Thursday, August 30, 2012

"မြန်မာပြည်မြောက်ဖျားပိုင်းမှ မျိုးတုန်းပျောက်ကွယ်တော့မည့် အန္တရယ်ကို ရင်ဆိုင်နေရသည့် သကျသာကီ ဟု ခေါ်ဆိုနိုင်မည့် ထရုံလူပုလေးများအကြောင်း"


ဝါးလုံးရှည် အတီး

တစ်ခါတစ်ခါ သာကီမျိုးဟေ့ တို့ဗမာဆိုပြီးပြောတတ်ကြတယ်လေ၊ သာကီမျိုးဆိုတာ ဘာကြောင့်ခေါ်တာလဲ သိသင့်တယ်လဲထင်လို့ပါ၊
ဟိုးကမ္ဘာဦးအစကပါ၊ တိတိကျဆိုရင်တော့ သြက္ကာက မင်းကြီးလက်ထက်လို့ပြောလို့ရမယ်ထင်ပါတယ်၊ အဲဒီမင်းကြီလက်ထက်မှာ သာကီဝင် လူမျိုးရယ်လို့ဖြစ်လာမဲ့ မင်းသားေ
တွ မင်းသမီးတွေကို တိုင်းပြည်ကနေနှင်ထုတ်လိုက်ပါ တယ်၊ နှင်ထုတ်ထိုက်တော့ ကျွန်းတောကြီးတစ်ခုထဲမှာ ရသေ့တစ်ပါးရဲ့ညွှန်ပြမှုနဲ့ မြို့တော်ကြီးတည် ပါတယ်၊
မြို့တော်တည်ပြီးတော့ လူဦးရေတိုးပွားဖို့ရာကြတော့ အခက်အခဲရှိနေပြန်ပါတယ်၊ ဒါပေမဲ့ သာကီဝင်မင်းသားမင်းသမီးတွေဟာ သူများတစ်ခြားလူမျိုးများကို အိမ်ထောင်ပြုရင် ဇာတ်ပျက်မှာ စိုးတဲ့အတွက် အချင်းချင်းပဲ အိမ်ထောင်ပြုလိုက်ကြပါတယ်၊
ဒီသတင်းကိုသြက္ကာကမင်းကြီးကကြားတော့ သကျ=စွမ်းနိုင်တဲ့မင်းသား မင်းသ မီးတွေပါလားလို့ အံ့သြပြီးပြောဆိုပါတယ်၊ အဲဒီအချိန်ကစပြီ သကျ=သာကီ=သူတစ်ပါး လူမျိုးနဲ့ လက်မထက်ပဲ မိမိအမျိုးကိုသာလက်ထပ်ဖို့ စွမ်းနိုင်တဲ့လူမျိုးရယ်လို့ ကမ္ဘာမှာ စာတင်လာတာပါ၊(နောင်များမှ သာကီ နွယ်အကြောင်း အသေးစိတ်နဲ့ ကျဆုံးခန်းကို တင်ပြပေးပါမည်။ အခု လောလောဆယ်တော့ ထရုံလူပုလေးများအကြောင်းကိုသာ အရင်တင်ဆက်ပါရစေ။
ထရုံလူမျိုး တွေမှာ မြန်မာနိုင်ငံ မြောက်ဖျားပိုင်းကချင်ပြည်နယ် အစွန်းမှ အေးခဲနေသော ဟိမဝန္တာ တောင်ထွတ်များပေါ်တွင်သာ နေထိုင်ကျ၍ အလွန်ရှားပါး၍ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာမှာပါ မျိုးတုန်းပျောက်ကွယ်ကြတော့မည့်လူမျိုးများဖြစ်ကြလေသည်။ထရုံတို့သည် မူလက နီပေါနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ ဟိမဝန္တာတောင်တန်းများပေါ်တွင်နေထိုင်ခဲ့ကြပြီး လွန်ခဲ့သောနှစ်ရာပေါင်းများစွာကပင် မြန်မာနိုင်ငံထိပ်ဖျားပိုင်းပူတာအိုဒေသသို့ဝင်ရောက်လာခဲ့ကြသည်။ထိုဒေသ သည် ထရုံလူပုလေးများကြောင့်သာမက ရှားပါး ကတိုးကောင်၊ဖက်ဒရယ်နှင့် ရှီးပဒီးခေါ် ဆေးပိုးနွယ်ရှင်များကြောင့်စိတ်ဝင်စားဖွယ်ကောင်းလှသောလည်း သစ်တော ထူထပ်မှုနှင့် လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ထရုံလူပုလေးများမှလွဲလူစိမ်းများ အရောက်အပေါက်နည်းလှပေသည်။
ထရုံတို့သည် ထိုသို့ ဝေးလံခေါင်သီပြီးတခြား မည်သည့်လူမျိုးများမှမရောက် ပဲ မိမိ လူမျိုး အချင်းချင်းသာလက်ထက်ပြီး နှစ်ပေါင်းများစွာ ကြာသောအခါ ကိုယ်ခန္ဓာအရွယ်အစားမှာ တဖြေးဖြေး သေးငယ်လာကာ ယခုခေတ်တွင်မူ အမြင့်ဆုံးမှာ အရပ် ၄ပေနှင့်၃လက်မသာကျန်ရှိတော့၏။ ထရုံလူမျိုးတို့သည် အမဲလိုက်ခြင်းဖြင့်သာ အဓိက အသက်မွေးကြပြီး တခါတရံ ရှီးပဒီးခေါ် ဆေးပိုးနွယ်ရှင်( ၆လ ပိုးကောင် ၆လ သစ်ပင်) ကဲ့သို့သော ရှားပါးဆေးမြစ်များကို မြို့ပေါ်သို့ တက်ရောင်းလေ့ရှိကြသည်။
၁၉၆၀ စစ်တမ်းများအရ ထရုံလူဦးရေမှာ ၅၀ကျော် ကျန်ရှိနေသေးသော်လည်း ၁၉၉၇ ခုနှစ် ကချင်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကောင်စီက ကောက်ယူသောစစ်တမ်းများအရ ထရုံဦးရေမှာ ရှစ်ယောက်သာကျန်ပါတော့သည်။
၂၀၀၃ ခုနှစ်အရောက် အမေရိကန် ကယ်လီဖိုးနီးယားသိပ္ပံမှ Dr. P. Christiaan Klieger ရောက်ရှိသွားသည့်အချိန်တွင်တော့ပုံထဲမှာ မြင်ရသည့် ကိုဒေါဝိ ခေါ် နောက်ဆုံးထရုံအမျိုးသားတယောက်သာနှင့်တကွ သူ၏ အမဖြစ်သူနှင့် အဒေါ်ဖြစ်သူ စုစုပေါင်းသုံးယောက်သာကျန်ပါတော့လေသည်။ လက်ရှိ ကိုဒေါဝိသည်လည်း မိန်းမလည်းမရှိ၊ကလေးလည်းမရှိတော့သဖြင့် ကိုဒေါဝိနောက်တွင်တော့ ထရုံမျိုးဆက်သည် လုံးဝပျောက်ကွယ်သွားဖို့ရာ အသေအချာပင်ဖြစ်ပေတော့၏။သို့သော်လည်း ကိုဒေါဝိ တယောက်အနေဖြင့် မိမိတို့၏ ထရုံလူမျိုးများသည် ဤတောင်တန်းကြီး၏ တဖက်တချက်ရှိ တရုတ်နိုင်ငံ အတွင်း၌ မိမိတို့ ထရုံမျိုးနွယ်စုများကျန်နေသေးကြောင်း။တနေ့နေ့ တချိန်ချိန်တွင် ဤတောင်တန်းကြီးကိုကျော်ဖြတ်ကာ မိမိအိမ်ထောင်ဖတ်ကို ရှာဖွေမည်ဖြစ်ကြောင်းပြောကြားရင်း နိဂုံးချုပ်လိုက်ရပါသည်။
 —

ဘကြီးသက်
Unknown at 9:21 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.