Friday, August 31, 2012

စာရင်းမှန်စေချင်သူ-

 
န၀တ နအဖ စစ်အစိုးရ ပါ ဆိုနေမှ ပြည်သူ့သဘောမပါဘဲ အချိန်မရွေး black list လုပ်နိုင် -ပယ်ဖျက်နိုင်တာပဲ။အခု ဘလက်ခ် လစ်စ်က ပယ်ဖျက်လိုက်တာက ၂မျိုး ဖြစ်နေတာ တွေ့ရတယ်။မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသား ဆိုပြီး စာရင်း၂မျိုးတွေ့ ရတယ်။black list မှ ပယ်ဖျက်လိုက်တဲ့ မြန်မာနိုင်ငံသား စာရင်းထဲမှာ နာမည်ပါနေသူဟာ ထုတ်ပြန်တဲ့နေ့မှာ မိမိဟာ မြန်မာနိုင်ငံသား ဖြစ်နေဆဲလား။မြန်မာနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီး နိုင်ငံခြားတိုင်းပြည် တခုခုမှာ နိုင်ငံခြားသား ခံယူထားပြီးတဲ့ နိုင်ငံခြားသား ဖြစ်နေသူလား။
(မိမိကိုယ်ကို မိမိ မလိမ်မညာတမ်း စမ်းစစ်ကြည့်ပါ။မိမိကိုယ်သာ မိမိ အသိဆုံးပါ။)
ယခု သမတ သိန်းစိန် အစိုးရက ပယ်ဖျက်လိုက်တဲ့ စာရင်း ၂ခုထဲမှာ မိမိဟာ မြန်မာနိုင်ငံသား စာရင်းထဲမှာ ပါဝင်နေလား။နိုင်ငံခြားသား စာရင်းထဲမှာ ပါဝင်နေလား။သေချာပြန်စစ်ပါ။
ယခုအချိန်မှာ မိမိဟာ တိုင်းတပါးမှာ နိုင်ငံခြားသား ဖြစ်နေပေမယ့် ပယ်ဖျက်တဲ့ မြန်မာနိုင်ငံသား စာရင်းမှာ ပါဝင်နေသူဆိုရင် ထုတ်ပြန်တဲ့ စာရင်း မှားယွင်းတဲ့ အတွက် ခံစားခွင့်လည်း သက်ရောက်မှု လွဲနိုင်ပါတယ်။(ဥပမာ တခု ပြရရင်- မိုးသီးဇွန် ကို ဘလက်ခ်လစ်စ်မှ ပယ်
ဖျက်တဲ့ မြန်မာနိုင်ငံသား စာရင်းမှာ ထည့်ထားတာ ဆိုပေမယ့် သူက အမေရိကန် နိုင်ငံသား (နိုင်ငံခြားသား) ဖြစ်နေသူပါ။တကယ်ထည့်ရမှာက သူလို လူမျိုးတွေကို ဘလက်ခ်လစ်စ်မှ ပယ်ဖျက်တဲ့ နိုင်ငံခြားသား စာရင်းထဲမှာ ထည့်သွင်းရမှာပါ။)
(( ဒါ့ကြောင့် ဒီနေရာကနေပဲ သိန်းစိန်အစိုးရ စာရင်းပြုစုသူတွေကို စာရင်းမှန် ထပ်မံပြုစုပေးကြပါ လို့ဝေဖန် နှိုးဆော်လိုက်ပါတယ်။
ဒီ ဝေဖန်စာကို သမတရုံးနဲ့  စာရင်းပြုစုသူတို့၏ အီးမေးလ်နဲ့ဖေ့စ်ဘွတ်ခ် တွေကို ရှယ်ပေးကြပါ။))
စာရင်းမှန်စေချင်သူ-
အိုးဝေအောင်။
၈-၃၀-၁၂

ဘကြီးသက်
Unknown at 9:22 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.