Friday, February 17, 2012

GSM မိုဘိုင်းလ်စနစ် ပြည်သူများသက်သာစွာသုံးစွဲနိုင်ရေး ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းတိုးချဲ့ တပ်ဆင်လျက်ရှိ


ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးနိုင်ငံ သံအမတ်ကြီး H.E.Ers.Katja Christina Nordgaard နှင့် နော်ဝေးနိုင်ငံမှ TELENOR ကုမ္ပဏီ အဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် အဆိုပါ ဝန်ကြီးရုံး၌ လာရောက်တွေ့ဆုံသည်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်ရန်အတွက် GSM/UMTS မိုဘိုင်းလ်စနစ်ကို ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ တိုးချဲ့တပ်ဆင်တည်ဆောက်လျက်ရှိသည်။ နော်ဝေးနိုင်ငံအနေဖြင့် GSM မိုဘိုင်းလ်စနစ်ကို ဦးစွာသုံးစွဲခဲ့သဖြင့် GSM မိုဘိုင်းလ်နည်းပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နည်းပညာပိုင်းတို့တွင် များစွာ အတွေ့အကြုံရှိပြီးဖြစ်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများခိုင်မာမှ ပုဂ္ဂလိကကဏ္ဍပါဝင်မှုနှင့်အတူ အရည်အသွေးပြည့်မီရေး ထိန်းသိမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ လည်းကောင်း၊ နည်းပညာအတွေ့အကြုံနှင့် ပတ်သက်၍ လည်းကောင်း၊ အတွေ့အကြုံများကို မျှဝေပေးလိုပါကြောင်းဖြင့် နော်ဝေးသံအမတ်ကြီးက ပြောကြားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် နော်ဝေးနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ TELENOR ကုမ္ပဏီ အဖွဲ့တို့သည် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပိုင်း၊ လုပ်ထုံးလုပ်နည်းပိုင်းနှင့် နည်းပညာဆိုင်ရာများကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ထပ်မံဆွေးနွေး ကြမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 9:22 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.