Friday, January 27, 2012

ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ စိတ်ကူး နေလား


 ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့များ စိတ်ကူး စီစဉ်နေပါသလား။ ဒါဆိုရင်တော့ Journal of Marriage and Family ကသင့်ရဲ့ စိတ်ကူးကို နောက်တကြိမ် တွေဝေစဉ်းစားအောင် လုပ်ပါလိမ့်မယ်။
လက်ထပ်ပြီးသား အကြင်လင် မယားတွေဟာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို နှစ်ယောက်အတူတူ တည်ဆောက်လို့ ရတယ်ဆိုပေမယ့် လေ့လာချက် များအရ လက်မထပ်ဘဲ နေတဲ့ စုံတွဲကပိုပြီး ပျော်ရွှင်မှု ရတဲ့အပြင် ပိုပြီး မိမိကိုယ်ကို ကိုယ်တန်ဖိုးထား တတ်ကြတယ်လို့ တွေ့ရှိရပါတယ်။အားလုံးခြုံ ပြောရမယ် ဆိုရင်တော့ လက်ထပ်ပြီး အတူနေတဲ့ စုံတွဲနဲ့ လက်မထပ်ဘဲ အတူနေတဲ့ စုံတွဲတို့မှာ တူညီအချက်တွေ ရှိနေတယ်လို့ စာရေးသူက ဆိုပါတယ်။ နှစ်မျိုးစလုံးဟာ စိတ်ကျန်းမာရေးကို တိုးတက်စေပေမယ့် မကောင်းတဲ့ အချက်အနေနဲ့ကတော့ မိဘတွေ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြတ်သွားခြင်းပဲ ဖြစ်ပါတယ်။
လက်ထပ်ထား တဲ့စုံတွဲနဲ့ လက်မထပ်တဲ့စုံတွဲတို့ ဘာကွာခြားလဲ ဆိုတာကို ဟန်းနီးမွန်းကာလ ပြီးသွားရင် တွေ့ရှိနိုင်တယ်လို့ Cornell’s College of Human Ecology ကတွဲဖက် လေ့လာသူ Kelly Musick ကပြောပါတယ်။ လက်မထပ်ဘဲ အတူနေထိုင်တဲ့စုံတွဲဟာ တာဝန်သိတတ်မှု မရှိတဲ့စိတ် လက်ထပ်ထားတဲ့ စုံတွဲထက် နည်းပြီးပိုပြီး အလိုက်သင့် နေတတ်တဲ့အပြင် ကိုယ်ပိုင်တိုး တက်မှုအတွက် လုပ်ပိုင်ခွင့်ကို အပြည့်အ၀ ရကြပါတယ် လို့လည်း ဆိုပါတယ်။
လေ့လာသူတွေဟာ လက်မထပ်သေးတဲ့ ယောင်္ကျား၊ မိန်းမ အယောက် ၂၇၃၇နဲ့ လွန်ခဲ့တဲ့၆နှစ် လက်ထပ်ပြီး သားအတွဲ၈၉၆ကို သူတို့ရဲ့ပျော်ရွှင်မှု၊ စိတ်ကျမှုအဆင့်၊ ကျန်းမာရေးနဲ့ လူမှုဆက်ဆံရေး တို့ကို အဓိကထားပြီး လေ့လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေကစပြီး စုံတွဲတွေဟာ တရားဝင် လက်ထပ်မယူဘဲ အတူတကွ နေထိုင်ခြင်း တွေတိုးလာ တဲ့အပြင် လက်မထပ်ဘဲ ကလေးယူ တာတွေရှိ လာတယ်လို့ Musick က ဆိုပါတယ်။ အဲ့လို ပြောင်းလဲသွားခြင်းဟာ လက်ထပ်ခြင်း နယ်နိမိတ်ကို တွေဝေသွား စေပါတယ်။ အဲ့တော့ လက်ထပ်ခြင်းဟာ တခြားနည်းတွေနဲ့ ဘာများကွာခြား နေလို့လဲဆိုတဲ့ မေးခွန်းတွေ ဖြစ်လာခဲ့ပါတယ်။ လက်ထပ်ခြင်းဟာ ထူးထူးခြားခြားဘာမှ တိုးတက် ကောင်းမွန်တာတွေကို မပေးနိုင်ပေမယ့် တခြားလှပတဲ့ သမီးရည်းစား ဘ၀တွေဟာ အိမ်ထောင်တစ်ခုက ပေးနိုင်တဲ့ အကျိုးရလာဒ် နီးနီးပေးနိုင်တယ်လို့ လေ့လာသူများက သက်သေပြခဲ့ပါတယ်။
Nunki (MYMC)
Source – Discovery
http://www.mymclub.net/main/index.php?option=com_zoo&task=item&item_id=352&Itemid=537
Unknown at 2:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်တွင်းအခွန် နှုန်းထားများ အားခေတ်စနစ်နှင့်လျော်ညီ အောင်ပြင်ဆင်ကောက်ခံသွား မည်



 ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ လက်ရှိပြည်တွင်းမှာ ကျင့်သုံးကောက်ခံလျက်ရှိတဲ့ အခွန်အခများကို ခေတ်စနစ်နဲ့လျော် ညီအောင် ပြင်ဆင်ရေးဆွဲ ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင် ရွက်နိုင်ဖို့အတွက် လက်ရှိ အခွန်ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲပြီး အဆိုပါ ပြင်ဆင်ဆောင်ရွက်ထားတဲ့ အခွန်ဥပဒေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြထားပြီး ဖြစ်ပါတယ်။
အဆိုပါ တင်ပြထားတဲ့ အခွန်ဥပဒေနှင့်အညီ စီးပွားရေးလုပ်ငန်းများနဲ့ အခြားသော လုပ်ငန်းများမှာ ကဏ္ဍာအလိုက် သက်ဆိုင်ရာ သင့်တင့် တဲ့ နှုန်းထားများကို ပြင်ဆင်ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရခြင်းဟာ နိုင်ငံတော်ကသွားနေတဲ့ ခေတ်စနစ်နဲ့ လိုက်လျော ညီထွေမှုရှိ စေဖို့ အတွက် ပြင်ဆင်ကောက် ခံမှာ ဖြစ်ပါတယ်။
အခွန်ဆိုတာဟာ ၀င်ငွေရတဲ့ လုပ်ငန်းများ ဆောင်ရွက်မှုအပေါ် မှာ ပေးသွင်းရ တာဖြစ်ပြီး အခဆိုတာကတော့ ဥပမာအားဖြင့် ဖုန်းဆက်ခြင်း၊ ခရီးသွားခြင်းနဲ့ အခြားသော ကိစ္စရပ်များ အတွက် ငွေပေးဆောင်ခြင်းနဲ့အတူ တူညီတဲ့အကျိုး ခံစားခွင့် ရရှိမှုများ အစရှိတာတွေဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် အခွန်အခဆိုင်ရာ ကွဲပြားမှုတွေ ပညာရပ်တွေနဲ့ ပတ်သက်ပြီး အများပြည်သူ သိရှိသဘောပေါက်နားလည်အောင် ပညာပေးမှု လုပ်ငန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက်သွားမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Unknown at 2:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကေအန်ယူနယ်​မြေအတွင်း​ရှိ အစိုး​ရတပ်များ​ ရုပ်သိမ်း​ရန် ​တောင်း​ဆို


မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့သည့် KNU ငြိမ်းချမ်းရေးဆွေးနွေးမှု အဖွဲ့ဝင်များအား ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ရစဉ်။ Photo: RFA
DVB — အစိုး​ရငြိမ်း ​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​နဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​ကြတဲ့​အခါမှာ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) နယ်​မြေထဲက အစိုး​ရတပ်​တွေ ​လျှော့​ချ-ရုပ်သိမ်း​ပေး​ဖို့​ကိစ္စ ​ဆွေး​နွေး​မယ်လို့​ ​ကေအန်ယူက ​ကြေညာလိုက်ပါတယ်။
ဒီလ ၂၃ ရက်က စတဲ့​ သုံး​ရက်ကြာ ​ကေအန်ယူ ဗဟို​ကော်မတီ အ​ရေး​ပေါ်အစည်း​အ​ဝေး​က ဆုံး​ဖြတ်လိုက်တာပါ။
အစိုး​ရနဲ့​ အပစ်ရပ်​ရေး​ ဆက်​ဆွေး​နွေး​ဖို့​၊​ ​ကေအန်ယူနယ်​မြေထဲက အစိုး​ရတပ်​တွေရုပ်ဖို့​၊​ ကျွမ်း​ကျင်ပညာရှင်​တွေနဲ့​ ပြည်တွင်း​ပြည်ပ ကရင်ပြည်သူ​တွေရဲ့​ အကြံပြုချက်​တွေယူဖို့​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ လုပ်ငန်း​စဉ်​တွေမှာ အမျိုး​သမီး​တွေ ပိုမိုပူး​ပေါင်း​ပါဝင်​အောင် ​ဆောင်ရွက်ဖို့​ စတာ​တွေကို အစည်း​အ​ဝေး​မှာ ဆုံး​ဖြတ်ခဲ့​ပါတယ်။
နိုင်ငံ​ရေး​ ဆွေး​နွေး​မှုအဆင့်​မှာ​တော့​ တိုင်း​ရင်း​သား​လူမျိုး​စုအင်အား​တွေနဲ့​ စု​ပေါင်း​ ​ဆောင်ရွက်သွား​မယ်လို့​ ဆုံး​ဖြတ်ခဲ့​ပါတယ်။
ကရင်အမျိုး​ သား​အစည်း​အရုံး​ဟာ ဇန်နဝါရီ ၁၂ ရက်​နေ့​တုန်း​က အစိုး​ရကိုယ်စား​လည်​တွေနဲ့​ ဘား​အံမြို့​ ​တွေ့​ဆုံပွဲမှာ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ ပတ်သက်လို့​ သ​ဘောတူညီချက် တ​စောင်၊​ ​ကေအဲန်ယူက ထပ်မံ ​ဆွေး​နွေး​လိုတယ်လို့​ တင်ပြခဲ့​တဲ့​ တနိုင်ငံလုံး​ အတိုင်း​အတာ အပစ်ရပ်​ရေး​အပါအဝင် အချက် ၁၁ ချက်ကို မူအား​ဖြင့်​ သ​ဘောတူညီချက် တ​စောင် နှစ်​စောင် ​ရေး​ထိုး​နိုင်ခဲ့​ပါတယ်။
ဒါ့​အပြင် ​နောက်တကြိမ် နှစ်ဘက်​တွေ့​ဆုံပွဲကို ​လေး​ဆယ့်​ငါး​ရက်အတွင်း​ ထပ်မံကျင်း​ပဖို့​လည်း​ သ​ဘောတူခဲ့​ပါတယ်။
ဒီလိုဖြစ်ထွန်း ​မှု​တွေအပြီး​ ​ကေအန်ယူ ကိုယ်စား​လှယ်အဖွဲ့​ခေါင်း​ဆောင် ​ဒေး​ဗစ်​ထောက နိုင်ငံ​ရေး​ကိစ္စကို ဆက်​ဆွေး​နွေး​မှာဖြစ်သလို နံပါတ်တစ် အ​ရေး​ကြီး​တဲ့​ကိစ္စဟာ ပဋိပက္ခဖြစ်တဲ့​ နယ်​မြေ​တွေက လူ​တွေ၊​ အိုး​မဲ့​အိမ်မဲ့​ ဖြစ်သွား​တဲ့​ ရွာ​တွေက လူ​တွေကို ပြန်လည်ပြီး​တော့​ ​နေရာချထား​ဖို့​နဲ့​ ပြန်လည်ထူ​ထောင်​ရေး​ လုပ်​ဆောင်ဖို့​ ဖြစ်တယ်လို့​ ဆက်​ပြောပါတယ်။
ကရင်အမျိုး​ သား​အစည်း​အရုံး​ဟာ အမျိုး​သား​တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​အတွက် နှစ်​ပေါင်း​ ၆၀ ​ကျော် လက်နက်စွဲကိုင် ​တော်လှန်တိုက်ခိုက်​နေတဲ့​ အဖွဲ့​ဖြစ်ပြီး​ မွန်၊​ ကချင်၊​ ကရင် ကရင်နီ​တော်လှန်​ရေး​ အဖွဲ့​အစည်း​တွေ အပါအဝင် တိုင်း​ရင်း​သား​အဖွဲ့​တွေ စုဖွဲ့​ထား​တဲ့​ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီရဲ့​ အဖွဲ့​ဝင်ဖြစ်ပါတယ်။
Unknown at 2:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအားပေးရန်ဒေါ်အောင်ဆန်း စုကြည် မေတ္တာရပ်ခံ


ကမ္ဘာ့ရေတိမ်ဒေသ အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်စဉ်။ Photo: The Voice Weekly
 — ကမ္ဘာ့ရေတိမ်ဒေသ အထိမ်းအမှတ်အဖြစ် တော်ဝင်နှင်းဆီခြံတွင် ယနေ့ ကျင်းပသည့် Live Together with Wetland ဓာတ်ပုံပြပွဲ အခမ်းအနားကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အားပေး သည့် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် မေတ္တာရပ်ခံခဲ့သည်။
“ကျမတို့နိုင်ငံမှာ အလွန်လှပတဲ့ ပတ်ဝန်းကျင်ရှိပါတယ်။ အဲဒီပတ်ဝန်းကျင်ကို မထိန်းထားရင် ခဏလေးနဲ့ ပျက်သွားမှာပါ။
အခြားနိုင်ငံတွေမှာ ဘယ်လိုပျက်စီးသွားတယ်ဆိုတာ သင်ခန်းစာယူပြီး ကျမတို့နိုင်ငံ နောက်မကျမီ ထိန်းသိမ်းရမှာပါ” ဟု အခမ်းအနားဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယင်းအခမ်းအနားတွင် မြန်မာ့ ရေတိမ်ဒေသအကြောင်း စုစည်းထားသည့်စာအုပ် ၂၀၀၀ ကျော်နှင့် CDများကို ထူး ဖောင်ဒေးရှင်းမှ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ကမ္ဘာ့ရေတိမ်ဒေသ အထိမ်းအမှတ်အဖြစ် တော်ဝင်နှင်းဆီခြံတွင် ဇန်န၀ါရီ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ဓာတ်ပုံဆရာ ၂၁ တို့ဦး၏ ရှားပါးငှက်များ၊ ရေဝေရေလွှဲများ စသည့် ဓာတ်ပုံများ ပြသသွားမည်ဖြစ်သည်။
Unknown at 2:20 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပထမအကြိမ်ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တတိ ယပုံမှန်အစည်းအဝေးပထမ နေ့အစီအစဉ်များ စတင်ကျင်းပ ပြည်တွင်းမီဒီယာများအပြင် ဗြိတိန်၊ ဂျပန်၊တရုတ်သတင်း ဌာနများမှ သတင်းထောက် ၁၁ ဦး လာရောက်သတင်းယူ

— ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးပထမနေ့ အစီအစဉ်များ စတင်ကျင်းပခဲ့သည်။
ပြည်တွင်းမီဒီယာများအပြင် အမေရိကန်၊ ဂျပန်၊ တရုတ်သတင်း ဌာနများမှသတင်းထောက် ၁၁ ဦး လာရောက်သတင်းယူခဲ့ကြောင်း သိရှိ ရသည်။
လာရောက်သတင်းယူကြသည့် ပြည်ပအခြေစိုက် နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်များမှာ ဗြိတိန်နိုင်ငံ Reuters သတင်းဌာနမှ Asia Bureau  Chief  ဖြစ်သူ Mr. Jason Szep Southeast၊ ဂျပန်နိုင်င TBS သတင်းဌာနမှ Correspondent ဖြစ်သူ Mr.Toru KITA- MURA၊ ဂျပန်နိုင်ငံ Ji Ji သတင်း ဌာနမှ Correspondent ဖြစ်သူ Mr.Tetsuo Okabe၊ ဂျပန်နိုင်ငံ NTV သတင်းဌာနမှ Reporter ဖြစ်သူ Mr. Yuzo Yamashita၊ တရုတ်အစိုးရပိုင် CCTV ရုပ်သံမှ Ms.Lin Xi  စသူ တို့ဖြစ်ကြပြီး စုစုပေါင်း ၁၁ ဦးရှိကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ”ဒုတိယအကြိမ်လွှတ်တော်မှာ ပြည်ပအခြေစိုက်နိုင်ငံခြား သတင်းထောက်ဆိုလို့ တရုတ်အစိုးရပိုင် CCTV ရုပ်သံက နှစ်ယောက်ပဲ လာရောက်သတင်းယူတာ တွေ့ရပါတယ်။ ဒီတစ်ကြိမ်မှာ ဗြိတိန်၊ ဂျပန် စတဲ့နိုင်ငံတွေက သတင်းထောက်တွေ ပါ ပါလာတာ တွေ့ရတယ်။ ဂျပန်ကဆို သတင်းဌာန သုံးခု တောင်ပါတယ်။ စုစုပေါင်း နိုင်ငံခြား သတင်းထောက်အရေအတွက် ၁၁ ဦးရှိပါ တယ်။ သူတို့တွေထဲက ၁၀ ဦးက ပြည်သူ့လွှတ်တော်မှာ သတင်းယူကြ တာဖြစ်ပြီး ၁ ယောက်က အမျိုးသားလွှတ်တော်မှာ သတင်းယူပါတယ်” ဟု ပြောကြားခဲ့သည်။  တတိယအကြိမ် လွှတ်တော်ပထမနေ့တွင် ပြည်တွင်း မီဒီယာများမှ သတင်းထောက်စုစုပေါင်း ၂၆ ဦး လာရောက်သတင်းရယူခဲ့သည်။  ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်းမီဒီယာများ အပါအ၀င် အများပြည်သူနှင့် နိုင်ငံတကာမှ ဝေဖန်မှုများကို မိမိတို့ ခံယူသွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းထောက်များအနေဖြင့် လွှတ်တော်ခန်းမအတွင်း သတ်မှတ်ထားသောနေရာမှနေ၍ ၅ မိနစ်ထက်မပိုသော အချိန်အတွင်းသာ ဓာတ်ပုံရိုက်ကူးခွင့်ရရှိပြီး ရိုက်ကူးပြီးပါက ပြည်တွင်း၊ ပြည်ပသတင်းထောက်များအတွက် သတ်မှတ်ထားသော Interpreter Booth များသို့ ရွှေ့ပြောင်း၍ ၎င်းနေရာမှသာ လွှတ်တော်ကျင်းပပုံ သတင်းများကို ရယူကြရသည်။   သို့သော် ယခုတစ်ကြိမ်တွင် ပြည်သူ့လွှတ်တော်၌ Interpreter Booth များအပြင် လွှတ်တော်အစည်းအဝေးခန်းမ အပေါ်ဆုံးထပ်ရှိ လွှတ်တော်အစည်းအဝေး လေ့လာသူများနေရာတွင် သတင်းသမားများ ထိုင်နိုင်ရန် စီစဉ်ပေးထားပြီး လွှတ် တော်ခန်းမအတွင်းမှ သတင်းရယူခွင့်ပေးထားကြောင်း သိရှိရသည်။
Unknown at 2:20 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မှောင်ခိုပစ္စည်းများလာလို့ ကျန်းမာရေးနှင့်လုပ်ငန်းတွေ စိုးရိမ်နေရဟုဆို

နယ်စပ်မှ တရားမဝင်ရောက်လာသော ကုန်ပစ္စည်းများ။ Photo: Irrawaddy
 တရားမ၀င်တင်သွင်းတဲ့ ကုန်ပစ္စည်းတွေများလာတာကြောင့် အသေးစား အလတ်စားစက်ရုံ ၊ အလုပ်ရုံနဲ့ လုပ်ငန်းတွေ တဖြည်းဖြည်းပျောက်ကွယ်ပြီး အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်မယ့် အခြေအနေမျိုး ဖြစ်နေပြီလို့ နေပြည်တော်မှာပြုလုပ်တဲ့ ထုတ်လုပ်မှု၊ ကုန်သွယ်မှု မြှင့်တင်ရေးဆွေးနွေးပွဲမှသိရသည်။
“ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ လွယ်လွယ်ကူကူဖြစ်အောင် ဖြေရှင်းပေးပြီး၊ တရားဝင်လမ်းကြောင်းပေါ်ရောက်အောင်လုပ်မယ်။ တရားမ၀င်မှောင်ခို ပစ္စည်းတွေ ပြည်တွင်းမှာတအားများလာလို့ စိတ်ပူစရာဖြစ်လာတယ်” လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က ဇန်န၀ါရီ ၂၃ရက်နေ့က ထုတ်လုပ်မှုနှင့်ကုန်သွယ်မှုမြှင့်တင်ရေးဆွေးနွေးပွဲမှာ ပြောပါတယ်။
တရားမ၀င်ကုန်ပစ္စည်းတွေကြောင့် အချိုရည်၊ ခေါက်ဆွဲခြောက်စက်ရုံတွေ ရပ်ဆိုင်းရမလိုဖြစ်နေပါတယ်။ အဓိက နယ်စပ်ကနေ တရားမ၀င်တင်သွင်း လာတဲ့အစားအသောက်နဲ့ ဆေးဝါးတွေကို ဘယ်လိုစစ်ဆေးကာကွယ်မယ်ဆိုတာနဲ့ တရားမ၀င်ကုန်ပစ္စည်းတွေကို ဘယ်လိုကော်မတီတွေဖွဲ့စည်းပြီး ပူးပေါင်းကာကွယ်မယ်ဆိုတာတွေကို ထုတ်လုပ်မှုနှင့်ကုန်သွယ်မှုမြှင့်တင်ရေးဆွေးနွေးပွဲမှာ အဓိကထားပြောဆို ဆွေးနွေးကြပါတယ်။
သွင်းကုန်လိုင်စင်ရဖို့ နေပြည်တော်အထိသွားရတာ၊ လိုင်စင်ဈေးနှုန်းတွေမြင့်တာ၊ ပို့ကုန်ဝင်ငွေရှိမှ သွင်းကုန်လိုင်စင်ထုတ်ပေးတာ၊ အခွန်အခတွေပေး ရတာနဲ့ တခြားအခက်အခဲအမျိုးမျိုးကြောင့် တရားမ၀င်တင်သွင်းမှုတွေများလာရတာဖြစ်ပါတယ်။ သွင်းကုန်လိုင်စင်နဲ့ အခွန်အခ၊ အခက်အခဲတွေ ကိုလွယ်ကူအောင် ဖြေရှင်းပေးပြီး တရာဝင်လမ်းကြောင်းက ကုန်ပစ္စည်းသွင်းအောင်ုလုပ်လို့ရတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးက ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးပွဲမှာ ဆွေးနွေးတယ်။
“ဆေးဝါးလုပ်ငန်းရဲ့ အခက်အခဲက တရားမ၀င်ဆေးဝါးတွေများလာတာဖြစ်တယ်၊ အက်ဖ်ဒီအေနဲ့ သက်ဆိုင်ရာဌာနတွေက အခုထက်ပိုမိုစစ်ဆေးတာ၊
တွေ့ရင်အရေးယူတာတွေ လုပ်ပေးစေချင်တယ်” လို့ ဆွေးနွေးပွဲမှာ ဆေးဝါးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ နယ်စပ်တွေမှာ အခွန်ကြပ်မတ်နိုင်မှုအားနည်းတာ၊ သွင်းကုန်တွေအပေါ်စစ်ဆေးကြီးကြပ်မှုစံချိန်စံညွှန်းတွေနဲ့ မပြည့်စုံတာကြောင့်လည်း၊ တခြားနိုင်ငံတွေက စားသောက်ကုန်တွေ ပြည်တွင်းကို တရားဝင်ရော၊ တရားမ၀င်လမ်းကြောင်းတွေကနေ အလွယ်တကူဝင်ရောက်နေပါတယ်။ အဓိက
တရားမ၀င်ကုန်ပစ္စည်းတွေ ပြည်တွင်းနေရာအနှံမှာ ပျံနှံလာတာကြောင့် ပြည်တွင်းကုန်တွေ မယှဉ်နိုင်တော့ဘဲ၊ ဈေးကွက်ဆုံးရှုံးတာ၊ ပြည်ပမပို့နိုင် တာ၊ လုပ်ငန်းပိုတိုးတက်အောင် ရင်းနှီးနိုင်စွမ်းမရှိတော့ဘဲ၊ စိုးရိမ်ရတဲ့အခြေအနေကိုရောက်နေတယ်လို့ မြန်မာနိုင်ငံစိုက်ပျိုးရေးအြေ ခခံစားသောက် ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအတွင်းရေးမှူး ဦးဝေဖြိုးက ဆွေးနွေးပါတယ်။
သူက “၂၀၁၅ ခုနှစ်မတိုင်ခင်မှာပဲ အခုအခြေအနေတွေအရ စားသောက်ကုန်လုပ်ငန်းအများစုလျော့နည်းသွားပြီး များစွာအလုပ်လက်မဲ့ဖြစ်လာ ဖို့ တွေ့နေရတယ်” လို့ သူအမြင်ကိုပြောပါတယ်။
ကရင်ပြည်နယ်မှာဆိုရင် မှောင်ခိုစီးပွားရေးလုပ်ငန်းတွေကပြုပြင်ဖို့ခက်ခဲပြီး တရားမ၀င်ပို့တာ၊သွင်းတာတွေကိုပဲ လုပ်ကြပါတယ်။ တရုတ်၊လာအို၊ ထိုင်းနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်းဆက်နေတဲ့ ရှမ်းပြည်နယ်မှာလည်း တရားမ၀င်ကုန်သွယ်ဖို့ အခြေအနေပေးတဲ့အနေအထားမျိုးဖြစ်ပါတယ်။ လူသုံးကုန်၊ စားကုန်နဲ့ ဆေးဝါးတွေစစ်ဆေးခြင်းမရှိဘဲ ၀င်ရောက်နေတာက စားသုံးသူတွေအတွက် အန္တရာယ်များကြောင်း ထုတ်လုပ်မှု နှင့်ကုန်သွယ်မှုမြှင့်တင်ရေး
ဆွေးနွေးပွဲကသိရပါတယ်။
ဇင်သော်( မော်ဒန် သတင်းဂျာနယ်)
Unknown at 2:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စားသုံးသူကာကွယ်ရေးဥပဒေမူ ကြမ်းလွှတ်တော်တင်ပြနိုင်ဖို့စီစဉ်



Modern News Journal — ပထမအဆင့်ရေးဆွဲပြီးတဲ့ စားသုံးသူအကာအကွယ်ပေးရေးဥပဒေမူကြမ်းကို လာမည့်လွှတ်တော်အစည်းအဝေးမှာ တင်ပြနိုင်ဖို့ လိုအပ်တဲ့ဖြည့်စွပ်ချက်တွေ ထည့်သွင်းရေး သက်ဆိုင်ရာဌာန၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေပူးပေါင်းပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ဇန်န၀ါရီ ၉ ရက်နေ့က ကုန်သည် စက်မှုအသင်းချုပ်(UNFCC I)မှာပြုလုပ်တယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာထွန်းဇော်က “စားသုံးသူ ကာကွယ်ပေးရေး ဥပဒေက အခုမှ မူကြမ်းအဆင့်ရေးဆွဲနေဆဲဘဲရှိသေးတယ်၊ ပထမအဆင့်မူကြမ်းဘဲရှိသေးတော့ ဘယ်လိုမှမပြည့်စုံနိုင်သေးဘူး” လို့ အဲဒီပွဲမှာတွေ့စဉ်ပြောကြားတယ်။
စားသုံးသူအကာကွယ်ပေးရေးဥပဒေမူကြမ်းမှာ အဓိကအစိတ်အပိုင်းနှစ်ပိုင်းပါဝင်တယ်၊ ပထမတစ်ပိုင်းက ကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့အာမခံချက်၊ နောက် တားမြစ်ချက်တွေပါဝင်တဲ့အပိုင်းနဲ့ အများပြည်သူသုံးစွဲနေတဲ့အပေါ် ၀န်ဆောင်မှုပေးနေတဲ့အပိုင်းဆိုပြီး နှစ်ပိုင်းစလုံးကိုခြုံငုံပြဌာန်း ပါရှိပါတယ်။
စားသုံးသူအကာအကွယ်ပေးမဲ့ လုပ်ငန်းစဉ်တွေ၊အကောင်အထည်ဖော်နိုင်ဖို့ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းကော်မတီကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ဖွဲ့စည်းတယ်။ ဦးဆောင်ကော်မတီနဲ့ လုပ်ငန်းကော်မတီလို့ သတ်မှတ်ထားပြီး ဦးဆောင်ကော်မတီမှာ စီးပွား/ကူးသန်းက ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ်ပါဝင်ပြီး ၀န်ကြီးဌာနအသီးသီးက အဖွဲ့ဝင်တွေအဖြစ်ပါဝင်ဖွဲ့စည်းထားပါတယ်။
ပထမအဆင့်ရေးဆွဲထားတဲ့ စားသုံးသူအကာအကွယ်ပေးရေးဥပဒေမူကြမ်းမှာ အခန်း၁၇ ခန်း၊ အပိုဒ် ၅၂ ပိုဒ်နဲ့ တစ်ပိုဒ်စီမှာ အပိုဒ်ခွဲအသီးသီးဖော်ပြ ထားပါတယ်။
အခန်း(၁)မှာ စားသုံးသူအကာအကွယ်ပေးရေးဥပဒေရဲ့ အမည်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါဝင်တယ်။
အခန်း(၂)မှာ စားသုံးသူအကာ အကွယ်ပေးရေးဥပဒေရဲ့ ရည်ရွယ်ချက်၊
အခန်း(၃)မှာ ဥပဒေအတွက်ဖွဲ့စည်းထားတဲ့ ကော်မတီအဖွဲ့အစည်းတွေကိုဖော်ပြထားတယ်။
အခန်း(၄)မှာ ကော်မတီရဲ့လုပ်ငန်းတာဝန်တွေဖြစ်တယ်။
အခန်း(၅)မှာ စားသုံးသူတွေရဲ့အခွင့်အရေးတွေနဲ့ တာဝန်တွေကိုရေးဆွဲထားတယ်။
အခန်း(၆) နဲ့ အခန်း(၇)မှာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အခွင့်အရေး၊ တာဝန်တွေနဲ့ လိုက်နာရမယ့် တားမြစ်ချက်တွေပါဝင်တယ်။
အခန်း(၈)မှာ စားသုံးသူတွေရဲ့ အထင်အမြင်လွဲမှားစေတဲ့ အချက်တွေကိုရေးဆွဲထားသလို
အခန်း(၉)မှာ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတို့ရဲ့အန္တရာယ်ကင်းမှု အခြေအနေ၊
အခန်း(၁၀)မှာရောင်းချတဲ့ကုန်စည်နဲ့ပတ်သက်တဲ့ အာမခံချက်တွေနဲ့
အခန်း(၁၁)မှာ အာမခံချက်ပေးတဲ့ရောင်းချပြီးပစ္စည်းနဲ့ ပတ်သက်တဲ့ ရောင်းချသူအပေါ်တောင်းဆိုနိုင်တဲ့အခွင့်အရေးတွေ ဖော်ပြထားတယ်။
အခန်း(၁၂)အထိ ထုတ်လုပ်ရောင်းချတဲ့ကုန်ပစ္စည်းနဲ့ပတ်သက်ပြီး ကုန်ထုတ်သူအပေါ် တောင်းဆိုနိုင်တဲ့အခွင့်အရေးတွေပါဝင်တယ်။         အခန်း(၁၃)ကစပြီး အခန်း(၁၄)(၁၅)မှာ ၀န်ဆောင်မှုလုပ်ငန်းနဲ့ပတ်သက်တဲ့ အာမခံချက်တွေ၊ ၀န်ဆောင်မှုအပေါ်တောင်းဆိုနိုင်တဲ့အခွင့်အရေး၊
ထုတ်ကုန်ပစ္စည်းအပေါ်တာဝန်ရှိမှုတွေကို အသေးစိတ်ဖော်ပြပါရှိပါတယ်။
အခန်း(၁၆)မှာ စားသုံးသူအငြင်းပွားမှု ဖြေရှင်းမယ့်အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့တာဝန်၊ လုပ်ပိုင်ခွင့်အာဏာတွေပါ ဖော်ပြထား တယ်။ အခန်း(၁၇)မှာ လိုအပ်တဲ့အချက်တွေကို အထွေထွေအနေနဲ့ ပြန်လည်ထည့်သွင်းဖော်ပြပါရှိတယ်။
အဲဒီစားသုံးသူကာကွယ်ပေးရေးအလုပ်
ရုံ ဆွေးနွေးပွဲမှာ မူလရေးဆွဲထားတဲ့မူကြမ်းရဲ့ လိုအပ်တဲ့ဖြည့်စွပ်မှုတွေကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးစားတမ်းဖတ်ကြားသွားပြီး အဓိကမူကြမ်းမှာ လိုအပ်နေတာက ပြစ်မှုနဲ့ပြစ်ဒဏ်တချို့ ထပ်မံဖြည့်စွပ်ရမယ်လို့သိပါတယ်။သူဇာ( မော်ဒန် သတင်းဂျာနယ်)
Unknown at 2:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစွန်းလွတ်အောင်ရှောင်ကြဖို့ သီတဂူဆရာတော်မိန့်ကြား

Photo: popular news journal
 တိုင်းကျိုးပြည်ကျိုးကိုဆောင်ရွက်ကြတဲ့အခါ အစွန်းလွတ်အောင်ရှောင်ကြဖို့ လိုတယ်လို့ ယခုလ ၂၀ ရက်နေ့က မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ ဦးရာဇာတ်အထိမ်းအမှတ်အခန်းအနားမှာ သီတဂူဆရာတော်ဦးဥာဏိဿရက မိန့်ကြားပါတယ်။
“အဖွဲ့အစည်းတစ်ခုရဲ့အကျိုးစီးပွားကို ဆောင်ရွက်သည်ဖြစ်စေ၊ တိုင်းကျိုးပြည်ကျိုးကိုဘဲ ဆောင်ရွက်သည်ဖြစ်စေ၊ နံပါတ်တစ်ကတော့ to avoid the extreme ပါ။ အစွန်းလွတ်အောင်ရှောင်ကြဖို့။ အလယ်အလတ်မျှမျှတတ ကျင့်သုံးကြဖို့ ၊ ပိုပြီးတော့အရေးကြီးတဲ့အချက်ကတော့ try to understand
the truth သစ္စာ( အမှန်)တရားကို နားလည်ကြဖို့ပါ´´လို့ ဆရာတော်ဦးဥာဏိဿရက မိန့်ကြားပါတယ်။
ဆရာတော်ကဘဲ ပြည်ထောင်စုမြန်မာနိုင်ငံတည်ဆောက်မယ်ဆိုရင် လူမျိုးရေး၊ဘာသာရေး၊ အစွဲအလန်းတွေ ဖျောက်ရမယ်။ အစွဲအလန်းတွေ မဖျောက်နိုင်ရင် unity (တစုတစည်းညီညွှတ်ခြင်း)၊ harmony(သင့်တင့်မြတ်မြတ်နေထိုင်ခြင်း) လုပ်လို့မရဘူး။ Unity နဲ့ Harmony ကို တည်ဆောက်လို့မရရင် peace( ငြိမ်းချမ်းခြင်း) ကို တည်ဆောက်လို့ မရနိုင်ဘူးလို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လုပ်ကြံခံခဲ့ရတဲ့ အာဇာနည် ကိုးဦီးအနက် ဦးရာဇာတ် အထိမ်းအမှတ်ကို ဦးရာဇာတ်ရဲ့ အသက် ၁၁၄ နှစ်ပြည့်မွေးနေ့မှာ အခန်းအနားနဲ့ ကျင်းပခဲ့ပါတယ်။ ဦးရာဇာတ်ဟာ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး ဦးရာဇာတ်နေ့ကို Myanmar Muslim Education and Cultural Society က ကြီးမှူးကျင်းပခဲ့တယ်။ အဲဒီအခန်းအနားကို ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်၊တောင်ထီးလင်းဆရာတော်၊ သီတဂူဆရာတော်အပါဝင်
ဗုဒ္ဓဘာသာဘုန်းတော်ကြီးအများအပြားတက်ရောက်ကြတာကိုတွေ့ရပါတယ်။ ဆွေသက်မြင့်( မော်ဒန်သတင်းဂျာနယ်)
Unknown at 2:17 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျောင်းသားလေးကို ဖမ်းဆီးရိုက်နှက် လက်ပြန်ကြိုးတုပ် ထားခဲ့တဲ့ ကျောင်းအုပ်ကြီးဦးဌေးလွင် ကို အမှုဖွင့် အရေးယူ

တိရိစ္ဆာန်ကဲ့သို့ ကြိုးတုတ်ရိုက်နှက်ခံရတဲ့ ကျောင်းသားမောင်ပြည့်စုံ(၁၂)နှစ်

လူငယ်တစ်ဦးအား ဖမ်းဆီးကာ ရိုက်နှက်၍ ကျောင်းဝရန်တာတွင် လက်ပြန်ကြိုး တုပ်ထားခဲ့သည်ဆိုသော သင်္ဃန်းကျွန်း မြို့နယ် အမက(၂၀)မှ ကျောင်းအုပ်ကြီး ဦးဌေးလွင် (၄၉ နှစ်)၊ ကျောင်းစောင့် နေလင်းအောင် (၃၄ နှစ်)နှင့် ဦးစိန်ထွန်း (၄၇ နှစ်)တို့အပေါ် ဖခင်ဖြစ်သူ၏ တိုင်တန်းချက်အရ သင်္ဃန်းကျွန်းရဲစခန်းက (ပ) ၅၈ / ၂၀၁၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၂၊ ၃၂၅ / ၁၁၄ အရ ဇန်န၀ါရီ ၁၄ ရက်နေ့တွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အမှုဖြစ်ပွားပုံမှာ သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက်၊ သမာဓိ (၁) လမ်းသွယ်နေ ဦးအုံးညွန့် (၅၁ နှစ်) သည် ၁၄-၁-၁၂ နေ့ည ၇ နာရီခန့်အချိန် နေအိမ်သို့ပြန် ရောက်စဉ် သားဖြစ်သူ မောင်ပြည့်စုံ (၁၂ နှစ်) (အထက ၁ ) ခုနစ်တန်းကျောင်းသားမှာ စံပြဆေးရုံကြီး တွင် အတွင်းလူနာအဖြစ် တင်ထားရကြောင်း သိရ၍ သွားရောက်မေးမြန်းသည်။
၁၄-၁-၁၂ နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် သားဖြစ်သူ မောင်ပြည့်စုံသည် မောင်ကမား၊ သားညီ၊ ဖိုးသားတို့နှင့်အတူ (အမက ၂၀) ကျောင်းအပြင်ဘက်၌ ကစားနေရာမှ ကျောင်းအုပ်ကြီးနှင့် ကျောင်းစောင့်နှစ်ဦးက မောင်ပြည့်စုံ တစ်ယောက်တည်းအား ဖမ်းဆီးကာ (အမက ၂၀) ကျောင်းဝရန်တာတွင် လက်ပြန်ကြိုးတုပ်ထားကြောင်း၊ ညနေ ၃ နာရီခွဲခန့်၌ မောင်ပြည့်စုံ၏ အစ်မဖြစ်သူ မနှင်းပွင့်ဖြူနှင့် အစ်ကို ကိုအောင်မိုးသူ တို့က ကျောင်းအုပ်ကြီးထံ သွားရောက် တောင်းပန်ပြီး ကြိုးအားဖြေ၍ခေါ်လာစဉ် လမ်းတွင် သတိလစ်၍ စံပြဆေးရုံကြီး သို့ ပို့အပ်ကာ အတွင်းလူနာအဖြစ် တင်ထားရသည်ကို သိရသဖြင့် ဖခင် ဦးအုံးညွန့်က အရေးယူပေးရန် တိုင်တန်း သည်။
ရဲတပ်ဖွဲ့က တရားလိုဦးအုံးညွန့်အား စစ်ဆေးခြင်း၊ သက်သေများဖြစ်သော မနှင်းပွင့်ဖြူ (၂၂ နှစ်)၊ မောင်အောင်သူမိုး (၂၃ နှစ်)၊ မောင်ကျော်ဇေယျ (၁၇ နှစ်)၊ ဖြိုးကိုကို (၁၁ နှစ်)၊ အောင်ဖြိုးဝေ (၁၁ နှစ်)၊ လွင်မိုးယံ (၁၈ နှစ်)၊ ရင်ဂို (၁၃ နှစ်) တို့အား စစ်ဆေးခြင်း၊ အခင်းဖြစ် အရပ်အား သွားရောက်စစ်ဆေး မှတ်တမ်းဓာတ်ပုံရိုက်ယူခြင်း၊ တရားခံဖြစ်သူ (အမက ၂၀) ကျောင်းအုပ်ကြီး ဦးဌေးလွင်၊ ကျောင်းစောင့် နေလင်းအောင်၊ ဦးစိန်ထွန်းတို့အား ဖမ်းဆီးစစ်ဆေး ခံဝန်ပေးခြင်း၊ သက်သေခံပစ္စည်း ကြိုးအား သိမ်းဆည်းခြင်း၊ အမှုမှ ဒဏ်ရာရသူအား စံပြဆေးရုံ၊ ကလေးဆောင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ရဲစာပေး၍ ပြန်ကြားစာရရှိရေးတို့ကိုပါ ဆောင်ရွက်ထားသည်။
အမှုမှ တရားလိုနှင့် သက်သေများ၏ အစစ်ခံထွက်ဆိုချက်အရ ကျောင်းအုပ်ကြီးနှင့် ကျောင်းစောင့်နှစ်ဦးတို့က မောင်ပြည့်စုံအား ဖမ်းဆီး၍ ကျောင်းအပေါ်ထပ်ဝရန်တာတွင် လက်ပြန်ကြိုး တုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။
ကျောင်းအုပ်ကြီးဦးဌေးလွင်အား စစ်ဆေးရာ မောင်ပြည့်စုံအား ကျောင်းဝင်းအတွင်း ၀င်လာ၍ ကျောင်းစောင့် နေလင်းအောင်နှင့် ဦးစိန်ထွန်းတို့က ဖမ်းဆီးပြီး ၀ရန်တာတွင် ကြိုးဖြင့် တုပ်ထားကြောင်း၊ ၎င်းက မောင်ပြည့်စုံ အား ကြိုးဖြင့်တုပ်ခြင်းမရှိဘဲ အမည် နေရပ်လိပ်စာအား မေးမြန်းစစ်ဆေးခဲ့ခြင်းသာဖြစ်ကြောင်း၊ ကလေး၏ အစ်ကိုနှင့် အစ်မ လာခေါ်သောအခါ ပြန်လည်အပ်နှံပေး ခဲ့ကြောင်း ရဲထံ အစစ်ခံ ထွက်ဆိုသည်။
ဆက်လက်၍ ကျောင်းစောင့် နေလင်းအောင်အား စစ်ဆေးရာ ကျောင်းအတွင်း သို့ ကလေးတစ်ဦးဝင်လာ၍ ဦးစိန်ထွန်း နှင့်အတူ ဖမ်းဆီးပြီး ကျောင်းအပေါ်ထပ် ၀ရန်တာတွင် ၎င်းကိုယ်တိုင် လက်နှစ်ဖက်ပူး၍ ကြိုးဖြင့် တုပ်နှောင်ခဲ့ကြောင်း၊ ကျောင်းအုပ်ကြီးအား ပြောပြ အပ်နှံခဲ့ကြောင်း အစစ်ခံထွက်ဆိုသည်။
ဦးစိန်ထွန်းအား စစ်ဆေးရာ နေလင်းအောင်ကဲ့သို့ပင် အစစ်ခံထွက်ဆိုသည်။
အမှုနှင့်ပတ်သက်၍ ဆေးစာအမြန် ရရှိရေး၊ ဥပဒေအကြံပြုချက် အမြန်ရရှိရေး ဆောင်ရွက်ပြီး ဥပဒေအကြံပြုချက်နှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
မင်းသုနောင်  (မြန်မာ့တိုင်းမ်)
Unknown at 1:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွှေညဝါ ဆရာတော်အတွက် အန်အယ်ဒီမှ ဆောင်ရွက်မည်



         မန္တလေးတိုင်း၊ အန်အယ်ဒီရုံးတွင် တရားဟောမှုကြောင့် ကျောင်းတိုက်မှ တစ်လအတွင်း ဖယ်ရှားရန် အမိန့်ချမှတ်ထားသည့် ရွှေညဝါ ဆရာတော် ဦးပညာသီဟအရေးအတွက် အန်အယ်ဒီမှ ကြားဝင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
“အန်အယ်ဒီရုံး တစ်ရုံးမှာ တရားဟောတဲ့ သံဃာတော်မှာ ဒီလိုကိစ္စ ဖြစ်ပွားတာ အန်အယ်ဒီနဲ့လည်း သက်ဆိုင်နေတဲ့အတွက် ကြားဝင်ဆောင်ရွက် ရတာပါ”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘာပတိ အဖွဲ့ခေါင်းဆောင် ဦးတင်ဦးက ပြောကြားသည်။
ယင်းကိစ္စရပ်နှင့် ပက်သက်၍ အန်အယ်ဒီမှထားရှိသည့် သဘောထားကြေငြာချက်ကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံ ပေးပို့မည် ဖြစ်ကြောင်း သိရသည်။
ရွှေညဝါဆရာတော်အား ဖေဖော်ဝါရီ ၁၉ ရက် ညနေ လေးနာရီခွဲ နောက်ဆုံးထား၍ သာဓုပရိယတ္တိစာသင်တိုက်မှ ထွက်ခွာရန် ရန်ကုန်တိုင်း ဒေသကြီး သံဃနာယက အဖွဲ့မှ ဆုံးဖြတ်ထားသည်။
“ကျွန်တော်တို့ နောက်တစ်ဆင့် လုပ်စရာရှိပါတယ်။ ဒီလိုလုပ်ပြီးမှ ဖြစ်လာတဲ့ အကျိုးရလဒ်ကိုကြည့်ပြီး ကျောင်းတိုက်က ခွာမခွာ စဉ်းစားကြ မှာပါ”ဟု ယင်းဆရာတော်နှင့် နီးစပ်သည့် တပည့်တစ်ဦးက ဆိုသည်။
ရွှေညဝါဆရာတော်သည် ၁၉၈၈ အရေးအခင်းကာလအတွင်း ဖြစ်ပွားခဲ့သည့် ကုန်သွယ်ရေးရုံးဖြစ်ရပ်တွင် တပ်မတော်သားများအား ကယ်ထုတ် ခဲ့သည့် သံဃာတစ်ပါး ဖြစ်သည်။
KS - yangonchronicle
Unknown at 11:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီနှစ် အကယ်ဒမီ ဘယ်လိုလဲ မျှော်လင့်ထားသလို ဖြစ်မလား ကြိုတင် တွက်ဆသလို ဖြစ်မလား


Eleven Media Group — နှစ်တစ်နှစ်၏ ဆန်းစကာလသို့ ရောက်ရှိပြီဆိုလျှင် ရုပ်ရှင်အနုပညာရှင်များရော၊ ရုပ်ရှင်ကိုချစ်သည့် ပရိသတ်များအတွက်ပါ ရင်ခုန်ရသည့် ပွဲတစ်ပွဲအတွက် စကားသံများ၊ သတင်းစကားများ စတင် ထွက်ပေါ်လာတတ်မြဲ ဖြစ်သည်။ မျှော်လင့်ရင်ခုန်ရင်း ကြိုတင်ပြင်ဆင်မှုများ ရှိသကဲ့သို့ ပွဲနေ့မရောက်ခင် အချိန်ထိလည်း ခန့်မှန်းသည့်၊ မျှော်လင့်သည့်၊ ရင်ခုန်သည့် ခံစားချက်အဖုံဖုံတို့ဖြင့် ကိုယ်တိုင် အတွက်တစ်မျိုး၊ ကိုယ်စားဝမ်းသာစေရန် အတွက်တစ်ဖုံ ခံစားချက်အစုံစုံ ရှိနေကြစမြဲဖြစ်သည်။ ယင်းသို့ ရုပ်ရှင်ချစ်သူတို့ အတွက် ရင်ခုန်မျှော်လင့်စရာ ပွဲတစ်ပွဲဖြစ်သည့် အကယ်ဒမီဆု ချီးမြှင့်ပွဲအား ဖေဖော်ဝါရီလ ၇ ရက်နေ့ တွင် နေပြည်တော် လဟာပြင် ကဇာတ်ရုံ၌ ကျင်းပပြုလုပ်တော့မည်ဖြစ်ရာ အကယ်ဒမီနှင့် ပတ်သက်သည့် သတင်းစကား၊ အချက်အလက် တို့ကို စုစည်းဖော်ပြပေးဖြစ်ပါသည်။
၂၀၁၀ ပြည့်နှစ်မှာ ရုံတင်ပြသခဲ့တာ ၁၅ ကား
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်မည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသည် ၂၀၁၀ ပြည့်နှစ်တွင် ရုံတင်ပြသခဲ့သည့် မြန်မာရုပ်ရှင်ဇာတ်ကား ၁၅ ကား အနက်မှ ရွေးချယ်ပေးအပ်မည်ဖြစ်ပြီး ယင်း ဇာတ်ကားများမှာ သုခမိန်ရုပ်ရှင် ထုတ်လုပ်ရေးမှ နတ်ဖြစ်ရတဲ့ဒုက္ခ၊ စိမ်းဝါနီ ရုပ်ရှင်ထုတ်လုပ်ရေးမှ ဆွေတစ်ရာ မောင်တစ်ကျိပ်၊ စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးမှ နတ်ဖက်တဲ့စုံတွဲများ၊ လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ဟတ်ထိတယ်၊ ရွှေတောင်ရုပ်ရှင် ထုတ်လုပ်ရေးမှ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ လူစွမ်းကောင်း ရုပ်ရှင် ထုတ်လုပ်ရေးမှ ဂွတ်ရှယ်သမက်၊ ကမ်းထရီးစတား ရုပ်ရှင်ထုတ်လုပ်ရေးမှ ဘာမီတွန်၊ လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ်ရေး မှ အချစ်လားလာထား၊ ၀ါဝါ၀င်းရွှေရုပ်ရှင် ထုတ်လုပ်ရေးမှ ရင်ဘတ်ကြီးနဲ့ ချစ်လိုက်မယ်၊ ၀မ်းဖိုးဖိုက် ရုပ်ရှင်ထုတ်လုပ်ရေးမှ နယူးမော်ဒယ်လ်၊ Heart& Seoul ရုပ်ရှင်ထုတ်လုပ်ရေးမှ အာဒမ်ရယ်ဧ၀ရယ်ဒသရယ်၊ ကြောင်ကမ္ဘာရုပ်ရှင် ထုတ်လုပ်ရေးမှ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်၊ ကမ်းထရီးစတား ရုပ်ရှင် ထုတ်လုပ်ရေးမှ လာထားအာဘွား၊ စတူဒီယို ၃၅ ရုပ်ရှင် ထုတ်လုပ်ရေးမှ ပင်လယ်ထက်က နေ၀န်းနီ၊ သရ၀ဏ်ရုပ်ရှင် ထုတ်လုပ်ရေးမှ အငိုမျက်လုံး အပြုံးမျက်နှာဇာတ်ကားတို့ ဖြစ်သည်။ အဆိုပါဇာတ်ကားများ အနက် ဒရာမာ ဇာတ်ကားလေးကား ပါဝင်ပြီး ဟာသ ဦးစားပေးဇာတ်ကား ၁၁ ကားပါဝင်သည် ဟု သိရသည်။
အကောင်းဆုံးဒါရိုက်တာဆု
ယခုနှစ်အတွက် ဒရာမာဇာတ်ကားများ ဖန်တီးရိုက်ကူးခဲ့သည့် ဒါရိုက်တာများကသာ အများဆုံး ရေပန်းစားလျက် ရှိသည်။ ယင်းတို့အနက် သုံးပွင့်ဆိုင်လူငယ် အချစ်ဇာတ်လမ်း ကို တစ်မူထူးခြားသည့် ပုံဖော်တင်ပြမှုများဖြင့် ဖန်တီးရိုက်ကူးခဲ့ရာ သမားရိုးကျ ရုပ်ရှင်ဇာတ်ကားများမှ ကွဲထွက်တင်ပြနိုင်ခဲ့သည့် ‘အာဒမ် ရယ်ဧ၀ရယ်ဒသရယ်’ ရုပ်ရှင်ဇာတ်ကား၏ ဖန်တီးရှင် ဒါရိုက်တာဝိုင်းသည် ပရိသတ်များအကြား ရေပန်းစားမှု အများဆုံး ဒါရိုက်တာတစ်ဦး ဖြစ်နေခဲ့သည်။ ထို့အပြင် ‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့သူ ဒါရိုက်တာခင်စောမျိုး (အဖေ့ပညာ)၊ ‘အငိုမျက်လုံး အပြုံးမျက်နှာ’ ဇာတ်ကားအား ပုံ ဖော်ရိုက်ကူးခဲ့သူ ဒါရိုက်တာမင်းအုပ်စိုး၊ ‘ပင်လယ်ထက်က နေ၀န်းနီ’ ဇာတ်ကားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာခင်မောင်ဦး၊ စိုးသိမ်းထွဋ် တို့ကို ထင်ကြေးပေး ခန့်မှန်းလျက် ရှိကြသည်။ အဆိုပါဇာတ်ကားများတွင် မိမိ၏နာကျည်းမှုနှင့် အတ္တကြောင့် မိမိချစ်မြတ်နိုးရသည့် မိန်းကလေးကို အသုံးချကာ တစ်ဖက်လူအား အနိုင်ယူရန် ကြိုးစားရာ၌ မိမိ၏ချစ်သူ၏ စိတ်နာကျည်းပစ်ပယ်မှုနှင့်အရှုံးဝေဒနာများ သာရရှိပုံကိုပုံဖော်ထားသည့် ‘အာဒမ်ရယ် ဧ၀ရယ် ဒသရယ်’ ဇာတ်ကား၊ လွန်ကဲသည့်မိခင် ၏ မေတ္တာနှင့်အတ္တကြောင့်  သားဖြစ်သူ၏ မိသားစု ပြိုကွဲခဲ့ရပြီးပုံ၊ အနစ်နာခံမိခင်စိတ် နှင့်ရုန်းကန်ရသူ ချွေးမမှာလည်း စစ်မှန်သည့် မေတ္တာတရား၏ အရိပ်အောက်တွင် အဆုံးသတ်၌ ငြိမ်းချမ်းအေးမြခွင့်ရရှိပုံကို ပုံဖော်ထားသည့် ‘အမေ့ကျေးဇူးဆပ်ဖူးချင်တယ်’ ရုပ်ရှင်ဇာတ်ကား၊ ဆလုံတိုင်းရင်းသားများ ၏ နေထိုင်မှုစရိုက်များတွင် မောင်နှမသံယောဇဉ်၊ ဖခင်နှင့်သမီးကြားမေတ္တာတရား၊ ချစ်ခြင်းမေတ္တာ၏ လေးနက်မှုတို့ကို ပုံဖော်ထားသည့် ‘ပင်လယ်ထက်က နေ၀န်းနီ’ဇာတ်ကား၊ မြန်မာ့ရိုးရာ ဇာတ်သဘင်ပညာကို မြတ်နိုးသူ မောင်နှမနှစ်ဦး၏ ဇာတ်သဘင်အပေါ် တန်ဖိုးထားစိတ်နှင့် တစ်ဦးအပေါ် တစ်ဦးထားသည့် သံယောဇဉ်တို့ကို ပုံဖော်ထားသည့် ‘အငိုမျက်လုံး အပြုံးမျက်နှာ’ဇာတ်ကားတို့မှာ အကောင်းဆုံး ဇာတ်ကားဆုများအဖြစ် ပရိသတ်များက ထင်ကြေးပေးလျက် ရှိကြသည်။

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု
၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ‘အာဒမ်ရယ်ဧ၀ရယ်ဒသရယ်’ ဇာတ်ကား၊ ‘အမေ့ကျေးဇူးဆပ် ဖူးချင်တယ်’ ဇာတ်ကားတို့တွင် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည့် သရုပ်ဆောင်  ပြေတီဦးက တစ်ကားကားဖြင့် ရရှိနိုင်လိမ့်မည်ဟု ပရိသတ်များက ထင်ကြေးပေး ခန့်မှန်းလျက် ရှိကြသည်။
အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု
၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’ ရုပ်ရှင်ဇာတ်ကားတွင် ခင်ပွန်းဖြစ်သူက ထားရစ်ခဲ့သောကြောင့် စိတ်ဆင်းရဲကြေကွဲမှုကို မွေးဖွားလာသည့် သားဖြစ်သူအပေါ် ပုံအောချစ်မြတ်နိုးခဲ့ရသော်လည်း သားဖြစ်သူ ကောင်းစားရေးအတွက် ဖခင်ဖြစ်သူက လာခေါ်ချိန်တွင် မိမိဝေဒနာကိုမေ့ ပျောက်ကာ သား၏ရှေ့ရေးအတွက် ထည့်လိုက်ရသည့် မိခင်တစ်ယောက်၏ မေတ္တာနှင့် စေတနာကို အကောင်းဆုံး ဖော်ပြနိုင်ခဲ့သည့်၊ ‘အာဒမ်ရယ်ဧ၀ရယ်ဒသရယ်’ ဇာတ်ကားတွင် လည်း အချစ်စိတ်တစ်ခုတည်းဖြင့် မိမိအားအနိုင်ယူသမျှကို ကြိတ်မှိတ် မြိုသိပ်ခဲ့သော်လည်း မိမိအားချစ်သူက အသုံးချနေသည်ကို သိရှိသွားပြီးနောက် ပေးဆပ်လိုစိတ်သက်သက်ဖြင့် မိမိကိုချစ်မြတ်နိုးသူကိုလည်း တွေ့လိုက်ရသည့်အချိန်၌ ချစ်သူအပေါ် နာကျည်းစိတ်သာ ပြောင်းလဲခံစားရသည့် ငွေလသာ အဖြစ် ပီပြင်ခဲ့သူ သရုပ်ဆောင်သက်မွန်မြင့်က ရရှိနိုင်သည်ဟု ထင်ကြေးပေး ခန့်မှန်းလျက် ရှိကြသည်။
အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု
အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ညီမလေးကို ချစ်မြတ်နိုးသည့် အစ်ကိုတစ်ဦး ၏ အတ္တနှင့် ကောင်းစားစေလိုသည့် လောဘ၊ ညီမကမွေးဖွားခဲ့သည့် တူမလေးကို ကြီးပြင်းအောင် စောင့်ရှောက်ရာတွင် သံယောဇဉ်စိတ် နှင့် စောင့်ရှောက်ရသော်လည်း ဖခင်အရင်းဖြစ်သူ လာခေါ်၍ မြို့သို့ထည့်လိုက်ရချိန်တွင် စိတ်ထိခိုက် ကြေကွဲရပုံကို သရုပ်ဆောင်နိုင်ခဲ့ သည့် သရုပ်ဆောင် ဝေဠုကျော်၊ ‘အာဒမ်ရယ် ဧ၀ရယ်ဒသရယ်’ ရုပ်ရှင်ဇာတ်ကားတွင် ချစ်သူကို ပေးဆပ်လိုစိတ်ဖြင့် ချစ်မြတ်နိုးသူ အဖြစ် ပါဝင်ခဲ့သည့် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်တို့ ဆွတ်ခူးနိုင်သည်ဟု ပရိသတ်များက ထင်ကြေးပေး ခန့်မှန်းလျက်ရှိသည်။
အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု
၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို မိခင်တစ်ယောက်၏ သားသမီး အပေါ်ထားရှိသည့် မေတ္တာတရားကြောင့် အတ္တကြီးမားသွားရပုံကို ပုံဖော်ခဲ့သည့် ‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’ ဇာတ်ကားမှ သရုပ်ဆောင်မေသန်းနု၊ တူမလေး၏အိမ်ထောင်ရေး သောကများကြောင့် မိမိပါစိတ်ဆင်းရဲ ပင်ပန်းရသော်လည်း ဖုံးကွယ်ထားရပုံ၊ မိဘမပြည့်စုံသည့် မြေးလေးရရှိလာချိန်၌ လည်း မြေးဖြစ်သူအပေါ် သနားစာနာစိတ် ကြီးမားရပုံကို ပုံဖော်ထားသည့် ‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’ ဇာတ်ကားမှပင် သရုပ်ဆောင် ၀ါဝါအောင်တို့ တစ်ဦးဦး ရရှိနိုင်လိမ့်မည်ဟု ထင်ကြေးပေး ခန့်မှန်းလျက် ရှိကြသည်။
အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု
၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို ဆလုံတိုင်းရင်းသားတို့ ၏ နေရာဒေသဖြစ်သည့် မြိတ်ကျွန်းစုအလှအပများကို ပုံဖော်ရိုက်ကူးခဲ့သည့် ‘ပင်လယ်ထက်က နေ၀န်းနီ’ ရုပ်ရှင်ဇာတ်ကား၏ ဓာတ်ပုံဖန်တီးရှင် ဒါရိုက်တာပန်းချီစိုးမိုးက ရရှိနိုင်လိမ့်မည်ဟု ခန့်မှန်းလျက်ရှိကြသည်။
အကောင်းဆုံးရုပ်ရှင် တေးဂီတဆု
ယခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင် တေးဂီတဆုကို မြန်မာ့ရိုးရာဆိုင်းဝိုင်းနှင့် ဇာတ်သဘင် ပညာရပ်ကို အကောင်းဆုံးပုံ ဖော်တီးခတ်ခဲ့သည့် ‘အငိုမျက်လုံး အပြုံးမျက်နှာ’ ဇာတ်ကား၏ ဂီတဖန်တီးရှင် မြန်မာပြည် ကျောက်စိမ်းက ဆွတ်ခူးရရှိလိမ့်မည်ဟု ထင်ကြေးပေးခန့်မှန်းလျက်ရှိကြသည်။
အကောင်းဆုံးရုပ်ရှင် ဇာတ်ညွှန်းဆု
၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို ‘အမေ့ကျေးဇူးဆပ်ဖူးချင်တယ်’ ဇာတ်ကား၏ ဇာတ်ညွှန်းရေးသားခဲ့ သူ မစန္ဒာ၊ ‘အာဒမ်ရယ်ဧ၀ရယ်ဒသရယ်’ ဇာတ်ကား၏ ဇာတ်ညွှန်း ရေးသားသူ ဒါရိုက်တာဝိုင်းတို့မှာ ရေပန်းစားလျက်ရှိသည်။
ဟာသတွေ အကယ်ဒမီရမှာလား
ယခုနှစ်ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားသစ် ၁၆ ကားတွင် ဟာသဦးစားပေးရုပ်ရှင် ဇာတ်ကား ၁၀ ကားပါဝင်ခဲ့ရာ ဇာတ်ကားစုစုပေါင်းစာရင်း၏ ထက်ဝက်ကျော်ခန့် မှာ ဟာသဦးစားပေး ဇာတ်ကားဖြစ်နေခြင်း၊ ၂၀၀၈ ခုနှစ်အတွက် ဆုရွေးချယ်ချီးမြှင့်ရာ၌လည်း ဟာသဦးစားပေး ဇာတ်ကားဖြစ်သည့် ‘အကယ်ဒမီရှော့ခ်’ ဇာတ်ကားဖြင့် သရုပ်ဆောင် ရဲအောင် ဆုရရှိခဲ့ခြင်းစသည့် အချက်များကြောင့် ဟာသဇာတ်ကားများမှလည်း ဆုအချို့ရရှိသွားနိုင်သည်ဟု ထင်ကြေးပေး ခန့်မှန်းလျက် ရှိသည်။
အထူးဆု
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပေးအပ်ခဲ့သည့် သမိုင်းတစ်လျှောက်တွင် ၁၉၅၅ ခုနှစ် က ‘ဖိုးပြုံးချို’ ဇာတ်ကားဖြင့် သရုပ်ဆောင်ဝင်းမာ၊ ၁၉၇၇ ခုနှစ်က ‘အဖေတစ်ခုသားတစ်ခု’ ဇာတ်ကားဖြင့် သရုပ်ဆောင် အောင်ထွန်းလေး၊ ၁၉၇၈ ခုနှစ်က ‘မေတ္တာရှင်မလေးငြိမ်းငြိမ်းအိ’ ဇာတ်ကားဖြင့် သရုပ်ဆောင် အင်္ဂလန်စိန်၊ ၁၉၉၉ ခုနှစ်က’ရင်ထဲကဆောင်းရာသီ’ ဇာတ်ကားဖြင့် သရုပ်ဆောင် အိဖြူစိုး ရရှိခဲ့ဖူးသည့် နည်းတူ ယခုနှစ်တွင်လည်း ‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’ ဇာတ်ကားတွင် အကောင်းဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည့် ကလေးသရုပ်ဆောင် အိစိကွေးသည်လည်း အထူးဆုရရှိနိုင်သည်ဟု ခန့်မှန်းလျက်ရှိကြသည်။

မြန်မာ့ ရုပ်ရှင်အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ်အဖွဲ့ကို ၁၉၅၂ ခုနှစ်တွင် စတင်ဖွဲ့စည်း
၁၉၅၂ ခုနှစ်နှင့် ၁၉၅၃ ခုနှစ်တွင် ရုပ်ရှင်ထူးချွန်ဆု(သုံးမျိုး)သတ်မှတ်
(က) ပထမ အကောင်းဆုံး ဇာတ်ကားဆု (ရွှေကိန္နရီရုပ်)
(ခ) ဒုတိယ အကောင်းဆုံး ဇာတ်ကားဆု (ငွေဒေါင်းရုပ်)
(ဂ) တတိယ အကောင်းဆုံး ဇာတ်ကားဆု (ကြေးခြင်္သေ့ရုပ်)
(ဃ) အကောင်းဆုံး အမျိုးသား ပညာသည်ဆု (ရွှေရင်ထိုး)
(င) အကောင်းဆုံး အမျိုးသမီး ပညာသည်ဆု (ရွှေရင်ထိုး)
၁၉၅၄ ခုနှစ်တွင် ဒါရိုက်တာ ထူးချွန်ဆုကိုပါ တိုးမြှင့်ချီးမြှင့်
၁၉၅၅ ခုနှစ်တွင် ဇာတ်ကားထူးချွန်ဆုကို ပထမ၊ ဒုတိယ၊ တတိယမခွဲခြားဘဲ အကောင်းဆုံး ဇာတ်ကား တစ်ဆုတည်းကိုသာ ရွှေကိန္နရီရုပ်ချီးမြှင့်
၁၉၅၆ ခုနှစ်တွင် ရုပ်ရှင်ဓာတ်ပုံ ထူးချွန်ဆုတစ်ဆု ထပ်မံတိုးမြှင့်သတ်မှတ်
၁၉၅၇ ခုနှစ်တွင် ဆုပုံသဏ္ဌာန်ကို ရွှေရင်ထိုးတံဆိပ်မှ ရွှေကိန္နရီ ရွှေစင်ရုပ်သို့ စတင်ပြောင်းလဲသတ်မှတ်
၁၉၆၂ ခုနှစ်မှစ၍ အမျိုးသားပညာသည်ဆုနှင့် အမျိုးသမီးပညာသည် ဆုများကို အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆုဟူ၍ ထပ်မံခွဲခြားကာ တိုးမြှင့်သတ်မှတ်
၁၉၉၀ ပြည့်နှစ်မှစတင်၍ ရုပ်ရှင်ဇာတ်ညွှန်း ထူးချွန်ဆု၊ ရုပ်ရှင်တေးဂီတ ထူးချွန်ဆုနှင့် ရုပ်ရှင်အသံဆုများပါ တိုးမြှင့်သတ်မှတ်
၁၉၉၃ ခုနှစ်မှစတင်၍ ရွှေကိန္နရီရုပ်တွင် တပ်ဆင်ထားသော ငွေကြယ်အစား ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ရွှေကြယ်တပ်ဆင်ချီးမြှင့်
၁၉၉၄ ခုနှစ်မှစတင်၍ ရုပ်ရှင်တည်းဖြတ်ဆုကို ထပ်မံတိုးမြှင့်သတ်မှတ်
ဆုချီးမြှင့်ခဲ့သည့် နေရာများ
ရန်ကုန်မြို့တော်ခန်းမ
ဝိဇယရုပ်ရှင်ရုံ
နတ်မောက်လမ်းရှိ စက်မှုလက်မှု ကျောင်းဝင်း
ဝင်္ကပါလမ်းရှိ ရုပ်ရှင်ပြဇာတ် အစည်းအရုံးခြံဝင်း
ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်လုပ်ငန်း မြှင့်တင်ရေးအဖွဲ့ဝင်း မြက်ခင်းပြင်
ဘုရားလမ်းရှိ ဂျူဗလီဟောကွက်လပ်
ပြည်လမ်းအသံလွှင့်ရုံ စတူဒီယိုအေ
မြန်မာ့အသံ မြက်ခင်းပြင်
အင်းလျားကန်ဟိုတယ်
ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံ
သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ
နေပြည်တော် လဟာပြင်ကဇာတ်ရုံ
Unknown at 11:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သုံးသိန်းတန်ဖုန်းများ မတ်လအတွင်း ချထားပေးမည် ဖြစ်ပြီး အင်တာနက် တပ်ဆင်ခ သီးသန့် ပေးသွင်းရမည်


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်း အကောင်အထည် ဖော်ဆောင်လျက်ရှိသော  သန်း ၃၀ စီမံကိန်း၏ ပထမနှစ် ၄ သန်းကို လာမည့် ၂၀၁၂ ခုနှစ် မတ်လအတွင်း စတင်ချထားပေးရန် လျာထားလျက်ရှိပြီး တယ်လီဖုန်းများ ချထားပေးပါက အင်တာနက် လိုင်းအတွက် ဝန်ဆောင်မှု ပါရှိမှာမဟုတ်ဘဲ အသုံးပြုလိုပါက သီးသန့် အင်တာနက် လျှောက်ထားမှု ပြုလုပ်ရန် လိုအပ်ကြောင်း ဇန်နဝါရီ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စာနယ်ဇင်း ရှင်းလင်းပွဲ တစ်ရပ်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောကြားခဲ့သည်။ တန်ဖိုးနည်း ဖုန်းများတွင် အင်တာနက်လိုင်းများ ထပ်မံချထားပေးခြင်းနှင့် ပတ်သက်ပြီး “လာမယ့် မတ်လလောက်မှ ချပေးဖို့ လျာထားတယ်။ တန်ဖိုးက ၂ သိန်းခွဲနဲ့  ၃ သိန်းကြားမှာ ဖြစ်မယ်။ ၃ သိန်းတော့ မကျော်ဘူး။ အင်တာနက်လိုင်း အတွက်ကတော့ အခု ၅ သိန်း GSM တွေလိုပဲ သီးသန့် လျှောက်ရမယ်” ဟု အထက်ပါ စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“အင်တာနက် သုံးနိုင်ဖို့က အရင် ၁၅ သိန်းတန် ဖုန်းတွေမှာတုန်းက အင်တာနက်စနစ်အတွက် ကွန်ရက် ချိတ်ဆက်ထားတဲ့ Server တွေ မပါတော့ သုံးဖို့ အဆင်မပြေဘူး။ အခုနောက်ပိုင်းမှ ပြည်သူတွေ အသုံးပြုရတာ ပိုပြီး အဆင်ပြေအောင် အင်တာနက် ကွန်ရက်ကို မိုဘိုင်းမှ ချိတ်ဆက်ပြီး အင်တာနက်ပေးခဲ့တာပါ”  ဟု အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောကြားခဲ့သည်။ ထို့အပြင် GSM ဖုန်းများနှင့် CDMA 800MHz ဖုန်းများတွင် အင်တာနက်စနစ်ကို ချပေးလိုက်၊ ပြန်ပိတ်သွားလိုက် ဖြစ်ရခြင်းနှင့် ပတ်သက်၍ IT အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားရာတွင် “အဲဒီသဘောကတော့ မိုဘိုင်းဖုန်းတွေမှာ အင်တာနက်သုံးနိုင်ဖို့အတွက် မိုဘိုင်း Server တွေကို upgrade လုပ်ရတာတွေ ရှိပါတယ်။ တစ်ခါလုပ်မှ အလုံးရေ တစ်သောင်းစာလောက်ပဲ အင်တာနက် သုံးနိုင်စေပါတယ်။ သူ့ရဲ့လိုအပ်တဲ့ ခံနိုင်တဲ့ပမာဏထက် ပိုပေးရင်လည်း အင်တာနက်လိုင်း မကောင်းတာတွေ ဖြစ်လာမှာမို့ နိုင်သလောက်ပေးလိုက်၊ အရေအတွက် ပြည့်ရင် ပြန်ပိတ်လိုက် လုပ်နေရတာပါ” ဟု ပြောကြားခဲ့သည်။ လာမည့် မတ်လအတွင်း ချထားပေးမည့် တန်ဖိုးနည်း GSM ဖုန်းများတွင် လက်ရှိ အင်တာနက်စနစ်နှင့် မတူသော အင်တာနက်စနစ်ကို ဖုန်းချပေးစဉ်မှာ တစ်ပါတည်း သုံးနိုင်အောင် စီစဉ်ပေးထားမည်ဖြစ်ပြီး အင်တာနက်ပါ တစ်ပါတည်း အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း  အင်တာနက်ဝန်ဆောင်မှုကို ငွေကျပ် တစ်သောင်းဖြင့် သီးသန့် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
Unknown at 11:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆင်းကတ်တစ်ကတ် ငါးထောင်ဖြစ်ရင်ကွယ်


တစ်ခေတ်တစ်ခါက လက်ကိုင်ဖုန်းများ မျက်နှာပန်းပွင့်စဉ် အခါသမယကို ပြန်လည်သတိရမိသည်။ ၁၉၉၀ ပြည့်နှစ်ကျော်လောက် ဖြစ် နိုင်သည်။ ဟန်းဖုန်းကိုင်သော လူတန်းစား၊ ဖုန်းဝယ်သော လူတန်းစားသည် အနည်းအကျဉ်းမျှသာရှိသည်။
ဖုန်း လျှောက်လွှာသည် ထီဆုကြီးသဖွယ် ဖြစ်နေ၏။
ထိုစဉ်က ဟန်းဖုန်း သတင်းပါသည့် ဂျာနယ်သည် အရောင်းသွက်သည်။
မှတ်မှတ်ရရ ဖြစ်နေသည်မှာ ဂျာနယ်တစ်ခုတွင် ဖတ်ရသည့် အကြောင်းအရာပင်။ နိုင်ငံကျော်ရုပ်ရှင် မင်းသား ဖုန်းခိုးခံရသည့် သတင်းကို ပေါ့ပ်ဂျာနယ် တစ်စောင်တွင် ဖတ်ခဲ့ရသည်ကို အမှတ်ရမိသည်။
နိုင်ငံကျော် မင်းသားလည်းဖြစ်ပြန်၊ လက်ကိုင်ဖုန်းသည်လည်း ပျိုတိုင်းကြိုက် နှင်းဆီခိုင် ဖြစ်နေပြန်ဆိုတော့ကား လက်ကိုင်ဖုန်း အခိုး ခံရသည်ကပင်သတင်းဖြစ်နေချေသည်။
နောက်အကြောင်းအရာ တစ်ခုလည်း ရှိသေးသည်။
ကျွန်ုပ်နှင့် အမျိုးချင်း မနီးတနီး ဂျီးတော်ကြီးသည် ဖုန်းလျှောက်လွှာဖြင့် ဖုန်းလျှောက်လိုက်လေရာ ဖုန်း ရလိုက်လေသည်။
ထိုရသော ဖုန်းကို ရောင်းလေသည်။
ရောင်းရငွေ၏ ၁၀ ပုံ တစ်ပုံကို သူ၏ ဂျီးတော်ကြီးအား ကန်တော့၏။
ကန်တော့ငွေ မည်မျှ ထင်ပါသနည်း။ ကျပ်ငါးသိန်းဖြစ်ပါသည်။
ထိုစဉ်က ရွှေဈေးဘယ်လောက်မှ မရှိသေး။ ကျန်တစ်ဦးလည်း ရှိသေးသည်။
သူကတော့တစ်မျိုး ဖုန်းရောင်းရငွေ ကျပ် သိန်း ၅၀ ကို မြေတစ်ကွက် ၀ယ်သည်။
ထိုမြေကွက်သည် အခုချိန်တွင် ကျပ် သိန်း လေးရာထိရနေသည်။ ဒီလိုကျတော့ လည်း မုဒိတာပွားစရာ။
ထိုစဉ်က လူတစ်ဦးတစ်ယောက်၏ ပိုင်ဆိုင်မှုတွင် ဖုန်းပိုင်ဆိုင်မှုကိုပါ ထည့်သွင်း ဆုံးဖြတ်ရသော ခေတ်ဖြစ်ခဲ့လေသည်။
နိုင်ငံခြားသွားရန် ပိုင်ဆိုင်မှု ပြလျှင် မြေပိုင်ဆိုင်မှုအပြင် ဖုန်းပိုင်ဆိုင်မှုပါ ပြသရလေသည်။
သူငယ်ချင်း တစ်ယောက်က ထိုသို့ နိုင်ငံခြားသွားရန် ပိုင်ဆိုင်မှု ပြသည်မှာ မလုံလောက် သဖြင့် ဟန်းဖုန်း သုံးလုံးခန့်ပိုင်ဆိုင်မှု ပြခဲ့ရသည်ဟု ဆိုသည်။
စာရေးသူ၏ မိဘများပင် တစ်ခေတ်တစ်ခါက အလွန်ပင် ငွေရလွယ်လှသော ဖုန်းအငှားဆိုင်ပါ ဖွင့်ဖြစ်ခဲ့ဖူးသည်။
ထိုစဉ်က ဖုန်းဆိုင်တစ်ဆိုင်က ရသော ငွေသည် မိသားစုတစ်စုစားဝတ်နေရေးအတွက် အတော်လေးအထောက်အကူ ဖြစ်သည်ဟု ပြောနိုင်သည်။
ဖုန်းရှားပါးစဉ်က ကျောက်ဝိုင်းအနီးက ဖုန်းဆိုင် တစ်ဆိုင်၏ တစ်ရက်တစ်ရက် ၀င်ငွေမှာ ကျပ် ၅၀,၀၀၀ ခန့်ရှိသည်ဟု ကြားဖူးသည်။
တချို့ကလည်း အဆက်အသွယ် ဖြင့် ဟန်းဖုန်းများလျှောက်၊ ထို့နောက် အငှား ချစားကြသည်။
စာရေးသူတို့ မိသားစု လိုင်းဖုန်း စကျတော့ အခြေအနေတွေကအမျိုးမျိုး၊ ပထမဆုံး အသုံးပြုခွင့်ကျသော ဖုန်းတို့သည် နှစ်ဂဏန်းဖြင့် စတင်ပြီး အန်နာ လော့စနစ်ဖြစ်သည်။
နောက်ပိုင်း အန်နာ လော့ခ် စနစ်ဖုန်းကို ဒစ်ဂျစ်တယ်ဖုန်းသို့ ပြောင်းရ၊ ထို့နောက် သိပ်များမကြာမီ ကြိုတင်ငွေစနစ် ပြောင်းရ လိမ့်ဦးမည်။
စာရေးသူတို့ ဟန်းဖုန်း စကိုင်စဉ်က ဖုန်းတစ်လုံးဈေးသည် ရွှေတစ်ကျပ်သား ၀န်းကျင် ငါးသိန်းကျော်ဈေး ဖြစ်သွား ခဲ့သည်။
ယခုဆိုလျှင် ရွှေဈေးသည် တစ်ကျပ်သား ခုနစ်သိန်းကျော်သွားပြီ။
ဖုန်းက အနိမ့်ဆုံး သုံးသိန်းဖြစ်လာမည်မှာ သေချာသည်။
ငါးထောင်တန် ဖုန်းဆိုလျှင်တော့ စာရေးသူဖုန်းမ၀ယ်ခဲ့ဘဲ ငွေတိုးပေးစားတာက ပိုကိုက်မည်ဟု တစ်ခါတစ်လေ ရင်ထုမနာ ဖြစ်ရသည်။
မည်သို့ပင်ဖြစ်စေ လက်ကိုင်ဖုန်းများ၊ ကြိုးဖုန်းများ ပေါပေါများများ ဖြစ်လာခြင်းကို စာရေးသူပျော်ရပါသည်။
ဒီထက်ပိုပေါများပြီး နည်းပညာ အဆင့်အတန်း မြင့်မားကာ လိုင်းကောင်းလျှင်တော့ ပိုပြီးပျော်ရမည်ထင်သည်။
ဖုန်း လိုင်းတို့အပြင် အင်တာနက်လိုင်း အမြန်နှုန်း ကောင်းလျှင်မူကား စာရေးသူတို့ အတွက် အပျော်ဆုံးဖြစ်မည်ထင်၏။
Unknown at 11:28 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗိုလ်ချုပ်သရုပ်ဆောင် တစ်လအတွင်း စီစဉ်မည်


ဗိုလ်ချုပ်အောင်ဆန်း သရုပ်ဆောင်ရန် လျှောက်ထားသူ တဦးကိုတွေ့ရစဉ်။

ဗိုလ်ချုပ်အတ္ထုပ္ပတ္ထိဇာတ်ကားမှာ ဗိုလ်ချုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့ လျှောက်လွှာလက်ခံရေးကို တစ်လအတွင်းပြု လုပ် မယ်လို့ သိရပါတယ်။
ဒါရိုက်တာကြည်ဖြူရှင်က “ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး လျှောက်လွှာတွေလက်ခံတော့မှာပါ ။ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေ၊ ဓာတ်ပုံတွေရှိရင် လာရောက် လှူလို့ရပါတယ်။ ကော်မတီရုံးခန်းဖွင့်ပြီးတာနဲ့ တစ်လအတွင်းမှာ ဗိုလ်ချုပ်နဲ့တူတဲ့လူ ရွေးချယ်ဖို့ လျှောက်လွှာတွေစတင်လက်ခံတော့မှာပါ” လို့ပြောပြပါတယ်။
ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့ လျှောက်လွှာတင်သူတွေကို တစ်လသတ်မှတ်ပေးထားမှာဖြစ်ပါတယ်။ လျှောက်လွှာကိုရောင်းချမှာမဟုတ်
ဘဲ၊
ဂျာနယ်တို့ သတင်းစာတို့မှာကြေငြာပြီး၊ လျှောက်ချင်တဲ့သူတွေက အဲဒီလျှောက်လွှာပုံစံကို လက်ရေးမူနဲ့ကူးယူပြီး၊ ကော်မတီရုံးခန်းကိုလာရောက်လျှောက် ထားရမှာဖြစ်ပါတယ်။
Unknown at 11:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိုက်ပြီး ထွက်ပြေးများလာ ပတ်ဝန်းကျင်က ၀ိုင်းဝန်းကူညီပါ


Modern News Journal — ယခုနောက်ပိုင်းယာဉ်တိုက်မှုဖြစ် တဲ့အခါ ယာဉ်မောင်းတွေက တာဝန်ယူမဖြေရှင်းဘဲ၊ ထွက်ပြေးတိမ်းရှောင်မှုတွေ ပိုများလာတာတွေ့ရတယ်။
ယာဉ်မောင်းတွေထွက်ပြေးရင် အမှုကိုကျေအေးရုတ်သိမ်းခွင့်မပေးဘူး။ တရားလိုဘက်ကကျေအေးရင်တောင် အမှုမရုတ်သိမ်းပေးဘူးလို့ ယာဉ်မှု စစ်မှသိရပါတယ်။ အချို့ယာဉ်မောင်းတွေကျတော့ ထွက်ပြေးပြီးရင် နေ့တွင်းချင်းလာရောက်အဖမ်းခံတယ်။သူတို့ကျတော့ ယာဉ်တိုက်မှုဖြစ် ရင် ဘေးက လူတွေက၀ိုင်းရိုက်မှာစိုးလို့ ပြီးမှလာရောက် အဖမ်းခံတာလို့သိရပါတယ်။
ယာဉ်မှုစစ်မှ တာဝန်ရှိသူတစ်ဦးက “ယာဉ်တိုက်မှုဖြစ်ရင် ပတ်ဝန်းကျင်က ယာဉ်မောင်းကိုဝိုင်းမရိုက်ဘဲ၊ ထွက်မပြေးအောင်၊ ထွက်ပြေးရင်လည်း လိုက်ဖမ်းရမယ်၊ အတိုက်ခံရလို့ဒဏ်ရာရတဲ့သူတွေကို ကူညီပြီး ဆေးရုံပို့သင့်ရင် ပို့ပေးတာမျိုး စတဲ့အကူအညီတွေပေးရမယ်။ဒါမှသာ မလိုလားအပ်ပဲ အသက်သေဆုံးတာမျိုးတွေ မဖြစ်တဲ့အပြင် တိုက်တဲ့ယာဉ်မောင်းလည်း တာဝန်ယူစိတ်ဖြစ်မယ်၊ဒါကြောင့် ယာဉ်တိုက်မှုဖြစ်ရင် ယာဉ်မောင်းတွေအပြင် ပတ်ဝန်းကျင်ကပါ ကူညီဆောင်ရွက်ဖို့ အများကြီးလိုအပ်တယ်။ သက်ဆိုင်ရာကိုလည်း ဖုန်းဆက်သတင်းပေးဖို့လိုပါတယ်” လို့ ဆိုပါတယ်။
ယာဉ်မောင်းတွေက အသိစိတ်မရှိလို့ ထွက်ပြေးရင် သူတို့အမှုဖွင့်အရေးယူခံရမှာဘဲ၊ ဒါပေမဲ့ ယာဉ်မောင်းတွေမပြေးအောင် ပတ်ဝန်းကျင်ရဲ့ အကူညီလိုအပ်တယ်။ ဒါမှ ယာဉ်မောင်းတွေ ထွက်ပြေးတာမျိုးတွေလျော့နည်းသွားမယ်။ အတိုက်ခံရတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေကလည်း ယာဉ်မောင်းက ထိုက်သင့်တဲ့အပြစ်ဒဏ်ခံရရင် သူတို့အနေနဲ့လည်း ကျေနပ်နိုင်မယ်လို့သိရတယ်။
Unknown at 11:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရေမြောင်းဆီ ပြန်သိမ်းဆီနှင့် သံပုံးဆီ


 ပြီးခဲ့တဲ့နှစ်နှစ်လောက် စီးပွားရေးလုပ်ငန်းကိစ္စရပ်တွကြောင့် နိုင်ငံခြားကို မကြာခဏ ခရီးထွက်နေတဲ့ ဆရာသမားတစ်ဦးက “အိမ်နီးချင်းနိုင်ငံမှာ စားသောက်ဆိုင်တွေ၊ လမ်းဘေးဆိုင်တန်းတွေက သုံးပြီးသားအကြော်ဆီတွေကို နောက်တစ်နေ့ မနက်ကျရင် ကုမ္ပဏီ  အ၀ယ်တော်တွေက လာစု၊ ပြန်ဝယ်ပြီး Filtration, Processing and Refining ပြန်လုပ်ပြီး အနံ့ ၊ အရောင်တွေဖျောက်၊ Chemical Treatment နဲ့ ကြည်လင်ဝင်းဝါနေတဲ့ အရောင်ပြန်ရအောင်လုပ်ပြီး Flavour Essence ထည့်ပြီး လိုချင်တဲ့အနံ့ဖြစ်စေပြီးမှ ပုံးသွတ်၊ တံဆိပ်ကပ်ပြီး တရားမ၀င် လမ်းကြောင်းကနေ တို့ဆီကိုသွင်ပြီး ရောင်းနေတယ်လို့ပြောသံကြားနေတယ်။ ဘယ်လိုထင်မြင်ချက်ရှိသလဲ” ဟု မေးရာ အဲဒီလိုလုပ်မယ်ဆိုရင်ဖြစ် နိုင်ပါတယ်ဟုသာ ပြန်ဖြေခဲ့ပါသည်။
၂၀၁၁ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကျန်းမာရေးဝန်ကြီးဌာနနှင့်စက်မှုဝန်ကြီးဌာနက “ပြန်လည်စုဆောင်းအသုံးပြုနေသော
ရေမြောင်းဆီများ စားသောက်ကုန်နှင့် စားသောက်ဆိုင်လုပ်ငန်းများတွင် အသုံးပြုနေမှုကို တင်းကျပ်စွာ တား ဆီးစစ်ဆေးရေး၊ အရေးပေါ်ညွှန်ကြားချက်”
ထုတ်ပြန်လိုက်ပြီး သက်ဆိုင်ရာတာဝန်ရှိဌာန အဆင့်ဆင့်အနေဖြင့် ထုတ်လုပ်မှု၊ ၀န်ဆောင်မှု လုပ်ငန်းများကိုစေ့စပ်တင်းကျပ်တိကျစွာ စစ်ဆေးကြ ရန်နှင့် ဖော်ထုတ်တွေ့ရှိပါက ပြင်းထန်စွာအရေးယူဆေင်ရွက်ရန် အမိန့်ညွှန်ကြားချက်ချမှတ်ကြောင်း သိလိုက်ရသော စားသုံးသူပြည်သူများမျာ
စိုးရိမ်ထိတ်လန့်သွားကြပါသည်။
နောက်ပိုင်းရက်များတွင်လည်း ရေမြောင်းဆီနှင့် ပြန်သိမ်းဆီများအသုံးပြုနေသော စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းငယ်များ၊အရပ်စားသောက်ဆိုင် များနှင့် အချို့ကျောင်း Canteen တွင် စစ်ဆေးတွေ့ရှိ အရေးယူမှုများအကြောင်း သတင်းစာနှင့် အင်တာနက်သတင်းစာမျက်နှာများတွင် ဆက်လက်ဖော်ပြပါရှိလာသလို စားသုံးဝယ်ယူသူများအချင်းချင်းကလည်း လူမှုရေးWebsite  များမှ တစ်ဆင့် ဆက်သွယ်အသိပေးဆွေးနွေး လာကြပါသည်။
“ရေမြောင်းဆီ” အကြောင်း လွန်ခဲ့သော သုံးလလောက်ကတည်းက မိတ်ဆွေများနှင့် ဆုံတွေ့တိုင်းပြောဆိုမိကြပါသည်။ စားသောက်ကုန်နည်း ပညာနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာရှင် မိတ်ဆွေတစ်ဦးကလည်း အင်တာနက်သတင်းမှ ဓာတ်ပုံများ Download ဆွဲ၍ ပို့ပေးသကဲ့သို့ နိုင်ငံခြားသတင်းများ တွင်လည်း ဖတ်ရှုမိပါသည်။
ရေမြောင်းဆီ ဆိုသည်မှာ စားသောက်ဆိုင်များ၏ စားကြွင်းစားကျန်ဆီ ကြော်ဟင်းလျာများကို ဆန်ခါအကျဲ၊ ဆန်ခါအစိပ်နှစ်ထပ်ပါရှိသော အုတ်မြောင်း အတွင်း စုပုံစေပြီး၊ ထိုမှခပ်ယူရရှိသောဆီလွှာကို ပြန်လည်သန့်စင်ချက်လုပ်၍ အညစ်အကြေးနှင့် ဆီကြော်နံ့များ၊ ပုပ်သိုးနံ့များကို ဖယ်ရှားဖျောက်ဖျက် ကာ ဆီကောင်းအနည်းငယ်ပြန်ရော၍ အနံ့(Essence) များထည့်ပြီးလျှင် ဆီအသစ်အဖြစ် စားသောက်ဆိုင်များတွင် ပြန်လည်အသုံးပြုစေခြင်း၊ ပုံးသွတ်၊ တံဆိပ်ကပ်၍ Low- and Market တွင်ပြန်ရောင်းခြင်းဖြင့် စားသောက်ဆိုင်၏ မီးဖိုချောင်၊ အရပ်ဈေးဆိုင်တန်းများတွင် ရောင်းချနေသောအန္တရာယ်ရှိ ဆီများဖြစ်ပါသည်။
အချို့က အုတ်ရေမြောင်းအစား သံစည်ပိုင်း၊ ပလတ်စတစ် သို့မဟုတ် ဖိုင်ဘာစည်ပိုင်းများတွင် သိပ်ထည့်၍ အပေါ်ယံ ဝေ့တက်လာသောဆီလွှာကို
အကြိမ်ကြိမ်ခပ်ယူနည်းကို သုံးပါသည်။
ပြန်သိမ်းဆီ ဆိုသည်မှာ စားသောက်ဆိုင်များ၊ ဈေးဆိုင်တန်းများတွင် အကြိမ်ကြိမ်အသုံးပြုကြော်ချက်ပြီးတိုင်း ဆန်ခါပါသောပုံး သို့မဟုတ် စည်ပိုင်းအတွင်းစစ်ချခံယူထားသောဆီကျန်များကို သီးသန့်စုဆောင်းဝယ်ယူပြီးနောက် ထပ်မံသန့်စင်အနံ့ချွှတ်ပြီးနောက် Frequent
Filtration and Chemical Treatment Processing အကြိမ်ကြိမ် ဖြတ်သန်းစစ်ယူခြင်းနှင့် ဓာတုဗေဒနည်းဖြင့် ပြန်လည်စီမံခြင်းပြုလုပ်၍
ဆီအသစ်ရောနှောကာ ပြန်လည်ရောင်းချခြင်းဖြစ်ပါသည်။ (စစ်ယူနည်းများနှင့်ဓာတုဗေဒပြုလုပ်နည်းများ ဖော်ပြရန်မသင့်သဖြင့်လည်းကောင်း၊ ဥပဒေနှင့်ကျင့်ဝတ်အရ ပြင်းထန်သောပြစ်မှုမြောက်သဖြင့်လည်းကောင်း သတင်းဌာနများမှ ဖော်ပြခြင်းမပြုပါ)  ထိုကဲ့သို့ ပြုလုပ်ရောင်းချသူများ ယခုအခါ
ဖော်ထုတ်ဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်၊သေဒဏ် ပြစ်ဒဏ်ချမှတ်ပြီးဖြစ်ပါသည်။
ထိုသန့်စင်ပြီးရေမြောင်းဆီနှင့် ပြန်သိမ်းဆီများသည် သံပုံနှင့်စည်ပိုင်းအတွင်းသွတ်သွင်း၍ ဆီအသစ်အသွင်ဖြင့် ပြန်လည်ရောင်းချနေရာ တရုတ်နိုင်ငံ ၏ပြည်နယ်များစွာသို့ ပျံ့နှံ့နေပြီး ဂွမ်ဒေါင်း၊ ဇီချွှမ်းနှင့် ကူမင်းပြည်နယ်တွင် အများဆုံးဖော်ထုတ်ဖမ်းဆီးရရှိပါသည်။ အမှိုက်မှစားသုံးဆီဖြစ်လာပြီး
အမြတ်အစွန်း အလွန်များသောကြောင့်လည်းကေင်း၊ ပြုပြင်စီမံပြီးဆီများသည် သာမန်အနေအထားတွင် ခွဲခြားသိရှိရန်ခက်ခဲသဖြင့်လည်းကောင်း၊
ဈေးနှုန်းသက်သာသဖြင့်လည်းကောင်း ဈေးကွက်အတွင်း လွယ်ကူလျင်မြန်စွာ ပျံ့နှံ့၍ ရောင်းဝယ်လျက်ရှိကြပါသည်။ စစ်ဆေးစမ်းသပ်တွေ့ရှိချက်အရ 270-C ထိအပူပေးသောဆီမှ ထွက်လာသောဆီအခိုးတွင် ကင်ဆာဖြစ်စေသော ဓာတ်ပါဝင်သလို ရေမြောင်းဆီနှင့် အကြိမ်ကြိမ် အသုံးပြုကြော် လှော် သော ဆီတွင်လည်း ခဲ(Lead) ၊အာဆင်းနစ်(Arsenic) နှင့် ကင်ဆာဖြစ်စေသောDioxin ပါဝင်ပြီး၊     Dioxin
သည် ယနေ့တွေ့ရှိချက်အရ အပြင်းထန်ဆုံးသော ကင်ဆာဖြစ်စေသည့် ဓာတု ပစ္စည်းဖြစ်ကြောင်း ကမ္ဘာ့ကျန်မာရေးအဖွဲ့ WHO က သတ်မှတ်ထားပါသည်။
ရေရှည်စားသုံးပါက ရာခိုင်နှုန်း ၁၀၀ အသည်း၊ အစာအိမ်၊ မျိုးဥပြွန်၊ ရင်သား၊အူလမ်းကြောင်း အကျိတ်နှင့် ကင်ဆာဖြစ်စေပါသည်။ အကြိမ်ကြိမ် စီမံပြုလုပ်သော ရေမြောင်းဆီတွင်  Formaldetyde ဖော်မလင်ဓာတ်ပစ္စည်းနှင့် Bleaching Agents ချွှတ်ဆေးဓာတ်ပစ္စည်းများပါဝင်ဖြစ်ပေါ်လာပြီး စားသုံးမိပါက သွေးဖြူဥများပျက်စီးစေပြီး အစာခြေလမ်းကြောင်း အဂါင်္များ၏ အမြှေးပါး Mucons Membrane ကို ပျက်စီးစေ၍ အစာအဆိပ်သင့်ခြင်း၊ Food Poisoning မှသည် ကင်ဆာဖြစ်စဉ်သို့ ကူးပြောင်းခြင်း၊ Carcinogenic Forming ဖြစ်စေပါသည်။ Arsenic , Lead အာဆင်းနစ်နှင့် ခဲဓာတ်သည် စားမိပြီးအချိန်ကာလတိုအတွင်း ခေါင်းကိုက် ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ သွေးအားနည်းခြင်း၊ အစာမကြေခြင်း၊ ၀မ်းဗိုက်ပြင်းထန်စွာရစ်၍ နာကျင်ခြင်းဖြစ်ပြီး အသည်းကို အဆိပ်သင့်စေပါသည်။ ကလေးငယ်များတွင် ကြီးထွားမှုနှေးကွေးခြင်း၊ ကိုယ်အလေးချိန်လျော့ နည်းခြင်း ဖြစ်စေသောကြောင့် အလွန်အန္တရာယ်ကြီးမားသော စားသုံးရန်မသင့်သည့်ဆီများဖြစ်သဖြင့် သေဒဏ်ကျခံစေ သည်အထိ ပြင်းထန်စွာအရေး  ယူနှိမ်နင်းရပါသည်။
၁၉၆၀ ခုနှစ်ပိုင်းလောက်က ဂျပန်နိုင်ငံတွင်လည်း ထိုကဲ့သို့သော ရေမြောင်းဆီပေါ်ထွက်ခဲ့ဖူးရာ အစိုးရက ပြင်းထန်စွာစစ်ဆေးနှိမ်နင်းသလို အသုံးပြုပြီး ဆီများကိုလည်း သိမ်းဆည်းဝယ်ယူ၍ အမှိုက်ပုံအား မီးရှို့ အပူပေးသော လောင်စာဆီအဖြစ်ပြန်လည်ပြုပြင်စီခဲ့ရာ အောင်မြင်ခဲ့ပါသည်။
မည်ကဲ့သို့ဖြစ်စေ မြန်မာနိုင်ငံပြည်တွင်းစားသုံး
သူများအနေဖြင့် အိမ်နီးချင်းနိုင်ငံများရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တရားမ၀င်နည်းလမ်းဖြင့် စစ်ဆေးကြပ်မတ်မှုမရှိဝင်ရောက်လာသော စာသောက်ကုန်၊ လူသုံးကုန်၊  အလှကုန်မှသည် ဆေးဝါးများကိုပါ သတိထားဆင်ခြင်၍ ၀ယ်ယူသုံးစွဲ သင့်ပါကြောင်းအကြံပြုတင်ပြအပ်ပါသည်။
Unknown at 11:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်အရာရှိနှင့်ခိုက်ရန်ဖြစ်ပြီး လူငယ်တဦး သေဆုံးမှု လွှတ်တော်ကို တိုင်ကြားမည်


DVB — ကချင်ပြည်နယ် ဟိုပင်မြို့မှာ တပ်မတော်အရာရှိတဦးနဲ့ အချင်းများပြီး သေနတ်နဲ့ ပစ်ခတ်လို့ လူငယ်တဦး သေဆုံးခဲ့ရမှုကို လွှတ်တော်နဲ့ သက်ဆိုင်ရာကို တိုင်ကြားဖို့ အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) က ကြိုးပမ်းနေပါတယ်။
ကချင်ပြည်နယ် ဟိုပင်မြို့ ဘူတာရုံလမ်းခွဲနားမှာ  ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ခလရ ၃၈၈ က အရာရှိ ၃ ဦးနဲ့ ဟိုပင်ဘူတာရုံ ၀န်ထမ်းနှစ်ဦး အချင်းများပြီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာမှာ ၀န်ထမ်း ကိုဇော်ဇော်နိုင် သေဆုံးခဲ့ပါတယ်။
ဒီအမှုကို လိုက်ပါကူညီတဲ့ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးမြတ်မိုးမြင့်က သေဆုံးသူမိသားစု ပြောကြားချက်ကို ကိုးကား ပြောဆိုရာမှာ ပစ်ခတ်သူဟာ ဗိုလ်ကြီး စိုးထက်အောင် ဖြစ်တယ်လို့ ယူဆရပြီး တပ်က ဘယ်လို ကိုင်တွယ်တယ်ဆိုတာ မသိရဘူးလို့ ပြောပါတယ်။
“အဲဒီလို စကားများတဲ့နေရာမှာ ဗိုလ်ကြီး စိုးထက်အောင်တို့က ဘူတာရုံစာရေးကို လည်ပင်း ညှစ်တဲ့အခါမှာ မောင်ဇော်ဇော်နိုင်က ဒူးထောက် တောင်းပန်တယ်။ ဗိုလ်ကြီး စိုးထက်အောင်က ဒူးထောက်တောင်းပန်တဲ့ မောင်ဇော်ဇော်နိုင်ကို နဖူးမှာ သေနတ်နဲ့ တေ့ပြီး ပစ်သတ်လိုက်တာပါ။ ကာယကံရှင် အဖေနဲ့ အမေက ကျနော့်ဆီ လာတိုင်လို့ပါ။ ဒီကလေးရဲ့ မင်္ဂလာဆောင်မယ့်နေ့မှာ သူတို့က ရက်လည် ဆွမ်းကျွေးမှာ ဖြစ်ပါတယ်။”
အန်ဒီအက်ဖ်ပါတီ အထက်မြန်မာပြည် ဥက္ကဋ္ဌ ဦးမြင့်သွင်က ဒီအမှုကို အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ တရားရုံးချုပ်နဲ့ လွှတ်တော်ကို တင်ပြဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။
မြန်မာပြည်မှာ ကျင့်သုံးတဲ့ ဥပဒေအရ တပ်မတော်သားက ပြစ်မှုကျူးလွန်ရင် ရဲတပ်ဖွဲ့က တပ်မတော်သားကို ဖမ်းဆီး ပိုင်ခွင့်မရှိပါဘူး။ အရပ်ထဲက ထွက်နေတဲ့ သတင်းအရ ဒီစစ်အရာရှိတွေနဲ့ သေဆုံးသူ ကိုဇော်ဇော်နိုင်ရဲ့ သူငယ်ချင်းတို့ အချင်းများပြီး ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
မျက်မြင်သက်သေဖြစ်တဲ့ ကိုဇော်ဇော်နိုင်ရဲ့ သူငယ်ချင်း ကိုရဲဟာလည်း အိမ်ပြန်မလာဘဲ ပျောက်နေတဲ့အတွက် မိသားစုက ဦးမြင့်သွင်က တဆင့် နေပြည်တော် တရားရုံးချုပ်ကို လျှောက်ဖို့ ပြင်ဆင်နေပါတယ်။
Unknown at 11:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ချယ်ရီဝက်ဂွန် QQ ကားစီးရေ ၈၀၀ ယခုလကုန် ရောက်မည်


The Myanmar Times — တရုတ်နိုင်ငံထုတ် ချယ်ရီဝက်ဂွန်ကားများ စီးရေ ၈၀၀ ခန့် ဇန်န၀ါရီလ အတွင်း ရောက်ရှိမည်ဖြစ်ကာ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ စက်မှုဝန်ကြီးဌာန ကားအရောင်းပြခန်းတွင် အဆိုပါကားများကို ပါမစ် မရှိသူများကိုပါ ယခင်ဈေး နှုန်းများ အတိုင်း ရောင်းချပေးသွားမည်ဟု စက်မှုဝန်ကြီးဌာနမှ သိရသည်။
စက်မှုဝန်ကြီးဌာနက ရောင်းချပေးသည့် မြန်မာမီနီဆလွန်းနှင့် ချယ်ရီ ဝက်ဂွန် QQ မီနီကားလေးများကို ပါမစ်မရှိ သည့် ၀ယ်ယူလိုသူများသည် စက်မှု ၀န်ကြီးဌာန၏ ရောင်းဈေးအပြင် ကျသင့်သည့်အခွန်အခများ ပေးဆောင်၍ လွတ်လပ်စွာ ၀ယ်ယူနိုင်ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာနက ရောင်းချပေးသည့် မီနီဆလွန်းများသည် ဌာနရောင်းဈေး အမေရိကန်ဒေါ်လာ ၅,၈၀၀ နှင့် ၆,၀၀၀ ကြားနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ပေးဆောင်ရသည့် အခွန်အခအပါအ၀င် ကျန်သည့် ကုန်ကျငွေများ ပါဝင်ပါက စုစုပေါင်း ကျပ် သိန်း ၁၀၀ ကျော်ခန့် ဈေးပေါက်သည်ဟု ကားဈေးကွက်အတွင်းမှ သိရသည်။
“ချယ်ရီဝက်ဂွန်က ရောက်ပြီးတစ်ပတ်အတွင်းမှာကို ကုန်ပါတယ်။ မြန်မာမီနီလေးတွေတော့ အနည်းငယ်ကျန်သေးပါတယ်။ ဈေးကတော့ အရင်ဈေးနဲ့ပဲ ရောင်းပါမယ်။ ဒီဈေးနဲ့ရောင်းပေးလို့ ဌာနမှာလည်း အရှုံးပေါ်တယ်လို့ သိရပါတယ်။ ဈေးလည်း အပြောင်း အလဲမရှိ ပါဘူး”ဟု စက်မှုဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
“လိုတော့ လိုချင်ပါတယ်။ ဒါပေမယ့် ဒီဈေးနဲ့ဆို မတန်သေးတဲ့အတွက် မ၀ယ်သေးဘူး။ လွတ်လွတ်လပ်လပ် ၀ယ်ယူ နိုင်တယ်ပြော တိုင်းလည်း မရသေးပါဘူး။ မီနီကားတွေမှာကို ခုသွင်းနေတဲ့ တရုတ်ထက် အိန္ဒိယထုတ်တာတာကို ပိုကြိုက်တယ်။ ဈေးလည်း ပိုသက် သာတယ်။ ဒါကိုပါ သွင်းဖို့မျှော်နေတယ်၊ ဈေးလည်း ဟိုကရောင်းဈေးနဲ့ ဒီမှာ အခွန်ဆောင်ဖို့ကို ထည့်တွက်ရသေးလို့ စဉ်းစားဆဲပါ”ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်သည့် ကိုဦးက ပြောသည်။
“ဒီဈေးနဲ့ဆို မ၀ယ်နိုင်သေးပါဘူး။ ဆောင်ရမယ့်အခွန်တွေက ကားဈေး ထက်တောင်များနေတာ။ ကားထက် အရေးကြီးတဲ့ စားဝတ်နေ ရေးကလည်း ရှိသေးတယ်။ လိုချင်ပေမယ့် မ၀ယ်နိုင်သေးပါဘူး။ ရတဲ့လခက မိသားစုစားဖို့ သောက်ဖို့ လောက်ပဲမို့ ကားဘက်မလှည့် နိုင်သေးပါဘူး”ဟု နေပြည်တော်ရှိ ကုမ္ပဏီတစ်ခုမှ တစ်လ ကျပ်နှစ်သိန်း ၀င်ငွေရှိသည့် ၀န်ထမ်းတစ်ဦးက ပြောကြားသည်။
စက်မှုဝန်ကြီးဌာနက လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံမှ ချယ်ရီ မီနီဝက်ဂွန်အစီး ၁,၀၀၀ တင်သွင်းပြီး ၎င်း ကားပြခန်း များကို ဖွင့်လှစ်၍ ရောင်းချပေးခဲ့သည်။
Unknown at 11:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယနေ့ Facebook မှ လွှတ်တော်သတင်းများ



ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌများသည် ဒုတိယပိုင်း လွှတ်တော် အစည်းအဝေးတွင် ဝတ်ရုံ မဝတ်တော့ဘဲ တိုက်ပုံအနက်သာ ဝတ်ဆင်မည် ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အစည်းအဝေး တက်စဉ်ကာလတွင် တိုက်ပုံအနက် ဝတ်ဆင်ခြင်း မပြုရန် အသိပေးထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
 ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ' ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ရန်ပုံငွေ စာရင်း' ခေါင်းစဉ်ဖြင့် ရန်ပုံငွေ တစ်ရပ် ထားရှိရေး အဆိုကို ကချင်ပြည်နယ် မြစ်ကြီးနား မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က တင်သွင်းမည် ဖြစ်ကြောင်း လွှတ်တော်အစည်းအဝေးသို့ တက်ရောက် သတင်းရယူနေသည့် The Voice Weekly သတင်း အယ်ဒီတာက သတင်းပေးပို့သည်။
ယနေ့နေပြည်တော်တွင် စတင်ကျင်းပသော လွှတ်တော်အစည်းအဝေးများတွင် သတင်းထောက် များကို တယ်လီဖုန်း၊ လက်ပတော့ကွန်ပျူတာများ သယ်ဆောင်ခွင့်ပြုလိုက်ပြီး ယင်းသို့ခွင့်ပြုခြင်း မှာ ပထမဆုံးအကြိမ်ခွင့်ပြုခြင်းဖြစ်သည်။
ယနေ့ ကျင်းပမည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန် အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် (ဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်) က " တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း " နှင့် " ၁၈၆၁ ခုနှစ်က ပြဋ္ဌာန်းခဲ့သော (ရာဇသတ်ကြီး) ပြစ်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း " စသည့် အဆိုနှစ်ရပ် တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါ လွှတ်တော် အစည်းအဝေးသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ပြစ်မှုဆိုင်ရာ ဥပဒေတွင် စာနယ်ဇင်းများအပေါ် အသရေဖျက်မှုဖြင့် တရားစွဲဆိုနိုင်သော ပုဒ်မ ၄၉၉ နှင့် ၅၀၀ တို့ကို ဖျက်သိမ်းပေးရန် အဆိုတင်သွင်းမည် ဖြစ်ကြောင်း ဦးသိန်းညွန့်က The Voice Weekly သို့ ပြောကြားသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတို့ကို ဇန်နဝါရီလ ၂၆ ရက်နေ့ (ယနေ့) နံနက် ၁၀ နာရီတွင် စတင် ကျင်းပမည် ဖြစ်သည်။ အဆိုပါ လွှတ်တော် အစည်းအဝေး နှစ်ရပ်သို့ ပြည်တွင်း မီဒီယာ ၂၆ ခုနှင့် ပြည်ပ မီဒီယာ ၂၀ ခန့်တို့ တက်ရောက် သတင်းရယူလျက် ရှိသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်ပုံမှန်အစည်းအဝေးတွေ ကို ဒီကနေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့မှာ ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ ဒီလွှတ်တော်အစည်အဝေးအတွင်းမှာ တော့ လာမယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းချေငွေစာရင်းတွေကို ထုတ်ပြန်အတည်ပြုဖို့ရှိနေ ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် အသုံးစားရိတ်တွေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူသို့အစီရင်ခံစာ ထုတ်ပြန်နိုင်ဖွယ်ရှိနေပါတယ်။ ဒါအပြင် ဒီလွှတ်တော်အစည်းအဝေးမှာ ဆုံးဖြတ်အတည်ပြုမယ့် လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းချေငွေစာရင်းမှာ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အသုံးစားရိတ်တွေကိုလည်း တိုးမြှင့်ပေးဖို့ရှိနေပါတယ်။ ဒီလွှတ်တော်အစည်းအဝေးတွေကတော့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ရှိနေတာ ကြောင့် ရက်သိပ်ကြာဖွယ်မရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ခန့်မှန်းမှုတွေရှိနေတယ်လို့ ဒီဗွီဘီ သတင်းမှာ ဖော်ပြထားပါတယ်။
Unknown at 11:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဦးဂမ္ဘီရ အား မဟန ဆင့်ခေါ် ဆုံးမသြ၀ါဒပေး ရန်ဟုဆို

မိတ္ထီလာမြို့ စက်မှုဇုံ ၅လမ်းရှိ ဦးဂမ္ဘီရ မိဘများနေအိမ်သို့ ဒီနေ့ ရောက်ရှိလာသော နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏ ဆင့်ခေါ်စာဖြစ်ပါတယ်။


အကြောင်းအရာ။ ။ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရုံးသို့လာရောက်ရန်ကိစ္စ

ခွင့်ပြုချက်မရှိပဲ ပြစ်မှုကျူးလွန်နေသော ရဟန်းများကိစ္စတင်ပြခြင်းနှင့် စပ်လျဉ်း၍ ၂၅.၁.၂၀၁၂နေ့တွင်ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ ဆဋ္ဌမအကြိမ် ပထမအထူးအစည်းအဝေးက ဖော်ပြလတ္တံပါအတိုင်း ဆုံးဖြတ်ပါသည်။
ဆုံးဖြတ်ချက်
ပြစ်မှုကျူးလွန်နေသော ဦးဂမ္ဘီရ ဦးအိဿရိယ၊ ဦးပဏ္ဍ၀ံသ၊ ဦးဝိသုဒ္ဓ၊ ဦးပညာသီဟတို့အား (၂၇.၁.၂၀၁၂) သောကြာနေ့၊မွန်းလွဲ၁နာရီအချိန် ခေါ်ယူဆုံးမသြ၀ါဒပေးရန်။
၂။ သို့ဖြစ်ပါ၍ အထက်အပိုဒ်၁ပါဆုံးဖြတ်ချက်အရ ပြစ်မှုကျူးလွန်နေသော ရဟန်းတော်များ သည် (၂၇.၁.၂၀၁၂) သောကြာနေ့၊မွန်းလွဲ၁၂း၃၀နာရီအချိန် ကမ္ဘာအေးကုန်းမြေ ဥတ္တရကုရု ကျောင်းဆောင် အစည်းအဝေးခန်းမသို့ ကြွရောက်သတင်းပို့ရန် အကြောင်းကြားပါသည်။

ဘဒ္ဒန္တ ၀ါယမ
အဂ္ဂမဟာပဏ္ဍိတ
တွဲဖက်အကျိုးတော်ဆောင် ဆရာတော်
Unknown at 11:15 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အရေးပေါ်တယ်လီဖုန်းများကို ခေါ်ဆိုရခက်ခဲ

ရန်ကုန်မြို့တွင်းတွင်ရှိသော အရေးပေါ်ဌာနများရှိ အရေးပေါ်တယ်လီဖုန်းအချို့မှာ ဆက်သွယ် ခေါ်ဆိုရာတွင် ခက်ခဲမှုများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူအချို့မှ ပြောပြသည်။

အချို့သော အရေးပေါ်တယ်လီဖုန်းများမှာ ဖုန်းဝင်သော်လည်း လာရောက်မကိုင်ခြင်း၊ တိကျ စွာဖြေဆိုမှုမရှိခြင်း၊ ပုံမှန်ဖုန်းမအားခြင်းများရှိနေကြောင်း သိရသည်။

" ဗိုလ်တစ်ထောင်ကမ်းနားမှာ လူတစ်ယောက်အရိုက်ခံရတာ အသက်အန္တရာယ်စိုးရိမ်ရလို့ ကျွန်မက ကူညီတဲ့အနေနဲ့ အရေးပေါ် ၁၉၁ ကိုဆက်တယ်၊ မကိုင်ဘူး၊ တော်တော်ခေါ်လိုက်ရတယ်၊ ဒါနဲ့မရလို့ ၁၉၉ ကိုပြောင်းခေါ်တော့၊ ဒါအရေးပေါ်ဖုန်းဆိုပေမယ့် မီးလောင်မှုကိုပဲ လက်ခံတယ်ပြောပြန်ရော၊ ကျွန်မလည်း လိုင်းကားစီးရင်တွေ့တွေ့နေတဲ့ အရေးပေါ်ဆက်သွယ်ရန် ဖုန်းဆိုတာကို ဆက်လိုက်တာ၊ ဖုန်းက ၅၀၀၀၀၅ လေ ဖုန်းက၀င်သွားတယ်၊ အားလည်းအားတယ်၊ ကိုင်မယ့်သူလုံးဝမရှိဘူး၊ ငါးမိနစ်လောက်ခေါ်လိုက်မှ ကိုင်တဲ့သူ ရောက်လာတယ်၊ ကျွန်မကလည်း အရေးပေါ်ဆိုတော့ အရေးပေါ်ကားပဲဆိုပြီး ခေါ်တာ၊ ဖြစ်တာကိုပြောပြတော့ ကိုင်တဲ့သူက ဒီ ၅၀၀၀၀၅ က ကားတိုက်မှုပဲသုံးတာ၊ ကျန်တာမလိုက်ဘူးတဲ့၊ ကျွန်မတို့ပြည်သူတွေဖြစ်စေချင် တာက ပြည်သူတွေကိုမလှည့်စားဖို့ နားလည်ဖို့သေချာရှင်းပြစေချင်တယ်၊ အခုက အရေးပေါ်ဆက်သွယ်ရန်ဖုန်း နံပါတ်လဲဆိုသေးတယ်၊ ဖုန်းမကိုင်တာနဲ့ ကိုင်တော့လည်း ဒီကိစ္စမှ ဟိုကိစ္စမှလက်ခံတယ်၊ လုပ်ပေးတယ်ဆို တော့ ဖုန်းနံပါတ်တွေနောက်မှာ ၁၉၉ ဆိုလည်း မီးလောင်မှုအတွက် ၅၀၀၀၀၅ ဆိုရင်လည်း ယာဉ်တိုက်မှုအ တွက် ဆိုတာမျိုးထည့်ပေးထားသင့်ပါတယ်" ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မသဇင်မှပြောပြသည်။

ပြည်သူများအနေဖြင့် အရေးပေါ်မှုခင်းများ၊ အရေးပေါ်ကိစ္စမျာဖြစ်ပေါ်လာပါက အချိန်တိုအ တွင်း အမှန်တကယ်ခေါ်ဆိုဆက်သွယ်နိုင်မည့် တယ်လီဖုန်းများ လိပ်စာများကို သေချာစွာသိရှိနားလည်ရန် လို အပ်နေကြောင်း သိရသည်။
N/A - အတွဲ ၂၊ အမှတ် ၇၆
Unknown at 11:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လွတ်လပ်စွာ ၀တ်စားဆင်ယင်ခြင်းဖြင့် လှချင်တိုင်း လှနိုင်ကြပါစေ.......



ဒီကနေ့လူငယ်တွေက လွတ်လပ်စွာ ၀တ်စားဆင်ယင်ခြင်းကို လူ့အခွင့်အရေးတရပ်ရယ်လို့မှတ်ချက်ပြုကြတယ်....
ကိုယ်ကြိုက်တာ ကိုယ်ဝတ်တာ ဘာဖြစ်လဲ ... ပေါင်တိုပဲ ၀တ်ဝတ်..လယ်ဟိုက်ပဲ ၀တ်ဝတ်... ရုတ်စွ အဆုံး .....
ကိုယ်လုံးတီးပဲနေနေ....ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ .. ဒါ..ကိုယ်ပိုင်အခွင့်အရေးဘဲ ..... မမြင်ဝံဘူး..မကြည့်ဝံ့ဘူးဆိုရင်...မျက်စိမှိတ်ထားကြပါ ဆိုပြီး....လွတ်လပ်ခြင်းကို ...ဖော်ဆောင်နေကြပါတယ်....
အကြမ်းဖျဉ်း အပေါ်ယံကြည့်ရင်တော့ .. ဟုတ်သလိုလို ...
ဒါ..... ကိုယ်ပိုင် အခွင့်အရေးတရပ်လို တွေးထင်မယ်ဆိုရင် ထင်ချင်စရာပါ.....

ဒါပေမယ့် .... လူဆိုတာ တစ်ယောက်တည်း နေလို့ မရနိုင်ဘူး ... မိသားစုဘ၀ ..လူဘောင်လောကရပ်ဝန်းမှာ
မဖြစ် မနေ လှုပ်ရှား ရုန်းကန်ရမှာပါ ... ဒီနေရာမှာ ပထမဆုံးစဉ်းစားတွေးခေါ်ရမှာက သင်သည် မြန်မာ ....
မြန်မာလူမျိုး ... မြန်မာ မိသားစုဘ၀...မြန်မာလူ့ဘောင်အသိုင်းအ၀ိုင်း ....မြန်မာ့ လူဘောင်လောကရပ်ဝန်း ...
မြန်မာယဉ်ကျေးမှု ဓလေ့ထုံးစံ .... ဒါတွေအားလုံးကို ပစ်ပါယ်ထားလို့ မရနိုင်ပါဘူး ....
ဒါကြောင့်မို့လဲ ... ၀တ်စားဆင်ယင်မှု နဲ့ ပတ်သက်ပြီး ....
ရွှေတိဂုံဘုရားပေါ်မှာ စကတ်၊ ဘောင်းဘီဖင်ကျပ် မ၀တ်ရဆိုပြီး တားမြစ်ထားတာပေါ့ ...
မြန်မာ တက္ကသိုလ်/ကျောင်းတွေမှာလည်း " မ၀တ်ရ" ဆိုပြီး တားမြစ်ထားကြပါတယ်...
လူငယ်တွေ သိပ်ရဲတင်းလွန်းပြီး ၀တ်စားဆင်ယင်ကြလို့ ကိုးရီးယားနိုင်ငံက တက္ကသိုလ်တွေ စာသင်ကျောင်းတွေမှာလဲ
မိန်းကလေးများ စကတ်တိုဝတ်၍ ကျောင်းမတက်ရဆိုပြီး တားမြစ်မိန့်တွေ ထုတ်ပြန်ထားပါတယ်...

ကျွန်ုပ် ဒါတွေပြောနေလို့ ခေတ်နောက်ကို ပြန်ဆွဲနေရမယ်လို့ မဆိုလိုပါ ...
ခေတ်မှီနိုင်ပါတယ်... ခေတ်ဆန်နိုင်ပါတယ်... မရဲတင်းဘို့တော့ လိုပါတယ်...
စကတ်ဆို ကြည့်လိုလှအောင်ဝတ်ရင်... သပ်သပ်ရပ်ရပ် ရှိပါတယ်... အမြင်တင့်တယ်ပါတယ်.....
ဥပမာပြောရရင် ..ယာဉ်ထိန်းရဲမေတွေ ၀တ်ကြတဲ့ ဒူးလောက်ရှိတဲ့ စကတ်မျိုးပါ...
ဒါဆို ရိုင်းတယ်လို့ ပြောလို့မရပါဘူး .. အများ သူငှါလည်း လက်ခံနိုင်တဲ့ အနေအထားပါ....
ဘာပဲပြောပြော.....
ကိုယ်ဝတ်လိုက်တဲ့ အ၀တ်အစားဟာ ကိုယ်ရဲ့တန်ဘိုးကို အနည်းနဲ့ အများတော့ ထင်ဟတ်စေပါတယ်...
သူနေရာနဲ့သူ လိုက်လျောညီထွေဖြစ်အောင်တော့ ၀တ်စားဆင်ယင်သင့်ပါတယ်....
ချောင်းသာ မှာ ပင်လယ်ကမ်းစပ်မှာ ပါတီပွဲတက်တာ ... တိုတိုနှံနှံ ၀တ်လို့ ဘာမှ ပြောစရာ မရှိပါဘူး ...
( ပတ်ဝန်းကျင်အတွက် အမြင် မရိုင်းခဲ့ရင်ပေါ့... ဒါ ..မြန်မာနိုင်ငံလေ) ....
သူနေရာ နဲ့သူ လိုက်လျောညီထွေမှု ရှိတယ်လို့ ဆိုရမှာပါ....
ဒီနေရာမှာ တစ်ခုတော့ ဆိုချင်ပါတယ်.... စကတ် ပေါင်ပေါ် အောင် တိုတို နှံနှံလေးဝတ်ခဲ့မယ်ဆိုရင်....
ရုပ်ပိုင်းဆိုင်ရာကိုကြည့်ပြီး... မြန်မာတို့၏ မိန်းမကောင်း၊ မိန်းမမြတ် ၊ ကျက်သရေရှိသော မိန်းကလေး၊
တန်ဘိုးရှိသော မိန်းကလေးအဖြစ် ဘယ်သူမှ သတ်မှတ်မှာ မဟုတ်ပါဘူး ....
(သတ်မှတ်ချင်သောသူများ သတ်မှတ်နိုင်ပါသည်)
အခန့်မသင့်ရင် ...... ဒီမိန်းကလေး ... ဒါ ... များလားဆိုပြီး .... တွေးထင်စရာဘဲ ရှိပါတယ်.....

ဒီနေရာမှာ ၀တ်စားဆင်ယင်မှုက အဓိက မကျဘူး ... စိတ်ဓာတ်က အဓိက ဆိုပြီး ပြောစရာရှိပါတယ်....
သေချာတာ တစ်ခုကတော့ .မြန်မာလူ့ဘောင်အသိုင်းအ၀ိုင်း ....မြန်မာ့ လူဘောင်လောကရပ်ဝန်း ...
မြန်မာယဉ်ကျေးမှု ဓလေ့ထုံးစံ ...ကို တန်ဘိုးထားတဲ့သူကတော့ စကတ် ပေါင်ပေါ် အောင် တိုတို နှံနှံလေးကို
ဝတ်စားဆင်ယင်မှု ပြုမှာ မဟုတ်ပါဘူး ....ဒါဆိုရင် တိုတို နှံနှံ ၀တ်စားဆင်ယင်တတ်တဲ့ မိန်းကလေးရဲ့ စိတ်ဓာတ်
ကကော ဘာဖြစ်နိုင်မလဲ ... ကိုယ့် ကိုယ်ကို သေချာ ပြန်ပြီး စဉ်းစားစေချင်ပါတယ်...
ကိုယ့် ကို မွေးဖွား သန့်စင်ပေးလိုက်တဲ့ .... အဖေ နဲ့ အမေက
" သမီးလေး ဒီ စကတ် တိုတို နှံနှံလေး ၀တ်လိုက်ပါ.. သိပ်လှတာပဲ " လို့ တိုက်တွန်းခဲ့ကြရဲ့လား ....
(သို့တည်းမဟုတ်) တတ်သိ ပညာသင်ကြားပေးခဲ့သော ဆရာ/ဆရာမတွေက
" ငါ့တပည့်မ ဒီ စကတ် တိုတို နှံနှံလေးသာ ၀တ်လိုက်ပါ.. သိပ်လှတာပေါ့ " လို့ ပြောဆို သင်ကြားပြသခဲ့သလား .....
ဆိုရင် လုံးဝ ပြောဆိုခဲ့ကြမှာ မဟုတ်ပါဘူး ....

အဲ..မဟုတ်ဘူး ... ဒါ ..လူ့အခွင့်အရေးပဲ ... တိုတို နှံနှံ ...လွတ်လပ်စွာ ၀တ်စားဆင်ယင်ခွင့်ရှိပါတယ်လို့ ဆိုခဲ့ရင်...
သင် ... မြန်မာနိုင်ငံ နှင့် ထိုက်တန်သူ မဟုတ်ပါဘူး ... လွတ်လပ်ပါတယ်ဆိုတဲ့ သူတို့နိုင်ငံ .. သူတို့ဓလေ့...
သူတို့ယဉ်ကျေးမှုကို မြတ်နိုးသူတစ်ယောက်ဖြစ်နေလို့... အဲဒီနိုင်ငံတွေမှာပဲ သွားနေဖို့သာ ကောင်းပါတော့တယ်....

လူတိုင်းဟာ အလှအပ ကို မြတ်နိုးတွယ်တာကြပါတယ်... လိုချင်ကြပါတယ်...
ဒီနေရာမှာ ရုပ်လှဖို့ထက် စိတ်လှဖို့က ပိုပြီး အရေးကြီးသည်ဟု ဆိုကုန်ကြပါတယ်...
မှန်ပါတယ်...အပြင်ပန်းလှသော်လည်း စိတ်ထားညံ့နေမယ်ဆိုရင် ဘယ်နေရာမှ အသုံးမ၀င်ပါဘူး..
အသုံးဝင်သောသူ တစ်ယောက်ဖြစ်ဖို့.. တန်ဘိုးရှိသောသူတစ်ယောက်ဖြစ်ဖို့ ဆိုရင် ...
ရဟန်းတော်များ... ရဟန်းတော်တို့ရဲ့ အလှတရားကို မြတ်နိုးရင်... ဘုရားစကား နားထောင်ရပါလိမ့်မယ်...
တပည့်များ.... တပည့်တို့ရဲ့ အလှတရားကို မြတ်နိုးရင် ဆရာ့စကား နားထောင်ရပါလိမ့်မယ်...
သား/သမီးများ.... သား/သမီးတို့ရဲ့ အလှတရားကို မြတ်နိုးရင် မိဘစကား နားထောင်ရပါလိမ့်မယ်...
ဒါမှလဲ.. ကိုယ်စီ..ကိုယ်ငှ ...အလှတရားတွေ ဝေနေမှာပါ .....

မြန်မာမိန်းကလေးတိုင်း လွတ်လပ်စွာ ၀တ်စားဆင်ယင်ခြင်းဖြင့် လှချင်တိုင်း လှနိုင်ကြပါစေ.......

လေးစားစွာဖြင့် ....

       ဘကြီးသက်..
Unknown at 9:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယောကျာ်းလေးတွေသတိထားမိတတ်တဲ့ ပထမဆုံး အချက် ၁၀ ချက်



ဒါကတော့ မိန်းကလေးတွေ အတွက်ပေါ့နော်။ လူတစ်ယောက်နဲ့ တစ်ယောက် ပထမဦးဆုံးစတွေ့တဲ့ပုံစံကို ကြည့်ပြီး ယုံကြည်တာ အထင်ကြီးသွားတာ၊ အထင်သေးသွားတာ၊ သဘောကျတာတို့ ဖြစ်သွားစေနိုင်တယ်လေ။ မြင်မြင်ချင်းချစ်မိတာတို့၊ စတွေ့ကတည်းကကြည့်လို့ကိုမရဘူးဆိုတာတွေကို ဖန်တီးပေးတာကလည်း ကိုယ့်ရဲ့ပုံစံကြောင့်ပါပဲ။ ဒါကြောင့် ကိစ္စတစ်ခုခုကြောင့် အထူးသဖြင့် ကိုယ်သဘောကျတဲ့ ယောကျာ်းလေးတစ်ယောက်နဲ့တွေ့တော့မယ်ဆိုရင် သူတို့သတိထားမိတတ်တဲ့ အချက်လေးတွေကို သတိပြုပြင်ဆင်သွားမယ်ဆိုရင် ကိုယ်လည်းအမှတ်တက်တာပေါ့။ ကဲ.. ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကိုတွေ့ရင် သတိထားကြည့်မိတဲ့ အချက်လေးတွေကို ကြည့်ရအောင်။

1. Luscious Looks

များသောအားဖြင့် ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကို မြင်တဲ့အခါ မျက်နှာလေးကိုကြည့်ပြီး လှမလှဆုံးဖြတ်တတ်ကြပါတယ်။ မိန်းကလေးကလည်း မျက်နှာကိုဂရုစိုက်ပြင်သွားမှာဆိုတော့ ဒီအချက်ကို အထူးပြောစရာမလိုပါဘူး။ တကယ်လို့ သူကကိုယ့်ကို နောက်ကနေစတွေ့လိုက်မယ်ဆိုရင်ရော??? တချို့ယောကျာ်းလေးတွေက မိန်းကလေးတစ်ယောက်ကို နောက်ကတွေ့လိုက်ရုံနဲ့ ဒီမိန်းကလေးလှမလှသိနိုင်တယ်တဲ့။ ဘာကြောင့်လဲသိလား?? ဆံပင်ကြောင့်ပေါ့။ မိန်းကလေးရဲ့ဆံပင်ဟာ သူ့ကိုယ်သူဂရုမစိုက် မစိုက်ဆိုတာ သိနိုင်တဲ့ပုံသေနည်းတစ်ခုပဲနော်။ ဒါကြောင့် သင့်ဆံပင်တွေကို ပျော့ပျောင်းနူးညံ့တောက်ပနေအောင် ဂရုစိုက်ရမယ်။ သင့်ဆံပင်ကို ဖြောင့်စက်ဆွဲဖို့ (သို့) ကောက်ဖို့ အချိန်မရဘူးဆိုရင်တောင် ဆံပင်ကို သေသေချာချာ ဖီးပြီး သပ်သပ်ရပ်ရပ်ဖြစ်နေပါစေ။ သင့်ဆံပင်လေးတွေက မွှေးပျံပြီး ပိုးသားလေးလိုဖြစ်နေမယ်ဆိုရင် သင့်ကိုတွေ့တာနဲ့ သဘောကျသွားမှာနော်။

2. Perfect Posture

မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ဟန်အနေအထားကလည်း အရမ်းအရေးကြီးတယ်နော်။ သင့်ရဲ့ခန္ဓာကိုယ်လေးက မတ်ပြီး မျက်နှာလေးနဲနဲမော့နေမယ်ဆိုရင် သင်ဟာကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ဆွဲဆောင်မှုလည်းရှိတဲ့ မိန်းကလေးတစ်ယောက် လို့ပြောနေသလိုပဲနော်။ ဒီလိုမိန်းကလေးမျိုးဟာ လူတွေအများကြီးကြားထဲမှာ ထင်းခနဲပေါ်နေတာပေါ့။ သင်ကိုယ်တိုင်ပဲစဉ်းစားကြည့်ပေါ့။ လူကခပ်ကိုင်းကိုင်း၊ ပခုံးလျှော၊ အားမရှိတဲ့ပုံနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ထမ်းထားရသလိုပုံစံမျိုးနဲ့ လူတစ်ယောက်ကိုသဘောကျပါ့မလား။ ဒါကြောင့် ခုပဲ သင့်ရဲ့ကိုယ်နေကိုယ်ထားကို သတိထားပြုပြင်လိုက်နော်။ ဒါမျိုးက အကျင့်ဖြစ်နေမှ ကြည့်ရ အဆင်ပြေမှာပါ။ လိုတဲ့အချိန်မှ အတင်းလုပ်ယူထားရရင် သက်တောင့်သက်သာရှိမှာ မဟုတ်ဘူးနော်။ ကြည့်ရတာလည်း အဆင်ပြေမှာမဟုတ်ဘူး။

3. Your Friends

သင်နဲ့ ခုမှစတွေ့တဲ့ ယောက်ျားလေးဟာ သင့်ကိုသာမက သင့်သူငယ်ချင်းတွေကိုလည်း အကဲခတ်တတ်တယ်နော်။ တကယ်လို့ သင့်သူငယ်ချင်းတွေဟာ အိနြေ္ဒမရှိ ရိုင်းတယ်ဆိုရင် သင့်ကိုလည်းအဲ့လိုပဲ ထင်သွားမှာနော်။ ဒါကြောင့် သင့်မှာ အဲ့လိုသူငယ်ချင်းတွေရှိတယ်ဆိုရင် သူတို့နဲ့ကြိုညှိထားဖို့လိုတယ်နော်။ ဒါမှမဟုတ်ရင်လည်း ကောင်လေးနဲ့တွေ့မယ့်နေရာကို လူတိုင်းနဲ့ လိုက်လျောညီထွေ ဆက်ဆံတတ်တဲ့ သူငယ်ချင်းကိုခေါ်သွားလိုက်ပါ။

4. Your Pout

ယောကျာ်းလေးတွေဟာ စတွေ့တွေ့ချင်း မိန်းကလေးရဲ့နှုတ်ခမ်းကိုလည်း သတိထားမိတတ်ကြသတဲ့။ ကောင်မလေးရဲ့နှုတ်ခမ်းလေးက ထူလား၊ ပါးလား၊ ဘာအရောင်လဲ၊ နှုတ်ခမ်းလှလားပေါ့။ သင့်ရဲ့ နှုတ်ခမ်းလေးက နှုးညံ့ ရွှန်းစိုနေပြီး ပန်းနုရောင်လေးပြေးနေမယ်ဆိုရင်တော့ အမှတ်ပြည့်ပဲနော်။

5. Your Ever Smile

ပုံးပြုံးရွှင်ရွှင်နေတတ်တာကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။ ဒါပေမဲ့ဟန်ဆောင်ပြုံးက အလုပ်မဖြစ်ဘူးနော်။ ဒါကြောင့် စိတ်ပေါ့ပေါ့ပါးပါးနဲ့ အမြဲပြုံးပြုံးရွှင်ရွှင်ဖြစ်အောင် ကြိုးစားပါ။ ဒါကနှစ်လိုဖွယ်ကောင်းခြင်းရဲ့ ပြယုဒ်ပဲနော်။ ပြီးတော့ သင့်သွားလေးတွေ ဖြူဖွေးပြီး ခံတွင်းနံ့မရှိအောင် ဂရုစိုက်ပါ။ အပြုံးလေးလှလှကလည်း စွမ်းတယ်ဆိုတာ မမေ့ပါနဲ့။

6. What You Carry Around

မယုံမရှိနဲ့နော်။ သင့်အိတ်ထဲကပစ္စည်းတွေနဲ့ သင်နဲ့အတူရှိနေတဲ့ ပစ္စည်းတွေဟာလည်း သင်ဘယ်လိုလူလဲဆိုတာကို ပြောပြနိုင်ပါတယ်။ သင့်အိတ်ထဲမှာ အလှကုန်ပစ္စည်းတွေနဲ့ ပြည့်နေတာက သင်ဟာအရမ်းအလှကြိုက်တဲ့ကောင်မလေးဆိုတာကို ပြောပြနေတယ်နော်။ သင့်လက်ထဲကစာအုပ်တွေကိုကြည့်ပြီးတော့ သင်ဟာအေးအေးဆေးဆေးနေတတ်တာကို ပြောနေသလို စာအုပ်အမျိုးအစားတွေကလည်း သင်ဟာ ဘာသာရေးလိုက်စားသူလား၊ သင်ယူလေ့လာခြင်းကိုစိတ်ဝင်စားသူလားဆိုတာကိုလည်း သိနိုင်တယ်နော်။ ဒါတွေကလည်း ကောင်လေးတွေသတိထားမိတဲ့အချက်ပါပဲ။

7. High Heels

ဒေါက်မြင့်ဖိနပ်ကို နေ့တိုင်းစီးဖို့မလိုပါဘူး။ ဒါပေမဲ့ ဒေါက်ဖိနပ်စီးတဲ့မိန်းကလေးတွေကို ယောကျာ်းလေးတွေကပိုသတိထားမိတာကိုတော့ မမေ့နဲ့နော်။ ဒေါက်မြင့်ဖိနပ်တွေက သင့်ကိုပိုဆွဲဆောင်မှုရှိစေပါတယ်၊ ပိုထင်ရှားစေတယ် ပြီးတော့ ကိုယ့်ကိုယ်ကို ပိုပြီးတော့ယုံကြည်မှုရှိစေပါတယ်။ ဒါကြောင့်ဒေါက်ဖိနပ်တွေကို တစ်ပတ် ၂ကြိမ် တော့စီးပေးပါ။

8. How You Strut

မိန်းကလေးတွေရဲ့လမ်းလျှောက်ပုံကိုလည်း ယောက်ျားလေးတွေက သတိထားမိတတ်ပါတယ်။ သိမ်မွေ့တဲ့ လမ်းလျှောက်ဟန်က မိန်းကလေးတစ်ယောက်ရဲ့အလှကိုပြည့်စုံအောင် ထောက်ပံ့ပေးတယ်လေ။ တော်ဝင်မင်းသမီးတွေဆိုရင် လမ်းလျှောက်နည်းကိုတောင်သင်ရပါတယ်။ လမ်းလျှောက်ဟန်က အရေးကြီးတယ်ဆိုတာ သိသွားပြီဟုတ် ??
လမ်းလျှောက်ပုံက နွဲ့နှောင်းရမယ်ဆိုလို့ အရမ်းကြီးနွဲ့စရာမလိုဘူးနော်။ ဆတ်တောက်ဆတ်တောက်နဲ့ ကားယား ကားယားမဟုတ်ပဲ ခြေလှမ်းမှန်မှန်နဲ့ အိနြေ္ဒရရ ညင်ညင်သာသာလျှောက်ရင် ရပါပြီ။

9. Your Clothes

ယောကျာ်းလေးတွေ သတိထားကြည့်မိတတ်တဲ့ထဲမှာ အ၀တ်အစားလည်း ပါတယ်နော်။ လူရဲ့ပုံစံက အ၀တ်အစားပေါ်လည်း အများကြီးမူတည်တယ်ဆိုတာ သူငယ်ချင်းတို့လည်း သိမှာပါ။ မျက်နှာလေးက အရမ်းမလှရင်တောင် ၀တ်တတ်စားတတ်ရင် ကြည့်လို့လှတယ်လေ။ အ၀တ်အစားကို ကောင်းကောင်းမွန်မွန်ဝတ်ဖို့လိုပေမယ့် ဈေးကြီးဖို့ မလိုပါဘူး။ ခေတ်မီမီလေးဝတ်ဖို့လိုပေမယ့် ခေတ်ဆန်လွန်းတာလည်း မကောင်းပါဘူး။ ဆွဲဆောင်မှုရှိဖို့လိုပေမယ့် လျှပ်ပေါ်လော်လီတာမျိုးဆိုရင်တော့ လူကို ပေါ့ပျက်ပျက်နဲ့လို့တောင် အထင်ခံရနိုင်တယ်နော်။ ပြီးတော့ ဘယ်လောက်လှတဲ့ အ၀တ်အစားပဲဖြစ်ဖြစ် ကိုယ်နဲ့လိုက်ချင်မှ လိုက်တာလေ။ အဲဒီတော့ ကိုယ်နဲ့လည်းလိုက်ဖက် ကြည့်ရလည်းအဆင်ပြေပြီး ခေတ်လည်းမီတဲ့ အ၀တ်အစားလေးတွေကို ၀တ်ပါ။ စမတ်ကျကျဝတ်စားတတ်တဲ့သူဆိုရင် အလိုလိုတောင်မှ လူရှိန်တယ်ဆိုတော့ ဒီအချက်ကိုလည်း ဂရုစိုက်သင့်တယ်နော်။

10. Your Attitude

ယောက်ျားလေးက မိန်းကလေးကို အကဲခတ်တတ်တဲ့ အရေးကြီးဆုံးအရာကတော့ စိတ်နေသဘောထားပါပဲ။ မိန်းကလေးတစ်ယောက်ဟာ နတ်သမီးလိုလှနေပါစေ၊ ကမ္ဘာကျော်မင်းသမီးတွေလို ဆွဲဆောင်မှုရှိပါစေ၊ စိတ်ထားမကောင်းရင် ဇာတ်လမ်းမစခင်ပြီးသွားမှာပါပဲ.. ဘယ်ယောက်ျားလေးမှ စုန်းမလိုလူမျိုးနဲ့ မနေချင်ဘူးလေ။ အဲ့တော့ သဘောထားကြီးပြီး အကောင်းမြင်တတ်အောင်လုပ်ပါ။ အားလုံးကိုအကောင်းမြင်ရင် စိတ်ညစ်တာတွေလည်းပျောက် ပိုလှပြီး ပိုတောင်အသက်ရှည်လာဦးမယ်။

မိန်းကလေးတစ်ယောက် စွဲဆောင်မှုရှိတာနဲ့ မြူဆွယ်တာ၊ လှတာနဲ့ အလွန်အကျွံပြင်တာ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတာနဲ့ မောက်မာတာ၊ ဖြူစင်တာနဲ့ ဟန်ဆောင်တာတွေကြားမှာ စည်းပါးပါးလေးပဲရှိပါတယ်။ အဲ့ဒီစည်းလေးကပဲ သင်ဟာချစ်မြတ်နိုးတန်ဖိုးထားသင့်တဲ့ မိန်းကလေးဟုတ်မဟုတ်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ ခု မိန်းကလေးတစ်ယောက်ကို ယောကျာ်းလေးတစ်ယောက်က သတိထားကြည့်တတ်တဲ့အချက်တွေကို ပြောပြီးပြီနော်။ လှပတဲ့ဘ၀လေးကိုလိုချင်ရင် စိတ်ပိုင်းရောရုပ်ပိုင်းပါ လှပနေမှဖြစ်မှာပေါ့။ သူငယ်ချင်းတို့ Fighting !!!!

Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်
Unknown at 9:41 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.