မြန်မာနိုင်ငံမှာ ယနေ့သန်းပေါင်းများစွာသောပြည်သူ တွေရဲ့စိတ်ကူးယဉ် အိပ်မက်ကတော့ ၅၀၀၀ တန်ဆင်းမ်ကဒ် ဖြစ်ပေါ်လာရေးပဲဖြစ်ပါတယ်။အဲ.... ..သန်းပေါင်းများစွာသောပြည်သူေ တွဟာ စိတ်ကူးယဉ် အိပ်မက်…မက်လိုကောင်းနေတုံး "ငါးထောင်တန်အိမ်မက်"ဆိုတဲ့ FB မှာပို့စ်ရေးတင်ထားတာလေးဖက်မိေ တာ့ စိတ်ပျက်စရာ အကောင်းသား။သြော်......ရင်မော ရပါလား ”၅၀၀၀ တန်ဆင်းမ်ကဒ်ရယ်”။ဒါကြောင့် တဒေါင့်တနေရာက စဉ်းစားပြီး ပြန်ရေးပြရင်ကောင်းမယ်ထင်လို့.. ....။
ဒီငါးထောင်တန်အိမ်မက်ရေးသားမှု ဟာ ရှင်းရှင်းလေးနဲ့စေတနာပါပါထောက် ပြသယောင်နဲ့ ၅၀၀၀ တန်ဆင်းမ်ကဒ် ဖြစ်ပေါ်လာရေးကိုနှိပ်ကွပ်ပြီး သုံးသိန်းဖုန်းအိမ်မက်ထဲကို နှစ်ပေါက်တပေါက်ရိုက်ချလိုက်ြ ခင်းသာဖြစ်တယ်။ သာမန်အနေနဲ့ဖတ်ကြည့်ရင် လူပြိန်းမပြောနဲ့ခေတ်ပညာတတ်ပါ တယ်ဆိုတဲ့ သူတွေတောင် သူလိုကိုယ်လိုခံစားရသလိုရေးထား လို့
သဘောကျရမလိုတောင် ခံစားဖြစ်ပေါ်စေပေမဲ့ အသေးစိတ်ကိုစိစစ်ကြည့်မိတော့... ....
ပထမ, ငါးထောင်တန်ဆင်းကဒ် လုပ်မဲ့ ရွှေပြည်တံခွန်ကုမ္ပဏီကို Ponzi scheme ဆိုတာနဲ့နှိုင်းယှဉ်ပြီး ရွှေပြည်တံခွန်ကုမ္ပဏီရဲ့ အများယုံကြည်လက်ခံနိုင်မှု (credibility)ကို ရိုက်ချိုးလိုက်ပါတယ်။
ဒုတိယက....နည်းပညာလဲကျွမ်းကျင် သူမဟုတ်တဲ့အတွက် ဆက်သွယ်ရေးရုံးတွေ, ကွန်ယက်တွေကြောင့် သုံးလနဲ့ခြောက်လအတွင်း ပြီးအောင်လုပ်လို့မရနိုင်။
တတိယနဲ့နောက်ဆုံးအချက်ကတော့ ငါးထောင်ဖုန်းထက် သုံးသိန်းဖုန်းကိုဝယ်ရတာကမှပြို ပီး အဓိပ္ပါယ်ရှိဦးမယ်။အဲ.......... လူပြိန်းအတွေးနဲ့ကြည်ရင်တော့ အတော် လေးကိုသဘာဝကျစရာကောင်းပြီးလက်ခံ ချင်စရာပဲ။ဒါပေမယ့် ခရိုနီကြီးတွေရဲ့ မြန်မာ့ဆက်သွယ်ရေးဌာနကိုမှီပြီး မြန်မာနိုင်ငံရဲ့လူဦးရေ ၅၉သန်းကို နှစ်ပေါင်းများစွာ Ponzi scheme မျိုးစုံတွေသုံးပြီး ဂုတ်သွေးစုတ် အမြတ်ကြီးထုတ်နေတာကိုတော့ ဖေါ်ပြဘို့ကို အံသြစရာကောင်းအောင်မေ့ကျန်နေခဲ့ တာ တွေ့ရတယ်။
ကိုစစ်အောင် ရေးထားတဲ့ "ငါးထောင်တန်အိမ်မက်"အကြောင်းကိုဖတ်ကြည့်ပြီး အကြာင်းအကျိုးမညီညွတ်တဲ့ တချို့အချက် တွေကို ကျနော် နားလည်သလောက်ထောက်ပြကြည့်မယ်။ တကယ်တော့ ငါးထောင်တန်ဆင်းကဒ်ဆိုတာ မဖြစ်နိုင်တဲ့အိမ်မက်မဟုတ်ပါဘူး ။ ဖြစ်နိုင်လွန်းလို့ဟိုဘက်တောင် လွန်ပြီး ငါးထောင်တန်ထက် သုံးထောင်တန်ဆင်းကဒ် လဲဖြစ်နိုင်တာပဲ။
အမှန်တကယ်က လက်ရှိ အစိုးရ အနေနဲ့ တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ ကြိုးမဲ့ကြေးနန်း အသံလှိုင်းလေးတွေကို လေလံပွဲ (wireless spectrum auction) လုပ်လိုက်ရမှာ။ လေလံလာဆွဲတဲ့ ကုမ္မဏီတွေကိုသေချာစွာဇကာတင်စီ စစ်ပြီး တတိုင်းပြည်လုံးကို မီဒီယာတွေကနေ တဆင့် ထုတ်ပြန်ကြေညာရမှာပါ။ကိုစစ်အော င် ရေးထားတဲ့အတိုင်း အခြေမခိုင်တဲ့ ရွှေပြည်တံခွန်လို ကုမ္မဏီမျိုးဆို လေလံလာဆွဲတဲ့ ကုမ္မဏီထဲမှာတောင်ပါဝင်မလာအောင် လုပ်ရမှာက အစိုးရရဲ့တာဝန်ဖြစ်တယ်။ဇကာတင်စီ စစ်ထားတဲ့ X ကုမ္မဏီတွေကို တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ ကြိုးမဲ့ကြေးနန် အသံလှိုင်းတွေကို လေလံဆွဲခိုင်း သင့်တယ်။ အဲဒီ....X ကုမ္မဏီတွေဆိုတာက နိုင်ငံခြားကုမ္ပဏီမှ လာရင်းနှီးမြှုတ်နှံပြီး မြန်မာကုမ္မဏီတွေနဲ့တွဲလုပ်မဲ့ ကုမ္မဏီတွေ လဲဖြစ်ကောင်းဖြစ်မယ်။လေလံပွဲမှာ X ကုမ္မဏီတွေ ရဲ့အခြေခိုင်မာမှု့၊နည်းပညာဒီဇိုင်း၊အရင်းအနှီးရနိုင်မှုတွေပေါ် မှာ မူတည်ပြီး လေလံပွဲမှာအနိုင်ရတဲ့ ကုမ္မဏီတွေကို ဆယ်နှစ်ဆယ်ငါးနှစ်တန်သည် လုပ်ပိုင်ခွင့် လိုင်စင်တွေကို ထုတ်ပေးလိုက်ပေါ့။
ကဲ.....ကျနော်တို့ အိမ်နီးချင်းနိုင်ငံများရဲ့ ကျေးလက်ဒေသအထိ မိုဘိုင်းဖုန်းဆက်သွယ်နိုင်ရေး ကြိုးစားမှုကိုတချက်လေ့လာ ကြည့်ရအောင်။ ဥပမာ၊………ကုန်းတွင်းပိုင်း နိုင်ငံငယ်လေးတခုဖြစ်တဲ့ ဘူတန်နိုင်ငံမှာ ၂၀၀၆ ခုနှစ်က မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ် ငန်းအတွက် လေလံပွဲလုပ်တော့ မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ကိုင်နိုင်ရေး လိုင်စင်ကို X ကုမ္မဏီတွေ ပါဝင်ယှဉ်ပြိုင်ရာမှာ ဘူတန်နိုင်ငံ အစိုးရက ကုမ္မဏီလေးခုကို ဇကာတင်စီစစ်ပြီး လေလံဆွဲစေရာ Tashi Group က မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ကိုင်နိုင်ရေး လိုင်စင်ကိုရရှိခဲ့တယ်။အဲဒီ Tashi Group ဟာ ဘူတန်နိုင်ငံမှာ GSM, GPRS, EDGE, UMTS, HSDPA စတဲ့ တက်ကနိုလိုဂျီ တွေကို အသုံးပြုပြီး ဘူတန်နိုင်ငံ အစိုးရပိုင် B-Mobile ကုမ္မဏီနဲ့ ပူးပေါင်းပြီး ကျေးလက်ဒေသအထိ မိုဘိုင်းဖုန်းဆက်သွယ်နိုင်ရေြး ကိုးစားလိုက်တာ ဘူတန်နိုင်ငံရဲ့မိုဘိုင်းဖုန်း အသုံးပြုနိုင်မှုဟာ ၂၀၁၁ ဇွန်လမှာ ရာခိုင်နှုန်း ၅၇.၁၆၉ ထိတိုးတက်ခဲ့တယ်။ ဘူတန်နိုင်ငံရဲ့နိုင်ငံလူဦးရေေ ပါင်းဟာ ၇သိန်းရှိပြီး၊ မိုဘိုင်းဖုန်းဆက်သွယ်ရေး ကုမ္မဏီ၂ခုဟာ B Mobile နဲ့ DSTCom ဖြစ်ပါတယ်။
ဘူတန်နိုင်ငံမှာ လက်ဝါးကြီးအုပ်စီးပွါးရေးစနစ် မရှိတော့တဲ့ အတွက် Tashi cell Group ဟာ လက်ကိုင်မိုဘိုင်းဖုန်းဆင်းမ် ကဒ်တခုကို မြန်မာငွေကျပ်တန်ဘိုး"၁၂၆၃ကျပ်" နဲ့ဒီကနေ့ရောင်းချနေတာတွေရတယ်။ (ယနေ့ အမေရိကန် တဒေါ်လာ (အရောင်း) ၈၁၇ကျပ်(အ၀ယ်) ၈၃၁ကျပ်-(ရွှေမြစ်မခ) {75 Bhutan Ngultrum = 1.51871 US Dollar})
ဘူတန်နိုင်ငံမှာ ပုဂ္ဂလိကကုမ္ပဏီကရောင်းတဲ့ အဲဒီ လက်ကိုင်မိုဘိုင်းဖုန်းဆင်းမ် ကဒ်ဟာ သုံးလ အသုံးပြုလို့ရတယ်။အခုကိုယ့်တို င်းပြည်ထဲမှာ မြန်မာ့ဆက်သွယ်ရေးနဲ့ခရိုနီတွေ ရောင်းတဲ့လက်ကိုင်ဖုန်းဆင်းမ် ကဒ်က ၂၅၀၀၀ ကျပ် (30.08 US Dollar {831x1US Dollar })...ဒါတောင်တလပဲ အသုံးပြုလို့ရတယ်။ ပြည်သူတွေအပေါ်မှာ လက်ဝါးကြီးအုပ် ဂုတ်သွေးစုတ်ပုံများကတော့ ပြောမဆုံးပေါင်တောသုံးတောင်ပဲ။
ဒါတောင် ဘူတန်နိုင်ငံရဲ့ ပုဂ္ဂလိက လက်ကိုင်မိုဘိုင်းဖုန်း ကုမ္ပဏီက ၂၀၀၆ မှစတင်လုပ်ဆောင်လာတာပါ။ အဲ........ကိုယ့်တိုင်းပြည်ထဲမှာ မြန်မာ့ဆက်သွယ်ရေးနဲ့ခရိုနီတွေက ၂၀၀၁ခုနှစ်ကပဲ မိုဘိုင်းဖုန်းဆက်သွယ်ရေးကို စတင်လုပ်ဆောင်ခဲ့ပေးမဲ့ ဆင်းမ်ကဒ်ဈေးနဲ့ လက်ကိုင်မိုဘိုင်းဖုန်းတန်ဘိုး ဟာ အခုထက်ထိဈေးအဆမတန်ကြီးနေခြင်း၊ တစ်တိုင်းပြည်လုံးရဲ့ ပညာရေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ တခြား ကိုယ့်အိမ်နီးချင်းနိုင်ငံငယ်ေ လးကဲ့သို့တိုးတက်သင့်သလောက်မတိုးတက်ဘဲရှိခဲ့တာဟာ
မြန်မာ့ဆက်သွယ်ရေးနဲ့ခရိုနီတွေ ကြောင့်သာဖြစ်ပါတယ်။
နောက်ပြီး လေလံပွဲမှာ အနိုင်ရသွားတဲ့ X ကုမ္မဏီတွေမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ နေ့စဉ်လုပ်ငန်းကိုဆောင်ရွက်နေတဲ့  ညွှန်ကြားရေးမှူးများအဖ္ဓဲ့ ဆီုတာတွေရှိရတယ်။ညွှန်ကြားရေးမှူးများအဖ္ဓဲ့ကို အစုရှယ်ယာဝင်တွေကရွေးချယ်တင်ြေ မာက်ပေးရပြီးသူကအလုပ်အမှုဆောင် အဖွဲ့ကိုကြီးကြပ်ပေးရတယ်။။
သုံးလခြောက်လတကြိမ်,နောက်တနှစ် တကြိမ် မိုဘိုင်းဖုန်းဆက်သွယ်လုပ်ဆောင် ခွင့်ရတဲ့ ကုမ္မဏီတွေက လုပ်ငန်းအခြေနေတွေ ရဲ့ငွေစရင်းရှင်းတန်ကို ရင်းနှီးမြှတ်နှံထားတဲ့အစုရှယ် ယာဝင်တွေကို အသိပေးထုတ်ပြန်ရမယ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံတနိုင်ငံလုံးအတို င်းတာရဆို အနဲဆုံး X ကုမ္မဏီ ၆-၇ခုလောက် ရှိသင့်ပြီး ပြိုင်ဆိုင်မှုစနစ်နဲ့ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေလို လုပ်ကိုင်ခွင့်ပြုလိုက်စေချင် တယ်။ ဒါမှလဲ တိုင်းပြည်လုံးရဲ့ ပညာရေး စီးပွားရေးဟာအလျင်အမြန်ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်တယ်။ လွှတ်တော်ထဲမှာရှိတဲ့ အမတ်မင်းများကလဲ တရားမျှတစွာပြိုင်ဆိုင်တဲ့ဈေး ကွက် (fair and competitive market )ကို လက်တလုံးခြားဈေးကစားပြီးလက်ဝါး ကြီးအုပ်မှုကိုအပြစ်ပေးစေတဲ့ဥပေ ဒ (antitrust law) ဆိုတဲ့ ဥပဒေကိုပြဌာန်းပြီး ကုမ္မဏီတွေ မမျှမတပြိုင်ဆိုင်တာကိုထိန်ြးေ ကာင်းဘို့ပါပဲ။
နောက်ပြီး အဲဒီကုမ္မဏီတွေ ပြည်သူလူထူအတွက် အကျိုးမရှိဘဲလုပ်ဆောင်လာတဲ့အခါ ကုမ္မဏီတွေထဲက ဖော်ကောင်ဘညွှန့်( whistle blower)(နိုင်ငံတော်လုံခြုံရေး ကလွဲရင်)ကိုကာကွယ်တဲ့ဥပဒေရှိသင့် ပါတယ်။
ကိုစစ်အောင် ပြောတဲ့ မိုဘိုင်းဖုန်းဆက်သွယ်နည်းပညာအေ ကြာင်းပြောကြရအောင်။လေလံပွဲမှာ X ကုမ္မဏီတွေက သူတို့ရဲ့နည်းပညာဒီဇိုင်းတွေ၊ေ ရတိုရေရှည် လုပ်ငန်းစီမံချက်တွေ တင်ပြလိမ်မယ်..အဲဒီအပေါ်မှာမှု တည်ပြီး တိုင်းပြည်နဲ့ပြည်သူလူထုအတွက် သင့်တော်မှန်ကန်တဲ့ နည်းပညာဒီဇိုင်းတွေရွေးရမှာဘဲေ လ။မြန်မာနိုင်ငံမှာတော့ နိုင်ငံလူဦးရေ ၅၉သန်း ရှိတဲ့အထဲမှာ မြန်မာ့ဆက်သွယ်ရေးက GSM, WCDMA, CDMA သုံးပြီး မိုဘိုင်းဖုန်းအသုံးပြုနိုင်တဲ့ ရာခိုင်နှုန်း ဟာ( ၁.၅၇၄ )ထိဘဲ ရှိခဲ့ တယ်လို ၂၀၁၁ ဇွန်လသိရပါတယ်။အဲဒီအချက်အလက်တွေ ဟာ ဝီကီလိခ်(Wikileak) မှာရှိပါတယ်။
လေလံပွဲမှာ အနိုင်ရတဲ့ X ကုမ္မဏီတွေက ရှိရင်းစွဲ မြန်မာ့ဆက်သွယ်ရေးက လက်ရှိအသုံးပြနေဆဲ နည်းပညာစနစ်တွေဖြစ်တဲ့ GSM ဖြစ်ဖြစ်, WCDMA ဖြစ်ဖြစ်, CDMA ဖြစ်ဖြစ် ထက်တိုးပြီးcells လေးတွေ tower မှာ ထက်ချိက်လိုက်ပေါ့။GSM cell antennas ဆိုရင် tower မှာလဲချိတ်ရင်ရသလို၊အိမ်ခါင်မိုးပေါ်လွယ်လွယ်နဲ့ တက်ထားလို့ရတယ်။နောက် ကိုစစ်အောင် ပြောသလို Exchange ရုံတွေအများကြီးထပ်ဆောက်စရာမလို ပါဘူး။များသောအဖြင့် မိုဘိုင်းဖုန်းလုပ်ဆောင်ပေးတဲ့ ကုမ္မဏီဟာ မြို့တမြို့မှာ ဗဟိုရုံးတခုဖြစ်တဲ့ MTSO ( Mobile Telephone Switching Office ) ရှိရင်ရပါတယ်။အဲဒီတော့....လက်ရှိ ရှိရင်းစွဲ မိုဘိုင်းဖုန်းတိုင်တွေမှာ ကိုယ့်ကုမ္မဏီက cell antenna လေးတွေလိုက်ချိက်လိုက်ပြီး ဗဟိုရုံးတခုဖြစ်တဲ့ MTSO (Mobile Telephone Switching Office) ကနေထိန်းကျောင်းသွားယုံပဲ။
အခု သတင်းတွေထဲမှာ ဘာမှ infrastructure မရှိသေးတဲ့ ကောင်းကင်ရထားလား၊ မြေအောက်ရထားလား..... လက်ရှိအစိုးရက မကြာခင် ဆောက်ဖို့ကြံနေတဲ့ အစီအစဉ်မှာ ယူအက်စ်, စင်္ကာပူ,ဂျပန်နဲ့ဂျာမနီတို့က စိတ်ဝင်စားနေရင် infrastructure ရှိပြီးသား မိုဘိုင်းဖုန်းကိစ္စမှာ အဲဒီနိုင်ငံခြားကုမ္မဏီတွေ စိတ်ဝင်စားမှာဟိုဘက်တောင်လွန်အုံးမယ်။
တယ်လီဖုန်းဆက်သွယ်မှု အပိုင်းကို ကြီးမားစွာပြောင်းလဲစေတဲ့နောက် ထပ်အကြောင်းတရပ်ကတော့ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချေ ပးစေဘို့ပဲ။စီးပွားရေးမှာ တဦးတည်းချုပ်ကိုင်တဲ့စနစ်ဟာ တိုးတက်ဖွဲ့ဖြိုးမှုတွေကို နှောင့်နှေးစေတယ်ဆိုတာာအများနား လည်ထားတဲ့ အချက်တချက်ပါ။တဦးတည်းချုပ်ကိုင် တဲ့ လုပ်ငန်းဆောင်တာတွေဟာ ပြောင်းလဲမှုတွေကို အချိန်ယူဆောင်ရွက်ပြီး ဈေးအပြိုင်လျှော့ပေးတာတို့ နည်းပညာသစ်တိုးတက်ဝန်ဆောင်ပေးတာ တို့အတွက်အာသီသမထားပါဘူး။ဗဟို ချုပ်ကိုင်မှုကေိုလျှာ့ချပြီး အပြိုင်စီးပွားရေးဖွင့်လှစ်ပေြး ခင်းအားဖြင့်-လုပ်ငန်းတွေမှာ အပြိုင်အဆိုင်ရောင်းချလို့ ဝယ်သူတွေဈေးသက်သက်သာသာရစေတယ်။ေ နာက် အပြိုင်အဆိုင်တီထွင်ဆန်းသစ်တဲ့ နည်းပညာပိုင်းနဲ့သိပံ္ပစက်မှုပို င်ပါ တိုးတက်လာစေတယ်။ အဲဒီလို လုပ်ငန်းတွေအပြိုင်ဖွင့်ပေးမှုေ ကြာင့် တယ်လီဖုန်းဝန်ဆောင်လုပ်ငန်းရှင် အသစ်တွေ၊အင်တာနက် လုပ်ငန်းရှင်တွေ၊စတဲ့များစွာသော ကုမ္မဏီအသစ်လေးတွေ ဖြစ်ပေါ်လာပြီး၊လူငယ်တွေအတွက် အလုပ်အကိုင်လမ်းကြောင်းတွေ ရရှိလာနိုင်မှာဖြစ်ပါတယ်။
ဒီအချက်တွေကြောင့် ကိုစစ်အောင်ရေ....၅၀၀၀ တန်ဆင်းမ်ကဒ် ဆိုတာ ရှေ့အနာဂတ်မှာဖြစ်လာမဲ့ အမှန်တရားတခုပါ။
အခုအချိန်မှာတော့ အိမ်မက်ပဲလို့လူတွေကထင်နေကြတယ်။ လူ့လောကမှာ အိပ်မက်တို့စိတ်ကူးတို့က အခြေတည်ပြီးဖြစ်အောင်ကြိုးစာြး ကလို့ ဒီလောက်နည်းပညာတွေ တိုးတက်လာတာမဟုတ်ဘူးလား!! ကျနော်ကတော့ဖြစ်နိုင်တဲ့ အချက်ကလေးတွေကိုချရေးကြည့်တာပါ။
အထက်ပါအချက်လက်တွေဟာ ဝီကီလိခ်နဲ့ဘူတန်နိုင်ငံရဲ့ ပုဂ္ဂလိကမိုဘိုင်းဖုန်း ကုမ္ပဏီကို လေ့လာတင်ပြထားခြင်းဖြစ်ပါတယ်။
အညာဒေသမှာဆို မိုဘိုင်းဆဲလ်ဖုန်းတိုင်တောင် မလိုဘူး-)
ဆဲလ်ဖုန်းရဲ့ ဖရီကွင်စီ antennas များ။
ကုမ္မဏီသုံး-လေးခုက မတူတဲ့ ဆဲလ်ဖရီကွင်စီလွှင်လို့ရတယ်။
GSM cell site antennas
As you travel, the signal is passed from cell to cell.
Each cell is typically sized at about 10 square miles.
MTSO ( Mobile Telephone Switching Office )
ဒီလိုလဲ Cell antennas တွေကို အိမ်ခါင်မိုးပေါ်လွယ်လွယ်နဲ့ တင်ထားလို့ရပါတယ်။
ကိုယ့်အိမ်နီးချင်းနိုင်ငံများ ရဲ့ ကျေးလက်ဒေသအထိ တနိုင်ငံလုံး မိုဘိုင်းဖုန်းဆက်သွယ်နိုင်ရေး ကြိုးစားမှု့.....
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment