" ကျွန်မက ပညာကို သိပ်အလေးထားတယ် ။ ပညာဆိုတာ ကျွန်မတို့နိုင်ငံအတွက် အနာဂတ်ပဲ ။
ကျွန်မတို့ ကလေးတွေရဲ့  အနာဂတ်ဆိုတာ နိုင်ငံရဲ့  အနာဂတ်ပါပဲ ။ ယခုလမ်းမှာလာတော့
ကလေးတွေ ပုစုခရုလေးတွေ အများကြီးပဲ ၊ ဒီကလေးလေး တွေပြုစုပျိုးထောင်ဖို့ဆိုရင် တော်တော်လုပ်ရမှာပါ ။ ကလေးကျန်းမာရေးကောင်းအောင်လုပ်ရမယ် ။ ဒီကလေးတွေ ပညာပြည့်စုံအောင်လုပ်ရမယ် ။
ဒါနဲ့တင်ပြီးလားဆိုတော့ မပြီးသေးဘူး ။ ဒီကလေးတွေမှန်ကန်တဲ့စိတ်ဓါတ်တွေရှိအောင်လို့
အားလုံးက၀ိုင်းပြီးကြိုးစားရမယ် ။ ပြီးတော့ ကလေးတွေမှန်ကန်တဲ့  စိတ်သဘောထားတွေရှိဖို့
အတွေးအခေါ်မှန်ကန်ဖို့ အကျင့်စာရိတ္တကောင်းဖို့ ဘာလိုလဲဆိုတော့ လူကြီးတွေရဲ့  သွန်သင်ဆုံးမမှု
လူကြီးတွေရဲ့  နမူနာက အင်မတန်မှ အရေးကြီးပါတယ် ။ လူကြီးတွေကလုပ်တတ်ကိုင်တတ်
တွေးတတ်ခေါ်တတ်မှ လူငယ်တွေကလည်း လုပ်တတ်ကိုင်တတ် တွေးတတ်ခေါ်တတ်မှာပါ ။
ကျွန်မဒီလိုပြောခြင်းအားဖြင့် ပညာတတ်တဲ့မိဘများမှ ပညာတတ်တဲ့
ကလေးတွေပေါက်ဖွားနိုင်မယ်ပြောတာ မဟုတ်ပါဘူး ။တချို့  ကျွန်မတွေ့ ဖူးပါတယ် ၊
မိဘတွေကိုယ်တိုင် အတန်းပညာသင်ဖို့ အခွင့်အရေး မရပေမယ့် ပညာရဲ့  တန်ဖိုး ကိုသိတယ် ၊
သားသမီး တွေက သိပ်ဖြစ်မြောက်တာပဲ ၊ ဘာဖြစ်လို့လဲဆိုတော့ မှန်ကန်တဲ့ စိတ်ထား တွေကို
သင်ပေးလို့ မိဘ တွေကိုယ်တိုင် အတန်းပညာသင်ဖို့ အခွင့်အရေးမရခဲ့ပေမယ့် ပညာရဲ့  တန်ဖိုးကို သိတယ် ၊
သားသမီးတွေကို ဘယ်လိုဖွံ့ ဖြိုးတိုးတက်အောင် လုပ်ရမယ်ဆိုတာကို စဉ်းစားပြီးတော့ ပြုစုပျိုးထောင်ပေးတယ် ။ "
" အတန်းသင်ခွင့်မရှိခဲ့လို့ စိတ်ဓါတ်မကျပါနဲ့ ၊ ကိုယ့်ကိုယ်ကိုလည်း အထင်မသေးပါနဲ့ ။
လူတစ်ယောက်ရဲ့  တန်ဖိုးကို သူသင်ခဲ့တဲ့ အတန်းပညာနဲ့ တွက်လို့မရဘူး ။ နောက်ဆုံးတော့
လူတစ်ယောက်ရဲ့ တန်ဖိုးကိုဘာနဲ့ တွက်မလဲဆိုတော့ ဒီလူဟာသူ့ရဲ့  အသိုင်းအ၀ိုင်းပေါ်မှာ ဘယ်လောက်စေတနာထားလဲဆိုတာနဲ့စပြီးတွက်ရမှာပါ ။ အဓိကတော့ အဲဒီစေတနာအရ ၊
ဘယ်လောက်လုပ်နိုင်လဲဆိုတာ ဒုတိယအဆင့်ပါ ။ ပထမစေတနာမရှိဘဲနဲ့ ပြည်သူတွေလည်းသိမှာပါ ။
တချို့ တွေက ပညာ အင်မတန်တတ်ပေမယ့် အတန်းပညာတွေ အင်မတန်မြင့်ပေမယ့်
ကိုယ့်အတွက်ပဲ ကိုယ်လုပ်ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်ကိုလှည့်မကြည့်တဲ့လူမျိုး ရှိပါတယ် ။
ကျွန်မ အမြင်မှာတော့ အဲဒီလို ပုဂ္ဂိုလ်မျိုးဟာ တန်ဖိုး ဒီလောက်မမြင့်ဘူး လို့မြင်ပါတယ် ။
သူဘယ်လောက်ပဲ အတန်းပညာတတ်တတ် ၊ ဘယ်လောက်ပဲ ပစ္စည်းဥစ္စာချမ်းသာချမ်းသာ
ကိုယ့်ရဲ့  ပတ်ဝန်းကျင် အတွက် ၊ ကိုယ့်ရဲ့  ဒေသအတွက် ၊ ကိုယ့်ရဲ့  နိုင်ငံအတွက် မကြိုးစားဘဲနဲ့
ကိုယ်တစ်ဦးတစ်ယောက်အတွက်ပဲ စဉ်းစားတဲ့ သူမျိုးဟာ အင်မတန်မှကျဉ်းမြောင်းပါတယ် ။
အင်မတန်မှ စစ်မှန်တဲ့ တန်ဖိုးမဲ့တယ်လို့ထင်ပါတယ် ။ "
( ဖေဖော်ဝါရီ ၁၁ ရက်နေ့က နိုင်ငံရေးခရီးစဉ် အဖြစ် ကော့မှုးမြို့ နယ်ကို သွားရောက်ခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်မှ ကော့မှုးမြို့ နယ် ပြည်သူလူထုအား ပြောကြားခဲ့သောမိန့်ခွန်းမှ )
Ref : ပြည်သူ့ခေတ်ဂျာနယ် - အတွဲ ၂ ၊ အမှတ် ၈၂
၁၆ ဖေဖော်ဝါရီ ၂၀၁၂ ကြာသပတေးနေ့
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment