Friday, February 17, 2012

ပြည်သူတွေ မျက်ရည်ဖြိုင်ဖြိုင် ကျနေခဲ့ရတဲ့ ရွှေညဝါဆရာတော်ကြီးရဲ့ ဒုတိယနေ့မြောက် ဆွမ်းအလှူခံကြွရောက် ချီးမြှင့်ပွဲ


ဆရာတော်ကြိးကို ကြည်ညိုတဲ့ ကျွန်တော်တို့ပြည်သူတွေ မတရားလုပ်ရပ်အတွက် မချိတင်ကဲ မျက်ရည်ကျခဲ့ကြရတယ်ဗျာ..
 ဒီကနေ့ ၁၆ရက်နေ့ မနက်ပိုင်းက ရွှေညဝါဆရာတော်ကြီးနဲ့ နောက်ပါ တပည့်သံဃာတော်များမှ ကျေးဇူးရှင် ဒါယကာ၊ ဒါယိကာမများအား ဆွမ်းခံကြွရောက် ချီးမြှင့်ခဲ့ပါတယ်..။
ဆရာတော်ကို ကြည်ညိုကြတဲ့ တပည့်ဒါယိကာများ၊ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ မျိုးဆက်သစ် လူငယ်များအစည်းအရုံး၊ ဗကသများအဖွဲ့ချုပ်နဲ့ အခြားလူမှုရေး အဖွဲ့ဝင်များ လိုက်ပါ ကုသိုလ်ယူခဲ့ကြပါတယ်..။ ရရှိတဲ့လှူဖွယ် ပစ္စည်းများနဲ့ အလှူငွေများအား လှိုင်သာယာမီးဘေး ဒုက္ခသည်များအား ဆက်လက် သွားရောက် ပေးအပ်လှူဒါန်းခဲ့ပါတယ်..။
ဆရာတော်ကို ကြည်ညိုတဲ့ ဒကာမတဦးရဲ့ ငိုကြွေးနေတဲ့ စိတ်မကောင်းဖွယ် မြင်ကွင်းပါ...
အမှန်တရားဘက်က ထောက်ခံကြတဲ့ အမှန်တရားဘက်က ရပ်တည်ကြတဲ့ ပြည်သူအများစုပါ။ အနည်းစုရဲ့ အဓမ္မ ဆုံးဖြတ်ချက်ကို လက်ခံရတော့မယ့် အနေအထားကို ရောက်နေရတာပါ။
 အမှန်တရားအတွက် ကျခဲ့ရတဲ့ ပြည်သူတွေရဲ့ မျက်ရည် သစ္စာဖြစ်ပြီး အဓမ္မဝါဒီများအပေါ် သစ္စာဖြင့် အောင်နိုင်ပါစေ..
 ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မနီလာသိန်း၊ မမီးမီး
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ
Unknown at 9:27 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.