Monday, January 30, 2012

ခေတ်မီထူးခြားဆန်းသစ်မှုများစွာ တွေ့မြင်နိုင်သော JUNCTION SQUARE CENTRE ယခုနှစ် မတ်လအတွင်းဖွင့်မည်


မြန်မာပြည်တွင်း၌လက်ရှိ အချိန်ကာလအထိ ဖွင့်လှစ်ထားပြီးဖြစ်သောShopping Centre    ကြီးများနှင့်မတူဘဲ ပိုမိုခေတ်မီ ထူးခြားဆန်းသစ်မှုများစွာတွေ့မြင်နိုင်သောJunction Square Centre ကြီးအား လာမည့်မတ်လအတွင်း စတင်ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်းShwe Taung ကုမ္ပဏီရုံးချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်က ဇန်န၀ါရီ ၂၈ ရက်တွင် မြန်မာပို့စ်ဂျာနယ်သို့ပြောကြားသည်။
အဆိုပါ Junction Square Centre မှာ ၁၉၉၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးစတင်ဖွင့်လှစ်ခဲ့သော Junction Centre- Juction 8 ဖွင့်လှစ် ခဲ့ပြီးနောက် ယခု ၂၀၁၂ ခုနှစ်တွင် ပထမဆုံးဖွင့်လှစ်မည့် စင်တာတစ်ခုဖြစ်သည်။
“Junction Square ကို  ၂၀၁၂ခုနှစ် မတ်လထဲမှာစတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ဒီ Shopping Centre  မြေကိုးဧကပေါ်မှာ တည်ဆောက်ထားပြီး အကျယ်အ၀န်းအနေနဲ့ စတုရန်းပေ ၃၀၀၀၀၀ ကျော်နဲ့ ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ဖွင့်နိုင်တယ်။ Centre ကိုလာကြတဲ့မိဘပြည်သူတွေနားနေနိုင်ဖို့ ဥယျာဉ်ကျယ်ကြီးတစ်ခုကိုလည်း ခေတ်မီဒီဇိုင်းတွေနဲ့ တည်ဆောက်ထားပြီးတော့ စင်တာမှာအဓိက ၀င်ပေါက်နှစ်ပေါက်အထပ် အမြင့် လေးထပ် အနေအထားနဲ့ ဆောက်ထားတယ်။ နိုင်ငံတကာအဆင့်မီစင်တာကြီးတစ်ခုအနေနဲ့ တည်ဆောက်ထားပါတယ်” ဟုဆိုသည်။
ယင်း Junction Square Centre၏ တည်နေရာမှာ ရန်ကုန်မြို့ပြည်လမ်းနှင့် ကျွှန်းတောလမ်းကြား TTCကျောင်း၊ ဆေးတက္ကသိုလ်(၁) အနီးတွင်ရှိသည်။
ယင်းစင်တာပတ်ဝန်းကျင်တွင်လည်း မကြာမီအချိန်ကာလအတွင်းကွန်ဒိုတိ
ုက်ခန်းများ ဆောက်လုပ်ပြီးစီးတော့မည် ဖြစ်ကြောင်းသိရသည်။ ထိုစင်တာ ပတ်ဝန်းကျင်၌ ဘဏ်များ ရုံးခန်းများ၊ Shopping House များ၊ ကျောင်းများ Whole Sale အရောင်းဆိုင်ခန်းများရှိကြောင်းတွေ့ရသည်။ အဆိုပါ Junction Square Centre ထူးခြားချက်မှာ နိုင်ငံတကာအဆင့်မီ သင်ကြားရေးကျောင်းများနှင့် Language, Music, Dancing, Tutoring အစရှိသော သင်တန်းကျောင်းများပါဝင်သည့် Edutaiment Centre  Health & Weliness Centre ပါဝင်ဖွင့်လှစ်ထားခြင်းဖြစ်သည်။အုပ်စိုး( မြန်မာပို့စ် သတင်းဂျာနယ်)
Unknown at 12:52 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.