Friday, August 31, 2012

အဆန်းတော့ မဟုတ်ပါ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဇင်းဝိုင်းကနေပြီးတော့ ရုပ်ရှင်နဲ့  ဂီတလောက အနုပညာလောကမှာ ခိုးကူးခွေပြဿနာတွေကြောင့် သူတို့ အနုပညာလောကသားတွေ အခတ်အခဲများစွာတွေ့ နေရကြောင်း စက်သမား ၊ မီးသမား ၊ တနေ့ လုပ်တနေ့ စား လူကြမ်းများဆို ငတ်လုလု ဖြစ်နေရကြောင်း ၊ ဒါတွေကို နိုင်ငံတော်အနေနဲ့  မူမိုင်ခွင့် ဥပဒေတွေနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ လိုကြောင်း စောက်ရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ပြောသွားတာကို လာရောက်နားထောင်တဲ့ ကော်ပီ အနုပညာသမားအသိုင်းအ၀န်းကလဲ ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေကြတာကို ရုပ်သံဖိုင်တခုမှာတွေ့ လိုက်ရပါတယ်။



ဒါကလဲ အဆန်းမှမဟုတ်တာပဲ ။ လူကြမ်းတွေ စက်သမားတွေ ငတ်နေရင် မင်းသားကြေး မင်းသမီးကြေးတွေနဲ့  သိပ်မကွာအောင် သရုပ်ဆောင်ကြေး သတ်မှတ်ပေးလိုက်ပေါ့။ ယနေ့ နာမည်ကြီးနေတဲ့ အဆိုတော်တွေဆိုရင် ဘာများကိုယ်ပိုင်ဖန်တီးမှုပါလို့ လဲ။ နိုင်ငံခြား ကော်ပီသံစဉ်တွေကိုပဲ အရှက်မရှိ သည်,၏ မလွဲခိုးယူဆိုနေတာပဲ။ ဇာတ်လမ်းအများစုဆိုရင်လဲ တကားလုံးနီးပါး နိုင်ငံခြားဇာတ်ကားကို ခိုးယူထားတာပဲ။ သူခိုးက လူပြန်ဟစ်တယ်တိုတာ ဒါမျိုး ထင်ပါရဲ့ ။ ပရိသတ်က အချဉ်မှမဟုတ်တာ၊ ဒီတော့ ဒင်းတို့ ဇာတ်ကားကို ဈေးကြီးပေးပြီး ဘယ်သူက ၀ယ်ကြည့်မှာလဲ။ လမ်းဘေးကပဲ ၀ယ်ကြည့်လိုက်တော့မှာပေါ့။ အဆင့်က အဲလောက်ပဲရှိတာပဲ။ မြန်မာမင်းသားတွေဆို ပေါ်ကာစ ပိန်ကပ်ကပ် ဘိန်းစားရုပ်နဲ့  သိပ်မကြာပါဘူး ကော်ပီဇာတ်ကားတွေနဲ့ နာမည်ကြီးပြီး ဘီယာဖော အရက်ဖောနေတဲ့ ရုပ်တွေပေါက်လာတာပါပဲ။ မင်းသမီးတွေ မော်ဒယ်တွေဆိုလဲ ကိုယ်ပိုင်ဖန်တီးမှု ဘာအနုပညာမှ မရှိပါဘူး ။ ဒါရိုက်တာတို့  ထုတ်လုပ်သူတို့ နဲ့  သွားကုန်းရင် မင်းသမီးဖြစ်တာပဲ။ ပြောတော့လဲ ဖန်တီးမှုကို ချုပ်ချယ်ထားလို့ တဲ့။ ဖွင့်ပေးလိုက်တော့လဲ ဖင်ပေါ် ခေါင်းပေါ်ဖော်လာတာပဲ တိုးတက်လာတာတွေ့ ရပါတယ်။ တခြားထူးခြားတိုးတက်မှုကတော့ခုထိ မတွေ့ ရသေးပါဘူး။ ချက်ကြီးက အပိုမပြောပါဘူး။ မင်းသမီးတွေ အဆိုတော်တွေ ကုန်းတဲ့ ဇာတ်လမ်းတွေ ချက်ကြီး ဘလော့မှတောင် ရှိသေးတယ်လေ။ အောက်ကပုံကိုကြည့် မြန်မာစာတွေပါလို့ သာ မြန်မာမင်းသမီးလို့ ပြောရတာပဲ။ ကြည့်ကြပါဦး။ တိုးတက်လာတာလေ။


အောက်ပါ ဇာတ်လမ်းကိုလဲ ကြည့်ပါဦး ၊ ဒီဇာတ်ကားက ပွင့်လင်းခေတ်မှာ ဒု ဥက္ကဋ္ဌ လူမင်းအကြိုက်ရိုက်ထားးတာတဲ့။ မင်းသားမှာလဲ လူငယ်တွေအတုယူမှားအောင် အရုပ်ကလဲ ထိုးထားသေးတယ်။ ကောင်းပါတယ်၊ ဆက်သာလုပ်ကြ ၊နောက်ဆို မြန်မာအပြာဇာတ်ကားကို တ၀ကြီး ကြည့်ရတော့မှာ သေချာပါတယ်။
ဒေါက်တာ ချက်ကြီး ဘလော့မှ....

ဘကြီးသက်
Unknown at 7:40 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံခြားရုပ်ရှင် ကူးခွေများ ဖမ်းဆီးမှု အငြင်းပွား


နေပြည်တော် မြို့မဈေးတွင် ကူးခွေများ ရောင်းချသည့် ကလေးငယ်တဦး (ဓာတ်ပုံ – Reuters)
ရုပ်ရှင် ခိုးကူးခွေများ လိုက်လံဖမ်းဆီးခြင်းသည် မြန်မာ့ရုပ်ရှင်လောကကို ကာကွယ်ခြင်းသာဖြစ်ပြီး နိုင်ငံခြား ရုပ်ရှင်ခွေများကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်း မဟုတ်ကြောင်း ယမန်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။
တပိုင်တနိုင် ရောင်းချနေသည့် နိုင်ငံခြားခွေ ရောင်းချသူများကို ညစ်ညမ်းခွေများမှလွဲ၍ ဖမ်းဆီးခြင်းမပြုရန် ယခင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ညွှန်ကြားခဲ့သည်။ သို့သော် ယခု ခိုးကူးခွေ နှိမ်နင်းရေးစီမံချက်တွင် နိုင်ငံခြားခွေများပါ ဖမ်းဆီးနေသဖြင့် ဝေဖန်ကန့်ကွက်မှုများ ပေါ်ပေါက်လျက်ရှိသည်။
“နိုင်ငံခြားခွေတွေဟာ ကျနော်တို့နဲ့ တိုက်ရိုက် မသက်ဆိုင်ပါဘူး။ သို့သော် ၁၉၉၆ ဗီဒီယို အက်ဥပဒေအရ နိုင်ငံခြားခွေတွေသည် လိုင်စင်မဲ့၊ ဆင်ဆာမဲ့ ဖြစ်တဲ့အတွက် ဖမ်းတာဖြစ်ပါတယ်။ ကျနော်တို့သည် NGO အဖွဲ့အစည်း ဖြစ်တဲ့အတွက် ဖမ်းဖို့ဆီးဖို့လည်း အခွင့်အာဏာ မရှိပါဘူး။ သတင်းရရှိတဲ့အခါ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကိုပဲ တိုင်ကြားပါတယ်” ဟု ဦးဇင်ဝိုင်းက ပြောသည်။
ခိုးကူးခွေကြောင့် ဂီတလောကသည် ၁၀၀ ရာခိုင်နှုန်း ပျက်စီးခဲ့ရပြီး ရုပ်ရှင်လောကသား အများစုကို ထမင်းကျွေးနေသည့် ဗီဒီယိုလောကသည်လည်း ၆၀ ရာခိုင်နှုန်းအထိ ပြိုကွဲပျက်စီးခဲ့ရကြောင်း ၎င်းက ဆိုသည်။
ခိုးကူးခွေ စီမံချက်ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ပြန်လည်ရွေးချယ်သည့် ၂၀၁၂ ဧပြီလမှ စတင် ဖမ်းဆီးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး တခုအတွင်းမှာပင် တရားမ၀င် ခိုးကူးခွေ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချနေသည့် ဆိုင်ပေါင်း ၉၀ နှင့် စီဒီချပ်ပေါင်း ၅ သိန်းနီးပါး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ကျနော်က ရုပ်ရှင်ရုံမှာလည်း အချိန်ပေးပြီး မကြည့်နိုင်ဘူး။ ဒီဆိုင်တွေကပဲ အလွယ်တကူ ၀ယ်နေကျ။ အခု တချို့ ဆိုင်လေးတွေကတော့ အိမ်အတွင်းထဲမှာ တိုးတိုးတိတ်တိတ် ရောင်းနေကြတယ်” ဟု နိုင်ငံခြား ရုပ်ရှင် ပရိသတ်တဦးက ဆိုသည်။
ခိုးကူးခွေရောင်းချခြင်းဖြင့် ရပ်တည်နေသူများ ဒုက္ခရောက်ရသကဲ့သို့ ရုပ်ရှင်လောကသားများဖြစ်သည့် စက်မှုအဖွဲ့သားများ၊ ဇာတ်ပို့ဇာတ်ရံများ၊ ကိုလူချောများအဖွဲ့ကဲ့သို့ နေ့စား လူကြမ်းသရုပ်ဆောင်များသည်လည်း အကျပ်အတည်း ဖြစ်ရကြောင်း ဦးဇင်ဝိုင်းက ပြောသည်။
“ရုပ်ရှင် လောကသားများသည်လည်း မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားများ ဖြစ်သည်နှင့်အညီ၊ ကျနော်တို့နဲ့ ကျနော်တို့ လုပ်ကိုင်နေတဲ့ တရားဝင်လုပ်ငန်းများကို နိုင်ငံတော်ကနေ တရားဝင် အကာအကွယ်ပေးဖို့ လိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ရန်ကုန်မြို့အတွင်းရှိ ဖမ်းဆီး တရားစွဲဆို ခံထားရသော ကူးခွေရောင်းချသူများသည်လည်း သမ္မတနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ ကော်မတီ၊ ကော်မရှင်များထံ အသနားခံစာများ ပေးပို့ထားပြီး နိုင်ငံခြားခွေ ပြန်လည် ရောင်းချခွင့်ရရှိရန် ဆန္ဒထုတ်ဖော်မှု ပြုလုပ်မည်ဟုလည်း သတင်းရရှိသည်။
“မြန်မာပြည်ကြီးမှာ ကူးခွေ ဖောက်သည်ပေးတဲ့သူတွေ မရှိကြတော့ဘူးဆိုရင် မရောင်းတော့ပါဘူး။ အရင်းအနှီးမရှိလို့၊ ဘာမှ လုပ်စားစရာမရှိလို့ ရောင်းပြီး ပြန်ပေးစနစ်နဲ့ ရောင်းရဦးမှာပါ။ အခု ဖောက်သည်ပေးတဲ့သူလည်း ရှိနေပါတယ်။ လုံးဝ ပျောက်မသွားပါဘူး” ဟု လှိုင်သာယာမြို့နယ်မှ ကူးခွေရောင်းသူတဦးက ဆိုသည်။
ဦးဇင်ဝိုင်းက “ခိုးကူးခွေလောက လုံးဝ ပြိုပျက်သွားအောင် ကျနော်တို့ ရင်ဆိုင် တွန်းလှန်သွားမှာပါ။ ခိုးကူးခွေ ရောင်းချမှုဟာ မရှိဆင်းရဲသားတွေအတွက် လွယ်ကူတဲ့ အသက်မွေးဝမ်းကြောင်းမှုတင် မဟုတ်ပါဘူး။ ကွန်ရက်ကြီး တခုနဲ့ ဒုစရိုက်လုပ်ငန်းကြီးတခုလို နောက်ကနေ ငွေပင်ငွေရင်းနဲ့ ကျောထောက်နောက်ခံပြုပြီး မြန်မာတနိုင်ငံလုံးကို ဖြန့်ချိနေတဲ့ တရားမ၀င် လုပ်ငန်းကြီးပါ” ဟု ဆိုသည်။
တရားမ၀င် ခိုးကူးခွေကို ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချနေသည့် ဆိုင်ကြီးတဆိုင်သည် တနေ့ဝင်ငွေ သိန်းတရာ နီးပါးရှိပြီး မြန်မာ့ရုပ်ရှင် ဗီဒီယိုလောကမှ ထွက်ရှိသည့် ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကား၊ အငြိမ့်၊ လက်ဝှေ့၊ အမ်တီဗီ ရိုက်ကူးထားသည့် သီချင်းများ၊ ထို့အပြင် ညစ်ညမ်းရုပ်ရှင်များ အစရှိသည်တို့ကို ထုတ်လုပ်ဖြန့်ဖြူးနေကြောင်း သိရသည်။
“ဥာဏပစ္စည်း မူပိုင်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးကို ကျနော်တို့ လေးစားရမယ်။ သူတပါးရဲ့ ဖန်တီးမှုကို လေးစားတန်ဖိုးထားတာဟာ ကျနော်တို့နိုင်ငံရဲ့ ဖန်တီးမှုကို လေးစားတန်ဖိုးထားရာ ရောက်ပါတယ်။ ကျနော်တို့နိုင်ငံက ဥာဏပစ္စည်းမူပိုင်ခွင့်ကို မလေးစားဘူးဆိုရင် ကျနော်တို့နိုင်ငံဟာ ရိုင်းစိုင်းတဲ့ လူ့အဖွဲ့အစည်းထဲမှာ ရှိနေဆဲပဲဆိုတဲ့ အဓိပ္ပာယ် သက်ရောက်မှာပဲ” ဟု မူပိုင်ခွင့်ဆိုင်ရာ ဥပဒေပညာရှင်တဦးက ဆိုသည်။
အသစ်ပြန်လည် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် ရုပ်ရှင် အစည်းအရုံးတို့သည် ဂီတနှင့် ရုပ်ရှင်လောကကို ကာကွယ်ရန် ခိုးကူးခွေများ လိုက်လံဖမ်းဆီးနေသော်လည်း မြန်မာသီချင်း အများစုမှာ အနောက်တိုင်း တေးသီချင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယား တေးသီချင်း သံစဉ်များကို ကူးယူသီဆိုထားသည့် ကော်ပီသီချင်းများ ဖြစ်နေခြင်း၊ မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုနှင့် အမ်တီဗီများမှာလည်း ဇာတ်လမ်း အစအဆုံး ကူးယူမှု၊ ဇာတ်ကွက် ကူးယူမှုတို့ ပြုလုပ်နေကြခြင်းတို့အပေါ်လည်း ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။
 ဧရာဝတီ   သတင်း
ဘကြီးသက်
Unknown at 10:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ပြည်သူသည်အဓိက


From : by 7Day News Journal

ကမ္ဘာ့နေရာ အများအပြားမှာပင် အဂတိလိုက်စားမှုက ဘ၀၏တစ်စိတ်တစ်ပိုင်းလို ဖြစ်နေပါသည်။ သမ္မတဦးသိန်းစိန်ကလည်းမြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုသည်

အောက်ခြေအဆင့်၌ နေရာတိုင်းလိုလိုတွင် ရှိနေသေးသည်ဟု ပြောခဲ့ပါသည်။ ထို့အပြင် အကျင့်ပျက်ခြစားမှုများကို အရေးယူရန် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရန် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှ အတည်ပြုလိုက်ပြီဆိုသောသတင်းကိုလည်း ကြားလိုက်ရပါသည်။ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးအတည်ပြုသွားရန် အဆင့်များတော့ ကျန်နေပါသေးသည်။

မည်သို့ဆိုစေ ဤသည်ကား အဂတိလိုက်စားမှုသည် မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကင်ဆာရောဂါလို လှိုက်စားနေတာကို

ဆက်ပြီးမျက်နှာလွှဲမထားတော့ဘူးဆိုခြင်း၏ နိမိတ်ပုံပေတည်း။ အဂတိလိုက်စားမှုများကို စောင့်ကြည့်နေသော နိုင်ငံတကာ ပွင့်လင်းမြင်သာရှိမှုအဖွဲ့ကြီး (Transparency International) က မြန်မာနိုင်ငံကိုအဆင့်-၁၈၂ ရှိသည့်အနက် ၁၈၀၊ အဂတိလိုက်စားမှု အဆိုးဆုံးစာရင်းဝင်အဖြစ် သတ်မှတ်ထားသည်မဟုတ်လား။

သည်အတွင်းမှာပင် အဂတိ လိုက်စားမှုနှင့်ပတ်သက်သော နိုင် ငံတကာသတင်းဆောင်းပါးတစ် ပုဒ်နှင့် စာစုတစ်ခုကို ကျွန်တော် ဖတ်လိုက်ရပါသည်။ တစ်ခုက

ဟာဝိုင်အီအခြေစိုက် အရှေ့၊ အနောက်ဗိမာန်က ဇူလိုင်နှောင်းပိုင်း တွင် အဂတိလိုက်စားမှုတိုက်ဖျက် ရေးနှင့်ပတ်သက်ပြီး စည်းဝေးပွဲ

တစ်ရပ်ကျင်းပခဲ့ခြင်းအကြောင်းပါ။ နောက်တစ်ခုက အမေရိကန်နိုင်ငံ ခြားရေးဌာနမှ အီလက်ထရွန်နစ် ဂျာနယ်(eJournalUSA)ပါ ''အဂတိလိုက်စားမှုကို ပူးပေါင်းတိုက်ဖျက်ခြင်း''စာစုဖြစ်ပါသည်။

ဟာဝိုင်အီမြို့တော် ဟိုနိုလူ လူစည်းဝေးပွဲကြီးကို အဂတိလိုက် စားမှု တိုက်ဖျက်ရေးနှင့် အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲရေး ကျွမ်းကျင်သူ ပါမောက္ခရောဘတ် ကလစ်ဂါ့ဒ်က ဦးဆောင်ဆွေးနွေး ခဲ့ပါသည်။ သူသည် ကယ်လီဖိုးနီး ယားရှိ ကလဲမွန့်တက္ကသိုလ်မှ ပါ မောက္ခတစ်ဦးပါ။

အဂတိလိုက်စားမှုကို လက် မြောက်အရှုံးပေးရန်မလိုဟု သူက ပြောပါသည်။ နိုင်ငံရေးအရ ဆန္ဒ ရှိမည်၊ အဂတိလိုက်စားမှုသည် အများပြည်သူကို မဟုတ်ဘဲ လူတစ်စုကိုသာ ကောင်းကျိုးဖြစ်ထွန်းစေသည်ဟူ၍ နားလည်သဘောပေါက်လာကြမည်ဆိုလျှင် ယင်းအပေါ် တိုက်ပွဲဝင်မှုသည် အောင်ပွဲခံနိုင်လိမ့်မည်ဟူ၏။

အဂတိလိုက်စားမှုက နေရာ တိုင်းမှာရှိနေသည်။ ရောဂါတစ်ခု လိုပင်။ ရှောင်လွှဲမရနိုင်။ သို့သော် ယင်းအဂတိလိုက်စားမှုသည် စနစ် တစ်ရပ်အဖြစ်အလုံးအထည်ကြီး ထွားလာပြီဆိုလျှင်ကား အားလုံး ကို အသေသတ်တော့သည်ဟု ပါမောက္ခကလစ်ဂါ့ဒ်ကပြောပါ သည်။ အဂတိလိုက်စားမှုနှင့်ပတ် သက်၍

အဓိပ္ပာယ်ဖွင့်ဆိုချက်အ မျိုးမျိုးရှိပါသည်။ ကျွန်တော်က ဟာဝိုင်အီဆွေးနွေးပွဲကြီး၏ ဖွင့်ဆိုချက်ကို သဘောကျပါသည်။ အဂ တိလိုက်စားမှုဆိုသည်မှာ''အစိုးရ ရုံးကိုကိုယ်ကျိုးအတွက် ခုတုံး လုပ်အသုံးချခြင်း''ဟူလို။

နောက်ပြီး အဂတိလိုက်စား မှုလျော့နည်းလာသည်နှင့်အမျှ အစိုးရအုပ်ချုပ်မှု ကောင်းမွန်တိုး တက်လာမည်။ ဆင်းရဲမွဲတေမှု လျော့ကျလာမည်။ စီးပွားရေးဖွံ့ဖြိုးလာမည်ဆိုသော အချက်များ ကိုလည်း ဟာဝိုင်အီအစည်းအဝေး တက်လာသူများအားလုံးက တညီ တညွတ်တည်း သဘောတူခဲ့ကြပါ သည်။ ဟာဝိုင်အီအစည်းအဝေးကြီးတွင် ထောက်ပြသော နောက် အချက်တစ်ခုက အဂတိလိုက်စား မှုကို တိုက်ဖျက်ရာ၌ အများရင် ဆိုင်နေရသော အခက်အခဲမှာ စိတ်ပါလက်ပါမရှိခြင်းနှင့် ကိုယ်ကျိုးအတ္တကိုပဲ ရှေ့တန်းတင်ခြင်း တို့ဖြစ်ပါသည်။ ကိုယ်အဆင်ပြေ ဖို့ဆိုလျှင် လာဘ်ပေးဖို့လိုက ပေး လိုက်ကြသည်။ များသောအားဖြင့် ''ငါတို့ ဘာတတ်နိုင်မှာလဲ''၊ ''နိုင်ငံ ရေးသမားတွေအားလုံး အကျင့် ပျက်ခြစားနေကြတာပဲ''ဆိုပြီး စစ် မရောက်ခင်က မြားကုန်နေတတ် ကြလေသည်။

ဤတွင် တာဝန်ရှိသူများ ဘက်ကလည်း မိမိတို့သည် ပြည် သူ့ဝန်ကို ထမ်းနေရတာပါလားဆို သောအသိ ပျောက်သွားပြီး ''ငါတို့လုပ်ပေးလို့ သူတို့ရတာ၊ ဒီအတွက် ငါ့ကို ကန်တော့ကြမှပေါ့''ဟူသော စိတ်ထားမျိုး ၀င်လာတော့သည်။သည်လိုဖြစ်လာအောင် တစ် ဖက်မှ မီးထိုးပေးနေသည်က တင်း ကျပ်ရှုပ်ထွေးပြီး ပွင့်လင်းမြင်သာမှုမရှိသော ဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများဖြစ်ပါသည်။ ဥပဒေ စည်းမျဉ်းများက များမြောင်ရှုပ် ထွေးလေ ပွင့်လင်းမြင်သာမှုမရှိ လေ သာမန်ပြည်သူများအတွက် ခက်ခဲလေ၊ လုပ်ရကိုင်ရ ကျပ်လေ ဖြစ်ရသည်။

တစ်ဖက်တွင်မူ ထိုဥပဒေ စည်းမျဉ်းများ၌ ဟာကွက်များက လည်းရှိနေတတ်သည်။ ဤတွင် အဂတိလိုက်စားသော တာဝန်ရှိ သူများအတွက်ပွဲတော်ကြီးဖြစ်နေ တော့သည်။ သည်နေရာမှာ ကျွန် တော် ငယ်ငယ်က ကျွန်တော့်ဖခင် ရေးပေးဖူးသော မှတ်သားစရာ ဆိုရိုးစာအုပ်ထဲမှ အုပ်စိုးသူသည် ဥပဒေကိုဖန်တီးသည်။ ထိုဥပဒေ သည် အုပ်စိုးခံကို စိစိညက်ညက် ကြေစေသည်ဆိုသော စာသား လေးကို သတိရမိပါသည်။

စင်စစ် ဥပဒေ၊ စည်းကမ်းဟူ သည် အများပြည်သူ အဆင်ပြေ စေဖို့အတွက် သူတို့ဘ၀လွယ်ကူ ပြီး စိတ်ချမ်းမြေ့စေဖို့အတွက်သာ ဖြစ်ရပေမည်။

လွန်ခဲ့သည့် နှစ်အစိတ်လောက်တုန်းက အင်းစိန်မှာ မိသားစုလုပ်ငန်းကို လုပ်ကိုင်နေ ခိုက် ဂျပန်မှ ပြန်လာသော နိုင်ငံ ခြားဘာသာသိပံ္ပမှ ရုံးဝန်ထမ်းတစ် ဦးနှင့် ကျွန်တော်ခင်မင်ရင်းနှီးခဲ့ပါ သည်။ တစ်နေ့ သူ့တဲငယ်မှာ ဂျပန်အတွေ့အကြုံ အကြောင်းတွေ ကို သူကပြောပါသည်။ အဲသည် မှာ ကျွန်တော် မှတ်သားမိတာ တစ်ချက်က ဂျပန်မှာ ဥပဒေတစ် ခုခုထုတ်သည်ဆိုလျှင် ယင်းသည် ပြည်သူလူထုကို ဘယ်လိုအဆင် ပြေစေမလဲဆိုတာကို စဉ်းစားပြီးမှ ထုတ်သည်ဟူ၍ဖြစ်ပါသည်။

''ဒါကြောင့်လည်း သူတို့ (ဂျပန်)တိုးတက်နေတာ။ စဉ်းစား ကြည့်လေ...ဥပဒေတစ်ခုထုတ် ရင် ငါ့အိတ်ထဲ ဘယ်လောက်ဝင် မလဲဆိုပြီး တွက်ပြီးမှထုတ်ရင်လူတွေအတွက် ဘယ်မှာ အကျိုး ရှိမလဲ''ဟု သူကပြောပြပါသည်။

နိုင်ငံကို စီမံခန့်ခွဲသူများသည်ဆိုခဲ့ပါ အချက်ကို အလေးထားစဉ်းစားရန်လိုမည်ထင်ပါသည်။

တကယ်တမ်း ပြောရလျှင် အဂတိလိုက်စားမှုကို တိုက်ဖျက် လို့မရတာ မဟုတ်ပါ။ ဒင်းအပေါ် အောင်ပွဲခံခဲ့သော သာဓကများ ရှိပါသည်။ ဟာဝိုင်အီဆွေးနွေးပွဲကြီးတွင် အရှေ့ဥရောပမှ ဂျော်ဂျီ ယာ၊ တောင်အမေရိကမှ ပီရူးနှင့် အာရှမှ စင်ကာပူတို့ကို နမူနာ ထုတ်ပြသွားခဲ့ပါသည်။

ကလစ်ဂါ့ဒ်တိုက်တွန်းတာ ကတော့ ပြည်သူတွေမှာ အဂတိ လိုက်စားမှုကို တိုက်ဖျက်နိုင်စွမ်း ရှိကြောင်းကို သူတို့ နားလည် သဘောပေါက်လာအောင် လုပ်ပေးဖို့ပါ။ အဂတိလိုက်စားမှုဒဏ် ကြောင့် ပြည်သူလူထုကြီးမှာ စိတ် ထောင်းကိုယ်ကြေဖြစ်နေကြပြီ။ သူတို့တစ်တွေကို မျှော်လင့်ချက် ပေးလိုက်လျှင်၊ ခေါင်းဆောင်တစ် ဦးလူတစ်ယောက်ကို ဘယ်လို ပြောင်းလဲရမလဲဆိုခြင်းကို ပြလိုက်လျှင် သူတို့ချက်ချင်း ထလုပ်ကြ လိမ့်မည်ဟုဆိုပါသည်။

ပြုပြင်ပြောင်းလဲရေး ခေါင်း ဆောင်များသည် ပြည်သူလူထု ကြီး ဘာလိုချင်သည်ဆိုခြင်းကို သဘောပေါက်ရန်လိုပါသည်။ ဆို ချင်တာက အခြေခံနိုင်ငံရေးအာသီသကို သိဖို့ဖြစ်ပါသည်။ အဓိက မှာ ပြည်သူတွေ ဘာလိုချင်တာလဲ၊ ယင်းကို ရအောင် ဘယ်လိုလုပ်ရမလဲဆိုခြင်းကို အဖြေရှာရပေမည်။

ကလစ်ဂါ့ဒ်က အပြောင်းအ လဲအတွက် နိုင်ငံရေးဆန္ဒများကို နှိုးဆွရန်ဆိုလျှင် ဥပမာတွေ ပြပေး တာက အတိုင်းအတာတစ်ခုအထိ တာသွားသည်ဟုပြောပါသည်။ သူက ဂျော်ဂျီယာသမ္မတနိုင်ငံဖြင့် ဥပမာ ပေးပါသည်။ တစ်ချိန်က ဂျော်ဂျီယာသည် ကမ္ဘာဂြိုဟ်ပေါ် မှာ အဂတိလိုက်စားမှုအဆိုးဆုံး တိုင်းပြည်များထဲမှာပါခဲ့သည်။ အစိုးရအဖွဲ့ထိပ်မှသည် အောက် ခြေယာဉ်ထိန်းရဲအထိ အကျင့် ပျက်ခဲ့ပါသည်။

သို့သော် ၂၀၀၃ ခုနှစ်တွင် ပြည်သူလူထုသည် မိမိတို့၏ နိုင်ငံရေးဆန္ဒကို ဖော်ထုတ်သော 'နှင်း ဆီတော်လှန်ရေးကို' ဆင်နွှဲခဲ့ကြလေသည်။ ဤတွင်အဂတိလိုက် စားမှုစနစ်ကြီးသည် ပထမဆုံးအ ကြိမ်အဖြစ် သွေးလန့်သွားခဲ့ရပါ သည်။ ပြီးတော့ ကပြောင်းကပြန် ဖြစ်သွားလေသည်။

အဂတိလိုက်စားမှုသည် နေ့ ချင်းညချင်း နိဋ္ဌိတံသွားတာမျိုး တော့မဟုတ်။ သို့သော် မျှော်လင့် ချက်များတော့ ပေါ်လာပါသည်။

အဂတိလိုက်စားမှုကို အောင်မြင်စွာ တိုက်ဖျက်ရေးအတွက်လက်တွေ့ကျသောအဆင့်များစွာ ကို ကလစ်ဂါ့ဒ်က အကြံပေးပါ သည်။ ဆိုချင်တာက ဆိုးဆိုးရွားရွား အဂတိလိုက်စားနေသော ရာထူးကြီးကြီး ပုဂ္ဂိုလ်များကို နမူနာပြ အရေးယူခြင်းအား အများပြည်သူ မျက်စိထဲမြင်အောင်ပြဖို့ ဖြစ်ပါ သည်။ ဂျော်ဂျီယာတွင် ထိုကဲ့သို့ လုပ်ဆောင်မှုအဖြစ် အကျင့်ပျက် ခြစားသော သမ္မတအက်ဒွပ်ရှီဗာဒ်နာဇေကို ရာထူးမှ နုတ်ထွက်သွားစေခဲ့ပါသည်။

နောက်တစ်ဆင့်တွင် ဥပဒေ စည်းမျဉ်းများကို ပြုပြင်ပြောင်းလဲ ဖို့ ကလစ်ဂါ့ဒ်က အကြံပေးပါ သည်။ လူအများ သိပြီးသား ထိပ် သီး လူ့မလိုင်များကိုသာမကသမ္မ တဦးသိန်းစိန်ပြောသလို အောက် ခြေအဆင့် အသီးသီး၏ အဂတိ လိုက်စားမှုများကိုပါ ကိုင်တွယ်နိုင် ဖို့ဖြစ်ပါသည်။ ယင်းလုပ်ငန်းစဉ် တွင် ထိပ်မှသည်အောက်ခြေအ

ထိ လစာများ တိုးမြှင့်ပေးခြင်းလို မက်လုံးပေးခြင်းမျိုးလည်း ပါဝင် ရပါမည်။ (တချို့မူကား စားမလောက်လို့မဟုတ်၊ ရလေလိုလေ အိုတစ္ဆေဖြစ်နေသူများလည်း ရှိပါ သည်။)

မည်သို့ဆိုစေ အဂတိလိုက် စားမှုတွေ လျော့နည်းကျဆင်းလာ ပြီဆိုလျှင် နိုင်ငံအတွက် ရလဒ်က သိသိသာသာကြီးကို တိုးတက် ကောင်းမွန်လာပါသည်။

နိုင်ငံ့ဂျီဒီ ပီလေးဆတိုးလာပါသည်။ နိုင်ငံ တွင်းစီးပွားရေးလုပ်ငန်းများလည်း လုပ်ရကိုင်ရ လွယ်ကူချောမွေ့လာ ကြောင်း နိုင်ငံတကာပွင့်လင်းမြင် သာရှိမှုအဖွဲ့ကြီးကချီးကျူးခဲ့ပါ သည်။ ကမ္ဘာမှာ အဂတိအလိုက် စားဆုံးနိုင်ငံစာရင်းထဲကနေ အဂတိလိုက်စားမှုအနည်းဆုံးစာရင်းဝင် ဖြစ်သွားပါသည်။

ပီရူးတွင် အစိုးရက ''မိမိတို့ လုပ်နေတာကို ဘယ်လိုမြင်သလဲ'' ဆိုပြီး ပြည်သူ့ထင်မြင်ချက်စစ် တမ်းများ ကောက်ယူခဲ့ပါသည်။ ဤနည်းဖြင့် ပြည်သူ့အကျိုးကိုအဖော်ဆောင်နိုင်ဆုံး အစိုးရရုံး (သို့မဟုတ်) ဌာနများကို ရုပ်မြင်သံ ကြားမှတစ်ဆင့် ချီးကျူးဂုဏ်ပြုပြီး ဆုငွေများ ချီးမြှင့်ရန် အကြံဥာဏ် ကောင်းကို ရရှိခဲ့လေသည်။

အတုယူစရာ ကောင်းတာ တစ်ခုက အိန္ဒိယမှာ ''ကျွန်တော် လာဘ်ပေးခဲ့ရတယ်''ဟုအဓိပ္ပာယ် ရသှောုစငေိဘမငဘန.ခသာ ၀က်ဘ် ဆိုက်ကို ဖွင့်ထားခြင်းပါ။

ကိုယ့်ကိစ္စ အဆင်ပြေရေးအတွက်အစိုးရဌာနများအား လာဘ်ထိုးခဲ့ရခြင်းအကြောင်းကို ထိုဝက်ဘ်ဆိုက်ပေါ်မှာဝေမျှခြင်းဖြင့် လာဘ်ယူသောအရာရှိ အရှက်ရကာ နောင်တွင် ဆင်ခြင်သွားစေမည့်နည်းဖြစ်ပါသည်။

ကလစ်ဂါ့ဒ် နောက်ထပ်နမူနာအဖြစ် ဖော်ပြသည်က အာရှမှ စင်ကာပူဖြစ်ပါသည်။ ၁၉၆၀ ပြည့်လွန်နှစ်များက စင်ကာပူသည် အဂတိ လိုက်စားမှု ထွတ်ခေါင်ဖြစ်ခဲ့ရာမှ ယခုအခါ အဂတိလိုက်စားမှု အကင်းဆုံး ထိပ်တန်းနိုင်ငံများစာရင်းဝင်ဖြစ်နေပေပြီ။ နိုင်ငံတကာပွင့်လင်းမြင်သာရှိမှု၏ စာရင်းဝင်အဆင့်-၁၈၂ အနက် နံပါတ်-၅ချိတ်ထားသည်ကိုသာကြည့်တော့။

သည်လိုဖြစ်အောင် စင်ကာ ပူသည် လက်တွေ့ကျသောခေါင်း ဆောင်မှုဖြင့် ချီတက်ခဲ့ပါသည်။ နိုင်ငံတွင် အင်စတီကျူးရှင်းများကို ခိုင်မာအောင်တည်ဆောက်ပြီး စီးပွားရေးကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း၏ရလဒ်ပင် ဖြစ်တော့သည်။

အဂတိ လိုက်စားမှု တိုက် ဖျက်ရေး၏ အခြေခံသဘောသည် တစ်ကမ္ဘာလုံးမှာ အတူတူပင် ဖြစ် သော်ငြား တိုက်ဖျက်ပုံတိုက်ဖျက် နည်းများကတော့နေရာဒေသနှင့် အခြေအနေ၊ အချိန်အခါပေါ် တည်ကာ ကွဲပြားခြားနားတတ် ကြောင်းကိုမူ ကလစ်ဂါ့ဒ်က သတိ ပေးခဲ့ပါသည်။

စတုတ္ထမဏ္ဍိုင်အဂတိလိုက်စားမှု တိုက် ဖျက်ရေးတွင် စာနယ်ဇင်းများ၏ အခန်းကဏ္ဍကလည်း အလွန်အ ရေးကြီးပါသည်။

''ကိုယ်လုပ်နေတာကို တစ် ယောက်ယောက်က ပခုံးပေါ်က နေကျော်ပြီး စောင့်ကြည့်နေတယ် ဆိုတာ သိရုံနဲ့တင် အဂတိလိုက် စားမှု အတော်များများရပ်သွားကြတယ်''ဟူ၍ စုံစမ်းထောက်လှမ်း သတင်းရေးသားသူ သတင်းထောက်ဒေးဗစ်ကက်ပလန်ကပြောသည်။

ကက်ပလန်တို့က စနစ်တ ကျဖွဲ့စည်းပြီး ကျူးလွန်သော ရာ ဇ၀တ်မှုများနှင့် အဂတိလိုက်စားမှု များအကြောင်း သတင်းရေးသား ရေးပရောဂျက်ကိုဖွဲ့စည်းတည် ထောင်ထားပါသည်။ ယင်းမှာ အရှေ့ဥရောပ၊ ဘော်လကန်နှင့် ဗဟိုအာရှတို့မှ မီဒီယာများ စုပေါင်းဖွဲ့စည်းထားသည့် စုံစမ်းထောက်လှမ်းရေးသားသော သတင်းထောက်များ ကွန်ရက်တစ်ခုပါ။

၂၀၁၀ ပြည့်နှစ်က အရှေ့ ဥရောပ၊ ဘော်လကန်နှင့် အမေ ရိကန်ပြည်ထောင်စုအခြေစိုက် တင်းထောက်ခုနစ်ယောက် သည် အခွန်ရှောင်တိမ်းသူများအကြောင်းကို ဖော်ထုတ်ရေးသားခဲ့ ကြပါသည်။ ထိုခုနစ်ယောက် သည် အများက စုံစမ်းဖော်ထုတ် ၍ မရနိုင်သော (သို့မဟုတ်) မဖော်ထုတ်ရဲသောကိစ္စများကို ဖော်ထုတ်ခဲ့ကြသည့် သတင်းထောက်ရာဂဏန်းမျှထဲတွင် ပါဝင်ခဲ့သူများဖြစ်ပါသည်။

ကက်ပလန်ကတော့ စုံစမ်း ထောက်လှမ်းသော သတင်းစာ ပညာသည် အထူးသဖြင့် လာဘ် ပေးလာဘ်ယူကိစ္စများ၊ ပြည်သူ့ ဘဏ္ဍာအလွဲသုံးစားပြုမှုများအ တွက် အထူးပင် အလုပ်ဖြစ်သည် ဟုယုံကြည်ပါသည်။

သို့သော် နိုင်ငံတချို့တွင် အဂတိလိုက်စားမှုများကို မီဒီယာ မှ ဖော်ထုတ်ခြင်းသည် အန္တရာယ် ကြီးပါသည်။ အဂတိလိုက်စားမှုကို ဆန့်ကျင်သော သတင်းစာဆရာများသည် အမဲလိုက်သလို အလိုက်ခံကြရပါသည်။ အနှောင့်အယှက် ပေးခံကြရပါသည်။ တစ်ခါတစ်ခါ ရိုက်နှက်ခံကြရရုံသာမက ဖမ်းဆီးခြင်း၊ အဆုံးမှာ သတ်ဖြတ်ခြင်းများကိုပင်ခံရတတ်ပါသည်။

၁၉၉၂ ခုနှစ်မှ ၂၀၁၀ ပြည့် နှစ်အတွင်း ''အဂတိလိုက်စားမှု များအကြောင်း'' သတင်းလိုက်နေ သော သတင်းထောက် ၈၁၂ ယောက်အနက် ၁၂၀ ကျော် အသတ်ခံခဲ့ရကြောင်း အယ်လ်ဘာနီရှိ နယူးယောက် တက္ကသိုလ်မှ ပါမောက္ခရို့စ်မာရီအာမော်၏လေ့လာချက်အရသိရပါသည်။ အာ မော် ကိုယ်တိုင်လည်း သတင်း ထောက်လုပ်ခဲ့ဖူးပါသည်။

သို့နှင့်တိုင် စုံစမ်းထောက် လှမ်းပြီး သတင်းရေးသားသော သတင်းထောက်များသည် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးတွင် ရှေ့ တန်းက ဆက်လက်ပါဝင်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ် အတွင်း နိုင်ငံတကာပွင့်လင်းမြင် သာရှိမှုအဖွဲ့ကြီး၏ ]တည်ကြည် ဖြောင့်မတ်မှုဆု}ချီးမြှင့်ခံရသူရှစ် ဦးတွင် သတင်းစာဆရာသုံးဦးပါဝင်ခဲ့ပါသည်။

သည်လို သတင်းစာဆရာ များသည် အစိုးရအဖွဲ့တွင်းမှ ပြု ပြင်ပြောင်းလဲရေး လိုလားသူများ၊ ပြည်သူပြည်သား တက်ပြိုင်ခွင့်ရလိုသော စီးပွားရေးလုပ် ငန်းရှင်များ၊ နိုင်ငံတကာပွင့်လင်း မြင်သာရှိမှုအဖွဲ့၊ ပွင့်လင်းလူ့အဖွဲ့အစည်း ရန်ပုံငွေအဖွဲ့ (Open Society Foundation) တို့နှင့် လက်တွဲဆောင်ရွက်နိုင်ပါသည်။

သို့သော် အာမော်အဆို အရ တစ်ခါတလေမှာ တစ်ကိုယ် တော် လုပ်ဆောင်တာ ပိုပြီးထိ ရောက်သည့် အခါမျိုးလည်းရှိပါ သည်။ မိမိတစ်ဦးတည်းဆိုတော့တစ်ယောက်တစ်ပေါက် ဖြစ်တာ မျိုး မရှိတော့ချေ။

တချို့ကမူ အခြားသူများနှင့် လက်တွဲလုပ်ဆောင်ခြင်းက မိမိ အတွက် အကွာအကွယ်ရသည် ဟုဆိုကြပါသည်။ အတွေ့အကြုံရှိ ပြီးသားသူများထံမှအကြံကောင်း ဥာဏ်ကောင်းတွေရရှိနိုင်ပါသည်။ တစ်ဦးတည်း လုပ်ရမလား၊ အုပ်စု ဖွဲ့လုပ်ရမလားဆိုသည်ကတော့ အခြေအနေ၊ အချိန်အခါပေါ် မူတည်ပေမည်။ လူအများက လွတ်လပ်၍ ပွင့်လင်းသောဒီမိုကရေစီဖြစ်လာလျှင် အဂတိလိုက်စားမှုတွေပျောက်ကွယ်သွားလိမ့်မည်ဟုယူဆ ကြပါသည်။ ဒါက အခါခပ်သိမ်း မမှန်ပါဟု ပါမောက္ခကလစ်ဂ့ါဒ်က ပြောပါသည်။ ဒီမိုကရေစီထွန်း ကားရေးနှင့် အဂတိလိုက်စားမှု ပပျောက်ရေးသည် အမြွှာပန်းတိုင်မဟုတ် အပြိုင်ထားရှိအပ်သော ပန်းတိုင်မျှသာဖြစ်လေသည်။

အဆုံးတွင် အရေးကြီးသည် က ''အဂတိလိုက်စားမှုသည် စနစ် တစ်ခုဖြစ်သည်''ဆိုခြင်းကို အမှတ် ရနေရမည်ဟု ကလစ်ဂါ့ဒ်ကပြောသွားပါသည်။ ထိုစနစ်ကိုကိုင်လှုပ်ပစ်နိုင်မည်ဆိုလျှင် အပြောင်းအလဲစတင်လာပါလိမ့်မည်။

အဂတိ လိုက်စားမှုများ လျော့နည်းပပျောက်သွားသည့် တစ်နေ့ ပြည်သူ့ဘ၀သည်လည်း တိုးတက်ကောင်းမွန်လာပေလိမ့်မည်ဖြစ်သတည်း။ ။
ဘကြီးသက်
Unknown at 9:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အခြေခံဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့ကို စစ်ဆေးမည်

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဌ နှင့် အဖွဲ့ဝင်များ (ဓာတ်ပုံ – ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ၀က်ဘ်ဆိုက်)
လွှတ်တော်များ၌ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် မဟုတ်ဟု ဆုံးဖြတ်ခဲ့သော အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ကို ပြည်သူ့လွှတ်တော် စုံစမ်းရေးကော်မရှင်က စစ်ဆေးမှုပြုလုပ်တော့မည် ဖြစ်သည်။
ယင်း စုံစမ်းရေးကော်မရှင် အဖွဲ့အား ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦး ဖြင့် ယမန်နေ့က ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌ နှင့်အဖွဲ့သည် ပေးအပ်ထားသည့် တာဝန်ထမ်း ဆောင်နိုင်မှု မရှိခြင်း၊ ဥပဒေနှင့်အညီ မလုပ် ဆောင်ခြင်း စသည် တို့ကို စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
စုံစမ်း စစ်ဆေးမှုကို အမြန်ဆုံးဆောင်ရွက်မည် ဖြစ်ကြောင်း၊ စစ်ဆေး တွေ့ရှိချက်များကို လွှတ်တော်သို့ တင်ပြ၍ လွှတ်တော်မှ အတည်ပြု ပေးမည် ဖြစ်ပြီး နိုင်ငံတော် သမ္မတ ထံ ဆက်လက်တင်ပြရမည်ဟု စုံစမ်းရေးအဖွဲ့ဝင်တချို့က ဧရာဝတီ ကို ပြောပြ သည်။
“ခုံရုံး အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေဟာ ဥပဒေနဲ့ ညီမညီ ဆိုတာပဲ စုံစမ်းရေးအဖွဲ့က စစ်ဆေးရမှာ ဖြစ်တယ်၊ စစ်ဆေးတွေ့ရှိချက်ကို
လွှတ်တော်က အတည်ပြုပြီး သမ္မတကို တင်ပြပြီးရင် ဒီကိစ္စက ပြီးစီးသွားပါပြီ”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စုံစမ်းရေး အဖွဲ့ဝင် ဦးဘရှိန် က ပြောသည်။
စုံစမ်းစစ်ဆေးချက်အရ ခုံရုံး၏ လုပ်ဆောင်မှုသည် ဥပဒေနှင့် မညီဟု လွှတ်တော်က အတည်ပြု၍ သမ္မတထံ တင်ပြပြီး ပါက သမ္မတ၏ အတည်ပြုချက်ဖြင့် ခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့သည် နုတ်ထွက် ရမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီ(ခ)ခင်မောင်ရီ ကလည်း ဧရာဝတီ ကိုပြောသည်။
“သမ္မတဆီကို တင်ပြပြီးတာနဲ့ လွှတ်တော်ရဲ့ အတည်ပြုချက် မှန်ကန်ကြောင်း သမ္မတ က အတည်ပြုပေးရမှာပါ၊ အဲဒါဆိုရင် ခုံရုံး အဖွဲ့က ဥပဒေ အရ နုတ်ထွက်ပြီးသား ဖြစ်သွားပြီပေါ့”ဟု ၎င်းက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်တခု မှ စွပ်စွဲပြစ်တင်မှု ကိစ္စအတည်ပြုပြီးပါက တခြား လွှတ်တော် မှ စုံစမ်း စစ်ဆေးရမည် ဖြစ်သည်။ စုံစမ်းမှု ရလဒ်ကို ပြည်ထောင်စု လွှတ်တော်ထံ တင်ပြ၍ အတည်ပြုချက် ခံယူပြီးပါက ထိုအမှု ကိစ္စ သည် အတည် ဖြစ်ကြောင်း ဖွဲ့စည်းပုံက ဆိုထားသည်။
ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ က ပယ်ဖျက်ပိုင်ခွင့် မရှိကြောင်း သိရ သည်။
“ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုတဲ့ ကိစ္စကို တကယ်လို့ သမ္မတ က အတည်မပြုပေးဘူး၊ ပယ်ဖျက်မယ်ဆိုရင် သမ္မတ ကိုလည်းပဲ စွပ်စွဲပြစ်တင်နိုင်တယ် လို့ ဖွဲ့စည်းပုံ ဥပဒေမှာ ပြဌာန်းထားပြီးသားပါ”ဟု ဦးခိုင်မောင်ရီ က ပြောသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေ တင်သွင်းသည့်“ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သည် ဖွဲစည်းပုံအခြေခံဥပဒေ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန် စွာ မထမ်းဆောင်ခြင်းတို့အရ စွပ်စွဲ ပြစ်တင်ကြောင်း” အဆို ကို ကိုယ်စားလှယ် ၁၆၃ ဦး၏ ထောက်ခံမှုဖြင့် အတည်ပြုနိုင်ခဲ့ ခြင်း ဖြစ်သည်။
ထို့အတူ အခြေခံဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့သည် မှားယွင်းစွာ ဆောင်ရွက်မိကြောင်း ကြေညာချက် ထုတ်ပြန်ပေးရန် အဆိုတခု အား ပျော်ဘွယ်မဲ ဆန္ဒနယ်မှ ဦးမြင့်စိုး က သြဂုတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၌ တင်သွင်း ဆွေးနွေး ကြရာ ကိုယ်စားလှယ် ၆၂၉ ဦးအနက် ၄၄၇ ဦး က ထောက်ခံ၍ အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုးကမူ လွှတ်တော်၏လုပ်ဆောင်ချက်သည် တရားစီရင်ရေး အပေါ် လွှမ်းမိုးရာ ရောက်သကဲ့သို့ နိုင်ငံတကာ စံနှုန်းနှင့်ကိုက်ညီမှု မရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လည်း ကိုက်ညီမှုမရှိ၍ အတည်မပြုသင့်ကြောင်း တုံ့ပြန် ဆွေးနွေး ခဲ့သေးသည်။
“လွှတ်တော်၏ လုပ်ဆောင်မှုသည် ဖွဲ့စည်းပုံ ဥပဒေအား တန်ဖိုးမဲ့အောင် လုပ်ဆောင်သည်”ဟု ပြင်းထန်စွာ ကန့်ကွက်ပြောဆို ခဲ့သည်။
လွှတ်တော်သည် ဖွဲ့စည်းပုံ ဥပဒေကို ချိုးဖောက်သည်ဟု ဆိုကာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ စာချွန်လွှာ လျှောက်ထားကြောင်းလည်း သိရသည်။
ခုံရုံး အငြင်းပွားမှုကိစ္စသည် နှစ်ဦး နှစ်ဘက်စလုံး အဆင်ပြေစေရန် အတွက်ဟု ဆိုကာ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ထံ သမ္မတ က သ၀ဏ်လွှာပေးပို့၍ တိုက်တွန်းခဲ့သော်လည်း လွှတ်တော်မှ လက်မခံ၍ စွပ်စွဲပြစ်တင်မှု အဆင့် သို့ ရောက်ရှိခဲ့သည်။
ပြည်သူ့လွှတ်တော် ကုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပါဝင်ဆွေးနွေးခဲ့ရာတွင် နှစ်ဦး နှစ်ဘက်စလုံး၏ ဂုဏ်သိက္ခာ ထိခိုက်မှု မရှိရန် အပြန်အလှန် လေးစားမှုဖြင့် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာသင့်ကြောင်း၊ ပြည်သူ့ ဆန္ဒကို အလေး ထား သင့်ကြောင်း ဆွေးနွေးခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ကလည်း ယခုအချိန်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရမည့် အချိန် ဖြစ် ကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေ ခုံရုံး အဖွဲ့ကိုလည်း ပြည်သူများ ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ပြင်ဆင် ဖွဲ့စည်းသင့်ကြောင်း ပြောဆိုသည်။
အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ ၉ ဦးသည် ဖွဲ့စည်းပုံ ဥပဒေအရ အမျိုးသား လွှတ်တော် ဥက္ကဌ က ရွေးချယ်သူ ၃ ဦး၊ ပြည်သူ့လွှတ် တော် ဥက္ကဌ က ရွေးချယ်သူ ၃ ဦးနှင့် နိုင်ငံတော် သမ္မတ က ရွေးချယ်သူ ၃ ဦးတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
“ပြည်သူ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ ခုံရုံးအဖွဲ့ အသစ်ဖွဲ့စည်းနိုင်မယ်ဆိုရင် လာမယ့်ကာလအတွက် အကောင်းဆုံးဆောင်ရွက် နိုင်မှာပါ၊ လက်ရှိ ခုံရုံးအဖွဲ့ထဲမှာ ပညာရှင်တွေပါပေမယ့် သူတို့မှာ နီးရာဓား ကြောက်ရတာတွေ ရှိကောင်းရှိမှာပါ”ဟု ဦးခိုင်မောင်ရီ က ဆိုသည်။
လက်ရှိခုံရုံးအဖွဲ့ ၏ ဥက္ကဋ္ဌသည် ယခင် စစ်ဥပဒေချုပ် နှင့် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ဖွဲ့စည်းသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏ ပထမဆုံး ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
လက်ရှိခုံရုံးအဖွဲ့တွင် ဥက္ကဌ ဦးသိန်းစိုး အပါအ၀င် ဒေါက်တာ တင်အောင်အေး၊ ဒေါ်ခင်လှမြင့်၊ ဦးထွန်းကြည်၊ ဦးစိုးသိန်း၊ ဦးခင်ထွန်း၊ ဦးဆန်းမြင့်၊ ဦးမြင့်ကြိုင်၊ ဒေါ်မိမိရီ စသည့် ပုဂ္ဂိုလ်များဖြင့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ လတွင် ဖွဲ့စည်းခဲ့ပြီး သက်တမ်း အား ဖြင့် ပြည်ထောင်စု လွှတ်တော် အတိုင်း ၅ နှစ် တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။
ခုံရုံး အငြင်းပွားမှု ပြဿနာသည် လွှတ်တော် အသီးသီး၌ ဖွဲ့စည်းထားသော လွှတ်တော်ဆိုင်ရာ ရေးရာ ကော်မတီ၊ ကော်မရှင် စသည့် အဖွဲ့များသည် ပြည်ထောင်စု အဆင့် မဟုတ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့က ဆုံးဖြတ်ခဲ့ပြီး နောက် အပြန်အလှန်အငြင်းပွားမှု ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ လွှတ်တော်တခုလျှင် ကော်မတီ၊ ကော်မရှင် ၃၀ ၀န်းကျင်စီ ရှိကြောင်း သိရသည်။

ဘကြီးသက်
Unknown at 9:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်လိမ့်မယ် လည်ပြတ်မယ်

ဒီနေ့ ကျုပ်အသက် ၈၃ နှစ် ရှိပြီ။ နှစ်ပေါင်း ၆ဝကျော် ၇ဝ နီးပါး လောက်က အကြောင်းတွေကို တစ်ခါ တစ်ခါ ပြန်တွေးမိတယ်။ တစ်ပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ရတဲ့နေ့။ အမှောင်ကြီး ကျခဲ့တဲ့နေ့။ ကျုပ် အသက် ၁၇ နှစ်သားလောက်ရှိပြီ။ တက္ကသိုလ်ဝင်တန်း တက်နေတယ်။
တိုင်းပြည်ကြီး ဒုက္ခရောက်ပြီဆိုတာ သိတယ်။ ကျုပ်တို့ တောမြို့လေးလည်း ငရဲကျပြီဆိုတာ သိတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်း ဆောင်ကြီးတွေ လုပ်ကြံခံကြရတယ်။ တိုင်းပြည် ဒုက္ခရောက်ပြီပေါ့။ ဒီလောက် တော့ ကျုပ်သဘောပေါက်ခဲ့တယ်။ ဗိုလ်ချုပ်တို့ကို လုပ်ကြံသူတွေထဲမှာ ကျုပ်တို့ မြို့သား တစ်ယောက်ပါနေ တယ်။ ကျုပ်ထက် အသက် ၅ နှစ်ပဲ ကြီးတဲ့သူ။ ကျောင်းနေဖက်တော့ မဟုတ်ဘူး။ ကျုပ်နဲ့အတူ ပြည်သူ့ ရဲဘော်အဖွဲ့ဝင်။
ကျုပ်တို့ တောမြို့ကလေးက သေးသေးလေး။ ဒါပေမယ့် သူနဲ့ကျုပ် မရင်းဖူး။ ကောင်းကောင်းတော့ သိတာပေါ့။ သူက ဂျပန်ခေတ် တပ်မတော်သားဟောင်း။ စစ်ကြီးပြီးသွားတော့ ကျုပ်လိုပဲ ပြည်သူ့ရဲဘော် အဖွဲ့ဝင်။ ကျောင်းဘင်ခရာ တီးဝိုင်းတွေ ဘာတွေမှာ ခေါင်းဆောင်ပါတဲ့သူ။ ဗိုလ်ချုပ်အောင်ဆန်း ကိုလည်း အလွန် ကြည်ညို ကိုးကွယ်သူ။ လူက ကိုယ်လုံးတောင့်တောင့် ရုပ်ဖြောင့်ဖြောင့်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူဆုံဖူး တွေ့ဖူးလားတော့ ကျုပ်မသိဘူး။ ကျုပ်ကတော့ ဗိုလ်ချုပ်ကို တွေ့ဖူး ဆုံဖူးတယ်။ စကားတစ်ခွန်းနှစ်ခွန်း ပြောဖူးတယ်။  ကျုပ်လည်း ဗိုလ်ချုပ်ကို အသေအလဲ ကြည်ညိုတဲ့သူ။
ဂျပန်ခေတ်မှာရော စစ်ပြီးခေတ်မှာပါ ဗိုလ်ချုပ်ကို လူတိုင်း ကြည်ညိုတယ်။ ကိုးကွယ်တယ်။ အဲဒီလူတိုင်းထဲ ကျုပ်လို မြီးကောက်ပေါက်လည်း ပါတာပေါ့။ ဗိုလ်ချုပ်ကို ပစ်သတ်တဲ့ ကိုစိန်ကြီးလို နှစ်ဆယ်ကျော်သမားလဲ ပါတာပေါ့။
ကျုပ်က ၁၉၄၅  မတ်လမှာ တော်လှန်ရေး စစ်မြေပြင်ထွက်လာတဲ့  ဗိုလ်ချုပ်ကို ခရီးသွားဟန်လွဲတွေ့ လိုက်ဖူးတယ်။ ““မင်းကျောင်းနေတယ် မဟုတ်လား။ စာတတ်အောင်သင်။ တို့မှာ စစ်တိုက်မယ့်လူတွေ ရှိတယ်။ စာသင်မယ့်သူတွေ ရှားနေတယ်”” ဆိုတဲ့ စကားကို  နားထဲမှာ စွဲနေတယ်။ ၂ နှစ်လောက်ကြာတဲ့ ၁၉၄၇ ထိ နားလုံးပြည့် စွဲနေတယ်။ ကိုစိန်ကြီးလည်း ဂျပန်ခေတ်တပ်ထဲမှာ ဗိုလ်ချုပ်စကား ကြားခဲ့ဖူးမှာ မုချ။ သူကတော့ ကျုပ်လို ဗိုလ်ချုပ်စကား နားမစွဲခဲ့ဖူးနဲ့တူရဲ့။ ဒါကြောင့် ဂဠုန်ဦးစောစကား နားဝင်ခဲ့တာပေါ့။ အာဇာနည် လုပ်ကြံမှုကြီးထဲမှာ သေနတ်သမား    ဖြစ်သွားခဲ့တာပေါ့။
ကိုစိန်ကြီးက မြို့တောင်ဖက်ရပ်ကွက်မှာ နေတယ်။ ကျုပ်က မြို့မြောက်ဖက် ရပ်ကွက်မှာ နေတယ်။သူ့ဆွေမျိုး အသိုင်းအဝိုင်းက ငွေသမား၊ ကြေးသမား၊ ကုန်သည်ပွဲစားတွေ။ ကျုပ်ဆွေမျိုးသားချင်းက တပ်မတော်သား၊ နိုင်ငံရေး လှုပ်ရှားသူတွေ။ ၁၉၄၇ မှာ သူက လုပ်ကြံရေးသမား ဂေါ့ဖားသားနောက် ကောက်ကောက်ပါ သွားတယ်။  သေနတ်ကိုင်တယ်။ ကြိုးစင်တက်တယ်။ ကျုပ်က နိုင်ငံရေး လှုပ်ရှားမှုနောက် ကောက်ကောက် လိုက်သွားတယ်။ ကလောင်ကိုင်တယ်။ တက္ကသိုလ် တက်တယ်။
သူရော ကျုပ်ရော ပြည်သူ့ရဲဘော် တပ်ဖွဲ့ ဝင်တယ်။ ပြည်သူ့ရဲဘော် တပ်ဖွဲ့ခေါင်းဆောင်က ဗိုလ်မျိုးကျော်။ တော်လှန်ရေးမှာ ဗိုလ်ဗထူးတပ်နဲ့ ရှမ်းပြည် အောင်ပန်းမြို့ကို ချီခဲ့တယ်။ ဗိုလ်ဗထူး ကျဆုံးသွားတော့ တပ်ကို သူဦးစီးခဲ့တယ်။(ကျုပ်နဲ့ သားချင်း တော်တယ်။ အခု အသက် ၉ဝကျော် ပြီ။ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် မှာနေတယ်။ ဂျပန်ခေတ်စစ်တက္ကသိုလ် ဒုတိယပတ်ဆင်း။ လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်။ နိုင်ငံ့ဂုဏ်ရည် ပထမဆင့်)
ကိုစိန်ကြီး ကြိုးပေးကွပ်မျက် ခံရတယ်။ ဂဠုန်ဦးစောတို့နှင့်အတူ ပေါ့။ သူ့အသက် ၂၂ နှစ်။ နိုင်ငံတော် လုပ်ကြံမှုကြီး သတင်းက အများကြီး ထွက်နေတာကိုး။ ကျုပ်တို့မြို့ကလေး မှာ အဲဒီအကြောင်းတွေပဲ အပြောဆုံး။ အကျယ်လောင်ဆုံး စကားဝိုင်းဖွဲ့ကြ တာပေါ့။
သူ့မိဘက စီးပွားတောင့်တယ်။ ဂဠုန်ဦးစောနှင့် ရင်းတယ်။ ဂဠုန် နိုင်ငံရေး ထောက်ခံတယ်။ ၁၉၄၇ နှစ်ဆန်းပိုင်း ကျုပ်တို့မြို့ကို ဦးစော ရောက်လာတယ်။ လူမိုက်လာစုတာ။ ကိုစိန်ကြီးက ကျားကျားလျားလျား၊ ထောင်ထောင်   မောင်းမောင်း၊ မာမာ တင်းတင်း၊ မှုန်မှုန် တေတေ (ကမ္ဘာကျော် အီတလီ ဘောလုံးသမား မန်စီးတီး အသင်းသား ဘာလော့တယ်လီလို ပုံပန်းဟန်ပန်မျိုး)။
ဦးစောအဆွယ် ကောင်းတာလည်း ဟုတ်မှာပေါ့။ သူ့မိဘ တွန်းတာလည်း ဖြစ်မှာပေါ့။ ကိုစိန်ကြီးက အစောပိုင်း မှာ အင်တင်တင်ပဲတဲ့။  နောက်ပိုင်းမှ ဦးစောဘက် ပါသွားတာတဲ့။
ကိုစိန်ကြီးက ကားမောင်းတတ်တယ်။ ကားမောင်းပျော်တယ်။ ဦးစောက ဂျစ်ကားပြ ဆွယ်မှာပေါ့။ ကိုစိန်ကြီးရဲ့ ပြည်သူ့ရဲဘော်တွေက ဦးစောကို မုန်းကြတယ်။ ဦးစောကို ခယနေကြတဲ့ ကိုစိန်ကြီးနဲ့ သူ့မိသားစုကိုလည်း မျက်မုန်းကျိုး လာကြတာပေါ့။ ကိုစိန်ကြီး ဝိုင်းပယ်ခံရသလို ဖြစ်လာတယ်။ ကိုစိန်ကြီးမှာ ရည်စားသနာရှိတယ်။ မိန်းမချောလေး။ ရန်ကုန်မှာ ကျောင်းတက်တယ်။ ကွန်ဗင့်ကျောင်းသူ။ (ရည်းစားရှိရာ သွားချင်တာလည်း ပါမှာပေါ့။)ကျုပ် တက္ကသိုလ်ရောက်တဲ့နှစ် ၁၉၄၈ မှာ အဲဒီအမျိုးသမီးက ကိုစိန်ကြီးရဲ့ သူငယ်ချင်း တော်လှန်ရေး ရဲဘော်နဲ့ ညားနေပြီ။ ၁ဝ နှစ်လောက်ကြာတော့ အရမ်းချမ်းသာနေပြီ။ ကျုပ် သူတို့အိမ် အမြဲရောက်တယ်။ ကိုစိန်ကြီး အကြောင်းတော့ စကားမဟဖြစ်ဘူး။
ကိုစိန်ကြီး ကြိုးတိုက်(လူသတ် ရာဇဝတ်ကောင်တွေထားတဲ့ ထောင်အခန်း)ရောက်တော့ သူ့ရည်းစားက ထောင်ဝင်စာ လာတွေသတဲ့။ ကိုစိန်ကြီးက သူ့ပိုင်ပစ္စည်း ၆ဝဝ ကျပ်ဖိုး လောက်ကို သူ့ရည်းစားနဲ့  သူ့ သူငယ်ချင်း ရဲဘော်မင်္ဂလာဆောင်ရင် လက်ဖွဲ့ဖို့ စာရေးထားခဲ့သတဲ့။ ဒီဘဝ ဒီမျှသာ နောင်ဘဝပေါင်းကြစို့ရဲ့ သဘောသွားနဲ့ အလွမ်းစာလေးတောင် ရေးခဲ့သေးတယ်တဲ့။
ကိုစိန်ကြီးအကြောင်း မကောင်းသတင်း ကောင်းသတင်းတွေ အများကြီး ထွက်ခဲ့တယ်။ လုပ်ကြံမှုကြီးဟာ ဧရာမ အမှားကြီးပဲ။ နိုင်ငံရေးသစ္စာ ဖောက်မှုကြီးပဲ။ ဦးစောဟာ သမိုင်းရာဇဝတ်ကောင်ပဲ။ နိုင်ငံရေး ဒေဝဒတ်ပဲ။ သူလူပေါင်း မှားခဲ့ပြီ။ သမိုင်းကြွေးကို အသက်ပေးပြီး ဆပ်ရတော့မယ်။ သူနောင်တရပြီ။ ဦးစောဟာ လူယုတ်မာကြီး ဆိုတာ သူသိပြီ။ ဦးစောကို သူမုန်းပြီ။ တရားခွင် ရောက်တော့ ဦးစောကို လုံးဝအဖက်မလုပ်တော့ ။ လှည့်မကြည့်တော့။ မေးထူးခေါ်ပြောတောင် မလုပ်တော့။ ဦးစောငှားပေးတဲ့ ရှေ့နေကို သူလက်မခံ။ ရှေ့နေမငှားဘူးလို့ ရုံးတော်ကို ငြင်းတယ်။ ဦးစောကခေါ်လည်း လှည့်မကြည့်။ ဦးစော ပေးတဲ့ အဝတ်အစားတွေ တောင်မယူ။
မကောင်းသတင်းတွေလည်း ထွက်သေးတယ်။ ကြိုးစင် တက်ရမယ့်ရက်မှာ ကိုစိန်ကြီးက ဗိုလ်ချုပ်အောင်ဆန်း တို့ကို ဆဲသတဲ့။ ကြိုးစင် ပေါ်ရောက်တော့လည်း ဗိုလ်ချုပ်တို့ကို မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာ သွားသတဲ့။
နိုင်ငံတော် လုပ်ကြံမှုကြီး တရားခံ အဖြစ်နဲ့ ကိုစိန်ကြီး ကြိုးစင်တက်ရတော့ ငယ်သေးတာပေါ့။
လပိုင်းလောက် ကာလတိုလေး အတွင်းမှာ လူငယ်တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ ဘယ်လိုကြောင့်များ ဇောက်ထိုးမိုးမျှော် ပြောင်းလဲခဲ့ရသလဲ။ နှစ်နှစ်ကာကာကြီး ချစ်ခင်မြတ်နိုး ယုံကြည်ကိုးကွယ်ခဲ့သူကို လုပ်ကြံသတ်ဖြတ်တဲ့အထိ ဖောက်ပြန် မိုက်မှားခဲ့ရသလဲ။ ရိုင်းစိုင်းရမ်းကားတဲ့၊ ရက်စက်မိုက်ကန်းတဲ့ မျိုးရိုးဗီဇ ကြောင့်လား။ အနောက်တိုင်းသမိုင်း ဝတ္တုတွေထဲက လူရဲလူရမ်း၊ လူကြမ်း လူမာတွေ ပေါက်ဖွားတဲ့  ဂပ်စကွန် နယ်သားတွေလို မြန်မာလူရမ်းကားတွေ ထွက်တဲ့ သာယာဝတီနယ်သား ဖြစ်လို့ ဒီလိုအပြစ်မျိုး ကျူးလွန်တာလား။
လူငယ်ဘာဝ လောကမှာ ကောင်းစားချင်တဲ့ အမုန်းစိတ် အမိုက်စိတ်တွေ ဖိစီးလွှမ်းမိုးခံရလို့လား။ ချစ်သူ ရည်းစားနဲ့ မြန်မြန်ညားပြီး ကြီးပွားချင်စိတ်နဲ့ လမ်းမှားလိုက်ခဲ့တာလား။
ရဲဘော်ရဲဘက်တွေက သူ့ကို ဦးစောဘက် ခြံခုန်ဖို့ ဟန်ပြင်နေတယ်လို့ တံဆိပ်ကပ်ပြီး ဖယ်ကျဉ်ချင်သလိုလို လုပ်လာကြလို့ သူကတစ်လှည့် အရွဲတိုက်ပြီး ဦးစောဘက်ခြေစုံ ပစ်ဝင်လိုက်တာလား။
ကိုစိန်ကြီးဟာ ဆရာကြီးဦးဖိုးကွန်း (နောင်အခါ ပြည်သူ့ရဲဘော်ဌာန ချုပ်ခေါင်းဆောင်၊ ဖဆပလဝန်ကြီး၊ သံအမတ်ဗိုလ်မှူးဖိုးကွန်း)လို ထင်ရှား တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ အမျိုးသားကျောင်းမှာ ကျောင်းသားဖြစ်ခဲ့တယ်။ အလယ်တန်း အဆင့်လောက်ပဲ စာသင်ဖူးတယ်။ စာမတတ် ပေမတတ် အသိ ဉာဏ်နုံနဲ့တဲ့ လူဖျင်းလူညံ့ ဖြစ်လို့လား။
သူရဲ့ ကျောင်းနေဖက်တွေထဲက ကိုစောလွင်(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးမင်းခေါင်)တို့ ကိုအောင်မြင့် (နောင် ကွန်မြူနစ်ပါတီအထက် မြန်မာပြည်တာဝန်ခံ)တို့၊ ကိုကြည်အေး (နောင်ဗြိတိန် စစ်တက္ကသိုလ် ဆင်းဟတ် ကျောင်းဆင်း၊ မေမြို့စစ် တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ဝန်ကြီး) တို့လို ထူးချွန်ပေါက်မြောက်သွားသူ တွေကို ပခုံးချင်း ယှဉ်ချင်လို့လား။
အကြောင်းတရား တွေကတော့ မျိုးစုံအောင် ရှိမှာပေါ့လေ။
ယတိပြတ် ပြောနိုင်တဲ့အကြောင်း တရားတစ်ခုကတော့ လူငယ်မျိုးဆက်သစ်တွေကို လမ်းမလွှဲအောင်၊ လမ်း မမှားအောင် သွန်သင်လမ်းပြတဲ့လုပ်ငန်းတွေပြုလုပ်ဖို့ လစ်ဟာ ပျက်ကွက်တာကြောင့်ဖြစ်တယ်။ အပြန်အလှန် သဘောပြောမယ်ဆိုရင် လမ်းမှန်ကို သိမ်းသွင်းလမ်းညွှန်ဖို့ လျော့ပါး အားနည်းတာကြောင့်ဖြစ်တယ်။
ဒါဟာ အာဇာနည်ခေါင်းဆောင် ကြီးတွေ ကျဆုံးခဲ့ရတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီးရဲ့ သင်ခန်းစာပဲ။
ဒီသင်ခန်းစာဟာ ဒီနေ့ဒီခါ နှစ်ပေါင်း ၆ဝ ကျော်၊ ၇ဝ ကုန်လွန် လာတဲ့ အချိန်ကာလအထိလည်းပဲ ကောင်းကောင်းကြီး မှတ်သားသင်ယူနေရမဲ့ အသိပညာပဲရယ်လို့  လက်ခံနေကြရမှာဖြစ်ပါတယ်။
ခေါင်းဆောင်ကြီး ခေါင်းဆောင်ငယ်တို့…။ ခေတ်လူငယ် မျိုးဆက် သစ်တွေရဲ့စကားကို နားလည်အောင် သင်ယူကြပါ။ ခေတ်လူငယ် လူသစ်တွေရဲ့ ဓါးကို အသွားတစ်ဖက်လား အမှားနှစ်ဖက်လား သိမြင်အောင် ဆင်ခြင်ကြပါ။ ခေတ်လူငယ် လူသစ်တွေကို အမှားပြင်ပေးကြပါ။ ခေတ်လူငယ် လူသစ်တွေကို အမှန်သင် ပေးကြပါ။
အမှောင်ခေတ်အလွန် တစ်ဘူတာမှာ ခေတ်လူငယ်စကားတွေ အများကြီး စောင့်နေတတ်တယ်။ ခေတ် လူငယ်တရားတွေ အများကြီး စောင့်နေတတ်တယ်။ ခေတ်လူငယ်ဓားတွေ အများကြီး စောင့်နေတတ်တယ်။
ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓားနားမလည်ရင် နားပြတ်တတ်တယ်ဗျို့။ နားလောက် ပြတ်ရင် ခံသာသေး။ လည်ပြတ်ရင် အာဇာနည် ဇာတ် တစ်ပတ်ကျော့ နိုင်တယ်ဗျ။ မှတ်ထားကြ။
ကျုပ်ပြောပြချင်တာ ဒါပါပဲ။
ဟံသာဝတီ ဦးဝင်းတင်
Myanmar Independent News journal မှ ရယူဖော်ပြခြင်းဖြစ်ပါသည် ။

ဘကြီးသက်
Unknown at 9:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဦးပိုင် သိမ်းသည့်မြေများ ပြန်ရရေး “ယာသိမ်းတိုက်ပွဲ” ဆင်နွှဲ

ယာသိမ်းတိုက်ပွဲ ဆင်နွှဲနေစဉ် (ဓာတ်ပုံ – OpenSociety / Facebook)
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီ စီမံကိန်းအတွက် အသိမ်းခံထားရသည့်မြေများ ပြန်ရရှိရေး အတွက် မူရင်းယာပိုင်ရှင် တောင်သူများက “ယာသိမ်းတိုက်ပွဲ” ဆင်နွှဲနေကြောင်း သတင်းရရှိသည်။
၂၀၁၀ ခုနှစ်က ဒေသခံတို့၏ မြေများပေါ်တွင် ဓာတ်သတ္ထုရှာဖွေခြင်းကြောင့် စိုက်ခင်းပျက်စီးမှုများအတွက် သီးနှံလျော်ကြေး အဖြစ် ပြော၍ ပေးချေထားသည့် အခကျေးငွေကို ယခုနှစ်ထဲ၌ မြေလျော်ကြေး အဖြစ် ပြောင်းလဲပြောဆိုလိုက်ပြီးနောက် ဒေသခံများက ၎င်းတို့ မြေများကို ကာကွယ်ရန် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်းသိရသည်။
“အသိမ်းခံထားရတဲ့ ကျနော်တို့ ယာတွေထဲမှာ ကျနော်တို့ က တဲတွေသွားပြန်ဆောက်ထားတယ်၊ တချို့တဲတွေကိုလည်း လုံထိန်း တွေက ပြန်ဖျက်တယ်၊ ကျနော်တို့ကတော့ ယာမြေတွေ ပြန်လည်ရရှိသည်အထိ ကျနော်တို့က တိုက်ပွဲဝင်သွားမှာ”ဟု ဝက်မှေးရွာသား ဦးအောင်ဇော်ဦး က ဧရာဝတီသို့ ပြောသည်။
ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့က ၂၀၁၁ ခုနှစ်ထဲမှ စ၍ အကျိုးတူ ပူးပေါင်း လုပ်ဆောင်နေခြင်း ဖြစ်ပြီး စီမံကိန်းအတွင်း ကျရောက်နေသော ကျေးရွာ ၂၆ ရွာ၏ မြေဧက ၇၈၀၀ ကျော်တို့ကို သိမ်းယူ လုပ်ကိုင် နေခြင်းဖြစ်သည်။
ယင်းသို့ သိမ်းယူ၍ စီမံကိန်းစတင်လုပ်ဆောင်ရာ ကာလတွင် တစ်ဧကလျင် ကျပ် ၅ သိန်း ၂ သောင်းနှုန်းဖြင့် သီးနှံလျော်ကြေး အဖြစ် ထိုအခါက ရွာခံများကို မုံရွာခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်း က ပြောဆိုခဲ့ပြီး ယခုနှစ်တွင် ဦးခင်မောင်ဆန်း အပါ အဝင် စစ်ကိုင်းတိုင်း ဝန်ကြီး ဦးသာအေးတို့က မြေလျော်ကြေးအဖြစ် ပေးချေခဲ့ခြင်းဖြစ်ကြောင်း ပြောင်းလဲပြောဆိုလာ သဖြင့် မြေများ ပြန်ရရန် တိုက်ပွဲဝင်ကြခြင်းဖြစ်သည်ဟုဆိုသည်။
“ကျနော်တို့ယူခဲ့စဉ်တုန်းကလည်း ၃ နှစ်စာ သီးနှံလျော်ကြေးဆိုပြီး ယူခဲ့တာ၊ မြေယာလျော်ကြေးအဖြစ် ယူခဲ့တာမဟုတ်ဘူး၊ နောက်မှ ဝန်ကြီးချုပ် ဦးသာအေးကိုယ်တိုင်က မြေယာလျော်ကြေးလို့ပြောပြီးတော့ လျော်ကြေးကို နှစ်ခါပေးရိုးထုံးစံမရှိဘူးလို့ ပြောတယ်။ ကျနော်တို့ကလည်း မြေယာလျော်ကြေးပေးမယ်ဆိုရင်လည်း လက်မခံနိုင်ပါဘူး၊ ရေရှည်လုပ်ကိုင်ပြီး ဘဝရပ်တည်လို့ ရမယ့် ကျနော်တို့မြေတွေကိုပဲလိုချင်တယ်” ဟု မြေသိမ်းခံ တောင်သူ တစ်ဦးက ပြောသည်။
ယခုလ ၂၄ ရက်နေ့မှ စတင်ခဲ့သော “ယာသိမ်းတိုက်ပွဲ” ယမန်နေ့ညနေပိုင်းကလည်း ဆက်လက် ဆင်နွှဲခဲ့ပြီး ဝက်မှေး၊ ဇီးတော၊ ဆည်တဲနှင့် ကန်တော အပါအဝင် ယာသိမ်းခံထားရသော ကျေးရွာများမှ တောင်သူ ၅၀၀ ကျော်က ၎င်းတို့ပိုင်ဆိုင်ခဲ့သော ယာမြေများသို့ သွား၍ ယာတဲများထိုးကာ သက်သေထူ တိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည်။
ယင်းသို့လုပ်ဆောင်ရာတွင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော လုံထိန်းတပ်ဖွဲ့ အင်အား ၃၀၀ ခန့် ကလည်း စောင့်ကြည့် နေခဲ့ပြီး နှောင့်ယှက်မှု တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းမရှိဟု တောင်သူများက ပြောသည်။
ယခုလ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း လွှတ်တော် ဒု ဥက္ကဌနှင့် ဦးပိုင်လီမိတက်မှ ဦးဝင်းကြည်တို့က စာနယ်ဇင်း များအား ခေါ်ယူ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် သိမ်းမြေများနှင့် ပတ်သက်၍ ရွှေ့ပြောင်းရမည့် တောင်သူများ အတွက် မြေယာ သီးနှံလျော်ကြေး၊ နှစ်ရှည်သီးနှံ လျော်ကြေးများ အတွက် ကျပ် သန်းပေါင်း ၉၀၀၀ ကျော် ပေးလျော်ခဲ့ပြီးဖြစ်ကြောင်းပြောသည်။
တောင်သူများကမူ ထိုသတင်းစာရှင်းလင်းပွဲသည် ၎င်းတို့၏ နစ်နာမှုများကို လျစ်လျူရှု၍ အဓမ္မသိမ်းယူထားသည့် မြေများကို အများအမြင်တွင် တရားဝင်စေရန် တစ်ဖက်သတ်လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း အစိုးရအပါအဝင် စီမံကိန်းကုမ္ပဏီများက ၎င်းတို့အား တရားဝင် တွေ့ဆုံဖြေရှင်းခြင်းမရှိကြောင်း ပြောဆိုကြသည်။
ယမန်နေ့မွန်းလွဲပိုင်းက ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ဦးထွန်းမြင့်အောင်နှင့် ဦးမျိုးသန့်တို့က ဦးပိုင် ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ၊ စီမံကိန်းတာဝန်ခံ ဦးမြင့်အောင်၊ တိုင်းလွှတ်တော် ဒုဥက္ကဌ ဦးသောင်းစိန်၊ တိုင်းသတ္ထုတွင်း ဝန်ကြီးဌာန တာဝန်ရှိသူ ဦးသန်းထိုက်၊ တိုင်းမြေစာရင်းဌာန ဦးစီးမှူး၊ တိုင်းအဆင့် ဥပဒေ အရာရှိချုပ်တို့နှင့် တွေ့ဆုံဖြစ်ကြောင်း ဦးမျိုးသန့် က ပြောသည်။
“ကျနော်တို့က ပထမအကြိမ် ပွင့်လင်းလူ့အဖွဲ့အစည်း အစီအစဉ်နဲ့ လာတုန်းက သူတို့ဘက်ကနေပြီး တောင်သူတွေ စကား တစ်ဘက်ထဲကိုပဲ နားမထောင်ပါနဲ့ ကျနော်တို့ ဘက်ကပြောတာကိုလည်း နားထောင်ပါဦးဆိုပြီး ကမ်းလှမ်းထားတာရှိလို့ သွားနာထောင်တာပဲဖြစ်တယ်၊ ညှိနှိုင်းဆွေးနွေးတာမဟုတ်ပါဘူး” ဟု ဦးမျိုးသန့်က ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း ဒသခံများနစ်နာနေသည့်ကိစ္စရပ်များကို ကုစားပေးဖို့ အစိုးရတွင်တာဝန်ရှိကြောင်း၊ တိုင်းဒေသကြီးက လုပ်ကိုင် ဖြေရှင်း မပေးနိုင်ပါက ပြည်ထောင်စုအစိုးရတွင်တာဝန်ရှိကြောင်း အသိပေးပြောဆိုခဲ့သည်ဟု သူကဆက်ပြောသည်။
“ကျနော်တို့ အမြင်အရတော့ ကျိန်းသေတာကတော့ ဒေသခံတွေ ဒီအတိုင်းသွားရင် အများကြီး နစ်နာပါတယ်၊ ခုတော့ နှစ်ဖက်နားတွေ စုံသွားပြီး သူတို့ပြောတဲ့ အနေအထားအရ တစ်ဧကကို ၅ သိန်းနှုန်းလောက်ပေးထားတာက ဒါလုံလောက်တဲ့ လျော်ကြေးမဟုတ်ဘူး၊ နစ်နာကြေးကို နစ်နာကြေးဆိုတဲ့ အသုံးအနှုန်းမဟုတ်ဘဲနဲ့ ကရုနာကြေးဆိုပြီး သူတို့ကို တစ်သက်လုံး ကျေးဇူးတင်နေရမယ့် စကားလုံးတွေ သုံးတာကိုလည်း ကျနော်တို့ သဘောမတူပါဘူး”ဟု ဦးမျိုးသန့်ကပြောသည်။
သူကဆက်ပြီး “ဘယ်လောက်ပေးပေး သိန်းထောင်နဲ့ချီပြီးပေးပေး ငွေဆိုတာ ကုန်သွားမှာ ဖြစ်တဲ့အတွက် ဘဝအာမခံချက်ရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေမှ မရဘူးဆိုလို့ရှိရင် ဒီမြေတွေကနေ မစွန့်ခွာတာ တောင်သူတွေအတွက် တရားမျှတမှု ရှိတယ်လို့ ကျနော်ကတော့ မြင်ပါတယ်” ဟုပြောသည်။
ယာမြေများ ပြန်ရရေးအတွက် လမ်းလျှောက် ချီတက်လာသော တောင်သူများ (ဓာတ်ပုံ – OpenSociety / Facebook)
၈၈ မျိုးဆက်ကျောင်းသားများအနေနှင့် “ယာသိမ်းတိုက်ပွဲ”ဆင်နွှဲနေသော တောင်သူများနှင့်လည်း ကွင်းဆင်းတွေ့ဆုံဖြစ်ခဲ့ ကြောင်း၊ လယ်မြေများအသိမ်းခံရသည့် တောင်သူများမှာ ဆင်းရဲဒုက္ခကြုံတွေ့နေရကြောင်း၊ အနာဂတ်ပျောက်နေသည့် တောင်သူများအတွက် စိုးရိမ်ဖွယ်တွေ့မြင်ခဲ့ရကြောင်း ဦးထွန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။
“ဒီစီမံကိန်းက ဒီဒေသ ဖွံ့ဖြိုးရေး အတွက် ဘယ်လောက်သုံးမှာလည်း ဆိုတာကိုလည်း သူတို့ဘာမှမသိရဘူး၊ အဲတော့ ယုံကြည်မှု တွေက မရှိဘူးဗျာ၊ သူတို့ဘဝ အနာဂတ်အတွက် ဘာမှ မသေချာတော့တဲ့ အခါမှာ ရွာသူရွာသားတွေက ဖြစ်ချင်ရာဖြစ်၊ သတ်ချင် လည်းသတ်၊ သူတို့မြေကိုတော့ ခုခံကာကွယ်မယ်ဆိုတဲ့အနေ အထားမျိုးတွေထိ ဖြစ်လာတယ်”ဟု ဦးထွန်းမြင့်အောင်က ပြောသည်။
ကြေးနီတူးဖော်မှုကြောင့်၊ ဒေသတွင်း၊ မြေယာများနှင့် လက်ပံတောင်းတောင်တန်းကြီးလည်း ပျောက်လုနီးဖြစ်နေပြီဖြစ်ကြောင်း၊ ယင်းသို့ကြောင့် သဘာဝ အမွေအနှစ်များနှင့် သဘာဝ ပတ်ဝန်ကျင် ပျက်စီးနေမှုများ ထိန်းသိမ်းနိုင်ရန်အတွက်၊ အစိုးရအဖွဲ့များ အရပ်ဘက်အဖွဲ့အစည်းများထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်းပြောသည်။
ထို့အတူ ဒေသခံ တောင်သူလယ်သမားများ တိုးတက်ရေး၊ ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ပြည်သူလူထု အာမ ခံချက် ရှိနိုင်မည့် မြေယာဥပဒေ ပေါ်ပေါက်လာရေးအတွက် လွှတ်တော်တွင်း၌ ရောက်ရှိရန် ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ လွှတ်တော်ပြင်ပ အရပ်ဘက်အဖွဲ့အစည်း အသီးသီးနှင့်လည်း လှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးထွန်းမြင့်အောင်က ပြောသည်။
 ဧရာဝတီ
ဘကြီးသက်
Unknown at 9:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စာရင်းမှန်စေချင်သူ-

 
န၀တ နအဖ စစ်အစိုးရ ပါ ဆိုနေမှ ပြည်သူ့သဘောမပါဘဲ အချိန်မရွေး black list လုပ်နိုင် -ပယ်ဖျက်နိုင်တာပဲ။အခု ဘလက်ခ် လစ်စ်က ပယ်ဖျက်လိုက်တာက ၂မျိုး ဖြစ်နေတာ တွေ့ရတယ်။မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသား ဆိုပြီး စာရင်း၂မျိုးတွေ့ ရတယ်။black list မှ ပယ်ဖျက်လိုက်တဲ့ မြန်မာနိုင်ငံသား စာရင်းထဲမှာ နာမည်ပါနေသူဟာ ထုတ်ပြန်တဲ့နေ့မှာ မိမိဟာ မြန်မာနိုင်ငံသား ဖြစ်နေဆဲလား။မြန်မာနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီး နိုင်ငံခြားတိုင်းပြည် တခုခုမှာ နိုင်ငံခြားသား ခံယူထားပြီးတဲ့ နိုင်ငံခြားသား ဖြစ်နေသူလား။
(မိမိကိုယ်ကို မိမိ မလိမ်မညာတမ်း စမ်းစစ်ကြည့်ပါ။မိမိကိုယ်သာ မိမိ အသိဆုံးပါ။)
ယခု သမတ သိန်းစိန် အစိုးရက ပယ်ဖျက်လိုက်တဲ့ စာရင်း ၂ခုထဲမှာ မိမိဟာ မြန်မာနိုင်ငံသား စာရင်းထဲမှာ ပါဝင်နေလား။နိုင်ငံခြားသား စာရင်းထဲမှာ ပါဝင်နေလား။သေချာပြန်စစ်ပါ။
ယခုအချိန်မှာ မိမိဟာ တိုင်းတပါးမှာ နိုင်ငံခြားသား ဖြစ်နေပေမယ့် ပယ်ဖျက်တဲ့ မြန်မာနိုင်ငံသား စာရင်းမှာ ပါဝင်နေသူဆိုရင် ထုတ်ပြန်တဲ့ စာရင်း မှားယွင်းတဲ့ အတွက် ခံစားခွင့်လည်း သက်ရောက်မှု လွဲနိုင်ပါတယ်။(ဥပမာ တခု ပြရရင်- မိုးသီးဇွန် ကို ဘလက်ခ်လစ်စ်မှ ပယ်
ဖျက်တဲ့ မြန်မာနိုင်ငံသား စာရင်းမှာ ထည့်ထားတာ ဆိုပေမယ့် သူက အမေရိကန် နိုင်ငံသား (နိုင်ငံခြားသား) ဖြစ်နေသူပါ။တကယ်ထည့်ရမှာက သူလို လူမျိုးတွေကို ဘလက်ခ်လစ်စ်မှ ပယ်ဖျက်တဲ့ နိုင်ငံခြားသား စာရင်းထဲမှာ ထည့်သွင်းရမှာပါ။)
(( ဒါ့ကြောင့် ဒီနေရာကနေပဲ သိန်းစိန်အစိုးရ စာရင်းပြုစုသူတွေကို စာရင်းမှန် ထပ်မံပြုစုပေးကြပါ လို့ဝေဖန် နှိုးဆော်လိုက်ပါတယ်။
ဒီ ဝေဖန်စာကို သမတရုံးနဲ့  စာရင်းပြုစုသူတို့၏ အီးမေးလ်နဲ့ဖေ့စ်ဘွတ်ခ် တွေကို ရှယ်ပေးကြပါ။))
စာရင်းမှန်စေချင်သူ-
အိုးဝေအောင်။
၈-၃၀-၁၂

ဘကြီးသက်
Unknown at 9:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြို့ပတ်ဆင်ခြေဖုံး ရထားစီးသူများ အသိပေးချက် ထုတ်ပြန်ထား





ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ရေကူးဘူတာရုံ လက်မှတ်အရောင်းဌာနတွင် သြဂုတ်၂၃ ရက်က မြန်မာ့မီးရထားမှ မြို့ပတ်ဆင်ခြေဖုံး ရထားစီးခရီးသည်များသို့ အသိပေး ကြေညာချက် ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။ အသိပေးချက်တွင် ခရီးသည်များအနေဖြင့် ရထားတစ်ကြိမ် စီးနင်းပြီးတိုင်း ရောက်ရှိသည့် ခရီးဆုံးဘူတာတွင် ခရီးစဉ်တစ်ခုလက်မှတ် ပြန်အပ်နှံထားခဲ့ရပါမည်။ ခရီးသည်တစ်ဦးအတွက် ငွေကျပ် ၁၀၀ တန် လက်မှတ် တစ်စောင်လျှင် ခရီးစဉ်နှစ်ခု စီးနင်းနိုင်ရန် ရည်ရွယ်ရောင်းချပေးခြင်း ဖြစ်ရာ ခရီးစဉ်နှစ်ခုထက် ပိုမိုပါက လက်မှတ်ထပ်မံ ဝယ်ယူစီးနင်းရပါမည်။ အသုံးပြုပြီးသော လက်မှတ်အား အခြားခရီးသွားများကို လက်ဆင့်ကမ်း ပေးခြင်းသည် မြန်မာ့မီးရထား၏ ဝင်ငွေကို ထိခိုက်ကျဆင်းစေရုံသာမက မြန်မာ့မီးရထား၏ ဥပဒေကို ချိုးဖောက်ရာ ရောက်သဖြင့် လက်မှတ် လက်ဆင့်ကမ်းပေးခြင်း မပြုလုပ်ကြပါရန် ခရီးသည်များသို့ မြန်မာ့မီးရထားမှ အသိပေး ကြေညာထားကြောင်း သိရှိရသည်။
ဘကြီးသက်
Unknown at 9:01 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘယ်အတိုင်းအတာအထိ စွပ်စွဲ ပြစ်တင်ကြမည်လဲ

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက နိုင်ငံတော် အာဏာအရပ်ရပ်ကို အစိုးရသစ်သို့ လွှဲပြောင်းပေးအပ်ပြီး မိမိတို့ အဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခြင်းနှင့်အတူ မြန်မာနိုင်ငံ၌ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် အာဏာပိုင်စနစ် ချုပ်ငြိမ်း၍ အာဏာပြိုင်စနစ် စတင်ခဲ့သည်။

          အာဏာပြိုင်စနစ်ဟူသည်ကား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် အညီ ဖွဲ့စည်းသည့် နိုင်ငံတော် ယန္တရားသစ်၌ အာဏာများ ခွဲဝေသော စနစ်တစ်ခု ပါရှိလာခဲ့ခြင်းကို ဆိုလိုသည်။
          အခြေခံဥပဒေပုဒ်မ ၁၁ (က) တွင် “နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်း ခြင်းတို့ ပြုသည်” ဟု ဖော်ပြထားသည်။
          အာဏာကို တစ်ဦး တစ်ဖွဲ့တည်း လက်ဝယ်မထားဘဲ ကဏ္ဍအသီးသီးသို့ ခွဲခြား ထားရှိခြင်း (separation of power) နှင့် အာဏာ ကဏ္ဍအချင်းချင်း တစ်ဦး လွဲမှား လွန်ကျွံလျှင် တစ်ဦးက ထိန်းကွပ်ခြင်း (checks and balances)စနစ်သည် ဒီမိုကရေစီ၏ အရေးကြီးသော လက္ခဏာရပ်တစ်ခုဖြစ်ရာ သည်စနစ် ပါရှိလာခြင်းသည် အုပ်စိုးခံ ပြည်သူတို့ အတွက် နှစ်သက်စရာ ဖြစ်သည်။
          သို့သော် ပြဿနာက အာဏာရှိသူ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း အမှုကို မည်သို့ပြုမည်လဲ။
          ဒါက နှစ်ပေါင်း ၅၀ အတွင်း မြန်မာလူထု မမြင်ဖူး မတွေ့ ဖူးသော အခြင်းအရာတစ်ခုဖြစ်သည်။ အာဏာကိုင်တွယ်သုံးစွဲ သူများ ကိုယ်တိုင်လည်း သည်လို အတွေ့အကြုံမျိုး မရှိခဲ့ကြ။
          သို့သော်၊ သည်ကိစ်္စနှင့် စပ်လျဉ်း၍ အတော် စောစောကတည်းက ကျကျနန တွက်ဆ ထားမှုများ ရှိခဲ့သည်ဟုတော့ ဆိုနိုင်သည်။
          လွှတ်တော်ယန္တရားများ စတင် အရှိန်ယူကြသည့် ပြီးခဲ့သည့်နှစ် သြဂုတ်လ ပထမအကြိမ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများ ကျင်းပစဉ်က လွှတ်တော် အကြီးအကဲများ နှုတ်ခွန်းဆက် မိန့်ခွန်းအသီးသီး ပြောကြားရာတွင် “ထိန်းကျောင်းမှုစနစ်” အကြောင်း လမ်းဩန်ထားတာတွေ ရှိခဲ့သည်။
          ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက၊
          သမ္မတက အုပ်ချုပ်ရေးအာဏာ ကျင့်သုံးပြီး လွှတ်တော်က ဥပဒေပြုအာဏာ ရယူ ဆောင်ရွက်နေသည့် ဖွဲ့စည်းပုံ အနေအထားကို ထောက်ပြကာ လွှတ်တော်က စည်းလုံး ညီညွတ်စွာ ဆောင်ရွက်ကြဖို့ လိုကြောင်း အစချီပြီး၊
          လွှတ်တော်က ပြဋ္ဌာန်းပေးလိုက်သော ဥပဒေများကို ထပ်ဆင့် ထုတ်ပြန်ခွင့် အပ်နှင်းခြင်းခံရသော အဖွဲ့အစည်း အသီးသီး၏ ထုတ်ပြန်သော ဥပဒေများဖြစ်သည့် နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ ကြော်ငြာစာ၊ လုပ်ထုံးလုပ်နည်း၊ လက်စွဲများသည် မူလ လွှတ်တော်က ပြဋ္ဌာန်းခဲ့သော ဥပဒေများနှင့် ညီညွတ်မှု ရှိ မရှိကို ဆန်းစစ်နေရမည် ဖြစ်သကဲ့သို့ နိုင်ငံတော်အတွင်းရှိ အဖွဲ့အစည်းများနှင့် နိုင်ငံသား အားလုံးက လိုက်နာ ကျင့်သုံးရေးနှင့် အပြန်အလှန် ထိန်းညှိ ကူညီ ဆောင်ရွက်ရေး အတွက် ပါဝင်ပေးရမည် ဖြစ်ကြောင်း။
          စသဖြင့် ပြောဆိုခဲ့ရာ အုပ်ချုပ်ရေးပိုင်း ပုဂ်္ဂိုလ်တို့ အာဏာ သုံးစွဲရာ၌ လွဲချော် လွန်ကျွံမှု မရှိရအောင် ထိန်းကျောင်းကြရန် တိုက်တွန်းထားခြင်း ဖြစ်သည်။
          အလားတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း၊
          လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်၊
          အဓိက တာဝန်မှာ ဥပဒေပြုရေးပင် ဖြစ်ကြောင်း၊
          ထို့ပြင် ပြည်သူတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ရန်အတွက် လွှတ်တော်တွင် မေးခွန်းများ မေးမြန်းခြင်းနှင့် အဆိုများ တင်သွင်းခြင်းတို့ကိုလည်း ဆောင်ရွက်ခွင့်ရှိကြောင်း၊
          (သို့သော်) အုပ်ချုပ်ရေးကဏ္ဍနှင့် တရားစီရင်ရေးကဏ္ဍများအား ထိန်းညှိမည်ဆိုလျှင် ဥပဒေပြုခြင်း၊ မေးခွန်းမေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်း နည်းလမ်းများဖြင့်သာ ထိန်းညှိခွင့် ရှိကြောင်း၊
          ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်  ကြံ့ခိုင်ရေးတို့အတွက် လွှတ်တော်၌ မေးခွန်းထုတ်သည့်အခါ ပုဂ်္ဂိုလ်ရေး တိုက်ခိုက်မှု မပါဘဲ မေးမြန်းနိုင်ကြောင်း စသဖြင့် ပြောကြားခဲ့သည်။
          လွှတ်တော်များက ထိုသို့ ပြောဆိုစဉ် အုပ်ချုပ်ရေးအာဏာ၏ အကြီးအကဲဖြစ်သော သမ္မတကလည်း၊
          ပြည်သူ့အစိုးရဖြစ်နေပြီဖြစ်တဲ့အတွက် ပြည်သူလူထု အကျိုးစီးပွားကို ဦးထိပ် ထားရပါ့မယ်။ ပြည်သူလူထု စိတ်ကျေနပ်မှု၊ ပြည်သူလူထု စိတ်ချမ်းသာမှုကို ထမ်းဆောင်ကြတဲ့၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ယုံကြည်ကိုးစားအားထားမှုကို ခံယူထိုက်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ပညာပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ခေတ်ပြောင်းနေပြီဖြစ်တဲ့အတွက် စနစ်ကိုပါ ပြောင်းလဲနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရာမှာ လုပ်နည်းလုပ်ဟန်တွေ၊ ကြိုးနီစနစ်တွေ ဆက်လက် စွဲကိုင် ထားသူတွေ၊ တာဝန်သိမှု၊ တာဝန်ယူမှု ကင်းမဲ့ပြီး အဂတိလိုက်စားမှုများကိုလည်း ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
          စသဖြင့် မိမိဘက်က ဆောင်ရွက်ချက်ကို လွှတ်တော်သို့ အသိပေး ပြောကြားတာ တွေ့ရသည်။
          အုပ်ချုပ်ရေးအာဏာပိုင်နှင့် ဥပဒေပြုအာဏာပိုင်တို့၏ အဆိုပါ သဘောထားများသည် လည်း ပြည်သူတို့အတွက် နှစ်သက်ဖွယ် ဖြစ်ခဲ့ပါသည်။
          သို့သော် ပြီးခဲ့သည့် တစ်နှစ်တာကာလကို ကျော်လွှား၍ သည်ကနေ့ အနေအထားကို ကြည့်သည့်အခါ  ဥပဒေပြု မဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့ အပြန်အလှန် ထိန်းကျောင်းသော အပြုအမူများက အားပြိုင်သော အသွင်သ္ဌာန်သာမက ထိပ်တိုက် ရင်ဆိုင်သော အသွင်သဏ္ဌာန်မျိုးအထိ ဆောင်လာနေတာ တွေ့ရသည်။
          လောလောဆယ် လူအများ ကြားသိနေရသည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးကိစ်္စ။
          လွှတ်တော်များက ဖွဲ့စည်းလိုက်သည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့် ဟုတ် မဟုတ် ခုံရုံးက အဆုံးအဖြတ် ပေးရသည့် ကိစ္စ။
          ဆုံးဖြတ်ရန် သမ္မတက စေခိုင်းသည်။
          ခုံရုံးက မဟုတ်ဟု ဆုံးဖြတ်ခဲ့သည်။
          လွှတ်တော်က ထိုအဆုံးအဖြတ်ကို လက်မခံ။
          သည်အတွက် သမ္မတနှင့် လွှတ်တော် အကြီးအကဲများ ဆွေးနွေး ညှိနှိုင်းကြသည်။ သို့သော် ပြေလည်မှု မရကြ။
          ယခုတော့ လွှတ်တော်တို့က ခုံရုံးကို စွပ်စွဲပြစ်တင်ဖို့ ပြင်ဆင်လာကြပြီ။
          ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၄ ၌ ခုံရုံး၏ အဆုံးအဖြတ်သည် အပြီးအပြတ် အတည်ဖြစ်ကြောင်း ဆိုထားရာ ထိုအဆုံးအဖြတ်ကို လက်မခံလိုသော လွှတ်တော်က စွပ်စွဲ ပြစ်တင်သည့် နည်းလမ်းကို ရွေးချယ်လာခြင်း ဖြစ်သည်။
          ပုဒ်မ ၃၃၄ (က) တွင် ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့အား စွပ်စွဲပြစ်တင်နိုင်သည့် အကြောင်း ၅ ရပ် ဖော်ပြထားသည်။ အဲသည်အထဲက အဆီလျော်ဆုံး အကြောင်းရပ်(များ)ကို ရွေးချယ်၍ ပုဒ်မ ၃၀၂ ပါ နည်းစဉ်များအတိုင်း စွပ်စွဲပြစ်တင်မှုကို ဆောင်ရွက်နိုင်သည်။
          အကယ်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်ကြောင်း၊ စွပ်စွဲခံရသူ(တို့)သည် လက်ရှိရာထူးတွင် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စုလွှတ်တော် နာယကသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော် သမ္မတထံ အစီရင်ခံ၍ သမ္မတက စွပ်စွဲခံရသူ(တို့)အား ရာထူးမှ ရပ်စဲပေးရမည် ဖြစ်သည်။
          သို့သော် မကြာမီက လွှတ်တော်သို့ သမ္မတ ပေးပို့ခဲ့သည့် သ၀ဏ်လွှာပါ သဘောထား အရ အထက်က အနေအထားသည် သမ္မတအတွက် ခက်ခဲစေလိမ့်မည်။ သည်အခက်အခဲကို သူ မည်သို့ ဖြေရှင်းမည် မသိသော်လည်း စွပ်စွဲပြစ်တင်မှုနည်းစဉ်ကို အဆုံးတိုင် စဉ်းစားသော်၊
          ခုံရုံးအား သမ္မတက ရာထူးမှ ရပ်စဲခြင်းမပြုလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၁ ပါ ပြဋ္ဌာန်းချက်များအရ လွှတ်တော်အနေဖြင့် သမ္မတအား စွပ်စွဲပြစ်တင်ကာ လွှတ်တော် ကိုယ်စားလှယ် အနည်းဆုံး သုံးပုံနှစ်ပုံက စွပ်စွဲချက် မှန်ကန်ကြောင်း၊ ရာထူးတွင် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်တင်ပြလျှင် ပြည်ထောင်စုလွှတ်တော် အကြီး အမှူးသည် တင်ပြချက်ရရှိလျှင် ရရှိချင်း စွပ်စွဲခံရသော နိုင်ငံတော်သမ်္မတအား ရာထူးမှ ရပ်စဲကြောင်း ကြေညာရမည်...ဟူသည်အထိ ဆိုက်ရောက်သွားနိုင်ကြောင်း တွေ့မြင်ရသည်။
          အဲဒါက အပြန်အလှန် ထိန်းကျောင်းခြင်း အဆင့်ကို များစွာ ကျော်လွန်သွားသည့် အဆုံးစွန် ပဋိပက္ခအနေအထား ဖြစ်သည်။
          အဲသည် ပဋိပက္ခမှ ဆက်လက် ဖြစ်ပေါ်လာနိုင်သည့် ရလဒ်များကို စဉ်းစားရ ခက်သည်။
          အများပြည်သူကတော့ တည်ငြိမ်မှု မပျက်ပြားစေချင်။ နိုင်ငံရေးတွင် အဖွဲ့အစည်း ပေါင်းစုံ အယူအဆပေါင်းစုံ တိုးချဲ့ပါဝင်ခွင့် ရှိလာနေသည့် လက်ရှိ အနေအထား ပျက်ယွင်းသွားမှာ စိုးရိမ်သည်။
          ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကြီး တန့်ရပ်သွားမှာ၊ ကွေ့ပြောင်းသွားမှာ၊ နောက်ဘက် ပြန်ရောက်သွားမှာကိုကား လုံးဝ မလိုလားကြ။
          ထို့ကြောင့် ယခု ပြဿနာသည် “သဘောထား” များပေါ်တွင် အခြေခံသည် ဖြစ်စေ၊ အာဏာခွဲဝေ ထိန်းကျောင်းမှု ယန္တရား၏ ချွတ်ယွင်းချက်ကြောင့် ပေါ်ပေါက်သည်ဖြစ်စေ၊ တစ်နည်းနည်း ညှိနှိုင်း အဖြေရှာခြင်းသာ အကောင်းဆုံး ဖြစ်လိမ့်မည်ဟု လူထုကြားက စဉ်းစားသူတို့ ရှုမြင်ကြသည်။
          သဘောထား ပြဿနာဆိုလျှင် ဒီမိုကရေစီအရေး နိုင်ငံ့အရေးကို အဓိက အာရုံထားကာ သဘောထားများကို ချိန်ဆပြောင်းလဲကြပြီး၊ ယ်္တရား၏ ချွတ်ယွင်းချက်ဆိုလျှင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ စသည်တို့တွင် ပါရှိသည့် အာဏာ ယန္တရား တည်ဆောက်ပုံ၊ လှုပ်ရှားလည်ပတ်ပုံတို့ကို ပြန်လှန် သုံးသပ် စစ်ကြောဝေဖန်၍ လိုအပ်သလို ပြောင်းလဲ ပြင်ဆင်သင့်ကြောင်း အကြံပြု တင်ပြလိုပါသည်။
(သြဂုတ် ၃၀/၂၀၁၂၊ အတွဲ ၃၊ အမှတ် ၁၀၉ ပြည်သူ့ခေတ် အယ်ဒီတာအာဘော်)

ဘကြီးသက်
Unknown at 8:58 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Thursday, August 30, 2012

သမ္မတ အိုဘားမားက ဦးသိန်းစိန်အတွက် လမ်းခင်းထား

သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- သမ္မတရုံး အင်တာနက်စာမျက်နှာ
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးတွေကို အားပေးနေတယ်ဆိုတာ ပြသတဲ့အနေနဲ့ လာမည့် စက်တင်ဘာလ မှာ ကုလ သမဂ္ဂ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ရှိတဲ့ သမ္မတ ဦးသိန်းစိန်အတွက် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်ထားမှုကို သမ္မတ လုပ်ပိုင်ခွင့်နဲ့ ယမန်နေ့က ဖယ်ရှားလိုက် ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း ဦးသိန်းစိန်ကို လွတ်လွတ်လပ်လပ် ခရီးသွားခွင့် ပြုဖို့ တချိန် က မြန်မာ ခေါင်းဆောင်တွေကို ဗီဇာ ကန့်သတ်ပိတ်ပင်ထားတာတွေကို ခြွင်းချက်မိန့် ထုတ်ပြန်ခဲ့တာပါ။ ဒီလိုမှ မဟုတ်ရင် နယူး ယောက် မြို့က ကုလ သမဂ္ဂ ပရ၀ုဏ်အတွင်း နေရာ ကျဉ်းကျဉ်းလေးမှာပဲ နေလို့ ရမှာပါ။ အပြင်ထွက်ပြီး လွတ်လပ်စွာ သွားလို့ ရမှာ မဟုတ်ပါဘူးလို့ AFP သတင်းတပုဒ်မှာဖော်ပြထားပါတယ်။

၂၀၀၈ ခုနှစ် ဥပဒေအရ မြန်မာ ခေါင်းဆောင်တွေနဲ့ စစ်တပ်အရာရှိတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ် သက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ အမေရိကန်က ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်မှုတွေ လုပ်ထားခဲ့တာဖြစ် ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်
ပြည်ထောင်စုရဲ့ ထိပ်တန်း ဂုဏ်ပြုမှု တခုဖြစ်တဲ့ ကွန်ဂရက် လွှတ်တော်ဆိုင်ရာ ရွှေတံဆိပ် ( Congressional Gold Medal ) ကို လက်ခံယူ ဖို့ သမ္မတ ဦးသိန်းစိန်နဲ့ တချိန်တည်းလောက်ပဲ အမေရိကန်ကို သွားဖို့ ရှိတာပါ။

ဘကြီးသက်
Unknown at 2:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာမိန်းကလေးများ online ပေါ်တွင် sex ကိစ္စပြောဆိုခြင်း၊ပြသခြင်းမှ ရှောင်ကြဉ်ပါ





From : အောင်ခမ်း


ဒီလို Chatting မျိုးက အနောက်တိုင်းမှာ အင်မတန် ရေပန်းစားပါတယ်။ အနောက်တိုင်းရယ်လို့တောင်မဟုတ်ပဲ ဂျပန်၊ တောင်ကိုရီးယား၊ဖိလစ်ပိုင်၊ အစရှိသဖြင့် အာရှနိုင်ငံများမှာပါ ရေပန်းစားလာတဲ့ Chatting ဖြစ်ပါတယ်။
စကားပြောဆိုရုံ Chatting, ရုပ်မြင်ရုံ ဗီဒီယိုChatting တင်မဟုတ်တော့ပဲ မမြင်သင့်တာတွေကိုပါ မြင်အောင် ပြတဲ့ Chatting အမျိုးအစား ဟာမြန်မာပြည်မှာပါ ရေပန်းစားလို့နေပါပြီ။ အများစု က နိုင်ငံခြားရောက်နေ တဲ့ ချစ်သူနဲ့ စကားပြော ဆက်သွယ်တဲ့အခါမှာ ဖြစ်ပါတယ်။အနောက်တိုင်းမှာ ခေတ်စားတာကတော့ မဆန်းပြားပါဘူး။ ဒီလိုတွေခေတ် စားသလို Video Chatting က Record လုပ်ထားတာတွေဟာလည်း ပလူပျံနေတတ်ကြပါတယ်။မြန်မာဖြစ် Sexy Chatting – မှတ်တမ်းတင် ထားမှုတွေဟာလည်း အနောက်တိုင်းနဲ့ ရင်ဘောင်တန်းလို့ အင်တာနက်စာမျက်နှာတွေမှာပလူပျံနေပါပြီ။ချစ်သူချင်းမဟုတ်ပဲ အွန်လိုင်းမှာ သိပြီး စိတ်ဝင်စားတဲ့ သူအချင်းချင်းတောင် ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာ တဲ့ အထိတောင်ကြားနေရပါတယ်။

ဒါဟာဘာကြောင့်လဲ?

ဘုရားဟောတရားနဲ့သာ တရားကိုယ်ကောက်ရရင် တဏှာအရင်းခံပြီး ဖြစ်တဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။
အိန္ဒြိယ လက္ခဏာ ချို့ ယွင်းမှု တစ်ခုပါပဲ။ ချစ်ရုံကြိုက်ယုံနဲ့ မိမိမှာရှိတဲ့ အရှက် (ဟီရိ) တရားပါ လက်လွတ် စပယ်ပြုလိုက် တာမျိုးဟာမရင့်ကျက်တဲ့ သူများ ဖြစ်ပါတယ်။
အထူးသဖြင့် ဆယ်ကျော်သက်လူငယ်များ၊ အသက်ကြီးသော် လည်း စာရိတ္တပျက်ပြားသော အမျိုးသား၊အမျိုးသမီးများ ဖြစ်ပါတယ်။ပြန့်လွင့်သွားနိုင်တဲ့ ဗီဒီယိုတွေကို ပြန်ပြီး Recover လုပ်ပေး မယ့် ဆော့ဖ်ဝဲ၊ဘာညာ အစရှိသဖြင့် ပေါ်ပေါက်လာပါတယ်။
သို့ပေမယ့် အင်တာနက်ခေတ်ကြီးထဲမှာ ဒါတွေဟာ ပုရွတ်တစ်ကောင်လောက်အောင် အစွမ်းမထက်ပါဘူး။သို့ပေမယ့် အစွမ်းအထက်ဆုံး နည်းလမ်းတစ်ခုရှိပါတယ်။ ဒီနည်းလမ်းက အင်တာနက်ပေါ် ပျံလွင့်မှု လုံးဝ မဖြစ်စေတော့ပါဘူး။လုံးဝ (လုံးဝ) Sexy Chatting မလုပ်ဖို့ပဲဖြစ်ပါတယ်။ ကိုယ်နဲ့ ယခုမှ စသိတဲ့သူပဲ ဖြစ်ဖြစ်၊ နှစ်လရှည်ကြာ တွဲလာတဲ့ ချစ်သူပဲ ဖြစ်ဖြစ်ချက်တင်ထိုင်တဲ့အခါ လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းသော ပြောဆိုမှု ကို ရှောင်ရှားရန် လိုအပ်ပါတယ်။အဲလို သာရှောင်ရှားရင်တော့ Sex Chatting ဘက်ကို ရောက်ဖို့ အင်မတန်ဝေးသွားပါပြီ။ အချို့ ကျ သိသိမသိသိ တစ်ဖက်သားကို ဇွတ်အတင်းမြင်အောင်၊ ဖတ်အောင် ကြိုးပမ်းကြ သူများ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဘလော့ (Block) ပစ်ဖို့လိုအပ်ပါတယ်။ချစ်သူအရင်းခေါက်ခေါက် ဖြစ်နေခဲ့ရင် လမ်းခွဲမယ်လို့ သတိပေးတဲ့အဆင့် ထိ ပြောဆိုရန် သတ္တိရှိပါတယ်။ ဟုတ်ပါတယ်။ဒီလို မကြိုက်ဘူး လို့ ပြောထားရဲ့ သား ဇွတ်အတင်း ပြောဆိုပြသနေရင် ဒါ တကယ်ချစ်တာမဟုတ်ပါဘူး။အကယ်၍ ပျံလွင့်သွားရင် ဖြစ်လာမယ့် အကျိုးဆက်က စာရေးသူ မပြောလည်း သိကြမယ် ထင်ပါတယ်။အချို့ ကျတော့ Chatting မဟုတ်ပဲ Record လုပ်ထားတဲ့ အပျော် ဗီဒီယို၊ အသံဖိုင် အစရှိသဖြင့် ဖြန့်ဝေ ကြပါတယ်။ဒီမှာလည်း ထိုနည်းတူစွာပါပဲ။ ဒီကိစ္စတွေကို ရှောင်ရှား ထားရင် ပြဿနာဆိုတာ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။မရှောင်ရှားနိုင်ဘူးဆိုရင်တော့ ဗီဒီယို ရိုက်တဲ့ ချစ်သူမျိုးဆိုရင် မတွဲသင့်တာ လုံးဝ သေချာနေပါပြီ။ ဒါဘာရည်ရွယ်ချက်လည်း။ ဘာလို့မှတ်တမ်းတင်တာလဲ။
အသိဥာဏ်ရှိရှိ စဉ်းစား တွေးခေါ် သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ဒါကြောင့် ဒီ ပြဿနာတွေ၊ အန္တရာယ်တွေ ကင်းကောင် တစ်ခုတည်းသော နည်းလမ်းက လုံးဝ (လုံးဝ) မပြုလုပ်ခြင်း၊ ရှောင်ကြဉ်ခြင်းသာဖြစ်ပါတယ်။

Myanmar Express

ဘကြီးသက်
Unknown at 10:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အခြေခံ ဥပဒေ ခုံရုံး ကို လွှတ်တော် က အရေးယူဖို့  ပြင်

26latitude-myanmar-blog480


ပြည်ထောင်စု လွှတ်တော် နဲ့  အမျိုးသား လွှတ်တော် က ဖွဲ့  စည်းထား တဲ့ လွှတ်တော် ရေးရာ
ကော် မတီ တွေ ဟာ ပြည်ထောင်စု အဆင့် မဟုတ် ဘူး ဆို တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ
ခုံရုံးက ပြောကြား ခဲ့ တာ နဲ့  ပတ် သက် ပြီး လွှတ်တော် က စုံစမ်း စစ်ဆေး အရေး ယူ ဖို့  ကော်
မတီ တစ် ရပ် ကို ဖွဲ့  ခဲ့ ပါတယ်။
ဒီအဖွဲ့ မှာ လွှတ်တော် ဒုတိယ ဥက္ကဌ ဦး နန္ဓ ကျော် စွာ က အဖွဲ့  ခေါင်းဆောင် အဖြစ် ပါဝင် ဆောင်
ရွက် မှာ ဖြစ် ပြီး အဖွဲ့  ၀င် ၁၅ ဦး ပါဝင် တယ် လို့  အမျိုး သား ဒီမို ကရေစီ အဖွဲ့   ချုပ် က လွှတ်တော်
အမတ် တစဦး က FNG ကို ပြော ပါတယ်။
အဆိုပါ အဖွဲ့  တပ်မတော် သား ကိုယ်စားလှယ် အစု အဖွဲ့  မှ ပါဝင် မှု မရှိသေး ဟု သိရသည်။
အခြေခံ ဥပဒေ ခုံရုံး အဖွဲ့ ဥက္ကဌ ဦးသိန်းစိုး နှင့် အဖွဲ့  အား လွှတ် တော် မှ တောင်း ဆို ထား သော်
လည်း ခုံးရုံး အဖွဲ့  ၀င် များ က နှုတ် ထွက် ပေး ခြင်း မရှိ ဟု သိရသည်။
အခြေခံ ဥပဒေ ခုံ ရုံး ၏ တာဝန် မဲ့ မှု နှင့် လုပ် ပိုင် ခွင့် အလွဲ သုံးစား ပြု မှု ကို လွှတ်တော် က စစ်ဆေး
သွား မည် ဖြစ်သည်။
အမေရိကန် နိုင်ငံ တွင် လွှတ်တော် ရေး ရာ ကော်မတီ များ သည် အစိုးရ ၀န်ကြီး ဌာန များ ထက် ပင်
ပို ၍ သြဇာ အာဏာ ရှိ ပြီး ဘဏ္ဍာငွေ ခွဲ ဝေ ပေး မှု နှင့် စုံစမ်း စစ်ဆေး မှု များ ကို အဓိက ထား ပြု
လုပ် သည်။
 FNG
ဘကြီးသက်
Unknown at 9:58 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တောင်သူလယ်သမား မဟုတ်သူများမှ စိုက်ပျိုးစရိတ်ချေးငွေများ လိမ်လည်ထုတ်ယူနေခြင်းအား (တိုင်ကြားစာ)


   နေပြည်တော် ဒက္ခိဏသီရိမြို့နယ် လမ်းပျဉ်းမနား ရွာမကျေးရွာအုပ်စုသည် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် (၂၀၁၀) ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံ အောင်မြင်ခဲ့သော မြို့နယ်တခုဖြစ်ပါသည်။ သမ္မတကြီးဧ။် နယ်မြေ အတွင်း စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာတွင် တောင်သူလယ်သမား မဟုတ်သူ လယ်ပိုင်မြေပိုင်မရှိသူ အမှန်တကယ် လယ်ယာလုပ်ကိုင် စားသောက်ခြင်းမဟုတ်သူ တို့ကို ကျေးရွာအုပ်ချူပ်ရေးမှူး၊ ဘဏ်ကော်မတီတို့နှင့်ပေါင်း၍ ဘဏ်စာအုပ်များအကြံအဖန်ပြုလုပ်ပြီး စိုက်ပျိုးစရိတ်ချေးငွေများ လိမ်လည်ထုတ်ယူနေပါသည်..။ အမှန်တကယ် တောင်သူလယ်သမားများမှာ စိုက်ပျိုးစရိတ်ချေးငွေ အပြည့်အ၀မရရှိ၍ ကျေးရွာတောင်သူတဦးမှ နိုင်ငံတော်သမ္မတကြီးထံ တိုင်ကြားစာ ပေးပို့ထားပါသည်။

ထိရောက်စွာ အရေးယူပေးနိုင်ပါရန် မီဒီယာ များမှတဆင့် အကူအညီ တောင်းခံအပ်ပါသည်

ဘကြီးသက်
Unknown at 9:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် စစ်တပ်အခန်းကဏ္ဍ ဖယ်၍မရ

စင်ကာပူနိုင်ငံ အခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာနမှ ၀ါရင့်သုတေသီ ဒေါက်တာ တင်မောင်မောင်သန်း (ဓာတ်ပုံ – ဧရာဝတီ)
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို ဖယ်ထား၍ မရကြောင်း စင်ကာပူနိုင်ငံ အခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာနမှ ၀ါရင့်သုတေသီ ဒေါက်တာ တင်မောင်မောင်သန်းက ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်ရှိ The Regional Centre for Social Science and Sustainable Development (RCSD) ဌာနက ယမန်နေ့တွင် ကြီးမှူးကျင်းပခဲ့သည့် မြန်မာ့ပြုပြင်ပြောင်းလဲရေးနှင့် တပ်မတော်၏ အခန်းကဏ္ဍ အကြောင်း “အခန်းထဲက ဆင်” (The Elephant in the Room) ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွင် ဒေါက်တာ တင်မောင်မောင်သန်းက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
“အခု နောက်ပိုင်း၊ သမ္မတကြီး ဦးသိန်းစိန် တက်လာတဲ့အခါကျတော့ ဒီမိုကရေစီ အစိုးရဖြစ်တယ်ဆိုပြီးတော့ တပ်မတော်က ပြည်သူ့ရေးရာ ကိစ္စတွေမှာ မပါတော့ဘူး။ မပါတော့ သူက ပျောက်နေသလိုဖြစ်နေတယ်။ တကယ်တော့ သူက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါတယ်ဆိုတာ တင်စားပြီး ပြောတာပါ” ဟု ၎င်းက ပြောသည်။
ဆွေးနွေးပွဲတွင် တပ်မတော်ကို ဆင်နှင့်ခိုင်းနှိုင်းပြီး ပြောဆိုရင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဆင်ဦးစီးနှင့် တူကြောင်း၊ လက်ရှိ သွားနေသည့် လွှတ်တော်တွင် အတိုက်အခံက ပြောဆိုနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် စစ်တပ်ကိုယ်စားလှယ် ထောက်ခံမှု မရှိလျှင် မဖြစ်နိုင်ကြောင်း ဒေါက်တာ တင်မောင်မောင်သန်းက ထောက်ပြသည်။
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ တပ်မတော်က ပေးသလောက်ပဲ ရမှာပါ။ တပ်မတော် အလိုရှိသလောက်ပဲ ကျမတို့ လွှတ်တော် သက်တမ်းက ရှိမှာပါ” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာသေးမီက ပြောဆိုခဲ့သေးသည်။
မြန်မာနိုင်ငံတွင် အနောက်ဒီမိုကရေစီ စံညွန်းများနှင့်အညီ ကာကွယ်ရေး ၀န်ကြီးကဲ့သို့ နေရာမျိုးတွင် အရပ်သားကိုသာ တာဝန်ပေးသင့်သည်ဟု ပြောဆိုမှုများရှိကြောင်း၊ သို့သော် လေ့လာမှုများအရ အရပ်သားနိုင်ငံရေး သမားများ၏ အားနည်းချက်များအပေါ် စစ်တပ်က တင်ပြပြောဆိုချက်များအား ကြည့်ခြင်းအားဖြင့် စစ်တပ်သည် ဖြတ်သန်းလာခဲ့သည့် သမိုင်းအရလည်းကောင်း၊ လေ့ကျင့် သင်ကြားပေးမှုများအရ လည်းကောင်း အရပ်သား နိုင်ငံရေးသမားများအပေါ် သံသယ ရှိနေကြဆဲဖြစ်ကြောင်း ဒေါက်တာ တင်မောင်မောင်သန်းက ဆိုသည်။
မြန်မာ့ နိုင်ငံရေးတွင် စစ်တပ်က ပါဝင်ရမည်ဟု တပ်မတော်အတွင်း လက်ခံယုံကြည်နေကြသူ များနေကြောင်း၊ အဆိုးဆုံး အခြေအနေကို ထိန်းညှိရန် မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ်သည် လွှတ်တော်များတွင် ၂၅ ရာခိုင်နှုန်း ယူထားခြင်းဟု နားလည်ကြောင်းလည်း ၎င်းက ပြောသည်။
သို့သော် ပြီးခဲ့သည့် လပိုင်းအတွင်းက ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းက စင်ကာပူနိုင်ငံ၊ ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ပြောသွားသည့် သင့်တော်ချိန်တွင် တပ်မတော် ကိုယ်စားလှယ်များကို လျှော့ချသွားရန်ရှိကြောင်း ပြောဆိုမှုနှင့် လက်ရှိ ပြုပြင်ပြောင်းလဲရေးများကိုလည်း စစ်တပ်က ထောက်ခံကြောင်း ပြောခဲ့သည်မှာ ကောင်းသည့် လက္ခဏာဖြစ်ကြောင်း ဒေါက်တာ တင်မောင်မောင်သန်းက ဆက်လက်ပြောသည်။
လက်ရှိ ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်နေသူသည် စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်ဖြစ်ပြီး ဒီမိုကရေစီ လိုလားနေကြသည့် မြန်မာ့လူ့အဖွဲ့အစည်း တခုလုံးသည် အပြောင်းအလဲကို အဓိက မောင်းနှင်သူလည်း ဖြစ်ကြောင်း၊ အများက စိုးရိမ်နေသကဲ့သို့ စစ်တပ်က အာဏာပြန်သိမ်းပြီး စစ်ဗိုလ်ချုပ်များက တိုင်းပြည်ကို ပြန်အုပ်ချုပ်မည်ဟု မထင်ကြောင်းလည်း ဒေါက်တာ တင်မောင်မောင်သန်းက ဧရာဝတီကို ပြောသည်။
“တိုင်းပြည်ကို အင်အားသုံး အုပ်ချုပ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ပွင့်လင်းလာပြီဖြစ်တဲ့ တိုင်းပြည်ကို သူတို့ စစ်ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင် ပြန်အုပ်ချုပ်မယ်လို့တော့ ကျနော် မထင်ဘူး” ဟု ၎င်းက ပြောသည်။
ဆက်လက်၍ သူက သတိပေးပြောသည်မှာ “သို့သော် ဒီမိုကရက်တွေက စစ်ခေါင်းဆောင်တွေကို ထောင့်ထဲ တွန်းမပို့ရင်တော့ အကောင်းဆုံးပဲ” ဟူ၍ ဖြစ်သည်။
အရပ်သားနှင့် စစ်သားတို့သည် မိမိတို့၏ ကိုယ်ပိုင်ကျွမ်းကျင်မှုများ ရှိကြကြောင်း၊ တိုင်းပြည်အကျိုးအတွက် အပြန်အလှန် လေးစားမှုရှိရှိ ညှိနှိုင်း ဆောင်ရွက်သွားသင့်ကြောင်း ၎င်းက အကြံပြုသည်။
လွှတ်တော်တွင်း၌ ရှိနေကြသည့် အရပ်သား အတိုက်အခံ နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များ၊ အာဏာရ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်များ၊ စစ်တပ်ကိုယ်စားလှယ်များ အနေဖြင့် ထိတွေ့ဆက်ဆံရင်း နိုင်ငံရေးဆိုသည်မှာ အလျှော့အတင်းရှိပြီး ဒီမိုကရေစီသဘောအရ သဘောတူသည် ရှိသကဲ့သို့ မတူသည်များ ရှိတတ်သည်ကို ညှိနှိုင်းဆောင်ရွက်ရသည့် ဓလေ့များ စစ်တပ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သွားပါက တဖက်နှင့် တဖက် ရှိနေသည့် သံသယ များ ပြေလျော့သွားနိုင်ကြောင်း သူက ရှင်းပြသည်။
လတ်တလော အစိုးရ၀န်ကြီးများ အပြောင်းအလဲနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်အနေဖြင့် ဖော်ဆောင်နေသည့် ပြုပြင်ပြောင်းလဲရေး အရှိန်ပိုရရေးအတွက် သူ့စိတ်ကြိုက် အဖွဲ့ (Team) ကို ဖန်တီးခြင်းဖြစ်ကြောင်း၊ ယခုပြောင်းလဲမှုသည် ဌာန ပြောင်းလဲ တာဝန်ပေးလိုက်ခြင်းသာဖြစ်ပြီး ပုဂ္ဂိုလ်ရေးသံယောဇဉ် ရှိသည့်အားလျှော်စွာ ဖြုတ်၊ ထုတ်၊ ရှင်း ဆိုသည့်နည်းကို မသုံးဘဲ မြန်မာ့နည်းအတိုင်း အလယ်လမ်းကို ရွေးချယ် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဒေါက်တာ တင်မောင်မောင်သန်းက ပြောသည်။
“လူအများကတော့ ဒီလောက်နဲ့ မလုံလောက်ဘူးလို့ ပြောမှာပါ။ ဒါပေမယ့် ဒီလိုလူတွေက အမြဲရှိနေတာပဲလေ” ဟု သူက ဆိုသည်။
The Elephant in the Room ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲသို့ မြန်မာ့အရေး စိတ်ဝင်စားသူများ၊ ပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မီဒီယာသမားများ တက်ရောက်ကြသည်။
 ဧရာဝတီ
ဘကြီးသက်
Unknown at 9:30 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အများသုံး PCO ဖုန်း ၂၄ နာရီ ဖွင့်ပြီ


အများပြည်သူ အသုံးပြုနိုင်သည့် အခပေး PCO ဖုန်းဆိုင်များအား ၂၄ နာရီဖွင့်လှစ်သည့်အပြင် ဖက်(စ်)ဝန်ဆောင်မှုများကို ထည့်သွင်းပေးထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ယခင်က PCO ဖုန်းဆိုင်များအား စတင်ဖွင့်လှစ်သည့် ကာလတွင် နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိသာ ဖွင့်လှစ်ခဲ့ပြီး ၂၀၁၁ နှစ်ကုန်ခန့်တွင် ဆိုင်ဖွင့်လှစ်မှုအား နေ့စဉ် နံနက် ၇ နာရီမှ ည ၉ နာရီအထိ အပိုင်းခွဲ၍ ဖွင့်လှစ်ခဲ့သည်။ “ရန်ကုန်တစ်ခုပဲ လောလောဆယ် ထားရှိသွားမှာပါ။ အဓိကကတော့ ၂၄ နာရီမပြတ် ဖုန်းသုံးစွဲခွင့် ရရှိအောင် ဆောင်ရွက်ပေးတာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ ဝန်ဆောင်မှုပေးရာတွင် လက်ရှိ ကောက်ခံနေသည့် နှုန်းထားအတိုင်း ၁ မိနစ် ၅၀ ကျပ်နှုန်း ကောက်ခံလျက်ရှိပြီး ဖက်(စ်) ဝန်ဆောင်မှုကိုမူ A4 စာတစ်မျက်နှာလျှင် (အဝင်၊ အထွက်) ကျပ် ၂၀၀ နှုန်း၊ Legal တစ်မျက်နှာလျှင် ကျပ် ၄၀၀ နှင့် ထပ်တိုးတစ်မျက်နှာလျှင် ကျပ် ၅၀၀ နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း သိရသည်။ “လောလောဆယ် လူအရမ်းစည်ကားတဲ့ အချက်အချာကျတဲ့ နေရာနှစ်ခု၊ သုံးခုလောက်ပဲ ထားပါတယ်။ နောက်ပိုင်း တစ်မြို့လုံးနီးပါး ဝန်ဆောင်မှုပေးနိုင်အောင် ဆောင်ရွက်ပေးမှာပါ” ဟု ၄င်းကဆက်လက် ပြောသည်။ ယင်းဝန်ဆောင်မှုကို လက်ရှိတွင် မရမ်းကုန်းမြို့နယ်ရှိ Junction-8 စင်တာအနီးနှင့် ကမာရွတ်မြို့နယ် လှည်းတန်းမီးပွိုင့် အနီးတွင်ရှိသည့် PCO စခန်းများတွင် ဝန်ဆောင်မှု ပေးလျက်ရှိပြီး ဆက်လက်၍ မြေနီကုန်းနှင့် မြို့တွင်းခြောက်မြို့နယ်တွင် ထားရှိပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။ “PCO ဖုန်းဆိုင်တိုင်း ဒီလိုဝန်ဆောင်မှုပေးမှ အဆင်ပြေမှာပါ။ နောက်တိုး စာမျက်နှာ နှုန်းထားကတော့ များပါတယ်၊ ဒီထက်လျှော့ချပေးမယ် ဆိုရင်တော့ လူတိုင်းနီးပါး အသုံးပြုကြမှာပါ” ဟု တာမွေမြို့နယ်မှ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အများပြည်သူသုံး PCO ဖုန်းများမှာ ၂၀၀၅ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး လက်ရှိတွင် မြို့နယ်တစ်မြို့နယ်တွင် PCO စခန်းပေါင်း ၂၀၀ နီးပါးရှိကြောင်း PCO ဝန်ထမ်းများထံမှ သိရှိရသည်။

ဘကြီးသက်
Unknown at 9:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

"မြန်မာပြည်မြောက်ဖျားပိုင်းမှ မျိုးတုန်းပျောက်ကွယ်တော့မည့် အန္တရယ်ကို ရင်ဆိုင်နေရသည့် သကျသာကီ ဟု ခေါ်ဆိုနိုင်မည့် ထရုံလူပုလေးများအကြောင်း"


ဝါးလုံးရှည် အတီး

တစ်ခါတစ်ခါ သာကီမျိုးဟေ့ တို့ဗမာဆိုပြီးပြောတတ်ကြတယ်လေ၊ သာကီမျိုးဆိုတာ ဘာကြောင့်ခေါ်တာလဲ သိသင့်တယ်လဲထင်လို့ပါ၊
ဟိုးကမ္ဘာဦးအစကပါ၊ တိတိကျဆိုရင်တော့ သြက္ကာက မင်းကြီးလက်ထက်လို့ပြောလို့ရမယ်ထင်ပါတယ်၊ အဲဒီမင်းကြီလက်ထက်မှာ သာကီဝင် လူမျိုးရယ်လို့ဖြစ်လာမဲ့ မင်းသားေ
တွ မင်းသမီးတွေကို တိုင်းပြည်ကနေနှင်ထုတ်လိုက်ပါ တယ်၊ နှင်ထုတ်ထိုက်တော့ ကျွန်းတောကြီးတစ်ခုထဲမှာ ရသေ့တစ်ပါးရဲ့ညွှန်ပြမှုနဲ့ မြို့တော်ကြီးတည် ပါတယ်၊
မြို့တော်တည်ပြီးတော့ လူဦးရေတိုးပွားဖို့ရာကြတော့ အခက်အခဲရှိနေပြန်ပါတယ်၊ ဒါပေမဲ့ သာကီဝင်မင်းသားမင်းသမီးတွေဟာ သူများတစ်ခြားလူမျိုးများကို အိမ်ထောင်ပြုရင် ဇာတ်ပျက်မှာ စိုးတဲ့အတွက် အချင်းချင်းပဲ အိမ်ထောင်ပြုလိုက်ကြပါတယ်၊
ဒီသတင်းကိုသြက္ကာကမင်းကြီးကကြားတော့ သကျ=စွမ်းနိုင်တဲ့မင်းသား မင်းသ မီးတွေပါလားလို့ အံ့သြပြီးပြောဆိုပါတယ်၊ အဲဒီအချိန်ကစပြီ သကျ=သာကီ=သူတစ်ပါး လူမျိုးနဲ့ လက်မထက်ပဲ မိမိအမျိုးကိုသာလက်ထပ်ဖို့ စွမ်းနိုင်တဲ့လူမျိုးရယ်လို့ ကမ္ဘာမှာ စာတင်လာတာပါ၊(နောင်များမှ သာကီ နွယ်အကြောင်း အသေးစိတ်နဲ့ ကျဆုံးခန်းကို တင်ပြပေးပါမည်။ အခု လောလောဆယ်တော့ ထရုံလူပုလေးများအကြောင်းကိုသာ အရင်တင်ဆက်ပါရစေ။
ထရုံလူမျိုး တွေမှာ မြန်မာနိုင်ငံ မြောက်ဖျားပိုင်းကချင်ပြည်နယ် အစွန်းမှ အေးခဲနေသော ဟိမဝန္တာ တောင်ထွတ်များပေါ်တွင်သာ နေထိုင်ကျ၍ အလွန်ရှားပါး၍ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာမှာပါ မျိုးတုန်းပျောက်ကွယ်ကြတော့မည့်လူမျိုးများဖြစ်ကြလေသည်။ထရုံတို့သည် မူလက နီပေါနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ ဟိမဝန္တာတောင်တန်းများပေါ်တွင်နေထိုင်ခဲ့ကြပြီး လွန်ခဲ့သောနှစ်ရာပေါင်းများစွာကပင် မြန်မာနိုင်ငံထိပ်ဖျားပိုင်းပူတာအိုဒေသသို့ဝင်ရောက်လာခဲ့ကြသည်။ထိုဒေသ သည် ထရုံလူပုလေးများကြောင့်သာမက ရှားပါး ကတိုးကောင်၊ဖက်ဒရယ်နှင့် ရှီးပဒီးခေါ် ဆေးပိုးနွယ်ရှင်များကြောင့်စိတ်ဝင်စားဖွယ်ကောင်းလှသောလည်း သစ်တော ထူထပ်မှုနှင့် လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ထရုံလူပုလေးများမှလွဲလူစိမ်းများ အရောက်အပေါက်နည်းလှပေသည်။
ထရုံတို့သည် ထိုသို့ ဝေးလံခေါင်သီပြီးတခြား မည်သည့်လူမျိုးများမှမရောက် ပဲ မိမိ လူမျိုး အချင်းချင်းသာလက်ထက်ပြီး နှစ်ပေါင်းများစွာ ကြာသောအခါ ကိုယ်ခန္ဓာအရွယ်အစားမှာ တဖြေးဖြေး သေးငယ်လာကာ ယခုခေတ်တွင်မူ အမြင့်ဆုံးမှာ အရပ် ၄ပေနှင့်၃လက်မသာကျန်ရှိတော့၏။ ထရုံလူမျိုးတို့သည် အမဲလိုက်ခြင်းဖြင့်သာ အဓိက အသက်မွေးကြပြီး တခါတရံ ရှီးပဒီးခေါ် ဆေးပိုးနွယ်ရှင်( ၆လ ပိုးကောင် ၆လ သစ်ပင်) ကဲ့သို့သော ရှားပါးဆေးမြစ်များကို မြို့ပေါ်သို့ တက်ရောင်းလေ့ရှိကြသည်။
၁၉၆၀ စစ်တမ်းများအရ ထရုံလူဦးရေမှာ ၅၀ကျော် ကျန်ရှိနေသေးသော်လည်း ၁၉၉၇ ခုနှစ် ကချင်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကောင်စီက ကောက်ယူသောစစ်တမ်းများအရ ထရုံဦးရေမှာ ရှစ်ယောက်သာကျန်ပါတော့သည်။
၂၀၀၃ ခုနှစ်အရောက် အမေရိကန် ကယ်လီဖိုးနီးယားသိပ္ပံမှ Dr. P. Christiaan Klieger ရောက်ရှိသွားသည့်အချိန်တွင်တော့ပုံထဲမှာ မြင်ရသည့် ကိုဒေါဝိ ခေါ် နောက်ဆုံးထရုံအမျိုးသားတယောက်သာနှင့်တကွ သူ၏ အမဖြစ်သူနှင့် အဒေါ်ဖြစ်သူ စုစုပေါင်းသုံးယောက်သာကျန်ပါတော့လေသည်။ လက်ရှိ ကိုဒေါဝိသည်လည်း မိန်းမလည်းမရှိ၊ကလေးလည်းမရှိတော့သဖြင့် ကိုဒေါဝိနောက်တွင်တော့ ထရုံမျိုးဆက်သည် လုံးဝပျောက်ကွယ်သွားဖို့ရာ အသေအချာပင်ဖြစ်ပေတော့၏။သို့သော်လည်း ကိုဒေါဝိ တယောက်အနေဖြင့် မိမိတို့၏ ထရုံလူမျိုးများသည် ဤတောင်တန်းကြီး၏ တဖက်တချက်ရှိ တရုတ်နိုင်ငံ အတွင်း၌ မိမိတို့ ထရုံမျိုးနွယ်စုများကျန်နေသေးကြောင်း။တနေ့နေ့ တချိန်ချိန်တွင် ဤတောင်တန်းကြီးကိုကျော်ဖြတ်ကာ မိမိအိမ်ထောင်ဖတ်ကို ရှာဖွေမည်ဖြစ်ကြောင်းပြောကြားရင်း နိဂုံးချုပ်လိုက်ရပါသည်။
 —

ဘကြီးသက်
Unknown at 9:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Wednesday, August 29, 2012

သမ္မတ ဖိတ်ခေါ်လို့ ပြည်တွင်းသို့ ပြန်ဝင်သူ ရှေ့နေစောကျော်ကျော်မင်း ထောင် ၆ လ ချခံရ


ပြည်ပမှ မကြာခင်က ပြန်လည်ဝင်ရောက်လာတဲ့ စောကျော်ကျော်မင်း ယနေ့ထောင်ချခံရ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်ထောင်ထဲ ကိုစောကျော်ကျော်မင်း ဒီမနက်ပဲ ၀င်သွားရတယ်။

စောကျော်ကျော်မင်း ဟာ ကျမ မြန်မာပြည်ပြန်လာပြီး တလ ကျော်လောက်အကွာမှာ သူလည်းပြန်ဝင်လာတာပါ။ သူက ရှေ့နေ ဥပဒေသမားလည်းဖြစ်တော့ စေ့စပ်သေချာချင်တယ်ထင်ပါရဲ့ အရင်က သူ့ကို စွဲခဲ့တဲ့အမှု

ကို ဆက်ရင်ဆိုင်ခဲ့ တယ်၊ သူဟာ ဒီအမှုမှာ ရှေ့နေတယောက်အနေနဲ့ သူမမှားဘူး အမြဲပြောခဲ့တယ်၊ သူမမှားလို့ ရင်ဆိုင်လိုက်တာပေါ့၊ အ မှုချိန်းတွေ ဆက်တိုက်ရှိနေတယ်သိရပေမဲ့ သူလည်း သူ့ကို ထောင်ချလိမ့်ဦးမယ်လို့ ထင်မထားပါဘူး၊ ဒါပေမဲ့ ဒီနေ့ မြောက်ပိုင်းခရိုင်တရားရုံး (အင်းစိန်) မှာ သူ့ကို ထောင် (၆) လ ချလိုက်ပါတယ်၊ ပြစ်ဒဏ်ချတာနဲ့ လက်ထိပ်ခတ်ပြီး ကား ပေါ်တင်သွားတယ် အင်းစိန်ထောင်ဆီကိုပေါ့။ လဲစရာအ၀တ်တောင် ပေးခွင့်မရလိုက်ဘူး။

ယခင်အမှုကိစ္စ …
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သန်းဇင်မျိုး အပါအ၀င် (၁၁) ဦးရဲ့အမှုကို ရှေ့နေ စောကျော်ကျော်မင်းနဲ့ရှေ့နေ ညီ ညီထွေး တို့က လိုက်ပါဆောင်ရွက်ပါတယ်၊ အမှုစစ်စဉ်မှု အမှုသည်တွေက တရားရုံးကို ကျောပေးထိုင်တဲ့ကိစ္စနဲ့ ပတ် သတ်ပြီး ရှေ့နေ့တွေကို တရားသူကြီးက အမိန့်ပေးတယ်၊ တရားခံတွေကို ရှေ့လှည့်ထိုင်ဖို့ပေါ့။ ရှေ့နေ စောကျော် ကျော်မင်း တို့က အမှုသည်ရဲ့ ညွှန်ကြားချက်မဟုတ်တဲ့အတွက် မပြောပေးနိုင်ဘူးဆိုတဲ့အတွက် စောကျော်ကျော်မင်း တို့ကို တရားရုံးမထီမဲ့မြင်ပြုမှု ပုဒ်မ ၂၂၄ နဲ့ တရားစွဲပါတယ်၊ အမိန့်မချခင် စောကျော်ကျော်မင်း ပြည်ပကို ထွက်ခွာခဲ့ပါ တယ်။

ခု သမတရဲ့ ဖိတ်ခေါ်မှုကြောင့် ပြန်လာတဲ့အခါ သူက သူမမှားဘူးယုံကြည်တဲ့ အမှုကို ဆက်ရင်ဆိုင်ခဲ့ပေမဲ့ ယနေ့ မနက် မှာ ထောင်ချလိုက်ခြင်း ဖြစ်ပါတယ်။

စောကျော်ကျော်မင်း ဟာ ပြန်လည်ရောက်ရှိလာပြီး ချက်ချင်း အလုပ်သမားသမဂ္ဂတွေကို ဖွဲ့စည်းနိုင်ဖို့ သူ့အကူအညီတွေ အများကြီးရှိခဲ့ပါတယ်၊ အလုပ်သမားသမဂ္ဂ (အခြေခံ အဖွဲ့အစည်းပေါင်း) ၁၀ ခု အထက် သူ ကူညီဖွဲ့စည်းခဲ့ပါတယ်၊ ဂျနီ ဗာ ကို ကိုယ်စားလှယ်အဖြစ်သွားရောက်ခဲ့ရတဲ့ အောင် ကြွေပြားစက်ရုံ အလုပ်သမားအဖွဲ့ကို သူ မှတ်ပုံတင်ပေးခဲ့တာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အင်းစိန်မြို့နယ် လူငယ်တာဝန်ခံ (၂) ဟောင်းလည်း ဖြစ်ပါတယ်။ ဥပဒေ ရေးရာတွေ ကို အပတ်တကုတ်ကြိုးစားလုပ်ဆောင်တက်ပြီး သူ့ဖခင် ဦးမြင့်ကြွယ် ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ပါ တယ်။

ကျမတို့နဲ့ သူ့ဖခင် ဦးမြင့်ကြွယ်က အဖွဲ့ချုပ်မှာ အတူလက်တွဲလုပ်ကိုင်ရင်း သူ့ဖခင် ၁၉၉၅ မှာ ထောင်ကျခဲ့တဲ့အတွက် စောကျော်ကျော်မင်းတို့မောင်နှမ နှစ်ယောက်ကို အဖွဲ့ချုပ်ဆီကို ကျမ ခေါ်သွားခဲ့ပါတယ်၊ အဲဒီ့အချိန်ကစပြီး နိုင်ငံရေးကို လူငယ်တယောက်အနေနဲ့ ရှေ့နေဖြစ်ပြီး ရှေ့နေတယောက်အနေနဲ့ ရဲရဲရင့်ရင့် ပြောဆိုရပ်တည်ခဲ့တာ ယနေ့ထက်ထိမို့၊ မောင်လေးတယောက်လို ရဲဘော်တယောက်လိုချစ်ခင်ရတဲ့ စောကျော်ကျော်မင်း အတွက် အင်မတန်မှ ခံပြင်းဒေါသဖြစ်
ရပါတယ်၊ ကျမတို့ တိုင်းပြည်ကိုပြန်ခဲ့တာ ပြည်သူအတွက် အလုပ်လုပ်ဖို့ဖြစ်တာမို့ ရှေ့ဆက်ပြီး အမှန်တရားအတွက် ရဲရဲ ရပ်သွားပါမယ်။

အိရွှေစင်ညွန့်

ဘကြီးသက်
Unknown at 6:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရှုခင်းသာ လမ်းမကြီး ပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွား(ဓာတ်ပုံများ)














ယနေ့ မွန်းလွှဲ ၁၁ နာရီခန့်က သံဃာ ကိုးပါးနှင့် လူလေးဦး လိုက်ပါလာသော Light Truck ယာဉ်သည် သာကေတ မြို့ နယ်မှ ယုဇန ဥယာဉ်မြို့ တော် အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းသို့ အသွား သန်လျင်တံတားအနီး ရှုခင်းသာလမ်းမကြီးပေါ်တွင် တစ်ဘက် ယာဉ်ကြောမှ မောင်းနှင်လာသော ကွန်တိန်နာယာဉ်အား မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် သံဃာလေးပါးနှင့် လူနှစ်ဦး ထိခိုက် ဒါဏ်ရာရရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ ဆေးရုံ ကြီးသို့ ပို့ဆောင်ထားကြောင်း သံဃာလေးပါးမှာ ယာဉ်တိုက်မှု ဖြစ်ပွားပြီး ဆေးရုံပို့ဆောင်သည်အထိ သတိပြန်လည် ရရှိခြင်း မရှိသေးကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် မီးသတ်တပ်ဖွဲ့ဝင် များထံက သိရသည်။
ဘကြီးသက်
Unknown at 4:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.