လွှတ်တော်ကြီးက “တောင့်တောင့် ကြီးဖြစ်နေတယ်” ဆိုတဲ့ ပြောသံကို ကျွန်တော်သတိပြုမိလိုက်တယ်။
ကိုယ်တိုင် လွှတ်တော်အနားမသီဘူးတဲ့အတွက် ကိုယ်တွေ့မျက်မြင်မဟုတ်သော်လည်း၊ ပြောကြဆိုကြတာတွေက သွက်သွက်လက်လက်ရှိပုံမရ၊ ဒက်ကနဲ၊ ချက်ကနဲ အချက် ကျကျပြောတာရှိမှရှိလေစ။ ကျွန်တော် သံသယဖြစ်မိတယ်။
အထူးသဖြင့် ကိုယ်စားလှယ်တစ်ယောက်ပြောတာသိသိ သာသာလွဲချော်နေပြီ၊ တိုင်းပြည်ရဲ့အကျိုးစီးပွား
နှင့် ဆန့်ကျင်နေပြီဆိုလျှင် တော့ သူပြောနေဆဲမှာပဲ၊ ကြားဖြတ်ပြီး ၀င်ထောက်သင့်တယ်။ Interrupt လုပ်တယ်လို့ ဗြိတိသျှလွှတ်တော်မှာသုံးနှုန်းပါတယ်။တစ်ယောက်ပြောနေဆဲအခြားတစ်ယောက်ဝင်ထောက်သင့်ပါသလား။
ယေဘူယျပြောရရင်တော့ရှောင်သွားသင့်တယ်။ သူပြောတာ ဂရုစိုက်နားထောင် သင့်တယ်။
စည်းကမ်းပြည့်ဝသောဒီမိုကရေစီ စနစ်မှာ လွှတ်တော်ကိုယ်စားလှယ်များ စည်းနဲ့ကမ်းနဲ့ ပြောဆိုရမှာပါ။
သို့သော် ပုဂ်္ဂိုလ်တစ်ယောက်ကပြောတဲ့အခါ နိုင်ငံအကျိုးနှင့် မဆိုင်တာပြော တယ်၊ သူပြောတာအကြောင်းအရာသိပ် လွဲနေတယ်။ ဆိုလျှင်တော့ စည်းကမ်းဖောက်နေပြီ။ တစ်ယောက်ယောက်က ၀င်ထောက်မှ တော်ပါလိမ့်မယ်။တည့်မတ်ပေးဖို့လိုပါ တယ်။ လွှတ်တော်ကိုယ်စားလှယ်များ အချင်းချင်းထိန်းပေးဖို့ (Check and Balance)
တာဝန်ရှိပါတယ်။ခုတော့ လွှတ်တော်နှစ်ရပ်လုံးမှာ မပြောသင့်တာတွေပြောတာကို ဖတ်ရပါတယ်။
လွဲချော်နေတဲ့၊ မှားယွင်းနေတဲ့ အချက်အလက်ကိုပြောတာလည်း ဖတ်ရပါတယ်။ ပြင်ပေးမယ့်လူ၊ထောက်မယ့်လူ ရှိပုံမရဘူးထင်ရပါတယ်။
ပြောစရာဥပမာဟောဒီမှာ
“အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော်အမတ်များ ငိုက်မနေကြရန် သတိပေး” ခေါင်းစဉ်နဲ့
Hot News စာမျက် နှာ ၁၆ မှာပြောတဲ့အတိုင်း (တချို့အပိုင်း) ပြည့်ပြည့်စုံစုံသတင်းပေးထားတာဖတ်ရပါတယ်။
Hot news အယ်ဒီတာနှင့် အဖွဲ့ ကို အလွန်ကျေးဇူးတင်ပါတယ်။
အဲဒီသတင်းမှာ ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအပြန်အလှန်ပြော တဲ့စကားကို ကြားဖြတ်
ဝင်ပြော(Intenrrput)ပြီး ကန့်ကွက်မည့်သူမပေါ်ခဲ့လို့ ကျွန်တော်အားမလိုအားမရဖြစ်မိတာပါ။ (သတင်းမှာ ကိုယ်စားလှယ်ရဲ့နာမည် ဖော်ပြထားသော်လည်း၊ အများသိပြီးတဲ့ အတွက် ကျွန်တော်နာမည်မထည့်တော့ ပါဘူး။) ဆွေးနွေးတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌခလုတ်နှိပ်မဲခွဲဆုံးဖြတ်ခိုင်းရာမှာတော့
ဆုံးဖြတ်ချက်ကဖြစ်သင့်တဲ့အတိုင်းဖြစ်သွားတာတွေ့ရလို့ ကိုယ်စား လှယ်များကို ကျေနပ်ပါတယ်။
ဆွေးနွေးတာက အလုပ်ရှင်အလုပ် သမားဥပဒေနဲ့ ဆိုင်ပါတယ်။
တစ်နေရာ မှာ ဥက္ကဋ္ဌမှ ပြောပုံက ဒီလိုပါ
ဥက္ကဋ္ဌ- ပြန်ဖတ်ပြမယ်၊ ပြန်ဖတ်ပြမယ်။ လွှတ်တော်အမတ်တွေ ငိုက်မနေကြပါနဲ့ငိုက်နေတော့
ဘာမှမသိသလိုဖြစ်နေမယ် အစချီကာ....
ပြောလေ ပြောလေ။
လွှတ်တော်ကိုယ်စားလှယ်- ကျွန်တော်တို့ကစီးပွားရေးသမားတစ်ယောက်ဆိုတော့။
ဥက္ကဋ္ဌ- ဘယ်လောက်ချသင့်သလဲ။
လွှတ်တော်ကိုယ်စားလှယ်- ငွေဒဏ်ပဲချ သင့်တယ်။
ဥက္ကဋ္ဌ- ထောင်ဒဏ်မပါဘူးပေါ့။
ဆက်လက်ပြောဆိုတာကို Hot News Journal က ဖော်ပြပါတယ်။ သို့သော် ဒီမျှနဲ့ပဲ ကျွန်တော်ဆွေးနွေးစရာစကားပါ
သွားပါပြီ။ဝေဖန်ရလျှင် လွှတ်တော်ကိုယ်စားလှယ်က ““ကျွန်တော်တို့က စီးပွားရေးသမားဆိုတော့”” ဆိုတဲ့
စကားက အတော်မဆီလျော်ဖြစ်တယ်ခင်ဗျ။ အောက်ခြေလွတ်နေတယ်။
ဘ၀မေ့နေတယ်ဆိုတာ ထင်ရှားပါတယ်။လွှတ်တော်ထဲမှာပြောခွင့်ဆိုခွင့်ရတာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့
ရတဲ့အခွင့်အရေးဖြစ်ပါတယ်။ပြည်သူ တွေက ရွေးကောက်တင်မြှောက်လို့၊ ပြည်သူကို ကိုယ်စားပြုသော
သူပဲဖြစ်ရပါမယ်။ ပြည်သူကို ကိုယ်စားပြုပြောဖို့ စေလွှတ်ခံရသူဖြစ်လို့ လွှတ်တော်တွင် ပြောဆိုရန်ကိုယ်စားလှယ်လို့ (ရာထူး)အမည်တပ်ထားတာ ရှင်းပါတယ်။ယခုပြောတဲ့လွှတ်တော်ကိုယ်စားလှယ်ကြီးက သူဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့အကြောင်းမေ့သွားတယ်ဗျ။
““ကျွန်တော်တို့က စီးပွားရေးသမားတစ်ယောက် ဆိုတော့”” တဲ့။ လွှတ်တော်ထဲမှာ ပြော ဆိုဖို့
ဘယ်စီးပွားရေးသမားကိုမှ အခွင့်ပေးမထားပါဘူးခင်ဗျာ။
လွှတ်တော်ကိုယ် စားလှယ်ဘ၀ကို မေ့တာပေါ်လွင်ပါတယ်။
စည်းကမ်းပျက်တယ်
လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကိုယ်စားပြုတဲ့ ပြည်သူတွေထဲမှာ လယ်သမား၊ အလုပ်သမား၊
စီးပွား ရေးသမား၊ ကုန်သည်၊ ပွဲစား၊ ကျောင်း သား၊ ကလေး၊ သက်ကြီးရွယ်အိုစတဲ့ လူတန်းစားအစုံပါဝင်ပါတယ်။
ကိုယ်စားလှယ်က သူတို့အားလုံးရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားဆွေးနွေးရန် တာဝန်ရှိပါတယ်။
ယခုတော့ ““ကျွန်တော်တို့က စီးပွားရေးသမားတစ်ယောက်ဆိုတော့””လို့ စကားခံပြီးပြောတဲ့အတွက်
စည်းကမ်းပျက်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဘာလို့အဲဒီစကားကိုမကန့်ကွက်ကြတာလဲ
လွှတ်တော်ဥက္ကဋ္ဌပြောစကားတွေ ကြည့်ရတာတော့ ပြောသင့်ပြောထိုက် တာတွေပါပါတယ်။
““ငိုက်မနေကြနဲ့”” စသည်။ ““ကျွန်တော်တို့ကစီးပွားရေးသမား တစ်ယောက်ဆိုတော့””ဆိုတဲ့ အသံထွက်
လာတဲ့အခါမျိုးမှာ ရှေးဒီမိုကရေစီလွှတ် တော် (၁၉၄၈-၆၂)ထဲမှာသာ ဖြစ်ခဲ့လျှင်တော့ လွှတ်တော်အမတ်
တစ်ယောက်ယောက်ကဒီလိုကြားဖြတ်တောက်မှာသေချာတယ်။
““ဥက္ကဋ္ဌကြီးခင်ဗျာ။ လွှတ်တော် အမတ်မင်းက သူ့ကိုယ်သူဘ၀မေ့ပြီး ကျွန်တော်တို့ကစီးပွားရေးသမား
တစ် ယောက်ဆိုတော့လို့ပြောနေပါပြီ။ ဘ၀မေ့ပြီးပြောနေတာ ဥက္ကဋ္ဌကြီးတားမြစ်ပေးပါ။””
အခြားသူများကပါ တစ်ယောက် တစ်ပေါက် ၀င်ပြောကြပါလိ့မ်မယ်။ လက်ခုပ်သြဘာသံလည်း ထွက်မှာပဲ။
သောသောညံသွားလျှင်တော့ဥက္ကဋ္ဌက ငြိမ်ကြပါ(သို့)စည်းကမ်းရှိကြပါ လို့ပြောပြီး ငြိမ်ခိုင်းမယ်။
စည်းကမ်းထိန်း ပေးလိမ့်မယ်။
လွတ်လပ်ရေးခေတ်ဦး လွှတ်တော် မှတ်သားဖွယ်များ
လွတ်လပ်ပြီးစ လွှတ်တော်မှာ အချီ အချ၊ အပြန်အလှန်ပြောစကားတွေရှိပါတယ်။
အဲဒီခေတ်သတင်းစာတွေက မှတ်တမ်းတင်ထားပါတယ်။ လွှတ်တော်မှတ်တမ်းစာအုပ်ကြီး
တွေမှာလည်း အပြည့် အစုံမှတ်တမ်းတင်ထားပါတယ်။ ပြည်သူလူထုဗဟုသုတအတွက် စာနယ်ဇင်းများ က
သုတေသနလုပ်ပြီး တတ်နိုင်သမျှ ဖော်ပြလျှင် သိပ် တန်ဖိုးရှိပါလိမ့်မယ်။
ကျွန်တော်မှတ်မိတာကလေးတစ်ခုကဒီလိုပါ။ အမတ်တစ်ယောက်က
ဝန်ကြီးချုပ် ဦးနုကို အမျိုးမျိုးဝေဖန်စကားပြောပြီး ““၀န်ကြီးချုပ်ပေးတဲ့ ကတိတည်ဖို့လိုပါတယ်””လို့ ပြောတဲ့အခါမှာ
ဦးနုက ““အမတ်မင်းလိုပုဂ်္ဂိုလ်မပြောပါနှင့်၊ ကျွန်တော့်ကို အတိုက်အခံလုပ်နေတဲ့ ထိပ်တန်းခေါင်းဆောင်တွေ
ကတောင် ကျွန်တော်ရဲ့ကိုယ့်ကျင့်သိက္ခာကို မပုတ်ခတ်ရဲ ပါဘူး။ စံရှားတင်ဘယ်မှာလဲလို့
တစ်ခါမေးခွန်းထုတ်တာပဲ ခံရဖူးပါတယ်””လို့ဖြေတော့ လွှတ်တော်က တ၀ါးဝါးဖြစ်သွားပါသတဲ့။
အဲဒီခေတ်လွှတ်တော်ထဲမှာ အပြန် အလှန်ဝေဖန်တာ၊ ကြားဖြတ်ဝင်ပြောရာ မှာ နာမည်ရသူတွေ
အတော်များများ ရှိပါတယ်။ ဦးသိန်းဖေမြင့်၊ ၀ိဓူရသခင် ချစ်မောင် စသည်တို့ပါပဲ။
ရုပ်ရှင်မင်းသမီး ဒေါ်စံရှားတင်နဲ့ ဦးနုကို သမုတ်ကြတဲ့ စကားကို ရည်ညွှန်းပြီးပြောတာဖြစ်တယ်။
လွှတ်တော်ထဲမှာ ဦးနုက အဲဒီလို ပြော လိုက်တော့ စံရှားတင်က ““ကာယကံရှင် က သူ့သိက္ခာရှင်းလို့ ဒီလိုပြောရဲ
တာပေါ့”” လို့ မှတ်ချက်ချပါသတဲ့။ အဲဒီခေတ်သတင်းစာမှာ ဖတ်ရပါတယ်။
တစ်ခါမှာတော့.......
ဗိုလ်ချုပ်နေ၀င်း- အဲဒီအချိန်တုန်း က ကျွန်တော်တို့တောင် ပြန်ပေးဆွဲပြီးအတင်းအာဏာသိမ်းခိုင်းဖို့
စီစဉ်ကြလို့ ကျွန်တော်လုံခြုံရာမှာ ပုန်းနေခဲ့ရတယ်။ အဲဒီထဲ ဦးသိန်းဖေမြင့်ပါပါတယ်။
ဦးသိန်းဖေမြင့်- ကျွန်တော်ယခုလိမ္မာနေပါပြီခင်ဗျာ။(ပြောစကားအတိအကျမဟုတ်ပါ။
ကျွန်တော်မှတ်သားမိသမျှကို အဓိပ္ပာယ်ပေါ်အောင်ပြန်ရေးတာပါ)
ဗြိတိသျှပါလီမန်မှာ ဒီဘိတ်
ဗြိတိသျှပါလီမန်ကို ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ပါလီမန်အဖြစ် အသိအမှတ်ပြုပြီး အခြားနိုင်ငံများကလည်း
အတုယူကြပါတယ်။ အပတ်စဉ် ၀န်ကြီးချုပ်ကို အမတ်များက မေးခွန်းထုတ်တဲ့ Prime Minister’s Question Time
မှာ ဆိုရင် အတိုက်အခံတွေက ပိတ်သာလေးနဲ့ နံဘေးပြန်ထုတာပဲ။Interruption တွေလုပ်လွန်းလို့
ဆူဆူညံညံဖြစ်တဲ့အခါ ဥက္ကဋ္ဌက Order, order လို့ပြောရတယ်။ ဒီနေရာမှာ order (အော်ဒါ)က အမိန့်မဟုတ်ပါ။
စည်း ကမ်းရှိကြပါလို့ အဓိပ္ပာယ်ရပါတယ်။
သမိုင်းတွင်တဲ့ Interruption
ဒုတိယကမ္ဘာစစ်စောစောပိုင်း (၁၉၄၀ပြည့်နှစ်ထဲ)မှာ ဗြိတိန်စစ်ရေး အခြေအနေဖြစ်နေတယ်။ ဂျာမန်တွေ အောင်ပွဲတွေရ၊ ဥရောပသိမ်းထားတယ်။ ကမ္ဘာမှာ ပြိုင်ဘက်မရှိလို့ ယူဆထားတဲ့ Royal Navy လည်း သိပ်မဟန်လှဘူး။
နော်ဝေးဘက်မှာဖြစ်တဲ့ Narvik battle မှာ အတော်အခြေအနေဆိုးတယ်။ ဒီတော့ စစ်ရေးအခြေအနေကို
အောက်လွှတ် တော် (House of Commons) မှာ ၁၉၄၀ ပြည့် မေလ(၇)ရက်မှ (၈)ရက်အထိ အခြေအတင် (debate)
ပြောကြတယ်။ ၀န်ကြီးချုပ် ချိန်ဘာလိန်က ဒီဘိတ်ဖွင့် မိန့်ခွန်းပြောပြီး ဝေဖန်ကြတာ တစ်ယောက်တစ်ပေါက်။
ဥက္ကဋ္ဌကြီးက အော် ဒါအော်ဒါနဲ့ ခဏခဏ ငြိမ်ခိုင်းရတယ်။ပြောကြသူတွေအတော်များပါတယ်။
ရေတပ်ဦးစီးချုပ်(ငြိမ်း)ကလွှတ်တော် အမတ်ဖြစ်ပြီးစ မကြာသေးဘူး။ Sir Roger Keyes က
““နယ်လဆင် ကပြောခဲ့တယ် ခင်ဗျ”” “သတ်္တိအရှိဆုံးခြေလှမ်းဟာ၊အန္တရာယ်အကင်းဆုံးလို့ ကျွန်တော်ထင်တာပဲ”တဲ့။
အဲဒီစကား ဒီကနေ့အတွက်လည်း မှန်ကန်နေဆဲပါခင်ဗျာ”” လို့ပြောလိုက်တယ်။ တွန့်ဆုတ် တွန့်ဆုတ်မလုပ်နဲ့
ရဲရဲချလို့ အဓိပ္ပာယ်ရတဲ့စကားမို့ လွှတ်တော်က လက်ခုပ်သြဘာပေးတယ်လို့ မှတ်တမ်းရှိပါတယ်။
နောက်ဆုံးမမေ့နိုင်တဲ့စကားကိုပြော သူက အတိုက်အခံအမတ်(နောင်အခါ စစ်ရေး ကက်ဘိနက်
ဝန်ကြီးဖြစ်လာသူ) Leo Amery ဖြစ်ပါတယ်။သူပြောတဲ့ သမိုင်းဝင်စကားက ထိရောက်လွန်းလို့ မူရင်း
အတိုင်းရေးလိုက်ပါတယ်။
This is what Cromwell Said,” you have sat too long here for any good you have been doing,
Depant,I say, and let us have done with you. In the name of God, go”
ဘာသာပြန်- ခရွမ်းဝဲက ဒီလိုပြောခဲ့ပါ တယ်။ ““ခင်ဗျားတို့ ဘာမှအသုံးမကျ
ဘဲ ဒီမှာထိုင်နေကြတာကြာလှပြီ။ထွက်ကြဗျာ၊ကျုပ်ပြောမယ်၊ခင်ဗျားတို့ကို မလိုချင် တော့ဘူး။
ဘုရားအလိုကျပြောလိုက်မယ်၊ သွားစမ်း။””
In the name of God, go ကိုလီယို အေမာရီက အော်ထည့်လိုက်ပါသတဲ့။
လီယိုအေမာရီက ဒီစကားပြောတော့ သြဘာသံသောသောညံသွားတယ်။ လွှတ်တော်အမတ်အားလုံးကလည်း
စစ် ဖြစ်နေချိန်မှာ ၀န်ကြီးချုပ် ချိန်ဘာလိန် ပျော့ညံ့တယ်။ခေါင်းဆောင်နေရာနဲ့မတန်ဘူးလို့ သဘောတူ
ကြတယ်။နောက်ဆုံးစကား ” In the name of God ,go” နဲ့ ပဲ ချိန်ဘာလိန် ၀န်ကြီးချုပ်ရာထူးမှဆင်းပေး ရတယ်။ နောက်နေ့မှာ ချာချီ ၀န်ကြီးချုပ် ဖြစ်တယ်။
(ယခုဖော်ပြတဲ့ သမိုင်းမှတ်တမ်းကို Internet မှာ လွယ်လွယ်တွေ့နိုင်ပါတယ် ။ Noway debate ရိုက်ထည့်ပြီး ရှာရင်
ရ တယ်။ N.Chamberlam ရိုက်ထည့်ပြီး ရှာရင်လည်း ရတယ်။In the name of God, go နဲ့ရှာရင်
လည်း ရပါတယ်။ Wikipedia က ညွှန်လိမ့်မယ်။)
ဒါကြောင့် ကျွန်တော်(တစ်ဦးတည်း) ၏ ကိုယ်ပိုင်သဘောကတော့ လွှတ်တော်ဆိုတာ တိုင်းရေးပြည်ရေးဆွေးနွေးတဲ့
နေရာဖြစ်လို့ထောက်တန်ထောက်၊ကွက် တန်ကွက်၊အော်တန်အော်ရမည့်နေရာလို့ ယူဆပါတယ်။
ဒီလိုလုပ်လျှင်ဖြင့် Healthy debate (လျော်ကန်သင့်မြတ်တဲ့အခြေ အတင်စကား) အဖြစ် တိုင်းသူပြည်သား များက ထောက်ခံကြိုဆိုမှာ မုချပါပဲလို့ ကျွန်တော်၏အမြင်ကို တင်ပြပါတယ်။
ဘိုးလှိုင်
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment