Friday, February 17, 2012

ကားနှင့် ပါမစ်ဈေးနှုန်းများ တရွေ့ရွေ့ကျဆင်းလာလျှက်ရှိ

ကားတင်သွင်းခွင့် စတင်ရရှိချိန်က ၀ယ်လိုအားများခဲ့သော မော်ဒယ်အမြင့် ကားအများစု၊ ကားပါမစ်ဈေးနှုန်းနှင့် အပ်နှံရမည့် ကားဟောင်းဈေးနှုန်းတို့ မှာ ကားဈေးကွက်အတွင်း ထွက်ပေါ်နေ သည့် သတင်းအချို့ကြောင့် ဇန်န၀ါရီ လလယ်ပိုင်း စတင်၍ ဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာခဲ့ကြောင်း ကားဝယ်ရောင်းများက ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက မော်တော်ယာဉ် စီးရေ ၁၇,၀၀၀ ကျော်ကို နိုင်ငံခြားဝင်ငွေ ရရှိသူများအား ကားသွင်းခွင့် ပေးလိုက်သည့် ကြေညာချက်မှာလည်း ယခင်လက ထွက်ပေါ်လာခဲ့သည်။
သို့သော် ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ စီးပွား/ကူးသန်း၌ အစီးရေ ၂,၅၀၀ ကျော် အတွက်သာ လိုင်စင်လျှောက်ထားရ သေးကြောင်း သိရသည်။ ထို့ပြင် ကားဝန်ဆောင်မှုကုမ္ပဏီများမှ ကားများ ဆက်တိုက်တင်သွင်းနေခြင်း ကြောင့်လည်း ကားဈေးနှုန်း ကျဆင်းလာ ခြင်းဖြစ်သည်။
ပို့ကုန်လုပ်ငန်းရှင်များ၊ သင်္ဘောသားများနှင့် နိုင်ငံခြားတွင် လုပ်ကိုင်နေသူ အချို့မှာ ပါမစ်ကိုင်ဆောင်ထားပြီး တချို့မှာလည်း ၀ယ် ယူပြီးဖြစ်သောကြောင့် ဖေဖော်ဝါရီလဆန်းတွင် ၎င်းတို့ကားများ ရောက်ရှိလာတော့မည်ဖြစ်သည်။
၂၀၀၇ နှင့်အထက် မော်ဒယ်ကားများ ရောက်လာချိန်တွင် ၂၀၀၂ မော်ဒယ် ကားများမှာ ဈေးနှုန်းကွာဟသော်လည်း ဈေး ထပ်မံကျဆင်းမှာဖြစ်ကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုယိုတာမတ်တူး ၂၀၀၄ မော်ဒယ် (ရွှေငါး)မှာ ၀ယ်လိုအားပေါ်မူတည်၍ ဇန်န၀ါရီလလယ်ပိုင်း ဈေးထက် ကျပ်သိန်း ၅၀ လာက် ကျဆင်းခဲ့သောကြောင့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကျပ်သိန်း ၃၀၀ ကျော်သာ ရှိတော့သည်။
တိုယိုတာ ဟာရီယာမှာလည်း ကျပ်သိန်း ၅၀၀ နီးပါးမှ သိန်း ၄၂၀-၃၀ သို့ ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။ "ရွှေငါးဆို အ၀င်အရမ်းများလာတယ်။ ၀ယ်တဲ့သူကလည်း ကားမကောင်းရင် မ၀ယ်တော့ဘူး။ ဂရိတ်ခွဲပြီး စကား ပြော လာတယ်"ဟု ၎င်းက ပြောသည်။
ဟာရီယာမှာလည်း ဆီစားနှုန်းမြင့်သော ကြောင့် ၀ယ်လိုအားနှေးကာ ဈေးကျသွားကြောင်း ပြောသည်။
ကားသစ်တင်သွင်းခါစအချိန်က ယင်းတို့မှာ လူကြိုက်အလွန်များခဲ့ပြီး ဂျပန်လေလံဈေးများလည်း အဆများစွာ မြင့်တက်ခဲ့သည်။
ထို့ပြင် သင်္ဘောသားပါမစ်များ ကျလာ ချိန်တွင် အချို့မှာ ၎င်းတို့ပါမစ်ကို ပြန်ရောင်းထုတ်လိုသောကြောင့် ပွဲစားများက ဈေးသက် သာသာနှင့် ၀ယ်ယူနိုင် ရန် ဈေးမည်ဟု ပြောဆိုခြင်းလည်း ဖြစ်နိုင်ကြောင်း အသက် ၄၀ အရွယ်ရှိ သင်္ဘောသား ဦးကျော်နိုင်က ပြောသည်။
သင်္ဘောသား ကားပါမစ်များမှာမူ ဘဏ်တွင်းထည့်ထားသည့် ငွေအနည်းအများ ပေါ်မူတည်ပြီး ကျပ်သိန်း ၇၀ ၀န်းကျင်မှ ဘဏ် အပ်ငွေ အမေရိကန် ဒေါ်လာ ၃၀,၀၀၀ နှင့်အထက်ဖြစ်လျှင် ကျပ်သိန်း ၈၀ အထိရသည်။
ကားဟောင်းဖျက် တင်သွင်းသော ပါမစ်များမှာမူ ယခုအချိန်တွင် ကျပ်သိန်း ၁၂၅-၁၃၀ ဖြစ်ပြီး ဇန်န၀ါရီလလယ်က ဈေး ကျပ်သိန်း ၁၃၅၊ ၁၄၀ မှ ကျသွားခြင်း ဖြစ်သည်။
ဇန်န၀ါရီလဆန်းပိုင်းကမူ ဆိပ်ကမ်းအရောက် တန်ဖိုးမြှင့်လိုက် သောကြောင့် ကျပ်သိန်း ၁၆၀ အထိ ဈေးတက်သွားခဲ့ဖူးသည်။
"လူတိုင်း ကားဝယ်ယူခွင့်ရှိမယ်ဆိုတဲ့သတင်းကြောင့် ဈေးကျတာ။ အခုထိတော့ ဒီမူဝါဒက ဘယ်အချိန်ဖြစ်မယ်ဆိုတာ မသိရသေးဘူး။ နိုင်ငံတော်က တရားဝင်ထုတ်ပြန်တာကိုပဲ စောင့်ရမယ်"ဟု စီးပွား/ကူးသန်း ၀န်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
ယမန်နှစ် နိုဝင်ဘာလဆန်းမှ ယခု ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလကုန်အထိ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် တန်ဖိုးရှိ ကားစီးရေ ၂၃,၀၀၀ ကျော် တင်သွင်းခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
 အေးသီတာကျော်(မြန်မာ့တိုင်းမ်)

Unknown at 9:14 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.