ဒိုင်နိုဆောကို နှစ်ပိုင်းခွဲလျှင် ဒိုင်နို=ခွန်အာကြီးမားသော ၊ ဆော(ဆောရပ်စ်ဆိုတဲ့စကားကလာတာ)
အိ မ်မြှောင်ဟူ၍ရသည် ... ခွန်အာကြီးမားသောအိမ်မြှောင်ကြီးများသည်ကမ္ဘာကို နှစ်သန်းပေါင်း(၁၆၀)အုပ်စိုးသွားခဲ့ဖူးသည်ဟုသိပ္ပံပညာရှင်များယူ ဆကြသည်။ ယခု ဒိုင်နိုဆောများ မျိုးသုဉ်းသွားပြီ ...။ လူသည် ဒိုင်နိုဆောနှင့်ယှဉ်လျှင်ခန
္ဓာကိုယ်ကြံခိုင်မှုပိုင်းတွင် သိသိသာသာ အားနည်းနေပြီး အချင်းချင်းရန်လိုမှုနှင့် လောဘစိတ်တွင် သိသိသာသာ
အားကောင်းနေသည်။ ယခုလူသားများသည် နယူကလိယစွမ်းအင်ကို ထိန်းချုပ်နိုင်ပြီဟူ၍ ဂုဏ်ယူနေကြသည် ..။
သို့သော် မိမိတို့၏စိတ်ကိုနိုင်နင်းစွာထိ န်းချုပ်နိုင်ပြီဟုအာမမခံနိုင်ေ သး ..။ တချိန်ချိန်တွင် စစ်ပွဲတွင်အသုံးမပြုရန်ကန့်သတ် ထားသော နယူကလိယထိပ်ဖူးတပ်ဒုံးကျည်များ လေထဲတွင်ဝဲပျံလာနိုင်သေးသည် ..။ လူသည် အချင်းချင်းစိတ်မချရတော့သည့် စိုးရိမ်ရေမှတ်သို့တရွေ့ရွေ့ချ ဉ်းကပ်လာသည်။ မသေချာမှုများဖြင့်ချိန်သီးအလွြှဲ ကမ်းလာသော
ရာစုသစ်ထဲတွင် .. လူသားအားလုံးစိုးရိမ်မှုတခုစီမက ရှိနေကြသည်။ မသေချာမှုများထဲတွင် တစ်ခုခုကိုတော့သေချာလိုက်ချင် သည်။ လောကကြီးတွင် အလုံးစုံသော ပြီးပြည့်စုံမှုကိုမည်သည့်အခါမှ မရနိုင်သည့်အတွက် လူ့စိတ်သည်တစ်ခုခုကိုလိုအပ်နေတတ်သည် ..။ မတည်ငြိမ်သောလောကကြီးတွင်လူသည် တခုခုကိုယုံကြည်လိုက်ချင်သည် ..။
တစ်ယောက်ယောက်ကို စိတ်ချထားချင်သည် ..။ ထိမ်ချန်ထားရန်မလိုသော နားတစ်စုံကို လူသားတိုင်းလိုချင်ကြသည်။
မိမိကိုယ်မိမိထက် နားလည်ပေးနိုင်မည့်သူတစ်ယောက်ကိုရှာဖွေချင်ကြသည်
..။ တယောက်ကိုတယောက်ကနားလည်လျှင် အနည်းဆုံးတော့ စိတ်ချမ်းသာရမည်ဟု
လူသည်တွေးတောလာသည်။ ထို့ကြောင့်တူးဖေါ်တွေ့ရှိသမျှ ပရိုင်းမိတ်များသည်
အစုအဖွဲ့နှင့်နေ၍ အစုအဖွဲနှင့်သာသေကြသည်။ ကမ္ဘာဦးလူသည်ပထမဆုံးသူငယ်ချင်းကိုတင်းပုတ်ဖြင့်ရိုက်မိကောင်း ရိုက်မိနိုင်သည် .. သို့သော်သူ၏မညီညာသေးသောသွားများ ဖြင့် ရယ်ပြဖို့ကြိုးစားခဲ့မည်ဟုယူ ဆရသည်။
အမွှေးအမျှင်ထူထပ်သောလက်များဖြင့် တယောက်နှင့်တယောက်ပွေ့ဖက်ကာမပီ မသအော်ဟစ်ကြွေးကြော်ရင်း
ပျော်ခဲ့ကြမည်မှာမူသေချာသည်။ သူငယ်ချင်းဟူသောဝေါဟာရသည်နလုံး
ခုန်သံများကိုပျော်ရွှင်စေသော ဂုဏ်သတ္တိ ရှိခဲ့သည်ဟုယူဆရသည်။ ဂူအောင်းလူသည်
သူ့သူငယ်ချင်းပုံကို ဂူနံရံတွင်ကျောက်တုံးနှင့်ဆြွဲ ပီး
တဟားဟားရယ်နေမည်ဟုမသေချာသောကောက်ချက်ကို ခိုင်ခိုင်မတ်မတ် လက်ခံမိသည်။
ရာဇ၀င်အဆက်ဆက်တွင် သူငယ်ချင်းများသည်ရှားပါးခြဲ့ ကသည် ..။ အသက်တစ်ရာမနေရ
အမှုတစ်ရာကြုံရသည်ဟုသာရှိသည်။ သူငယ်ချင်းတစ်ယောက်ရရန်အသက်သည်
အာမခံချက် တစ်ခုမဟုတ်ပါ.. ။ ကိုယ့်နှလုံးခုန်သံဖြင့် အသက်ရှူနေသော သူငယ်ချင်းတစ်ယောက်ကို သင် ရချင်ခဲ့ပါသလား ..။ သူ့ကိုယ်သူထက် သင့်ကိုပိုစိတ်ပူ တတ်သောသူငယ်ချင်းတစ်ယောက်၏တန်ဖိုးကို
သင်မည်သို့သတ်မှတ်ပါသလဲ ..။ သူငယ်ချင်းဆိုသည်မှာအဓိပ္ပါယ်ဖွ
င့်ဆိုစရာတစ်ခုမဟုတ်ပဲ ခံစားနားလည်ရသော တေးသီချင်းတစ်ပုဒ်သာဖြစ်သည်။
လိုနေတဲ့အချိန်မှာရှိမှသူငယ်ချ င်း ဆိုသောစကားပုံကို ယုံကြည်ရန်မဖြစ်နိုင်ပါ။ သူငယ်ချင်းဆိုသည်မှာသူ့အလုပ်နှ င့်သူသာဖြစ်၍ ကိုယ်လိုနေချိန်တိုင်းရှိချင်မှ ရှိပါလိမ့်မည်။
သူငယ်ချင်းဆိုသည်မှာစာခြောက်ရုပ်တစ်ခုလိုတနေရာထဲတွင်အမြဲရပ်တန့်နေသော
သဘောမရှိဟုယူဆ သောကြောင့်ဖြစ်ပါသည် ။ ငယ်တုန်းကခင်မင်ခဲ့ခြင်းမှာတစ်သ က်လုံးဆက်လက်ခင်မင်နေရမည်ဟူ
သောကတိတ၀တ်တစ်ခုမဟုတ်ခဲ့ပါ ..။ သူငယ်ချင်းများသည်ရာသီဥတုလိြုေ
ပာင်းလဲတတ်သည် ..။ သူငယ်ချင်းများသည် ၀ိုင်ပုလင်းလိုနှစ်ချို့လေတန်ဖိုးကြီးလေဟု တထစ်ချ မှတ်ယူ၍မရပါ..။ သံပုရာသီး
များလိုကြီးလေ ချဉ်လေလည်းဖြစ်သွားနိုင်ပါသည်။ ထင်မြင်ယူဆချက်များမှားယွင်းသွားကြသည်မှာ ကျွန်ုပ်တို့သည်တန်ရာတန်ကြေးမပေးပဲ အလကားရချင်သောကြောင့်ဖြစ်နိုင် ပါသည်။ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့ကိုယ်တိုင်သူငယ်ချင်းကောင်းဖြစ် ဖို့လိုသည်ဟူသော စကားမှာရယ်စရာကောင်းလှသည်။ အဘယ့်ကြောင့်ဆိုသော်ကျွန်ုပ်တို့ သည် သူငယ်ချင်းကောင်းများ မရရှိခဲ့ဖူးသောကြောင့် ကိုယ်တိုင်မည်ကဲ့သို့သူငယ်ချင်း ကောင်းဖြစ်အောင်ကြိုးစားရမည်ဟု
မသိခဲ့ကြသောကြောင့်ြ ဖစ်သည်။ မဆိုးသောသူငယ်ချင်းများကို သူငယ်ချင်းကောင်းဟုခေါ်နိုင်ပါ သလားထိုမေးခွန်းသည်ရယ်စရာ မကောင်ြးေ ကာင်း သင်လည်းသိပါလိမ့်မည်။ သူငယ်ချင်းဆိုသည်မှာ လိုအပ်လျှင် အသက်ပေးသည်ဟုပြောကြသည်။ အသက်ကိုပေးရခြင်းမှာ သိပ်အပန်းမကြီးလှပါ။
အကယ်၍တစ်ချိန်တွင်အသက်ပေးလိုက်ယုံမျှဖြင့်သူငယ်ချင်းတစ်ယောက်ြ
ဖစ်ခွင့်ရှိမည်ဆိုလျှင် ကျွန်ုပ်အားအကြောင်းကြားစေလိုပါ သည်။
သူငယ်ချင်းတစ်ယောက်၏အပြူံးသည် စံပယ်ပန်းတစ်ပွင့်ထက်
ဖြူစင်မွှေးမြသည်ဟူသောအဆိုကို ကျွန်ုပ်က လက်ခံမိသည့်နေ့တိုင်း .......
အရိပ်တကြည့်ကြည့်စိုက်ပျိုးထားေ သာ
အပင်လေးတပင်အပွင့်ပွင့်လာတိုင်း ၀မ်းမြောက်ဝမ်းသာဖြစ်တတ်သူများ သည်
အပင်သေသွားသောအခါ ငိုရတတ်သည်။ ကျွန်ုပ်သည်နှလုံးသွင်းမှားခဲ့သော
ဥယျာဉ်မှုးတစ်ယောက်ကိုမလှောင်ြေ ပာင်ရက်ပါ။ သေဆုံးသွားသောအပင်လေးတစ်ပင်သည်
သူ့ဘ၀၏အစိတ်အပိုင်းတစ်ခုလည်ြး ဖစ်သည်။ ထွက်ခွာသွားသောသူငယ်ချင်းအတွက်
ကျွန်ုပ်လုပ်နိုင်သည်မှာ ဆုတောင်းမေတ္တာပို့သသည့်အခါ
မသိမသာမေ့လျှော့ထားလိုက်ရန်ဖြစ် သည်။ သို့သော်ဤကိစ္စသည်မဖြစ်နိုင်မှန်းအားလုံး
သိပြီးသားဖြစ်သည်။ မိမိစိတ်ကိုမသိသူတစ်ယောက်သည် သူတစ်ပါးကိုနားလည်ရန်မဖြစ်နိုင် ပါ။ အထင်မှားခြင်းသာဖြစ်နိုင်ပါလိမ့် မည်။
စိတ်ချမ်းသာချင်သူသည် အပူများအနားသို့မလာပါ ..။ ဝေးဝေးမှာ အေးအေးနေပါလိမ့်မည်။ ထိုသို့နေခြင်းမှာ သူ့ကိုယ်သူ နားလည်သောကြောင့်သာဖြစ်သည်။ သူသည်ပူလောင်မှုများကိုသာမုန်းတီးတတ်သော်လည်း
အပူကိုယူဆောင်လာသူကို မမုန်းတီးတတ်ပါ။ သူသည်သူငယ်ချင်းတစ်ယောက်ကို
အသက်ရှူရန်ကိရိယာတစ်ခုလို လိုအပ်နေခဲ့သူဖြစ်သည်။
ထီပေါက်စဉ်နှင့်တိုက်ပြီးမှ စိတ်ပျက်လက်ပျက်
လျွှင့်ပစ်လိုက်သောထီလက်မှတ်များ လို
ကျွန်ုပ်တို့သည်မျှော်လင့်သလို မဖြစ်ခဲ့ချင်းများအတွက်
သူငယ်ချင်းများကိုလွှင့်ပြစ်ခဲ့ သည်။ ထို့အတွက်မည်သူမျှတခုတ်တယနောင်တမရကြ
..။ ဟန်ဆောင်ပန်ဆောင်လေးပင် မလုပ်နိုင်ကြပဲတစ်ခါတည်းလွှင့်ြ
ပစ်လိုက်ကြသည်မှာ ကျွန်ုပ်တို့၏
တန်ရာတန်ကြေးထက်ပို၍ အဆပေါင်းများစွာ မျှော်လင့်ခဲ့ကြသော နှလုံးသွင်းမမှန်ကန်မှု ပြင်းအားများကြောင့်ဖြစ်လိမ့်မည်။ သူငယ်ချင်းတစ်ပင်စိုက်ပျိုး၍ ပန်းသီးများ၊ သစ်တော်သီးများ၊ မာလကာသီးများနှင့် ဖရဲသီးများ သီးပြီးသကာလစပျစ်သီးမသီးလာ၍ ခုတ်လိုက်သူများလည်း ရှိကောင်းရှိနိုင်သည်။ ထို့ကြောင့်သင်သည်စိုက်ပျိုးသလောက်ရိတ်သိမ်းပြီး
သားသူတစ်ယောက်လည်းဖြစ်နို င်သေးသည်။ အခါတပါးက
တရားကျင့်တဲ့သူတော်စင်တစ်ပါးက တရားထူးအသိအမြင်ကို ရတဲ့နောက်မှာ
သူတရားကျင့်တဲ့နေရာက လှမ်းမြင်ရတဲ့သစ်ပင်လေးတပင်ကိုေ ပြာတယ်တဲ့"အစစအရာရာအတွက် ကျေးဇူးပဲကွာတဲ့" ...။ ကျွန်ုပ်လည်းတခါတလေထိုစကားကိုကျ က်မှတ်ထားမိသည်။ သို့သော်ယခုအချိန်အထိမပြောရသေး သည်မှာ သူငယ်ချင်းဟူသောသတ္တ၀ါများသည် (၂၁)ရာစုမတိုင်မီ မျိုးသုန်းသွားခဲ့ပြီဟုထင်မှတ်ေ သာကြောင့်ဖြစ်သည်။ သို့သော် ကျွန်ုပ်အထင်မှားကြောင်းနောက်ပိုင်းတွင်သိလာရသည်။ ထိုကဲ့သို့သိလာရသောအကြောင်းရင်း များထဲတွင် သင်လည်းအပါအ၀င်ဖြစ်ခဲ့၏....။ လစ်ဟာသွားသောသူငယ်ချင်းများနေရာ တွင်ကျွန်ုပ်သည် တစ်ခုခုအစား
ထိုးတပ် ဆင်ကြည့်ရန်စိတ်ကူး မရှိခဲ့ပါ။ ထိုနေရာသည်နှလုံးသားဖြစ်၍
အစားထိုးပစ္စည်းတစ်ခုခုကို လက်မခံနိုင်သောကြောင့်ဖြစ်ပါသည် .....။
သို့သော် မိမိတို့၏စိတ်ကိုနိုင်နင်းစွာထိ
ရာစုသစ်ထဲတွင် .. လူသားအားလုံးစိုးရိမ်မှုတခုစီမက ရှိနေကြသည်။ မသေချာမှုများထဲတွင် တစ်ခုခုကိုတော့သေချာလိုက်ချင် သည်။ လောကကြီးတွင် အလုံးစုံသော ပြီးပြည့်စုံမှုကိုမည်သည့်အခါမှ မရနိုင်သည့်အတွက် လူ့စိတ်သည်တစ်ခုခုကိုလိုအပ်နေတတ်သည် ..။ မတည်ငြိမ်သောလောကကြီးတွင်လူသည် တခုခုကိုယုံကြည်လိုက်ချင်သည် ..။
တစ်ယောက်ယောက်ကို စိတ်ချထားချင်သည် ..။ ထိမ်ချန်ထားရန်မလိုသော နားတစ်စုံကို လူသားတိုင်းလိုချင်ကြသည်။
မိမိကိုယ်မိမိထက် နားလည်ပေးနိုင်မည့်သူတစ်ယောက်ကိ
အမွှေးအမျှင်ထူထပ်သောလက်များဖြင်
အာမခံချက် တစ်ခုမဟုတ်ပါ.. ။ ကိုယ့်နှလုံးခုန်သံဖြင့် အသက်ရှူနေသော သူငယ်ချင်းတစ်ယောက်ကို သင် ရချင်ခဲ့ပါသလား ..။ သူ့ကိုယ်သူထက် သင့်ကိုပိုစိတ်ပူ တတ်သောသူငယ်ချင်းတစ်ယောက်၏တန်ဖိ
လိုနေတဲ့အချိန်မှာရှိမှသူငယ်ချ င်း ဆိုသောစကားပုံကို ယုံကြည်ရန်မဖြစ်နိုင်ပါ။ သူငယ်ချင်းဆိုသည်မှာသူ့အလုပ်နှ င့်သူသာဖြစ်၍ ကိုယ်လိုနေချိန်တိုင်းရှိချင်မှ
များလိုကြီးလေ ချဉ်လေလည်းဖြစ်သွားနိုင်ပါသည်။ ထင်မြင်ယူဆချက်များမှားယွင်းသွာ
မသိခဲ့ကြသောကြောင့်ြ ဖစ်သည်။ မဆိုးသောသူငယ်ချင်းများကို သူငယ်ချင်းကောင်းဟုခေါ်နိုင်ပါ သလားထိုမေးခွန်းသည်ရယ်စရာ မကောင်ြးေ ကာင်း သင်လည်းသိပါလိမ့်မည်။ သူငယ်ချင်းဆိုသည်မှာ လိုအပ်လျှင် အသက်ပေးသည်ဟုပြောကြသည်။ အသက်ကိုပေးရခြင်းမှာ သိပ်အပန်းမကြီးလှပါ။
အကယ်၍တစ်ချိန်တွင်အသက်ပေးလိုက်ယ
သိပြီးသားဖြစ်သည်။ မိမိစိတ်ကိုမသိသူတစ်ယောက်သည် သူတစ်ပါးကိုနားလည်ရန်မဖြစ်နိုင်
စိတ်ချမ်းသာချင်သူသည် အပူများအနားသို့မလာပါ ..။ ဝေးဝေးမှာ အေးအေးနေပါလိမ့်မည်။ ထိုသို့နေခြင်းမှာ သူ့ကိုယ်သူ နားလည်သောကြောင့်သာဖြစ်သည်။ သူသည်ပူလောင်မှုများကိုသာမုန်းတီ
တန်ရာတန်ကြေးထက်ပို၍ အဆပေါင်းများစွာ မျှော်လင့်ခဲ့ကြသော နှလုံးသွင်းမမှန်ကန်မှု ပြင်းအားများကြောင့်ဖြစ်လိမ့်မည်။ သူငယ်ချင်းတစ်ပင်စိုက်ပျိုး၍ ပန်းသီးများ၊ သစ်တော်သီးများ၊ မာလကာသီးများနှင့် ဖရဲသီးများ သီးပြီးသကာလစပျစ်သီးမသီးလာ၍ ခုတ်လိုက်သူများလည်း ရှိကောင်းရှိနိုင်သည်။ ထို့ကြောင့်သင်သည်စိုက်ပျိုးသလေ
ထို့ကြောင့် ကျွန်ုပ်သည် ထိုနေရာအတွက် သင့်ကိုသာ အလိုရှိပါသည်။
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment