စစ်တွေမှာ ရဲစခန်းရှေ့ဆန္ဒပြနေသောပြည်သူများ - (ဓါတ်ပုံ-ကိုစန်းလွင် - ဖေ့စ်ဘုတ်) |
"ညတုန်းက ဖြစ်ခဲ့တာ မနက် ၅ နာရီလောက်မှာ ပြီးသွားတယ် လက်ရှိ အခြေအနေကတော့ ပုံမှန်အတိုင်းပဲ သွားလာနေကြပါတယ် မာရှယ်လော ထုတ်ဖို့ မလိုအပ်ပါဘူး အားလုံးငြိမ်းငြိမ်းချမ်း ပါပဲ ညက ဖြစ်စဉ်မှာပါတဲ့ ၉ ယောက်ကိုတော့ ခေါ်ယူ မေးမြန်းနေပါတယ် သူတို့ကို ဥပဒေကြောင်းအရ လုပ်ရပ်အပေါ်မေးမြန်းတဲ့ သဘောပါပဲ ထိန်းသိမ်းဖို့ မဟုတ်ပါဘူး " ဟု ရခိုင်ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး က ဖလားဝါးနယူး(စ်)ဂျာနယ်မှ တယ်လီဖုန်း ဖြင့် ဆက်သွယ် မေးမြန်း ချက်ကို ဖြေကြားခဲ့သည်။
စစ်တွေမြို့နယ်ရှိ နာဇီဈေးကို ပုဂ္ဂလိက သို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခဲ့သည်ကို ဒေသခံများကမကျေနပ်၍ ဆန္ဒပြခဲ့ကြောင်း သိရသည်။
အေးမြမြထွန်း-ရန်ကုန်တိုင်းမ်
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment