မနက်(၉)နာရီ ၊ ည(၉)နာရီ စုစုပေါင်း အလုပ်ချိန် တစ်နေ့(၁၂)နာရီ အလုပ်ချိန်ဖြင့်
လုပ်ကိုင်နေရပါတယ်။
အခြေခံ လစာဥပဒေ မရှိသဖြင့် အချိန်ပိုလုပ်အားခ မရရှိပါ။ အရောင်းဝန်ထမ်းအများစု
အခြေခံလုပ်ခလစာမှာ (၃-သောင်းကျပ်)ခန့်သာ ရရှိကြတာဖြစ်ပါတယ် မြို့ခံလူတန်းစားအတွက်တောင် အဆင်မပြေနိုင်ဘဲ နယ်မှလာရောက်ရ်ျ အဆောင်ငှားလုပ်ကိုနေသူများအဖို့ စားစရိတ် နေစရိတ် လုံးဝအဆင်မပြေ ဖြစ်နေပါတယ်။
ထို shopping center များမှ ၀န်ထမ်းအများစုမှာ မြန်မာလူမျိုးနှင့်တိုင်းရင်းသားများဖြစ်ပြီး ဆိုင်ခန်းပိုင်ရှင်အများစုမှာ တရုတ်လူမျိုးများဖြစ်ကြောင်းတွေ့ရှိရပါတယ်။ မိမိတို့လူမျိုးများရသင့်ရထိုက်သော အခွင့်အရေးများရရှိဖို့တစ်မျိုးသားလုံး ဆင်ရဲမွဲတေမှုပပျောက်ဖို့ နိုင်ငံတော်အစိုးရနှင့်တကွ တစ်မျိုးသားလုံးမှ ၀ိုင်းဝန်းကူညီပေးကြပါရန် တင်ပြလိုက်ရပါသည်။
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment