၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးအပ်ပွဲ အခမ်းအနားမှာ အကယ်ဒမီ ရွှေစင်ရုပ်ထု ဗန်းများ ကိုင်ဆောင်ကြမယ့် ဗန်းကိုင် လှပျိုဖြူ စာရင်းကို ဒီကနေ့ သက်ဆိုင်ရာက ရွေးချယ် အတည်ပြုလိုက်တယ်လို့ ဆိုပါတယ်။ ယခုနှစ်မှာ နေပြည်တော်ရှိ မြို့တော်ခန်းမမှာ ပြုလုပ်ကျင်းပမယ့် ၂၀၁၀ ခုနှစ် အတွက်မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားမှာ ဗန်းကိုင်လှပျိုဖြူအဖြစ် ရွေးချယ်ခံရသူ (၈) ဦးကတော့ (၁) မထက်မိုးမြတ်ဦး၊ (၂) မလဲ့ဝင့်နု၊ (၃) မထိုက်ဆုဝင်း၊ (၄) မအိနြေ္ဒဘုန်းမြင့်၊ (၅) မယုသန္တာတင်၊ (၆) မသဲနော်ဇာ၊ (၇) မခင်ရတနာစိုး၊ (၈) မသဲစုနိုင် တို့ ဖြစ်ကြတယ်လို့ ပြောပါတယ်။ အဲဒီ ၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားမှာ ပါဝင်ကြမယ့် ဗန်းကိုင် လှပျိုဖြူများ အတွက် ဖက်ရှင် (ဒီဇိုင်း) နဲ့ မိတ်ကပ်၊ ပိုးထည်၊ လက်ဝတ်ရတနာ၊ ဖိနပ်၊ စတာတွေကို ဆင်မြန်းဝတ်ဆင် ပေးကြမယ့် ကုမ္ပဏီတွေကတော့ မိတ်ကပ် လိမ်းချယ်ခြင်းကို တော်ဝင်သူ (မေဝင်းမောင်) က လည်းကောင်း၊ ပိုးထည်များကိုတော့ သိင်္ဂီကျော်က လည်းကောင်း၊ ဖက်ရှင် (ဒီဇိုင်း) ကိုတော့ Adore (မစန်းစန်းသောင်း) က လည်းကောင်း၊ ဖိနပ်ကိုတော့ ရွှေနားပန် (မန္တလေး) ကလည်းကောင်း၊ လက်ဝတ်ရတနာများကို Precious က လည်းကောင်း၊ အသီးသီး တာဝန်ယူ ဝတ်ဆင်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge