Friday, January 27, 2012

ကေအန်ယူနယ်​မြေအတွင်း​ရှိ အစိုး​ရတပ်များ​ ရုပ်သိမ်း​ရန် ​တောင်း​ဆို


မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့သည့် KNU ငြိမ်းချမ်းရေးဆွေးနွေးမှု အဖွဲ့ဝင်များအား ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ရစဉ်။ Photo: RFA
DVB — အစိုး​ရငြိမ်း ​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​နဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​ကြတဲ့​အခါမှာ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) နယ်​မြေထဲက အစိုး​ရတပ်​တွေ ​လျှော့​ချ-ရုပ်သိမ်း​ပေး​ဖို့​ကိစ္စ ​ဆွေး​နွေး​မယ်လို့​ ​ကေအန်ယူက ​ကြေညာလိုက်ပါတယ်။
ဒီလ ၂၃ ရက်က စတဲ့​ သုံး​ရက်ကြာ ​ကေအန်ယူ ဗဟို​ကော်မတီ အ​ရေး​ပေါ်အစည်း​အ​ဝေး​က ဆုံး​ဖြတ်လိုက်တာပါ။
အစိုး​ရနဲ့​ အပစ်ရပ်​ရေး​ ဆက်​ဆွေး​နွေး​ဖို့​၊​ ​ကေအန်ယူနယ်​မြေထဲက အစိုး​ရတပ်​တွေရုပ်ဖို့​၊​ ကျွမ်း​ကျင်ပညာရှင်​တွေနဲ့​ ပြည်တွင်း​ပြည်ပ ကရင်ပြည်သူ​တွေရဲ့​ အကြံပြုချက်​တွေယူဖို့​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ လုပ်ငန်း​စဉ်​တွေမှာ အမျိုး​သမီး​တွေ ပိုမိုပူး​ပေါင်း​ပါဝင်​အောင် ​ဆောင်ရွက်ဖို့​ စတာ​တွေကို အစည်း​အ​ဝေး​မှာ ဆုံး​ဖြတ်ခဲ့​ပါတယ်။
နိုင်ငံ​ရေး​ ဆွေး​နွေး​မှုအဆင့်​မှာ​တော့​ တိုင်း​ရင်း​သား​လူမျိုး​စုအင်အား​တွေနဲ့​ စု​ပေါင်း​ ​ဆောင်ရွက်သွား​မယ်လို့​ ဆုံး​ဖြတ်ခဲ့​ပါတယ်။
ကရင်အမျိုး​ သား​အစည်း​အရုံး​ဟာ ဇန်နဝါရီ ၁၂ ရက်​နေ့​တုန်း​က အစိုး​ရကိုယ်စား​လည်​တွေနဲ့​ ဘား​အံမြို့​ ​တွေ့​ဆုံပွဲမှာ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ ပတ်သက်လို့​ သ​ဘောတူညီချက် တ​စောင်၊​ ​ကေအဲန်ယူက ထပ်မံ ​ဆွေး​နွေး​လိုတယ်လို့​ တင်ပြခဲ့​တဲ့​ တနိုင်ငံလုံး​ အတိုင်း​အတာ အပစ်ရပ်​ရေး​အပါအဝင် အချက် ၁၁ ချက်ကို မူအား​ဖြင့်​ သ​ဘောတူညီချက် တ​စောင် နှစ်​စောင် ​ရေး​ထိုး​နိုင်ခဲ့​ပါတယ်။
ဒါ့​အပြင် ​နောက်တကြိမ် နှစ်ဘက်​တွေ့​ဆုံပွဲကို ​လေး​ဆယ့်​ငါး​ရက်အတွင်း​ ထပ်မံကျင်း​ပဖို့​လည်း​ သ​ဘောတူခဲ့​ပါတယ်။
ဒီလိုဖြစ်ထွန်း ​မှု​တွေအပြီး​ ​ကေအန်ယူ ကိုယ်စား​လှယ်အဖွဲ့​ခေါင်း​ဆောင် ​ဒေး​ဗစ်​ထောက နိုင်ငံ​ရေး​ကိစ္စကို ဆက်​ဆွေး​နွေး​မှာဖြစ်သလို နံပါတ်တစ် အ​ရေး​ကြီး​တဲ့​ကိစ္စဟာ ပဋိပက္ခဖြစ်တဲ့​ နယ်​မြေ​တွေက လူ​တွေ၊​ အိုး​မဲ့​အိမ်မဲ့​ ဖြစ်သွား​တဲ့​ ရွာ​တွေက လူ​တွေကို ပြန်လည်ပြီး​တော့​ ​နေရာချထား​ဖို့​နဲ့​ ပြန်လည်ထူ​ထောင်​ရေး​ လုပ်​ဆောင်ဖို့​ ဖြစ်တယ်လို့​ ဆက်​ပြောပါတယ်။
ကရင်အမျိုး​ သား​အစည်း​အရုံး​ဟာ အမျိုး​သား​တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​အတွက် နှစ်​ပေါင်း​ ၆၀ ​ကျော် လက်နက်စွဲကိုင် ​တော်လှန်တိုက်ခိုက်​နေတဲ့​ အဖွဲ့​ဖြစ်ပြီး​ မွန်၊​ ကချင်၊​ ကရင် ကရင်နီ​တော်လှန်​ရေး​ အဖွဲ့​အစည်း​တွေ အပါအဝင် တိုင်း​ရင်း​သား​အဖွဲ့​တွေ စုဖွဲ့​ထား​တဲ့​ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီရဲ့​ အဖွဲ့​ဝင်ဖြစ်ပါတယ်။
Unknown at 2:21 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.