Friday, August 31, 2012

အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ပြည်သူသည်အဓိက


From : by 7Day News Journal

ကမ္ဘာ့နေရာ အများအပြားမှာပင် အဂတိလိုက်စားမှုက ဘ၀၏တစ်စိတ်တစ်ပိုင်းလို ဖြစ်နေပါသည်။ သမ္မတဦးသိန်းစိန်ကလည်းမြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုသည်

အောက်ခြေအဆင့်၌ နေရာတိုင်းလိုလိုတွင် ရှိနေသေးသည်ဟု ပြောခဲ့ပါသည်။ ထို့အပြင် အကျင့်ပျက်ခြစားမှုများကို အရေးယူရန် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရန် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှ အတည်ပြုလိုက်ပြီဆိုသောသတင်းကိုလည်း ကြားလိုက်ရပါသည်။ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးအတည်ပြုသွားရန် အဆင့်များတော့ ကျန်နေပါသေးသည်။

မည်သို့ဆိုစေ ဤသည်ကား အဂတိလိုက်စားမှုသည် မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကင်ဆာရောဂါလို လှိုက်စားနေတာကို

ဆက်ပြီးမျက်နှာလွှဲမထားတော့ဘူးဆိုခြင်း၏ နိမိတ်ပုံပေတည်း။ အဂတိလိုက်စားမှုများကို စောင့်ကြည့်နေသော နိုင်ငံတကာ ပွင့်လင်းမြင်သာရှိမှုအဖွဲ့ကြီး (Transparency International) က မြန်မာနိုင်ငံကိုအဆင့်-၁၈၂ ရှိသည့်အနက် ၁၈၀၊ အဂတိလိုက်စားမှု အဆိုးဆုံးစာရင်းဝင်အဖြစ် သတ်မှတ်ထားသည်မဟုတ်လား။

သည်အတွင်းမှာပင် အဂတိ လိုက်စားမှုနှင့်ပတ်သက်သော နိုင် ငံတကာသတင်းဆောင်းပါးတစ် ပုဒ်နှင့် စာစုတစ်ခုကို ကျွန်တော် ဖတ်လိုက်ရပါသည်။ တစ်ခုက

ဟာဝိုင်အီအခြေစိုက် အရှေ့၊ အနောက်ဗိမာန်က ဇူလိုင်နှောင်းပိုင်း တွင် အဂတိလိုက်စားမှုတိုက်ဖျက် ရေးနှင့်ပတ်သက်ပြီး စည်းဝေးပွဲ

တစ်ရပ်ကျင်းပခဲ့ခြင်းအကြောင်းပါ။ နောက်တစ်ခုက အမေရိကန်နိုင်ငံ ခြားရေးဌာနမှ အီလက်ထရွန်နစ် ဂျာနယ်(eJournalUSA)ပါ ''အဂတိလိုက်စားမှုကို ပူးပေါင်းတိုက်ဖျက်ခြင်း''စာစုဖြစ်ပါသည်။

ဟာဝိုင်အီမြို့တော် ဟိုနိုလူ လူစည်းဝေးပွဲကြီးကို အဂတိလိုက် စားမှု တိုက်ဖျက်ရေးနှင့် အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲရေး ကျွမ်းကျင်သူ ပါမောက္ခရောဘတ် ကလစ်ဂါ့ဒ်က ဦးဆောင်ဆွေးနွေး ခဲ့ပါသည်။ သူသည် ကယ်လီဖိုးနီး ယားရှိ ကလဲမွန့်တက္ကသိုလ်မှ ပါ မောက္ခတစ်ဦးပါ။

အဂတိလိုက်စားမှုကို လက် မြောက်အရှုံးပေးရန်မလိုဟု သူက ပြောပါသည်။ နိုင်ငံရေးအရ ဆန္ဒ ရှိမည်၊ အဂတိလိုက်စားမှုသည် အများပြည်သူကို မဟုတ်ဘဲ လူတစ်စုကိုသာ ကောင်းကျိုးဖြစ်ထွန်းစေသည်ဟူ၍ နားလည်သဘောပေါက်လာကြမည်ဆိုလျှင် ယင်းအပေါ် တိုက်ပွဲဝင်မှုသည် အောင်ပွဲခံနိုင်လိမ့်မည်ဟူ၏။

အဂတိလိုက်စားမှုက နေရာ တိုင်းမှာရှိနေသည်။ ရောဂါတစ်ခု လိုပင်။ ရှောင်လွှဲမရနိုင်။ သို့သော် ယင်းအဂတိလိုက်စားမှုသည် စနစ် တစ်ရပ်အဖြစ်အလုံးအထည်ကြီး ထွားလာပြီဆိုလျှင်ကား အားလုံး ကို အသေသတ်တော့သည်ဟု ပါမောက္ခကလစ်ဂါ့ဒ်ကပြောပါ သည်။ အဂတိလိုက်စားမှုနှင့်ပတ် သက်၍

အဓိပ္ပာယ်ဖွင့်ဆိုချက်အ မျိုးမျိုးရှိပါသည်။ ကျွန်တော်က ဟာဝိုင်အီဆွေးနွေးပွဲကြီး၏ ဖွင့်ဆိုချက်ကို သဘောကျပါသည်။ အဂ တိလိုက်စားမှုဆိုသည်မှာ''အစိုးရ ရုံးကိုကိုယ်ကျိုးအတွက် ခုတုံး လုပ်အသုံးချခြင်း''ဟူလို။

နောက်ပြီး အဂတိလိုက်စား မှုလျော့နည်းလာသည်နှင့်အမျှ အစိုးရအုပ်ချုပ်မှု ကောင်းမွန်တိုး တက်လာမည်။ ဆင်းရဲမွဲတေမှု လျော့ကျလာမည်။ စီးပွားရေးဖွံ့ဖြိုးလာမည်ဆိုသော အချက်များ ကိုလည်း ဟာဝိုင်အီအစည်းအဝေး တက်လာသူများအားလုံးက တညီ တညွတ်တည်း သဘောတူခဲ့ကြပါ သည်။ ဟာဝိုင်အီအစည်းအဝေးကြီးတွင် ထောက်ပြသော နောက် အချက်တစ်ခုက အဂတိလိုက်စား မှုကို တိုက်ဖျက်ရာ၌ အများရင် ဆိုင်နေရသော အခက်အခဲမှာ စိတ်ပါလက်ပါမရှိခြင်းနှင့် ကိုယ်ကျိုးအတ္တကိုပဲ ရှေ့တန်းတင်ခြင်း တို့ဖြစ်ပါသည်။ ကိုယ်အဆင်ပြေ ဖို့ဆိုလျှင် လာဘ်ပေးဖို့လိုက ပေး လိုက်ကြသည်။ များသောအားဖြင့် ''ငါတို့ ဘာတတ်နိုင်မှာလဲ''၊ ''နိုင်ငံ ရေးသမားတွေအားလုံး အကျင့် ပျက်ခြစားနေကြတာပဲ''ဆိုပြီး စစ် မရောက်ခင်က မြားကုန်နေတတ် ကြလေသည်။

ဤတွင် တာဝန်ရှိသူများ ဘက်ကလည်း မိမိတို့သည် ပြည် သူ့ဝန်ကို ထမ်းနေရတာပါလားဆို သောအသိ ပျောက်သွားပြီး ''ငါတို့လုပ်ပေးလို့ သူတို့ရတာ၊ ဒီအတွက် ငါ့ကို ကန်တော့ကြမှပေါ့''ဟူသော စိတ်ထားမျိုး ၀င်လာတော့သည်။သည်လိုဖြစ်လာအောင် တစ် ဖက်မှ မီးထိုးပေးနေသည်က တင်း ကျပ်ရှုပ်ထွေးပြီး ပွင့်လင်းမြင်သာမှုမရှိသော ဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများဖြစ်ပါသည်။ ဥပဒေ စည်းမျဉ်းများက များမြောင်ရှုပ် ထွေးလေ ပွင့်လင်းမြင်သာမှုမရှိ လေ သာမန်ပြည်သူများအတွက် ခက်ခဲလေ၊ လုပ်ရကိုင်ရ ကျပ်လေ ဖြစ်ရသည်။

တစ်ဖက်တွင်မူ ထိုဥပဒေ စည်းမျဉ်းများ၌ ဟာကွက်များက လည်းရှိနေတတ်သည်။ ဤတွင် အဂတိလိုက်စားသော တာဝန်ရှိ သူများအတွက်ပွဲတော်ကြီးဖြစ်နေ တော့သည်။ သည်နေရာမှာ ကျွန် တော် ငယ်ငယ်က ကျွန်တော့်ဖခင် ရေးပေးဖူးသော မှတ်သားစရာ ဆိုရိုးစာအုပ်ထဲမှ အုပ်စိုးသူသည် ဥပဒေကိုဖန်တီးသည်။ ထိုဥပဒေ သည် အုပ်စိုးခံကို စိစိညက်ညက် ကြေစေသည်ဆိုသော စာသား လေးကို သတိရမိပါသည်။

စင်စစ် ဥပဒေ၊ စည်းကမ်းဟူ သည် အများပြည်သူ အဆင်ပြေ စေဖို့အတွက် သူတို့ဘ၀လွယ်ကူ ပြီး စိတ်ချမ်းမြေ့စေဖို့အတွက်သာ ဖြစ်ရပေမည်။

လွန်ခဲ့သည့် နှစ်အစိတ်လောက်တုန်းက အင်းစိန်မှာ မိသားစုလုပ်ငန်းကို လုပ်ကိုင်နေ ခိုက် ဂျပန်မှ ပြန်လာသော နိုင်ငံ ခြားဘာသာသိပံ္ပမှ ရုံးဝန်ထမ်းတစ် ဦးနှင့် ကျွန်တော်ခင်မင်ရင်းနှီးခဲ့ပါ သည်။ တစ်နေ့ သူ့တဲငယ်မှာ ဂျပန်အတွေ့အကြုံ အကြောင်းတွေ ကို သူကပြောပါသည်။ အဲသည် မှာ ကျွန်တော် မှတ်သားမိတာ တစ်ချက်က ဂျပန်မှာ ဥပဒေတစ် ခုခုထုတ်သည်ဆိုလျှင် ယင်းသည် ပြည်သူလူထုကို ဘယ်လိုအဆင် ပြေစေမလဲဆိုတာကို စဉ်းစားပြီးမှ ထုတ်သည်ဟူ၍ဖြစ်ပါသည်။

''ဒါကြောင့်လည်း သူတို့ (ဂျပန်)တိုးတက်နေတာ။ စဉ်းစား ကြည့်လေ...ဥပဒေတစ်ခုထုတ် ရင် ငါ့အိတ်ထဲ ဘယ်လောက်ဝင် မလဲဆိုပြီး တွက်ပြီးမှထုတ်ရင်လူတွေအတွက် ဘယ်မှာ အကျိုး ရှိမလဲ''ဟု သူကပြောပြပါသည်။

နိုင်ငံကို စီမံခန့်ခွဲသူများသည်ဆိုခဲ့ပါ အချက်ကို အလေးထားစဉ်းစားရန်လိုမည်ထင်ပါသည်။

တကယ်တမ်း ပြောရလျှင် အဂတိလိုက်စားမှုကို တိုက်ဖျက် လို့မရတာ မဟုတ်ပါ။ ဒင်းအပေါ် အောင်ပွဲခံခဲ့သော သာဓကများ ရှိပါသည်။ ဟာဝိုင်အီဆွေးနွေးပွဲကြီးတွင် အရှေ့ဥရောပမှ ဂျော်ဂျီ ယာ၊ တောင်အမေရိကမှ ပီရူးနှင့် အာရှမှ စင်ကာပူတို့ကို နမူနာ ထုတ်ပြသွားခဲ့ပါသည်။

ကလစ်ဂါ့ဒ်တိုက်တွန်းတာ ကတော့ ပြည်သူတွေမှာ အဂတိ လိုက်စားမှုကို တိုက်ဖျက်နိုင်စွမ်း ရှိကြောင်းကို သူတို့ နားလည် သဘောပေါက်လာအောင် လုပ်ပေးဖို့ပါ။ အဂတိလိုက်စားမှုဒဏ် ကြောင့် ပြည်သူလူထုကြီးမှာ စိတ် ထောင်းကိုယ်ကြေဖြစ်နေကြပြီ။ သူတို့တစ်တွေကို မျှော်လင့်ချက် ပေးလိုက်လျှင်၊ ခေါင်းဆောင်တစ် ဦးလူတစ်ယောက်ကို ဘယ်လို ပြောင်းလဲရမလဲဆိုခြင်းကို ပြလိုက်လျှင် သူတို့ချက်ချင်း ထလုပ်ကြ လိမ့်မည်ဟုဆိုပါသည်။

ပြုပြင်ပြောင်းလဲရေး ခေါင်း ဆောင်များသည် ပြည်သူလူထု ကြီး ဘာလိုချင်သည်ဆိုခြင်းကို သဘောပေါက်ရန်လိုပါသည်။ ဆို ချင်တာက အခြေခံနိုင်ငံရေးအာသီသကို သိဖို့ဖြစ်ပါသည်။ အဓိက မှာ ပြည်သူတွေ ဘာလိုချင်တာလဲ၊ ယင်းကို ရအောင် ဘယ်လိုလုပ်ရမလဲဆိုခြင်းကို အဖြေရှာရပေမည်။

ကလစ်ဂါ့ဒ်က အပြောင်းအ လဲအတွက် နိုင်ငံရေးဆန္ဒများကို နှိုးဆွရန်ဆိုလျှင် ဥပမာတွေ ပြပေး တာက အတိုင်းအတာတစ်ခုအထိ တာသွားသည်ဟုပြောပါသည်။ သူက ဂျော်ဂျီယာသမ္မတနိုင်ငံဖြင့် ဥပမာ ပေးပါသည်။ တစ်ချိန်က ဂျော်ဂျီယာသည် ကမ္ဘာဂြိုဟ်ပေါ် မှာ အဂတိလိုက်စားမှုအဆိုးဆုံး တိုင်းပြည်များထဲမှာပါခဲ့သည်။ အစိုးရအဖွဲ့ထိပ်မှသည် အောက် ခြေယာဉ်ထိန်းရဲအထိ အကျင့် ပျက်ခဲ့ပါသည်။

သို့သော် ၂၀၀၃ ခုနှစ်တွင် ပြည်သူလူထုသည် မိမိတို့၏ နိုင်ငံရေးဆန္ဒကို ဖော်ထုတ်သော 'နှင်း ဆီတော်လှန်ရေးကို' ဆင်နွှဲခဲ့ကြလေသည်။ ဤတွင်အဂတိလိုက် စားမှုစနစ်ကြီးသည် ပထမဆုံးအ ကြိမ်အဖြစ် သွေးလန့်သွားခဲ့ရပါ သည်။ ပြီးတော့ ကပြောင်းကပြန် ဖြစ်သွားလေသည်။

အဂတိလိုက်စားမှုသည် နေ့ ချင်းညချင်း နိဋ္ဌိတံသွားတာမျိုး တော့မဟုတ်။ သို့သော် မျှော်လင့် ချက်များတော့ ပေါ်လာပါသည်။

အဂတိလိုက်စားမှုကို အောင်မြင်စွာ တိုက်ဖျက်ရေးအတွက်လက်တွေ့ကျသောအဆင့်များစွာ ကို ကလစ်ဂါ့ဒ်က အကြံပေးပါ သည်။ ဆိုချင်တာက ဆိုးဆိုးရွားရွား အဂတိလိုက်စားနေသော ရာထူးကြီးကြီး ပုဂ္ဂိုလ်များကို နမူနာပြ အရေးယူခြင်းအား အများပြည်သူ မျက်စိထဲမြင်အောင်ပြဖို့ ဖြစ်ပါ သည်။ ဂျော်ဂျီယာတွင် ထိုကဲ့သို့ လုပ်ဆောင်မှုအဖြစ် အကျင့်ပျက် ခြစားသော သမ္မတအက်ဒွပ်ရှီဗာဒ်နာဇေကို ရာထူးမှ နုတ်ထွက်သွားစေခဲ့ပါသည်။

နောက်တစ်ဆင့်တွင် ဥပဒေ စည်းမျဉ်းများကို ပြုပြင်ပြောင်းလဲ ဖို့ ကလစ်ဂါ့ဒ်က အကြံပေးပါ သည်။ လူအများ သိပြီးသား ထိပ် သီး လူ့မလိုင်များကိုသာမကသမ္မ တဦးသိန်းစိန်ပြောသလို အောက် ခြေအဆင့် အသီးသီး၏ အဂတိ လိုက်စားမှုများကိုပါ ကိုင်တွယ်နိုင် ဖို့ဖြစ်ပါသည်။ ယင်းလုပ်ငန်းစဉ် တွင် ထိပ်မှသည်အောက်ခြေအ

ထိ လစာများ တိုးမြှင့်ပေးခြင်းလို မက်လုံးပေးခြင်းမျိုးလည်း ပါဝင် ရပါမည်။ (တချို့မူကား စားမလောက်လို့မဟုတ်၊ ရလေလိုလေ အိုတစ္ဆေဖြစ်နေသူများလည်း ရှိပါ သည်။)

မည်သို့ဆိုစေ အဂတိလိုက် စားမှုတွေ လျော့နည်းကျဆင်းလာ ပြီဆိုလျှင် နိုင်ငံအတွက် ရလဒ်က သိသိသာသာကြီးကို တိုးတက် ကောင်းမွန်လာပါသည်။

နိုင်ငံ့ဂျီဒီ ပီလေးဆတိုးလာပါသည်။ နိုင်ငံ တွင်းစီးပွားရေးလုပ်ငန်းများလည်း လုပ်ရကိုင်ရ လွယ်ကူချောမွေ့လာ ကြောင်း နိုင်ငံတကာပွင့်လင်းမြင် သာရှိမှုအဖွဲ့ကြီးကချီးကျူးခဲ့ပါ သည်။ ကမ္ဘာမှာ အဂတိအလိုက် စားဆုံးနိုင်ငံစာရင်းထဲကနေ အဂတိလိုက်စားမှုအနည်းဆုံးစာရင်းဝင် ဖြစ်သွားပါသည်။

ပီရူးတွင် အစိုးရက ''မိမိတို့ လုပ်နေတာကို ဘယ်လိုမြင်သလဲ'' ဆိုပြီး ပြည်သူ့ထင်မြင်ချက်စစ် တမ်းများ ကောက်ယူခဲ့ပါသည်။ ဤနည်းဖြင့် ပြည်သူ့အကျိုးကိုအဖော်ဆောင်နိုင်ဆုံး အစိုးရရုံး (သို့မဟုတ်) ဌာနများကို ရုပ်မြင်သံ ကြားမှတစ်ဆင့် ချီးကျူးဂုဏ်ပြုပြီး ဆုငွေများ ချီးမြှင့်ရန် အကြံဥာဏ် ကောင်းကို ရရှိခဲ့လေသည်။

အတုယူစရာ ကောင်းတာ တစ်ခုက အိန္ဒိယမှာ ''ကျွန်တော် လာဘ်ပေးခဲ့ရတယ်''ဟုအဓိပ္ပာယ် ရသှောုစငေိဘမငဘန.ခသာ ၀က်ဘ် ဆိုက်ကို ဖွင့်ထားခြင်းပါ။

ကိုယ့်ကိစ္စ အဆင်ပြေရေးအတွက်အစိုးရဌာနများအား လာဘ်ထိုးခဲ့ရခြင်းအကြောင်းကို ထိုဝက်ဘ်ဆိုက်ပေါ်မှာဝေမျှခြင်းဖြင့် လာဘ်ယူသောအရာရှိ အရှက်ရကာ နောင်တွင် ဆင်ခြင်သွားစေမည့်နည်းဖြစ်ပါသည်။

ကလစ်ဂါ့ဒ် နောက်ထပ်နမူနာအဖြစ် ဖော်ပြသည်က အာရှမှ စင်ကာပူဖြစ်ပါသည်။ ၁၉၆၀ ပြည့်လွန်နှစ်များက စင်ကာပူသည် အဂတိ လိုက်စားမှု ထွတ်ခေါင်ဖြစ်ခဲ့ရာမှ ယခုအခါ အဂတိလိုက်စားမှု အကင်းဆုံး ထိပ်တန်းနိုင်ငံများစာရင်းဝင်ဖြစ်နေပေပြီ။ နိုင်ငံတကာပွင့်လင်းမြင်သာရှိမှု၏ စာရင်းဝင်အဆင့်-၁၈၂ အနက် နံပါတ်-၅ချိတ်ထားသည်ကိုသာကြည့်တော့။

သည်လိုဖြစ်အောင် စင်ကာ ပူသည် လက်တွေ့ကျသောခေါင်း ဆောင်မှုဖြင့် ချီတက်ခဲ့ပါသည်။ နိုင်ငံတွင် အင်စတီကျူးရှင်းများကို ခိုင်မာအောင်တည်ဆောက်ပြီး စီးပွားရေးကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း၏ရလဒ်ပင် ဖြစ်တော့သည်။

အဂတိ လိုက်စားမှု တိုက် ဖျက်ရေး၏ အခြေခံသဘောသည် တစ်ကမ္ဘာလုံးမှာ အတူတူပင် ဖြစ် သော်ငြား တိုက်ဖျက်ပုံတိုက်ဖျက် နည်းများကတော့နေရာဒေသနှင့် အခြေအနေ၊ အချိန်အခါပေါ် တည်ကာ ကွဲပြားခြားနားတတ် ကြောင်းကိုမူ ကလစ်ဂါ့ဒ်က သတိ ပေးခဲ့ပါသည်။

စတုတ္ထမဏ္ဍိုင်အဂတိလိုက်စားမှု တိုက် ဖျက်ရေးတွင် စာနယ်ဇင်းများ၏ အခန်းကဏ္ဍကလည်း အလွန်အ ရေးကြီးပါသည်။

''ကိုယ်လုပ်နေတာကို တစ် ယောက်ယောက်က ပခုံးပေါ်က နေကျော်ပြီး စောင့်ကြည့်နေတယ် ဆိုတာ သိရုံနဲ့တင် အဂတိလိုက် စားမှု အတော်များများရပ်သွားကြတယ်''ဟူ၍ စုံစမ်းထောက်လှမ်း သတင်းရေးသားသူ သတင်းထောက်ဒေးဗစ်ကက်ပလန်ကပြောသည်။

ကက်ပလန်တို့က စနစ်တ ကျဖွဲ့စည်းပြီး ကျူးလွန်သော ရာ ဇ၀တ်မှုများနှင့် အဂတိလိုက်စားမှု များအကြောင်း သတင်းရေးသား ရေးပရောဂျက်ကိုဖွဲ့စည်းတည် ထောင်ထားပါသည်။ ယင်းမှာ အရှေ့ဥရောပ၊ ဘော်လကန်နှင့် ဗဟိုအာရှတို့မှ မီဒီယာများ စုပေါင်းဖွဲ့စည်းထားသည့် စုံစမ်းထောက်လှမ်းရေးသားသော သတင်းထောက်များ ကွန်ရက်တစ်ခုပါ။

၂၀၁၀ ပြည့်နှစ်က အရှေ့ ဥရောပ၊ ဘော်လကန်နှင့် အမေ ရိကန်ပြည်ထောင်စုအခြေစိုက် တင်းထောက်ခုနစ်ယောက် သည် အခွန်ရှောင်တိမ်းသူများအကြောင်းကို ဖော်ထုတ်ရေးသားခဲ့ ကြပါသည်။ ထိုခုနစ်ယောက် သည် အများက စုံစမ်းဖော်ထုတ် ၍ မရနိုင်သော (သို့မဟုတ်) မဖော်ထုတ်ရဲသောကိစ္စများကို ဖော်ထုတ်ခဲ့ကြသည့် သတင်းထောက်ရာဂဏန်းမျှထဲတွင် ပါဝင်ခဲ့သူများဖြစ်ပါသည်။

ကက်ပလန်ကတော့ စုံစမ်း ထောက်လှမ်းသော သတင်းစာ ပညာသည် အထူးသဖြင့် လာဘ် ပေးလာဘ်ယူကိစ္စများ၊ ပြည်သူ့ ဘဏ္ဍာအလွဲသုံးစားပြုမှုများအ တွက် အထူးပင် အလုပ်ဖြစ်သည် ဟုယုံကြည်ပါသည်။

သို့သော် နိုင်ငံတချို့တွင် အဂတိလိုက်စားမှုများကို မီဒီယာ မှ ဖော်ထုတ်ခြင်းသည် အန္တရာယ် ကြီးပါသည်။ အဂတိလိုက်စားမှုကို ဆန့်ကျင်သော သတင်းစာဆရာများသည် အမဲလိုက်သလို အလိုက်ခံကြရပါသည်။ အနှောင့်အယှက် ပေးခံကြရပါသည်။ တစ်ခါတစ်ခါ ရိုက်နှက်ခံကြရရုံသာမက ဖမ်းဆီးခြင်း၊ အဆုံးမှာ သတ်ဖြတ်ခြင်းများကိုပင်ခံရတတ်ပါသည်။

၁၉၉၂ ခုနှစ်မှ ၂၀၁၀ ပြည့် နှစ်အတွင်း ''အဂတိလိုက်စားမှု များအကြောင်း'' သတင်းလိုက်နေ သော သတင်းထောက် ၈၁၂ ယောက်အနက် ၁၂၀ ကျော် အသတ်ခံခဲ့ရကြောင်း အယ်လ်ဘာနီရှိ နယူးယောက် တက္ကသိုလ်မှ ပါမောက္ခရို့စ်မာရီအာမော်၏လေ့လာချက်အရသိရပါသည်။ အာ မော် ကိုယ်တိုင်လည်း သတင်း ထောက်လုပ်ခဲ့ဖူးပါသည်။

သို့နှင့်တိုင် စုံစမ်းထောက် လှမ်းပြီး သတင်းရေးသားသော သတင်းထောက်များသည် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးတွင် ရှေ့ တန်းက ဆက်လက်ပါဝင်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ် အတွင်း နိုင်ငံတကာပွင့်လင်းမြင် သာရှိမှုအဖွဲ့ကြီး၏ ]တည်ကြည် ဖြောင့်မတ်မှုဆု}ချီးမြှင့်ခံရသူရှစ် ဦးတွင် သတင်းစာဆရာသုံးဦးပါဝင်ခဲ့ပါသည်။

သည်လို သတင်းစာဆရာ များသည် အစိုးရအဖွဲ့တွင်းမှ ပြု ပြင်ပြောင်းလဲရေး လိုလားသူများ၊ ပြည်သူပြည်သား တက်ပြိုင်ခွင့်ရလိုသော စီးပွားရေးလုပ် ငန်းရှင်များ၊ နိုင်ငံတကာပွင့်လင်း မြင်သာရှိမှုအဖွဲ့၊ ပွင့်လင်းလူ့အဖွဲ့အစည်း ရန်ပုံငွေအဖွဲ့ (Open Society Foundation) တို့နှင့် လက်တွဲဆောင်ရွက်နိုင်ပါသည်။

သို့သော် အာမော်အဆို အရ တစ်ခါတလေမှာ တစ်ကိုယ် တော် လုပ်ဆောင်တာ ပိုပြီးထိ ရောက်သည့် အခါမျိုးလည်းရှိပါ သည်။ မိမိတစ်ဦးတည်းဆိုတော့တစ်ယောက်တစ်ပေါက် ဖြစ်တာ မျိုး မရှိတော့ချေ။

တချို့ကမူ အခြားသူများနှင့် လက်တွဲလုပ်ဆောင်ခြင်းက မိမိ အတွက် အကွာအကွယ်ရသည် ဟုဆိုကြပါသည်။ အတွေ့အကြုံရှိ ပြီးသားသူများထံမှအကြံကောင်း ဥာဏ်ကောင်းတွေရရှိနိုင်ပါသည်။ တစ်ဦးတည်း လုပ်ရမလား၊ အုပ်စု ဖွဲ့လုပ်ရမလားဆိုသည်ကတော့ အခြေအနေ၊ အချိန်အခါပေါ် မူတည်ပေမည်။ လူအများက လွတ်လပ်၍ ပွင့်လင်းသောဒီမိုကရေစီဖြစ်လာလျှင် အဂတိလိုက်စားမှုတွေပျောက်ကွယ်သွားလိမ့်မည်ဟုယူဆ ကြပါသည်။ ဒါက အခါခပ်သိမ်း မမှန်ပါဟု ပါမောက္ခကလစ်ဂ့ါဒ်က ပြောပါသည်။ ဒီမိုကရေစီထွန်း ကားရေးနှင့် အဂတိလိုက်စားမှု ပပျောက်ရေးသည် အမြွှာပန်းတိုင်မဟုတ် အပြိုင်ထားရှိအပ်သော ပန်းတိုင်မျှသာဖြစ်လေသည်။

အဆုံးတွင် အရေးကြီးသည် က ''အဂတိလိုက်စားမှုသည် စနစ် တစ်ခုဖြစ်သည်''ဆိုခြင်းကို အမှတ် ရနေရမည်ဟု ကလစ်ဂါ့ဒ်ကပြောသွားပါသည်။ ထိုစနစ်ကိုကိုင်လှုပ်ပစ်နိုင်မည်ဆိုလျှင် အပြောင်းအလဲစတင်လာပါလိမ့်မည်။

အဂတိ လိုက်စားမှုများ လျော့နည်းပပျောက်သွားသည့် တစ်နေ့ ပြည်သူ့ဘ၀သည်လည်း တိုးတက်ကောင်းမွန်လာပေလိမ့်မည်ဖြစ်သတည်း။ ။
ဘကြီးသက်
Unknown at 9:45 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.