း ပြသတဲ့ အချိန်မှာ မြန်မာကို တရုတ်နဲ့ ခွဲခွာအောင် အားပေးအားမြှောက်ပြုလုပ်ပေးရေးဟာ အဓိကဦးစားပေး ဖြစ်လာတယ်။ ဒါ့အပြင် သူတို့ အတွက် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ မြောက်ကိုရီးယားနဲ့ မြန်မာအကြား စစ်ရေး ဆက်စပ်မှုကို ပျက်ပြယ်အောင်လုပ်ဖို့လည်း အမေရိကန်အစိုးရ အနေနဲ့ စိတ်အားထက်သန်တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို လာတော့ အမေရိကန်ရဲ့ အဓိက လုပ်ငန်းစဉ်တွေထဲမှာ မြောက်ကိုရီးယားအရေးဟာ ထိပ်ပိုင်းကပါလာတာဟာ ဘာမှ အံ့သြစရာမရှိဘူး။

ပြုပြင်ပြောင်းလဲရေး လိုလားပါတယ်ဆိုတဲ့ သိန်းစိန် သမ္မတဖြစ်လာပြီးနောက်၊ အစိုးရ အရာရှိတွေက သူတို့နဲ့ မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူးလို့ ကြေညာပြီးနောက်၊ ၂၀၁၁ ခုနှစ် မေလ၊ ဇွန်လတွေမှာတောင် မြောက်ကိုရီးယားက နေ မြန်မာနိုင်ငံကို သင်္ဘောနဲ့ လက်နက်တင်ပို့ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့ပါတယ်။

မေလ ၂၆ ရက်မှာ မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားက မစ်ဇိုင်းလက်နက် အစိတ်အပိုင်းတွေနဲ့ စစ်လက်နက်တွေ သယ်ဆောင်လာ တယ်လို့ သံသယရှိဖွယ်ဖြစ်တဲ့ M/V Light မြောက်ကိုရီးယား ကုန်တင်သင်္ဘောကို အမေရိကန် ရေတပ်ပိုင် USS McCampbell လေယာဉ်တင် သင်္ဘောက တွေ့ခဲ့တယ်။ အမေရိကန် သင်္ဘောက မြောက်ကိုရီးယာ သင်္ဘောဆီချဉ်းကပ်ပြီး သင်္ဘောပေါ်တက်ရောက် စစ်ဆေးခွင့်တောင်းပေမဲ့ မြောက်ကိုရီးယားဘက်က ငြင်းခဲ့တယ်။ နောက်ထပ် ရက် အနည်းအငယ်အကြာ စင်္ကာပူနိုင်ငံအနီး ရှန်ဟိုင်းတောင်ဘက် ပင်လယ်ပြင် ထဲမှာတော့ နှစ်ဘက် ရင်ဆိုင် အချင်းများခဲ့ကြတယ်။ နောက်ဆုံးမှာတော့ အမေရိကန် ကင်းထောက်လေယာဉ်တွေနဲ့ ဆက်သွယ်ရေး ဂြိုဟ်တုက လမ်းတလျောက် တောက်လျောက် စောင့်ကြပ်လိုက်ပါလာတဲ့ အတွက် မြောက်ကိုရီးယား သင်္ဘော မြောက်ကိုရီးယားကို ပြန်လှည့်သွားခဲ့တယ်။

အဲဒီအဖြစ်အပျက်နောက်ပိုင်း နေပြည်တော် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီကနေ ငွေကြေးအကူအညီ ရယူနိုင်အောင် အမေရိကန်ဘက်က ပိတ်ဆို့ အရေးယူမှုတချို့ကို လျော့ပေါ့ပေးဖို့ မက်လုံးပေးခဲ့ပြီး မြောက်ကိုရီးယား လက်နက်သင်္ဘော မြန်မာနိုင်ငံကိုလာရောက်ဖို့ နောက်ထပ်ကြိုးစားတာမျိုးလည်း မကြားရတော့ပါဘူး။ မြန်မာအစိုးရအနေနဲ့ တရုတ်ကနေခွဲခွာချင်တဲ့ ဆန္ဒကို အမေရိကန်က ကောင်းကောင်း အမြတ်ထုတ် အသုံးချခဲ့တယ်ဆိုတာ သံသယ ဝင်စရာမရှိပါဘူး။ “အမေရိကန်ပြည်ထောင်စုဘက်က ကြိုးစား ဆောင်ရွက်နေတာကတော့ မြန်မာနိုင်ငံကို လစ်ဘရယ်အသွင်ပြောင်းချင်တဲ့ အင်အားစုတွေကို ထောက်ခံအားပေးကြောင်း ပြသဖို့ပါပဲ” လို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှာ အခုအခါ အလုပ်လုပ်နေတဲ့ အမေရိကန် သံတမန်ဟောင်း ရောဘတ် ဖစ် ကပြောပါတယ်။

မကြာခင်မှာ မြန်မာနဲ့ သံတမန်ဆက်သွယ်ရေး မြှင့်တင်တဲ့ အနေနဲ့ အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံကို သံအမတ်ခန့်အပ် ပါတော့မယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်ထုတ် အမေရိကန် နယူးယောက်တိုင်း သတင်းစာမှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ စီအိုင်အေရဲ့ ညွှန်ကြားရေးမှူး ဒေးဗစ် ပက်ထရီးရပ်စ် ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို သွားမယ်လို့ အမေရိကန် အစိုးရ အရာရှိတွေကို ကိုးကားပြီး ရေးသားခဲ့ ပါတယ်။ စီအိုင်အေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လစ်ဘရယ်တန်ဖိုးတွေကို မြှင့်တင်ပေးသူ ထောက်ခံအားပေးသူ အနေနဲ့ လူသိများတဲ့ အဖွဲ့အစည်းမျိုး လုံးဝ မဟုတ်ပါဘူး။ စီအိုင်အေရဲ့ ဦးစားပေးလုပ်ငန်းဟာ အမေရိကန်အတွက် မြန်မာရဲ့ သေနင်္ဂဗျူဟာ အရ အရေးပါတဲ့ ကိစ္စလိုဟာမျိုးကို ဆောင်ရွက်ဖို့ပါ။

ဒီနေရာမှာ အန္တရာယ်ရှိလာနိုင်တဲ့ အချက်ကို လွန်ခဲ့တဲ့ (၇) နှစ်ကတည်းက အောင်ကျော်လှက ရေးခဲ့ပါတယ်။ မြန်မာဟာ အမေရိကန်နဲ့ အပြန်အလှန်ဆက်ဆံရေး တိုးမြှင့်လာရင် တရုတ်ဟာ မြန်မာရဲ့ သွေးစည်းခိုင်မာမှုနဲ့ လွတ်လပ်ရေးကို တနည်းနည်းနဲ့ ခြိမ်းခြောက်လာ နိုင်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့် အားမျှအောင်ချင့်ချိန်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ အောင်ကျော်လှက ပြောပါတယ်။ ဒါပေမဲ့ ဘယ်လို အားမျှအောင်လုပ်မလဲဆိုတာကိုတော့ သူ့ရဲ့ မဟာစီမံကိန်းမှာ ထည့်သွင်းရေးသားမထားပါဘူး။

ကောင်းကောင်းပြင်ဆင်ထားတဲ့ လမ်းကြောင်း

မြန်မာရဲ့ ပေါ်လစီသစ်တွေဟာ ရေရှည် အလုပ်ဖြစ်ပါ့မလားဆိုတာတော့ သံသယဝင်စရာ အကြောင်းတွေရှိပါတယ်။ မြန်မာနိုင်ငံက စစ်အစိုးရဝင်စားတဲ့ အရပ်သားအစိုးရထဲမှာ လူကောင်း၊ လူဆိုး အုပ်စုကွဲပြားနေတယ်ဆိုတဲ့ ဝတ်စုံပြည့် ကပြနေတဲ့ဇာတ်လမ်းကို နိုင်ငံ တကာက ယုံကြည်ပုံရပေမဲ့ ပြည်တွင်းပြည်ပက အဓိက အတိုက်အခံအင်အားစုတွေကတော့ ဒီလောက် အညှာလွယ်လွယ်နဲ့ ယုံကြည် ကြပုံမရပါဘူး။

မြန်မာနိုင်ငံမှာ လောလောဆယ် အရပ်သား အသွင်ပြောင်းထားတဲ့ လူကောင်းတွေထဲက တယောက်ပါဆိုတဲ့ မီးရထားဝန်ကြီး ဗိုလ်ချုပ်ဟောင်း အောင်မင်းဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား ခေါက်တုံ့ ခေါက်ပြန်သွားပြီး ထင်ရှားတဲ့ အဝေးရောက် အတိုက်အခံတွေနဲ့ တွေ့ဆုံနေပါတယ်။ သူနဲ့ လတ်တလော တွေ့ဆုံကြရသူတွေကတော့ သူ့ရဲ့ ရည်ရွယ်ချက်တွေ စစ်အစိုးရ တင်းမာအုပ်စုလူဆိုးတွေဆီက ပြောကြတယ်လို့ သူဆိုတဲ့ ညှိနှိုင်းလိုစိတ်မရှိတဲ့ လက္ခဏာတွေဆိုတာ နဲ့ ပတ်သက်ပြီး သံသယ ကြီးကြီးဝင်နေကြပါတယ်။

အောင်မင်းဟာ ၁၉၈၃ ခုနှစ်တုန်းက ရာထူးဖြုတ်ချခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေး မျက်မှန်တင်ဦးရဲ့ တပည့်ဆိုတာကို သူတို့ သတိပြုမိကြ ပါတယ်။ မျက်မှန်တင်ဦးကို အကျင့်ပျက်ခြစားမှုတွေ အကြောင်းပြပြီး ရာထူးက ဖယ်ရှားခဲ့ပေမယ့် သူဟာ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ ခေါင်းဆောင်မှုကို ခြိမ်းခြောက်တဲ့ စင်ပြိုင်ထောင်တဲ့ လုပ်ရပ်တွေကြောင့်သာ ဖယ်ရှားခံခဲ့ရတာက ပိုဖြစ်ဖို့ များပါတယ်။

၁၉၈၃ ခုနှစ်တုန်းက Far Eastern Economic Review မှာ အင်္ဂလိပ်သတင်းစာဆရာ ရော့ဒ်နီ တပ်စကာ က တင်ဦးနဲ့ သူ့ထောက်လှမ်းရေးတွေ အကြောင်းကို အခုလို ရေးသားခဲ့ဖူးပါတယ်။ “သူတို့ဟာ တခြား အမြင်ကျဉ်းတဲ့၊ တရားသေဆန်တဲ့ မြန်မာခေါင်းဆောင်တွေထက် နိုင်ငံတကာ အကြောင်းပိုသိသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိ စစ်အစိုးရရဲ့ တင်းကြပ်တဲ့ ကန့်သတ်ချက်တွေအောက်မှာ ရှိနေပုံရပေမဲ့ သူတို့ကို နိုင်ငံခြား သွားခွင့်ပေးထားတယ်။ နိုင်ငံခြား သားတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောခွင့်ပေးထားတယ်” လို့ ဆိုပါတယ်။

ဒါပေမဲ့ သူတို့ဟာလည်း သူတို့ရဲ့ ရန်သူတွေ၊ ပြိုင်ဘက်တွေ အပေါ်မှာ အင်မတန်အညှာတာကင်းရက်စက် ပြီး အလွန်ပါးနပ်လိမ္မာသူတွေ အဖြစ် လူသိများပါတယ်။ မျက်မှန်တင်ဦးကိုယ်တိုင်ဟာ စပိန်နိုင်ငံ ပစိဖိတ်ကျွန်းစုတွေထဲက ကျွန်းတကျွန်းမှာ အမေရိကန် စီအိုင်အေ သင်တန်းကို တက်ရောက်ခဲ့သူ တယောက်ဖြစ်ပါတယ်။ အောင်မင်းဟာ ၁၉၈၃ ရှင်းလင်းပွဲမှာ တနည်းတဖုံကျန်ရစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ မြန်မာ စစ်ထောက်လှမ်းရေး ၂၁ တပ်ဖွဲ့ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ အမှတ် ၆၆ ခြေမြန်တပ်ရင်းကိုရောက်ခဲ့ပြီး၊ ၂၀၀၁ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ တောင်ပိုင်းတိုင်းမှူးအဖြစ်ရာထူးတိုးမြှင့်ခံရပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ အရင် ဗိုလ်ချုပ်သန်းရွှေစစ်အစိုးရ လက်ထက်မှာ မီးရထားဝန်ကြီးဖြစ်လာပါတယ်။

ဒီနေ့ အဖြစ်အပျက်တွေကို ဆက်စပ်ကြည့်ရင် မဟာစီမံကိန်းမှာ ရေးသားထားတဲ့ စစ်အာဏာ သက်ဆိုးရှည်ရေး အစီအစဉ်မှာ ကာလရှည်ကြာ ပြဿနာဖြစ်ခဲ့တဲ့ တိုင်းရင်းသားအရေးဟာ အဓိက ပြဿနာ ဖြစ်ပါလိမ့်မယ်။ စစ်အစိုးရ လက်ရှိ အာဏာလွန်ဆွဲပွဲ ဇာတ်လမ်းမှာ လူဆိုးအုပ်စုထဲကတယောက်ဆိုသူ ကတော့ နောက်ထပ် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးသူတယောက်ဖြစ်တဲ့ အောင်သောင်း ပါ။ ဒီနှစ်ထဲမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ရွှေလီမြို့မှာ ကချင်သူပုန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သူပါ။ သူဟာ အရင် စက်မှုဝန်ကြီးဟောင်းဖြစ်ပြီး၊ ၂၀၀၃ ခုနှစ်မှာ စုကြည်နဲ့ အပေါင်းအပါတွေကို အုပ်စုဖွဲ့တိုက်ခိုက်ခဲ့လို့ စုကြည်ထောက်ခံသူ အများအပြား သေဆုံးဒဏ်ရာရခဲ့ကြတဲ့ ဒီပဲယင်း အရေးအခင်းကို နောက်ကွယ်က စီစဉ်ခဲ့သူတွေထဲက တယောက်လို့ ထင်မြင်ယူဆခံရသူဖြစ်ပါတယ်။ လူကောင်းအောင်မင်းဟာ ရွှေလီဆွေးနွေးပွဲကို မတက်ခဲ့ပါဘူး။ ဒါပေမဲ့ သုံးသပ်သူတချို့ကတော့ နောက်ပိုင်းမှာ ဆွေးနွေးပွဲ ပျက်ပြားမယ့် အခြေအနေရောက်လာရင် အပျော့လိုင်းချဉ်းကပ်ပုံစံနဲ့ အောင်မင်းက ဝင်ရောက်ကယ်တင်လိမ့်မယ်လို့ ထင်မြင်နေကြပါတယ်။

အခုလို လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်တွေက အသေအချာပြင်ဆင်ထားတဲ့ ဆွေးနွေးရေး နည်းလမ်းတွေနဲ့ဆောင်ရွက်နေတာတွေကို ပုန်ကန်သူ တိုင်းရင်းသားတွေဘက်က လက်ခံလက်မခံဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ ဖက်ဒရယ်မူကို အစိုးရဘက်က ထည့်တောင် မစဉ်းစားဘဲ တောက်လျောက်တသမတ်တည်း ငြင်းဆန်နေတဲ့ အချက်ဟာလည်း လက်နက်ကိုင် အဖွဲ့တွေနဲ့ သဘောတူညီ ချက်ကို တာရှည်တည်တန့်ဖို့ မဖြစ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာလည်း စစ်တပ်ကို အဓိကထားပြီး ဗဟိုကချုပ်ကိုင်တဲ့ အစိုးရပုံသဏ္ဍန်ကို အခြေခံရေးသားထားပါတယ်။

ဒါ့ကြောင့် လတ်တလော ပြောနေကြတဲ့ “ပြုပြင်ပြောင်းလဲရေး” ဆိုတာနဲ့ ပတ်သက်ပြီး အပျော်လွန်နေတဲ့ကာလဟာ သိပ်ရှည်ကြာမယ်မထင်ပါဘူး။ စစ်တပ်ကို လွှတ်တော်ထဲမှာ တရားမဝင် ဗီတိုအာဏာတွေ အလွန်အကျွံပေးထားတဲ့ လက်ရှိ အခြေခံဥပဒေကို ဖျက်ရင်ဖျက်၊ ဒါမှမဟုတ် အများအပြားကို ပြင်ရင်ပြင်၊ အဲသလိုမှ မဟုတ်ရင် တိုင်းရင်းသားပြဿနာဟာ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ တရုတ်တို့ ယှဉ်ပြိုင်ကြရာ နယ်မြေတခုသာဖြစ်လာခဲ့ရင်တော့ မြန်မာနိုင်ငံဟာ ရှေ့လျှောက်သေချာပေါက် ပိုပြီး ဒုက္ခရောက်မှာပါ။ မဟာစီမံကိန်းမှာ အောင်ကျော်လှသတိပေးခဲ့တဲ့ တရုတ် အမေရိကန် ပြဿနာဟာ အခုလက်တွေ့ ပေါ်ပေါက်နေပါပြီ။


ဘာတေးလ် လစ်တနာ
အေးရှတိုင်းမှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကဖော်ပြခဲ့တဲ့ဆောင်းပါးကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။
မူရင်းဆောင်းပါးကို ဖတ်ရှုရန်။ http://www.atimes.com/atimes/Southeast_Asia/NB10Ae01.html
Unknown at 3:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံ့ဝန်ထမ်းများ၏ လစာများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှသာ တိုးမြှင့်ပေးရန် ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြ

နိုင်ငံတော်အစိုးရက အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲရာတွင် လုပ်ငန်းလမ်းညွှန်အဖြစ် သတ်မှတ် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်မှ တိုက်တွန်းကြောင်း အဆိုတွင် ပါရှိသော နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့်ဘတ်ဂျက်နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေးကိစ္စနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြရာတွင်- ပြည်ထောင်စုလွှတ်တော်မှ ပေးပို့သည့် ဆုံးဖြတ်ချက်မှာပါဝင်တဲ့ “နိုင်ငံသားများ ၀န်ထမ်းများ၏ လုပ်ခ၊ လစာနှင့် ချီးမြှင့်ငွေများကို လာမည့်ဘဏ္ဍာရေးနှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေး” အဆိုမှာ ပြည်ထောင်စုအစိုးရမှ အကောင်အထည်ဖော်ဖို့ စဉ်းစားနေတဲ့ကိစ္စ ဖြစ်သလို နိုင်ငံ့ဝန်ထမ်းများအတွက်လည်း ဆောင်ရွက်ပေးသင့်တဲ့ ကိစ္စဖြစ်လို့ ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံတော်အနေနဲ့ ပုဂ္ဂလိကပိုင် အခန်းကဏ္ဍရဲ့ ပါဝင်မှုအချိုးကို တိုးတက်အောင် ဆောင်ရွက်သွားဖို့ ရည်မှန်းထားတဲ့အတွက် နိုင်ငံ့ဝန်ထမ်းများရဲ့ လစာ၊ လုပ်ခတိုးမြှင့်မှုဟာ ပုဂ္ဂလိကကဏ္ဍမှာရှိတဲ့ အလုပ်သမားများအပေါ်လည်း အကျိုးသက်ရောက်မှု ရှိနိုင်တာကြောင့် ပုဂ္ဂလိကကဏ္ဍမှာရှိတဲ့ လုပ်ခ၊ လစာ အခြေအနေအပြင် ပြည်သူလူထုတစ်ဦးချင်းရဲ့ ပျမ်းမျှဝင်ငွေဟာ ဖြစ်ပေါ်လာမယ့် အခြေအနေနဲ့ လိုက်လျောညီထွေ ရှိရန်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းလစာများကို တိုးမြှင့်ဆောင်ရွက်မပေးနိုင်ခင် လွှတ်တော်ကိုယ်စားလှယ်ကြီးများ တိုက်တွန်းတောင်းဆိုထားတဲ့ ဝေးလံခေါင်သီဒေသမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တိုင်းရင်းသား လုပ်သားပြည်သူများကို အလုပ်အကျွေး ပြုနေကြတဲ့ ၀န်ထမ်းများရဲ့ ဒေသစရိတ်နှုန်းထားတွေကို ဦးစွာ တိုးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ၀န်ထမ်းလစာ တိုးပေးရေးကိစ္စ ဆောင်ရွက်ရာမှာလည်း နိုင်ငံတော်ရဲ့ စီမံခန့်ခွဲမှုစနစ် အကောင်းဆုံး အနေအထားကို ရောက်ရှိစေဖို့ အဓိကလိုအပ်ပါတယ်။ အဲဒီလို ရောက်ရှိနိုင်ရန်မှာ နိုင်ငံတကာမှ ဆောင်ရွက်တဲ့ နည်းလမ်းများကို စံနမူနာထားပြီး ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များနှင့် အစိုးရဌာနမှ ပညာရှင်များ ပါဝင်တဲ့အဖွဲ့ကို ဖွဲ့စည်းရမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့အနေနဲ့ အမျိုးသားစီမံကိန်း ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်မှုကို အခြေခံပြီး နိုင်ငံ့ဝန်ထမ်းများရဲ့ လစာတိုးမြှင့်ရေး အစီရင်ခံစာများအပေါ် သုံးသပ်ပြီးတော့ နိုင်ငံ့ဝန်ထမ်းများရဲ့ လုပ်ခ၊ လစာနှင့် ချီးမြှင့်ငွေများ တိုးမြှင့်ပေးရေးကို ဆောင်ရွက်ပေးသွားရမှာဖြစ်ပါတယ်။ လက်တလောဆောင်ရွက်မှုကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်မယ်ဆိုရင် ပိုမိုကုန်ကျလာမယ့် လစာနှင့် အခြားအသုံးစရိတ်တွေ များပြားလာမှာဖြစ်လို့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်မှာ အခက်အခဲ တွေ့လာနိုင်မှာ ဖြစ်ပါတယ်။ သို့ပါ၍ နိုင်ငံ့ဝန်ထမ်းများရဲ့လစာ၊ လုပ်ခများ တိုးမြှင့်ပေးနိုင်ဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများ ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှသာ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာ၊ လုပ်ခများ တိုးမြှင့်ရေးကို ဆောင်ရွက်သင့်ပါကြောင်းနှင့် ဝေးလံခေါင်သီဒေသများမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းများကို ငဲ့ညှာထောက်ထားသောအားဖြင့် ၄င်းတို့ရဲ့ ဒေသစရိတ်နှုန်းထားများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စတင်တိုးမြှင့်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုလွှတ်တော်သို့ လေးစားစွာ တင်ပြအပ်ပါကြောင်းဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 3:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှဟောပြော တင်ပြခွင့်


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့် ကြေညာချက်အမှတ် (၁၂/၂၀၁၂) ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ကြေညာချက်တွင် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့် မဲဆန္ဒနယ် (၄၈) နယ်၌ ကြားဖြတ်ရွေးကောက်ပွဲများကို ၁.၄.၂၀၁၂ ရက် (တနင်္ဂနွေ)နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် (၆၁/၂၀၁၁) ဖြင့် ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါသည်။ လစ်လပ်မဲဆန္ဒနယ် အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းသွင်းထားသည့် နိုင်ငံရေးပါတီ (၁၇) ပါတီအား ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးမဲဆွယ်ရန် မိမိတို့ပါတီ၏ မူဝါဒသဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခွင့်ပြုမည် ဖြစ်ပါသည်။ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများသည် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြလိုလျှင် သက်ဆိုင်ရာ ပါတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက မိမိတို့ပါတီအတွက် အချိန်ဇယားဖြင့် သတ်မှတ်ပေးသည့်ရက်မတိုင်မီ အနည်းဆုံး (၇) ရက် ကြိုတင်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ဟောပြောတင်ပြလိုသည့် စာမူနှင့်အတူ ခွင့်ပြုမိန့် လျှောက်ထားရမည်။ (ခွင့်ပြုမိန့်လျှောက်ထားသည့် စာမူသည် (A4) အရွယ်အစားစက္ကူ (၇) မျက်နှာထက်မပိုစေရပါ။) ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်မှ ဟောပြောခွင့်ပြုရန် လျှောက်ထားကြသည့် နိုင်ငံရေးပါတီများအား အဆင်ပြေစွာ အလှည့်ကျ ဟောပြောတင်ပြနိုင်စေရန်အတွက် နိုင်ငံရေးပါတီတစ်ခုချင်းအလိုက် ဟောပြောတင်ပြခွင့် ရရှိသည့် နေ့ရက်နှင့် အချိန်ဇယားကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းသတ်မှတ်ပေးပါမည်။ နိုင်ငံရေးပါတီများသည် ကြေညာချက်ပါ တားမြစ်ချက်တစ်ရပ်ကိုဖြစ်စေ၊ ခွင့်ပြုမိန့်ပါ သတ်မှတ်ချက် သို့မဟုတ် စည်းကမ်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည့်အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရလည်း အရေးယူခြင်း ခံရမည်ဖြစ်သည်။ သို့ဖြစ်၍ ၁.၄.၂၀၁၂ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများသည် စည်းရုံးမဲဆွယ်ရန် ကိစ္စအလို့ငှာ မိမိတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြမှုများ ပြုလုပ်ကြရာတွင် ဤကြေညာချက်နှင့်အညီ ဆောင်ရွက်ကြရန် ဖြစ်ပါသည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 3:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အဲကမ္ဘောဇ လေယာဉ် ပြေးလမ်းချော်ပြီး တောင်ပံကျိုး

Breaking News: Air Kanbawza flight derailed in Than Dwe airport
: February 17, 11:29 am
ကြားဖြတ်သတင်း၊ အဲကမ္ဘောဇ လေယာဉ် ပြေးလမ်းချော်ပြီး တောင်ပံကျိုး (YPI news)
ဖေဖေါ်ဝါရီ ၁၇၊ နံနက်၁၁နာရီ ခွဲ

ယနေ့နံနက်ပိုင်းက သံတွဲ (မဇင်)လေဆိပ်တွင် အဲကမ္ဘောဇ လေကြောင်းလိုင်းပိုင် လေယာဉ်ပြေးလမ်းချော်ကာ လေယာဉ်တောင်ပံ တဖက်ကျိုးသွားသည်ဟု သံတွဲမြို့မှ သတင်းပေးပို့သည်။ ထပ်မံသိရှိရသမျှ ဖေါ်ပြပေးသွားပါမည်။(YPI news)
 
Unknown at 1:12 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

နှစ်သိန်းတန် GSM ဖုန်းများ မတ်လပထမပတ်အတွင်း အတိအကျ ချထားပေးမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်တွင်းကုမ္ပဏီ (၂၃)ခုမှ ပူးပေါင်း၍ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း သန်း ၄၀ စီမံကိန်းမှ ပထမအရစ်ဖုန်းအလုံးပါ တစ်သန်းခွဲကို မတ်လ ပထမပတ်အတွင်း ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ “မတ်လအတွင်းတော့ ဖြစ်အောင်ချထားပေးမှာပါ။ တန်ဖိုးကတော့ ကျပ်နှစ်သိန်းဖြစ်မှာပါ။ ရန်ကုန်မြို့အတွက် ဖုန်းအလုံးပါ တစ်သိန်းခွဲ သတ်မှတ်ထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအတွက် တစ်သန်းခွဲလောက် သတ်မှတ်ထားပါတယ်ခင်ဗျာ” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်များအရ သိရသည်။ “တန်ဖိုးနည်း ဖုန်းတွေက နောက်လပထမပတ်အတွင်းမှာ ထွက်မယ်လို့ ကြားထားပါတယ်။ ရက်အတိအကျတော့ ကျွန်တော်တို့ဆိုင်တွေကို ဘာသတင်းမှ ရောက်မလာသေးဘူး။ တန်ဖိုးဘာညာကိုလည်း အတိအကျ မသိရသေးပါဘူး။ အကယ်၍ တန်ဖိုးနည်းဖုန်းထွက်လာရင် ကျွန်တော်တို့ဆိုင်တွေက အရစ်ကျရောင်းပေးမယ့် အစီအစဉ်ကို စီစဉ်ထားပါတယ်။ ဒီတစ်ခေါက်တော့ဘဏ်နဲ့ မချိတ်တော့ဘူး။ အရစ်ကျ ဝယ်ချင်တဲ့သူတွေကို ဆိုင်ကပဲ စီစဉ်ပေးမှာပါ” ဟု ရွှေဂုံတိုင် Mr.Fone ဆိုင်မှ မန်နေဂျာကိုမင်းမင်းက ပြောကြားခဲ့သည်။ “မတ် ၂၇ ရက်လို့ ကြားတယ်။ ဖုန်းတန်ဖိုးကတော့ အမျိုးမျိုးကြားနေတာပဲ။ ငါးထောင်တန်ဖုန်းမရတော့ အခုလာမယ့် တန်ဖိုးနည်းဂျီဖုန်းပဲ စောင့်ရတော့မယ်ပေါ့” ဟု ရွှေဂုံတိုင်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Unknown at 1:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သံဃာနှင့်နိုင်ငံရေး

 

အခုတစ်လော ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး လှုပ်ရှားမှုများမှာ သံဃာတော်တွေ ပါဝင် ချီတက်တာ၊ ဟောပြောမှုကို နားထောင် တာတွေ လုပ်လာတာကို တွေ့ရပါတယ်။ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စများမှာ သံဃာတော်များက ဒကာများကို ဦးဆောင် လမ်းညွှန် တာမျိုးတွေ ရှိနိုင်တာ မှန်ပေမယ့် ပါတီတစ်ခု အတွက် ၊ ဒကာတစ်ဦး အတွက် မဲဆွယ် လှုပ်ရှားပေးတာ လုပ်သင့်ပါသလာ။ ထေရ၀ါဒ နှစ်နိုင်ငံဖြစ်တဲ့ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံမှာတော့ အဲဒီလို မဲဆွယ်မှုတွေမှာ သံဃာတွေ ပါဝင်ခွင့် မရှိဘူးလို့ သိရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ၁၉၉၀ ရွေးကောက်ပွဲ နီးတော့ မင်းကွန်း ဆရာတော်ကြီးတို့က အခုလို ညွှန်ကြားဖူးပါတယ်။ 

ပိတောက်မြေ
 
ညွှန်ကြားလွှာ အမှတ်လွှာ အမှတ် (၈၃)
သာသနာ့ ဝန်ထမ်း ရဟန်းသာမဏေများသည် ပါတီ နိုင်ငံရေးများ၌ ပါဝင် ဆောင်ရွက်ခြင်း မပြုလုပ်ရန် ညွှန်ကြားခြင်း။
(၁၃၊ ၇၊ ၉၁) (ဒု-၂၊ ၄၊ ၅၃)
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်းရှိ ထေရဝါဒ ဂိုဏ်းဝင် သံဃာပေါင်း သုံးသိန်းကျော် နေထိုင် သီတင်း သုံးလျက် ရှိပါသည်။ ယင်းထေရဝါဒ ဂိုဏ်းဝင် သံဃာ အပေါင်းသည် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးမူ အရ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်း အဝေးပွဲကြီး ကျင်းပ ပြီးနောက် သံဃာ့ ဂိုဏ်းကြီး ၉ ဂိုဏ်းဖြင့် သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်း၍ သာသနာရေး တာဝန်များကို ဆောင်ရွက်လျက် ရှိကြပါသည်။
ထေရဝါဒ သံဃာ့ ဂိုဏ်းဝင် သမ္မုတိ သံဃာတို့သည် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးကို ဦးတည်၍ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတို့၏ ကိစ္စ ဖြစ်သော ဂန္ထဓုရ၊ ဝိပဿနာဓုရ နှစ်ပါးလုံးကို သော်လည်းကောင်း၊ တစ်ပါးပါးကို သော်လည်းကောင်း ဆောင် ရွက်ကြရမည် ဖြစ်ပါသည်။ ပါတီ နိုင်ငံရေးများ၌ ပါဝင် ဆောင်ရွက်ခြင်းကို ရှောင်ကြဉ် ကြရမည် ဖြစ်ပါသည်။
အကယ်၍ ရဟန်း သာမဏေများ ပါတီ နိုင်ငံရေးများ၌ ပါဝင် ဆောင်ရွက်ပါက နိုင်ငံရေး ပါတီများသည် ရဟန်း သာမဏေများထံ ချဉ်းကပ်၍ ဆရာ မွေးကြပေလိမ့်မည်။ ထိုအခါ ရဟန်း သာမဏေများသည် မိမိနှစ်သက်ရာ ပါတီ အနိုင်ရရှိရေးကို ဆောင်ရွက်ကြရ၊ ဟောပြောကြရသဖြင့် ဘုရားရှင်၏ ဓုရနှစ်ဖြာကို အားမထုတ်နိုင်တော့ဘဲ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ဦးတည်ချက်ကို ထိခိုက်လာမည့် အပြင် ရဟန်း သာမဏေ အချင်းချင်း စိတ်ဝမ်းကွဲပြားကာ ခဲခဲယဉ်းယဉ်း တည်ဆောက် ထားရသော ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်ရေးကြီး ပြိုကွဲ၍ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်တို့ ဧကန် ပျက်စီး ကြရပေလိမ့်မည်။
ရှေးယခင် အင်္ဂလိပ် အုပ်စိုးစဉ်အခါက ဝံသာနု၊ ဒိုင်အာခီစသည် ကွဲပြားကြရာ ရဟန်းတော်များ ပါတီနိုင်ငံရေး၌ ပါဝင် ဆောင်ရွက်ကြသဖြင့် ဝံသာနုဘုန်းကြီး၊ ဒိုင်အာခီ ဘုန်းကြီး စသည်တို့ စိတ်ဝမ်းကွဲကာ ကံကြီးကံငယ် အတူ မဆောင်နိုင်၊ သံဃာစင် အတူ မတက်နိုင်သည် အထိ အချင်းချင်း ကွဲပြားခဲ့ဖူးပါသည်။
မြန်မာ နိုင်ငံတော်၌ ရှေးအခါက တစ်ကြိမ် တစ်ခါမျှ မရခဲ့ဖူးသော ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်ရေးကြီးကို ရရှိ၍ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းကာ ''သံဃာ့ကိစ္စ သံဃာ ဆောင်ရွက်'' ဟူသော မူအရ သာသနာ့ ကိစ္စအဝဝကို သံဃာတော်များ ကိုယ်တိုင် ဆောင်ရွက်ခွင့် ရသဖြင့် သာသနာတော်၌ အဓမ္မဝါဒများကို နှိမ်နင်းနိုင်ခြင်း စသော အကျိုးတရား များစွာ ဖြစ်ထွန်းခဲ့ပါသည်။ သို့ဖြစ်၍ ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်ရေးကြီး မပြိုကွဲရန် ထိန်းသိမ်း စောင့်ရှောက်ရမည့် တာဝန်သည် ရဟန်း သာမဏေတိုင်း၏ တာဝန် ဖြစ်သည်။ ဤတာဝန်ကို ကျေပွန်စွာ မထမ်းဆောင် နိုင်ကြသဖြင့် သံဃာ့ ညီညွတ်ရေးကြီး ပြိုကွဲ၍ သံဃာ့ အဖွဲ့အစည်းများ ပျက်စီးသွားပါက နောင်တစ်ဖန် ဤအခွင့်အရေးမျိုး ရရှိရန် မျှော်မှန်း၍ ရနိုင်တော့မည် မဟုတ်ပါ။
ပါတီနိုင်ငံရေး ဟူသည် လူဝတ်ကြောင်၊ လူပုဂ္ဂိုလ်တို့၏ ကိစ္စ တာဝန်သာ ဖြစ်ပါသည်။ ရဟန်း သာမဏေများသည်ကား မည်သည့် ပါတီကပင် အစိုးရအဖြစ် တက်ရောက်လာသည် ဖြစ်စေ ထိုတက်ရောက်လာသော အစိုးရ၏ တရားနှင့်အညီ ပေးအပ်သော အာဏာစက် အကူအညီ အထောက်အပံ့ကို ရယူ၍ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးကို စောင့်ရှောက် ထိန်းသိမ်း သွားရမည်သာ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း၌ သီတင်းသုံး နေထိုင်ကြသော ထေရဝါဒ သံဃာ့ဂိုဏ်းဝင် ရဟန်း သာမဏေတို့သည် ပါတီ နိုင်ငံရေးများ၌ ကိုယ်တိုင် ပါဝင်ခြင်း၊ လှုံ့ဆော်ခြင်း၊ အားပေးခြင်း၊ သူတစ်ပါးအား တိုက်တွန်းခြင်းများမှ ရှောင်ရှားကြရန် ညွှန်ကြား လိုက်ပါသည်။
(ဘဒ္ဒန္တဣန္ဒာစာရ)                                     
ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ၊
အဘိဓဇမဟာရဋ္ဌဂုရု                                 
(အဂ္ဂမဟာပဏ္ဍိတ၊
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့               
အဘိဓဇမဟာရဋ္ဌဂုရု၊
ဥက္ကဋ္ဌဆရာတော်                                      
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက)

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့

အကျိုးတော်ဆောင်ချုပ်
Unknown at 11:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွှေည၀ါဆရာတော် ဆွမ်းခံထွက်ခြင်းအား တိုင်းသာသနာရေးနှင့် ခရိုင်အုပ်ချုပ်ရေးမှုးရုံးမှဆွေးနွေးတားမြစ်

ကြည့်မြင်တိုင် သာဓုပရိယတ္တိကျောင်းတိုက်မှ အပြီးအပိုင်ထွက်ခွါခြင်းမပြုမီ အနီးအနား ရပ်ကွက်များရှိ တကာတကာမများ နှုတ်ဆက် ဆွမ်းခံထွက်ရာတွင် နိုင်ငံရေး အင်အားစုများ လိုက်ပါထောက်ခံကြ သဖြင့် တိုင်းသာသနာရေးဥိးစီးဌာနနှင့် ခရိုင်အုပ်ချုပ်ရေးမှုး ရုံးမှ ဆရာတော်အား ဆွေးနွေး တားမြစ်ခဲ့သည်ဟု ရွှေည၀ါဆရာတော် ဦးပညာဝံသ က မိန့်ကြား သည်။

တိုင်းသာသနာရေးနှင့် ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ ယင်းကဲ့သို့ တားမြစ်ခြင်းအပေါ် ဆရာတော်က

“ဘယ်ပါတီမှမဟုတ်ဘူး ခင်ဗျားတို့ပါလိုက်လို့ရတယ် လိုက်မလား။ ၈၈မှမဟုတ်ဘူး ၉၉ ပါလိုက်လိုက် ။ ကြံခိုင်ရေးပါ လိုက်လိုက် ကျုပ်က ဘုန်းကြီးဆိုတော့ တားလို့မရဘူး” ဟု တုံ့ပြန်ပြောကြားခဲ့ကြောင်း YPI သို့ မိန့်ကြားသည်။

ရွှေည၀ါဆရာတော်သည် သာဓုပရိယတ္တိကျောင်းတိုက်မှ ထွက်ခွါရမည့်  အထိမ်းအမှတ်အဖြစ် တကာ တကာမများထံ ယမန်နေ့ ကစ၍ ဆွမ်းခံရင်း နှုတ်ဆက်လျှက်ရှိရာ ရပ်ကွက်အသီးသီးသို့ ၁၉ ရက်နေ့ထိ လှည့်လည်သွားမည်ဖြစ်သည်။


ဒုတိယနေ့ ဖြစ်သည့် ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ ဆွမ်းခံကြွချီရာတွင် သံဃာ အပါး ၇ ရာကျော်၊  သီလရှင် ကိုးဆယ်ကျော် နှင့် တကာတကာမ များ အားလုံးပေါင်း တစ်ထောင်ကျော် ပါဝင်လှည့်လည် ဆွမ်းခံခဲ့သည်။


ယနေ့ ဆွမ်းခံလှည့်လည်ရာတွင်  ကိုယ်တိုင်လိုက်ပါခဲ့သူ ဦးကိုကိုကြီး(စမ်းချောင်း) က “ပြောရမယ်ဆိုရင် အပြစ်မရှိအပြစ်ရှာတယ်လို့ ဒီလိုထင်တယ် ၊  နိုင်ငံရေးသမားတွေ အသုံးချတယ်ဆိုတာ၊ ဒါသက်သက်လုပ်တာ ၈၈ ကျောင်းသားဆိုတာ ဘယ်ပါတီနိုင်ငံရေးနဲ့မှ ပါတ်သက်တာမဟုတ်ဘူး အမျိုးသားနိုင်ငံရေးကိုကို လုပ်နေတာ လွပ်လပ်စွာ ယုံကြည်ခွင့် လွတ်လပ်စွာ ဆည်းကပ်ခွင့် ဆိုတာရှိတယ် ”ဟု YPI သို့ပြောသည်။




အတူလိုက်ပါခဲ့သူအခြား ကျောင်းသားခေါင်းဆောင်တစ်ဦးက လည်း “ကျွန်တော်တို့ကျောင်းသားတွေဟာ အမျိုးဘာသာ သာသနာနဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ စောင့်ရှောက်ရမှာအပြည့်ရှိတယ် ။ကမ္ဘာ့အလယ်မှာ နိုင်ငံရေး လူမျိုးရေးအရဆိုရင် ကျောင်းသားတွေက ပါရမှာဘဲ။ ဒီလိုကိစ္စမျိုးတွေဟာ မဟနကိုပါထိခိုက်စေတယ်”ဟုဆိုသည်။


ဦးပညာဝံသ ကို  နှိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ  တရားဟောခွင့် တစ်နှစ်ပိတ်ပင်ထားခဲ့ရာမှ လွန်ခဲ့သည့် နှစ်စက်တင်ဘာလက  မန္တလေးတိုင်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ရုံးတွင် တရားချီးမြှင့်ခဲ့သည့် အချက်ကြောင့် ၄၇ ပါးစုံညီ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ က သာဓုကျောင်းတိုက်မှ ထွက်ခွာပေးရန်နှင့် ဒုဗ္ဗစ ပုဂ္ဂိုလ် အဖြစ်သတ်မှတ်ခြင်း အစရှိသည့် အချက်သုံးချက်ပါ ဆုံးဖြတ်ချက် ကို ဒီဇင်ဘာလတွင် ပေးအပ်ခဲ့သည်။ ၎င်းနောက် ဆရာတော် ကိုယ်တိုင် နှင့် ရပ်ကွက်နေဒါယိကာ ဒါယိကာမများကပါ လက်မှတ်ရေးထိုး အသနားခံစာတင်သော်လည်း ဆုံးဖြတ်ချက်ကို မပြင်ဆင်ပဲ ယခုလ ၁၉ ရက်နေ့ညနေ နောက်ဆုံးထား ထွက်ခွာပေးဖို့ ဆုံးဖြတ်ခဲ့သည်။


ဆရာတော်သည် ယခုလာမည့် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ ကျောင်းတိုက်မှ ထွက်ခွာပြီးနောက် မှော်ဘီမြို့ ခြံတခြံတွင် သီတင်သုံးမည်ဟု ဆရာတော်၏ မိန့်ကြားထားသည်။       ။

ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၂ (YPI)
Unknown at 10:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုးသီး လွန်ခဲ့တဲ့ ၂၃ နှစ်က အတိုင်းဘဲ

လိမ်ခြင်းကန့် လန်ကာ
ဂျပန်အသံဖိုင်ကို ရဲဘော်တဦးထံမှာ နားထောင်ကြည့်မိခဲ့၍ ယခုလိုရေးသားလိုက်ရပါသည်။

မိုးသီးက နဂိုအတိုင်းပဲလို့ ထင်မြင်ပါသည်။
အသက်တာကြီးသွား၊အချိန်များသာ လျှင်မြန်စွာကုန်ဆုံးသွားသောလည်း
အကျင့်စရိုက်မရင့်ကျက်သေးတာကို တွေ့ မြင်ရပါသည်။
အဓိကကတော့ဝမ်းတွင်းစိတ်က အရေးကြီးပါသည်။

၈၈ခုနှစ်၊ဇွန်လမှာ မိန်းပြန်ဖွင့်သဖြင့် တရားပွဲများလုပ်ရာမှာ
မိုးသီး၏အပြောအဟောများအား ကျောင်းသားတွေမပြောနှင့်
၊ကျောင်းသူတွေကတောင် မကြိုက်နှစ်ကြတာကို ပြန်မြင်ယောင်မိပါသည်။

သြဂုတ်လ(၂၈)ရက်နေ့ မှာ ယူနီယံမြက်ခင်းပေါ်မှာ သမဂ္ဂဖွဲ့  စည်းသည့်
တရားဟောပြောပွဲမှာလည်း အကိုကြီး၊အကိုလတ်၊အကိုငယ်တွေနှင့်
သံလိုက်အိမ်မြောင်တလုံးဖြင့်တောခိုဖို့ ကြိုးစားပြီးမော်လမြိုင်က လှည့်ပြန်ခဲ့တာကို
ဗြောင်လိမ်ပြောသွားသော မိုးသီးဇွန်ဖြစ်ပါသည်။

အချိန်ဆွဲကာ ပေရှည်ဟောပြောနေသဖြင့် ရပ်ပါတော့အသိပေးနေသောလည်း
ပြောဟောနေ၍စိတ်မရှည်သောကျောင်းသားအချို့ 
စင်ပေါ်တက်ရိုက်မည်လုပ်တာကို တားဆီးခဲ့ရပါသည်။

ရန်ကုန်ဆေးရုံကြီး ၃၆နာရီအစာငတ်ခံဆန္ဒပြပွဲမှာလည်း လုံခြုံရေးတာဝန်ယူထားသော
ရွှေဂျိုးဖြူက သူတို့  အားဝိုင်းထားပါသည်ဆို၍ မြို့ ထဲမှ
သပိတ်အဖွဲ့ တွေဆီမမှန်မကန်အကြောင်းကြားပြန်လို့ 
အချင်းချင်းဖြစ်သော ပြဿနာများကို ရှင်းလင်းခဲ့ရပါသည်။

ရှင်းကြချိန်မှာ မိုးသီးအား ရွှေဂျိုးဖြူအဖွဲ့ မှရဲဘော်များအား
နားလည်မှုလွဲသွားသည့်အပေါ်ပြန်တောင်းပန်ပေးဖို့  ပြောသူကပြောသောလည်း
မိုးသီးဇွန်ဆိုသူက ကလေကချေများအား မတောင်းပန်နိုင်ဘူးဆိုပြီး
လူအများရှေ့ မှာဖော်ထုတ်ပြောပြန်လို့ သက်ဦးဦးဆောင်သော
ရွှေဂျိုးဖြူအဖွဲ့ နားမှ ကျော်ဝင်းလေး ငှက်ကြီးတောင်မြောက်ပြီးခုတ်ဖို့ လုပ်ခဲ့တာ
အလျှင်အမြန်ဝင်ဆွဲရသည့် ဖြစ်ရပ်ကိုမြင်ယောင်မိပါသေးသည်။
(Wynn Aung Please be advised that could you please kind enough to change regarding
"36 hours Hunger Stike" Kyaw win lay is not a menber of Shwe cho Phy. thanks )

၈၉ခု၊မတ်လ တံတားနီနှစ်ပတ်လည်မှာ မိန်းထဲကိုရောက်လာပြီး
ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးရဖို့ သူ့  ကိုယ်သူ အမြောက်ဆန်ကြီးပမာ
တုန်ဟီးသွားအောင်ပစ်ဖောက်ချင်ကြောင်းဟောပြော၊ လူတွေကို ကျောင်းထဲကထွက်ပြီး

အပြင်မှာ ချီတက်ဖို့ ကြွတက်ပြကာ၊
ပစ်ဖို့  ပြင်ဆင်ထားသော စစ်တပ်ဆီကို လှူံဆော်ခဲ့တာလည်း မိုးသီးဖြစ်ပါသည်။
မကသပပွဲကိုဖျက်ဆီးချင်တာပဲသိပြီး လူများသေမည်ကို မစဉ်းစားမတွေးခေါ်သူဖြစ်ပါသည်။
မနည်းတားဆီးခဲ့ရသလို၊

မိုးသီးတို့  ကိုလည်း အတူတူနှစ်ယောက်ချင်း လက်ချင်းချိတ်ကျောင်းပြင်ထွက်ချီတက်ကြမည်လို့ 
ချဲ့  လင့်လုပ်ယူမှ ငြိမ်သွားကြသည်။
အုတ်အော်သောင်းနင်းနှင့် အချင်းချင်းစစ်တပ်ရှေ့  မှာဖြစ်ခဲ့ရတာသည် ရှက်စရာဖြစ်ပါသည်

။သမဂ္ဂမှခွဲကာပါတီထောင်ခဲ့သောလည်း လမ်းကြောင်းကြီး၃သွယ်တို့  ဘာတို့ ဖြင့် ညာဖြီးပြောဆိုကြသည်။
ကိုယ်သန်ရာကိုယ်လုပ်ခြင်းတာဖြစ်သည်။
ဗကသမှာ လမ်းကြောင်း၃သွယ်မူမချမှတ်ခဲ့တာအမှန်ဖြစ်ပါသည်။
ပေါ်ဦးနှင့်ကေကြူ့ ကိုမေးနိုင်ပါသည်။

ကြိုးမဲ့လေတံခွန်စာတမ်းကို မိုးသီးအနေဖြင့်
ဘယ်နှစ်စောင်လိုချင်ပါသလဲ ဆိုတာသိချင်ပါသည်။
ပို့ ပေးဖို့ အသင့်ရှိပါသည်။
တောဆင်းချိန်နှင့်တပြိုင်တည်း ငါတနေ့  ပြန်လာခဲ့မယ်

ကဗျာစာအုပ်ထုတ်သွားခဲ့သော မိုးသီးက ဗီဇာတာထုတ်ပေးလိုက် ထောင်ကျမှာ၊ပစ်သတ်မှာမကြောက်ဘူး ပြန်မယ်ပြောဆိုတာကို အသံဖိုင်မှာကြားလိုက်ရသဖြင့် ကိုယ့်နားတောင်မှကိုယ်မယုံနိုင်ဖြစ်သွားရပါသည်။
လူ့ ဘောင်သစ် အကွဲအပြဲဇာတ်လမ်း၊ ဘုရားသုံးဆူအကွဲအပြဲဇာတ်လမ်း
၊အေဘီအကွဲအပြဲဇာတ်လမ်းအားလုံးများနှင့်ချိတ်ဆက်ထားတာမိုးသီးဖြစ်ပါသည်။

အေဘီကွဲတော့ ကျောင်းသားစိတ်နှင့် ဆလိုင်းကိုကိုဦး၊ကိုသန်းဝင်း၊ကိုဥာဏ်လင်းရွှေအစရှိသော
ကျောင်းသားများရပ်ပေးသောလည်း မိုးသီးဥာဉ်ကြောင့်ကိုယ့်တပ်ကိုယ်ပြန်နင်း၊ဖျက်ရပါသည်။

ကိုဝင်းမင်း၊ကိုအောင်သူငြိမ်း၊ကိုအောင်နိုင်ဦး(ဗဟု)များဖြင့် အားယူသောလည်း
လူပေါ်လူဇော်နည်းများဖြင့် မိုးသီးတပ်လန်ထွက်သွားတာလည်း အမှန်ဖြစ်ပါသည်။
တရားရုံးရင်ဆိုင်ရဲသော မိုးသီးက ပါတ်စပို့ အတုအမှုနှင့်
ထိုင်း၊လရောင်ထောင်ကလွတ်အောင် အာမခံပေးခဲ့သော
ဖိုရမ်အေရှမှ မစ္စချာလီဒါကို ဘာမှမပြောဆိုပဲ အမေရိကားထွက်ပြေးသွားခြင်းသည် ရှက်တက်မည်ဆို ရှက်စရာဖြစ်နေပါသည်။

ကွဲစရာမရှိရင် မိုးသီးသည် သူဆရာကိုမြင့်လှိုင်နှင့်လည်းကွဲတာကို
အမေရိကားမှရဲဘော်များအသိဆုံးဖြစ်မည်ဖြစ်ပါသည်။
နိုင်ငံတကာမြန်မာကျောင်းသားများပထမအကြိမ်ညီလာခံ(၂၀၀၁)မှာလည်း
ဘာအစ်ရှုးမှတိတိကျကျတာဝန်မယူပဲ စင်အောက်ကနေ လိုက်နှောင့်ယှက်ခဲ့တာလည်း မိုးသီးဖြစ်ပါသည်။
အင်ဒီယားနား၊ဖို့ ဝန်းကရဲဘော်များအသိဆုံးဖြစ်ပါသည်။
ငါမိုးသီဇွန်ဆိုသော သွေးနထင်ရောက်နေသော ၀မ်းတွင်းရူးရောဂါသည် ကုရာဆေးမရှိဖြစ်နေပါသည်။
၈၈ဆိုပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်သော အဖြစ်မျိုးကို
အထူးရှောင်ကျဉ်နေသောလည်း မိုးသီးက အချိုးမပြောင်းကာ တောပြောင်းသားကောင်ရှာမည့်စကားမျိုးများအား
ဂျပန်အသံဖိုင်မှာ ကြားရသဖြင့် ယခုလိုရေးသားလိုက်ခြင်းဖြစ်ပါသည်။
မိုးတိမ်တွေတောင်မှမတည်ငြိမ်တာ မိုးသီးလည်းတနေ့ ကြွေရမှာပါ။

စစ်အောင်
To: 8888peoplepower@yahoogroups.com
From: greengrass_burma@hotmail.com
Date: Thu, 26 Jan 2012 20:14:28 +1100
Subject: [8888peoplepower] Re: Shameful Moe Tee Zune voice


.

Myanmar Express
Unknown at 9:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဦးခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီ သတင်းစာရှင်းလင်းပွဲ ဇေကမ္ဘာကုမ္ပဏီကို တရားစွဲမည့် ဦးနေမျိုးဝေ နှင်မေးမြန်းခြင်း


အမျိုးသားလွတ်တော်အမတ် ဇေကမ္ဘာဦးခင်ရွှေ၏ မင်္ဂလာဒုံ စက်မှုဇုန်အပိုင်း ၄ မြေယာသိမ်းပြသာနာ သတင်းစာ ရှင်းလင်းပွဲကို ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် သတင်းစာရှင်းလင်းပွဲဟု ခေါင်းစဉ် တပ်ဖိတ်ကြားခဲ့ပြီး Orchid ဟိုတယ်တွင်ကျင်းပခဲ့ပုံ။
4.2.2012 မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏
`မြေယာကဏ္ဍပြုပြင်ပြောင်းလဲရေးနှ
င့် ပတ်သက်သော ထောက်ထားဆင်ခြင်စရာများ
မေးမြန်းဆွေးနွေးခြင်း´ သတင်းစာရှင်းလင်းပွဲနှင့် အပြိုင် ဦးခင်ရွှေ၏
ဇေကမ္ဘာကုမ္ပဏီမှ `ရန်ကုန်စက်မှုဇုန် အပိုင်း(၄) နှင့်ပတ်သက်၍
သတင်းအမှန်များ ရှင်းလင်း တင်ပြပွဲ ပြုလုပ်သွားသည်။

ဇေကမ္ဘာကုမ္ပဏီကို လယ်သမားတွေဘက်ကနေ တရားစွဲမဲ့ ဦးနေမျိုးဝေ
 
Unknown at 9:30 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်သူတွေ မျက်ရည်ဖြိုင်ဖြိုင် ကျနေခဲ့ရတဲ့ ရွှေညဝါဆရာတော်ကြီးရဲ့ ဒုတိယနေ့မြောက် ဆွမ်းအလှူခံကြွရောက် ချီးမြှင့်ပွဲ


ဆရာတော်ကြိးကို ကြည်ညိုတဲ့ ကျွန်တော်တို့ပြည်သူတွေ မတရားလုပ်ရပ်အတွက် မချိတင်ကဲ မျက်ရည်ကျခဲ့ကြရတယ်ဗျာ..
 ဒီကနေ့ ၁၆ရက်နေ့ မနက်ပိုင်းက ရွှေညဝါဆရာတော်ကြီးနဲ့ နောက်ပါ တပည့်သံဃာတော်များမှ ကျေးဇူးရှင် ဒါယကာ၊ ဒါယိကာမများအား ဆွမ်းခံကြွရောက် ချီးမြှင့်ခဲ့ပါတယ်..။
ဆရာတော်ကို ကြည်ညိုကြတဲ့ တပည့်ဒါယိကာများ၊ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ မျိုးဆက်သစ် လူငယ်များအစည်းအရုံး၊ ဗကသများအဖွဲ့ချုပ်နဲ့ အခြားလူမှုရေး အဖွဲ့ဝင်များ လိုက်ပါ ကုသိုလ်ယူခဲ့ကြပါတယ်..။ ရရှိတဲ့လှူဖွယ် ပစ္စည်းများနဲ့ အလှူငွေများအား လှိုင်သာယာမီးဘေး ဒုက္ခသည်များအား ဆက်လက် သွားရောက် ပေးအပ်လှူဒါန်းခဲ့ပါတယ်..။
ဆရာတော်ကို ကြည်ညိုတဲ့ ဒကာမတဦးရဲ့ ငိုကြွေးနေတဲ့ စိတ်မကောင်းဖွယ် မြင်ကွင်းပါ...
အမှန်တရားဘက်က ထောက်ခံကြတဲ့ အမှန်တရားဘက်က ရပ်တည်ကြတဲ့ ပြည်သူအများစုပါ။ အနည်းစုရဲ့ အဓမ္မ ဆုံးဖြတ်ချက်ကို လက်ခံရတော့မယ့် အနေအထားကို ရောက်နေရတာပါ။
 အမှန်တရားအတွက် ကျခဲ့ရတဲ့ ပြည်သူတွေရဲ့ မျက်ရည် သစ္စာဖြစ်ပြီး အဓမ္မဝါဒီများအပေါ် သစ္စာဖြင့် အောင်နိုင်ပါစေ..
 ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မနီလာသိန်း၊ မမီးမီး
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ
Unknown at 9:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံရေးသမားတွေရဲ့အသုံးချခံ မဖြစ်ဖို့ ရွှေည၀ါ ဆရာတော်ကို အာဏာပိုင်တွေ လျှောက်ထား

ရွှေည၀ါ ဆရာတော်အနေနဲ့ နိုင်ငံရေးသမားတွေရဲ့အသုံးချခံ မဖြစ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က စေလွှတ်တဲ့ ကိုယ်စားလှယ်တွေ ဒီကနေ့ လာရောက် လျှောက်ထားခဲ့တယ်လို့ ဆရာတော်က အာအက်ဖ်အေကို မိန့်ကြားပါတယ်။
(ဒီမိုဝေယံ website)
ရွှေညဝါဆရာတော် ဦးပညာသီဟ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဒါယကာတစ်ဦး ရောက်လာပြီး လျှေက်ထားခဲ့တာပါ။ ဆရာတော်က မိမိအနေနဲ့ ပါတီနိုင်ငံရေး လုပ်နေတာ မဟုတ်ကြောင်း လှိုင်သာယာ မီးဘေးဒုက္ခသည်တွေကို ကူညီဖို့ မိမိ သာဓုကျောင်းတိုက်က မထွက်ခွာခင်မှာ ဆွမ်းခံကြွနေတာသာဖြစ်ကြောင်း ပြန်လည် မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မနက် ၈ နာရီကနေ ၁၀ နာရီလောက်အထိ ရွှေည၀ါဆရာတော်ဟာ သံဃာအပါး ၅၀၀၊ သီလရှင်အပါး ၂၀၀ လောက်နဲ့အတူ ရန်ကုန်မြို့ သာဓုကျောင်းတိုက်နားက ကြည့်မြင်တိုင်၊ သာဓုစတဲ့ ရပ်ကွက်တွေမှာ ဒုတိယမြောက်နေ့အဖြစ် ဒါယကာ ဒါယိကာမတွေကို နှုတ်ဆက်တဲ့အနေနဲ့ ဆွမ်းခံကြွခဲ့ပါတယ်။ ဒီကနေ့မနက် ဆွမ်းခံကြွရာမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ Generation Wave မျိုးဆက်သစ် လူငယ်များအဖွဲ့၊ ဗကသနဲ့ သံလျင်က ကရုဏာအဖွဲ့ လူငယ်တွေက ဆွမ်းခံကြွသံဃာတွေအတွက် ဝေယျာဝစ္စ ပါဝင် ဆောင်ရွက်ပေးခဲ့ကြပါတယ်။ ရွှေည၀ါ ဆရာတော်ဟာ လာမယ့် ၁၉ ရက်မှာ ကြည့်မြင်တိုင် သာဓုကျောင်းတိုက်က နောက်ဆုံးထား ထွက်ခွာပေးရမှာဖြစ်ပြီး မှော်ဘီမြို့နယ်မှာ သွားရောက် သီတင်းသုံးဖို့ လတ်တလော စီစဉ်ထားကြောင်း ဆရာတော်က မိန့်ပါတယ်။
RFA
Unknown at 9:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

GSM မိုဘိုင်းလ်စနစ် ပြည်သူများသက်သာစွာသုံးစွဲနိုင်ရေး ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းတိုးချဲ့ တပ်ဆင်လျက်ရှိ


ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးနိုင်ငံ သံအမတ်ကြီး H.E.Ers.Katja Christina Nordgaard နှင့် နော်ဝေးနိုင်ငံမှ TELENOR ကုမ္ပဏီ အဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် အဆိုပါ ဝန်ကြီးရုံး၌ လာရောက်တွေ့ဆုံသည်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်ရန်အတွက် GSM/UMTS မိုဘိုင်းလ်စနစ်ကို ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ တိုးချဲ့တပ်ဆင်တည်ဆောက်လျက်ရှိသည်။ နော်ဝေးနိုင်ငံအနေဖြင့် GSM မိုဘိုင်းလ်စနစ်ကို ဦးစွာသုံးစွဲခဲ့သဖြင့် GSM မိုဘိုင်းလ်နည်းပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နည်းပညာပိုင်းတို့တွင် များစွာ အတွေ့အကြုံရှိပြီးဖြစ်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများခိုင်မာမှ ပုဂ္ဂလိကကဏ္ဍပါဝင်မှုနှင့်အတူ အရည်အသွေးပြည့်မီရေး ထိန်းသိမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ လည်းကောင်း၊ နည်းပညာအတွေ့အကြုံနှင့် ပတ်သက်၍ လည်းကောင်း၊ အတွေ့အကြုံများကို မျှဝေပေးလိုပါကြောင်းဖြင့် နော်ဝေးသံအမတ်ကြီးက ပြောကြားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် နော်ဝေးနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ TELENOR ကုမ္ပဏီ အဖွဲ့တို့သည် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပိုင်း၊ လုပ်ထုံးလုပ်နည်းပိုင်းနှင့် နည်းပညာဆိုင်ရာများကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ထပ်မံဆွေးနွေး ကြမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 9:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝေးလံခေါင်သီအရပ်များမှ ၀န်ထမ်းများကို ရှားပါးစရိတ်တိုးပေးမည်

န်ကုန်၊ ဖေဖော်ဝါရီ- ၁၆
ယခုနှစ် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ဝေးလံခေါင်သီသော အရပ်ဒေသများမှ နိုင်ငံ့ဝန်ထမ်းများ၏ ရှားပါးစရိတ်များအား တိုးပေးသွားမည်ဖြစ်ပြီး ၀န်ထမ်းများ၏ လစာတိုးမြှင့်ရေးအတွက်ကိုမူ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်မှ တိုးပေးမည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားသွားသည်။

ယနေ့ကျင်းပပြုလုပ်လျက်ရှိသည့် ပြည်ထောင်စုလွှတ်တော်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြည်ထောင်စုအစိုးရကိုယ်စား၊
နိုင်ငံတော် သမ္မတကြီးကိုယ်စား ပြောကြားသွားခြင်းဖြစ်သည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ၀န်ထမ်းလစာများတိုးပေးရန်တွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှ ရရှိသည့် အခွန်များ၊ ငွေလုံး ငွေရင်းအသုံးစရိတ်များ၊
ငွေကိုင်စာချုပ်ရောင်းချခြင်းများအစရှိသည့် ကိစ္စများနှင့် ပတ်သက်သည့် ဥပဒေများအား ပြင်ဆင်ပြီးမှသာ တိုးမြှင့်ပေးရန် စီစဉ်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
 7Day News Journal
 
Unknown at 9:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂၀ရာစုသို့ခြေလှမ်းလှည့်နေသူများ


From : ပုဂံသား
ရှေ့သို့ဆိုလျှင်...
အစဉ်တစိုက် သင်မလိုက်ချင်
ညာဉ်ဆိုးဝင်ကါတွင်တွင်တားမြစ်
စံနစ်ဖေါက်ပြန်မူမမှန်ကါ
နောက်သို့ပြန်လို့သွားချင်သူ။
ဘေးချင်းယှဉ်လျှက်.....
လက်ချင်းယှက်ကါ ချီတက်ကြစို့
ငါတို့တတွေ လက်ရေတပြင်တည်း
ရှေ့ခရီးတွင်မညည်းမပန်း
တူတူလှမ်းမယ်ဆိုရာဝယ်လည်း
ရှောင်ဖယ်နောက်တုန့် လက်တွဲဖြုတ်လျှက်
ဘေးထွက်နေရစ် စိတ်မသစ်သော
စံနစ်ဆိုး ကိုမြတ်နိုးသူ။။
ပမာဆိုက......
မစင်တွင်နစ် ဂျီးအညစ် ကို
နှစ်သက်မှောက်မှား တန်ဖိုးထားသည့်
သနားစဖွယ် လောက်ငယ်ပမာ
မစင်တွင်း ပျော်ဆင်းနေမဲ့သူ.။
လက်တွဲခေါ်လည်း.....
ထော်လော်ကန့်လန့် ရပ်တန့်နောက်ဆုတ်
အတိုက်အခံလုပ်ကါ ခရီးမတွင်
လေးဖင့်အောင်ပြု မိုက်ဂုဏ်ထွားပွား
ဓနရှင်များတို့ မှိုင်းတိုက်ထားသည့်
ကံကို ယုံကါဆူးပုံသက်ဆင်း
အမှောင်တွင်းမှာ နစ်ရင်း မြုပ်ရင်း
နေ .ရစ်...တော့။။။
သင်မလိုက်လည်း...
စိုက်စိုက် ငါတို့ချီတက်အံ့။
သင်ရှုတ်ချလည်း.....
မုချ ငါတို့ချီတက်အံ့.။
သင်ကဖျက်လည်း.....
ရှေ့ဆက် ငါတို့ချီတက်အံ့။
အခွင့်သာခိုက် သင်မလိုက်လျှင်
အမိုက်သင့်ပြင်ဘယ်သူရှိပါ့။။။။
Unknown at 9:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်ကိုင်း-မင်းဝံတောင်ရိုးတစ်နေရာတွင် အစိမ်းရောင် တွင်းထွက်တစ်မျိုးထွက်ရှိ


စစ်ကိုင်း-မင်းဝံတောင်ရိုးတစ်နေရာ၊ ပဒူကျေးရွာအုပ်စုနီး တောင်ခမောက်တောင်ကျောတွင် အစိမ်းရောင်ရှိသော တွင်းထွက်ကျောက်တစ်မျိုး ထွက်ပေါ်နေကြောင်း သိရပြီး ဒေသခံများအပါအ၀င် ရပ်ဝေးမှပါ လာရောက်ပြီး ရှာဖွေရောင်းချခြင်းများရှိနေကြောင်း သတင်းရရှိပါသည်။

၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းမှ စတင်တွေ့ရှိခြင်းဖြစ်ကြောင်း သိရပြီး အစိမ်းရောင်ရှိသောကြောင့် ဒေသခံများက ကျောက်စိမ်းဟု ယူဆလျက်ရှိနေပြီး စစ်ကိုင်းမြို့မှ ကျောက်စိမ်းပုတီးစေ့လုပ်ငန်းလုပ်ကိုင်သူများ သွားရောက်လေ့လာနေကြသလို မန္တလေး၊ လာရှိုးမြို့များမှ ကျောက်စိမ်းအရောင်းအ၀ယ်ပြုလုပ်သူများပါ လေ့လာနေကြောင်း သိရသည်။
''တွေ့ရသလောက် ကျောက်တွေက သက်တမ်းနုပါတယ်။ ကျောက်သားက ပွနေတော့ ပုတီးလုပ်ဖို့အတွက် မဖြစ်နိုင်ပါဘူး။ ဒေသခံတွေအတွက်တော့ ၀င်ငွေရသွားတာပေါ့။ ထောင်ငွေ၊ သောင်းငွေတောင်မကဘူး။ ငါးသိန်းနဲ့ အရောင်းအ၀ယ်ဖြစ်သွားတဲ့သူလဲ ရှိတယ်ကြားရတယ်။ လာရှိုးက ကျောက်ပွဲစားတွေတောင် ဆင်းလာတယ်လို့ သိရတာပဲ။ အခုတော့ သစ်တောနဲ့ ရဲက နယ်မြေကို လုံခြုံရေးယူထားလိုက်ပါပြီ''ဟု စစ်ကိုင်းမြို့မှ ပုတီးစေ့လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။''စစ်ကိုင်းတောင်ရိုးဟာ သဲကျောက်နဲ့ ဖွဲ့စည်းထားတာဖြစ်လို့ ကျောက်စိမ်းမထွက်နိုင်ပါဘူး။  jadeit  နဲ့ Nephrite ပါဝင်မှသာ ကျောက်စိမ်းလို့ ပြောနိုင်ပါတယ်။ အခုတွေ့ရတဲ့ အစိမ်းရောင်ကျောက်တွေဟာ ခရိုမိုက်ပဲဖြစ်နိုင်ပါတယ်''ဟု ဘူမိဗေဒပညာရှင်တစ်ဦးက ဆိုသည်။''ပဒူကျေးရွာအုပ်စုထဲက တောင်ရင်းရွာနားလေးက တောင်ကြောတစ်လျှောက်မှာ တွေ့တာပါ။ အနည်းဆုံး ထမင်းစားကျောက်လို တနိုင်တပိုင်တူးပြီး ရောင်းဝယ်ကြသလို သိန်းဂဏန်းရောင်းရတဲ့သူတွေလည်း ရှိတယ်'' ဟု ပဒူတောင်ရင်းရွာမှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
EMG
Unknown at 9:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမြန်ဆက်သွယ်ပါ

By ထက်အောင် လင်း

သား
မင်းလုပ်သမျှကို အဖေခွင့်လွှတ်တယ်... မင်းနိင်ငံအလံ ချနင်းတာလည်း
ခွင့်လွတ်တယ်.. ဟိုအော် ဒီအော်တာလည်း ခွင့်လွတ်တယ်... အခုမြန်မာနိင်ငံကို
ပြန်လာပါ... ဖြစ်သမျှကိုခွင့် လွှတ်ပါတယ်
...........ချစ်သောအဖေ.........
.....




သို့... အဖေ
... ပြန်လာချင်ပါတယ်
ဒါပေမယ့် ဒိမှာက လက်လွန်နေပြီအဖေ
ပြန်လာလို့ မရဘူး
စားထားတာတွေက များနေပြီလေ
သားထိုက်နဲ့ သားကံရှိပါစေတော့
..................ချစ်သောသား
http://www.myanmarexpress.net/ မှကူးယူဖော်ပြသည်။
Unknown at 9:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝန်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို ဖော်ထုတ်အရေးယူတော့မည်

ဝန်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူသွားရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက လုပ်ပိုင်ခွင့်ရှိဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှုနှင့် မလျော်သြဇာ ကျင့်သုံးမှုများ ဆက်လက်ပြုကျင့်နေဆဲရှိ နေပါသဖြင့် ထိုအပြုအမူများ ပျောက်ကွယ်သွားရန် လက်တွေ့ကျကျ ဆောင်ရွက်သွားမည့်အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။
အဆိုပါမေးမြန်းမှုများကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ''၀န်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူသွားရန် ညွှန်ကြား ထားကြောင်း၊ ယင်းကဲ့သို့ ကျူးလွန်မှုများ ပေါ်ပေါက်ပါက တိုင်းကြားနိုင်ရန် ၀န်ကြီးဌာနများအလိုက် တယ်လီဖုန်းနံပါတ်များ ထုတ်ပြန်ပေးထားပါတယ်။ ၂၀၀၅ ခုနှစ်ကတည်းက ကုလသမဂ္ဂအဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းမှာ သဘောတူလက်မှတ်ရေးထိုးထားပါတယ်။ ၀န်ထမ်းမသမာမှု၊ အဂတိ လိုက်စားမှုတွေနဲ့ မလျော်သြဇာသုံးစွဲမှုတွေပပျောက်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လာဘ်ပေးသူ၊ လာဘ်ယူသူတွေ ပြုပြင်ဆင်ခြင်ထိန်းသိမ်းနိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပြည်သူများအကြား အသိပညာပေးခြင်း၊ ထိရောက်စွာအရေးယူခြင်းတို့နဲ့ ကုစားဆောင်ရွက်သွားရမှာ ဖြစ် ပါတယ်။ တိုင်ကြားသူတွေအနေနဲ့လည်း ဖြစ်ရပ်မှန်ကို ပြည့်စုံမှန်ကန်တဲ့ အချက်အလက်၊ ခိုင်လုံတိကျတဲ့အထောက်အထားတွေနဲ့ စနစ်တကျ တိုင်ကြားဖို့လိုပါတယ်။ ဒါမှသာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေအနေနဲ့ ပါဝင်ပတ်သက်ကျူးလွန်နေသူတွေ စိစစ်ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်''ဟု ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ပြန်လည်ဖြေကြားခဲ့သည်။

လာဘ်ပေးလာဘ်ယူမှုနဲ့ မလျော်သြဇာကျင့်သုံးမှုများ
အမှန်တကယ်ပျောက်ကွယ်သွားရန်အတွက် ကာယကံရှင်နစ်နာသူ သို့မဟုတ် ပြည်သူများအနေဖြင့် အဖြစ်မှန်
အခြေအနေမှန်များကို အထောက်အထားခိုင်လုံစွာတာဝန်ယူပြီး
စနစ်တကျတိုင်ကြားပါက စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း  . . .
လာဘ်ပေးလာဘ်ယူမှုနဲ့ မလျော်သြဇာကျင့်သုံးမှုများ အမှန်တကယ်ပျောက်ကွယ်သွားရန်အတွက် ကာယကံရှင်နစ်နာသူ သို့မဟုတ် ပြည်သူများအနေဖြင့် အဖြစ်မှန် အခြေအနေမှန်များကို အထောက်အထားခိုင်လုံစွာတာဝန်ယူပြီးစနစ်တကျတိုင်ကြားပါက စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း  . . .
လာဘ်ပေးလာဘ်ယူမှုနဲ့ မလျော်သြဇာကျင့်သုံးမှုများ အမှန်တကယ် ပျောက်ကွယ်သွားရန်အတွက် ကာယကံရှင်နစ်နာသူ သို့မဟုတ် ပြည်သူများအနေဖြင့် အဖြစ်မှန်အခြေအနေမှန်များကို အထောက်အထားခိုင်လုံစွာ တာဝန်ယူပြီး စနစ်တကျတိုင်ကြားပါက စိစစ် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။    
EMG
Unknown at 9:15 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကားနှင့် ပါမစ်ဈေးနှုန်းများ တရွေ့ရွေ့ကျဆင်းလာလျှက်ရှိ

ကားတင်သွင်းခွင့် စတင်ရရှိချိန်က ၀ယ်လိုအားများခဲ့သော မော်ဒယ်အမြင့် ကားအများစု၊ ကားပါမစ်ဈေးနှုန်းနှင့် အပ်နှံရမည့် ကားဟောင်းဈေးနှုန်းတို့ မှာ ကားဈေးကွက်အတွင်း ထွက်ပေါ်နေ သည့် သတင်းအချို့ကြောင့် ဇန်န၀ါရီ လလယ်ပိုင်း စတင်၍ ဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာခဲ့ကြောင်း ကားဝယ်ရောင်းများက ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက မော်တော်ယာဉ် စီးရေ ၁၇,၀၀၀ ကျော်ကို နိုင်ငံခြားဝင်ငွေ ရရှိသူများအား ကားသွင်းခွင့် ပေးလိုက်သည့် ကြေညာချက်မှာလည်း ယခင်လက ထွက်ပေါ်လာခဲ့သည်။
သို့သော် ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ စီးပွား/ကူးသန်း၌ အစီးရေ ၂,၅၀၀ ကျော် အတွက်သာ လိုင်စင်လျှောက်ထားရ သေးကြောင်း သိရသည်။ ထို့ပြင် ကားဝန်ဆောင်မှုကုမ္ပဏီများမှ ကားများ ဆက်တိုက်တင်သွင်းနေခြင်း ကြောင့်လည်း ကားဈေးနှုန်း ကျဆင်းလာ ခြင်းဖြစ်သည်။
ပို့ကုန်လုပ်ငန်းရှင်များ၊ သင်္ဘောသားများနှင့် နိုင်ငံခြားတွင် လုပ်ကိုင်နေသူ အချို့မှာ ပါမစ်ကိုင်ဆောင်ထားပြီး တချို့မှာလည်း ၀ယ် ယူပြီးဖြစ်သောကြောင့် ဖေဖော်ဝါရီလဆန်းတွင် ၎င်းတို့ကားများ ရောက်ရှိလာတော့မည်ဖြစ်သည်။
၂၀၀၇ နှင့်အထက် မော်ဒယ်ကားများ ရောက်လာချိန်တွင် ၂၀၀၂ မော်ဒယ် ကားများမှာ ဈေးနှုန်းကွာဟသော်လည်း ဈေး ထပ်မံကျဆင်းမှာဖြစ်ကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုယိုတာမတ်တူး ၂၀၀၄ မော်ဒယ် (ရွှေငါး)မှာ ၀ယ်လိုအားပေါ်မူတည်၍ ဇန်န၀ါရီလလယ်ပိုင်း ဈေးထက် ကျပ်သိန်း ၅၀ လာက် ကျဆင်းခဲ့သောကြောင့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကျပ်သိန်း ၃၀၀ ကျော်သာ ရှိတော့သည်။
တိုယိုတာ ဟာရီယာမှာလည်း ကျပ်သိန်း ၅၀၀ နီးပါးမှ သိန်း ၄၂၀-၃၀ သို့ ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။ "ရွှေငါးဆို အ၀င်အရမ်းများလာတယ်။ ၀ယ်တဲ့သူကလည်း ကားမကောင်းရင် မ၀ယ်တော့ဘူး။ ဂရိတ်ခွဲပြီး စကား ပြော လာတယ်"ဟု ၎င်းက ပြောသည်။
ဟာရီယာမှာလည်း ဆီစားနှုန်းမြင့်သော ကြောင့် ၀ယ်လိုအားနှေးကာ ဈေးကျသွားကြောင်း ပြောသည်။
ကားသစ်တင်သွင်းခါစအချိန်က ယင်းတို့မှာ လူကြိုက်အလွန်များခဲ့ပြီး ဂျပန်လေလံဈေးများလည်း အဆများစွာ မြင့်တက်ခဲ့သည်။
ထို့ပြင် သင်္ဘောသားပါမစ်များ ကျလာ ချိန်တွင် အချို့မှာ ၎င်းတို့ပါမစ်ကို ပြန်ရောင်းထုတ်လိုသောကြောင့် ပွဲစားများက ဈေးသက် သာသာနှင့် ၀ယ်ယူနိုင် ရန် ဈေးမည်ဟု ပြောဆိုခြင်းလည်း ဖြစ်နိုင်ကြောင်း အသက် ၄၀ အရွယ်ရှိ သင်္ဘောသား ဦးကျော်နိုင်က ပြောသည်။
သင်္ဘောသား ကားပါမစ်များမှာမူ ဘဏ်တွင်းထည့်ထားသည့် ငွေအနည်းအများ ပေါ်မူတည်ပြီး ကျပ်သိန်း ၇၀ ၀န်းကျင်မှ ဘဏ် အပ်ငွေ အမေရိကန် ဒေါ်လာ ၃၀,၀၀၀ နှင့်အထက်ဖြစ်လျှင် ကျပ်သိန်း ၈၀ အထိရသည်။
ကားဟောင်းဖျက် တင်သွင်းသော ပါမစ်များမှာမူ ယခုအချိန်တွင် ကျပ်သိန်း ၁၂၅-၁၃၀ ဖြစ်ပြီး ဇန်န၀ါရီလလယ်က ဈေး ကျပ်သိန်း ၁၃၅၊ ၁၄၀ မှ ကျသွားခြင်း ဖြစ်သည်။
ဇန်န၀ါရီလဆန်းပိုင်းကမူ ဆိပ်ကမ်းအရောက် တန်ဖိုးမြှင့်လိုက် သောကြောင့် ကျပ်သိန်း ၁၆၀ အထိ ဈေးတက်သွားခဲ့ဖူးသည်။
"လူတိုင်း ကားဝယ်ယူခွင့်ရှိမယ်ဆိုတဲ့သတင်းကြောင့် ဈေးကျတာ။ အခုထိတော့ ဒီမူဝါဒက ဘယ်အချိန်ဖြစ်မယ်ဆိုတာ မသိရသေးဘူး။ နိုင်ငံတော်က တရားဝင်ထုတ်ပြန်တာကိုပဲ စောင့်ရမယ်"ဟု စီးပွား/ကူးသန်း ၀န်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
ယမန်နှစ် နိုဝင်ဘာလဆန်းမှ ယခု ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလကုန်အထိ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် တန်ဖိုးရှိ ကားစီးရေ ၂၃,၀၀၀ ကျော် တင်သွင်းခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
 အေးသီတာကျော်(မြန်မာ့တိုင်းမ်)

Unknown at 9:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.