Friday, January 27, 2012

အရေးပေါ်တယ်လီဖုန်းများကို ခေါ်ဆိုရခက်ခဲ

ရန်ကုန်မြို့တွင်းတွင်ရှိသော အရေးပေါ်ဌာနများရှိ အရေးပေါ်တယ်လီဖုန်းအချို့မှာ ဆက်သွယ် ခေါ်ဆိုရာတွင် ခက်ခဲမှုများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူအချို့မှ ပြောပြသည်။

အချို့သော အရေးပေါ်တယ်လီဖုန်းများမှာ ဖုန်းဝင်သော်လည်း လာရောက်မကိုင်ခြင်း၊ တိကျ စွာဖြေဆိုမှုမရှိခြင်း၊ ပုံမှန်ဖုန်းမအားခြင်းများရှိနေကြောင်း သိရသည်။

" ဗိုလ်တစ်ထောင်ကမ်းနားမှာ လူတစ်ယောက်အရိုက်ခံရတာ အသက်အန္တရာယ်စိုးရိမ်ရလို့ ကျွန်မက ကူညီတဲ့အနေနဲ့ အရေးပေါ် ၁၉၁ ကိုဆက်တယ်၊ မကိုင်ဘူး၊ တော်တော်ခေါ်လိုက်ရတယ်၊ ဒါနဲ့မရလို့ ၁၉၉ ကိုပြောင်းခေါ်တော့၊ ဒါအရေးပေါ်ဖုန်းဆိုပေမယ့် မီးလောင်မှုကိုပဲ လက်ခံတယ်ပြောပြန်ရော၊ ကျွန်မလည်း လိုင်းကားစီးရင်တွေ့တွေ့နေတဲ့ အရေးပေါ်ဆက်သွယ်ရန် ဖုန်းဆိုတာကို ဆက်လိုက်တာ၊ ဖုန်းက ၅၀၀၀၀၅ လေ ဖုန်းက၀င်သွားတယ်၊ အားလည်းအားတယ်၊ ကိုင်မယ့်သူလုံးဝမရှိဘူး၊ ငါးမိနစ်လောက်ခေါ်လိုက်မှ ကိုင်တဲ့သူ ရောက်လာတယ်၊ ကျွန်မကလည်း အရေးပေါ်ဆိုတော့ အရေးပေါ်ကားပဲဆိုပြီး ခေါ်တာ၊ ဖြစ်တာကိုပြောပြတော့ ကိုင်တဲ့သူက ဒီ ၅၀၀၀၀၅ က ကားတိုက်မှုပဲသုံးတာ၊ ကျန်တာမလိုက်ဘူးတဲ့၊ ကျွန်မတို့ပြည်သူတွေဖြစ်စေချင် တာက ပြည်သူတွေကိုမလှည့်စားဖို့ နားလည်ဖို့သေချာရှင်းပြစေချင်တယ်၊ အခုက အရေးပေါ်ဆက်သွယ်ရန်ဖုန်း နံပါတ်လဲဆိုသေးတယ်၊ ဖုန်းမကိုင်တာနဲ့ ကိုင်တော့လည်း ဒီကိစ္စမှ ဟိုကိစ္စမှလက်ခံတယ်၊ လုပ်ပေးတယ်ဆို တော့ ဖုန်းနံပါတ်တွေနောက်မှာ ၁၉၉ ဆိုလည်း မီးလောင်မှုအတွက် ၅၀၀၀၀၅ ဆိုရင်လည်း ယာဉ်တိုက်မှုအ တွက် ဆိုတာမျိုးထည့်ပေးထားသင့်ပါတယ်" ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မသဇင်မှပြောပြသည်။

ပြည်သူများအနေဖြင့် အရေးပေါ်မှုခင်းများ၊ အရေးပေါ်ကိစ္စမျာဖြစ်ပေါ်လာပါက အချိန်တိုအ တွင်း အမှန်တကယ်ခေါ်ဆိုဆက်သွယ်နိုင်မည့် တယ်လီဖုန်းများ လိပ်စာများကို သေချာစွာသိရှိနားလည်ရန် လို အပ်နေကြောင်း သိရသည်။
N/A - အတွဲ ၂၊ အမှတ် ၇၆
Unknown at 11:11 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.