စစ်ကိုင်း-မင်းဝံတောင်ရိုးတစ်နေရာ၊ ပဒူကျေးရွာအုပ်စုနီး တောင်ခမောက်တောင်ကျောတွင် အစိမ်းရောင်ရှိသော တွင်းထွက်ကျောက်တစ်မျိုး ထွက်ပေါ်နေကြောင်း သိရပြီး ဒေသခံများအပါအ၀င် ရပ်ဝေးမှပါ လာရောက်ပြီး ရှာဖွေရောင်းချခြင်းများရှိနေကြောင်း သတင်းရရှိပါသည်။
၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းမှ စတင်တွေ့ရှိခြင်းဖြစ်ကြောင်း သိရပြီး အစိမ်းရောင်ရှိသောကြောင့် ဒေသခံများက ကျောက်စိမ်းဟု ယူဆလျက်ရှိနေပြီး စစ်ကိုင်းမြို့မှ ကျောက်စိမ်းပုတီးစေ့လုပ်ငန်းလုပ်ကိုင်သူများ သွားရောက်လေ့လာနေကြသလို မန္တလေး၊ လာရှိုးမြို့များမှ ကျောက်စိမ်းအရောင်းအ၀ယ်ပြုလုပ်သူများပါ လေ့လာနေကြောင်း သိရသည်။
''တွေ့ရသလောက် ကျောက်တွေက သက်တမ်းနုပါတယ်။ ကျောက်သားက ပွနေတော့ ပုတီးလုပ်ဖို့အတွက် မဖြစ်နိုင်ပါဘူး။ ဒေသခံတွေအတွက်တော့ ၀င်ငွေရသွားတာပေါ့။ ထောင်ငွေ၊ သောင်းငွေတောင်မကဘူး။ ငါးသိန်းနဲ့ အရောင်းအ၀ယ်ဖြစ်သွားတဲ့သူလဲ ရှိတယ်ကြားရတယ်။ လာရှိုးက ကျောက်ပွဲစားတွေတောင် ဆင်းလာတယ်လို့ သိရတာပဲ။ အခုတော့ သစ်တောနဲ့ ရဲက နယ်မြေကို လုံခြုံရေးယူထားလိုက်ပါပြီ''ဟု စစ်ကိုင်းမြို့မှ ပုတီးစေ့လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။''စစ်ကိုင်းတောင်ရိုးဟာ သဲကျောက်နဲ့ ဖွဲ့စည်းထားတာဖြစ်လို့ ကျောက်စိမ်းမထွက်နိုင်ပါဘူး။ jadeit နဲ့ Nephrite ပါဝင်မှသာ ကျောက်စိမ်းလို့ ပြောနိုင်ပါတယ်။ အခုတွေ့ရတဲ့ အစိမ်းရောင်ကျောက်တွေဟာ ခရိုမိုက်ပဲဖြစ်နိုင်ပါတယ်''ဟု ဘူမိဗေဒပညာရှင်တစ်ဦးက ဆိုသည်။''ပဒူကျေးရွာအုပ်စုထဲက တောင်ရင်းရွာနားလေးက တောင်ကြောတစ်လျှောက်မှာ တွေ့တာပါ။ အနည်းဆုံး ထမင်းစားကျောက်လို တနိုင်တပိုင်တူးပြီး ရောင်းဝယ်ကြသလို သိန်းဂဏန်းရောင်းရတဲ့သူတွေလည်း ရှိတယ်'' ဟု ပဒူတောင်ရင်းရွာမှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
EMG
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge