Monday, January 30, 2012

3G နှင့် 4G ကြားကွာခြားချက်များ



စာဖတ်သူ အားလုံးပဲ့ မင်္ဂလာပါ။ ကျွန်တော်တို့ နေ့စဉ်တိုးတက်နေတဲ့ နည်းပညာတွေကို ကိုယ်တိုင် ကိုယ်ကျ မထွင်နိုင်သေးသလို သူများ ထွင်တဲ့ နည်းပညာတိုင်းကို သိဖို့ ကြိုးစားနေကြတာလည်း မမှီနိုင်သေးတာတော့ စိတ်မကောင်းစရာပါပဲ့ ဒီလိုပါပဲ့ ကျွန်တော်တို့  နည်းပညာ လက်လှမ်းမှီဖို့ တိုးတက်ဖို့ ဘယ်လို ကြိုးစားကြရဦးမယ်ဆိုတဲ့ အသိ လေးတွေကိုတော့ လူတိုင်းရင်ထဲ့စွဲထားစေချင်ပါတယ်ဆိုတာလေးနဲ့ အစပြုပါရစေ..
ကဲ့ ဒီနေ့တော့ ကျွန်တော်တို့ 3 G နဲ့ 4G ကို ကွာခြားချက်တွေကို ပြောပြပေးပါမယ်။ ကဲ့ ဘာတွေ ကွာလည်း မသွားခင်မှာ ဒီ 3G နဲ့ 4G က Phone တွေ Tablet တွက် Mobile internet ဆိုတာကို အရင် သိထားပေးရပါမယ်။ ဒီကနေစလို့ သူတို့ နှစ်ခု ရဲ့ မတူညီတဲ့ ကွဲပြားချက်လေးတွေကို ကျွန်တော် ဖော်ပြရေးသားချင်ပါသေးတယ်။ ဒါတွေကတော့ ….



ပထမ အချက်...

3 G က 3rd generation ကို အစွဲပြုပြီး 3G လို ခေါ်တာ ဖြစ်သလို 4G ကလည်း 4rd generation ကို အစွဲပြုပြီး ခေါ်ဆိုတာ ဖြစ်ပါတယ်။ နောက်တခုက သူတို့ နှစ်ခုလုံးက mobile internet တွေ အတွက် တီထွင်လာခဲ့တာပါ။ ဒီနေရာမှာတော့ 4G က 3G ထက် သာသွားတဲ့ အချက်က 4 G မှာ 3G မှာ ရှိတဲ့ Feature တွေကိုရော နောက်ထပ် ပေါင်းထည့် Feature တွေရော ပါဝင်လာတာပါပဲ့ ။ 3G ကို ထပ်ပြီး Develop လုပ်ထားတယ်လို့ ဆိုလို့ ရပါတယ်။


ဒုတိယ အချက်...

ဒီအချက်အနေနဲ့ကတော့ technologies  ပါပဲ့။3 G မှာ သုံးထားတဲ့ technologies  က widespread ကို အသုံးပြုပေ့မယ် 4G  ပေါ်လာချိန်မှာတော့ သူရဲ့ compliant technologies ကို သုံးထားပါတယ်။ သူတို့နှစ်ခုကတော့ မြင်းပြိုင်လိုပါပဲ့။ the horizon technologies လို ဆိုပါတယ်။



တတိယ အချက်..

အင်တာနက် connection speed ပါပဲ့။ သူ့မှာတော့ 3G က download speed က 14Mbs သာ ရှိပြီး Upload Speed ကတော့ 5.8 Mbs ပဲ့ ရှိပါတယ်။ ဒီနေရာမှာတော့ 4G ကတော်တော်လေး သာသွားပါပြီ.။ 4G က တော့ ပြောမနေနဲ့တော့ Internet speed ကို 100Mb အသုံးချခွင့်ရမှာ ဖြစ်ပါတယ်။

စတုတ္တအချက်..

နောက်ဆုံးအချက်အနေနဲ့ကတော့ သုံးထားတဲ့ Package ပါပဲ့ .။ အင်တာနက်အတွက် 3G က a mix of circuit and packet switching network ကို အသုံးပြုနေချိန်မှာ  4G    ကတော့ a packet switching network တခုတည်းကိုပဲ့ အသုံးပြုထားပါတယ်။



ဖြည်စွက်ချက်...




3GS ဆိုတာ ရှိပါသေးတယ်။  S ဆိုတာကတော့ Speed ကို ဆိုလိုတာပါ။ 3G ရဲ့ Feature တွေနဲ့ အတူတူပါပဲ့။ 3G မှာ youtube ကို Upload တင်လို့မရတာတွေနဲ့ error အနည်းငယ်ကို 3 GS မှာ ပြင်ဆင်ပေးထားပါတယ်။နောက်ဆုံးတခုကတော့ battery life က 3g ထက် 3 GS က ပိုကောင်းပါတယ်။



3G နဲ့ 4G ကြားမှာ ကွားခြားချက်ကြီးကြီးမားမားပြပါဆိုရင်တော့ technologies ,data transfer rate နှင့် speed ပါပဲ့။ပုံတွေကိုပါ ကြားညှပ်တခု အနေနဲ့ ထည့်ထည့်ပေးပြီး ကွာခြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလောက်ဆိုရင် လူတိုင်း အကြမ်းဖျင်း နားလည်နိုင်ကြမယ် ဗဟုသုတရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။နောက်ထပ် ပိုပြီး သိနိုင်အောင်လို့ ကျွန်တော် အောက်မှာ အကြမ်းဖျင်းထပ်ဖြည့်ပေးလိုက်တဲ့အပြင် Video လေးနဲ့ ရှင်းပြထားတာကိုပါ ထည့်ပေးလိုက်ပါတယ်။
 


Generation - Definition - Technologies - Speeds

1G - Original analog cellular for voice (AMPS, NMT, TACS) 14.4 kbps
2G - Digital narrowband circuit data  (TDMA, CDMA) 9-14.4 kbps
2.5G - Packet data onto a 2G network (GPRS, EDGE) 20-40 kpbs
3G - Digital broadband packet data (CDMA, EV-DO, UMTS, EDGE) 500-700 kbps
3.5G - Replacement for EDGE is (HSPA) 1-3 mbps
4G - Digital broadband packet data all IP (Wi-Fi, WIMAX, LTE) 3-5 mbps
5G - Gigabit per second in a few years (?) 1+ gbps

အောက်မှာ ရှင်းပြထားတဲ့ ဆရာရဲ့ ရှင်းလင်းချက်တွေကိုတော့နားထောင်ကြည့်ပါ။ နားလည်မယ်လို့ မျှော်လင့်ပါတယ်။

http://link.brightcove.com/services/player/bcpid1243511167?bctid=1628434330

ဒါကတော့ အသံဖိုင်နဲ့ ရှင်ပြထားတဲ့ Mp3 ဖိုင်ပါ။

http://www.drtechtalk.com/media/mediablog/podcast/site/3G_vs_4G.mp3

ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံသိချင်တယ်ဆိုရင် အောက်ကလင့်တွေမှာ သွားဖတ်နိုင်ပါတယ်။

http://en.wikipedia.org/wiki/4G
http://en.wikipedia.org/wiki/3G
http://en.wikipedia.org/wiki/3GS
http://en.wikipedia.org/wiki/IPhone_3G


အားလုံးအဆင်ပြေပါစေ
www.nayminmaung.info မှကူးယူဖော်ပြပါသည်။
Unknown at 3:03 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျပ်ငါးထောင်တန်ဖုန်း ရောင်းချမည့် အစီအစဉ် မဖြစ်နိုင်

ရွှေပြည်တံခွန်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တာဝန်ရှိသူက ကျပ်ငါးထောင်ဖြင့်ရောင်းချမည်ဆိုသော ထိုစီမံကိန်း၏ နည်းပညာပိုင်းဆိုင်ရာအစီအမံ(Technical Plan)များကို မေးမြန်းခဲ့ရာ ဦးလွင်နိုင်ဦးက ၄င်းမှာ စီးပွားရေးအစီအမံများ(Business Plan) ကိုသာ သိရှိပြီး ထိုမေးခွန်းနှင့်ပတ်သက်၍ မဖြေနိုင်ကြောင်း ပြောကြားခဲ့သည်။ ၄င်းက ယနေ့ ဆက်သွယ်ရေးတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စီးပွားရေးအစီအမံများကိုသာ ပြောကြားခဲ့သော်လည်း ထိုစီမံကိန်းအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်မည့်အစီအစဉ်များနှင့်ပတ်သက်၍မူ ပြောပြနိုင်ခဲ့ခြင်းမရှိပေ။
ရွှေပြည်တံခွန်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဘက်မှ တက်ရောက်လာသည့် တာဝန်ရှိသူများကို ၄င်း၏ ငါးထောင်တန်ဖုန်းစီမံကိန်းနှင့်ပတ်သတ်ပြီး power point တင်ပြချက်ဖြင့်ရှင်းလင်းစဉ်။ ဓာတ်ပုံ-ဝေယံ
ဆက်သွယ်ရေးနည်းပညာဥပဒေများအရကျပ် ငါးထောင်ဖြင့်မိုဘိုင်းဖုန်း ရောင်းချမည့် အစီအစဉ်မှာ လက်တွေ့တွင် မဖြစ်နိုင်သေးပေ။
ရန်ကုန်၊ ဇန်န၀ါရီ- ၂၉
ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပြီး ကျပ်ငါးထောင်ဖြင့် မိုဘိုင်းဆင်းမ်ကဒ်များကို ရောင်းချပေးမည်ဆိုသည့် အစီအစဉ်သည် ယခုလက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနည်းပညာဥပဒေများအရဆောင်ရွက်နိုင်ဦးမည်မဟုတ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး
ရုံးမှ ဦးဆောင်ညွှန်ကြားရးမှူးက ပြည်တွင်းမီဒီယာများသို့ တရားဝင်ပြောကြားလိုက်သည်။

ယနေ့နံနက် ၉ နာရီဝန်းကျင်တွင် ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ဆက်သွယ်ရေးသင်တန်းကျောင်းအတွင်း ပြုလုပ်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဌာနအသီးသီးမှ အဓိကတာဝန်ရှိသူများနှင့် အဆိုပါ ပုဂ္ဂလိကုမ္ပဏီဖြစ်သည့် ရွှေပြည်တံခွန်ကုမ္ပဏီတို့၏ နှစ်ဖက်တွေ့ဆုံရှင်းလင်းပွဲတွင် တက်ရောက်လာသည့် မီဒီယာများသို့ပြောကြားခဲ့ကြခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက "ဆက်သွယ်ရေးအနေနဲ့ ဘယ်လိုပုဂ္ဂလိက ကဏ္ဍရဲ့ ဆောင်ရွက်ချက်မျိုးကိုမဆို လက်ခံပါတယ်။ ဒီစီမံကိန်းကို ခွင့်မပြုတာမဟုတ်ပါဘူး။ တည်ဆဲဥပဒေတွေနဲ့မကိုက်ညီတာတွေ ရှိနေတာကြောင့် လောလောဆယ်အနေထားမှာ လုပ်ငန်းဆောင်ရွက်ခွင့် မရနိုင်သေးတာပါ"ဟု ပြောကြားသည်။

ယင်းတွေ့ဆုံရှင်းလင်းပွဲမှာ ရွှေပြည်တံခွန်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဘက်မှ တက်ရောက်လာသည့် တာဝန်ရှိသူများကို ၄င်း၏ ငါးထောင်တန်ဖုန်းစီမံကိန်းနှင့်ပတ်သတ်ပြီး power point တင်ပြချက်ဖြင့်ရှင်းလင်းခဲ့သည်။
သို့သော် ၄င်း၏ ရှင်းလင်းတင်ပြချက်အပြီးတွင် ဆက်သွယ်ရေးဘက်မှ တာဝန်ရှိသူများ မေးမြန်းလာသည့် နည်းပညာပိုင်းဆိုင်ရာ စီမံကိန်းများနှင့် ဆောင်ရွက်ရမည့် အခြေအနေများကိုမူ ထိုကုမ္ပဏီ၏ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းပြောဆိုနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။

ထိုကုမ္ပဏီက နိုင်ငံတော်သမ္မတရုံးသို့ ၎င်းစီမံကိန်းကို တင်ပြထားပြီးနောက် ဇန်န၀ါရီလ၂၅ ရက်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့လည်း အဆိုပြုလွှာ တင်သွင်းထားသည်။ သို့သော် မြန်မာ့ဆက်သွယ်ရေးသို့ တင်ပြထားသည့် အဆိုပြုလွှာတွင်မူ ကျပ် ၅၀၀၀ ဖြင့်ရောင်းချပေးမည်ဟူသည့် အဆိုပြုလွှာမပါရှိဘဲ ၎င်းတို့ကုမ္ပဏီကို ဆက်သွယ်ရေးနှင့် Second Mobile Operator အဖြစ် ငါးနှစ်သက်တမ်းလုပ်ကိုင်ဆောင်ရွက်ခွင့်ပေးရန်ကိုသာ တောင်းဆိုထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာဖြစ်သည့် တာဝန်ရှိသူက ''လက်ရှိ ရွှေပြည်တံခွန်ရဲ့ စီမံကိန်းကာလဟာ အရမ်းကိုအချိန်နည်း ပါးလွန်းပါတယ်။ တကယ်တမ်း ဆက်သွယ်ရေးစီမံကိန်းတစ်ခုအတွက် အဆင့်တစ်ခုချင်းစီအလိုက်ကို တာဝန်ယူရလုပ်ဆောင်ရတဲ့ အချိန်ဟာ မနည်းလှပါဘူး။ ဒါကြောင့်မို့ လက်တွေ့မှာ လေးငါးခြောက်လတည်းနဲ့ မိုဘိုင်းဖုန်းသန်းဂဏန်းအရေအတွက်ကို ထုတ်ပေးနိုင်တယ်ဆိုတာဟာ စဉ်းစားစရာပါ" ဟု သုံးသပ်ပြောကြားခဲ့သည်။
ခွင့်ပြုချက်ကျလာသည်နှင့် အချိန်သုံးလမှ ခြောက်လအတွင်း မိုဘိုင်းဆင်းမ်ကဒ် တစ်သန်းကို ထုတ်လုပ်မည်ဟုဆိုသည့် အထက်ပါကုမ္ပဏီက ထုတ်လုပ်မည့် မိုဘိုင်းဖုန်းစနစ်မှာ ၄င်းတို့ထုတ်လုပ်သည့် မိုဘိုင်းဖုန်းနက်ဝါ့ခ်အချင်းချင်းသာ ပြောဆိုနိုင်သည့် (ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချထားသည့် မည်သည့်ဖုန်း ကိုမျှ ဆက်သွယ်နိုင်ခြင်းမရှိသည့်စနစ်) တစ်ခုဖြစ်နေခြင်းဖြစ်ကြောင်းလည်းသိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ရွှေပြည်တံခွန် ကုမ္ပဏီ၏ ရည်ရွယ်ချက်သည် ၄င်းတို့လုပ်ငန်း၏ ရည်ရွယ်ချက်နှင့်တူညီပါကြောင်းကိုလည်း အထက်ပါလုပ်ငန်း၏ တာဝန်ရှိသူများက ပြောဆိုကြသည်။ သို့သော် မတူညီသည့် အချက်များရှိနေသေးသဖြင့် ထိုမတူညီသည့်အချက်အလက်များကို ညှိနှိုင်းကာ ပူးပေါင်းဆောင်ရွက်မှုများဖြစ်လာနိုင်ကြောင်းကိုလည်း ဆက်လက်ပြောကြားကြသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် ဆက်သွယ်ရေးဥပဒေမူကြမ်းကို နိုင်ငံတော်ရှေ့နေချုပ်ရုံးအဆင့်သို့ တင်ပြထားပြီဖြစ်ပြီး အဆိုပါဥပဒေထွက်ပေါ်လာပါက ပြည်တွင်း၏ ဆက်သွယ်ရေးလုပ်ငန်းရပ်များတွင် Second Operator ဖြစ်သည့် ပုဂ္ဂလိက ကုမ္ပဏီလေးခုခန့်ကို ဆောင်ရွက်ခွင့်များပေးသွားရန်ရှိကြောင်း အထက်ပါရှင်းလင်းပွဲမှသိရသည်။လက်ရှိတွင် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားသည့် ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ အဆိုပြုလွှာများမှာရွှပြည်တံခွန်ကုမ္ပဏီတစ်ခုတည်းမဟုတ်ပဲ ရာဂဏန်းနှင့်ချီပြီးရှိနေသည်ဟုသိရသည်။

ထိုအရေအတွက်များတွင် ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးမြှပ်နှံလုပ်ကိုင်လိုသည့် ကုမ္ပဏီများ၏ အဆိုပြုလွှာများမှာ ပြည်တွင်းထက် ပိုမိုများပြားကြောင်း အထက်ပါဦးဆောင်ညွန်ကြားရေးမှူကပြောသည်။ယခုလက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် မိုဘိုင်းဖုန်းအသုံးပြုခများမှာ အခြားနိုင်ငံများထက်ဈေးကြီးနေရခြင်းမှာ အခြေခံအဆောက်အဦများကို ရင်းနှီးတည်ဆောက်ရမှု၊ နိုင်ငံတော်မှချပေးသည့် ဘတ်ဂျတ်ကို ရေရှည်အသုံးပြုခွင့်မရပဲ သတ်မှတ်နှစ်များအတွင်း အမြတ်ငွေအဖြစ် ပေးဆောင်နေရခြင်းများကြောင့်ဖြစ်ကြောင်း အထက်ပါတွေ့ဆုံရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများကပြောသည်။သို့သော် အစိုးရအနေဖြင့် ပြည်တွင်း၏ မိုဘိုင်းဖုန်းအသုံးပြုခများကို တဖြည်းဖြည်းချင်း တစ်ဆင့်ဆင့်ချင်း လျော့ကျသက်သာအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု တာဝန်ရှိသူများကဆိုသည်။
Unknown at 1:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဇေကမ္ဘာ ကန်သင်းတွေဖြိုလိုက်ပြန်ပြီ







ကျွန်တော်တို့ ဟာ ဦးခင်ရွှေနဲ့ ဇေကမ္ဘာ ကုမ္ပဏီကို တိုက်ခိုက်နေကြတာမဟုတ်ဘူး ။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အစိုးရကိုလည်း တိုက်ခိုက်နေကြတာမဟုတ်ဘူး ။ အမှန်တကယ် လိမ်ညာလှည့်ဖြား - ရပ်ကွက် ဥက္ကဌအဟောင်း ဦးထွန်းနိုင် နဲ့ ဇေကမ္ဘာ ကုမ္ပဏီကပူးပေါင်းပြီး မြေယာမတရားရယူမှုကြောင့် နစ်နာသူ တောင်သူတွေအတွက် တိုက်ပွဲဝင်နေကြတာဖြစ်တယ် ။ ဇေကမ္ဘာ ကုမ္ပဏီမဟုတ်ဘဲ ပေတရာကုမ္ပဏီဆိုလည်း ကျွန်တော်တို့ နစ်နာမှုအတွက် တိုက်ပွဲဝင်ရမယ် ။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အစိုးရမဟုတ်ဘဲ - ဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်နေရင်လည်း နစ်နာမှုအတွက် တိုက်ပွဲဝင် ရမှာဘဲ စစ်သားလူထွက် အစိုးရမဟုတ်ဘဲ ကျောင်းသား လူထွက် အစိုးရဖြစ်နေရင်လည်း ကျနော်တို့ လယ်သမားတွေ နစ်နာမှုအတွက် တိုက်ပွဲဝင်ရမယ် ။ နစ်နာသူတွေထဲမှာ ကျနော့်အမျိုးတွေမပါသလို - နောင်လာမဲ့ ရွေးကောက်ပွဲတွေအတွက် ကြိုတင်မဲဆွယ်နေတာလည်း မဟုတ်ဘူး ( အဲသလိုအထင်ခံရပြီး လှုပ်ရှားမှုရဲ့ တန်ဖိုး ကျမှာစိုးလို့ ကျနော်သစ္စာဆိုတယ် ။

နောင်အစဉ်အဆက် နေမျိုးဝေ မည်သည့်ရွေးကောက်ပွဲမှ မ၀င်ပါ ။ ဤစာကို အားလုံးမှတ်တမ်းတင်ပေးကြပါ ) ဒီနေ့ ( ၂၈ . ၁. ၂၀၁၂ ) ညနေ ၅း၃၀ ) မှာ ရွှေနံ့သာ အုပ်ချုပ်ရေးမှူးနဲ့တွေ့ဆုံခဲ့ပါတယ် စာနဲ့ ဗီဒီယို အခွေပေးခဲ့ပါတယ် ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေနဲ့ တည်ဆဲ ၁၉၅၃ ခု နှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေကို မသိပါ ။ ၁၉၆၃ ခု နှစ် သီးစားချထားရေးဥပဒေပါ လုပ်ပိုင်ခွင့်ကို မသိပါ ။ သူ လုံးဝဆုံးဖြတ်ခွင့်မရှိကြောင်း ပြောပါတယ် -

ဒီနေ့ ည ၇ နာ၇ီခန့်မှာဘဲ ရွာသား ၃၀ လောက်နဲ့ ဇေကမ္ဘာ မန်နေဂျာ ဦးမြင့်ဇော်ကို သွားတွေ့ပါတယ် ။ ကန်သင်းတွေ မြေတူးစက်နဲ့ မထိုးဖို့ ညှိကြည့်ပါတယ် ( နေ့လည် ကတည်းက အခုထိ ဆက်တိုက် ဘူဒိုဇာနဲ့ထိုးနေပါတယ် ) ။ လုံးဝ အဆင်မပြေခဲ့ပါဘူး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ကန်သင်းတွေကို ထိုးနေတယ်လို့ဖြေပါတယ် ။ ကျနော်တို့ ကုမ္ပဏီနဲ့ ဥက္ကဌဟောင်း ကို တရားစွဲဖို့ ဆုံးဖြတ် လိုက်ပါပြီ ။
Unknown at 1:09 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

လူသိများသူနှစ်ဦး၏ လူသိနည်းသော နောက်ကြောင်းတစ်ခု

 
 
ဦးရော်နီညိမ်း
 
သူကတော့ အားလုံးသိတဲ့အတိုင်း VOA အသံလွှင့်ဌာနကြီးက အသံလွှင့်သတင်းထောက် ဦးရော်နီညိမ်းပါ ၊ တပ်မှုးတပ်သား ပြောစကားအပါအ၀င် စစ်ဘက်ဆိုင်ရာ အစီအစဉ်တွေကို စီစဉ်တင်ဆက်သူတစ်ဦးပါ ။

 
ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်
 
ဒါကြီးကတော့ ကမ္ဘာကျော် ဗိုလ်မှုးဟောင်း အောင်လင်းထွဋ်ပါ ၊တပ်ထဲမှာနေတော့ ထောက်လှမ်းရေးမှာနေ ၊ ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနကိုပြောင်းပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်ကိစ္စမှာ ထောက်လှမ်းရေးဟောင်းတွေ ကိုမြေလှန်တဲ့အထဲ ပါမှာစိုးလို့ သံမှုးကြီး ရာထူးကနေထွက်ပြေးပြီး အမေရိကန်နိုင်ငံမှာ ခိုလှုံနေသူပါ ။

သူထွက်ပြေးကာစက VOA က ဦးရော်နီညိမ်းနဲ့ အောင်လင်းထွဋ်တို့ဟာ တွေ့ဆုံခန်းတွေအကြိမ်ကြိမ်လုပ်ပြီး တစ်ခါမှ မတွေ့ဘူး မသိဘူးတဲ့လူတွေလိုလိုနဲ့ ဦးရော်နီညိမ်းကလဲ " ဟုတ်ကဲ့ဗိုလ်မှုးခင်ဗျ ...ဒီတပ်ထဲမှာ .." ဘာညာဆိုပြီး အစချီကာ မေးခွန်းတွေမေး ၊ အောင်လင်းထွဋ်ကလည်း " ကျွန်တော် တပ်ထဲမှာနေခဲ့စဉ်က အတွေ့အကြုံရပြောရမယ်ဆိုရင် ... ကိုရော်နီညိမ်းလဲ သိတဲ့အတိုင်းပဲ လေ.. ဒီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ..." ဆိုပြီး ထင်ရာမြင်ကြောင်းတွေဖြေ အတိုင်အဖေါက်ညီခဲ့ကြတာကို မှတ်မိကြဦးမှာပါ ။


တကယ်တော့ သူတို့နှစ်ယောက်ဟာ ငယ်သူငယ်ချင်းအရင်းကြီးတွေပါ ....၊ လုပ်ဖေါ်ကိုင်ဘက်ဟောင်းတွေပါ ၊ဘာလို့လဲ ဆိုတော့ သူတို့နှစ်ယောက်လုံးဟာ စစ်တက္ကသိုလ် အပတ်စဉ် ( ၂၀ ) ကနေ ကျောင်းဆင်းခဲ့ကြတဲ့ တစ်ပတ်စဉ်ထဲ သူငယ်ချင်းတွေ ဖြစ်နေလို့ပါဘဲ......။ အောင်လင်းထွဋ် ခုလိုထွက်ပြေးနိုင်အောင်၊ အမေရိကန် ပြည်ထောင်စုမှာ ခုလိုနေနိုင်အောင်လဲ ဦးရော်နီညိမ်းကပဲ အချို့ကိစ္စများ မှာ အကူညီပေးခဲ့တာ ဖြစ်ပါကြောင်း ။

Voice Of  Myanmar
Unknown at 1:01 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ခေတ်မီထူးခြားဆန်းသစ်မှုများစွာ တွေ့မြင်နိုင်သော JUNCTION SQUARE CENTRE ယခုနှစ် မတ်လအတွင်းဖွင့်မည်


မြန်မာပြည်တွင်း၌လက်ရှိ အချိန်ကာလအထိ ဖွင့်လှစ်ထားပြီးဖြစ်သောShopping Centre    ကြီးများနှင့်မတူဘဲ ပိုမိုခေတ်မီ ထူးခြားဆန်းသစ်မှုများစွာတွေ့မြင်နိုင်သောJunction Square Centre ကြီးအား လာမည့်မတ်လအတွင်း စတင်ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်းShwe Taung ကုမ္ပဏီရုံးချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်က ဇန်န၀ါရီ ၂၈ ရက်တွင် မြန်မာပို့စ်ဂျာနယ်သို့ပြောကြားသည်။
အဆိုပါ Junction Square Centre မှာ ၁၉၉၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးစတင်ဖွင့်လှစ်ခဲ့သော Junction Centre- Juction 8 ဖွင့်လှစ် ခဲ့ပြီးနောက် ယခု ၂၀၁၂ ခုနှစ်တွင် ပထမဆုံးဖွင့်လှစ်မည့် စင်တာတစ်ခုဖြစ်သည်။
“Junction Square ကို  ၂၀၁၂ခုနှစ် မတ်လထဲမှာစတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ဒီ Shopping Centre  မြေကိုးဧကပေါ်မှာ တည်ဆောက်ထားပြီး အကျယ်အ၀န်းအနေနဲ့ စတုရန်းပေ ၃၀၀၀၀၀ ကျော်နဲ့ ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ဖွင့်နိုင်တယ်။ Centre ကိုလာကြတဲ့မိဘပြည်သူတွေနားနေနိုင်ဖို့ ဥယျာဉ်ကျယ်ကြီးတစ်ခုကိုလည်း ခေတ်မီဒီဇိုင်းတွေနဲ့ တည်ဆောက်ထားပြီးတော့ စင်တာမှာအဓိက ၀င်ပေါက်နှစ်ပေါက်အထပ် အမြင့် လေးထပ် အနေအထားနဲ့ ဆောက်ထားတယ်။ နိုင်ငံတကာအဆင့်မီစင်တာကြီးတစ်ခုအနေနဲ့ တည်ဆောက်ထားပါတယ်” ဟုဆိုသည်။
ယင်း Junction Square Centre၏ တည်နေရာမှာ ရန်ကုန်မြို့ပြည်လမ်းနှင့် ကျွှန်းတောလမ်းကြား TTCကျောင်း၊ ဆေးတက္ကသိုလ်(၁) အနီးတွင်ရှိသည်။
ယင်းစင်တာပတ်ဝန်းကျင်တွင်လည်း မကြာမီအချိန်ကာလအတွင်းကွန်ဒိုတိ
ုက်ခန်းများ ဆောက်လုပ်ပြီးစီးတော့မည် ဖြစ်ကြောင်းသိရသည်။ ထိုစင်တာ ပတ်ဝန်းကျင်၌ ဘဏ်များ ရုံးခန်းများ၊ Shopping House များ၊ ကျောင်းများ Whole Sale အရောင်းဆိုင်ခန်းများရှိကြောင်းတွေ့ရသည်။ အဆိုပါ Junction Square Centre ထူးခြားချက်မှာ နိုင်ငံတကာအဆင့်မီ သင်ကြားရေးကျောင်းများနှင့် Language, Music, Dancing, Tutoring အစရှိသော သင်တန်းကျောင်းများပါဝင်သည့် Edutaiment Centre  Health & Weliness Centre ပါဝင်ဖွင့်လှစ်ထားခြင်းဖြစ်သည်။အုပ်စိုး( မြန်မာပို့စ် သတင်းဂျာနယ်)
Unknown at 12:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း တိုင်ကြားခဲ့သည့် လိမ်လည်မှုဖြစ်စဉ်

၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တိုင်ကြားခဲ့သည့် လိမ်လည်မှုဖြစ်စဉ်များ အနက် အများစုမှာ မော်တော်ယာဉ်၊ မြေကွက်နှင့် ပတ်သက်သည့် အကြောင်းအရာများ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။
မြေကွက်နှင့်ပတ်သက်၍ လိမ်လည်ခံရသည့် ဖြစ်စဉ် အကြောင်းရင်းတွင် အချို့မှာ ပိုင်ဆိုင်သည့် မြေကွက်၏ မူရင်းစာရွက်စာတမ်းများကို ပေး၍ ရောင်းခိုင်းရာ၌ ရရှိသော ငွေကျပ်များကို ပိုင်ရှင်ထံသို့ ပြန်မအပ်ဘဲ တိမ်းရှောင်နေသည့် ဖြစ်စဉ်၊ မြေကွက်နှင့် သက်ဆိုင်သည့် မြေကွက် ချထားပေးကြောင်း အကြောင်းကြားစာ မူရင်းစာရွက် ငွေပေးသွင်းထားသည့် ငွေရပြေစာအတုဖြင့် လိမ်လည်ရောင်းချသည့် ဖြစ်စဉ်များဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ်နှင့် ပတ်သက်၍ လိမ်ခံရသည့် ဖြစ်စဉ်အကြောင်းရင်း အချို့မှာ မိမိရရှိထားသည့် ကားများ ကို ရောင်းချမည်ဟု ပြောဆို၍ ငွေများကိုရယူကာ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပေးအပ်ခြင်းမရှိဘဲ တိမ်းရှောင်နေသည့်ဖြစ်စဉ်၊ Cherry Wagon ကားများ ၀ယ်ယူခွင့်ရမည်ဟု ပြောဆို၍ ကျသင့်ငွေ များကို လိမ်လည်ယူသွားသည့် ဖြစ်စဉ်များဖြစ်သည်ဟု သိရသည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဦး--၊ ပန်းဘဲတန်း မြို့နယ်နေသူသည် ၎င်း၏နေအိမ် ရုံးခန်း၌ လွန်ခဲ့သော ၁၅ နှစ်ခန့်က ခင်မင်ရင်းနှီးခဲ့သူ ဦး-- နှင့် ဇနီး ဖြစ်သူဒေါ်--တို့နှင့်တွေ့ဆုံစဉ် ၎င်းတို့ ရရှိထားသော လေလံကားသုံးစီးအား ရောင်းချမည်ဖြစ်ကြောင်း ယုံကြည်အောင် ပြောဆိုသဖြင့် ယင်းနေ့တွင် တိုယိုတာ မာ့ခ်တူးမော်ဒယ် (ဒီဇယ်) အမျိုးအစားကားအား ရောင်းချပေးရန် အတွက် ငွေကျပ် သိန်း၂၇၀ အားလည်းကောင်း၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် တိုယိုတာ ဟိုင်းလတ်ပစ်ကပ် 4 Door 96 မော်ဒယ် အမျိုးအစားကားအတွက် ငွေ ကျပ်သိန်း ၁၇၀ အားလည်းကောင်း၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် တိုယိုတာမာ့ခ်တူး ၉၇ မော်ဒယ် (ဒီဇယ်) အမျိုးအစားကားအတွက် ငွေကျပ်သိန်း ၂၉၀ အားလည်း သက်သေများရှေ့တွင် စာချုပ် သုံးစောင်ချုပ်ဆို၍ ဦး--ကပေးအပ်ခဲ့ ရာ ၎င်းတို့က လက်ခံပြီး တစ်လ အတွင်း ကားသုံးစီးအား စာရွက်စာတမ်းများနှင့်တကွ လွှဲပြောင်းပေးမည်ဟု ကတိပြုခဲ့သော်လည်း ယနေ့ အထိ ပေးအပ်ခြင်း မရှိသဖြင့် ဦး--နှင့်ဒေါ်--အပေါ် အရေးယူပေးရန် တရားလိုပြု၍ လာရောက်တိုင်တန်းမှု အား ပန်းဘဲတန်း ရဲစခန်း(ပ) ၂၀/ ၂၀၁၂၊  ပုဒ်မ ၄၂၀ ဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်၌ ဦး--  ဗိုလ်တထောင်မြို့နယ်နေသူ၏ နေအိမ်သို့ လွန်ခဲ့သော နှစ်ပတ်ခန့်က တစ်ကြိမ်လာရောက်ဖူးပြီး Cherry Wagon ကားဝယ်ခွင့်ရအောင်  ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့သူ ဦး--က ကားလေးစီးဝယ်ယူခွင့် ရရှိပြီးဖြစ်ကြောင်းနှင့် ငွေသွင်းရန်ခေါ်၍ ၎င်းနှင့်မိဘဖြစ်သူ ဒေါ်--တို့မှချိန်း ဆိုထားသော အင်းလျားလိတ်ဟိုတယ် လမ်းထိပ်သို့ ဦး--အား သွား ရောက်ခေါ်ယူပြီး မရမ်းကုန်းမြို့နယ် ၁၀ ရပ်ကွက်၊ ဦးဖိုးသုန်လမ်းသို့ ဆက်လက်ထွက်ခွာခဲ့ရာ လမ်းထိပ် အရောက်ငွေ သိန်း ၂၀၀ ပါအထုပ်အား ၎င်းနှင့်ဦး--တို့ တစ်လှည့်စီ သယ်ယူခဲ့ပြီး ခြေလျင်လမ်းလျောက် လာစဉ် ဦးဖိုးသုန်လမ်းအတွင်း ကုန်းတက်တစ်ခုအရောက် ဦး--မှ ခေတ္တစောင့်နေရန်ပြောပြီးငွေထုတ်အား သယ်ယူသွားရာ ပြန်လည်ရောက်ရှိလာခြင်း မရှိ၍ ဦး--အပေါ်အရေး ယူပေးရန် တရားလိုပြုတိုင်တန်းမှု အား မရမ်းကုန်းရဲစခန်း (ပ)၅၄/ ၂၀၁၂၊ ပုဒ်မ ၄၂၀ ဖြင့်အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အလားတူ ၂၀၁၁ ခုနှစ် နိုဝင် ဘာလ ၂၉ ရက်နေ့တွင် ဦး-- သန်လျင်မြို့နယ်နေသူသည် သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာနေ ဦး--နှင့်ဦး-- တို့ နှစ်ဦးပိုင်ဆိုင်သော သန်လျင်မြို့နယ် အေးသာယာရပ်ကွက်၊ အမှတ် L /၃၇၇၊ ပေ (၄၀_၆၀)မြေကွက် အား ကျပ်သိန်း ၁၅၀ ဖြင့် ရောင်းချသဖြင့် မြေကွက်နှင့် သက်ဆိုင်သည့် မြေကွက်ချပေးထားကြောင်း၊ အကြောင်းကြားစာ မူရင်းတစ်စောင်၊ ငွေပေးသွင်းထားသည့် ငွေရပြေစာ တစ်စောင်တို့အား ပေးအပ်သဖြင့် သက်သေများရှေ့ စာချုပ်ချုပ်ဝယ် ယူခဲ့ပြီးနောက် မြေကွက်နှင့် ပတ်သက်၍ သန်လျင်မြို့နယ်ရှိ အိုးအိမ် ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ထွေ/အုပ်ဦးစီးဌာနများသို့ စုံစမ်းရာ အဆိုပါ မြေကွက်နေရာသည် အကွက် အမှတ်တပ်ထားသော်လည်း နေရာချထားပေးခြင်း မရှိသေးသည့် အစိုးရပိုင် မြေကွက်ဖြစ်ကြောင်း သိရှိရသဖြင့် စာရွက်စာတမ်း အတုများဖြင့် မြေကွက်အား လိမ်လည်ရောင်းချသူ  နှစ်ဦးတို့အပေါ် အရေးယူပေးရန် တရားလိုပြုတိုင်ကြားမှုအား သန်လျင်ရဲစခန်း (ပ) ၇၁/၂၀၁၂၊ ပုဒ်မ ၄၂၀၊ ၄၆၈ ဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ အမှုဖွင့်ပြီး တရားခံများအား ဖမ်းဆီးရမိရန် ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးထွန်းမင်းက “လိမ်ခံရတဲ့ အဓိက အကြောင်းအရင်းတွေက လူတစ်ဖက်သားကို ယုံကြည်မှု လွန်ကဲတာတွေ၊ လေ့လာစူးစမ်းမှုအား နည်းတာတွေ၊ လိမ်ခံရသူရဲ့လောဘ အပေါ် အမြတ်ထုတ်ခံရတာတွေ ဖြစ်ပါတယ်” ဟုသုံးသပ်ခဲ့သည်။
EMG
Unknown at 12:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကော့မှူးမြို့နယ်အတွင်းရှိ အိမ်ခြံမြေဈေးနှုန်းများမြင့်တက်



ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့စွန်နေရာအားလုံးနီးပါးတွင် အိမ်ခြံမြေဈေးနှုန်းများကျဆင်းနေသော် လည်း ကော့မှူးမြို့နယ် အတွင်း၌ အိမ်ခြံမြေဈေူးနှုန်း(ခေါ်ဈေး)များ သိသိသာသာ မြင့်တက်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများကဆိုသည်။
“အိမ်ခြံမြေဈေးတွေက မြို့တွင်း ၆ မြို့နယ်ကလွဲရင် ကျန်တဲ့နေရာတော်တော်များများက ဈေးတွေပြန်ကြကုန်ပြီ ၊ကော့မှူးမြို့နယ်မှာတော့ ခေါ်ဈေးတွေက အရင်ထက်နှစ်ဆလောာက်တက်လာတယ်” ဟု ယူနတီအိမ်ခြံမြေ( ဦးဇော်ဇော်) က ဆိုသည်။
ကော့မှူးမြို့နယ်အတွင်း ယခုလမှစတင်ကာ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ ကော့မှူးမြို့နယ်အတွင်း ဟိုတယ်များတည်ဆောက်မည့်စီမံ ကိန်း သတင်း၊ ဒေါ်အောင်ဆန်းစုကြည်ကော့မှူးမြို့နယ်၌ ရွေးကောက်ပွဲဝင်ပြိုင်မည့်သတင်းများကြောင့်ဖြစ်ကြောင်း၊ ၄င်းကဆက်ပြောသည်။
“အော်ဈေးတွေပဲ မြင့်နေတာပါ၊ အရောင်းအ၀ယ်က သိပ်မဖြစ်ဘူး။ ကော့မှူးမှာက လယ်မြေတွေနဲ့ တပ်မြေတွေများတယ်” ဟု ကော့မှူးမြို့နယ်ရှိ
အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။
၂၀၁၁ နှစ်ကုန်ပိုင်းမှစ၍ ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာ မြို့တွင်းမြို့ပြင် စက်မှုဇုန်နေရာအားလုံးနီးပါး ဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း၊ ၂၀၁၂ နှစ်ဆန်းပိုင်းတွင်မူ အိမ်ခြံမြေဈေးနှုန်းများမှာ ပြန်လည်ကျဆင်းသွားသဖြင့် အမြင့်ဈေးဖြင့်ဝယ်ယူထားသူများ အခက်ကြုံနေရကြောင်း၊
အိမ်ခြံမြေ၀ယ်ယူစုဆောင်းသူတချို့ကဆိုသည်။
ယခုလက်ရှိကော့မှူးမြို့နယ်အတွင်း အိမ်ခြံမြေဈေးနှုန်းများမှာ ယခင်အနည်းဆုံးငွေကျပ် ၁၀ သိန်း၊ ၁၅ သိန်းတန် မြေကွက်ကို ငွေကျပ်သိန်း၃၀၊
၄၀ ၀န်းကျင်နှင့် ယခင်ခေါ်ဈေး အများဆုံး သိန်း ၃၀၀၊ ၄၀၀ ၀န်းကျင်မြေကွက်ကို  သိန်း ၆၀၀၊ ၇၀၀ ၀န်းကျင်အထိ ခေါ်ဈေးများမြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များကဆိုသည်။

ခင်နှင်းဖြူစိုး( true news journal)
Unknown at 11:51 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငွေလဲလျှင် စာရွက်ပြစရာမလိုတော့ပါ

(၁-၂-၂၀၁၂) မှစတင်ပြီး အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ မည်သည့် ငွေလဲကောင်တာ (Money Changer)တွင်မဆို အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့်ညီမျှသော အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာ၊ ယူရိုငွေကြေးများကို မည်သည့်စာရွက်စာတမ်းမျှ တင်ပြစရာမလိုဘဲ လွတ်လပ်စွာ လဲလှယ်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ယခင်က ငွေလဲကောင်တာများတွင် ငွေလဲလှယ်လိုလျှင် နိုင်ငံခြားသားဖြစ်ပါက ပတ်စ်ပို့ပြရခြင်း၊ ဒေါ်လာ ၂၀၀၀ ကျော်ပါက အကောက်ခွန်ကြေငြာလွှာတင်ပြရခြင်း၊ မြန်မာနိုင်ငံသားဖြစ်ပါက နိုင်ငံခြားငွေရရှိရာ ငွေဝင်ရင်းမြစ်ကို တင်ပြရခြင်း၊ ၀ယ်ယူခြင်းဖြစ်ပါက မည်သည့်ကိစ္စများတွင် အသုံးပြုမည်ဟု သက်သေတင်ပြရခြင်းများ ရှိခဲ့ပါတယ်။ ယခုအခါမှာ ၄င်းစာရွက်စာတမ်း တင်ပြရခြင်းများကို အမေရိကန်ဒေါ်လာတစ်သောင်းတန်ဖိုးအထိ ပြုလုပ်ရန်မလိုအပ်တော့ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားချက်ဖြင့် ဖြေလျှော့ပေးခဲ့ပါသဖြင့် ယခုကဲ့သို့ အများပြည်သူသို့ ၀န်ဆောင်မှုကောင်းတစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ပါတယ်။

ငွေလဲကောင်တာများ၏ ဈေးနှုန်းသတ်မှတ်မှုကို သိမ်ဖြူကောင်တာမှ အဓိကသတ်မှတ်ပြီး ၄င်းဈေးအပေါ်တွင် သတ်မှတ်ထားသော ရာခိုင်နှုန်းအလိုက် ကျန်ကောင်တာများက ဈေးအတင်အချပြုလုပ်ခွင့်လည်း ခွင့်ပြုထားပြီဖြစ်သဖြင့် အမေရိကန်ဒေါ်လာဈေးနှုန်းတွင် ပြင်ပပေါက်ဈေးနှင့် အနီးစပ်ဆုံးတူညီသော ဈေးနှုန်းများဖြင့်လည်း အများပြည်သူတို့ လဲလှယ်နိုင်တော့မည်ဖြစ်ပါတယ်။ ကျန်ငွေကြေးများ၏ ပြင်ပပေါက်ဈေးသည် နိုင်ငံတကာငွေလဲဈေးနှုန်းနှင့် မဟုတ်ဘဲ မြန်မာနိုင်ငံဈေးကွက်၏ ဈေးနှုန်းပေါ်မူတည် တွက်ချက်မှုရှိနေသေးသဖြင့် ကောင်တာဈေးများနှင့် ပြင်ပပေါက်ဈေးများသည် အနည်းငယ်ကွာဟမှု ရှိနေပါသေးတယ်။ များမကြာမီကာလတွင် ၄င်းကွာဟမှုများကိုပါ သိမ်ဖြူကောင်တာမှ ညှိနှိုင်းတွက်ချက်ကာ သတ်မှတ်ပေးလိမ့်မည်ဟု မျှော်လင့်မိပါတယ်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သည် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ မြန်မာ့ရှောပင်းမော(Myanmar Shopping Mall)၊ ပြည်လမ်း လှည်းတန်းမီးပွိုင့်အနီးရှိ ကမာရွတ်ဘဏ်ခွဲ(EA, Espace Avenir Serviced Apartment)၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်( ဆိုက်ရောက်၊ ထွက်ခွာ)နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် (ဆိုက်ရောက်) တို့တွင် ငွေလဲကောင်တာများကို ဖွင့်လှစ်လဲလှယ် ပေးလျက် ရှိပါတယ်။

မကြာမီ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပုဂံညောင်ဦးတွင်လည်း ငွေလဲကောင်တာများ ဆက်လက်ဖွင့်လှစ်ရန် ပြင်ဆင်လျက် ရှိပါသည်။
 AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)
Unknown at 11:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်သူ့လွှတ်တော်၌ ဦးသိန်းညွန့် တင်သွင်းသည့် အဆိုသုံးခုအနက် နှစ်ခု ပြန်လည်ရုပ်သိမ်းခဲ့ရ

7188
ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ကျင်းပနေစဉ်
ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့၌ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ဦးသိန်းညွန့်က အဆိုသုံး ခု တင်သွင်းခဲ့သည့်အနက် အဆိုနှစ်ခုကို ပြန်လည် ရုပ်သိမ်းခဲ့ရကြောင်း သိရပါသည်။ ဦးသိန်းညွန့် တင်သွင်းခဲ့သည့် အဆိုသုံးခုမှာ (၁) တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်  ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရန်အဆို၊ (၂) ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော (ရာဇသတ်ကြီး) ပြစ်မှု ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုနှင့် (၃) တရားရုံးချုပ်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုတို့ ဖြစ်သည်။ ထိုသို့တင်သွင်းခဲ့သည့် အဆိုသုံးခုအနက် ပထမအဆိုနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ယင်းဥပဒေနှင့် သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်တို့မှာ လက်ရှိအခြေအနေတွင် ပြဋ္ဌာန်းချက်များ ပြည့်စုံပြီးဖြစ်၍ ထပ်မံဖြည့်စွက် ပြင်ဆင်ရန်မလိုအပ်တော့ကြောင်း ရှင်းလင်းခဲ့သည်။
ဒုတိယအဆိုသည် ၁၈၆၁ခုနှစ် တွင် ပြဋ္ဌာန်းခဲ့သော(ရာဇသတ်ကြီး) ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပါဝင်သော အသရေဖျက်မှုဆိုင်ရာ အချက်များကို ထောက်ပြခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “ . . . ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော (ရာဇသတ် ကြီး) ပြစ်မှုဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းသွား မှာ ဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေ အခန်း ၂၁ မှာ ပါဝင်တဲ့ အသရေ ဖျက်မှုပုဒ်မ ၄၉၉၊ ၅၀၀၊ ၅၀၁၊ ၅၀၂ ကို ပယ်ဖျက်ပေးဖို့ တင်ပြသွားမှာဖြစ် ပါတယ်။ ဒီပုဒ်မတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုယ်တွေ့ အခုတစ်လော မှာပဲ မြန်မာပြည်မှာ စောင်ရေ အများဆုံး ထုတ်ထားတဲ့ သတင်းမီဒီယာကြီး တစ်ခုရဲ့ အုပ်ချုပ်မှုတာဝန်ခံကို သာမက လူခုနစ်ယောက်ကို ပုဒ်မ ၅၀၀ နဲ့ လွယ်လင့်တကူ ကောက်စွဲခဲ့တာကို ကျွန်တော်ကြုံတွေ့ခဲ့ရပါတယ်။ ဒါဒီ တစ်ခုထဲ မဟုတ်ပါဘူး။ နောက်ထပ် အများကြီးပါပဲ။ တော်တော်များများ က သတင်းမီဒီယာတွေကို တရားစွဲ လိုက်ရင် သတင်းမီဒီယာတွေကို လွယ်လင့်တကူ ပုဒ်မ ၅၀၀အသုံးပြုပြီး စွဲတဲ့အခါမှာ ကျန်တဲ့ဥပဒေအရ ဆောင်ရွက်တာကို ဝေဖန်စရာမရှိပါဘူး။ သို့သော် အခုဖြစ်ပျက်နေတဲ့ အခြေအနေက ဒီနေရာတွေဟာ ငွေ  ထွက်နိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် တချို့သော တရားစီရင်ရေး နယ်ပယ်နဲ့ ဒီနယ်ပယ်နဲ့ ဆက်စပ်နေတဲ့ နယ်ပယ်တွေက ဒီပုဒ်မကိုသုံးပြီး လွယ်လင့်တကူ တရားစွဲလာတာကို တွေ့ရတယ်။ အဲဒီတော့ သတင်းမီဒီယာဆိုတဲ့ စတုတ္ထမဏ္ဍိုင်က နိုင်ငံအတွက် လူထုအတွက် သတင်းမီဒီယာ လွတ်လပ်ခွင့်တွေကို တင်ပြရမယ့်အစား တရားရုံးရဲ့ဝက်ခြံလေးထဲမှာပဲ နာမည်ကြီး သတင်းမီဒီယာသမားတွေ သွားပြီး ထိုင်နေရပါတယ်။ နောက်တစ်ချက် အခုအချိန် မှာ သတင်းမီဒီယာဥပဒေ ထွက်လာတော့မယ့်အချိန်မှာ သတင်းရယူရေးသား ဖော်ပြခြင်းအတွက် ဘယ်သတင်းသမား၊ ဘယ်သတင်းမီဒီယာ လုပ်ငန်းကိုမဆို တရားစွဲတော့မယ် ဆိုရင် ပြစ်မှုကြောင်းနဲ့စွဲတာ ခေတ်မမီတော့ပါဘူး။ ခုနက အသရေ ဖျက်မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခွင့် ကို လုံးဝပယ်ဖျက်ဖို့ တင်ပြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ တရားမကြောင်းနဲ့ တရားစွဲဆိုခွင့်ရှိပါတယ်။ တရားမ နစ်နာမှုဥပဒေနဲ့ ငွေသိန်း သန်းကုဋေချီပြီး တောင်းနိုင်ပါတယ်။ ဒီလိုပါပဲ သီးခြားသက်သာခွင့် ဥပဒေများနဲ့လည်း အရေးယူနိုင်ပါတယ်။ အဲဒီတော့ ၁၉ ရာစုက ပြဋ္ဌာန်းခဲ့တဲ့ ပုဒ်မ ၅၀၀ နဲ့ပဲ ၂၁ ရာစု သတင်းမီဒီယာသမားများကို ဆက်လက်တရား စွဲမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုရဲ့ အရေးကြီးတဲ့ကာလမှာ စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လိုနေရာမျိုးပဲ ရှိမလဲဆိုတာ ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ကို လေ့လာဆန်းစစ်နိုင်ဖို့ တင်ပြလို ပါတယ်။ သတင်းသမားများ သာမက သာမန်ပြည်သူတွေ အတွင်းမှာလည်း ပြစ်မှုကြောင်းကို သုံးပြီး တရားစီရင်ရေးယန္တရားကို အလွဲသုံးစား လုပ်နေတာကိုလည်း ကာကွယ်တားဆီးနိုင်ပါတယ်။ နိုင်ငံတကာမှာ တရားမနစ်နာမှုနဲ့ အရေးယူနေတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့မှာ အခုထက်ထိ ပြစ်မှုကြောင်း နယ်ပယ်မှာပြဋ္ဌာန်းပြီး အရေးယူနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုလိုနီခေတ် ၁၈၆၁ က ပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီးပြစ်မှုဆိုင်ရာ ဥပဒေမှာပါတဲ့ အခန်း ၂၁ မှာပါ တဲ့အသရေဖျက်မှုပုဒ်မ ၄၉၉၊ ၅၀၀၊ ၅၀၁၊ ၅၀၂တို့ကို ၂၁ရာစုနဲ့ညီအောင် ရုပ်သိမ်းဖို့ လိုအပ်လာပြီဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။ အဆိုပါအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ထိုဥပဒေ ပါပြဋ္ဌာန်းချက်များသည် သတင်း မီဒီယာသမားများကိုသာ ထိခိုက်စေသည့် ဥပဒေပြဋ္ဌာန်းချက်များ မဟုတ်ပါကြောင်း၊ ဥပဒေနှင့်အညီ မှန်ကန်စွာ ပြောဆိုနေထိုင်သည့် သတင်းမီဒီယာသမားများ အပါအ၀င် အများပြည် သူများအား အကာအကွယ်ပေးထားသော ပြဋ္ဌာန်းချက်များသာ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေ အရ ခေတ်နှင့် လျော်ညီသည့် ဥပဒေပြဋ္ဌာန်းချက်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ပြန်လည် စဉ်းစားနိုင်ရန် အကြံပြုတင်ပြပါကြောင်း ရှင်းလင်းခဲ့သည်။
တတိယအဆိုနှင့် ပတ်သက်၍မူ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်က ရှင်းလင်းခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး အနေဖြင့် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို သုတေသနပြု ရေးဆွဲကာ လွှတ်တော်သို့ တင်ပြရန် ဆောင်ရွက်လျက်ရှိ၍ အဆိုပြုဥပဒေကြမ်းကို တင်ပြရန် မလိုအပ်တော့ကြောင်း ရှင်းလင်းခဲ့သည်။
ယင်းကဲ့သို့ ရှင်းလင်းမှုများကြောင့် ဦးသိန်းညွန့်က တင်သွင်းထားသော အဆိုသုံးခုအနက် ပထမ အဆို နှင့် တတိယ အဆိုတို့ကို ပြန်လည် ရုပ်သိမ်းကြောင်း ပြောဆိုခဲ့ပြီး ဒုတိယအဆိုကိုမူ မှတ်တမ်းတင်ပေးရန် တင်ပြတောင်းဆိုခဲ့၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။
EMG
Unknown at 11:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တစ်ပတ်အတွင်း Facebook ပေါ်မှ သူတပါးမသိစေလိုသော အချက်အလက် အားလုံး ရှင်းပါ


Facebook ပေါ်မှ မိမိလှုပ်ရှားထားသမျှ ဟိုးတုန်းက ဒေတာများ အားလုံးကို ဖော်ပြတော့မှာ ဖြစ်တာကြောင့် မိမိမမြင်စေလို၊ မသိစေလိုသော အချက်အလက်များ၊ ပုံများ၊ စာများကို တစ်ပတ် အတွင်း ၀ှက်ရန်အတွက် facebook က ၇ ရက် အချိန်ပေးထားပါတယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့ Timeline ကို မနှစ်သက်၍သော်လည်းကောင်း၊ မသိ၍သော်လည်းကောင်း မသုံးပဲ ထားသူ အားလုံးလည်း မဖြစ်မနေ သုံးကြရမှာဖြစ်ပြီး facebook က အလိုအလျှောက် ပြောင်းလဲသွားမှာဖြစ်ပါတယ်။
Timeline ၏ သဘောအရ facebook စ တင် အသုံးပြုချိန်မှ စပြီး အချိန်ပိုင်းအလိုက် ခွဲခြား သိမ်းဆည်းထားမှာ ဖြစ်တာကြောင့် မိမိရဲ့ တစ်ချိန်က လှုပ်ရှားထားသမျှကို အခြားသူများက သိရှိနိုင်မှာဖြစ်ပါတယ်။ Facebook သုံးစွဲသူ ၃၀% ခန့်သာ Timeline ကို နှစ်သက်ကြပြီး အများစုက သဘောမကျကြဘူးလို့ သိရပေမယ့် Timeline ရဲ့ အားသာချက်ကတော့ ဒေတာများကို ကြိုက်တဲ့ ရက်စွဲနဲ့ ပြောင်းလဲတင်နိုင်ခြင်း ဖြစ်ပါတယ်။
Unknown at 11:01 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်စုရဲ့နေ့ချင်းပြန် ထားဝယ်ခရီး



 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ချင်းပြန်ခရီးနဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အနီးတ၀ိုက်မှာရှိတဲ့ မြို့နယ်တွေကို စည်းရုံးရေးခရီး ထွက်ခဲ့ပါတယ်။ လမ်းတလျှောက်မှာ ထောင်သောင်းချီတဲ့ လူအုပ်ကြီးက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဦးစံမိုးဝေက တင်ပြထားပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ထံမှာ တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီးတဲ့နောက် ပါတီခေါင်းဆောင် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နဲ့ ထားဝယ်မြို့ရဲ့ အနီးတ၀ိုက်မှာရှိတဲ့ မြို့နယ်တွေကို နေ့ချင်းပြန် ပါတီ စည်းရုံးရေးခရီး ထွက်ခဲ့ပါတယ်။
ရန်ကုန်မြို့ကနေ မနက်စောစော လေကြောင်းခရီးနဲ့ ထားဝယ်မြို့ကို ရောက်လာပြီးတဲ့နောက် တိုင်းနဲ့မြို့နယ် ပါတီအဖွဲ့ဝင်တွေရဲ့ အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် လောင်းလုံ၊ ရေဖြူ၊ မောင်းမကန် အစရှိတဲ့ အရပ်တွေကို သွားရောက်ခဲ့တယ်လို့ ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့က တာဝန်ရှိသူ ဦးခွန်သာမြင့်က ပြောပါတယ်။
ခရီးထွက်ရာ လမ်းတလျှောက် လူထုတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ရပ်ပြီးတော့ အမှာစကားတွေ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ထားဝယ်နဲ့ မောင်းမကန်တို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောမှုတွေကို သွားပြီး နားထောင်ခဲ့တဲ့ ထားဝယ်မြို့ခံ မနွယ်နွယ်ဦး ကတော့ အခုလို ပြောပါတယ်။
“မောင်းမကန်မှာ လူတွေ အများကြီးပဲရှင့်။ မောင်းမကန်မှာ ကမ်းခြေတစ်ခုလုံး ပြည့်နေတာပဲ။ တမြို့လုံးနီးပါးပဲ။ လူထုကို သူက မိနစ် ၃၀ လောက် စကားပြောတယ်ရှင့်။ ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ပဲ သူ ပြောသွားတယ်။”
ဒေါ်အောင်ဆန်းစုကြည်က ရောက်ရာအရပ်တိုင်းမှာ အမှာစကား ပြောတဲ့နေရာမှာ ပြည်သူပြည်သားတွေအနေနဲ့ ဒီမိုကရေစီရဲ့ ရပိုင်ခွင့်တွေအကြောင်း ပြောဆိုခဲ့သလို ကိုယ့်ရဲ့ရပိုင်ခွင့်ကို မှန်မှန်ကန်ကန် အသုံးချဖို့၊ ကိုယ်လိုချင်တဲ့အစိုးရကို ရွေးချယ်ပြီး ရအောင်ယူတတ်ဖို့ စတဲ့ အကြောင်းတွေ ပြောဆိုခဲ့တယ်လို့ ဦးခွန်သာမြင့်က ပြောပါတယ်။
ဒီကနေ့ ခရီးစဉ်ဟာ NLD ပါတီအတွက် စည်းရုံးရေးခရီးစဉ် သက်သက်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ်ဖို့ သွားရောက်တာ မဟုတ်ဘူးလို့ ပြောပါတယ်။ NLD ပါတီအပေါ် တနင်္သာရီတိုင်းရဲ့ အားပေးထောက်ခံမှုဟာ အလွန်ကြီးမားခဲ့ကြောင်း၊ ၂၃ နှစ်ကျော်ကာလအတွင်း မပြောင်းမလဲဘဲ ခိုင်ခိုင်မာမာ ရှိတဲ့အကြောင်း၊ ဒီလိုအစဉ်အလာတွေကြောင့် ထားဝယ်မြို့ကို ပါတီရဲ့စည်းရုံးရေး ပထမဆုံး သွားဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကနေ့ ထားဝယ်မြို့မှာ မြို့လုံးကျွတ်နီးပါးထွက်ပြီး အားပေးခဲ့တာက သက်သေပြနေကြောင်း နိုင်ငံနဲ့တ၀ှမ်းကို လှုပ်နှိုးလိုက်သလိုလည်း ဖြစ်တယ်လို့ ဦးခွန်သာမြင့်က ပြောပါတယ်။ ဒီကနေ့ ခရီးစဉ်တလျှောက်မှာ အနှောက်အယှက် တစုံတရာ မရှိခဲ့သလို သွားရေးလာရေး ကိစ္စတွေမှာ အဆင်ပြေ ချောမွေ့အောင် ဒေသခံရဲတပ်ဖွဲ့ဝင်တွေက ကူညီဆောင်ရွက် ပေးခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ စည်းရုံးရေးအတွက် တနေ့တာခရီးစဉ်အဖြစ် ထားဝယ်မြို့ကို သွားခဲ့တာဖြစ်ပါတယ်။
Unknown at 10:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒဂုံမြို့သစ် အရှေ့ပိုင်းလမ်းများ လေးလမ်းသွား စတင်ဆောင်ရွက် အိမ်ခြံမြေဈေးများတက်လာ


 မြောက်ဥက္ကလာ၊ ငမိုးရိပ် တံတားအစပ်မှ ဒဂုံတက္ကသိုလ်မုဒ်ဦးထပ်အထိ ဖောက်လုပ်ထားသော ဗိုလ်မှူးဗထူးလမ်းကို နှစ်လမ်းသွားမှ လေးလမ်းသွားအထိ တိုးချဲ့ဆောင်ရွက်နေရာ  ၎င်းလမ်းတိုးချဲ့ပြီးပါက ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်အတွင်းရှိ အဓိက လမ်းမကြီး သုံးခုကိုလည်း လေးလမ်းသွား လမ်းမကြီးများ အဖြစ် ဆက်လက် ဆောင်ရွက်သွားနိုင်ဖွယ် ရှိသည်ဟု ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထူး (ခ) ဦးကိုကိုက ပြောကြားသည်။ ဒဂုံတက္ကသိုလ်သို့ သွားသည့် အဓိကလမ်းများဖြစ်သော ဗိုလ်မှူးဗထူးလမ်းနှင့် ကျန်စစ်သားလမ်း၊ ဒဂုံတက္ကသိုလ်၊ စက်မှုဇုန်၊ စိတ်ကျန်းမာရေးဆေးရုံ၊ အထူးစိုက်ပျိုးရေးဇုန်သို့ သွားသည့် အဓိကလမ်းများဖြစ်သော ရာဇဓိရာဇ်လမ်းနှင့် မင်းရဲကျော်စွာလမ်းတို့မှာ ကား၊ ဆိုက္ကား၊ ကျောင်းကားများ အများဆုံး အသုံးပြုသည့် လမ်းများဖြစ်သော်လည်း နှစ်လမ်းသွားလမ်းဖြစ်သည့် အတွက် ယာဉ်အန္တရာယ် ကင်းကင်း သွားနိုင်အောင်အတွက် လေးလမ်းသွားအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ မေးမြန်းခဲ့ရာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေး ဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်ဝန်က အဆိုပါလမ်းများ တိုးချဲ့ခြင်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွက် လမ်းအပိုင်းလိုက် ထည့်သွင်းရေးဆွဲပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသွားခဲ့ခြင်းကို လွှတ်တော်ကို်ယ်စားလှယ် ဦးခင်မောင်ထူး (ခ) ကိုကိုက ဆိုလိုခြင်းဖြစ်သည်။

ဒေသဖွံ့ဖြိုးရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ကျောင်းသားများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်မြို့တော်ဝန်က ဗိုလ်မှူးဗထူးလမ်းကို လေးလမ်းသွားအဖြစ် အဓိက ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လမ်းတိုးချဲ့ခြင်း လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်နေသည့် မြို့တော်စည်ပင် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ လက်ထောက်ဌာနမှူး ဦးဇော်မောင်ထွေးက ပြောသည်။ ၎င်းလမ်းသည် မြောက်ဥက္ကလာပ ငမိုးရိပ်တံတားအစပ် ဒဂုံမြို့သစ် မြောက်ပိုင်းမှ ဒဂုံတက္ကသိုလ်မုဒ်ဦးထိပ် ဒဂုံမြို့သစ် အရှေ့ပိုင်းအထိ အရှည်ပေ ၁၆,၅၅၀ ရှည်ကြောင်း၊ လက်ရှိ ကတ္တရာလမ်း အကျယ်ချည်းပဲ ၂၂ ပေရှိတာကို ၄၈ ပေ အကျယ်ရောက်အောင် ချဲ့မယ်။ ဘေးက မြေသားလမ်းနဲ့ အလယ်ကျွန်းထည့်ပေါင်းရင် ပေ ၁၀၀ လမ်း သတ်မှတ်ချက် ဖြစ်တယ်။ အခြေအနေအရ လက်တလောမှာ အလယ်ကျွန်း မထည့်ထားဘူး။ ကျန်တဲ့လမ်းတွေကို လေးလမ်းသွားအဖြစ် ဘယ်အချိန်လုပ်မယ်ဆိုတာ မသိသေးဘူး။ မြေကြီးလုပ်ငန်းကို ပွင့်လင်းရာသီမှာပဲ အပြီးဆောင်ရွက်မယ် လိုအပ်တဲ့ တောင်မြေကို ရန်ကုန်တိုင်း ဒေသကြီး နေရာအနှံ့က ရယူတယ် စက်ယန္တရားတွေကို လိုအပ်ရင် လိုအပ်သလို အသုံးပြုပါတယ် ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ လမ်းချဲ့ခြင်း လုပ်ငန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက စတင်ဆောင်ရွက်ရာ လမ်းမြေသားခင်းခြင်း လုပ်ငန်းအား မိုးမကျမီအပြီး ဆောင်ရွက်သွားမည်ဟု သိရသည်။ ၎င်းလမ်းကို လေးလမ်းသွားအဖြစ် လုပ်ငန်းများ လုပ်ကိုင်ချိန်မှစ၍ ယင်းလမ်းတစ်လျှောက်ရှိ အိမ်၊ ခြံ၊ မြေ ဈေးများ တက်လာရာ လက်တလော၌ ပေ ၄၀× ပေ ၆၀ မြေတစ်ကွက်ကို ကျပ်သိန်း ၁၅၀၀ မှ ၂၀၀၀ အထိ ဈေးပေါက်ကြောင်း ဒေသခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်းများက ဆိုသည်။
Unknown at 9:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂၀၁၀ ခုနှစ်အတွက် အကယ်ဒမီပေးပွဲမှာ လန်းကြမယ့် ဗန်းကိုင် လှပျိုဖြူ (၈) ဦး ရွေးပြီးဟုဆို


 ၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးအပ်ပွဲ အခမ်းအနားမှာ အကယ်ဒမီ ရွှေစင်ရုပ်ထု ဗန်းများ ကိုင်ဆောင်ကြမယ့် ဗန်းကိုင် လှပျိုဖြူ စာရင်းကို ဒီကနေ့ သက်ဆိုင်ရာက ရွေးချယ် အတည်ပြုလိုက်တယ်လို့  ဆိုပါတယ်။ ယခုနှစ်မှာ နေပြည်တော်ရှိ မြို့တော်ခန်းမမှာ ပြုလုပ်ကျင်းပမယ့် ၂၀၁၀ ခုနှစ် အတွက်မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားမှာ ဗန်းကိုင်လှပျိုဖြူအဖြစ် ရွေးချယ်ခံရသူ (၈) ဦးကတော့ (၁) မထက်မိုးမြတ်ဦး၊ (၂) မလဲ့ဝင့်နု၊ (၃) မထိုက်ဆုဝင်း၊ (၄) မအိနြေ္ဒဘုန်းမြင့်၊ (၅) မယုသန္တာတင်၊ (၆) မသဲနော်ဇာ၊ (၇) မခင်ရတနာစိုး၊ (၈) မသဲစုနိုင် တို့ ဖြစ်ကြတယ်လို့ ပြောပါတယ်။ အဲဒီ ၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားမှာ ပါဝင်ကြမယ့် ဗန်းကိုင် လှပျိုဖြူများ အတွက် ဖက်ရှင် (ဒီဇိုင်း) နဲ့ မိတ်ကပ်၊ ပိုးထည်၊ လက်ဝတ်ရတနာ၊ ဖိနပ်၊ စတာတွေကို ဆင်မြန်းဝတ်ဆင် ပေးကြမယ့် ကုမ္ပဏီတွေကတော့ မိတ်ကပ် လိမ်းချယ်ခြင်းကို တော်ဝင်သူ (မေဝင်းမောင်) က လည်းကောင်း၊ ပိုးထည်များကိုတော့ သိင်္ဂီကျော်က လည်းကောင်း၊ ဖက်ရှင် (ဒီဇိုင်း) ကိုတော့ Adore (မစန်းစန်းသောင်း) က လည်းကောင်း၊ ဖိနပ်ကိုတော့ ရွှေနားပန် (မန္တလေး) ကလည်းကောင်း၊ လက်ဝတ်ရတနာများကို Precious က လည်းကောင်း၊ အသီးသီး တာဝန်ယူ ဝတ်ဆင်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Unknown at 9:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အော်တိုတယ်လီဖုန်းမှ ပြည်ပဖုန်းခေါ်ဆိုခ နှုန်းထားများအား လျော့ချပေးသွားရန်ရှိ


 အော်တိုတယ်လီဖုန်းများ၏ ပြည်ပဖုန်းခေါ်ဆိုခ နှုန်းထားများအား လာမည့်ဖေဖော်ဝါရီလကုန်ပိုင်း တွင် လျော့ချပေး သွားရန်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
အဆိုပါ အော်တိုတယ်လီဖုန်းများ၏ ပြည်ပခေါ်ဆိုခမှာ လက်ရှိကာလတွင် မိုဘိုင်းဖုန်းများထက် ဈေးနှုန်းမြင့်မားလျက်ရှိသည့်အတွက် ၎င်းဖုန်းမှပြည်ပသို့ခေါ်ဆိုသည့် နှုန်းထားများအား လျော့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
”ဖေဖော်ဝါရီလကုန်မှာ အော်တိုတယ်လီဖုန်းတွေရဲ့ နိုင်ငံခြားခေါ်ဆိုခတွေကို လျော့ချပေးသွားဖို့ အတည်ပြုထားပါတယ်။ မကြာခင် အများပြည်သူကို ကြေငြာပေးသွားမှာပါ။ အော်တိုတယ်လီဖုန်းကနေ ပြည်ပကိုခေါ်တာက မိုဘိုင်းဖုန်း ထက် ဈေးပိုကြီးပါတယ်။ အဲဒါကို လျော့ချပေးသွားမှာပါ။ အခုသုံးနေကြတဲ့ pfingo အင်တာနက်ဖုန်းဆိုရင်လည်း ဈေးနှုန်းလဲများသလို ကွာလတီလည်းမကောင်းပါဘူး။ မကြာခင် ဖေဖော်ဝါရီလအတွင်းမှာပဲ ရတနာပုံတယ်လီပို့နဲ့ ပူးပေါင်း ဆောင်ရွက်ထားတဲ့ Ytalk အင်တာနက်ဖုန်းကို စပေးတော့မှာပါ။ pfingo ထက်သာတဲ့ နှုန်းထားနဲ့ ရောင်းပေးသွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှုး ဦးဣဒ္ဓိလှက ပြောကြားသည်။
Unknown at 9:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗန်းမော်မြို့နယ်က ရွှေတွင်းများအကြောင်း တစ်စေ့တစ်စောင်း



 ဗန်းမောက်မြို့နယ်ဆိုတာ ကသာ ခရိုင်အတွင်းမှာတည်ရှိပြီး နေရာအနှံ့အပြား မှာ ရွှေတူးဖော်ရရှိတဲ့အတွက် ရှေးမြန်မာ မင်းများလက်ထက်ကတည်းက ဒေသ ထွက်ရွှေကို ဘုရင်မင်းမြတ်ခန့်အပ်ထား တဲ့ ရွှေမှူးကတစ်ဆင့်ရွှေခွန်ဆက်သခဲ့ရ တဲ့အစဉ်အလာရှိပါသဗျ။ မြို့နယ်အတွင်း မှီတင်းနေထိုင်သူလူဦးရေး (၁) သိန်းကျော်  ခန့်ရှိပြီး တောင်သူလုပ်ငန်းအဓိကထား လုပ်ကိုင်ကြပါတယ်။
လယ်ယာလုပ်ငန်း အားလပ်ချိန်မှာတော့ တစ်နိုင်တစ်ပိုင် ရွှေကျင်တဲ့လုပ်ငန်းကို ဘိုးစဉ်ဘောင်ဆက်  လုပ်ကိုင်ခဲ့ကြတဲ့ ဓလေ့ရှိပါ တယ်။ဗန်းမောက်မြို့နယ်အတွင်းမှာ ရွှေ အထွက်ဆုံးနယ်မြေကတော့ ““မံအင်”” နယ်မြေဖြစ်ပါတယ်။ မံအင်ဆို တာရှမ်း ဘာသာစကားဖြစ်ပြီး “ကြွယ်ဝသာယာ သောမြေ” လို့ အဓိပ္ပာယ်ရပါတယ်။ ဒါ အပြင် မံအင်ကျေးရွာနဲ့ တစ်ဆက်တစ် တည်း တည်ရှိတဲ့ မင်းကုန်းရွာပတ်ဝန်း ကျင်မှာလည်းအရည်အသွေးကောင်းတဲ့  ရွှေများထွက်ရှိတဲ့အတွက် ရှေးဘုရင်များ လက်ထက်ကစလို့ ““ရွှေတော်”” ရွှေမှော် ရယ်လို့ အမည်သညာတွင်ခဲ့ကြောင်းပါ။ ဗန်းမောက်မြို့နယ်မှာ မံအင်၊ မင်းကုန်း၊ ရွှေတော်ဆိုတဲ့ဒေသတွေဟာ နာမည်ကြီး   ရွှေ ထွက် ရာဒေ သတွေပေါ့။ဗန်းမောက်မြို့နယ်ဟာ သစ်တော ဧရိယာအများဆုံး ဖုံးလွှမ်းတည်ရှိတဲ့ မြို့ နယ်တစ်ခုဖြစ်ပြီး မြို့နယ်ဧရိယာရဲ့ (၈၈ ရာခိုင်နှုန်း)ဖြစ်တဲ့ (၈၄၄၆၆၈) ဧကဟာ သစ်တောများဖုံးလွှမ်းလျက်ရှိပါတယ်။ ပြီးတော့ အရည်အသွေးကောင်းမွန်တဲ့ ကျွန်းပင်ကြီးတွေ အများအပြာပေါက် ရောက်ရှင်သန်တဲ့ တောတွေဖြစ်ပါတယ်။ မြန်မာ့အကြီးဆုံး ကျွန်းပင်ကြီးဟာ ဒီ တောကြီးထဲမှာတည်ရှိပါတယ်။
လွန်ခဲ့တဲ့ (၆)နှစ် (၇)နှစ်လောက်က စပြီး ရွှေတူးဖော်တဲ့ကုမ္ပဏီတွေ ဗန်းမောက်  မြို့နယ်အတွင်း အလုံးအရင်းနဲ့ ၀င်ရောက်  လာပါတယ်။ ကုမ္ပဏီများကို ရွှေတူးဖော် ခွင့်ပြုတဲ့အခါမှာ သစ်တော်စီမံပိုင်ခွင့် မြေ ဧရိယာဖြစ်ရင်သစ်တောရေးရာဝန်ကြီးဌာန နဲ့ သတ္ထုတွင်းဝန်ကြီးဌာနတို့နဲ့ စာချုပ်ချုပ်   ဆိုပြီး စည်းကမ်းသတ်မှတ်ချက်များနဲ့ အညီလုပ်ကိုင်ခွင့်ပြုပါတယ်။ သစ်တော စီမံပိုင်ခွင့်ကင်းလွတ်မြေဖြစ်ရင်တော့ သတ္ထုတွင်းဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ဆို ပြီးစည်းကမ်းချက်များနဲ့အညီ လုပ်ကိုင် ခွင့်ပြုပါတယ်။ဒီလိုဝန်ကြီးဌာနများနဲ့ စာချုပ်ချုပ် ဆိုခွင့်ပြုချက်ရပြီးရင် (၃) နှစ်လုပ်ကိုင်ခွင့် ချထားပေးပါတယ်။ လုပ်ငန်းရှင်တစ်ဦး လျှင် ဧက (၂၀) လုပ်ကိုင်ခွင့်ပြုပြီး သတ္ထု တွင်းဝန်ကြီးဌာနကို သတ်မှတ်ထားတဲ့ အခွန်ငွေနဲ့ ရွှေကိုပေးသွင်းရပါတယ်။ သစ်တောဧရိယာအတွင်း ကျရောက်လျှင်  တော့ သတ္ထုတွင်းဝန်ကြီးဌာနကို ပေးသွင်း  ရတဲ့အခွန်ငွေအပြင်မြေငှားရမ်းခတစ်နှစ် လျှင် တစ်ဧကကျပ် (၅၀၀၀)နှုန်းဖြင့် သစ်တောဝန်ကြီးဌာနကို ထပ်မံပေးဆောင်  ရပါတယ်။
၁၀၁၀-၂၀၁၁ ခုနှစ်အတွင်းမှာ သစ်တော/ သတ္ထုတွင်း ၀န်ကြီးဌာနများ နှင့် စာချုပ်ချုပ်ဆိုင်ခွင့်ပြုခဲ့သူဦးရေ (၂၇) ဦး၊ လုပ်ကွက် (၇၇) ကွက်နဲ့ ခွင့်ပြုဧရိယာ  ဧက (၁၅၄၀) ဧကရှိပါတယ်။ သစ်တော ကင်းလွတ်နယ်မြေများမှာ သတ္ထုတွင်းဝန် ကြီးဌာနနဲ့ စာချုပ်ချုပ်ဆိုခွင့်ပြုသူဦးရေ (၃၂) ဦး၊ လုပ်ကွက် (၈၅)ကွက်၊ ခွင့်ပြု  ဧရိယာဧက (၁၇၀၀) ရှိပါတယ်။ တစ်ခါ စစ်ကိုင်းတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်း ခွင့်ပြုချက်နဲ့ဆိုပြီး လက်လုပ်  လက်စားရွှေတူးဖော်ခွင့် (၂၇၈) ဦး၊ လုပ် ကွက်ပေါင်း (၁၅၂) ကွက်၊ ဧရိယာဧက (၇၆) ဧကရှိကြောင်း၊ လက်လုပ်လက်စား  တစ်ဦးကို ဧက၀က် (၀.၅) ဧကခွင့်ပြုခဲ့ ကြောင်း လေ့လာသိရှိရပါတယ်ခင်ဗျ။ ဒါကတော့ ဗန်းမောက်မြို့နယ်အတွင်း ရွှေလုပ်ကိုင်နေမှုများကို ထင်သာမြင်သာ ရှိအောင် ဖော်ပြခြင်းဖြစ်ပါတယ်။
ကဲ ကောင်းပြီ။ ရွှေကုမ္ပဏီတွေဟာ ရွှေတူးဖော်ခွင့်ရပြီဆိုတော့ ဘယ်လိုနည်း စနစ်နဲ့ တူးေးဖ်ာကြသလဲ။ ရွှေကုမ္ပဏီ အများစု အသုံးပြုတဲ့နည်းစနစ်က ကျင်း ဗြဲစနစ် (ဟင်းလင်းပွင့်စနစ်) ဖြစ်ပါတယ်။ ဒီစနစ်မှာ အရင်ဦးဆုံးမိမိလုပ်ကိုင်ခွင့်ရရှိ တဲ့ ရွှေလုပ်ကွက်အတွင်းရှိ သစ်ပင်မှန် သမျှကို ဒိုဇာလို့ခေါ်တဲ့ ယန္တရားကြီးနဲ့ မြေညှိပစ်ရပါတယ်။ အပေါ်ယံမြေသား ကို အပြောင်ရှင်းပြီးရင် ဘက်ဟိုးလို့ခေါ် တဲ့ ယန္တရားကြီးနဲ့ ရွှေကြောတွေ့တဲ့အထိ ပေ (၅၀) ခန့် အနက်ရောက်မြေကြီးကို  တူးလှန်ပစ်ရပါတယ်ခင်ဗျ။ ရွှေကြောရောက်  တဲ့အခါ ချောင်းရေကို အင်ဂျင်စက်နဲ့ စုပ် ယူပြီး ရွှေပါတဲ့မြေကြီးကို ထိုးပက်ပါတယ်။  မြေကြီးနဲ့ ရေပေါင်းစပ်သွားတဲ့ ပျော်ဝင် ရည်များကို ဗြုန်းစင်ကြီးပေါ်ရောက်အောင်  စက်အားနဲ့ တွန်းပို့ပြီး အမြင့်မှအနိမ့်သို့ စီးဆင်းစေတဲ့အခါ ရွှေမှုန်များဟာ မျော ဖတ်မှာ ကပ်ကျန်ခဲ့ပါတော့တယ်။ ရွှေ လုပ်ကွက်တစ်ခု ရာသီကုန်လုပ်ငန်းသိမ်း ပြီးဆိုရင် အကျယ်စတုရန်းပေ (၁၀၀၀၀) ခန့်၊ အနက်ပေ (၅၀) ခန့်ရှိတဲ့ ကျင်းချိုင့် ကြီးတွေ ကျန်ရစ်ခဲ့ပါတယ်။
ရွှေကုမ္ပဏီတွေအသုံးပြုတဲ့ နောက် နည်းစနစ်တစ်ခုက ကျင်းလုံးစနစ်ဖြစ်ပါ တယ်။ ဒီစနစ်က သစ်တောထိခိုက်မှုမရှိ ပါဘူး။ (၄) ပေပတ်လည်အကျယ်ရှိတဲ့ ကျင်းကို မြေအောက်ရွှေကြောရောက်  တဲ့အထိ တည့်တည့်မတ်မတ် (ရေတွင်း တူးသလို) တူးဖော်ခြင်းဖြစ်ပါတယ်။ မြေ အောက်ရွှေကြောရောက်တဲ့အခါ ရွှေ ကြောအနေအထားကိုလိုက်ပြီး လိုဏ်ခေါင်း များထပ်မံတူးဖော်လုပ်သွားပါတယ်။ ဒေသ  ခေါ်ကတော့ (ခေါင်း) တယ်လို့ ခေါ်ပါ သဗျ။ ရွှေပါတဲ့မြေကြီးကို အပေါ်ရောက် အောင်စက်သီးကြိုးနဲ့ဆွဲတင်ပြီး ဗြုန်းကြိတ်  စက်နဲ့ အမှုန့်ကြိတ်ရပါတယ်။ ရရှိတဲ့ မြေ မှုန့်ကျောက်မှုန့်များကို ရေ၊ ဆိုင်ယာနှိုက်၊ ထုံး၊ အမိုးနီးယားပြဒါးစတဲ့ ဓာတုဗေဒ ပစ္စည်းတွေနဲ့ ရောစပ်ပြီး ချက်ကန်အတွင်း သိုလှောင်ထားရပါတယ်။ အချိန်တန်တဲ့ အခါ ချက်ကန်ကနေ ရွှေမှုန်ပျော်ဝင်ရည် ရရှိပါတယ်။ ကာဗွန်ကိုအသုံးပြုပြီး ပျော် ၀င်ရည်ထဲက ရွှေကိုခွဲထုတ်ယူပါတယ်။ ကျင်းလုံးစနစ်မှာ သစ်တောထိခိုက်မှုမရှိ ပေမဲ့ ဓာတုပစ္စည်းများနဲ့ မြေကြီးကိုပေါင်း စပ်ကိုင်ရတဲ့အတွက် ရွှေထုတ်ယူပြီးတဲ့စွန့် ပစ်မြေကြီးတွေမှာ ဓာတုပစ္စည်းတွေ အမြောက်အမြားကျန်ခဲ့သလိုချောင်းမြောင်း အတွင်း ဓာတုအစည်အကြေးတွေရောက်  ရှိပြီး ရေထုညစ်ညမ်း မှုဖြစ်စေတဲ့နည်း စနစ် ဖြစ်ပါတယ်။ ရွှေနဲ့ ရေဆိုတာ ခွဲခြားလို့မှ မရတာဗျာ။ ဘယ်လိုနည်းစနစ်နဲ့ပဲ ရွှေတူး သည်ဖြစ်စေရေဆိုတာပါမှ ရွှေထုတ်လို့ ရတာချည်းပဲလေ။ နောက်နည်းစနစ်တစ် ခုက ချောင်းတွေမြောင်းတွေရဲ့ ရေတိမ် တဲ့နေရာတွေမှာ (၁၀) ပေ အထက်မြင့် တဲ့ ဗြုန်းစင်ကြီးတွေဆောက်ပါတယ်။
ပြီး ရင် ချောင်းအတွင်းက သဲတွေမြေကြီးတွေ  ကို စက်အားနဲ့ စုပ်ယူပြီးဗြုန်းစင်ပေါ်က နေအမြင့်ကအနိမ့်ကို စီးဆင်းစေခြင်းဖြစ် ပါတယ်။ ရွှေမှုန်တွေကတော့ ရေစီးဆင်း ရာ လမ်းတစ်လျှောက်မှာ ခံထားတဲ့မျော ဖတ်မှာ ကပ်ကျန်ခဲ့တာပေါ့။ ဒီနည်းစနစ် က ချောင်းမြောင်းတွေရဲ့ ရေစီးရေလာ ကို ပျက်စီးစေပြီးသဲနှုန်းပို့ချမှုဖြစ်စေတယ်။ ချောင်းကြမ်းပြင်တွေ မြင့်တက်သွားတယ်။ စွန့်ပစ်လိုက်တဲ့သဲတွေ ကျောက်စရစ်တွေ နှုန်းတွေကြောင့် အပင်တွေသေကုန်တယ်။  ပတ်ဝန်းကျင်ထိခိုက်တယ်။ ရေတွေနောက်  ကျိ ညစ်ညမ်းသွားတယ်ဗျာ။
ရွှေထုတ်လုပ်သူတွေနဲ့ သစ်တောဝန်  ကြီးဌာနတို့ စာချုပ်ချုပ်ဆိုကြတဲ့အခါ သတ္ထုတူးဖော်ခြင်းကြောင့်ကျင်း၊ ချိုင့်များ ဖြစ်ပေါ်လာပါက ၎င်းနေရာတွင် ပြန်လည်  မြေဖို့ပေးရမည်လို့ စည်းကမ်းသတ်မှတ် ထားပေမယ့် ကုမ္ပဏီအနည်းစုကသာ ဖြေဖို့ပေးခြင်းရှိပြီး အများစုကတော့ လုပ်ငန်းသိမ်းရင် ဒီအတိုင်းထွက်သွားကြ တာ များပါတယ်။ နောက်တစ်ချက်က သတ္ထုတူးဖော်ခွင့်ပြုထားသည့် ဧရိယာ အတွင်း၌ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ၊ သစ် ပင်ခုတ်လှဲခြင်းမပြုရ၊ ခုတ်လှဲရန်လိုအပ်ပါ က သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ကို ကြိုတင်ရယူရမည်။
ခုတ်လှဲပြီးသည့်နေရာ တွင် သစ်တောစိုက်ခင်းများ ပြန်လည် တည်ထောင်ပေးရမည် (သို့မဟုတ်) စိုက် ခင်းတည်ထောင်စရိတ်ကျခံပေးရမည်လို့ စည်းကမ်းသတ်မှတ်ထားပါတယ်။ အထက်  မှာ ဖော်ပြခဲ့သလို ကျင်းဗြဲစနစ် (ဟင်း လင်းပွင့်စနစ်)နဲ့ ရွှေတူးတဲ့အခါအပေါ်ယံ မြေသားကို အပြောင်ရှင်းပစ်ရတဲ့အတွက် ရေလုပ်ကွက်အတွင်းရှိသမျှ အပင်ကြီး အပင်ငယ်အကုန်ဖယ်ရှားသုတ်သင်ခြင်း ခံလိုက်ရပါတယ်။
နှစ် (၁၀၀) ကျော်သက်  တမ်းရှိတဲ့ သဘာဝသစ်တောကြီးတွေ တစ်ခါတည်းမျိုးကန်းသွားတာပေါ့ဗျာ။ ရွှေကုမ္ပဏီအချို့ဟာ ဒီလိုသစ်ပင်ခုတ်လဲ မှုတွေကို ခွင့်ပြုချက်ရယူခြင်းလည်းမရှိ၊ ဖြစ်ပေါ်လာတဲ့ကျင်းချိုင့်တွေကို ပြန်လည်  မြေဖို့ခြင်း၊ သစ်တောစိုက်ခင်းပြန်လည် တည်ထောင်ပေးခြင်း၊ စိုက်ခင်းတည် ထောင်စရိတ်ပေးသွင်ခြင်းပေးသွင်းခြင်း လည်းမရှိကြောင်း လေ့လာသိရှိရပါတယ်။  စာချုပ်မှာပါတဲ့ နောက်စည်းကမ်းချက် တစ်ခုက ရွှေတူးဖော်မှုကြောင့် ထိခိုက် ပျက်စီးသည့်အပင်များအတွက် သစ်တော ဦးစီးဌာနက သတ်မှတ်သည့် လျော်ကြေး ငွေပေးသွင်း ရမှာဖြစ်ပါတယ်။ ရွှေလုပ်ကွက်  အတွင်း အပြောင်ရှင်းလိုက်လို့ ပျက်စီးပြုန်း တီးသွားတဲ့သစ်ပင်တွေအတွက်လျော်ကြေး ငွေပေးတဲ့ ကုမ္ပဏီဆိုတာ မရှိသလောက် ပါဘဲ။
အခုဆိုရင် ဗန်းမောက်မြို့နယ်အတွင်း   ရှိ မဲဇာချောင်း၊ ချောင်းကြီးချောင်းတွေမှာ ငါးမျိုးတုံးသလောက်ဖြစ်သွားပြီ။ ချောင်း ကြီးချောင်းဆိုတာဟာ ဟိုတုန်းက ရာသီ မရွှေးစက်လှေနဲ့သွားလို့ရတဲ့ချောင်းဖြစ်ပါ တယ်။ အခုတော့ ရွှေလုပ်ငန်းတွေက သဲ နှုန်းပို့ချမှုများ သို့ ဆောင်းနဲ့ နွေမှာ ချောင်း  ကောသလောက်ဖြစ်သွားပြီ။ ရွှေလုပ်ကွက်  အနီးရှိချောင်းမြောင်းတွေအားလုံး ရေစီး ရေလာပျက်စီးယိုယွင်းပြီး ကြည်လင်သန့် ရှင်းမှုမရှိ နောက်ကျိုညစ်ညမ်းကုန်ပြီ။ လူ သူကျွဲနွားတိရစ္ဆာန်တွေ ချောင်းရေမသောက်  နိုင်ကြတော့ဘူး။ ရေက  နောက်ကျိရုံတင်  မက ဓာတုစွန့်ပစ်ပစ္စည်းတွေ ပျော်ဝင်နေ တယ်လေ။
ဗန်းမောက်မြို့နယ်အတွင်းက အဖိုး တန်ကျွန်းပင်ကြီးတွေ ပေါက်ရောက်ရှင် သန်ရာ သဘာဝတောတွေထဲမှာ စီးပွား ဖြစ်ရွှေတူးဖော်ထုတ်လုပ် မှုများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းခြင်း၊ မြေဆီလွှာ ပျက်စီးခြင်း၊ မြေထု၊ ရေထု၊ လေထုညစ်ညမ်းခြင်းများအပြင် အဆိုးဝါး  ဆုံး ညစ်ညမ်းမှုကတော့ အကျင့်စာရိတ္တ ညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်းပါခင်ဗျာ။
သိကြတဲ့အတိုင်း ရွှေမှော်ဆိုတာ နေရာဒေသကအလွှာစုံ၊ စရိုက်စုံလူပေါင်း များစွာ စုဝေးရောက်ရှိလာတာမို့ မူးယစ် ဆေးဝါး၊ စိတ်ကြွဆေးပြား၊ အရက်၊ ဖဲ၊ လောင်းကစား၊ ပြည့်တန်ဆာလုပ်ငန်းတွေ လည်း ပေါ်ထွန်းလာစမြဲပဲလေ။ လူပေါင်း များစွာ နေထိုင်ဖို့ သစ်တောတွေကို ခုတ် ပြီးတဲတွေဆောက်ကြ၊ ဈေးဆိုင်တန်းတွေ ဆောက်ကြ၊ ယန္တရားကြီးတွေ၊ ရုံးတွေ အတွက် သစ်ပင်တွေ ခုတ်လှဲပြီး အဆောက်  အဦးတွေဆောက်ကြ၊ အို ရှုပ်ယှက်ကို ခတ်လို့ပေါ့ဗျာ။
ရွှေတူးဖော်ခွင့်ချပေးလို့ရရှိတဲ့အခွန် အခနဲ့ ပျက်စီးဆုံးရှုံးသွားတဲ့ သဘာဝပတ် ၀န်းကျင်ပြုန်းတီးပျောက်ကွယ်သွားတဲ့ သစ်တောဧရိယာတွေ၊ ဖြစ်ပေါ်လာတဲ့ ရေထု၊ မြေထုညစ်ညမ်းမှု၊ ချောင်းမြောင်း တွေ ရေစီးရေလာပျက်စီးမှု၊ လူတွေရဲ့ အကျင့်စာရိတ္တပျက်ယွင်းမှုတွေ အချိုးညီ ပါရဲ့လားဗျာ။
သက်ဆိုင်ရာ သစ်တောရေးရာဝန် ကြီးဌာနဲ့ သတ္ထုတွင်းဝန်ကြီးဌာနတို့အနေ နဲ့ သဘာဝပတ်ဝန်းကျင်ယိုယွင်းထိခိုက်မှု မရှိစေရေး၊ ယိုယွင်းထိခိုက်မှုရှိပါက ပြန် လည်ဖြည့်ဆည်းလုပ်ကိုင်ပေးနိုင်ရေးအတွက်  လိုအပ်တဲ့စည်းကမ်းချက်များစနစ်တကျ သတ်မှတ်ပေးထားပေမယ့် စည်းကမ်းသတ်  မှတ်ချက်အတိုင်း လိုက်နာမှုမရှိတဲ့ ရွှေ ကုမ္ပဏီကြီးတွေကို ဘယ်လိုကြီးကြပ်ထိန်း သိမ်းကွပ်ကဲကြမလဲ။
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ရွှေကုမ္ပဏီကြီးတွေဆိုတာ သာမည မှမဟုတ်တာ။ ပတ်သက်ရာပတ်သက် ကြောင်းတွေက ရှိနေတတ်တယ်လေ။ ဒီတော့ကာမြို့နယ်အဆင့်ဝန်ထမ်းငယ် တွေအနေနဲ့ မပြောရဲမဆိုရဲတဲ့ အနေအထား  မျိုးလည်း ရှိတတ်တာဘဲ။ သတ္ထုတွင်းဝန် ကြီးဌာန၊ သစ်တောရေးရာဝန်ကြီးဌာနတို့ က ရွှေလုပ်ငန်းရှင်တွေစာချုပ်ပါစည်းကမ်း  ချက်များအတိုင်း တိတိကျကျလိုက်နာ ဆောင်ရွက်ရေး ထိန်းသိမ်းကြီးကြပ်ကွပ်ကဲ ဖို့အတွက် ထိရောက်တဲ့စည်းကမ်းထိန်း သိမ်းရေးအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းဆောင်ရွက် သင့်ပြီဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသစ်တောစိုက်ခင်းများ တည်ထောင်ရေးလုပ်ငန်းများကို ထိထိ ရောက်ရောက်ဆောင်ရွက်သင့်ပြီဖြစ်ပါ ကြောင်း အကြံပြုနှိုးဆော်လိုက်ရပါတယ် ခင်ဗျား။
Unknown at 9:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.