Friday, January 27, 2012

စားသုံးသူကာကွယ်ရေးဥပဒေမူ ကြမ်းလွှတ်တော်တင်ပြနိုင်ဖို့စီစဉ်



Modern News Journal — ပထမအဆင့်ရေးဆွဲပြီးတဲ့ စားသုံးသူအကာအကွယ်ပေးရေးဥပဒေမူကြမ်းကို လာမည့်လွှတ်တော်အစည်းအဝေးမှာ တင်ပြနိုင်ဖို့ လိုအပ်တဲ့ဖြည့်စွပ်ချက်တွေ ထည့်သွင်းရေး သက်ဆိုင်ရာဌာန၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေပူးပေါင်းပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ဇန်န၀ါရီ ၉ ရက်နေ့က ကုန်သည် စက်မှုအသင်းချုပ်(UNFCC I)မှာပြုလုပ်တယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာထွန်းဇော်က “စားသုံးသူ ကာကွယ်ပေးရေး ဥပဒေက အခုမှ မူကြမ်းအဆင့်ရေးဆွဲနေဆဲဘဲရှိသေးတယ်၊ ပထမအဆင့်မူကြမ်းဘဲရှိသေးတော့ ဘယ်လိုမှမပြည့်စုံနိုင်သေးဘူး” လို့ အဲဒီပွဲမှာတွေ့စဉ်ပြောကြားတယ်။
စားသုံးသူအကာကွယ်ပေးရေးဥပဒေမူကြမ်းမှာ အဓိကအစိတ်အပိုင်းနှစ်ပိုင်းပါဝင်တယ်၊ ပထမတစ်ပိုင်းက ကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့အာမခံချက်၊ နောက် တားမြစ်ချက်တွေပါဝင်တဲ့အပိုင်းနဲ့ အများပြည်သူသုံးစွဲနေတဲ့အပေါ် ၀န်ဆောင်မှုပေးနေတဲ့အပိုင်းဆိုပြီး နှစ်ပိုင်းစလုံးကိုခြုံငုံပြဌာန်း ပါရှိပါတယ်။
စားသုံးသူအကာအကွယ်ပေးမဲ့ လုပ်ငန်းစဉ်တွေ၊အကောင်အထည်ဖော်နိုင်ဖို့ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းကော်မတီကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ဖွဲ့စည်းတယ်။ ဦးဆောင်ကော်မတီနဲ့ လုပ်ငန်းကော်မတီလို့ သတ်မှတ်ထားပြီး ဦးဆောင်ကော်မတီမှာ စီးပွား/ကူးသန်းက ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ်ပါဝင်ပြီး ၀န်ကြီးဌာနအသီးသီးက အဖွဲ့ဝင်တွေအဖြစ်ပါဝင်ဖွဲ့စည်းထားပါတယ်။
ပထမအဆင့်ရေးဆွဲထားတဲ့ စားသုံးသူအကာအကွယ်ပေးရေးဥပဒေမူကြမ်းမှာ အခန်း၁၇ ခန်း၊ အပိုဒ် ၅၂ ပိုဒ်နဲ့ တစ်ပိုဒ်စီမှာ အပိုဒ်ခွဲအသီးသီးဖော်ပြ ထားပါတယ်။
အခန်း(၁)မှာ စားသုံးသူအကာအကွယ်ပေးရေးဥပဒေရဲ့ အမည်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါဝင်တယ်။
အခန်း(၂)မှာ စားသုံးသူအကာ အကွယ်ပေးရေးဥပဒေရဲ့ ရည်ရွယ်ချက်၊
အခန်း(၃)မှာ ဥပဒေအတွက်ဖွဲ့စည်းထားတဲ့ ကော်မတီအဖွဲ့အစည်းတွေကိုဖော်ပြထားတယ်။
အခန်း(၄)မှာ ကော်မတီရဲ့လုပ်ငန်းတာဝန်တွေဖြစ်တယ်။
အခန်း(၅)မှာ စားသုံးသူတွေရဲ့အခွင့်အရေးတွေနဲ့ တာဝန်တွေကိုရေးဆွဲထားတယ်။
အခန်း(၆) နဲ့ အခန်း(၇)မှာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အခွင့်အရေး၊ တာဝန်တွေနဲ့ လိုက်နာရမယ့် တားမြစ်ချက်တွေပါဝင်တယ်။
အခန်း(၈)မှာ စားသုံးသူတွေရဲ့ အထင်အမြင်လွဲမှားစေတဲ့ အချက်တွေကိုရေးဆွဲထားသလို
အခန်း(၉)မှာ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတို့ရဲ့အန္တရာယ်ကင်းမှု အခြေအနေ၊
အခန်း(၁၀)မှာရောင်းချတဲ့ကုန်စည်နဲ့ပတ်သက်တဲ့ အာမခံချက်တွေနဲ့
အခန်း(၁၁)မှာ အာမခံချက်ပေးတဲ့ရောင်းချပြီးပစ္စည်းနဲ့ ပတ်သက်တဲ့ ရောင်းချသူအပေါ်တောင်းဆိုနိုင်တဲ့အခွင့်အရေးတွေ ဖော်ပြထားတယ်။
အခန်း(၁၂)အထိ ထုတ်လုပ်ရောင်းချတဲ့ကုန်ပစ္စည်းနဲ့ပတ်သက်ပြီး ကုန်ထုတ်သူအပေါ် တောင်းဆိုနိုင်တဲ့အခွင့်အရေးတွေပါဝင်တယ်။         အခန်း(၁၃)ကစပြီး အခန်း(၁၄)(၁၅)မှာ ၀န်ဆောင်မှုလုပ်ငန်းနဲ့ပတ်သက်တဲ့ အာမခံချက်တွေ၊ ၀န်ဆောင်မှုအပေါ်တောင်းဆိုနိုင်တဲ့အခွင့်အရေး၊
ထုတ်ကုန်ပစ္စည်းအပေါ်တာဝန်ရှိမှုတွေကို အသေးစိတ်ဖော်ပြပါရှိပါတယ်။
အခန်း(၁၆)မှာ စားသုံးသူအငြင်းပွားမှု ဖြေရှင်းမယ့်အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့တာဝန်၊ လုပ်ပိုင်ခွင့်အာဏာတွေပါ ဖော်ပြထား တယ်။ အခန်း(၁၇)မှာ လိုအပ်တဲ့အချက်တွေကို အထွေထွေအနေနဲ့ ပြန်လည်ထည့်သွင်းဖော်ပြပါရှိတယ်။
အဲဒီစားသုံးသူကာကွယ်ပေးရေးအလုပ်
ရုံ ဆွေးနွေးပွဲမှာ မူလရေးဆွဲထားတဲ့မူကြမ်းရဲ့ လိုအပ်တဲ့ဖြည့်စွပ်မှုတွေကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးစားတမ်းဖတ်ကြားသွားပြီး အဓိကမူကြမ်းမှာ လိုအပ်နေတာက ပြစ်မှုနဲ့ပြစ်ဒဏ်တချို့ ထပ်မံဖြည့်စွပ်ရမယ်လို့သိပါတယ်။သူဇာ( မော်ဒန် သတင်းဂျာနယ်)
Unknown at 2:18 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.