ယနေ့ မေလ(၃)ရက်နေ့  နေပြည်တော်မှာ ဆိုင်ကယ်များ ဖမ်းဆီးစစ်ဆေးနေစဉ် |
ကျွန်တော် နေထိုင်ရာနယ်မြေ တာဝန်ခံ သုခသိဒ္ဓိရပ်ကွက် ရဲစခန်းတွင်တိုင်ကြားထားသော်လည်
သို့ ဖြစ်ပါ၍ ကျွန်တော်၏ ယာဉ်မောင်းလိုင်စင်မှာ ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးပဲ ပျောက်ဆုံးကြောင်းရဲစခန်းမှ ထောက်ခံချက်ဖြင့်သာ သွားရောက်နေရပါသည်။ ယနေ့တွင်မူ မော်တော်ပီကယ်များမှ ယင်းထောက်ခံချက်ဖြင့် သွားလာ၍ မရကြောင်း ထောက်ခံချက်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် ကျွန်တော်သည် ကညန ရုံးသို့ လိုင်စင်သွားရောက် လျှောက်ထားခြင်း မပြုလုပ်ဟုသာ ယူဆကြောင်း ပြောကြားကာ ပြေစာဖြတ်ပိုင်းပေးပြီး ဆိုင်ကယ်ဝှီးတက်ကို သိမ်းထားလိုက်ပါသည်။
ကျွန်တော်တို့ ၀န်ထမ်းများမှာ လုပ်ငန်းလိုအပ်ချက်အရ ဆိုင်ကယ်ဖြင့် မဖြစ်မနေ သွားလာရသော အချိန်များ ရှိပါသည်။ ရဲစခန်းမှ ထောက်ခံချက်ကို ပြည်ထဲရေးဝန်ကြီးဌာန အခြင်းခြင်း အသိအမှတ်မပြုခြင်း၊ ကညနရုံး၏ နှောင့်နှေးကြန့်ကြာနေသော ရုံးလုပ်ငန်း လုပ်ဆောင်ချက်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တာဝန်ယူ ဖြေရှင်းပေးစေ လိုပါသည်။
နေပြည်တော်မှ ၀န်ထမ်းတဦး
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment