Thursday, August 30, 2012

အများသုံး PCO ဖုန်း ၂၄ နာရီ ဖွင့်ပြီ


အများပြည်သူ အသုံးပြုနိုင်သည့် အခပေး PCO ဖုန်းဆိုင်များအား ၂၄ နာရီဖွင့်လှစ်သည့်အပြင် ဖက်(စ်)ဝန်ဆောင်မှုများကို ထည့်သွင်းပေးထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ယခင်က PCO ဖုန်းဆိုင်များအား စတင်ဖွင့်လှစ်သည့် ကာလတွင် နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိသာ ဖွင့်လှစ်ခဲ့ပြီး ၂၀၁၁ နှစ်ကုန်ခန့်တွင် ဆိုင်ဖွင့်လှစ်မှုအား နေ့စဉ် နံနက် ၇ နာရီမှ ည ၉ နာရီအထိ အပိုင်းခွဲ၍ ဖွင့်လှစ်ခဲ့သည်။ “ရန်ကုန်တစ်ခုပဲ လောလောဆယ် ထားရှိသွားမှာပါ။ အဓိကကတော့ ၂၄ နာရီမပြတ် ဖုန်းသုံးစွဲခွင့် ရရှိအောင် ဆောင်ရွက်ပေးတာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ ဝန်ဆောင်မှုပေးရာတွင် လက်ရှိ ကောက်ခံနေသည့် နှုန်းထားအတိုင်း ၁ မိနစ် ၅၀ ကျပ်နှုန်း ကောက်ခံလျက်ရှိပြီး ဖက်(စ်) ဝန်ဆောင်မှုကိုမူ A4 စာတစ်မျက်နှာလျှင် (အဝင်၊ အထွက်) ကျပ် ၂၀၀ နှုန်း၊ Legal တစ်မျက်နှာလျှင် ကျပ် ၄၀၀ နှင့် ထပ်တိုးတစ်မျက်နှာလျှင် ကျပ် ၅၀၀ နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း သိရသည်။ “လောလောဆယ် လူအရမ်းစည်ကားတဲ့ အချက်အချာကျတဲ့ နေရာနှစ်ခု၊ သုံးခုလောက်ပဲ ထားပါတယ်။ နောက်ပိုင်း တစ်မြို့လုံးနီးပါး ဝန်ဆောင်မှုပေးနိုင်အောင် ဆောင်ရွက်ပေးမှာပါ” ဟု ၄င်းကဆက်လက် ပြောသည်။ ယင်းဝန်ဆောင်မှုကို လက်ရှိတွင် မရမ်းကုန်းမြို့နယ်ရှိ Junction-8 စင်တာအနီးနှင့် ကမာရွတ်မြို့နယ် လှည်းတန်းမီးပွိုင့် အနီးတွင်ရှိသည့် PCO စခန်းများတွင် ဝန်ဆောင်မှု ပေးလျက်ရှိပြီး ဆက်လက်၍ မြေနီကုန်းနှင့် မြို့တွင်းခြောက်မြို့နယ်တွင် ထားရှိပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။ “PCO ဖုန်းဆိုင်တိုင်း ဒီလိုဝန်ဆောင်မှုပေးမှ အဆင်ပြေမှာပါ။ နောက်တိုး စာမျက်နှာ နှုန်းထားကတော့ များပါတယ်၊ ဒီထက်လျှော့ချပေးမယ် ဆိုရင်တော့ လူတိုင်းနီးပါး အသုံးပြုကြမှာပါ” ဟု တာမွေမြို့နယ်မှ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အများပြည်သူသုံး PCO ဖုန်းများမှာ ၂၀၀၅ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး လက်ရှိတွင် မြို့နယ်တစ်မြို့နယ်တွင် PCO စခန်းပေါင်း ၂၀၀ နီးပါးရှိကြောင်း PCO ဝန်ထမ်းများထံမှ သိရှိရသည်။

ဘကြီးသက်
Unknown at 9:23 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.