ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုနှစ် လေးလတာ၌ ဖြစ်ပွားခဲ့သော သားမယားအဖြစ် ပြုကျင့်ရန်ကြံစည် မှုနှင့် အဓမ္မပြုကျင့်ခံရမှု များအနက် ကျူးလွန်ခံရသူ အများစုမှာ အရွယ်မရောက်သေးသော အမျိုးသမီးငယ်လေး များဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
ယခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း သားမယား အဖြစ် ပြုကျင့်ရန် ကြံစည်မှုနှင့် သားမယား အဖြစ် ပြုကျင့်မှုပေါင်း ၁၈ မှုခန့် ဖြစ်ပွားခဲ့သည့် အနက် မိန်းကလေးငယ်များ ပြစ်မှုကျူးလွန်ခံရသည့် အမှုပေါင်းမှာ ၁၆ မှု ရှိသည်။ ပြစ်မှု ကျူးလွန်သူများမှာ အသက် ၁၄ နှစ်မှ ၄ဝ နှစ်ကြားရှိ အမျိုးသား လူလတ်နှင့် လူငယ်ပိုင်းများဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အရွယ် မရောက်သေးသည့် ကလေးငယ်များကို လူမဆန်သည့် လုပ်ရပ်များနှင့် ကျူးလွန် စော်ကား ခံရခြင်းသည် လိင်စိတ်ကို နိုးကြွ စေသည့် ညစ်ညမ်း အင်တာနက် ဝက်ဘ်ဆိုက်များနှင့် ရုပ်ရှင်ဇာတ် လမ်းများ ကိုကြည့်ပြီး လက်တည့် စမ်းကြသလို ကလေးမိဘများ၏ အုပ်ထိန်းမှု လိုအပ်ချက် များကြောင့်လည်း ပါကြောင်း၊ မိန်းကလေး မွေးထားသည့် မိဘများ အနေဖြင့် မိမိ၏ သားသမီးငယ်သေး၍ ကလေးပဲ ရှိသေးသည် ဆိုကာ ဘာမှ စိုးရိမ်စရာ မရှိဘူးဆိုပြီး အရွယ်ရောက် အခြား ယောက်ျားလေးများနှင့် အပြင်သို့ ထည့်ခြင်း၊ ညနက်သန်းခေါင် အပြင် ဈေးဝယ်ခိုင်းခြင်း အလုပ်ကိစ္စနှင့် အပြင်သွားသည့် အခါတွင် ဘေးပတ် ဝန်းကျင် အိမ်တွင် ယုံကြည် စိတ်ချစွာ ထားခဲ့သည်မျိုးတွေ ရှိနေသေး သည့်အတွက် အခွင့်အရေး ယူသည့် သူများက ၄င်းအချက်တွေကို အခွင့်ကောင်း ယူတတ်၍ အရွယ် မရောက်သေး သည့် မိန်းကလေးငယ် များကို စော်ကားသည့် ဖြစ်စဉ်များလာကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ သမီးမိန်းကလေး မွေးထားတဲ့ မိဘတွေ အနေနဲ့ ကိုယ့်သားသမီး က ဘယ်အရွယ် ပဲဖြစ်ဖြစ် ကိုယ်နဲ့ ရင်အုပ် မကွာထားပြီး ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုသလို ပြစ်မှုကျူးလွန် ခံရရင်လည်း အမြန်ဆုံး လူကြီးမိဘ တွေ ကို ပြန်ပြောနိုင်အောင် သင် ကြားပေးထားဖို့ လိုသည် ဟု ၄င်း က ပြောသည်။
ဗဟိုတရားရုံးချုပ် ရှေ့နေ တစ်ဦးက ထိုသို့ အရွယ်မရောက်သေး သော ကလေးသူငယ် များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုသည် ညစ်ညမ်းစာပေ၊ အင်တာနက် ဝက်ဘ်ဆိုက်များနှင့် ရုပ်ရှင် ဗီဒီယို ဇာတ်လမ်းများကြောင့်ဟု ပြောသည်။ သက်ဆိုင်ရာ အနေဖြင့် ညစ်ညမ်း ဗီဒီယို ရုပ်ရှင်ဇာတ်လမ်းများ ထုတ် လွှင့်ပြသခြင်းနှင့် ရောင်း ချခြင်းများ အား ဖမ်းဆီး အရေးယူလျက် ရှိသော်လည်း အင်တာနက်တွင် ညစ်ညမ်း ဝက်ဘ်ဆိုက် လွှင့်တင်နေသူ များနှင့် ညစ်ညမ်း ဝက်ဘ်ဆိုက်များ ဖွင့်လှစ် ခွင့် ပေးထားသော အင်တာ နက်ဆိုင် များအား ယခုအချိန် အထိ အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိသေးဟု ၄င်းက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး ကလေးသူငယ် စောင့်ရှောက် ကာကွယ်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ”ကလေးတွေရဲ့ စိတ်ဟာ အင်မတန်မှ နူးညံ့ပျော့ပျောင်း တဲ့အတွက် အရွယ် မတိုင်ခင်မှာ အဓမ္မပြုကျင့် ခံရမှုတွေ၊ ခြိမ်းခြောက် အနိုင်ကျင့် ခံရမှုတွေကို ကျူးလွန်ခံ ရတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို တစ်ဘဝလုံး ခံစား သွားရနိုင်တဲ့ အပြင် ကျန်းမာရေး အရလည်း မလိုလားအပ်တဲ့ ပြဿ နာတွေ ဖြစ်လာနိုင်တယ်” ဟု ပြော သည်။
Popular new..
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment