Monday, January 30, 2012

ကော့မှူးမြို့နယ်အတွင်းရှိ အိမ်ခြံမြေဈေးနှုန်းများမြင့်တက်



ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့စွန်နေရာအားလုံးနီးပါးတွင် အိမ်ခြံမြေဈေးနှုန်းများကျဆင်းနေသော် လည်း ကော့မှူးမြို့နယ် အတွင်း၌ အိမ်ခြံမြေဈေူးနှုန်း(ခေါ်ဈေး)များ သိသိသာသာ မြင့်တက်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများကဆိုသည်။
“အိမ်ခြံမြေဈေးတွေက မြို့တွင်း ၆ မြို့နယ်ကလွဲရင် ကျန်တဲ့နေရာတော်တော်များများက ဈေးတွေပြန်ကြကုန်ပြီ ၊ကော့မှူးမြို့နယ်မှာတော့ ခေါ်ဈေးတွေက အရင်ထက်နှစ်ဆလောာက်တက်လာတယ်” ဟု ယူနတီအိမ်ခြံမြေ( ဦးဇော်ဇော်) က ဆိုသည်။
ကော့မှူးမြို့နယ်အတွင်း ယခုလမှစတင်ကာ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ ကော့မှူးမြို့နယ်အတွင်း ဟိုတယ်များတည်ဆောက်မည့်စီမံ ကိန်း သတင်း၊ ဒေါ်အောင်ဆန်းစုကြည်ကော့မှူးမြို့နယ်၌ ရွေးကောက်ပွဲဝင်ပြိုင်မည့်သတင်းများကြောင့်ဖြစ်ကြောင်း၊ ၄င်းကဆက်ပြောသည်။
“အော်ဈေးတွေပဲ မြင့်နေတာပါ၊ အရောင်းအ၀ယ်က သိပ်မဖြစ်ဘူး။ ကော့မှူးမှာက လယ်မြေတွေနဲ့ တပ်မြေတွေများတယ်” ဟု ကော့မှူးမြို့နယ်ရှိ
အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။
၂၀၁၁ နှစ်ကုန်ပိုင်းမှစ၍ ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာ မြို့တွင်းမြို့ပြင် စက်မှုဇုန်နေရာအားလုံးနီးပါး ဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း၊ ၂၀၁၂ နှစ်ဆန်းပိုင်းတွင်မူ အိမ်ခြံမြေဈေးနှုန်းများမှာ ပြန်လည်ကျဆင်းသွားသဖြင့် အမြင့်ဈေးဖြင့်ဝယ်ယူထားသူများ အခက်ကြုံနေရကြောင်း၊
အိမ်ခြံမြေ၀ယ်ယူစုဆောင်းသူတချို့ကဆိုသည်။
ယခုလက်ရှိကော့မှူးမြို့နယ်အတွင်း အိမ်ခြံမြေဈေးနှုန်းများမှာ ယခင်အနည်းဆုံးငွေကျပ် ၁၀ သိန်း၊ ၁၅ သိန်းတန် မြေကွက်ကို ငွေကျပ်သိန်း၃၀၊
၄၀ ၀န်းကျင်နှင့် ယခင်ခေါ်ဈေး အများဆုံး သိန်း ၃၀၀၊ ၄၀၀ ၀န်းကျင်မြေကွက်ကို  သိန်း ၆၀၀၊ ၇၀၀ ၀န်းကျင်အထိ ခေါ်ဈေးများမြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များကဆိုသည်။

ခင်နှင်းဖြူစိုး( true news journal)
Unknown at 11:51 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.