Friday, February 17, 2012

နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှဟောပြော တင်ပြခွင့်


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့် ကြေညာချက်အမှတ် (၁၂/၂၀၁၂) ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ကြေညာချက်တွင် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့် မဲဆန္ဒနယ် (၄၈) နယ်၌ ကြားဖြတ်ရွေးကောက်ပွဲများကို ၁.၄.၂၀၁၂ ရက် (တနင်္ဂနွေ)နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် (၆၁/၂၀၁၁) ဖြင့် ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါသည်။ လစ်လပ်မဲဆန္ဒနယ် အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းသွင်းထားသည့် နိုင်ငံရေးပါတီ (၁၇) ပါတီအား ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးမဲဆွယ်ရန် မိမိတို့ပါတီ၏ မူဝါဒသဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခွင့်ပြုမည် ဖြစ်ပါသည်။ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများသည် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြလိုလျှင် သက်ဆိုင်ရာ ပါတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက မိမိတို့ပါတီအတွက် အချိန်ဇယားဖြင့် သတ်မှတ်ပေးသည့်ရက်မတိုင်မီ အနည်းဆုံး (၇) ရက် ကြိုတင်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ဟောပြောတင်ပြလိုသည့် စာမူနှင့်အတူ ခွင့်ပြုမိန့် လျှောက်ထားရမည်။ (ခွင့်ပြုမိန့်လျှောက်ထားသည့် စာမူသည် (A4) အရွယ်အစားစက္ကူ (၇) မျက်နှာထက်မပိုစေရပါ။) ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်မှ ဟောပြောခွင့်ပြုရန် လျှောက်ထားကြသည့် နိုင်ငံရေးပါတီများအား အဆင်ပြေစွာ အလှည့်ကျ ဟောပြောတင်ပြနိုင်စေရန်အတွက် နိုင်ငံရေးပါတီတစ်ခုချင်းအလိုက် ဟောပြောတင်ပြခွင့် ရရှိသည့် နေ့ရက်နှင့် အချိန်ဇယားကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းသတ်မှတ်ပေးပါမည်။ နိုင်ငံရေးပါတီများသည် ကြေညာချက်ပါ တားမြစ်ချက်တစ်ရပ်ကိုဖြစ်စေ၊ ခွင့်ပြုမိန့်ပါ သတ်မှတ်ချက် သို့မဟုတ် စည်းကမ်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည့်အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရလည်း အရေးယူခြင်း ခံရမည်ဖြစ်သည်။ သို့ဖြစ်၍ ၁.၄.၂၀၁၂ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများသည် စည်းရုံးမဲဆွယ်ရန် ကိစ္စအလို့ငှာ မိမိတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြမှုများ ပြုလုပ်ကြရာတွင် ဤကြေညာချက်နှင့်အညီ ဆောင်ရွက်ကြရန် ဖြစ်ပါသည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 3:31 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.