ကျမကအန်တီစုလို မိသားစုရော ဘ၀ရော စွန့်ပြီးအများကိုကယ်တင်နိုင်ေ လာက်အောင် ပေးဆပ်နိုင်တဲ့သူမဟုတ်ပါဘူး။
သာမန်အိမ်ရှင်မတယောက်သာဖြစ်ပါ တယ်။
ဒါပေမယ့် လက်တွေ့ခံစားရတာရော မြင်တွေ့နေရတာတွေကိုရော စိတ်မချမ်းသာလွန်းလို့ စာရေးလိုက်ရခြင်းဖြစ်ပါတယ်။
ကျမက ရဲမေအစစ်မဟုတ်ပါဘူး။ သူတို့ကို မလုပ်ချင်မှန်းသိရက်နဲ့ ပင်ပန်းနေမှန်းသိရက်နဲ့ ရင်နာနာနဲ့ စေခိုင်းနေရတဲ့အရာရှိကတော်ဖြစ် ပါတယ်။
တပ်ရင်းတွေမှာ တပ်ရင်းမိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဆိုပြီးရှိပါတယ်။ တပ်ရင်းမှုးကတော်ဦးဆောင်ပါတယ်။
သူ့အထက်မှာ တိုင်းအဆင့်မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော် မတီရှိပါတယ်။ တိုင်းမှုးကတော်အဆင့်က ဦးဆောင်ပြီးအစည်းအဝေးတွေ လုပ်ပါတယ်။ တကယ်တော့ တိုင်းမှုးကတော်ဆိုတာကလည်း ခိုင်းလို့လုပ်ရတဲ့သူပါဘဲ။ အထက်ကညွန်ကြားရင်သူတို့လည်းဘာမှ မတတ်နိုင်တဲ့သူတွေပါ။ အခု တပ်တွေမှာ အရင်ထက်ပိုဆိုးနေပါတယ်။ သူတို့မှာအရပ်ဘက်အာဏာမရှိကြတဲ့ အခါ တပ်တွေမှာဘဲ အာဏာလိုက်ပြနေကြပါတယ်။ တချိန်လုံးတပ်စစ်တွေ လာနေပါတယ်။ သူတို့အားနေလို့လာနေကြတာလို့ပဲ ထင်ပါတယ်။ သူတို့ကသာအားနေတာ တပ်မှာနေတဲ့သူတွေက မအားရပါဘူး။ အရင်ကတပ်တွေမှာ လူ၈၀၀လောက်ရှိပါတယ်။ အခုလူ၂၀၀ လောက်ပဲရှိတဲ့အခါ စစ်သားတိုင်းက လူ၎ယောက်စာလုပ်မှ ရမယ်လို့အမြဲပြောပြီး နားချိန်စားချိန်မရှိအောင် အလုပ်တွေ ခိုင်းပါတယ်။ လစာကတော့ ၄ဆမရပါဘူး။ ယောက်ျားတွေ အလုပ်မအားတဲ့အခါကြတော့ အိမ်ရဲ့စားဝတ်နေရေးကို မိန်းမဖြစ်သူကဘဲ ဖြေရှင်းရပါတယ်။ ကောက်ရိတ်ချိန်ကောက်ရိတ် ကြုံရာကျပန်းဝင်လုပ်၊ စက်ရုံတွေမှာဝင်လုပ်နဲ့ စားဝတ်နေရေးအတွက် ဘက်စုံကနေ ထောက်ကန်ပေးနေရပါတယ်။ ဒါကို ကိုယ်ချင်းမစာမနာနဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့သူတွေကို ဘုန်းကြီးတွေတောင် အလွတ်မရတဲ့ ပရိတ်ကြီးတို့ ပဌာန်းတို့ အလွတ်ကျက်ခိုင်းပြီးပြိုင်ပွဲေ တွလုပ်ရပါတယ်။ ရဲမေတွေမှာ သူတို့ဝမ်းရေးအတွက် အလုပ်မလုပ်ရဘဲ ဘုရားစာထိုင်ရွတ်နေရပါတယ်။ တချို့ဆို ရဲမေသေနတ်ပစ်ပြိုင်ပွဲ ရဲမေဘော်လီဘောပြိုင်ပွဲ ပြေးခုန်ပစ် ဂျူဒို..အစုံပါပဲ အဲဒီပြိုင်ပွဲတွေပြိုင်နိုင်အော င် လနဲ့ချီပြီး စခန်းသွင်းလေ့ကျင့်ကြရပါတယ်။
ကိုသစ် .. စဉ်းစားကြည့်ပါ..စားဝတ်နေရေးမြေ ပလည်တဲ့ကြားက ကိုယ့်မိသားစုကိုပစ်ပြီး ဘယ်သူကသွားချင်မှာလဲ။ ကလေးတွေစားဖို့ ပိုက်ဆံလေး နှစ်ထောင် သုံးထောင်ချန်ခဲ့ပြီး မိသားစုကိုထားပစ်ခဲ့ရရင် သူတို့ရင်ထဲဘယ်လိုနေကြမလဲ။ ကိုယ်ချင်းစာတတ်တဲ့သူတိုင်းသိနိုင်ပါတယ်။ ဒါပေမယ့် အမိန့်ပေးလမ်းညွှန်သူများကတော့ သူတို့မျက်နှာရဖို့တစ်ခုထဲကြည့် ပြီး ပြိုင်ပွဲများများလုပ်နိုင်ခြင်းနဲ့ သူတို့အရည်အချင်းကို ဖော်ထုတ်သတ်မှတ်ကြပါတယ်။ ရဲမေတွေ လုပ်ချင်လားမလုပ်ချင်လား သေချာသိအောင်မလုပ်ပါဘူး။ သူတို့စားဝတ်နေရေးခက်ခဲသွားမလား မစိုးရိမ်ကြပါဘူး။ ပြိုင်နေချိန်မှာ ကိုယ်လူကိုယ် အော်ဟစ်အားပေးတာကိုပဲ ပျော်နေတယ်လို့ အထင်ရှိအောင်လုပ်တတ်ကြပါတယ်။ ဘယ်ရဲမေမှ ဒီပြိုင်ပွဲတွေပြိုင်ပါမယ်လို့ ကတိပြုပြီး ယောက်ျားယူလာကြတာမဟုတ်ပါဘူး။ ရွေးချယ်ခွင့် ငြင်းပယ်ခွင့်လည်းမရှိကြရှာဘူး။ ဒီလိုဝန်ထမ်းမဟုတ်တဲ့ သာမာန်မိန်းမတွေကို အတင်းအကြပ် ပြိုင်ပွဲတွေလုပ်ခိုင်းတာဟာလဲ တရားမျှတမှုမရှိပါဘူး။
ပြီးတော့ ကြက်တွေကြက်နာကျချိန်မှာ ကြက်မွေးခိုင်းရင်မွေးရပါတယ်။ ၀က်တွေ နားရွက်ပြာရောဂါကြောင့် တဖုတ်ဖုတ်သေတဲ့အချိန်မှာလည်း ၀က်တွေမွေးခိုင်းပါတယ်။ စားဝတ်နေရေးအတွက် စိုက်ပျိုးမွေးမြူရေးနဲ့ဖြေရှင်းရမယ်ဆိုပြီး အိမ်ထောင်တစုကို ဘာဘယ်နှကောင်ရှိရမယ်ဆိုပြီး စီမံချက်နဲ့မွေးရပါတယ်။ ရဲမေတွေမှာ ရှုံးတော့မယ်ဆိုတာသိသိကြီးနဲ့ ရှိတာလေးထုတ်ပြီး ၀ယ်မွေးရတော့တာပါဘဲ။ စိုက်ပျိုးရေးဆိုလည်း မျိုးစေ့ဖိုးတောင် ပြန်မရနိုင်မှန်းသိသိကြီးနဲ့ စိုက်နေကြရတာပါဘဲ။ သူများတွေ စိုက်ပျိုးရောင်းချပြီးစီးပွာြး ဖစ်နေတာကို ဥပမာပေးပေမယ့် အဲဒီစိုက်ပျိုးရေးသမားတွေလို ဒီအလုပ်တစ်ခုထဲလုပ်နေရတာမှမဟုတ် တာ။ လူကြီးဆိုသူတွေက သူတို့တပ်တွေမှာ စိုက်ပျိုးမွေးမြူရေးတွေလုပ်ပြီး အဆင်ပြေအေးချမ်းနေပါတယ်ဆိုပြီး သူတို့အထက်ကလူကြီးတွေလာစစ်တဲ့ အခါ မျက်နှာရချင်တာနဲ့ အတင်းအကြပ်ခိုင်းနေကြတာပါဘဲ။
ရဲဘော်တွေလည်း ကိုယ့်တပ်သက်သာချောင်ချိရေးကို ယ့်ဖာသာလုပ်ရမယ်ဆိုပြီး လယ်ကွင်းထဲက တနေကုန်မတက်ရတဲ့သူနဲ့၊ တနေကုန် နွားကျောင်း၊ ကျွဲကျောင်းရတဲ့သူနဲ့ မအားလပ်အောင်ခိုင်းထားပါတယ်။ ညဘက်လည်းကင်းစောင့်ရပြီး မနက်ဘက်လည်း တပ်သန့်ရှင်းရေးအတွက် မြက်ခုတ်ရ တောရှင်းရ လုပ်ရပါတယ်။ လူကြီးလာစစ်ရင် သစ်ပင်ပေါ်က သစ်ရွက်က လမ်းပေါ်ကိုကြွေကြနေတာတောင် ခွင့်မလျွှတ်တတ်ပါဘူး။
ဒီလိုဖြစ်နေတာတွေဟာ ဘယ်မြို့ ဘယ်တပ်ရယ်လို့ ခေါင်းစဉ်တပ်စရာမလိုအောင် တပ်တိုင်းတပ်တိုင်း ခံစားနေကြရတာဖြစ်ပါတယ်။ အိမ်ရှေ့ပူတော့ အိမ်နောက်မချမ်းသာသလို ယောက်ျားတွေပူတော့ မိန်းမတွေလည်း စိတ်မချမ်းသာရပါဘူး။ ယောက်ျားတွေကလည်း ကိုယ့်မိန်းမကို လူကြီးကတော်တွေများ ဆူလေပြောလေမလားဆိုပြီး ပြန်ပူနေကြရပြန်ပါတယ်။ တချို့က မညှာမတာ ဆဲတတ်ပါသေးတယ်။
လူကြီးကတော်တွေနဲ့ ပြောဆိုဆက်ဆံရရင်လည်း ဒူးတုပ်ပြီး ခစားရသလို ဆက်ဆံရပါတယ်။ အဲဒီလိုမဟုတ်ရင် ဂါရ၀မရှိဘူးလို့ စွပ်စွဲပါတယ်။ ကိုယ်ထမင်းကိုယ်စားပြီး သူများကို ဒူးထောက်နေရတာ ရင်နာလွန်းလို့ပါ။ ယူထားမိတဲ့ယောက်ျားကို ချစ်လွန်းလို့သာသည်းခံနေတာပါ။ စစ်တပ်ကို တော်တော်စိတ်ကုန်နေတာကြာပါပြီ။
မိဘအိမ်ပြန်ချင်တာ လူမှုရေး စီးပွားရေးနဲ့ သွားချင်လာချင်တာတောင် ခွင့်ပြုမှ သွားရလာရပါတယ်။ အရာရှိကတော်တွေလည်း တပ်မှာလိုက်မနေရင် ယောက်ျားဖြစ်သူကို ရာထူးတိုးမပေးဘူးဆိုပြီး ခြိမ်းခြောက်ပြီး လိုက်နေခိုင်းပါတယ်။ တပ်ရင်းမှုးကတော်တွေလည်း တပ်မှာ မဖြစ်မနေလိုက်နေရပြီးတော့ သူတို့ရဲ့ မယောင်ရာဆီလူးတဲ့အလုပ်တွေကို ဦးဆောင်ပြီးလုပ်ခိုင်းပါတယ်။ အစိုးရအလုပ်ဆိုရင် နည်းနည်းသည်းခံပေမယ့် ကိုယ်ပိုင်စီးပွားရေးအလုပ်တွေ ကုမဏီအလုပ်တွေဆိုလုံးဝမလုပ်ရဘူး လို့ အမိန့်ထုတ်ပါတယ်။ အရာရှိကတော်တွေလည်း လူကြီးလာစစ်တဲ့အချိန် မရှိမှာစိုးလို့ဆိုပြီး အိမ်ကိုပေးမပြန်ပါဘူး။ ယောက်ျားတွေမရှိလဲ တပ်မှာဘဲ နေနေရပါတယ်။ ဒီလိုမဖြစ်မနေလိုက်နေရမယ်ဆိုတဲ့ အမိန့်တွေက ဗိုလ်ချုပ်ကတော်တွေကိုတောင် တော်တော်ဒုကခ ပေးပါတယ်။ ကျမတို့ဆိုပိုဆိုးပေါ့။ စားဝတ်နေရေးအတွက် ဘယ်သူဖြေရှင်းပေးမှာမို့လို့လဲ။ ကိုယ့်အလုပ်ကိုယ်မလုပ်ရဘဲ တပ်အလုပ်တွေလုပ်နေပါတယ်။ ကျမတို့မှာ ထွက်ပေါက်မရှိဖြစ်နေပါတယ်။ ဒီအတွက်အလုပ်ခန့်ထားတာမဟုတ်တဲ့ အတွက် အလုပ်လဲထွက်လို့မရပါဘူး။ သူတို့အမိန့်ကိုမနာခံချင်ရင် သူတို့ပြောဆိုသမျှခေါင်းငုံ့မခံ ချင်ရင် ယောက်ျားနဲ့ကွဲဖို့ပဲရှိပါတယ်။ မိသားစုဘ၀ကို တန်ဖိုးထားတဲ့ ကျမတို့မြန်မာအမျိုးသမီးတွေအေ နနဲ့ လွတ်မြောက်ဖို့မမြင်ပါဘူး။
ဒီအကြောင်းအရာတွေဟာ ဘယ်တပ်မှာဖြစ်နေတာပါလို့ ပြောစရာမလိုလောက်အောင် နေရာတိုင်းမှာ တပ်တိုင်းမှာ တပုံစံတည်းဖြစ်ပျက်နေတာပါ။ ခေါင်းဆောင်ကတယောက်တည်းဆိုတော့ အားလုံးတပုံစံတည်း စိတ်ဆင်းရဲနေရတာပါ။ နိုင်ငံတော်သမတကလည်း ဒီလိုဖြစ်ပျက်နေတာတွေကို မကယ်တင်ဘဲနဲ့ သူ့သားမက်ကိုပဲ ကယ်တင်ပြီး အရပ်ဘက်ဝန်ကြီးဌာနကိုပြောင်းပေး လိုက်ပါတယ်။
ကိုသစ်ထူးလွင်အနေနဲ့ ဖြစ်နိုင်ရင် ဒီအကြောင်းအရာတွေကို လိုအပ်သလိုပြင်ဆင်ပြီး တင်ပေးစေချင်ပါတယ်။ ဒါမှ ပြည်သူတွေသိသွားပြီဆိုပြီး တာဝန်ရှိသူတွေ အရှိန်သတ်သွားမှာဖြစ်ပါတယ်။ မိန်းမတွေအချင်းချင်း အမိန့်ပေးနေတာတွေပပျောက်စေချင် ပါပြီ။ ကျမတယောက်ထဲအတွက်ပြောတာမဟုတ်ပါ ဘူး။ စစ်သားကိုယူမိလို့ ဒူးနဲ့မျက်ရည်သူတ်နေရသူတွေအားလုံးအတွက် တတ်စွမ်းသလောက် ကူညီပေးချင်လို့ဘဲဖြစ်ပါတယ်။
ကျမဘယ်သူပါလို့ပြောပြရင် ကိုသစ်ထူးလွင်အနေနဲ့ ပိုပြီးယုံကြည်မှုရှိသွားမှာဖြစ် ပေမယ့် ပြောမပြနိုင်တာခွင့်လွှတ်ပါ။
အန်တီစုလက်ကို လှမ်းကိုင်တဲ့ တပ်သားကျော်ဇင်ဝင်းကို ကိုယ်ချင်းစာမိပါတယ်။ ကျမလည်း အန်တီစုလက်ကို လှမ်းကိုင်ချင်ပေမယ့် အခုတော့ မကိုင်ရဲသေးပါဘူး။ ကြောက်ပါတယ်။ ဒါကြောင့် ကိုသစ်ထူးလွင်ကိုဘဲ အကူအညီတောင်းရခြင်းဖြစ်ပါတယ်။ ကြောက်တတ်ပေမယ့် သာမန်ပြည်သူတွေပဲမို့လို့ ကျမတို့လည်း ဒီမိုကရေစီရချင်ပါတယ်။
အခုလို ဂရုတစိုက်စာပြန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ရင်ထဲမှာ အားဆေးတခွက်ပါဘဲ။ ကျမတို့အတွက် မျှော်လင့်ချက်လေးများရှိလေမလား လို့ ဆိုပြီး ကျေးဇူးတင်ရပါတယ်။
ယုံကြည်မျှော်လင့်ခြင်းများစြွာ ဖင့်
အမည်မဖော်ရဲသူတစ်ဦး
သာမန်အိမ်ရှင်မတယောက်သာဖြစ်ပါ
ဒါပေမယ့် လက်တွေ့ခံစားရတာရော မြင်တွေ့နေရတာတွေကိုရော စိတ်မချမ်းသာလွန်းလို့ စာရေးလိုက်ရခြင်းဖြစ်ပါတယ်။
ကျမက ရဲမေအစစ်မဟုတ်ပါဘူး။ သူတို့ကို မလုပ်ချင်မှန်းသိရက်နဲ့ ပင်ပန်းနေမှန်းသိရက်နဲ့ ရင်နာနာနဲ့ စေခိုင်းနေရတဲ့အရာရှိကတော်ဖြစ်
တပ်ရင်းတွေမှာ တပ်ရင်းမိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဆိ
သူ့အထက်မှာ တိုင်းအဆင့်မိသားစုစည်းရုံးရေးန
ကိုသစ် .. စဉ်းစားကြည့်ပါ..စားဝတ်နေရေးမြေ
ပြီးတော့ ကြက်တွေကြက်နာကျချိန်မှာ ကြက်မွေးခိုင်းရင်မွေးရပါတယ်။ ၀က်တွေ နားရွက်ပြာရောဂါကြောင့် တဖုတ်ဖုတ်သေတဲ့အချိန်မှာလည်း ၀က်တွေမွေးခိုင်းပါတယ်။ စားဝတ်နေရေးအတွက် စိုက်ပျိုးမွေးမြူရေးနဲ့ဖြေရှင်
ရဲဘော်တွေလည်း ကိုယ့်တပ်သက်သာချောင်ချိရေးကို
ဒီလိုဖြစ်နေတာတွေဟာ ဘယ်မြို့ ဘယ်တပ်ရယ်လို့ ခေါင်းစဉ်တပ်စရာမလိုအောင် တပ်တိုင်းတပ်တိုင်း ခံစားနေကြရတာဖြစ်ပါတယ်။ အိမ်ရှေ့ပူတော့ အိမ်နောက်မချမ်းသာသလို ယောက်ျားတွေပူတော့ မိန်းမတွေလည်း စိတ်မချမ်းသာရပါဘူး။ ယောက်ျားတွေကလည်း ကိုယ့်မိန်းမကို လူကြီးကတော်တွေများ ဆူလေပြောလေမလားဆိုပြီး ပြန်ပူနေကြရပြန်ပါတယ်။ တချို့က မညှာမတာ ဆဲတတ်ပါသေးတယ်။
လူကြီးကတော်တွေနဲ့ ပြောဆိုဆက်ဆံရရင်လည်း ဒူးတုပ်ပြီး ခစားရသလို ဆက်ဆံရပါတယ်။ အဲဒီလိုမဟုတ်ရင် ဂါရ၀မရှိဘူးလို့ စွပ်စွဲပါတယ်။ ကိုယ်ထမင်းကိုယ်စားပြီး သူများကို ဒူးထောက်နေရတာ ရင်နာလွန်းလို့ပါ။ ယူထားမိတဲ့ယောက်ျားကို ချစ်လွန်းလို့သာသည်းခံနေတာပါ။ စစ်တပ်ကို တော်တော်စိတ်ကုန်နေတာကြာပါပြီ။
မိဘအိမ်ပြန်ချင်တာ လူမှုရေး စီးပွားရေးနဲ့ သွားချင်လာချင်တာတောင် ခွင့်ပြုမှ သွားရလာရပါတယ်။ အရာရှိကတော်တွေလည်း တပ်မှာလိုက်မနေရင် ယောက်ျားဖြစ်သူကို ရာထူးတိုးမပေးဘူးဆိုပြီး ခြိမ်းခြောက်ပြီး လိုက်နေခိုင်းပါတယ်။ တပ်ရင်းမှုးကတော်တွေလည်း တပ်မှာ မဖြစ်မနေလိုက်နေရပြီးတော့ သူတို့ရဲ့ မယောင်ရာဆီလူးတဲ့အလုပ်တွေကို ဦးဆောင်ပြီးလုပ်ခိုင်းပါတယ်။ အစိုးရအလုပ်ဆိုရင် နည်းနည်းသည်းခံပေမယ့် ကိုယ်ပိုင်စီးပွားရေးအလုပ်တွေ ကုမဏီအလုပ်တွေဆိုလုံးဝမလုပ်ရဘူး
ဒီအကြောင်းအရာတွေဟာ ဘယ်တပ်မှာဖြစ်နေတာပါလို့ ပြောစရာမလိုလောက်အောင် နေရာတိုင်းမှာ တပ်တိုင်းမှာ တပုံစံတည်းဖြစ်ပျက်နေတာပါ။ ခေါင်းဆောင်ကတယောက်တည်းဆိုတော့ အားလုံးတပုံစံတည်း စိတ်ဆင်းရဲနေရတာပါ။ နိုင်ငံတော်သမတကလည်း ဒီလိုဖြစ်ပျက်နေတာတွေကို မကယ်တင်ဘဲနဲ့ သူ့သားမက်ကိုပဲ ကယ်တင်ပြီး အရပ်ဘက်ဝန်ကြီးဌာနကိုပြောင်းပေး
ကိုသစ်ထူးလွင်အနေနဲ့ ဖြစ်နိုင်ရင် ဒီအကြောင်းအရာတွေကို လိုအပ်သလိုပြင်ဆင်ပြီး တင်ပေးစေချင်ပါတယ်။ ဒါမှ ပြည်သူတွေသိသွားပြီဆိုပြီး တာဝန်ရှိသူတွေ အရှိန်သတ်သွားမှာဖြစ်ပါတယ်။ မိန်းမတွေအချင်းချင်း အမိန့်ပေးနေတာတွေပပျောက်စေချင်
ကျမဘယ်သူပါလို့ပြောပြရင် ကိုသစ်ထူးလွင်အနေနဲ့ ပိုပြီးယုံကြည်မှုရှိသွားမှာဖြစ်
အန်တီစုလက်ကို လှမ်းကိုင်တဲ့ တပ်သားကျော်ဇင်ဝင်းကို ကိုယ်ချင်းစာမိပါတယ်။ ကျမလည်း အန်တီစုလက်ကို လှမ်းကိုင်ချင်ပေမယ့် အခုတော့ မကိုင်ရဲသေးပါဘူး။ ကြောက်ပါတယ်။ ဒါကြောင့် ကိုသစ်ထူးလွင်ကိုဘဲ အကူအညီတောင်းရခြင်းဖြစ်ပါတယ်။ ကြောက်တတ်ပေမယ့် သာမန်ပြည်သူတွေပဲမို့လို့ ကျမတို့လည်း ဒီမိုကရေစီရချင်ပါတယ်။
အခုလို ဂရုတစိုက်စာပြန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ရင်ထဲမှာ အားဆေးတခွက်ပါဘဲ။ ကျမတို့အတွက် မျှော်လင့်ချက်လေးများရှိလေမလား
ယုံကြည်မျှော်လင့်ခြင်းများစြွာ
အမည်မဖော်ရဲသူတစ်ဦး
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment