ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူး ရေးအတွက် ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်မယ့်သူ ၂ ဦးနဲ့ ဒေါ်ခင်ကြည်နေရာမှာ သရုပ် ဆောင်မယ့်သူ ၂ ဦးကို ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြော က်ရေးအဖွဲ့က ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်ကြေငြာ လိုက်ပါ တယ်။ ဗိုလ်ချုပ်နေရာအတွက် မောင်ကျောက်ခဲနဲ့ ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်နေရာအတွက် မဇာခြည်လင်းနဲ့ သင်းမြတ်သန္တာလှိုင်တို့ကို နောက်ဆုံးစကာတင် ရွေးချယ်လိုက်တာပါ။ အဲ့ဒီ ၄ ဦးကို ၂လကြာ စခန်းသွင်းလေ့ကျင့်ပြီးမှ သူတို့အထဲက ၂-ဦးကို ရွေးချယ်မှာဖြစ်တယ်လို့ ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ၊ ပြန်ကြားရေးတာဝန်ခံ ကိုဇော်သက် ထွေးက ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို လာမယ့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်ရိုက်ကူးမယ်လို့ သိရပါတယ်။
“ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်ရန် ရွေးချယ်ပြီးစီး”
ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်နေရာနှင့် ဒေါ်ခင်ကြည်ဇာတ်ရုပ်နေရာအတွက် လူရွေးချယ်ပြီးကြောင်းကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီကထုတ်ပြန်ကြေငြာထားပါတယ်။
ဗိုလ်ချုပ်ဇာတ်ရုပ်နေရာတွင်
၁။ မောင်ကျောက်ခဲ (သုစိတ္တာရုံကျောင်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့)
၂။ မောင်ကျော်ကျော်မျိုး (KBZ ဘောလုံးအဆောင်၊ ရွှေအင်ကြင်းရိပ်မွန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့) ဖြစ်ပြီး
ဒေါ်ခင်ကြည်ဇာတ်ရုပ်နေရာတွင်
၁။ မဇာခြည်လင်း (အမှတ်-၂၊ ကိုးဆူကျောင်းလမ်း၊ ပုသိမ်မြို့နယ်)
၂။ မသင်းမြတ်သန္တာလှိုင် (ရ.ယ.က ၀န်း၊ သမာဓိလမ်း (၄)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့) တို့ကို ရွေးချယ်ထားကြောင်းသိရပါတယ် ။
ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်နေရာနှင့် ဒေါ်ခင်ကြည်ဇာတ်ရုပ်နေရာအတွက
ဗိုလ်ချုပ်ဇာတ်ရုပ်နေရာတွင်
၁။ မောင်ကျောက်ခဲ (သုစိတ္တာရုံကျောင်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့)
၂။ မောင်ကျော်ကျော်မျိုး (KBZ ဘောလုံးအဆောင်၊ ရွှေအင်ကြင်းရိပ်မွန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့) ဖြစ်ပြီး
ဒေါ်ခင်ကြည်ဇာတ်ရုပ်နေရာတွင်
၁။ မဇာခြည်လင်း (အမှတ်-၂၊ ကိုးဆူကျောင်းလမ်း၊ ပုသိမ်မြို့နယ်)
၂။ မသင်းမြတ်သန္တာလှိုင် (ရ.ယ.က ၀န်း၊ သမာဓိလမ်း (၄)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့) တို့ကို ရွေးချယ်ထားကြောင်းသိရပါတယ်
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment